Monday, September 28, 2009

ငယ်ဘဝများ(၇)နှင့်မတရားတဲ့ အမိန့်အာဏာမှန်သမျှဆန့်ကျင်ကြ


ဟဲ ဟဲ ကျနော်ဂျောက်ပေါက်ကြအောင်တော့ လျှောက်ပြီးအတွေးမချော်ကြပါနဲ့နော်၊ ကျနော်က ကျနော်ငယ်ငယ် က ကျနော့်ဖေဖေ ရဲ့မတရားဘူးထင်တဲ့ အမိန့်တွေကို ဆန့်ကျင့်ခဲ့တာတွေ ပြောပြမလို့၊ ရိုးရိုးလေးပါနော်။

ကျနော် တို့အဖေနဲ့အမေက အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတာဆိုတော့ ကျနော်တို့ သားသမီးတွေကို ပြုစုပျိုးထောင်ပုံ တွေဟာ တမျိုးဖြစ်နေသလားမသိဘူးလို့ထင်မိတယ်၊ ကျနော်ကအကြီးဆုံး ဖြစ်နေတော့ ပြောရရင် စံပြပေါ့ဗျာ၊ ဖေဖေ လက်တည့်စမ်း တာတွေကိုခံခဲ့ရတာပေါ့၊ ကျနော် ပြောပြခဲ့သလိုပါဘဲ ကျနော်ကတော့ စာမတတ်ခင် ကထဲက စာတွေဖတ်ခဲ့တယ်၊ စာဖတ်တတ်တော့လည်း စာတွေဖတ်ခဲ့တယ်။

ကျနော် ဖေဖေ ကတော့ ကျနော်သိတတ်စ ကထဲက စာဖတ်တာဆိုရင် ကျောင်းစာတွေရယ်၊ အရင်တုန်းက လစဉ်ယူတဲ့ Times တို့ News Week တို့နဲ့ နောက်ပိုင်း Reader digest တွေကို ဖတ်တာဘဲ တွေ့ဖူးတယ်၊ ခင်ဗျားတို့သိတဲ့ အတိုင်းဘဲ ဒါတွေက သတင်းတွေရယ် ဆောင်းပါးတွေရယ်ဘဲမဟုတ်လား၊ ဝထ္ထူ ဆိုရင်လည်းအတိုချုပ် တွေဘဲဆိုတော့ ကျနော် ကတော့ ဖေဖေဟာ အနုပညာ ကိုခံစား တတ်တယ် လို့မထင်ဘူး။

မြန်မာ စာအုပ်ဆိုရင်ဖတ်တာ မတွေ့ဘူးပါဘူးဗျာ၊ ကျနော်တို့ နဲနဲကြီးလာမှ ဝတ္ထုတို အကောင်းလေးတွေ ဖေဖေကို ဖတ်ကြည့်ခိုင်းမှ ဖတ်တာပါ၊ ဆရာဦးဝင်းဖေရဲ့ ရေသန့် တို့၊ နောက် ဆရာဖေမြင့် ရဲ့ ချက်ကြီးအတွက် အရက်တခွက်တို့ နေဝင်းမြင့် ရဲ့ နက်စကဖီး တို့ ဆိုတာလေးတွေ ဖတ်ဘူးတာပါ၊ ဖေဖေက ကမ္ဘာကျော် စာရေးဆရာတွေရယ် စာအုပ်တွေရယ် ကိုသိပါတယ်၊ နံမယ်တွေလေ ဟား ဟား ဟား ကျနော့် ဘေးမှာရှိတယ်၊ သူ့အကြောင်း အသင်းတုတ် နေတာသိရင် ထရိုက်တော့မှာဘဲ။

ကျနော် ပြောခဲ့သလိုပါဘဲ ကျနော်တို့ငယ်ငယ်က ဖေဖေရဲ့မိသားစုနဲ့အတူနေခဲ့ရပါတယ်၊ အိမ်မှာ မေမေကို အလုပ်ကူပေးတဲ့ ကျနော်တို့ရဲ့စာတော်ဖတ် တယောက်မဟုတ်တယောက်တော့ ရှိနေတာပါဘဲ၊ အဲဒီကြားထဲက ကျနော် ၄တန်း၅တန်း လောက်မှာထင်တယ်၊ ဖေဖေက မေမေပင်ပန်းတယ်တဲ့ အလုပ် တွေကို အားလုံး ဝိုင်းကူလုပ်ကြရမယ်ပေါ့၊ ကျနော့် ဖေဖေက အမိန့်ထုတ်ပြန်တယ်၊ ကျနော့် တာဝန်က ရှုးအိုးသွန် တဲ့ နောက်ပြီး ဆက်တီတွေဖုန်သုတ်တဲ့၊ ကျနော်က ဖုန်တော့သုတ်ပါတယ်၊ ရှုအိုးတော့ မသွန် ချင်ဘူး၊ တအိမ်လုံးပေါက်ထားတဲ့ ရှုးအိုးကလည်း မနက်မနက်ဆို အပြည့်အလျှံဘဲ၊ နောက်ပြီး အိမ်ပေါ် ကနေ အောက်ချရတာဆိုတော့ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး၊ ကျနော်ကလည်း ငယ်ငယ်လေး၊ ရှုးအိုးကြီးကလည်း အပြည့်ကြီးဘဲ၊ နောက်ပြီး ကျနော်တို့ လှေကားကလည်း မတ်မတ်အမြင့်ကြီး ဆိုတော့ ခင်ဗျားတို့ဘဲ စဉ်းစားကြည့်ကြပါအုန်း။

