ကျနော် ၆ တန်းနှစ် အရောက်မှာ ကျနော်တို့ အိမ်နဲ့ ၁အိမ်ကျော်မှာ အိမ်ဝယ်ပြီး မိသားစု တစု ပြောင်းလာကြ တယ်ဗျ..၊ နယ်က ထင်တယ် တော်တော် ရှေးကြပြီးတော့ နေပုံထိုင်ပုံက ရိုးသားကြတယ်..၊ အဲဒီ မိသားစုထဲမှာ ကျနော့် ထက် တတန်း ကြီး ပြီး (၇ တန်း မှာတက်နေတယ်) ကျနော် တို့ ကျောင်းကို ပြောင်းလာတဲ့ ကျောင်းသူ တယောက် ပါလာတယ်..၊ ကျနော်က အဲဒီ ကောင်မလေး ကို နေရင်း ထိုင်ရင်း ကြည့်မရ ဖြစ်နေတယ်..။
သူက နယ်ကဆိုတော့ ဆံပင်က အုပ်လုံးသိမ်း ကနေပြောင်းထားတဲ့ ဆံပင်ပုံ..၊ နောက်ပြီး ဝဝ တုတ်တုတ် နဲ့ သူ့ ပုံစံက ကျနော့် မျက်လုံးထဲ မှာ စချင်စရာဖြစ်နေတယ်..၊ စကားပြောတဲ့ လေသံတွေက လည်း ကျနော့် နားထဲမှာ ရီစရာတွေ ဖြစ်နေတယ်..၊ ကျနော်က သူ့ကို စချင်တယ်..၊ ကျောင်းသွားရင် သူ့နောက်က လိုက်ပြီး မကြားတကြားနဲ့ သူပြောတဲ့ လေသံနဲ့ လိုက်ပြောတယ်..။
နောက် တမျိုးမဟုတ်တမျိုး စ..စ ပြီးတော့ သူ့နောက်ကနေ လိုက်လိုက် ပြောင်တယ်..၊ ကျောင်းကလည်း တကျောင်းထဲ အိမ်ကလည်း တအိမ်ကျော် ဆိုတော့ အဲဒီကောင်မလေး က ကျနော့် လက်က ပြေး မလွတ်ဘူးဗျ..၊ သူ ဘယ်လိုရှောင်ရှောင် မရဘူး ကျောင်းသွား မဟုတ်ရင် ကျောင်းပြန် တွေ့တွေ့ နေတာ ကျနော် ကလည်း တွေ့တိုင်းပြောင်နေတော့ ကျနော့် ကို တော်တော် အမြင်ကပ် နေတယ် ထင်တယ်..၊ ကျနော် ကလည်း တော်တော် စွာတော့ ပြန်လည်း မပြောရဲဘူး အတော်တော့ မုန်းနေ မှာပေါ့...။
ကျနော်တို့ အိမ် နဲ့ ကျောင်း ကြားမှာ ကိုးနဝင်း ဘုရားရှိတယ်..၊ လမ်းလျှောက်ပြန်ရင် ဘုရားထဲက ဖြတ်ပြန်ရတယ်..၊ ဆိုက်ဂျဲရိုး နဲ့ ဆိုရင်တော့ အပြင်လမ်းကပေါ့...၊ ကျနော်တို့ မောင်နှမ တွေအတွက် ဆိုက်ဂျဲရိုး အသွားအပြန် လပေးငှားတာရှိတယ်..၊ ဒါပေမဲ့ ကျနော့် ရဲ့ ပွေပွေလီလီ လုပ်ရပ်တွေက ရှိနေတော့ လမ်းတဝက်မှာ ဆင်းနေခဲ့ တာတို့.. ကိုယ်ဘာသာကိုယ် လမ်းလျှောက်ပြန်တာတို့ ဆိုတာ အမြဲတန်းရှိတယ်..။
