Thursday, August 13, 2009

သတင်း ၁၃--၈-၂၀၀၉


ရွှေမန္တလေးမြို့လည်ခေါင်တွင် နေ့ခင်းဘက်တွင် အနုကြမ်းစိးမှု့ဖြစ်ပွားခြင်း

မန္တလေးမြို့ ၈၅လမ်း၊ ၃၁ နှင့် ၃၂ ကြား နေအိမ်တအိမ်တွင် အနုကြမ်းစီးမှုတခုဖြစ်ပွားခဲ့သည်။ အိမ်သားအားလုံး အပြင်သွားကြချိန်တွင် အဖွားအို တယောက်တည်း ကျန်နေသောအချိန် နေ့လည် ၁၁နာရီခွဲ လောက်တွင် ဧည့်သည် ဟန်ဆောင် လျှက် အထဲသို့ ၀င်ရောက်ပြီး အတွင်းပစ္စည်း များနှင့် အဖွားဝတ်ထားသော စိန် နားကပ် အားယူဆောင်သွားသည်၊ လူအသက်အားချမ်းသာပေးသွားသည် ဟုသိရသည်၊

အသေးစိတ်ဆက်လက်ဖော်ပြသွားပါမည်။
>>>ဆက်ဖတ်ရန်>>> >>

Wednesday, August 12, 2009

ဒါးသွားပေါ်က ပျားရည်တစက်


အခန်း (၁)

ပြောတာတွေကို ကြားနေရတယ်၊ မြင်လည်းမြင်နေရတယ်၊ နားလည်း လည်နေပါတယ်၊ ဒါပေမဲ့ ပြန်ပြောဘို့ ခက်နေတယ်။ ဘယ်မှာလည်း ငယ်လင် ငယ်မယား လို့ခေါ်လို့ရတဲ့ ဇနီးသည် ရဲ့ သံယောဇဉ်တွေ၊ သူတွေးရင်း တွေးရင်း ဝမ်းနဲလာတယ်၊ မျက်ရည်တွေကျလာ ပြန်တယ်၊ စိတ်ကို ထိမ်းပြီးတော့ အာရုံတွေကို လွဲလိုက်ရတယ်၊ မျက်ရေတွေကို သူဇနီး မြင်သွားရင် ပိုပြီးတော့ သူအတွက်ဝမ်းနဲစရာတွေ ဖြစ်လာအုန်းမယ်။

ငါ့ အတွက်လမ်းဆုံးဟာ ရောက်နေပြီလား၊ ငါ ဒီအတိုင်းဘဲ အလျှော့ပေးပြီးတော့ လောကကြီးထဲက ထွက်သွား ရတော့ မှာလား၊ `အေး ရေ မင်းက ငါဟာဒီအတိုင်းဘဲ လောကကြီးကို စွန့်လွှတ်သွားတော့မယ် ထင်ပြီး ငါ့ကို မလေးမခန့် တွေပြောနေတာလား၊ ငါကို ကုနေရတဲ့ ကုန်ကျစရိတ် တွေဟာအပိုကုန်တွေဘဲ ဆိုပြီးတော့ မင်းကုမပေးချင်တော့ ဘူးလား` ဝမ်းနဲမှု့တွေဟာ ဒေါသတွေ အဖြစ်ကူးပြောင်း သွားပြန်တယ်၊ ဒီတခါ သူ့ ညီ ရှေ့နေပေါက်စလာရင်တော့ ဒီမိန်းမနဲ့ ကွာလိုက် ပြီးတော့ ပစ္စည်းတွေ တယောက်တဝက်ခွဲ ပြီး ဆေးရုံ ပေါ်မှာ ဘဲနေတော့မယ် လို့ပြောလိုက်တော့မယ်၊ သူ့ညီကလည်း ဒီမိန်းမနဲ့ သိပ်တည့်တာ မဟုတ်တော့ သူုခိုင်းရင်လုပ်ပေးမှာပါ။ ခေါင်းတွေမူးလာပြန်ပြီ၊ တောက် တချက်ကို မပီမသရွတ်ဆိုရင်း သူပြန်အိပ်ပျော် သွားပြန်တယ်။

အို ရေသောက်လိုက်ချင်လိုက်တာ၊ ရာသီဥတုကလည်းပူလိုက်တာ၊ ရေ ရေ လို့ ကုန်းအော် ပြစ်လိုက်တယ်၊ ဒါပေမဲ့ မပီမသနဲ့ အားမရှိတဲ့ သူ့အသံကို ဘယ်သူကြားရမှာလည်း၊ ကြားရင်လည်း လာချင်မှလာကြမှာပါ၊ သူ့မှာ အစွမ်းအစ မရှိတော့ တာ သူတို့သိနေကြပြီလေ၊ သူပြန်လည် မရှင်သန်နိုင်တော့ဘူးလို့ ယူဆနေကြပြီ၊ အို သူဝမ်းနဲ့မှု့တွေနဲ့ မျက်ရည်စတွေကြလာပြန်တယ်၊ ကံကောင်းခြင်းတခုလား၊ အိမ်ဖော်ကောင်မလေး သူ့အနား ရောက်လာတယ်၊ ရေတခွက်ကို အဖိတ်ဖိတ်အစဉ်စဉ် နဲ့ သောက်ပြီး သွားတယ်။ နဲနဲလေး နေသာ ထိုင်သာရှိသွားပြီး သူ့စိတ်တွေ ကျောင်းကိုပြန်ရောက် သွားပြန်တယ်။

ဌာနက သူ့စားပွဲမှာ ဘယ်သူများထိုင်နေပြီလည်း၊ သူ့ဘီရိုထဲက ပစ္စည်းတွေ သူ့မိန်းမကို သွားသိမ်းခိုင်း ရကောင်းမလား၊ အဲဒါဆိုရင် သူပြန် မလာနိုင်တော့ဘူး ဆိုတာ သေချာသွားပြီ ဆိုပြီး ဟိုအကောင်တွေတော့ ပျော်သွားတော့ မှာဘဲ၊ တော်ပြီ တော်ပြီ ဒင်းတို့ပျော်အောင်တော့ ငါမလုပ်ဘူး၊ သေခါမှသေရော၊ သူ့စာအုပ်တွေ PhD လုပ်တုန်း ကဝယ်ထားတဲ့ စာအုပ်တွေ၊ Singapore ကသူ့ညီအလတ် ပို့ ပေးလိုက်တဲ့ စာအုပ်တွေဆို သိတ်အဖိုးတန်တာ၊ internet က print ထုတ်ထားတဲ့ file တွေရော၊ သူ ရှာထားတဲ့ data တွေကလည်း PhD ၃ယောက်စာလောက် လုပ်လိုရတယ်၊ သူ့အောက်ကကောင်တွေ၊ သူ့ကို မလေးမစား လုပ်ပြီး ပါမောက္ခကိုဘဲ တဖားထဲဖားနေတဲ့ကောင်တွေ၊ အဲဒီကောင်တွေ ရသွားရင်တော့ သွားပါပြီ၊။

သူ့မိန်းမကို သွားသိမ်းခိုင်းရကောင်းမလား၊ တော်ပြီ ဒီမိန်းမ ကလည်း PhD ကိုလည်းတန်ဘိုးထားတာ မဟုတ်ဘူး၊ စာအုပ်တွေဆိုတာ ဝေးရော၊ သူစာအုပ်တွေ ဝယ်တုန်းကတောင် မပြောရဲလို့ ကြည့်နေတာ၊ နောက်ပြီး သူ့ရှာထားတာတွေ ဆိုတော့ ဘာပြောရဲမှာလည်း၊ ဒါတောင် စာအုပ်တွေက ဈေးကြီးလိုက်တာ ငှားဖတ်လို့ မရဘူးလားတဲ့၊ သူ တချက်လောက် မျက်မှောင်ကုပ် ကြည့်လိုက်မှ မပြောရဲတော့တာ၊ နောက်ပြီး ဒီမိန်းမစိတ်ထဲ သူ PhD ပြီးရင် ပါမောက္ခ၊ ဌာနမှုးတော့ ဖြစ်တော့မှာ ဘဲဆိုပြီး အသာမြှောလိုက်နေတာလေ၊ အခုတော့ သူ PhD အပြီး ခေါ်တဲ့ရာထူးတိုးထဲမှာ သူ့နာမည် မပါတော့ကတည်းက အချိုးပြောင်းနေတာ၊။

ဒီမိန်းမ အချိုးပြောင်းတာလောက်တော့ ဒီကောင်က ထည့်တွက်တာ မဟုတ်ဘူး၊ ဒါပေ့မဲကျုပ်အောက်က တပည့် အရင်းခေါက်ခေါက်တွေကတောင် ကျုပ်အပေါ် အချိုးပြောင်းနေတာ နေ့တိုင်းခံနေရတာတော့ တော်တော် ဒေါသ ဖြစ်မိတယ်၊ ပါမောက္ခ ဌာနမှုးဆိုတဲ့ သူက လည်းကြည့်အုန်းဗျာ၊ ကျုပ်ဆရာ ပေါက်စဘဝကတောင် သူတို့ Practical ခန်းမှာ သင်ဘူးပါသေးတယ်၊ ကျုပ်ထက် အများကြီး Junior ကြပါတယ်၊ အခုတော့ PhD လေး ၃နှစ်လောက်စောပြီးသွားတာနဲ့ ကျုပ်အထက်ကဖြစ်နေသတဲ့၊ တကယ်ဆို ဒါ မဖြစ်သင့်တာပါဗျာ၊ အဲဒီစားပွဲက ကျုပ်ထိုင်ရမယ်စားပွဲ။ အဲဒီပါမောက္ခအခန်းဆိုတာ ကျုုပ်နေရမယ့် အခန်း၊ အခုတော့ သူဟာဌာနတွင်းမှာ တောင် နေခွင့်မရှိတော့ပါလား။

နေကောင်း နေတဲ့တချိန်လုံးလည်း သူမပျော်နိုင်ခဲ့ဘူး၊ ပါမောက္ခ မဖြစ်တဲ့အပြင် သူလောက်တောင် မတော်တဲ့ သူက ကိုယ့် အထက်ကဆိုတော့ ဘယ်လို့မှ မပျော်နိုင်တော့ဘူး၊ သူ့ကို PhD တက်ဘို့ အားမပေးဘဲ ကျူရှင်ဘဲသင်ခိုင်းပြီးငွေဘဲ ရှာခိုင်းတဲ့ မိန်းမကိုလည်း မကျေနပ်ဘူး၊ သူသာ PhD စခေါ်ခေါ်ခြင်း တက်ခဲ့ရင် အခုနေရာဟာသူ့နေရာဘဲပေါ့၊ သူဘာလို့များ ငွေနောက်လိုက် လိုက်ရတာပါလိမ့်၊ အမျှော်အမြင် မရှိတဲ့ မိန်းမစကား ဘာကြောင့်နားယောင်မိပါလိမ့်။

