ရွှေစင်ဦး မူးသွားခြင်း ဆိုတော့ ရေးဖော်၊ ရေးဖက် အသောက်သမား ဘလော့ဂ်ဂါ ကြီးများ ကတော့ ပျော်သွားကြမှာဘဲ.. သူကလည်း ခေသူမဟုတ်ဘူး မူးသွားခြင်း တဲ့ ဆိုပြီး သိချင်နေကြမှာ.. နေအုန်း မရေးသေးဘူး..။
ကျနော် ငယ်ငယ်က အိမ် အပေါ်ထပ်မှာ ကျနော် တို့ နေတယ် ၊ အောက်ထပ် မှာ စာသင်ခန်း ရှိတယ်ဗျ.. ဖေဖေ သူငယ်ချင်းတွေ စာလာသင် ကြတယ်..၊ အဲဒီ.... စာသင်တဲ့ အထဲမှာ ဆရာဦးမိုးထက်ကျော် (ရူပဗေဒ) လည်းပါတယ်..၊ ဆရာ က အဲဒီတုန်းက နံမည် သိပ်မကြီး သေးဘူး..၊။
ပထမပိုင်း နှစ်တွေမှာ.. ၄-၅ ယောက်လောက်ဘဲ ရှိမယ်ထင်တယ်..၊ ဒါပေမဲ့ ဖြေးဖြေးခြင်း တော့ လူများ လာတယ်...၊ အဲဒီအချိန်မှာ ကျူရှင် စာရေး လိုလာပြီပေါ့.. စာရေးကြီး ခေါ်လာပါတယ်..၊ အဲဒါ DBio က ဆရာကြီး ကိုနေမျိုး (စံ ဘော်ဒါ) ပေါ့ ... ကိုနေမျိုးက ဆေးကျောင်း တက်နေတုန်း ထင်တယ်...။
ဆရာ စာသင်ချိန်က မနက် အစောကြီး ၊ မနက် ၆နာရီလောက် ဆို အတန်း အမြဲရှိတယ်..၊ ဆရာမလာခင် ကိုနေမျိုး က စောရောက်တယ်..၊ ဝိရိယ ကောင်းတဲ့ လူဆိုတော့ မနက်ဆို အစောကြီး ကြိုကြို ရောက်နေ တယ်..။
အဲဒီမှာ..အိမ်စာရေးကြီး ကျနော် နဲ့ ထိပ်တိုက်တွေ့တာပေါ့.. ကျနော် က အိမ်ဝန်းတံခါး ထထဖွင့်ပေးရတာ ကိုး ဆောင်းတွင်းဆို မနက်အစောကြီး ချမ်းကချမ်း နဲ့ ကွေးကောင်း နေတုန်း ရှိသေးတယ်.. ကိုနေမျိုးက ရောက်လာပြီ.. သူကတော့ ဆရာမလာခင် ကြိုတင်ပြီး ဘာညာလုပ်ထားချင် လို့ နေမှာပေါ့.. ကျနော် ကတော့.. ဟင်း အစောကြီးရှိသေးတယ်.. လာပြီပေါ့...ဝိရိယ ကလည်း ကောင်း ကောင်း နိုင်လွန်းပေါ့ ... (အခုတော့ ဝိရိယ ကောင်း လွန်း၊ တော်လွန်းလို့ စံဘော်ဒါကြီး ထောင်နိုင်သွားတာပေါ့ နော်) အဲလို မုဒိတာ တွေပွားပြီး.. ကျနော်က ရွတ်ဖတ် ပြီးမှ အိပ်မှုံစုံဖွား နဲ့ တံခါး ထ..ထ ဖွင့် ပေးရတာတော့ မှတ်မိတယ်ဗျ..။