မိုးရာသီဆိုရင် ဘုရားထဲမှာ သပြေပင်တွေ အများကြီးရှိတော့ သပြေသီး ခူးစားလို့ရတယ်.. သရက်သီး ပေါ်ချိန် ဆိုရင်လည်း သရက်သီး စားလို့ရတယ်..၊ အသွားမှာလည်း ဘုရားထဲက ဘီလူးမကြီး ခေါင်းပေါ်က လင်ဘန်းထဲက ဘုရားဆွမ်းတော် စွန့်ထားတဲ့ မုံတွေကို ကံကောင်းရင်စားလို့ရတယ်..၊ နောက်ပြီး ဘုရား အပြင်ဘက်မှာ ရေချောင်းကြီး တခုရှိတယ်..၊ အဲဒီအချိန်ကတော့ ရေက ကြည်သန့် နေတယ်..၊ အဲဒီမှာ ရေဆင်းချိုး လို့ရတယ်..၊ ရေမချိုးတောင် ရေထဲဆင်းဆော့လို့တော့ ရတယ်..၊ ကျနော်လို အဆော့မက်.. အစားမက် တဲ့ သူက တော်ရုံဆို ဆိုက်ဂျဲရိုး နဲ့ လိုက်လေ့မရှိဘူး..၊ အဲဒီလို့ ဆော့ချင်လို့ ခြေလျှင် လျှောက်တာ များတယ်..။
ကံဆိုးမိုးမှောင် ကြတဲ့ တနေ့ ရောက်လာတယ်ဗျ..၊ ကျောင်းအပြန်မှာ ကျနော်ဟာ ခုန ပြောတဲ့ ကောင်မလေးကို စပြီး နောက်ကနေ လိုက်လာတယ်..၊ ဘုရား အပေါက်ဝရောက်ရော ဘယ်အချိန်က ကျနော့် ကို အလစ်ချောင်း နေမှန်း မသိတဲ့ အဲဒီကောင်မလေးက သစ်ကိုင်း ခြောက်နဲ့ နောက်ကနေ ရိုက်ထည့်လိုက်တာ ကျနော် က ဘိနပ်ကုန်းချွတ်လိုက်တဲ့ အချိန် ဆိုတော့ ခေါင်းကို ရိုက်မိသွားတယ်..၊ သွေးတွေမှ ဖျာကနဲ ပေါ့ဗျ..၊ အဲဒီလို ဖြစ်နေတဲ့ အချိန်မှာ ကျန်တဲ့ သူငယ်ချင်းတွေက သွေးတွေ သွေးတွေ ဆိုပြီး ဝိုင်းအော် ကြတော့ အဲဒီကောင်မလေးက လွယ်အိတ် နဲ့ ဘိနပ် ပြစ်ချပြီးတော့ ထွက်ပြေးတယ်ဗျ...၊။
အဟဲ..ခေါင်းဆောင်ကြီးတော့ အကြီးအကျယ် ခံလိုက်ရပြီ..၊ ကျနော် က အစောပိုင်းက တော့ နောက်က ပြေးလိုက်ပြီး နဗန်းလုံး မလို့ဗျ..၊ နောက်တော့ ဘယ်လိုစိတ်ပြောင်းသွားလည်း မသိဘူး သူကျန်ခဲ့တဲ့ ဘိနပ်နဲ့ လွယ်အိတ် နဲ့ ကို ရေချောင်း ထဲ ပြစ်ချလိုက်တယ်..၊ လွယ်အိတ် ပြစ်တော့ ဘာတွေ ဘယ်လို စဉ်းစား လိုက်မှန်းမသိဘူး လွယ်အိတ်ထဲက စာအုပ်တွေကို လွှင့်ပြစ်လိုက်ပြီးမှ လွယ်အိပ်ကလေး သက်သက် ပြစ်ချလိုက်တာဗျ..၊ အဲဒီလို လုပ်ပြီးမှ ကိုယ့် ဒဏ်ရာကိုယ် စမ်းကြည့်တယ်.. သွေးတွေက အများကြီးဘဲ..။