အခန်း (၂)

တကယ်တော့ သူက စာသမားသက်သက် သူ့တသက်လုံး စာတခုဘဲ လုပ်လာတာ အားလုံးသိတယ်၊ မိန်းမ ဆိုတာတောင် သူ့အသက်အရွယ်နဲ့ သူ မစဉ်းစားခဲ့မိလို့ ဒီမိန်းမနဲ့ ရလာခဲ့တာ၊ သူ ကျူတာပေါက်စ MSc စတက်တဲ့ အချိန်တုန်းက သူနဲ့ အတူတူ တသုတ်ထဲ Tutor ဖြစ်လာတဲ့ မြလေး ဆိုရင် သူ့ကိုချစ်လိုက်တာ၊ အားလုံးကလည်း ဝိုင်းပြီး တွန်းအားပေးကြ၊ မြလေး ကလည်းသူ့ကို တယုတယ နဲ့ ဂရုစိုက်လိုက်တာ၊ ဌာနမှာ စာဖတ်နေရင် အခန်းထဲထိ လဘက်ရည် လာပို့ခိုင်းရတာနဲ့၊ မုန့်တွေဝယ်လာပေးရတာနဲ့၊ သူ့ကို ခွံမကျွေးရုံ တမယ်၊ သူ တယောက်ထဲကဘဲ စာတခုထဲဘဲ အာရုံစိုက်ပြီး နိုင်ငံခြားပညာတော်သင်ခရီး အတွက် ပြင်ဆင် နေလိုက်ရတာ၊ မြလေးနဲ့ဝေးသွားတဲ့ အထိဘဲပေါ့၊ မြလေး သူ့ကို ချစ်လွန်းလို့ နောက်ဆုံးအချိန်ထိ ရွေးချယ်ခွင့် ပေးခဲ့တာတွေ သူမှတ်မိနေသေးတယ်။

`ကိုအောင် မြလေး လက်ထပ်ရတော့မယ်` ဆိုပြီး ရှိုက်ဝင်သွားတဲ့ မြလေး အသံကို မသိချင်ရောင်ဆောင်ပြီး မျက်ကွယ်ပြု ခဲ့တာတွေ အတွက် ဝတ်လည် တာများလား၊ မြလေး ကတော့ သူစေတနာသူ့ကို အကျိုးပေးပြီး၊ ကိုယ် လိုမပင်မပန်းနဲ့ ဘဝကိုကျော်ဖြတ်နေတာတွေ ကြားနေရပါတယ်၊ မြလေး ကစိတ်ရင်း ဖြူစင်တယ်၊ စာလည်းသိပ်ဖတ်တယ်။ အပြင်စာတွေကိုဖတ်တာလေ။

ကျောင်းစာ ကိုတော့ ဖတ်ဖို့ ပျင်းနေလို့ သူနဲ့ အမြဲတမ်း တကျက်ကျက်၊ သူ့ကို စာရှင်းခိုင်းရင် `မြလေး နင်ကငါကို စာရှင်းခိုင်းဖို့ ပေါင်းနေတာမဟုတ် လားလို့ ` သူ ပြောခဲ့ မိလို့ မြလေး က သူ့ကို စာမမေးဘဲနဲ့ အကြာကြီး ဆန္ဒ ပြနေခဲ့ မှ သူက`မြလေး စာမေးအုန်းလေ လို့ ပြောတော့` `မြလေးက ကိုအောင်ကိုစာမမေးတော့ ဘူးလို့ ဆုံးဖြတ်ထားတာ၊ မြလေး ခင်မင်တာကို အရောင်စွန်း မခံချင်လို့၊ မြလေး ခင်တာက ကိုအောင် စီက ဘာကိုမှ မျှော်လင့်ပြီး ခင်တာမဟုတ်ဘူး ဆိုတာ ကိုအောင် သိစေချင်လို့` လိုပြောပြီး ငိုသွားခဲ့တယ်လေ ။

အဲဒါကို စဉ်းစားစဉ်ချင် ဉာဏ်နဲတဲ့ သူကဘာမှ အရေးမကြီး သလို နဲ့ နားမလည်ချင်ရောင် ဆောင်နေမိတာ၊ လောကမှာ ပညာထက်၊ ရာထူးထက် အရေးကြီးတာတွေ အများကြီး ရှိသေးတယ် ဆိုတာ သူအိပ်ရာ ပေါ်မှာ နေရတော့မှ ကောင်းကောင်း သဘောပေါက်သွားတယ်၊ သူ့ ဘဝမှာ ပညာမှပညာ ဆိုပြီး ဦးစားပေးခဲ့လို့ မြလေး လို ချစ်တတ်တဲ့ သူနဲ့လွဲခဲ့ရတယ်။

လူကဲခတ်မကောင်းတဲ့ သူဟာ အေး ရဲ့ ဟန်ဆောင်ပန်ဆောင် အမူအရာ တွေကို အဟုတ်မှတ်ပြီး လက်ထပ်တဲ့ အဆင့်ထိရောက်ခဲ့ ရတာလေ၊ ကြာကြာပေါင်းလာတော့ မှ ဒီမိန်းမ ရဲ့ငွေတခုထဲသာ ကြည့်တတ်တဲ့ အကျင့်တွေနဲ့ စိတ်ရင်းမမှန်တာတွေကို သူအကဲခတ် လာမိတယ်၊ ဒါပေမဲ့ သူ့မှာ ရွေးချယ်စရာ လည်း မရှိတော့ဘူး၊ နောက်ပြီး ဘယ်သူ့ကိုမှ မချစ်ဘူးတဲ့ သူ့အသဲနုလုံး ကလည်း သံယောဇဉ်တွယ်မိ သွားပြီလေ၊ သူ့မိန်းမမှာ အကောင်းပြောစရာရှိတာ ဆိုလို့ ရုပ်ကလေးနဲနဲ လှတာေတော့ ရှိတာပေါ့လေ၊ ကျန်တာတော့ ငွေကိုသဲကြီးမဲကြီး ရှာတယ်၊ ကြွားဘို့ ဝါဘို့နဲ့ အလှအပ အတွက်လောက်ဘဲ ငွေသုံးတယ်၊ ကျန်တဲ့ နေရာမှာတော့ ငွေရှာနေတဲ့ သူ့ကိုတောင် ကောင်းကောင်း ချက်ပြုတ် မကျွေးချင်ဘူး။

ဒါပေမဲ့ ဒီမိန်းမက ကျုပ်ကိုငွေဘယ်လို ရှာခိုင်းရမလဲ ဆိုတာတော့ နားလည်တယ်ဗျ၊ ကျုပ်က တသက်လုံးစာဘဲ လုပ်လာတာ၊ စာသင်ရတာလည်း သိပ်ဝါသနာပါတော့ ကျုပ်ကို အပြင်မှာ ကျူရှင်ဖွင့်ခိုင်း တယ်လေ၊ မြို့ပေါ်ကို ကျုပ်က ပြန်ပြောင်းချင်တာ၊ တောမှာ ဘာစာလုပ်လို့ ရမှာလည်း၊ ကျုပ်ကစာသမား ဆိုတော့ MSc တန်းတွေ၊ အခုနောက်ပိုင်းလုပ်လာတဲ့ MRes သမားတွေကို စာသင်ချင်တယ်။ စာတွေဖတ်ရတာလည်း စိတ်မကုန်သေး ဘူးလေ၊ ဒါပေမဲ့ မိန်းမ သဘောကြ အဲဒီမြို့ငယ်လေးမှာ ကြိတ်မှိတ်ပြီး ငွေရှာခဲ့ပါတယ်၊ သူ့မိန်းမ ထောင်တဲ့ ၁၀ တန်းဘော်ဒါဆောင်မှာ သူစိတ်မဝင်စားတဲ့ ၉တန်း၁၀တန်းစာတွေကို ကျိတ်မှိတ်ပြီးတော့ သင်ခဲ့ပါတယ်၊ ဘော်ဒါဆောင်ကလည်း အောင်မြင်ပါတယ်၊ အခု မန်းတလေးမှာ ဝယ်ထားတဲ့ မြေကွက်တွေ၊ အခုဆောက်ထား တဲ့တိုက်၊ စီးနေတဲ့ကား၊ ဒါတွေက ဒီဘော်ဒါဆောင်က ရတာတွေဘဲပေါ့၊ ဒီကြားထဲက ကျုပ်လေဖြတ်ချင် သလိုဖြစ်ပြီး ပါးတဘက်စရွဲ့ သွားတော့၊ ဆရာက နေ့တိုင်း လာနှိုပ်ပါဆိုတော့၊ ရက်ခြားလာလို့ မရဘူးလားတဲ့၊ ဒါ ဘာသဘောလည်းဗျာ၊ တောက်--။

ကျုပ်လည်း စကားမများခြင်တာနဲ့အသာနေလိုက်တာ၊ နောက်တော့ မထူးခြား မထူးခြား နဲ့ `မောင်ရယ်တဲ့ ဆက်နှိုပ်မနေပါနဲ့ တော့တဲ့` `အဲဒီတော့ ငါကဘာလုပ်ရမှာလည်း ` ဆိုတော့ ဆရာပြောင်းရအောင်တဲ့၊ `မောင့် ကို မြန်မြန်ပျောက်စေချင်လို့ ပါတဲ့` ကျုပ်လို့ ဆေးပညာဗဟုသုတ မရှိတဲ့ ကောင်ကလည်း သဘော ဘဲပေါ့၊ နောက်တော့ ပါးရွဲ့ရုံတင်မကတော့ဘူး၊ ကုရင်းတန်းလန်းနဲ့ ပိုပိုဆိုးလာပြီး ဒီအခြေအနေ ထိရောက် လာတော့တာပါဘဲဗျာ၊ ဒီမိန်းမ ဆေးပညာ ဗဟုသုတ မရှိတာနဲ့ ငွေကုန်မှာ ကြောက်ပြီး၊ ဟိုကု ဒီကုလုပ်လို့ ပိုဆိုးလာတာ၊ ဒီမိန်းမကို မကျေနပ်ဘူးဗျာ၊ စဉ်းစားရင်းစဉ်းစားရင်းနဲ့ သူဝေဒနာတွေ ပေါ်လာပြန်တယ်၊ နာတာတွေ၊ ကိုက်တာတွေက သူကိုဘာမှ မတွေးနိုင်တော့ လောက်အောင်ဘဲ၊ သြ ဘုရား --ဘုရား။