ကိုနေမျိုး ကလည်း ဒီကောင်မလေး အပျင်းလေး.. အမြင်ကပ်စရာလေး လို့ထင်မှာဘဲ...၊ ဒါက comment ထဲမှာ ကိုနေမျိုး ကျောင်းက ထွက်တဲ့ ချော (အစိမ်းရောင် လွင်ပြင်) အတွက် ကျနော် နဲ့ ကိုနေမျိုး နဲ့ သိခဲ့ တာလေး တခု ကြုံ လို့ရေးပြလိုက်တာပါ..။
မကူးရေ ၁၆ ကျောင်းမှာ တက်ခဲ့တဲ့ ခုနှစ် တော့ မမှတ်မိတော့ဘူး ကျနော်တို့ မောင်နှမ အားလုံး သူငယ်တန်း ကနေ ၁ဝ တန်း ထိ အစဉ်အဆက် နေခဲ့ ကြပါတယ်..၊ မောင်နှမ ကလည်း ၆ယောက်တောင် ရှိတာဆိုတော့ တယောက်မဟုတ် တယောက်နဲ့တော့ မကူး နဲ့ သိမှာပါ..ကျနော် ကတော့ အများကြီး စောမယ်ထင်တယ်..၊ ကျနော် တို့ လက်ထက်က ၉တန်းမှာ Chemistry သင်တာ ဒေါ်မြတ်သူဇာ၊ ဆယ်တန်း မှာ သင်တာက ဦးခင်မောင်တိုး (ဘိုတိုး)၊ အင်္ဂလိပ်စာ သင်တာက (ဘိုရဲ) အောင်မှတ်မရ ရင် အတန်း ရှေ့ ခေါ် ပြီးရိုက်တယ်..၊ တခါတော့ ကျနော် က အင်္ဂလိပ်စာကျတယ်..၊ သူ ရိုက်မဲ့ နေ့ သိနေတော့ ကျောင်းမ သွားဘူး..၊ လွတ်များ လွတ်မလားလို့.. အဟိ.. နောက်နေ့ ကြမှ တကိုယ်တော် အရိုက်ခံ လိုက်ရတယ်.. မှတ်မိနေတာလေး တချို့ပါ..။
ကဲ.. ကျနော် မူးသွားခြင်းကို စရအောင်..၊ ကျနော် ၈ တန်း နှစ် လား ၉တန်း နှစ် မှာလား မသေချာဘူး၊ ကျုရှင်တက်တော့ ဝရဇိန်ကျူရှင် ဗျ.. ၇၃ လမ်းပေါ်က ကျုံးမရောက်ခင်လေး..၊ ဆရာက ဦးစိန်ဝင်း လား မသိ ဘူး (ဖေဖေ သူငယ်ချင်းဘဲ) ဓါတုဗေဒ ဆရာ (တရုပ် ဆရာကြီး) နံမည်ကြီးပါ..၊ လူက လည်း အခန်းပြည့်..၊ ဆရာကလည်း ကျနော့် ကို ချစ်တယ်၊ ဖေဖေ့ သမီး ဆိုတော့ ဂရုလည်း စိုက်တယ်..၊ ကျနော် ကတော့ အတော် ဆိုးတဲ့ အချိန်ပေါ့..။
