Thursday, September 10, 2015

မွေးနေ့ အလွန် ( ချစ်ချစ်ကြီး နှင့် လစ်ဗင်းတူဂဲသား )

မြန်မာပြည်နေယောက်ကျားများ နဲ့ အခုအချိန်မှာ အသင့်တော်ဆုံး ကွာရှင်းပြတ်ဆဲခြင်း မွေးနေ့ လက်ဆောင်လေး ချစ်ချစ်ကြီး ကို ပေးအပြီးမှာတော့ ချစ်ချစ်ကြီး ဟာ အတော်ပျော်ပြီး လွတ်လပ်ပြီ ဆိုပြီး ပိတိဖြာနေပါတယ်။

မွေးနေ့ ညမှာတော့ ရွှေစင်ဦး ဟာ အခန်းတံခါး လောခ် ချထားပြီး တယောက်ထဲ အိပ် နေပါတယ်။ ခနနေတော့ ချစ်ချစ်ကြီး ဟာ အခန်းတံခါး လာခေါက်ပါတယ်။ တော်တော်နဲ့ ဖွင့်မပေးတော့ စိတ်တွေဆိုး လို့ပေါ့ ။

အခန်းထဲ ဝင်ဖို့ပြင်တော့ ရွှေစင်ဦး က " တော် ဒီအခန်း နဲ့ မသက်ဆိုင်တော့ ဘူးလေ၊ ဟိုဘက်ခန်း သာ ကြွပေတော့  "ဒါ က ဘာသဘောလည်း " "ကွာရှင်းပြတ်ဆဲ ပြီးပြီလေ " အဲဒါ ဖဘ ထဲမှာ ရေး တာလေ၊ တကယ် ဟုတ်လို့လား " " ဖဘ ထဲမှာ ရေးတာဟာ၊ တကယ် မလို့ ရေးတာပေါ့၊ ကျုပ်တို့ထက် အဆင့်မြင့် တဲ့ လွှတ်တော်အမတ် နဲ့ ကာတွန်းဆရာကြီးတောင် ဖဘ ထဲမှာ စိမ်ခေါ်ပြီး တရားဝင် ထိုး၊ အဲလေ တရားဝင် ဟိုဖက်၊ ဒီဖက် နဲ့ နှစ်ဖက်မိဘ အဲလေ အမေ တွေ ကန်တော့ ကြတာ တော် မတွေ့ဘူးလား "  " ဒါဆိုလည်း ပြီးတာဘဲ၊ အခုတော့ ဒီအခန်းထဲ အိပ်မယ်ကွာ " လို့ ပြောလာပါတယ်။

ဆက်လက်ပြီး အပြန် အလှန် ပြောစကား များကို နားသောတ ဆင်ကြရအောင်ပါ။

ရွှေ - ဒီအခန်းထဲ အိပ်တာတော့ ဟုတ်ပါပြီ၊ ဥပဒေနဲ့ မလွတ်ကင်းဘူးနော်။

ချစ် - ဘာဖြစ်လို့လည်း။

ရွှေ - သမ္မတကြီး ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ လွတ်လာတဲ့ လူဆိုး၊ သူခိုး များဟာ ခိုးဆိုး၊ လုယက်၊ ဒါးမြတိုက် တာတို့ ရဲသတ် ပြီး ထွက်ပြေးတာတို့ မုဒိမ်းမှု့ကျူးလွန်တာတို့ ကို မလုပ်တော့ ဘဲ ဥပဒေ နဲ့ ကိုက်ညီတဲ့ နည်း တွေ နဲ့ဘဲ ငွေ ရှာတော့ မယ်လို့ သတင်းရထားတယ်။

ချစ် - အဲဒါ ငါတို့ နဲ့ ဘာဆိုင် လို့လည်းဟ။

ရွှေ - ဆိုင်တာပေါ့၊ ဟော်တယ် တို့ တည်းခိုခန်း တို့ မှာ  တော်တို့လို့ သက်ကြား အိုတွေ မိန်းမ ရှိ ရဲ့ သားနဲ့ ဖောက်ပြန်ချင်တဲ့ သူတွေ အပျော်ကျူးး မဲ့သူတွေ  နောက် ကို လိုက်ပြီး ဗွီဒီယို ရိုက်မယ်၊ ရဲစခန်း တို့ မဘသ စခန်း တို့ ကို တိုင်ပြီး ဆုငွေယူ မယ်လေ။