သူ့ စဖြစ်တာ အခုဆိုရင် တော်တော်ကြာသွားပြီ၊ (၆) လလောက်ရှိသွား ပြီထင်တယ်၊ ဖြေးဖြေးခြင်းပိုဆိုး လာတဲ့ သူ့အခြေအနေကို အားမရခြင်းနဲ့ သူ့စိတ်ဝေဒနာပါ ရလာတယ်၊ လေဖြတ်တဲ့ဝေဒနာရှင် တွေဟာ စိတ်အားငယ်တတ်တယ်၊ စိတ်ဓါတ်ကျတတ်တယ်၊ ဒေါသကြီးတတ်တယ် ဆိုတာ သူသိထားတယ်၊ သူ ကိုယ်သူ အဲဒီလို မဖြစ်ရဘူး လို့ဆင်ချင်ရင်း၊ သူပိုပြီးအားငယ် တတ်လာတယ်၊ ဒေါသကြီးတတ်လာတယ်၊ လောကကြီးကို ပိုပိုပြီး မကောင်းမြင် တတ်လာတယ်။

အခန်း (၃)

တနေ့က သူဌာနက သူ့တပည့် တွေလူနာလာမေးကြတယ်၊ သူကလည်း တိုက်တိုက်ဆိုင်ဆိုင် အဲဒီနေ့က ရေမိုးချိုးပြီး နဲနဲ လန်းလန်းဆန်းဆန်း ဖြစ်နေတာနဲ့ dream bed ပေါ် မှာ လှဲနေတုန်း ရောက်လာတာ ဆိုတော့ ကောင်းကောင်းမွန်မွန် ဧည့်ခံလိုက်နိုင်တယ်၊ (အတ္တမာနတွေနဲ့၊ ငါမသေသေးဘူး ပြန်လာအုန်းမယ်ပေါ့)၊ မြလေး ဟုတ်တယ် မြလေးရောက်လာတဲ့ နေ့ကတော့ သူစိတ်ဓါတ်ကျကျ နဲ့ ခုတင်ပေါ်မှာ အိပ်နေတုန်း ရောက်လာခဲ့တယ်၊ မြလေး နဲ့တော့ သူ ဟန်မဆောင်နိုင်တော့ဘူး၊ မျက်ရေတွေကျလာတယ်၊ မြလေး ကိုဟန်ဆောင်လေး တောင် နှုတ်မဆက်နိုင်ခဲ့ဘူး၊ ရင့်ကျက်မှု့တွေနဲ့ လှပနေတဲ့ မြလေး က သူ့ကို စကားတွေ အများကြီးပြောသွားတယ်၊ သူ့ရင်ထဲကို ထွင်းဖောက်မြင်တတ်တဲ့ မြလေးက သူ့ကိုတရားပြသွားတယ်လေ၊ အားလုံးကို မြဲမယ် မှတ်ပြီး ခံစားနေရတဲ့ သူ့ကို ဘယ်အရာမှ မမြဲတဲ့ အကြောင်းတွေပေါ့။

သူမ ပါမောက္ခ၊ ဌာနမှုး လုပ်နေပေမဲ့၊ မပျော်ပိုက်တဲ့ အကြောင်း သူ့ကျောင်းလေးမှာ ကျောင်းသားနဲ့ ဆရာအချိုးချရင် ဆရာက များနေတဲ့ အတွက် သူ့မှာ ဆရာတွေကို ထိမ်းသိမ်း ရတာခက်ခဲတဲ့ အကြောင်း၊ အားလုံးဟာ မန္တလေး ကိုဘဲ ပြန်ချင်နေကြကြောင်း၊ သူ့စကား ကိုလည်းနားမထောင် ကြတဲ့အကြောင်း၊ တချို့ ဆရာတွေက ကိုယ်ဘာသာ ကိုယ်လည်း အလုပ်မထွက်ဘဲနဲ့ အလုပ်ထွက်ရလည်း ဂရုမစိုက်ဘူးဆိုတဲ့ သဘောနဲ့ စည်းကမ်းတွေကို မလိုက်နာကြတဲ့အကြောင်း၊ သူမ သဘောအတိုင်း ဆိုရင်တော့ အစိုးရအလုပ်ကို မလုပ်ချင်လည်း တခါထဲ ထွက်ပြစ် လိုက်ပြီးတော့အပြင်အလုပ်ကို ဇောက်ချ လုပ်စေချင် ကြောင်း၊ ဒါပေမဲ့ အခုခေတ်ဆရာငယ်တွေက အဲဒီလို လည်းမဟုတ်ဘဲ ၂ခုခွပြီးတော့ မလေးမစားတွေလုပ် နေတော့ သူမ လုပ်ရကိုင်ရတာ အဆင်မပြေတဲ့ အကြောင်းတွေနဲ့ ပါမောက္ခချုပ်ရဲ့ သဘောထား တွေ ကိုလည်း သူမ မနှစ်သက်တဲ့ အကြောင်းတွေကိုပေါ့။

သူမတို့ကျောင်းက မန်းတလေးမြို့ နဲ့ မနီးမဝေးဆိုတော့ သောက်ကြာနေ့ ဆိုရင် မန်းတလေးက ဆရာတွေက အမြဲ ပြန်ကြတော့ ပါမောက္ခချုပ်က အမြဲတန်း သောက်ကြာနေ့ ညနေမှ အစည်းအဝေး ခေါ်လေ့ ရှိတဲ့အတွက် ဆရာတွေမှာ အခက်တွေ့ လေ့ရှိကြောင်း၊ သူမ လည်း PhD မလုပ်တဲ့ အကြောင်း၊ စာလည်း သိပ်မတော်တော့ သူမ ကိုယ် သူမ PhD နဲ့ မထိုက်တန်ဘူးလို့ ထင်ကြောင်း၊ စုံလို့ပါဘဲ၊ သူ လည်းပြန်ပြောချင်လိုက်တာ သူနေကောင်းရင် PhD ကူလုပ်ပေးမယ့်အကြောင်း၊ PhD ကို လုပ်သင့်တဲ့ အကြောင်း၊ မြလေး လောက် မတော်တဲ့သူတွေတောင် လုပ်နေကြတာ မြလေးကို သူအကုန် ကူညီမဲ့ အကြောင်းတွေပေါ့၊ ဒါပေ့မဲ့ မြလေး ရဲ့ရှေ့မှာ မပီမသနဲ့ ဝူးဝါးဝူဝါး မလုပ်ချင်တဲ့ အတွက် ဘာမှ မပြောတော့ပါဘူး။

နောက်ဆုံးတော့ သူ့ကို တရားအမှတ်နဲ့ ဝင်လေထွက်လေ မှတ်နေဘို့ တိုက်တွန်းသွားတယ်၊ သူကလည်း ဝိပသာနာအားထုတ် ဘို့မပြောနဲ့ ၊စာသာ တသက်လုံး ဖတ်လာတာ တရားစာအုပ်လည်း တအုပ်မှ မပါဘူး၊ လက်တွေ့လည်းမရှိ စာတွေ့လည်း မရှိတဲ့ သူ ဘယ်လို တရား အမှတ်နဲ့နေရမလည်း၊ ကျေးဇူး တင်ပါတယ် မြလေး၊ ဒို့ အတွက်တော့ ဘာမှ ထူးတော့မယ်မထင်ဘူး၊ ဒီတခါ ပြန်ကောင်းလာရင်တော့ ကျိုးစားပြီးတော့ လုပ်ပါတော့မယ်၊ မြတ်စွာဘုရား တပည့်တော် အတွက် တကြိမ်လောက်တော့ ကျိုးစားခွင့် လေးပြန်ပေးပါအုန်း ဘုရား၊ တပည့်တော် ဘဝကို အနိုင်နဲ့ဘဲပိုင်းပရစေ၊ အရှုံးသမား ဘဝနဲ့ လောကကြီးထဲ ကထွက် မသွားပရစေနဲ့။

အခန်း (၄)

သူက ပညာတော်သလောက် ပညာရေးနဲ့ ပတ်သက်ရင် ကံမကောင်းတတ်ဘူး။ သူ AL ဘဝနဲ့ နိုင်ငံခြား ပညာတော်သင်သွားရဘို့ အမျိုးမျိုးကျိုးစားပြီး နောက်ဆုံးအဆင့် ရောက်မှ သူ့တက်မဲ့ တက္ကသိုလ် ကဖွင့် နေပြီဆိုပြီး ကျောင်းတက်ဘို့ နောက်ကျနေတာကြောင့် သူမသွားလိုက်ရတော့ဘူး၊ နောက်နှစ်ပေါ့တဲ့၊ သူတို့ ဘဝမှာ နောက်နှစ်ဆိုတာ မရှိတော့ဘူး၊ အသက်ကန့်သတ်ချက်တွေရှိတယ်၊ တခြားအကြောင်း အမျိုးမျိုးတွေ လည်းရှိသေးတယ်၊ ဘယ်သူ့ကြောင့် ဘာကြောင့်နောက်ကြ နေတာလည်းဆိုတော့ ရုံးခန်းထဲမှ အိပ်ပျော် နေသောအပျင်းထူတဲ့ အကြောင်းကြား စာတစောင်ကြောင့်ပေါ့။

နောက်တော့ နိုင်ငံခြား ခရီးစဉ်တွေ အတွက် လက်မြှောက် အရှုံးပေးပြီးငွေနောက် လိုက်နေခဲ့တာ တော်တော်ကြာသွားတယ်။ PhD တွေလုပ်ရမယ် ဆိုတော့ သူပညာဘက် စိတ်လည်လာပြီးတော့ လုပ်မယ် လုပ်တော့ သူ့မိန်းမက နောက်နှစ်တွေမှ လုပ်ပါတဲ့၊ ငွေရှာလို့ ကောင်းနေတုန်း အချိန် အခါလေး ပေးနေတုန်းဘဲ ဆိုပြီးတော့ သူ့ကိုတားမြစ်ခဲ့တာကြောင့် PhD လုပ်တာ ၃နှစ်လောက် နောက်ကြသွားတယ်၊ နောက်တော့ PhD မပြီးရင် ရာထူးမတက်ဘူး ဆိုမှ ပါမောက္ခ ကတော် ဖြစ်ချင်တဲ့ သူ့မိန်းမရဲ့ ခွင့်ပြု မိန့် နဲ့ သူ PhD ပြန်လုပ်ခဲ့ရတယ်၊ စာချစ်တဲ့ သူ့အတွက် စာတွေက မခက်ခဲ ပေမဲ့ ကျန်တဲ့ လူမှု့ ဆက်ဆံရေးတွေ မှာ အခက်တွေ့ခဲ့ ရတယ်။ သူ လုပ်ထားတဲ့ Data တွေက များလွန်းနေတော့ အများကြီး ဖြုတ်ချခဲ့ရတယ်၊ တကယ်တော့ သူ PhD ကိုအထင်ကြီး လွန်းခဲ့တာလည်း ပါတယ်ပေါ့၊ သူ့ဘက်က လိုလေးသေးမရှိ ပြင်ဆင်ထားတာတွေကို သူ့အမှားလို့ တော့ မထင်မိပါဘူး၊ သူ စာနဲ့ ပတ်သက်ရင် ဘယ်တော့ မှ ဘယ်သူကိုမှ အရှုံးပေး ခဲ့တာမှ မဟုတ်တာ၊။

သူ MSc ကျောင်းသား ဘဝတုန်းက ဆရာသင်ရင်းတန်းလန်းနဲ့ သူ မရှင်းတဲ့ အချက်တွေ ကိုဆရာကို ထမေးလိုက်တော့ ဆရာက သူစိတ်ကျေနပ်အောင် အဖြေမပေးတော့ သူ ကလည်း မှန်တယ်ဆိုပြီး ဆက်ပြောရင်း နဲ့ အခန်းထဲက မောင်းထုတ်ခံရတာ မဟုတ်လား။ သူ့ သူငယ်ချင်းတွေကတော့ မင်းရဲ့ အသိတရား မရှိမှု့က တော့ လွန် လွန်းတယ်တဲ့။ အရိပ် ၃ ပါး လည်းနားမလည်၊ အရိပ်အခြေလည်း မသိနဲ့ မင်းလူလုပ်ဘို့ ခက်သေးတယ် ဆိုပြီး ဝိုင်းပြောခဲ့ကြတယ်။

နောက်တော့ မှ အဲဒီဆရာအကြောင်းကို သူသိခဲ့ ရတယ်၊ ဒီဆရာ သူတို့ကို အခုသင်တဲ့ field ကသူသင်နေကြ မဟုတ်ဘူးတဲ့၊ အခု ပြောင်းလာတဲ့ ပါမောက္ခ နဲ့ အလျှင်းသင့်တဲ့ ဆရာမတယောက် ကလိုချင်တယ် ဆိုလို့ ပါမောက္ခ ကပြောင်းပေးလိုက်လို့၊ ဆရာက သူ သင်နေကြ မဟုတ်တဲ့ ဘာသာကို ပြင်ဆင်ဘို့ အချိန်လည်း သိပ်မရတော့ ဖတ်သင် သင်နေတယ်ပေါ့၊ အဲဒီ အချိန် မှာ သူက သွားထောက် လိုက်တော့ ဆရာက သူ့ကို ချွတ်တယ် ထင်တော့တာပေါ့၊ ဒီကြားထဲ သူကအလိုက်ကမ်းဆိုး မသိ ဆက်ပြောနေတော့ ပိုရှုတ်ကုန်တော့ တာပေါ့၊ ဆရာ နှင်ထုတ်တာလည်း နည်းပါသေးတယ်။ သူလည်း အကြောင်းစုံ သိတော့မှ ဆရာကိုသေချာ သွားတောင်းပန်ရတယ်။

အခန်း (၅)

သူ့ ဘဝမှာ ဘယ်တော့မှ အိပ်ရာပေါ် လှဲပြီး ဝေဒနာခံစားရင်း အချိန်တွေဖြုန်းနေရလိမ့်မယ်လို့ မတွေးမိဘူး၊ သူ ရေသောက်ချင်လား၊ ဘိုက်စာလား၊ ဆီးသွားချင်လား၊ အားလုံးဟာ တခြားလူတယောက် ရဲ့ အကူအညီနဲ့မှ ဖြစ်မှာလား၊ ဟုတ်တယ်၊ သူဟာဘယ်သူ့ အကူအညီမှ မပါဘဲနဲ့ ဘာမှမလုပ်နိုင် တော့ဘူးဆိုတာ သူ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတဲ့ အချိန်မှာဘဲ သူပိုပြီးစိတ်ဓါတ်ကျ သွားတယ်၊ တတ်နိုင်သမျှ အားလုံးကို ချုပ်တည်းထားတတ်ခဲ့တယ်။

ရေသောက်ချင်လား၊ သူမနေနိုင်လောက် အောင်ဖြစ်မှ သောက်ဖြစ်တော့တယ်၊ ဆီးသွားချင်တာ ကိုလည်း အတတ်နိုင်ဆုံး ထိမ်းထားတယ်၊ ဒါပေမဲ့ သူ့ရောဂါ အနေအထားရ မထိမ်းနိုင် မသိမ်းနိုင်ဖြစ်လာတဲ့ အခြေအနေ တွေကိုလည်း သူလက်မခံချင်ပေမဲ့ လက်ခံခဲ့လိုက်ရတယ်၊ သူစိတ်ဆင်းရဲ ရတာတွေကို ဘယ်လို့မှ တားဆီးလို့မရဘူး၊ ဒီနောက်မှာ သူ့ရောဂါ အခြေအနေလည်း ပိုပိုပြီး ဆိုးလာတော့တယ်။ ဧည့်သည် တွေလာတာကိုလည်း သူမတွေ့ချင်တော့ဘူး၊ ဒီနောက်ပိုင်းတော့ သူ့မိန်းမကို ပြောထားတယ် `ဧည့်သည်တွေ လာရင် အခန်းထဲကို မဝင်ခိုင်းပါနဲ့ ၊ ငါ မတွေ့ချင်ဘူးလို့ပြောထားတယ်` ဒါပေမဲ့ ဒီမိန်းမက ပြောလို့မရဘူး၊ သူခေါ်ချင်ခေါ်လာတာဘဲ၊ သူ့ရဲ့ဒုက္ခအိုးကြီးကို ခေါ်ပြတဲ့ သဘောလား၊ အို သူမကျေနပ်တာတွေကတော့ အများကြီးပါ။

ဒီမိန်းမနဲ့ သူသာပြန်နေကောင်းလာရင် အကွဲဘဲ၊ အို သူကကော ပြန်နေကောင်းလာအုန်းမှာ လား၊ သူ့ဝေဒနာ တွေထဲမှာ အဆိုးဆုံးက အားလုံးကို သိနေတာဘဲ ပြန်မပြောနိုင်ဘူး၊ ပြန်မပြောနိုင်ပေမဲ့ ခံစားနိုင်တယ်လေ၊ ပိုပိုပြီး စိတ်ဓါတ်ကျလာတယ်၊ အားလုံးသွား ကြပါတော့၊ ဘယ်သူမှ မလာကြနဲ့၊ ဘာမှမပြောကြနဲ့၊ အားလုံး အားလုံး သွားကြပါ။

သူ့ စားပွဲပေါ်မှာ တင်ထားတဲ့ သူ့PhD စာအုပ်အစိမ်းလေးက ဖုံတက်စပြုနေပြီ၊ သူ့စာအုပ်ကို သူကလွဲပြီး တန်ဘိုးထားသူ ဒီအိမ်မှာ ဘယ်သူရှိမှာလည်း၊ သူ PhD အပြီး ပါမောက္ခ Promotion တွေထွက်ပြီး ကထဲ က သူ့စိတ်တွေ မကြည်လင်တော့ဘူး၊ ပျော်လည်း မပျော်တော့ဘူး၊ တကယ်ဆိုရင် သူလောက် ကျောင်းပျော်တာ သူဘဲရှိတာဘဲ၊ စာတွေကိုမြတ်နိုးတဲ့ နေရာမှာ လည်း သူ့ကို ဘယ်သူမှ မမှီနိုင်ပါဘူး၊ သူ ငယ်ငယ်တုံးက စာတွေ တညလုံး ထိုင်ထိုင် ဖတ်နေလို့ မနက်မနက် သူ့စာသင်ချိန် အမှီရောက်အောင် မနဲ သွားခဲ့ရတာတွေ၊ အတန်းဝင်တာနောက်ကြ မှာ စိုးပြီး ဘာမှ မစားခဲ့တော့ စာသင်ရင်း နဲ့ ဘိုက်ထဲက တဂွီဂွီ အသံတွေ မြည်လာတယ်၊ ရှေ့တန်းက ကျောင်းသူတွေ ကြားသွားရင်ဆိုပြီး စာသင်ခုံနဲ့ ခပ်ဝေးဝေးမှာ သူလျှောက်သွားခဲ့ တာကိုလည်း သူ မနေ့ တနေ့က လုပ်ခဲ့ သလိုဘဲ။

သူ Tutor ဘဝတုန်းက ပျော်ခဲ့ တဲ့ အပျော်တွေကို ပြန်လည် သတိရရင်း စိတ်ကလေးနဲနဲကြည်လာတယ်။ အိပ်ရာပေါ်က ထထိုင်လိုက်ရင်း သူ့PhD စာအုပ်ကို လှမ်းယူလိုက်တယ်၊ စာအုပ်ရဲ့ ဝန်ကိုတောင် သူထမ်းဘို့ခက်နေတယ်၊ စာအုပ်ထဲက စာတွေဝန်ကို သူထမ်းခဲ့ရတာ ၅ နှစ်၊ သူသိပ်ပင်ပန်း ခဲ့လို့များ အခုလို ဝေဒနာတွေရလာတာလား။ မဟုတ်ဘူး PhD နဲ့ ဘာမှမဆိုင်ဘူး၊ သူစာတွေကို တကယ်ချစ်ပါတယ်၊ သူ မကျေနပ်တာက သူလိုချင်တဲ့ ပါမောက္ခ ရာထူး မရလို့၊ ဌာနမှုးမရလို့၊ သူ လိုချင်တာလဲ တကယ်ဆိုရင် သူ နဲ့ ထိုက်တန်တယ် ထင်လို့ ရချင်တာပါ၊ အို ဘာတွေလည်း ၊ သူ PhD နောက်ကျတာ တခုလေးနဲ့ သူလောက်မတော်တဲ့၊ သူ ထက်ငယ်တဲ့ သူတယောက်ရဲ့အောက်မှာ သူလုပ်နေရမှာလား၊ သူ စိတ်လျှော့ခဲ့ပါသေးတယ်။

သူ စိတ်ထိမ်း ပြီးတော့ နေခဲ့ပါတယ်၊ဒါပေ့မဲ့ မရခဲ့ဘူး၊ သူရင်ဆိုင်နေရတာက နေ့တိုင်းအခက်အခဲတွေ၊ သူက စာကို တသက်လုံး crazy ဖြစ်လာတာ၊ စာတပုဒ်နားမလည်ရင် ထမင်းမစား၊ လက်ဘက်ရည် မသောက်နဲ့ အဖြေမရမခြင်း တောက်လျှောက် စာဖတ်နေခဲ့ တာ၊ သူ့ စိတ်ထဲမှာ ရှင်းသွားပြီဆိုရင်လည်း၊ တယောက်ထဲ ပိတိတွေဖြစ်ပြီး ပျော်နေခဲ့တာ၊ သူစာတွေကို သိပ်ချစ်တယ်၊ အခုတော့ဗျာ PhD seminar တဲ့၊ ဌာနတွင်း အစမ်းဖတ်တဲ့၊ ကျုပ်ကလည်း စာကို ဝါသနာပါတဲ့ သူဆိုတော့ သူတို့ စာအုပ်တွေကို တကယ် ဖတ်ကြည့်ပါတယ်၊ ကျုပ်သဘော မပေါက်တဲ့ နေရာတွေကိုလည်း မေးစမ်း ကြည့်ပါတယ်၊ နားလည်တဲ့ အထိ သူတို့ နဲ့ အပြန်အလှန် ဆွေးနွေးပါတယ်၊ ဒါပေမဲ့ဗျာ သူတို့က ကျုပ်ဒီလိုမေးတာကို ချွတ်တယ်ထင်တာဗျ၊။

နောက်ပြီး ပါမောက္ခ pass ပေးပြီးသားတဲ့၊ supervisor ကဒီအတိုင်း ဘဲလုပ်ခိုင်းတာတဲ့၊ ဒါဆိုရင် သူတို့က ဘာသိတာလည်း၊ သူတို့ စာအုပ်မှ သူတို့ အခုအချိန်မှာ နားလည်အောင်မရှင်းနိုင်ရင် တကယ် seminar လုပ်တဲ့ အချိန်၊ steering committee ကမေးရင်ဘယ်လိုဖြေမလဲလို့၊ ဒါကကျုပ်အတွေးပါ၊ သူတို့ကတော့ ထဲ့မတွက်ပါဘူး၊ သူတို့ကို ကာကွယ်ပေးမဲ့၊ defense လုပ်ပေးမဲ့ သူတို့ supervisor တွေ၊ ပါမောက္ခ တွေရှိနေတာဘဲလို့ ထင်ကြမှာဘဲလေ၊ အဲဒီမှာ ကျုပ် feel ဖြစ်တာလေ၊ ကျုပ်ပါမောက္ခ မဟုတ်လို့ ပြောခွင့်မရှိတာ ဆိုပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာလေ၊ ကျုပ်ကသာ မနေနိုင် မထိုင်နိုင်ဖြစ်နေတာပါ၊ ဘယ်သူ pass ပေးပေး ကျုပ်နဲ့ မဆိုင်ပါဘူးဗျာ သိပ်သဘာဝမကျတာလေး တွေကိုသာအမှန်အတိုင်း ဖြစ်စေချင်တာပါ၊ ဒါပေမဲ့ မရပါဘူး၊ ကျုပ်မှာ အာဏာ မရှိဘူး၊ ကျုပ် ဘာမှ ပြောပိုင်ခွင့် မရှိဘူး၊ အဲဒီမှာ ကျုပ်ဒေါသတွေ ပိုကြီးလာတာဘဲ။

နောက်ပြီး ကျုပ်တပည့်မ ကျုပ်နဲ့ PhD လုပ်တဲ့ တပည့်ပေါ့၊ ကျုပ်ကို supervisor လုပ်ခိုင်းပြီးတော့ ပြစ်ထားလိုက်တာဗျာ၊ ပေါ်ကိုမလာတော့ဘူး၊ သူ့က နယ်မှာနေ နေရလို့ internet သုံးရတာကအစ အခက်အခဲ ရှိပါတယ်ပေါ့လေ၊ အဲဒီလို ဆိုတော့ ကျုပ်ကလည်း internet ခဏာထားအုန်း၊ ဒီစာအုပ်တွေ ဖတ်အုန်း ဆိုပြီး သူနဲ့ သက်ဆိုင်တဲ့ စာအုပ်တွေ ရှာပေးလိုက်တယ်၊ စာအုပ်တွေ ကြည့်ပြီးတော့ မျက်စိမျက်နှာတွေ ပျက်လို့ ကျုပ်ကဘဲ တမင်ဘဲရစ်နေသလိုလို၊ နောက်ပြီး ဒီစာအုပ်တွေဖတ်ပြီးရင် ပြန်ပြီး ဆွေးနွေးမယ်လို့လဲပြောရော၊ ဟန်တောင်မဆောင်နိုင်တော့ဘူး ငိုတော့မလိုနဲ့၊ ကျုပ်လည်း အမြင်ကပ်ကပ်နဲ့ ပြစ်ထားလိုက်တယ်၊ နောက် တလလောက်နေတော့ လက်ဆောင်တွေ အများကြီးနဲ့ ရောက်လာတယ်။

ကျုပ်မိန်းမကတော့ ရယ်ရယ်မောမောနဲ့ပေါ့၊ ကျုပ်ကတော့ ဘာရမလည်း နင်ဘာတွေဖတ်ခဲ့ လည်းဆိုပြီး စာအကြောင်း ဆွေးနွေးမယ်လည်း လုပ်ရော ငိုတော့မဲ့ ပုံနဲ့၊ ကျုပ်လည်း စာတွေမေးရော ဟင်း ဟင်း ဘာမှ မသိဘူး၊ ကျုပ်လည်းပြောတော့တာပေါ့ နင်ဘာဖတ်လည်းဆိုတော့၊ ငိုပြီး ပြောတော့တာဘဲ၊ သူမညာပါဘူး ဖတ်ပါတယ်ပေါ့၊ ကျုပ်ကလည်း နင်မညာနဲ့ ပေါ့ စာတကယ်ဖတ်ရင် ဒါလေးတော့ သိရမယ်ပေါ့၊ သူကလည်း သူမညာတတ်ပါဘူး၊ အာဇီဝတ်ဌမက သီလ ဆောက်တည်ပါတယ်ပေါ့၊ ကျုပ်လည်း ဒေါသဖြစ်ဖြစ်နဲ့ နင်က ကြီးကြီးကျယ်ကျယ် အာဇီဝတ်ဌမက လေးဘာလေးနဲ့ ရွတ်စမ်းဆိုတော့ ငိုငိုယိုယို နဲ့ ရွတ်တယ်၊ ကျုပ်က လည်း တခြားဟာနဲ့ ပတ်သက်ရင် သည်းခံနိုင်တယ်၊ စာနဲ့ ပတ်သက်ရင်တော့ သည်းမခံနိုင်ဘူး၊ အဲဒီကထဲက ကျုပ်နဲ့ Thesis လုပ်ရတာ ရစ်တယ်ပေါ့လေ။

နောက်တော့ ကျုပ်မိန်းမက ပြောတယ် သူက ရေးပေးစေချင်တာပေါ့၊ ကျုပ်လည်း ရေးပေးချင်ပါတယ်၊ စာ လုပ်ရတာ ကြိုက်တာကိုး၊ ဒါပေမဲ့ သူတို့က ဘာတတ်မှာလည်း၊ နဲနဲ တော့ ကျိုးစားအုန်းမှပေါ့၊ သူတို့ ကတော့ PhD မပြီးရင်လည်းနေတော့၊ အလုပ်ကလည်း ထွက်မယ်၊ ဆက်မလုပ်တော့ဘူးပေါ့၊ ဒါပေမဲ့ ဒီ Thesis မပြီးရင် ကျုပ်မှာလည်း တာဝန်ရှိတာကိုး ကျုပ်လည်းသိက္ခကျမှာပေါ့၊ အဲဒီတော့ဗျာ၊ သူ့ စာဖတ်ခိုင်းဖို့ နေနေသာသာ seminar ရှိရင်တောင် မေးနိုင်မဲ့ မေးခွန်းတွေကို မမကို ချော့မော့ ပြီးတော့ ရှင်းပြရတာနဲ့တင် ကျုပ်တော့ supervisor လုပ်ရတာ စိတ်ကုန်ပါပြီ၊ အခုကျုပ်ရောဂါ ဖြစ်တော့ မှ မယ်မင်းကြီးမ လည်း တငိုငိုတယိုယိုနဲ့ ကျုပ်ကျေးဇူးတွေ သိတတ်နေတာလေ၊ အင်းပြောလို့သာ ပြောနေရတာ သူလည်း ၁ခါဘဲဖတ် ရသေးတာဆိုတော့ လုပ်ဘို့ အများကြီးကျန်သေးတယ်၊ ကျုပ်ကလည်း ပြီးစီးအောင် လုပ်ပေးချင်ပါတယ်၊ အမယ်လေး အားလုံးဟာ ဒုက္ခ တွေပါလား၊။

အခန်း (၆)

မြလေး လာသွားပြီးတဲ့ နောက်မှာ ကျုပ်ရောဂါနဲနဲ သက်သာလာသလိုဘဲ ဘာဆိုင်လို့လည်း တော့ မပြောနဲ့လေ၊ မြလေး က အပြောကောင်း သူပြောသလိုပါဘဲ၊ လောကကြီးမှာ ပြည့်စုံတယ် ဘယ်ရှိပါမလည်း၊ အားလုံးဟာ မပြည့်စုံမှု့တွေနဲ့ ၂ပါးသွားနေရတာကိုး၊ သူပြောသလိုဘဲ၊ စိတ်ကိုအတတ်နိုင်ဆုံး လျှော့ထားပြီး၊ ဝင်လေထွက်လေ မှတ်နေမိတယ်၊ ဘာမှမသိပေမဲ့ သိသလောက်ပေါ့လေ၊ စိတ် ကိုဘာမှမတွေးဘဲ ဘုရားတခုဘဲ အာရုံပြုထားမိတယ်၊ နောက်ဆုံးတခေါက် နောက်ဆုံးပြတဲ့ ဆရာစီ သွားတော့တောင် ဆရာက ပြောလိုက်သေးတယ်၊ အခြေအနေကောင်းတယ်၊ တိုးတက်လာတယ်၊ ဒီအတိုင်းဆက်ပြီးတော့ ၁လလောက်သွားရင် သူလမ်းကောင်းကောင်း ပြန်လျှောက်လာနိုင်တော့မယ်တဲ့၊ သူပျော်သွားတယ်၊ သူ့မိန်းမကိုလည်း ပြောလိုက်တယ်၊ နောက်ထပ်ဘယ်ဆရာမှ မပြောင်းတော့ဘူး သေရင်လည်း သေပါစေတော့။