ကျူရှင်နဲ့ ကျနော် တို့ အိမ်နဲ့ က သိပ်မဝေးဘူး တခါတလေ စက်ဘီးနဲ့ တခါတလေ ခြေလျှင် လျှောက်သွား တယ်..၊ တနေ့ တော့ ဘာစိတ်ကူးပေါက် တယ်မသိဘူး.. ကျူရှင်နားက ကွမ်းယာဆိုင်မှာ ကွမ်းယာ ဝယ်စားမိတယ်..၊ ဆေး နဲ့ လား တဲ့..၊ ကျနော့် မေမေ က ကွမ်းစားတယ်.. တခါတလေပေါ့ ကျနော် ဝယ်ပေးနေကြ.. ဒါပေမဲ့ ရိုးရိုး အချို ဘဲသိတာ..၊ ဆေး နဲ့ လားဆိုတော့.. ခပ်တည်တည် နဲ့ အင်းပေါ့ .. များများလား ဆိုတော့ လောဘ က နေရာတကာ ကြီးတာဆိုတော့ များများပေါ့..၊ ကွမ်းယာ ထုပ်ကလေး အသာဖွက်ပြီးကျူရှင်ခန်း ထဲယူလာတယ်..၊ မကောင်းတာက အဲဒီလို.. ဆရာ စာသင်နေတုန်း အပျင်းပြေ စားဖို့ယူလာတာလေ..။
အဲဒါနဲ့ ဆရာစာသင်နေတုန်း ကွမ်းယာလေး ပါးစပ်ထဲထည့် စားလိုက်ပါတယ်..၊ မထွေးနိုင် မအံနိုင် ဖြစ်ပြီး ပူစပ်ပူလောင်ကြီး.. ဆရာကလည်း စာသင်နေ ဘာလုပ်ရမှန်းလည်း မသိတာနဲ့ ကြိတ်မှိတ်ပြီး မြိုချ လိုက်ပါတယ်..၊ အမယ်လေး ဆေးများများ ရဲ့ အစွမ်း ကလည်း တခါထဲတန်း ပြတော့ တာဘဲ..၊ ခေါင်းကို မထောင်နိုင်တော့ဘူး မူးသွားတာလေ.. ဘယ်လိုမှ ဟန်မဆောင်နိုင်ဘူး.. ခေါင်းငိုက်စိုက်ကျပြီး စာသင် ခုံပေါ် မှောက်အိပ် လိုက်ရတော့တာဘဲ..။
အဲဒီမှာ ဆရာလည်း စာသင်ရပ်ပြီး မေးရတော့တာပေါ့.. ဘာဖြစ်လည်းပေါ့.. ကျနော်လည်း ကွမ်းစားလို့ မူးတယ်လို့ ဘယ်ပြောရဲမှာလည်း.. မူးလို့ပါဆိုပြီး ပြောရတာပေါ့.. အဟီး. ဆရာများ ရိုးရှာတယ်.. တခါထဲ ကျူရှင် ပိတ်လိုက်ပြီး ကျနော့် ကို ဖေးဖေးမမ နဲ့ ဆိုက်ဂျဲရိုး ငှားပြီး သူကရှေ့ကထိုင် ကျနော့် ကို နောက်ခုံမှာ တင်ပြီး အိမ်တိုင်ယာရောက် လိုက်ပို့ရှာတယ်..၊ ရွှေစင်ဦး တို့မကောင်းပုံများတော့ အခုစဉ်းစားကြည့် အခု အားနာစရာ ကောင်းတယ်.. ဆရာရေ ကန်တော့ ပါနော်..။
ဒါက ရွှေစင်ဦး မူးသွားခြင်း (ကွမ်း..ကွမ်း) ပါ..။
(သြ..တခုကျန် နေသေးတယ်.. ရွှေစင်ဦး ကို ချစ်သူများ.. ရွှေစင်ဥ လို့ မခေါ်ကြပါနဲ့ ခင်ဗျား..ကျနော်က ဥ ကို တွေ့လိုက်ရင်.. စားချင် စားချင်သွားတယ်.. ကျနော်က ဘဲဥ ကြိုက်တယ်..)
စာရေးသူ-ရွှေစင်ဦး
.
14 comments:
တူပြန်ပြီ မရွှေစင်ဦးရေ ..