ဆေးခန်းကို ဘယ်သူက လိုက် ပို့ လိုက် မှန်းတောင် မသိပါဘူး.. အိမ်ပြန်ရောက်တော့ ပတ်တီးဖြူဖြူ လေးနဲ့ ၂ချက်လား ၃ချက်လား မသိဘူး ချုပ်ရတယ်..၊ အခုထိ အဲဒီဒဏ်ရာလေး က ဆံပင် မပေါက်တော့ နဖူးဆံစ အစွန်းမှာ ဗွေလေး လိုဖြစ်ပြီး လှတပတ လေးပေါ့ဗျာ.. ချစ်ချစ်ကြီး က နဖူးစပ်မှာ ဆံပင် ခွေကောက် ကောက် လေးနဲ့ ဗွေလေးက လှတယ်ပေါ့..၊ ကျနော် လည်း အသာ မသိချင်ယောင်ဆောင်ပြီး မပြောပါဘူး ခင်ဗျား တို့သာ ခင်လွန်းလို့ ပြောပြတာပါ..။
ဆေးခန်းကို ဘယ်သူက လိုက် ပို့ လိုက် မှန်းတောင် မသိပါဘူး.. အိမ်ပြန်ရောက်တော့ ပတ်တီးဖြူဖြူ လေးနဲ့ ၂ချက်လား ၃ချက်လား မသိဘူး ချုပ်ရတယ်..၊ အခုထိ အဲဒီဒဏ်ရာလေး က ဆံပင် မပေါက်တော့ နဖူးဆံစ အစွန်းမှာ ဗွေလေး လိုဖြစ်ပြီး လှတပတ လေးပေါ့ဗျာ.. ချစ်ချစ်ကြီး က နဖူးစပ်မှာ ဆံပင် ခွေကောက် ကောက် လေးနဲ့ ဗွေလေးက လှတယ်ပေါ့..၊ ကျနော် လည်း အသာ မသိချင်ယောင်ဆောင်ပြီး မပြောပါဘူး ခင်ဗျား တို့သာ ခင်လွန်းလို့ ပြောပြတာပါ..။
အဲဒီလို ဖြစ်ပြီး ကျနော်ဟာ ကျောင်းမသွားရဲတော့ဘူး ရှက်တာလား.. ဘာလားတော့ မသိဘူး ကျောင်း ၂ရက် မတက်ဘူး..၊ အဲဒီအချိန်မှာ ကျနော့် တို့ အတန်းထဲမှာ.. အဲဒီသတင်း တွေက ရောက်နေပြီ.. ဒို့ အတန်းထဲက ဒို့ အချစ်ဆုံး သူငယ်ချင်းကြီးတော့ ခံလိုက်ရပြီဆိုပြီး .. အတန်းထဲမှာ တော်တော် ရုတ်ရုတ် သဲသဲ ဖြစ်နေပြီဗျ...။
အဲဒီတုန်းက ကျနော် ပြောခဲ့တဲ့ အတိုင်းဘဲ အတန်း ထဲမှာ ဗိုလ် ဖြစ်တဲ့ အပြင် ပုပု သေးသေးလေး နဲ့ စွာတာတာ လေးဆိုတော့ အကြီးပိုင်းက လူတွေကလည်း အတော်ချစ်တယ်..၊ ကျနော် ခုထိ မှတ်မိနေတာ ယောက်ကျားလေး အသင်းခေါင်းဆောင် အရပ်အရှည်ကြီးနဲ့ ကိုမျိုးညွန့် တဲ့ သူတို့ မောင်နှမ တွေကလည်း ကျောင်း မှာ တော်တော် ပေါ်ပြူလာဖြစ်တယ်.. အိမ်မှာ လည်း တီးဝိုင်းတွေဘာတွေ ထောင်ထား တာဆိုတော့ အတော် လူသိများပြီး ကျောင်းမှာ ထင်ရှားတယ်..၊ သူကလည်း ကျနော် ကို အတော် ချစ်တယ်..၊ နောက်ပြီး မိန်းခလေး ထဲက ဆိုရင် မန္တလေး ဟော်တယ် နောက်နားမှာ နေတဲ့ ကရင် ခရစ်စယန် ဂျူးလီးယက် ဆံပင်ပုံလေးနဲ့ မမဇာနည် လို့ ကျနော် တို့က ခေါ်တယ်.. သူကလည်း ကျနော့် ကို တော်တော်ချစ်တယ်..၊ သူတို့ နဲ့ ကျနော့် ဘော်ဘော် တွေက ကျနော် ကျောင်းတက်မဲ့ ရက်ကို စောင့်နေ ကြတာဗျ...။
၃ရက်မြောက် ကျနော်လည်း ကျောင်းတက်ရော ကျနော့် ကို ဒီလို သွေးထွက်အောင် လုပ်တဲ့ ကျောင်းသူ ကို မကျေနပ်ဘူးပေါ့ဗျာ.. အတန်းရှေ့သွားပြီး ထွက်လာခိုင်းမယ် စိန်ခေါ်မယ်ပေါ့ ... ကျနော် က အရွယ်လည်း ငယ်တယ်.. အတန်းလည်းငယ်တယ်.. (ဘယ်လောက် ဆိုးတယ် ဆိုတာတော့ မသိချင်ယောင် ဆောင်နေ ကြတယ်..) ဒါ မတရားလုပ်တာဆိုပြီး တတန်းလုံးက သွေးတွေ ကြွနေပြီ..၊ ကျနော် တို့ အတန်း ထဲက စပ်စပ်စုစု သူငယ်ချင်းတွေကလည်း အဲဒီကောင်မလေး ကို သွားသွား ချောင်းနေပြီ အဲဒီ ကောင်မလေး ကလည်း ကျောင်းမတက်မချင်း အတန်းထဲကို မဝင်ရဲဘူး ကြောက်နေတယ် ထင်တယ်..။
နောက်တော့ ကျောင်းတက်ခါနီးလေး မှာ တတန်းလုံး ကို ကိုမျိုးညွန့် တို့ မမဇာနည် တို့က ဦးဆောင်ပြီး အဲဒီ ၇တန်း အေ ရှေ့ကို ချီတက် သွားကြတယ်ဗျ.. (အဟီး...88 အရေးအခင်းကြီး အတိုင်းပေါ့) မလိုက်တဲ့ လူ သစ္စာဖောက် ပေါ့..၊ ကျနော် ပြောတာ မဟုတ်ဘူး နော်.. ကျနော် ကို ချစ်ကြတဲ့ ကိုမျိုးညွန့်တို့ မမဇာနည် တို့ကပြောတာ.. ။
တတန်းလုံးက စိတ်ဓာတ်တွေ တက်ကြွပြီး.. သတ်မယ်.. ဖြတ်မယ်.. ပါးပါးလှီးမယ် ပေါ့..၊ ဟိုအတန်း ရှေ့ ရောက်တော့ သူတို့ အတန်းကလည်း မခံဘူးဗျ.. သူတို့ အတန်းသူ ကို ဘယ်လွယ်လွယ် နဲ့ ရှေ့ထုတ် ပေးမလည်း..၊ အဲဒီလို တဘက်နဲ့ တဘက် ရန်စောင် နေတုန်းမှာဘဲ.. ဆရာမ ရောက်လာပြီး အကျိုး အကြောင်း မေးပြီး အဲဒီကောင်မလေးကို အပြစ်ပေး ပါမယ်ဆိုမှ.. ကျနော်တို့ရဲ့ ဆန္ဒပြပွဲ ကြီးဟာ အောင်မြင်စွာ ပြီးဆုံးသွားပါတယ် ခင်ဗျား.. ။
(ကဲ.. ဒီလောက် စည်းရုံးရေးကောင်းပြီး ချစ်ခင်သူတွေ များတဲ့ ရွှေစင်ဦးလေးကို ဘယ်သူတွေ ကများ ၂၀၁၀ မှာ စည်းရုံးရေးမှုး တာဝန်ပေးမလည်း လို့.. ကျနော် ကတော့.. များများရတဲ့ဘက်..လိုက်မှာဘဲ..)
(ကဲ.. ဒီလောက် စည်းရုံးရေးကောင်းပြီး ချစ်ခင်သူတွေ များတဲ့ ရွှေစင်ဦးလေးကို ဘယ်သူတွေ ကများ ၂၀၁၀ မှာ စည်းရုံးရေးမှုး တာဝန်ပေးမလည်း လို့.. ကျနော် ကတော့.. များများရတဲ့ဘက်..လိုက်မှာဘဲ..)
ဒါကတော့ ကျနော် မှတ်မိသလောက်.. ငယ်ငယ်က ဆိုးခဲ့တေခဲ့ တာလေးတခုပါ..။
စာရေးသူ-ရွှေစင်ဦး
.
7 comments:
ကျနော် ကတော့.. များများရတဲ့ဘက်..လိုက်မှာပဲ
ဒါပေါ့..နိုင်တဲ့သူ က ... အင်းနိုင်တဲ့သူပေါ့..ဟဲဟဲ..
သေချာတာကတော့ ဘယ်သူတက်တက် ဒုံရင်းကဒုံရင်းပဲ.
ရွှေစင်ဥ က မန္တလေး (၁၆) အ.ထ.က ထွက်လား.. ကူးလဲအဲဒီကျောင်းကဘဲ.. ဘယ်နှစ်က ဘယ်နှစ်တန်းလဲဟင်.. ၀မ်းသာလိုက်တာ ပြန်တွေ့တာ..
တကယ်များ နပန်းလုံးပြီလားလို့
ခပ်မြန်မြန်ဖတ်ကြည့်တော့လည်း မတွေ့ ပြန်ရှာကြည့်တော့လည်း မရှိနဲ့ ။
ဒါနဲ့ ဆရာမသာ ရောက်မလာဘဲ ကောင်မလေး ထွက်လာရင် တကယ် ချမယ်ပေါ့း)
ငယ်ငယ်ထဲကသာတွေ့ဖြစ်ရင် တကယ်ချဖြစ်အောင် မြှောက်ပေးတယ် :)
အလကားနောက်တာနော်
တကယ်ပြောတာ
ရယ်ရယ်မောမော ဖတ်ရှုသွားပါတယ်. ဒီနေ့တော့ ကံကောင်းနေတယ် comment ပေးလို့ရသွားတယ်
ခါတိုင်းဆို မရဘူး
ကျွန်မကတော့ မန္တလေး ထ(၂၂) မိန်းခလေးကျောင်းမှာ တက်ခဲ့ဖူးတာ.. ၁၄ နဲ့ ၁၆ကတော့ နံမည်ကြီးတွေမို့ကောင်းကောင်းသိပါတယ်..
၁၀တန်းကျတော့ D Bio Dr နေမျိုးရဲ့ စံဘော်ဒါကနေ အောင်လာခဲ့တယ်..
မန္တလေး တက္ကသိုလ်ကကျောင်းပြီးပါတယ်..
မရွှေစင်ရဲ့ ငယ်ဘ၀လေးဖတ်ပြီး မန္တလေးကို ပြန်လွှမ်းသွားပါတယ်ရှင်..
မရွှေစင်ရဲ့ငယ်ဘ၀လေးကိုရယ်မောခြင်းအပြည့်နဲ့
လာဖတ်သွားပါတယ်။နောက်အခန်းဆက်တွေလည်း
မျှော်နေပါတယ်။
ရွှေစင်
် ဝက်စလီကျောင်းမှာ ကျောင်းအုပ်ဆရာကြီးဦးကျော်ညွန့်ခေတ်ကလား
Post a Comment