ဆရာ၊ ဆရာ လို့ အော်ပြီးဝင်လာတဲ့ သူတပည့်မကို တည်တည်ငြိမ်ငြိမ်ဘဲ ပြန်ကြည့်လိုက်တယ်၊ ဘာလဲလို့ အမူအရာနဲ့ပြောတော့ `ဆရာ ရာထူးတိုးတွေ ဒီနေ့ထွက်တယ်၊ ဆရာ ပါမောက္ခ၊ ဌာနမှုး အဖြစ် ကျမတို့ ကျောင်းကို ပြောင်းရတယ်တဲ့` သူ ရုတ်တရက် ဝမ်းသာသွားလိုက်တာ၊ ဟုတ်တယ် သူမေ့နေလိုက်တာ၊ ဘာမှကို အာရုံထဲ မရောက်လောက်အောင် ရောဂါနဲ့ ရင်ဆိုင်နေလိုက်ရတာလေ၊ `ဆရာ သက်သာတယ် မဟုတ်လားဟင်` ဆိုတဲ့ တပည့်မလေးအမေးကို မြန်မြန်ခေါင်းငြိမ့် ပြရင်း၊ သူ့ တပည့်မလေး ဒုတိယအကြိမ် ဖတ်ဖို့ သူဘာတွေပြင်ဆင်ပေးရမလည်း ဆိုတာ သူ့ခေါင်းထဲမှာ...


လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
>>>ဆက်ဖတ်ရန်>>> >>

To Vicky


hi vicky

  • Life ends; when u stop Dreaming.
  • Hope ends; when u stop Believing.
  • Love ends; when u stop Caring.
  • And Friendship ends; when u stop Sharing.

shwezinu

>>>ဆက်ဖတ်ရန်>>> >>

သတင်း ၁၂-၈-၂၀၀၉

နေရှင်နယ်လိဂ် ဘောလုံးပွဲများ ပြန်စတော့မည်

Tuesday, 11 August 2009 18:04 ဟိန်းဇော်

မြန်မာဘောလုံး အဖွဲ့ချုပ်မှ ဦးစီးကျင်းပသည့် ဒုတိယအကြိမ် မြန်မာနေရှင်နယ်လိဂ် (MNL CUP) ကို လာမည့် စက်တင်ဘာလ ၅ ရက်နေ့တွင် စတင်ကျင်းပမည် ဖြစ်ကြောင်း ယင်းအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့ကစတင် ကျင်းပခဲ့သော ပထမ အကြိမ် MNL CUP Grand Royal 2009 ပြိုင်ပွဲ ကို ပတ်လည် စနစ်ဖြင့် ကျင်းပခဲ့သော်လည်း လာမည့်ပွဲစဉ်များတွင် နှစ်ကျော့ ပုံစံဖြင့်ကျင်းပမည်ဖြစ်သည်။

ပထမအကျော့ ကို စက်တင်ဘာ ၅ ရက်နေ့ မှ အောက်တိုဘာလ ၁၈ ရက်ထိ လည်းကောင်း၊ ဒုတိယ အကျော့ ပွဲစဉ်များကို အောက်တိုဘာလ ၃၁ ရက်မှ ၂၀၁၀ ခု နှစ် ဇန်န၀ါရီလ အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပထမအကျော့ ပွဲစဉ်များကို မန္တလေးမြို့ရှိ ဗထူးကွင်းနှင့် ရန်ကုန်မြို့ ရှိ သုဝဏကွင်းတို့တွင် ကျင်းပမည်ဖြစ် ကာ ဒုတိယပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏကွင်းနှင့် အောင်ဆန်းကွင်းတို့တွင် ကျင်းပမည် ဖြစ်သည်ဟု MNL ဥက္ကဌ ဦးဇော်ဇော်ကပြောသည်။

ယင်းသို့ မန္တလေးမြို့နှင့် ရန်ကုန်မြို့တွင် ကျင်းပသောပွဲစဉ်များအတွက် ရန်ကုန်ယူနိုက်တက် ပိုင်ရှင် ဦးတေဇ က ရန်ကုန်ယူနိုက်တက်၏ ပရိသတ်များကို မန္တလေးမြို့သို့ လိုက်လံအားပေးရန် မော်တော်ယာဉ်များ၊ ရထား များ စီစဉ်ပေးမည်ဟု ပြောသည်။

ရတနာပုံ ပရိသတ် တဦးဖြစ်သူ ဦးအောင်ရွှေ က “ကျနော်တို့ မန္တလေးမှာ လာကန်မယ်ဆိုတော့ ၀မ်းသာ တယ်၊ ကျနော်တို့ ရတနာပုံအသင်းကို ကိုယ့်မြေမှာ အားပေးရတော့မှာပေါ့၊ ဗထူးကွင်းက အများဆုံး ပရိ သတ် ၁၅၀၀၀ လောက်ပဲဆံ့တယ်၊ အဲဒီလို ကန်မယ်ဆိုလဲ ကြိုပြီးကွင်းကိုပြန်ပြင်သင့်တယ်၊ မြန်မာလိဂ်က အများကြီးလိုအပ်ပါသေးတယ်”ဟု ပြောသည်။

ပရိုကလပ်များပြိုင်ပွဲမစမီ ခြေစမ်းပွဲများကို အိန္ဒိယ ကလပ် အရှေ့ဘင်ဂေါ အသင်းနှင့် ရတနာပုံF.C ၊ ရန်ကုန် ယူနိုက်တက်၊ မကွေးF.C ၊ ဥဿာယူနိုက်တက် F.C တို့ မှာ သြဂုတ်လ ၁၆၊ ၁၉၊ ၂၁၊ ၂၃ ရက်နေ့များတွင် ခြေစမ်း ကစားမည်ဖြစ်သည်။

အိန္ဒိယအသင်းနှင့် ခြေစမ်းခွင့်မရသော အသင်းလေးသင်းမှာ သြဂုတ်လ ၂၀ရက်တွင် ကမ္ဘောဇ နှင့် Southern Myanmar ၊ သြဂုတ်လ ၂၂ရက်နေ့တွင် ဇေယျာရွှေမြေနှင့် Delta United တို့ ခြေစမ်းရန်စီစဉ် ထားသည်ဟု ဦးစိုးမိုး ကပြောသည်။

လာမည့် MNL CUP ပြိုင်ပွဲတွင် ကွင်းဝင်ကြေး များမှာ ရိုးရိုးတန်း ၅၀၀ နှင့် အထူးတန်း ၂၀၀၀ ဖြစ်ပြီး လတ်မှတ် ၀ယ်ယူနိုင်သည့် နေရာများကို မကြာမီ ထုတ်ပြန် ကြေညာ ပေးမည်ဟု မြန်မာနိုင်ငံဘောလုံး အဖွဲချုပ်မှ ပြန်ကြားရေးတာဝန်ခံဦးစိုးမိုးက ဆိုသည်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများယခုကဲ့ သို့ အပြိုင်အဆိုင်ဖြစ်လျက်ရှိနေပြီး ငွေပေါများစွာသုံးနေခြင်းများက မြန်မာဘောလုံးလောကအတွက် အကျိုးရှိလာနိုင်သည်ဟု ယူဆသူများရှိသကဲ့သို့ ဝေဖန်သူများလည်း ရှိကြောင်း သိရသည်။

သို့သော် ဘောလုံးအသင်းတချို့မှာ ဝင်ငွေ ဘတ်ဂျက် လိုအပ်နေသောကြောင့် ပြိုင်ပွဲဝင်ရန် အခက်အခဲရှိ ကြောင်း ရန်ကုန်အခြေစိုက် အားကစား ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

“ဘောလုံးအသင်း တသင်း ကုန်ကျစရိတ်က ကျပ် သန်း ချီတယ် ဆိုတတော့ အစိုးရ အထောက်အပံ့ ရှိမှဖြစ်မယ်၊ အသင်းထောင်ပြီး ၄ လလောက်မှာပဲ ဘတ်ဂျက် လိုအပ်ချက်ရှိနေကြပြီ၊ အဲဒါ အခု တချို့ ပြိုင်ပွဲဝင်ဖို့ အခက်အခဲရှိတယ်”ဟု ၎င်းက ပြောပြသည်။

ယင်း ဘောလုံးအသင်း တသင်းသည် အနည်းဆုံး ကျပ် သန်း ၂၀၀ ခန့် မြုပ်နှံရပြီး တချို့သော အသင်းများ မှာ ဘောလုံး သမားများအတွက် လစာ၊ ဝတ်စုံ ၊ သယ်ယူပို့ဆောင် စရိတ်နှင့် ကန်ထရိုက် စာချုပ်ကြေးများ အပါအဝင် ကျပ် သန်း ၁၀၀၀ ကျော် ကုန်ကျမှု ရှိကြောင်း သိရသည်။

ဘောလုံးပြိုင်ပွဲများနှင့်ပတ်သက်ပြီး လက်မှတ်ရောင်းချ ခြင်း၊ အစားအသောက် ရောင်းချခြင်း၊ သက်ဆိုင်ရာ ဘောလုံးအသင်း အင်္ကျီများနှင့် ပိုစတာများ ရိုက်ထုတ် ရောင်းချခြင်းများမှ ဝင်ငွေများ ရရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် နီးစပ်သူ တဦးက ပြောဆိုသည်။

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ အားကစားရုံတွင် ကျင်းပသော ပထမ အကြိမ် MNL CUP ပြိုင်ပွဲ ဖွင့်ပွဲနေ့တွင် အားပေးကြည့်ရှုသူ ၄၀၀၀၀ ခန့်ရှိကြောင်း၊ ဒုတိယနေ့တွင် ၁၀၀၀၀ ခန့်ရှိကြောင်း ၎င်းက ပြောပြသည်။