ကျမလဲ မူးဖူးတယ်။ ကွမ်းမူးတာပဲ။ ၉ တန်းလောက်တုန်းကပဲ ထင်တယ်။
နယ်က အဒေါ်တွေဆီ နွေကျောင်းပိတ် သွားလည်တုန်း မုန့်ဟင်းခါးဆိုင်နဲ့ တွဲထားတဲ့ ကွမ်းယာဆိုင်မှာ သွားဝယ်တာ။ ရောင်းတဲ့အဒေါ်ကြီးက မုန့်ဟင်းခါးစားသူတွေ ကျနေလို့ မအားတာနဲ့ ကိုယ့်ဖာသာ ယာယူသွားဆိုတော့ အကြိုက်တွေ့ပြီး တွေ့သမျှ အကုန်ကောက်ထည့်တာ ဗမာဆေးတွေ ပါသွားတယ် ထင်တယ်။ သွက်သွက်လည် မူးတော့တာပဲ။ ခေါင်းကနေ ရေလောင်းချိုးလိုက်သေးတယ် အမူးပြေလို ပြေငြား။ ကွမ်းမူးတာ ဘာနဲ့မှ မတူဘူးနော်။ :)
အကောင်လေးနဲ့မလိုက်အောင် ပွေလီလိုက်တာနော်
ရွှေစင်ဥ လို့ နောက်မခေါ်ကြနဲ့နော်။ ရွှေစင်ဥ လို့ခေါ်ရင် ပြုတ်စားပစ်လိုက်မယ်။ နာမည်ကို သေချာဖတ် ။ ရွှေစင်ဥ မဟုတ်ဘူး။ နောက်တစ်ခါ ရွှေစင်ဥလို့ခေါ်ရင် နာပြီသာမှတ်။ ရွှေစင်ဥလို့ခေါ်ရင်မကြိုက်ဘူးနော်။ မှတ်ထား။ နောက်တစ်ခေါက်ပြန်ပြောမယ်။ ကျူပ်နာမည် ရွှေစင်ဥ မဟုတ်ဘူး။
မရွှေစင်ဦး ခုရောကွမ်းယာစားသေးလားဗျ?
ကွမ်း ကို ဗမာဆေး ကုလားဆေး နဲ့စားပြီး မျိုချပစ်တာ
တာ ကတော့ တော်တော်လေး "အ"တယ်ပြောရမှာပဲနော်။ :)
ဗမာဆေး က မျိုးချမရလောက်အောင် ခါးတာ သတိထားမိဖို့ ကောင်းတယ်။
ပြီးယင် မူးတာကလဲ တခြားမူးတာထက် ဆိုးတယ်။
ချာချာလည် ကို မူးတော့တာ။
ခင်မင်သော
မောင်မောင်
ကန်ဒါဟာမြို့ 
Heee Heee Heee...
I can understand your feeling very well.
The experience of chewing betel with tobacco.
:P :)
Ray
မန္တလေးသူ ကွမ်းစားတယ်ဆိုတော့  အင်း..
သိပ်တော့  မအံ့ သြ မိပါဘူးဗျာ။
ဒါပေမဲ့  စားမဲ့ စားတော့ လဲ အချီကြီးမှ တက်စားရတယ်လို့ ။
မှတ်မိပါသေးတယ်လေ၊ ကွမ်းစား စ သင်ခါစ က
ကျွန်တော်လည်း ဗမာဆေး မူးတာလေ၊ ချွေးတွေ ပြန်လာပြီး
ချီးပါချင်သလို၊ သေးပေါက်ချင်သလို၊ အန်ချင်သလိုပါပဲ။
တစ်လောက လုံးမှာ အဆိုးဆုံး လို့ လဲထင်ပါတယ်၊တစ်ခါ
ထဲ ပြတ်သွားပါတယ် အဲ့ ဒီကတဲက။
အမ..ကျနော်လဲငယ်ငယ်က ကွမ်းစယးဖူးတယ်..၁ကြိမ်ကြီးများတောင်..ကျောင်းမပီးခင် ကွင်းဆင်းတဲ့နေရာမှာ ကွမမ်းဆိုတာဘာလဲဆိုပီးစားကြည့်တာပါ
ကျနော်ကဆေးမထည့်ဘူးပြောတာပါ..သူငယ်ချင်းကောင်လေးက မိန်းကလေးကွမ်းစားစရာလားဆိုပီး အမြင်ကတ်ပီးတော့ ဆစ်ဂနယ်လို့ခေါ်တဲ့ဟာ ထည့်ပေးလိုက်တာ..
အမရာ ကွမ်းမူးတာ ရေချိုးပီးဆေးသောက်လည်းမရဘူး။အိမ်ပြန်အိပ်ပစ်လိုကရတယ်..ဟီးဟီး..အတွေ့အကြုံပေါ့..
ဟုတ်တယ်ဗျို့ ကွမ်းမူးတာ ဘာနဲမှ မတူဘူးဗျ။
ကွမ်းမူးတာကတော့ တကယ်ခံရခက်တယ်ဗျို့..
အနော်က ဆရာ D Bio တပည့် ၂၀၀၇ က ၁၀ တန်းအောင်တာ
ကွမ်းစားဖူးချင်တယ် ။ အချိုပဲဖြစ်ဖြစ် ။ :P
ကျွန်မက ကွမ်းတော့ မမူးဖူးဘူး
ကချင်ပြည်နယ်သူဆိုတော့ ခေါင်ရည်မူးဖူးတယ်
သူလဲ တော်တော်ဆိုးတယ်
၁၀ပေလောက်ရှိတဲ့ချောင်းကို နာရီဝက်လောက်ဖြတ်ကူးလိုက်ရတယ်.. အရေးထဲ ကျောက်တုံးကြီးတွေကချော.. ရေစီးကသန်..
ဒီကတည်းက ခေါင်ရည်ကို လက်လန်သွားတယ်.
မန်းလေးမှာနေခဲ့တဲ့အချိန်တွေအရမ်းကိုပျော်ခဲ့ပါတယ်..ဒါကြောင့် မရွှေစင်ဆီခနခနလာတာ
အလွမ်းပြေလာလာဖတ်တာလေ
အဟိ
I also had this experience,mama Shwezin.When I was as a study-guide for metric students,one student,a repeater, used to chew betel.So I asked him to buy about 4 betel packets which causes the highest drowsiness,for me,to cure my broken heart problem.My students requested me not to take it but I didn't listened to their words.Before 20 minutes to set off my class,I started chewing and swallowing all.After that,as I couldn't stand up,I went out off my house and sat on the ground.Secondly,my head was touching the ground just like I was crawling.So I had to gave home-work to my students only in that style...Hee...hee..But the whole night is the night of up side down in my bed with the feeling of wanting to vomit.
Yours lovingly ,Jasmine.
မရွှေဇင်ရေ...
ကျွန်တော်လည်းမူးဖူးတယ်ဗျ...။
သူငယ်ချင်းတွေနဲ့ ဂစ်တာတီးရင်း...သူတို့စားတာကိုတွေ့တော့ အားကျမခံဝင်စားလိုက်တာ...တစ်ခါတည်း... အဲ့ဒီနေရာမှာ မှောက်သွားရောလေ...ခိခိ....း)
(လမ်းဘေးက ကွပ်ပစ်တစ်ခုမှာသိလား....း))
အဲ့ဒီထဲက မှတ်သွားတာ...ကွမ်းမစားတော့ဘူး..ခုထိပဲ....း)
ခင်မင်တဲ့
ဏီလင်းညို
ကွမ်းမူးတာတအားဆိုးတာဗျ
ဒေါင်ချာကိုစိုင်းရော ဒါတောင် အချိုပဲ စားတာနော် ကွမ်းယာတဲ့သူက ဆေးကိုင်ထား တဲ့လက်နဲ့ ယာပေးလို့နဲ့တူတယ်။
တခါတည်းစိတ်ပျက်ပြီး မစားဖြစ်တော့ဘူး ။
Post a Comment