ဒါပေမဲ့ ဖေဖေက မနက်ဆို ဖုန်သုတ်မသုတ်၊ ရှုအိုးသွန်မသွန် အမြဲတန်း စစ်တယ်၊ ကျနော်လည်း တတ်နိုင်သလောက်တော့ လုပ်ပါတယ်၊ ဒါပေမဲ့ နောက်ဆုံးတော့ ကျနော့်ရဲ့ တာဝန်ဟာ တပတ်လောက်နဲ့ ဇာတ်သိမ်းခန်း ရောက်သွားပါတယ်၊ တအိမ်လုံးလည်း ရှုးရှုးနံတွေ ထောင်းထောင်းထလို့ပေါ့ ဟဲ ဟဲ အပေါ်ဆုံးလှေကားထစ်ကနေ အောက်ဆုံးထပ်ထိ ရှုးအိုးလေးဟာ ဒလိမ့်ခေါက်ခွေးပေါ့၊ ကျနော် အတွက်တော့ စိတ်မပူကြပါနဲ့ လူမပါ ပါဘူး၊ အိုးကြီးပါဘဲ ခင်ဗျား။

နောက်တခါတော့ နွားနို့ သွားယူခိုင်းတာပေါ့ ကျနော်တို့ လမ်းထိပ်မှာ နွားမွေးတဲ့ အိမ်တွေရှိတယ်၊ ကျနော်တို့ အိမ်က နွားနို့ ယူတော့အမြဲတန်းလာပို့ပါတယ်၊ အဲဒီနေ့ကတော့ ဘာဖြစ်လို့လည်းမသိဘူး လာမပို့ဘူး၊ အဲတာ ကျနော်ကိုသွားယူခိုင်းတယ်၊ ကျနော်က မယူချင်ဘူး ပထမတချက်က သွားတဲ့လမ်းမှာ ကိုက်တဲ့ခွေးတွေရှိတယ်၊ ကျနော်နဲ့ မတည်တဲ့ ခွေးတွေပေါ့၊ (ခွေးနဲ့တောင်မတည့်ဘူးနော်) ဒုတိယ တချက်က ဂျိုင့်ဆွဲ ပြီး မသွားချင်တာ။

ဒါပေမဲ့ အမိန့်နဲ့ဆိုတော့ သွားရတာပေါ့၊ ကံကောင်းစွာဘဲ အိမ်ကိုရောက်လာပါတယ်၊ ဒါပေမဲ့ ကံမကောင်း စွာဘဲ ဖေဖေ ရှေ့တည့်တည့်မှာ တစက်မှ မကျန်အောင် မှောက်သွားပါတယ်၊ ဟဲ ဟဲ နောက်တော့ ကျနော် မလုပ် ချင်ဘူးဆိုတဲ့ အလုပ်တွေကို ခိုင်းတာ တော်တော် ရော့သွားပါတယ်၊ သဘော ပေါက်ကြပေါ့နော်၊ ကျနော် အမှန်အတိုင်း ဝန်ခံရရင် တကယ် ဆန့်ကျင်တာ တော့မဟုတ်ဘူး သူ့အလိုလို ဖြစ်သွားတာပါ၊ တကယ်ပါ၊ နောက်ဆုံးတော့ အာဏာနဲ့ခိုင်းတဲ့ အလုပ်တွေ၊ မနိုင်ဝန် တွေကို ထမ်းခိုင်း တာတွေဟာ ဘယ်လိုမှ မအောင်မြင် နိုင်ပါဘူးဆိုတာပါဘဲ။

ဆက်ရန်

3 comments:

htwemamaaung@gmail.com said...

i like the article.
But i think the title of the article is inconsistent with it.
Because you didn't intend to against your father's orders.

Anonymous said...

i think u love so much your father.

အင်ကြင်းသန့် said...

ဟားဟား....ငါ့အစ်မ အကြံတွေ သိတယ်နော် သိတယ်....