အဆိုပါ ပထမ အကြိမ် မြန်မာလိဂ် ဗိုလ်လုပွဲတွင် ရတနာပုံအသင်း ဖလားရရှိခဲ့သည်။ ရန်ကုန် ယူနိုက်တက် အသင်း နှင့် ဗိုလ်လုကြရာတွင် နှစ်ဂိုးစီ သရေကျနေသဖြင့် ပင်နယ်လ်တီ ဆုံးဖြတ်ချက်ဖြင့် ရတနာပုံအသင်း က ၆ ဂိုး ၃ ဂိုးနှင့် အနိုင်ရရှိသွားခြင်း ဖြစ်သည်။

ယင်း အသင်း ၈ သင်း ပါဝင်သည့် ပထမအကြိမ် မြန်မာလိဂ် ပွဲစဉ်များကို မေလ ၁၆ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။ ပါဝင်သည့် အသင်းများမှာ ရတနာပုံ F C ၊ ရန်ကုန် ယူနိုက်တက် F C ၊ မကွေး F C ၊ ကမ္ဘောဇ F C ၊ ဇေယျာရွှေမြေ F C ၊ ဥဿာ ယူနိုက်တက် F C ၊ ဆောက်သမ်း မြန်မာ F C ၊ ဒဲလ်တာ ယူနိုက်တက် F C တို့ဖြစ်သည်။

အာဏာပိုင်တို့က ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်လိုသောကြောင့် ဤသို့သော ဘောလုံး ကြေးစား ကလပ် အသင်းများ ဖွဲ့စည်းစေပြီး ပြိုင်ပွဲများ ပြုလုပ်စေခြင်းဖြစ်သည်ဟု သုံးသပ်သူများလည်း ရှိသည်။ မြန်မာ ပြည်၏ နိုင်ငံရေးအခြေအနေများကို အာရုံလွှဲရန် ပြုလုပ်သည့် အစီအစဉ်များတွင် ဘောလုံးပွဲများလည်း ပါဝင် သည်ဟုလည်း ယူဆ နေကြသည်။

>>>ဆက်ဖတ်ရန်>>> >>

Tuesday, August 11, 2009

၁၁-၈-၂၀၀၉

သြဂုတ် ၁၁၊ ၂၀၀၉

နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကို ထိပါးစေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်ရှိကြောင်း စစ်အစိုးရတရားရုံးက ဆုံးဖြတ်ပြီး ဒေါ်စုကို ထောင်ဒဏ် ၃ နှစ် ချလိုက်သည်။ သို့သော် စစ်ခေါင်းဆောင်များ၏ အမိန့်အရ ထောင်ဒဏ်ကို နေအိမ်အကျယ်ချုပ် ၁၈ လ အဖြစ် ချက်ခြင်း ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း အမိန့်ချသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ၀င်ရောက်ခဲ့သူ အမေရိကန်သားယက်တောကို စွဲဆိုထားချက်များဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

ဒေါ်စုနှင့် အနီးကပ်မိတ်ဆွေ ၂ ဦးကိုလည်း ဒေါ်စုနှင့်အတူ ပြစ်ဒဏ်ချမှတ်လိုက်သောကြောင့် ၎င်းတို့လည်း အကျယ်ချုပ်ဖြင့် ၁၈ လ နေအိမ်တွင် ကျခံရမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွေှ့၏ အထူးအမိန့်ကြောင့် ထောင်ဒဏ် ၃နှစ်မှာ အကျယ်ချုပ် ၁၈ လ အဖြစ် လျှော့ချ ကျခံရခြင်းဖြစ်သော်လည်း ကျန်ရှိသည့် ထောင်ဒဏ် ၁၈ လမှာ ဆိုင်းငံ့ထောင်ဒဏ်အဖြစ် ရှိနေမည်ဖြစ်သည်ဟု ဆိုကြောင်း သိရသည်။

အင်းစိန်ထောင်တွင်းရှိ အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်သော်လည်း ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲကာ နေအိမ်တွင် ပြန်နေခွင့် ပြုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ခင်ဝင်းနှင့် မဝင်းပပတို့ကို ပြစ်မှု ကျူးလွန်သည်ဟု တရားရုံးတော်က ဆုံးဖြတ်ပြီး အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် မြန်မာ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်းအတွက် လျော့ပေါ့ပြစ်ဒဏ်အဖြစ် ထက်ဝက်လျော့ချကာ ထောင်ဒဏ် ၁ နှစ်ခွဲကျခံ၇န် ဒေါ်စုအပေါ် ဆုံးဖြတ်ချက်ခဲ့သည်။ ထို့နောက် ဆိုင်းငံ့ ပြစ်ဒဏ် ပေးလိုက်သည်။

တရားရုံးတော်က စီရင်ချက် ချပြီးချိန်တွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ရောက်ရှိလာပြီး နံပါတ်တစ် စစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ယမန်နေ့က နေ့စွဲ ရေးထိုးထားသော အမိန့်ကြေညာစာကို ဖတ်ပြသည်။

အကယ်၍ ပြစ်ဒဏ်ချမှတ်ခံရလျှင် သတ်မှတ်ပြစ်ဒဏ်ရဲ့ ထက်ဝက်ကိုသာ ကျခံစေရန်နှင့် ကောင်းမွန်စွာ နေထိုင်ခဲ့လျှင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဟုလည်း ပါရှိသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ်တွင် ကန့်သတ်ချက်များဖြင့် နေထိုင်ရမှာ ဖြစ်သည်။ ကန့်သတ်ချက် များတွင် ကြိုတင်ခွင့်ပြုချက် တောင်းခံပြီး ဧည့်သည်တွေ့ရန်၊ အခြားသော အခွင့်အရေးများ အတွက် စာရေး သား တောင်းခံရန်နှင့် သတင်းစာ ဂျာနယ်ဖတ်ခွင့်၊ တီဗီကြည့်ခွင့်တို့ ရသည်။
>>>ဆက်ဖတ်ရန်>>> >>

ကာတှနျး (၂)

>>>ဆက်ဖတ်ရန်>>> >>

Monday, August 10, 2009

သတင်း ၁၀-၈-၂၀၀၉

အွန်လိုင်းတွင် ပြန့်နေသည့်ဓာတ်ပုံကြောင့်

အနုပညာကို ထိခိုက်ဟု မင်းမော်ကွန်းပြောကြား

ခေတ်ပြိုင်သတင်းဌာန - မျိုးချစ်သူ / ၁၀ သြဂုတ် ၂၀၀၉

ပြီးခဲ့သည့် (၂) နှစ်ခန့် ရဟန်းခံခဲ့စဉ်က ရိုက်ကူးခဲ့သော ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင် မင်းမော်ကွန်း၏ ဓာတ်ပုံတပုံ အွန်လိုင်းတွင် ပြန့်နေသည်နှင့်ပတ်သက်၍ မင်းမော်ကွန်းက ၎င်း၏အနုပညာကို လွန်စွာထိခိုက်စေသည်ဟု ပြောကြားသည်။

အွန်လိုင်းတွင်ပြန့်နေသော ဓာတ်ပုံကို အချို့က အတုဖြစ်ဖွယ်ရှိသည်ဟု ယူဆနေကြသော်လည်း မင်းမော်ကွန်းက ဟုတ်မှန်ကြောင်း၊ လွန်ခဲ့သည့် (၂) နှစ်ခန့်က စမ်းချောင်းမြို့နယ်၊ ဓမ္မစေတီ ရွှေကျင်ကျောင်းတိုက်တွင် ၎င်းရဟန်းခံခဲ့စဉ်က ရိုက်ကူးခဲ့သောပုံဖြစ်ကြောင်း ပြောသည်။

အွန်လိုင်းတွင် “ရုပ်ရှင်သရုပ်ဆောင် မင်းမော်ကွန်း ဘာကြောင့်များ သာသနာတော်ကို စော်ကားလိုက်တာလဲ” ဟူသော ခေါင်းစဉ်ဖြင့် ဂျီမေးလ်များကို တယောက်ပြီးတယောက် ပို့နေကြသောကြောင့် မင်းမော်ကွန်းအား ပြည်သူတို့က မနှစ်မြို့ ဖြစ်လာကာ လက်မခံချင်ကြတော့ကြောင်း၊ မင်းမော်ကွန်း၏ ဂုဏ်သိက္ခာညှိုးနွမ်းလာနေကြောင်း ၎င်း၏အနုပညာကို ကြိုက်သော ပြည်သူတဦးက ပြောသည်။

သာသနာတော်နှင့် ပြည်သူတို့အကြားတွင် မင်းမော်ကွန်းကို အမြင်မကြည်ဖြစ်နေကြသည့်အတွက် အစိုးရက မည်သို့ဖိအားပေး လာမည်ကို မသိသေးကြောင်း မင်းမော်ကွန်းနှင့် နီးစပ်သည့် အနုပညာအသိုင်းအ၀ိုင်းက ပြောသည်။

ယင်းကာလက ဓာတ်ပုံများစွာ ရိုက်ကူးခဲ့ပြီး ယခုနှစ်တွင်မှ တပုံတည်းသော အဆိုပါပုံကို အီးမေးလ်များဖြင့် ပေးပို့နေသည်ကို တွေးတောမရကြောင်း မင်းမော်ကွန်းက ပြောသည်။

အဆိုပါပုံမှာ စာသင်တိုက်တွင် သန့်ရှင်းရေးလုပ်နေစဉ် ရိုက်ကူးထားခြင်းဖြစ်ပြီး သာသနာကိုစော်ကားလို၍မဟုတ်ကြောင်း၊ ယင်းသို့ဖြစ်ပေါ်ရန် မရည်ရွယ်ကြောင်း မင်းမော်ကွန်းက ရှင်းပြသည်။

ယခုအခါ ရန်ကုန်တွင် အဆိုပါသတင်း မှာ ပြည်သူများအကြားတွင် ပြန့်နေပြီး မင်းမော်ကွန်းကို အပြစ်တင် ပြောဆိုနေကြ သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

မင်းမော်ကွန်းနှင့်အတူ ဓာတ်ပုံရိုက်ကူးထားသူများမှာ နာမည်ကြီး ဓာတ်ပုံဆရာ ၀ဏ္ဏခွါဏီး၊ ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင် ဇေယျနှင့် အခြားအနုပညာရှင် သရုပ်ဆောင်များ ပါဝင်ကြောင်း တွေ့ရသည်။

>>>ဆက်ဖတ်ရန်>>> >>

Sunday, August 9, 2009

ကျနော်အဖိုးအကြောင်း (၃)


ကျနော် (၁၀) တန်းအောင်တဲ့ နှစ် ၊ တက္ကသိုလ် စတက်ရတဲ့ ပထမနှစ် ပထမနေ့ မှာ ကျနော် အဖိုးက ကျောင်းကို လိုက်ပို့တယ်၊ ဒေသကောလိပ်မှာ တက်ရတယ်၊ လမ်း ၈၀ မှာပါ၊ ကျနော်တို့ မြေးအဖိုး ဘတ်စကားနဲ့ သွားကြတယ်၊ အဖိုးကသင်္ကန်းဝတ်နဲ့ပေါ့၊ ကျောင်းထဲထိလိုက်လာတယ်၊ ငွေတွေဘာတွေ သွင်းတော့လဲ လိုက်လာတယ်၊ စာအုပ်ထုတ်ရအုန်းမယ် ဆိုတော့ လည်းစောင့် နေ တယ်၊ အဲဒါနဲ့ကျနော်လည်း စာအုပ်ပါ အပြီးထုတ်ပြစ်လိုက်တယ်။

ခင်ဗျားတို့ ဘဲစဉ်းစားကြည့်ပါအုန်းဗျာ၊ တက္ကသိုလ်တက်တာ အမေ အဖေတောင်ဒီခေတ်ကြီးမှာ ဘယ်သူမှ လိုက်မှာ မဟုတ်ပါဘူး၊ ကျနော်မှာတော့ သင်္ကန်းဝတ်အဖိုးနဲ့ဆိုတော့၊ အဲဒီတုန်းက ကျနော်ကတော့ မရှက်မိပါဘူး၊ ကျနော်ကျောင်းအပ်ပြီးတော့ အိမ်ပြန်မယ်လုပ်တော့ မပြန်သေးဘူးတဲ့ ဘုရားကြီး သွားအုန်းမယ်တဲ့၊ သွားပေါ့၊ မြေးအဖိုး ၂ယောက် (၆) ကားစီးပြီးတော့ ဆက်လက်ချီတက်ကြပြန်ရော။

ဟဲ ဟဲ ဘုရားကြီးရောက်တော့ ဘာဆက်လုပ်ရသေးလည်းဆိုတော့ ဘုရားရှေ့မှာ အဖိုးတိုင်ပေးတာတွေ ရွတ်ရသေးတယ်၊ ကျောင်းမပြီးမခြင်း အိမ်ထောင်မပြု ရပါဘူး ဘာဘူးပေါ့ဗျာ၊ အဓိက ကတော့ အဲဒါဘဲ၊ ကျနော် လည်း အကုန်မမှတ်မိတော့ဘူး၊ အရှည်ကြီးတော့ ဆိုရတာဘဲ၊ ပြီးတော့ လည်း မပြီးသေးဘူးဗျ၊ အိမ်ရောက်တော့လည်း ကျနော်စာအုပ်တွေ အားလုံးကို နံမည်ထိုး၊ ဘာသာတတ် လုပ် ပေးသေးတာ၊ ဒါတွေက ကျနော် အဖိုးက ကျနော်ကိုချစ်လို့လုပ်ပေးနေတာတွေပေါ့ ။

အဲဒီအချိန်ကတော့ ကျနော် မခံစားတတ်ခဲ့ဘူးဗျ၊ လုပ်ရိုးလုပ်စဉ်တခု လိုဘဲ သဘောထားနေခဲ့တာ၊ ကျနော် ၁၀ တန်းအောင်တော့ လည်းရိုးရိုးပါဘဲ၊ ဂုဏ်ထူးတွေ အများကြီးနဲ့ အလားအလာ တွေသိပ်ကောင်း နေ လို့ ကျနော်ကို ကျောင်းမပြီးခင် တခုခုဖြစ်သွားမှာ စိုးလို့ ဆိုရင်လဲ တမျိုးပေါ့ဗျာ၊ နောက်ပြီး အဲဒီခေတ်မှာကိုဘဲ ၁၀တန်းအောင်တာ တက္ကသိုလ်တက်ရတာ ဘာမှမဆန်းပါဘူးဗျာ၊ အဖိုးအတွက်ဆိုရင်လည်း သူကိုယ်တိုင်လည်း ပညာတတ်၊ သူ့သား၊ သမီးတွေ အားလုံးက ပညာတတ်တွေဘဲ  ၊ နောက်ပြီး သမီးအငယ်ဆုံး  ဆိုရင်လည်း ဘယ်လောက်တော်လည်း ဆိုရင် ၁၀ တန်းနောက်ဆုံးဘာသာဖြေပြီးတဲ့ နေ့မှာ ယောက်ကျားနောက် လိုက်ပြေးဘို့ ကြံထားတာတောင် အဲဒီ ၁၀ တန်းကိုအောင်အောင် ဖြေသွားသေးတာ။

 မေမေကြီး ဒေါ်တင့်တင့်က ကျောင်းရှေ့ကစောင့်နေတာ သူက ကျောင်းနောက်က နေ အုတ်တံတိုင်းကျော်ပြေး သွားတာလေ၊ တော်တယ်နော် ၊ ပြောချင်တာက ကျနော် တော် လို့ အဖိုးကချစ်တာမဟုတ်ပါဘူး၊ မြေးလုပ်တဲ့ အလုပ်ကို တန်ဘိုးထားပြီး ချစ်ခဲ့တာ သက်သက်ပါ။

အဖိုးကိုသတိရတယ်ဗျာ...
.
>>>ဆက္ဖတ္ရန္>>> >>

Saturday, August 8, 2009

ငယ်ဘဝများ (၃)





မေမေ ဘ၀ ရဲ့ ပျားရေစက် ကလေးတွေအကြောင်းပြောရင် ဖေဖေ ကျောင်းသွားနေတဲ့ အချိန်မှာ မေမေဟာ တနေကုန် အိမ်အလုပ်တွေလုပ်ပြီး ဖေဖေအလာ ကိုစောင့်ရတာပေါ့၊ ဖေဖေရောက်လာပြီး စားသောက်တနေ့တာ အလုပ်တွေပြီးဆုံးချိန် ရောက်တော့မှ မေမေတို့၂ယောက်ရဲ့ ဆည်းဆာချိန် ကိုရောက်လာ ပါတယ်။

အဲဒီအချိန်က ဖေဖေတက္ကသိုလ် သွားတက်တဲ့ အချိန်မှာ ဖေဖေမုံဘိုး ၂၅ ပြားဘဲ ရတယ်တဲ့၊ ဖေဖေ ဟာ အဲဒီ ပိုက်ဆံကို ကျောင်းမှာ ဘာမှမသုံးဘဲ ညနေ မေမေတို့ ရဲ့ ဆည်းဆာချိန်ကြမှ လမ်းလျှောက်ရင်း ကြံရည် သောက်ကြသတဲ့၊ မေမေခမျာ အဲဒီအချိန်ကြမှ အသက်ရှုဝမယ်ထင်တယ်၊ မေမေတို့ဟာကျုံးဘေး တလျှောက် ကိုးနဝင်းဘုရားတလျှောက် လမ်းလျှောက် ကြတာပေါ့။

ညရောက်ရင်တော့ ဖေဖေဟာ ခြင်ကိုက်မှန်း မသိ၊ ဘာမသိနဲ့ တညလုံး စာလုပ်ပါသတဲ့၊ ဖေဖေ သချာၤတွေ တွက်ဘို့ ရာ နိုင်ငံခြားကစာအုပ်တွေ ကိုဒေါ်ကြီးကမှာပေးပါသတဲ့၊ စာအုပ်တွေက အတွဲလိုက် အထူကြီး တွေပါ၊ အဲဒီခေတ်ကရှားရှားပါးပါး ပေါ့၊ ကျနော် တို့အလှည့်ရောက်တဲ့ ထိ အဲဒီစာအုပ်တွေ သုံးလို့ ရပါ သေးတယ်။

တချို့စာအုပ်တွေမှာ မှင်ကွက်တွေစွန်းနေတဲ့ အတွက် မေမေကိုမေးတော့ အဲဒါ ဒေါ်လတ် လက်ချက်တဲ့ သူဖေဖေကို မကျေနပ်တာရှိတော့ ဖေဖေကိုမလုပ်ရတဲ့ အတွက် ဖေဖေ စာအုပ်တွေထပ်ပြီးတော့ မှင်ဘူးနဲ့ လောင်း ပြစ်လိုက်တာတဲ့၊ ဒေါ်ကြီးဆိုထိုင်ငို တယ်တဲ့၊ စာအုပ်တွေ နှမြောလွန်းလို့တဲ့။

ဖေဖေက အဲဒီအဒေါ်ကို ကြောက်လည်း ကြောက်တယ် သိတ်လည်းမချစ်ဘူးထင်တယ်၊ နောက်တခါ ရှိသေးတယ် ဖေဖေ ကိုရင်ဝတ်တော့ ညကြီးသန်ခေါင်ကြမှ `အကိုလေးကို ခေါ်ပေး` ဆိုပြီးအော်အော် ငိုနေလို့ ဘဘကြီးတို့က ဖေဖေကို ဘုန်းကြီးကျောင်း ကနေခေါ်ပေးရတယ်တဲ့ ဖေဖေ ကတော့ ပြီးတော့လဲ ဘာမှ မဟုတ်ဘဲနဲ့ သူ့ကို ဒုက္ခပေးတယ်ဆိုပြီး မကြည်ဘူးပေါ့။

အဲဒီအဒေါ်က ဘဝမှာ ဒေါသ၊ မောဟ၊ မာန်မာနတွေ နဲ့ နေသွားပြီး အခုဆုံးသွားပါပြီ၊ ဖေဖေတို့ မောင်နှမ လေးယောက်ထဲမှာ အရင်ဆုံး ဆုံးသွားတာပါ..။

အဲဒီ့ အဒေါ်ကို ကြည့်ပြီးတော့ သင်ခဏ်းစာ ရမိတယ်...၊  လူသားအားလုံး ကိုယ့်အတွက်နဲ့ ဘယ်သူမှ စိတ်မဆင်းရဲ ကြစေချင်ဘူး...၊ လောကမှာ အမှတ်ရစရာ အလှတရားတွေကိုဘဲ ချန်ရစ်ခဲ့ စေချင်တာပါဘဲ..။

.
>>>ဆက္ဖတ္ရန္>>> >>

cartoon

အားလုံးသတိထားကြပါဗျာ အင်တာနက်မှာ သင်ယူစရာတွေမကုန်ပါဘူး သိပ်မချက်ကြပါနဲ့ အကျိုးရှိစေချင်ပါတယ်
>>>ဆက္ဖတ္ရန္>>> >>