ချစ် -  အိမ်ထောင်ရှိတဲ့ သူတွေ ကတော့ ထားပါတော့လေ၊ လူလွတ်၊ လူလွတ်ခြင်း အတူနေကြ တာ၊ ခွေး တွေ လို လမ်းမပေါ် တက် ဟိုဟာလုပ် လို့ ရမလား၊ တည်းခိုခန်း သွားလုပ်တာ နှစ်ဦး သဘောတူ ဘဲ ဘာလုပ်လို့ ရမှာလည်းကွ။

ရွှေ - အင်း အဲဒါပြောတာပေါ့၊ လူ က ဥပဒေ ကို ဘာသိဘာသာ နေပေမဲ့၊ ဥပဒေ ကတော့ ဘာသိဘာသာ မနေဘူးတဲ့၊သူ့ ကို ဖောက်ဖျက်ရင် ဖောက်ဖျက် တဲ့ အတိုင်း ခံရမှာဘဲ ဆိုတာ  ဆရာမောင်သော်က  လား မသိရေးဘူးတယ်လေ၊ အပေါက်စောင့် တဲ့ ဥပဒေ မှာ လစ်ဗင်းတူဂဲသား၊ လက်မထပ် ဘဲ အတူနေ ရင် ထောင်ဒဏ်ခွန်နှစ်နှစ် တဲ့၊ ထောင်ဒဏ်ခွန်နှစ်နှစ် ဆိုတဲ့ အမှု့ ဟာ အာမခံ လည်းပေး မရဘူး၊ တော်တို့ အဖမ်းခံ ရရင် ထောင်နန်းသာ တန်းစံ ပေတော့။

ချစ် - ငါ့ ...... ဥပဒေ၊ သေကြပါစေဗျာ
         ဟုတ်ရော ဟုတ်လို့လားဟ၊

ရွှေ - ဟုတ်လွန်း လို့ မှ ဟုတ်၊ ဟုတ်၊ ဟုတ် နဲ့ တောင် နေသေးတယ်၊

ချစ် - ဒီတညတော့ ကိုယ့် အိမ်ကိုယ် ဘဲ မလာလောက် ပါဘူးကွာ၊

ရွှေ - အို - ကိုယ့် အိမ် ကိုယ် လည်း ကျုပ်တို့ က ကွာရှင်းပြတ်ဆဲ ထားတာ ဖဘ ပရိတ်သတ်များ အသိ ဆိုတော့ မတော် လာရှာလို့  တခန်းထဲ တွေ့ နေရင် ကျုပ်ပါ အချောင် ထောင်ခွန်နှစ်နှစ် ကျမယ်။ တော် အခန်း မပြောင်း ရင် ကျုပ်ပြောင်းအိပ်မယ်။

ချစ် - ငါ့ ...... ဥပဒေ၊ သေကြပါစေဗျာ

ရွှေ - ဆဲမနေနဲ့၊ လာဖမ်းရင် သက်သေခံ စာကြီး နဲ့ ကျုပ်တို့တော့ ဆဲ လည်း မဆဲဘူး၊ ကွာရှင်းပြီး မှ တခန်း ထဲ မှာလည်း အတူမအိပ်ဘူး၊ ကျုပ် ဖုန်းပေး၊ သွားပြီ၊ ဂွတ်နိုက်

ချစ် - ဟေ့ ဟေ့ ဒါနဲ့ မနက်ဖြန် ပို့စ်လေး ပြန်တင်ပေးအုန်း နော်၊ ကွာရှင်းတာ တကယ် မဟုတ်ဘူးလို့။

ကဲ - ရွှေစင်ဦး တို့ရဲ့ ဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်း များတို့ရေ ကြား၊ ကြားသမျှ အမျှ အမျှ အဲလေ တကယ် ကွာရှင်းပြတ်ဆဲတာ မဟုတ်ပါကြောင်း နှင့် ရွှေစင်ဦး ရဲ့ မွေးနေ့ လက်ဆောင် ကို တန်ဖိုး မထားသော ချစ်ချစ်ကြီး အား အလွန်အမင်း စိတ်ဆိုး ပါ၍ နှစ်ရက် နောက်ကျပြီး မှ ပြန်ပေါင်းထုတ်ကြောင်း ပိုစ့် လေး အား တင်ပေးပြီး အသိပေးလိုက်ရပါတယ်။ အားလုံး အားလုံး ကျေးဇူးပါ။

လေးစားစွာဖြင့်
ရွှေစင်ဦး
.

No comments: