တခါ တလေ ကျတော့ လည်း ကျောင်းနေတုန်းက ဗေဒင် ဆရာ၊ လက္ခဏာ ဆရာ ဖြစ်ခဲ့ ရတဲ့ ဘဝ ကို ပြန်သတိ ရမိတယ်၊ အထက်တန်း ကျောင်းသားဘဝ က ကလေးမမယ်၊ အရွယ် လည်းမရောက် ခင်ကပေါ့။ စာတွေလျှောက် ဖတ် တော့ ကိုင်ရို ရဲ့ လက္ခဏာ ကြည့်နည်း စာအုပ်တွေ လည်း ဘယ်ပြေးလွတ် မလည်း။
သိပ်ဖတ်လို့ ကောင်းတာပေါ့လေ၊ လေကောင်းကောင်းနဲ့ ကိုင်ရို ကိုယ်တွေ့တွေပြော၊ ဘယ်လို မှန်တာ၊ ဘယ်လို တော်တာ ဆိုတာတွေ အာဘောင်းအာရင်း သန်သန် နဲ့ ပြော၊ ကောင်မလေးတွေရဲ့ ထိုးပေးထားတဲ့ လက်ကလေးတွေကို မှန်ဘီလူး အစား မျက်မှန် ထူထူကြီး ကို ချွတ်လိုက်။ တတ်လိုက် လုပ်ရင်း လက်ခလေး ဟိုပွတ် ဒီပွတ် လုပ်ရင်း လက္ခဏာ ကြည့်ပေးခဲ့တာတွေကို သတိရမိတယ်။
အဲဒီအချိန်မှာ ကျောင်းသူ ကျောင်းသားအများစုက ကျောင်းစာ ပြီးရင် ကာတွန်းစာအုပ် တောင်မှ အနိုင်နိုင် ဖတ်ကြတာကိုး၊ ကျနော် ကတော့ သိတဲ့ အတိုင်းဘဲ ကျောင်းစာ ကလွဲရင် ဘယ်စာအုပ်လာလာလေ၊ ဖတ်ပြ လိုက်မယ်၊ စာအုပ် မပြီးမခြင်း၊ မစားဘူး၊ မအိပ်ဘူး .. အဲဘာဆိုဘာမှ မလုပ်ဘူး ဆိုတဲ့ ဇွဲသတ္တိ အပြည့်နဲ့ လေ၊ အဲဒီလို အားမာန် အပြည့်နဲ့ ကျိုးစားထားတာ ဆိုတော့ ဒီလို လူစွမ်းလူစ ပြလို့ရတဲ့ အချိန်ဆိုရင် ကျနော့် ရဲ့ ရှိသမျှ ပညာအကုန် သုံးပြီး လေကောင်းကောင်း နဲ့ မရပ်မနား အားသွန်ခွန်စိုက် လျှောက်ပြော တော့ တာဘဲ။
တကယ်ဆိုရင် ဒိလို ပညာရပ် ကြီး တခုကို ဘယ်လိုလုပ် ပြီး စာအုပ်ဖတ်ရုံနဲ့ ဘယ်သူက တတ် မှာလည်း၊ ဒါပေမဲ့ သိတယ်မဟုတ်လား မသိတဲ့ လူတွေကြား ထဲမှာ နဲနဲလေး တတ်တဲ့ လူက ဆရာ လုပ်မြဲဆိုတော့ ဘာမှ မသိတဲ့ ကျနော့် သူငယ်ချင်းတွေကြားထဲမှာ တော့ လုပ်စားလို့တော်တော် ကောင်းတာပေါ့။ နောက်ပြီး ဒီသူငယ်ချင်းတွေ ဆိုတာ ၁၆ ကျောင်းမှာ သူငယ်တန်းကနေ စပြီး နှစ်ပေါင်းများစွာ ပေါင်းလာခဲ့ ကြတာဆိုတော့ အတွင်းသိ၊ အဆင်းသိ တွေပေါ့ ဗျာ။
ကျနော် လည်း အခုပြောမှ သမားတော် ချန်ဂင် ကိုးရီးကား ထဲက မယ်မယ် ၂ယောက်ရဲ့ ထမင်းချက် ပြိုင်ပွဲ ကိုပြန်သတိရတယ်၊ အနိုင်ရသွားတဲ့ မယ်မယ် က ထမင်းတအိုးထဲမှာတင် တဘက် ကို အပျော့၊ တဘက်ကို အမာ ချက်ထားပြီး သူ့ သူငယ်ချင်းတွေကို ကျွေး တဲ့အခါ သူက ငယ်ကထဲက ပေါင်းလာတဲ့ သူငယ်ချင်းတွေ ဆိုတော့ ဘယ်သူ အမာကြိုက်တယ်၊ ဘယ်သူ အပျော့ ကြိုက်တယ် ဆိုတာသိတော့ သူက သူငယ်ချင်းတွေ အကြိုက်ကို ထည့်ကျွေးတာပေါ့၊ အဲဒီမှာ အနိုင်ရသွားတယ်လေ။ ကျနော်က အဲဒီကားကို ကြိုက်လို့ အခု စမြုံ ပြန်ကြည့်တာပါ။ ကြည့်ပြီးသားလူများလည်း sorry ပါဘဲဗျာ။
အခုလည်း အဲဒီလိုပေါ့၊ သူတို့ စိတ်ထဲမှာ ဘာရှိနေလည်း၊ သူတို့ ဘာဖြစ်ချင်လည်း ဆိုတာက စပြီး ကျနော်သိနေတယ် ဆိုတာ ဗေဒင် ပညာကြောင့် မဟုတ်ဘူး၊ သူ့တို့ အကြောင်းသိနေတာကိုးဗျ။ ဒါကို သူတို့ကလည်း သတိမထားမိပါဘူး၊ ကျနော်ကလည်း အဲဒီ သိထားတာလေး အခြေခံပြီး လျှောက်ပြော လိုက်တော့၊ မှန်လိုက်တာ၊ မှန်လိုက်တာ ဆိုပြီး နံမည်တွေကြီးလို့ပေါ့။
အခုခေတ် လို့ ဆရာမင်းသိက္ခရဲ့ ဗေဒင်၊ လက္ခဏ စာအုပ်တွေ မပေါ် သေးလို့ ပေါ့ဗျာ၊ ပေါ်များပေါ်ရင် ကျနော် အခုလောက်ဆိုရင် တိုက်တွေစီး၊ ကားတွေ ဆောက် ပြီး အဲ ယောင်လို့ ဘောစိ ဘောစိ တော့ ဖြစ်လောက်ပြီ၊
အဲဒီလို ဗေဒင် ဆရာ လုပ်ခဲ့တာ ဆိုတော့ စားဘို့ သောက်ဘို့ မပူပင်ရတော့ ဘူးပေါ့ဗျာ၊ အဲဒီ အချိန်က မြီးရှည် တပွဲ ငါးမူး (ပြား၅၀) အဲဒီ တပွဲက အခုခေတ် ၅၀၀ တန်ပွဲ အတိုင်းဘဲ၊ မြီးရှည်သည် ကြီးဆို လက်မလည် အောင်ရောင်းရတယ်၊ ဒါပေမဲ့ ကျနော် တို့ က ဗိုလ် တွေဆိုတော့ ကျနော် တို့အတွက်က အဲဒီ ပွဲ တွေထက်ကိုများတယ်။
ပုံမှန် ပွဲထက် မုံဖတ် ကိုယ်သဘောနဲ့ ကိုယ် ကြိုက်သလောက် ဆွဲထည်တယ်၊ ကျန်တာတွေက တော့ ပြောမနေနဲ့ ပေါ့လို့ ပဲငါးပိ၊ အချိုပေါ့လို့ ဟင်းချိုမှုံ ထည့်၊ ငရုပ်သီးဆီ ထပ်ထည့်၊ ပုံမှန် ပွဲထက် တဆခွဲ လောက်ပိုတာပေါ့ဗျာ။ မြီးရှည် သည်ကြီး ကတော့ ကျနော်တို့ အဖွဲ ဆို လက်မြှောက်၊ ခြေမြှောက် အားလုံးမြှောက်။ နောက် တခါ မုံဟင်းငါး ဆိုရင်လည်း အဲဒီလိုဘဲ အကြော် နဲ့မှ ငါးမူး ဘဲ။ အဲဒါတွေက ဂွင်ကြီး တည့် မှ အထူးလိုက်ကျွေး တာတွေပေါ့၊
ကျန်တဲ့ နေကြာစေ့တို့။ အာလူးကြော် တို့ အချဉ် ထုပ် တို့ကတော့ မစားခြင် အဆုံး ကျနော် တို့အဖွဲ့ တဖွဲ့လုံးစားမကုန်ဘူး၊ နေ့တိုင်းနော်၊ ထမင်းစားချိန်၊ မုံးစားချိန် ဆိုလက်မလည် ဘူး၊ မျက်နှာပွင့် လိုက်ပုံက၊ ကျနော် တို့ တတန်း ထဲတင် ဘယ် က မလည်း၊ တခြား အတန်း က မိန်းခလေးတွေလည်း လာမေးကြတာပေါ့။ ယောက်ကျားလေးတွေ ကတော့ မေးတဲ့ သူတွေကို လိုက်လောင်နေကြတာပေါ့။ တချို့ခင်တဲ့ သူတွေ ကလည်း အတင်း လက်ထိုးပေးတာပေါ့ အဲဒီတော့ လည်း သူတို့ စိတ်ကျေနပ်အောင် တခွန်းနှစ်ခွန်း ပြောလိုက်တာပေါ့။
ဒီလိုနဲ့ တနေ့တော့ ကျနော့် စားပေါက်ကြီးပိတ်မယ့် နေ့ရောက်လာပါတယ်။ အဲဒီနေ့ က ကျနော့် နားမှာ မိန်းခလေးတွေ မဝိုင်းဘဲ ယောက်ကျားလေးတွေ ဝိုင်းနေပါတယ်။ ကျနော့် သူငယ်ချင်းတွေကတော့ ဘယ်သူ့ မှ အလွတ် မပေးပါဘူး၊ ဘယ်သူလာလာ သူတို့ကို အခွန် ပေးမှ ကျနော် ဆီမှာ လက်ဖြန်ခွင့် ရှိပါတယ်။
တန်ရာတန်ကြေး ရရဲ့လား ဆိုတာကိုလည်း တွက်ချက်ပြီးမှ လက်ခံတယ်။ နည်း နေရင် လည်း မရဘူး ဆရာရေ။ ဟေ့ ငါးမူးဘိုးဘဲ ဟောဟေ့၊ တမတ် ဘိုးဘဲ ဟောဟေ့ ဆိုပြီး ဘေးကနေ ညွှန့်ကြားချက် တွေ ပေးနေပါတယ်။ ဘယ့်သူ့မျက်နှာ မှ မထောက်ထားဘဲ တိကျ၊ မှန်ကန်၊ မြန်ဆန်စွာနဲ့ လာဘ်ပေး၊ ရန်မလို (အဲ..ဘာတွေမှန်း လည်း မသိဘူး၊ လျှောက်ပြောနေပြန်ပြီ)
ကျနော် လည်း တယောက်ပြီး တယောက် ထုံးစံအတိုင်း အပျော်များများ တဟားဟား နဲ့ လျှောက်ပြော နေတာပေါ့၊ ဒီလိုနဲ့ ကျနော် ရဲ့ အလားအလာကောင်းလှတဲ့ ဘဝကို ဖျက်စီးမဲ့ (အလဲ့ ..) လဒကြီး အလှည့် ရောက်လာပါတယ်။ ထုံးစံ အတိုင်းပေါ့ အခုတွဲနေတဲ့ ကောင်မလေး က မင်းရဲ့ အိမ်ထောင်ဘက် ဖြစ်နိုင်တယ်။ အပျော်တွဲ ရာကနေ တဖြေးဖြေး သံယောဇဉ်တွယ် ပြီး တသက်လုံး ပေါင်းရမယ်ပေါ့။ လျှောက်ပြောတာပေါ့ဗျာ။ အဲ မကြာပါဘူး ကိုယ်တော်ချောက တဟင်းဟင်း နဲ့ ငိုပါလေရော၊ အဲဒီကြမှ ကျနော်လည်း ပြူးပြဲ ကြည့်ရတော့တာပေါ့။ ဟဲ...ဟဲ မိန်းမ မရချင် ဘဲ ယောက်ကျားရချင်နေတဲ့ အခြောက်ကြီး မှ သွားရွှီးမိ ပါလေရောဗျာ။
ကျနော့် ကိုလည်း ရန်ထောင်လိုက်တာ၊ သူ အခုတွဲ နေတဲ့ မိန်းခလေး သူငယ်ချင်းနဲ့ စွပ်ဆွဲတယ်ပေါ့၊ ကျနော်လည်း ဘုရားစူး လက်ဖြန့်လို့ သာ ကြည့်လိုက်ရတာ သူမှန်း လုံးလုံး ကို သတိမထားလိုက်မိဘူး၊ အဲဒါနဲ့ မောင်မင်းကြီးသားက ငိုချင်း ရှည်၊ အရစ်ရှည်၊ ကျနော့် သူငယ်ချင်းတွေက စွာစွာနဲ့ ဆရာ၊ ဆရာမ တွေ ထိရောက် သွားပါလေရော။ အမှု တွဲက ကြီးသွားတာပေါ့။
အဲဒီတော့ အမှု့ စီရင်ချက်အရ ကျနော့် ရဲ့ အတန်းထဲမှာ လက္ခဏာ ကြည့်ခြင်းကို ဗီတို အာဏာ သုံးပြီး ထာဝရ ပိတ်ပင်ခြင်းခံလိုက်ရပါတယ် ခင်ဗျား။ အဲ... အဲ နောက်ဆက်တွဲ အဖြစ် သိပ်ဟောချင် နေရင်ဖြင့် ဘုရားကြီးစောင်းတန်း မှာ စားပွဲ လေးချပြီး သွားဟောချီ ဆိုပြီး အယူခံခွင်မရှိ ၊ ရှေ့နေ ငှားခွင့် မရှိ၊ တဘက်သတ် စီရင်ချက် အချခံလိုက်ရ ပါတယ် ခင်ဗျား။
တောက်မဲ့ မီးခဲ တရဲရဲ နဲ့ ဝါသနာ ဗီဇ အရင်းအမြစ် လေး ကို မညှာမတာ ရေခဲရေ လောင်းပြီး ငြိမ်း ပြစ် လိုက်တဲ့ အတွက် ကျနော် ဟာ အခုလို ဆင်းရဲ ပင်ပန်းစွာနဲ့ လုပ်ကိုင် စားသောက်နေရ ကြောင်းပါ၊ တကယ် ဆိုရင် ကျနော်ဟာ နံမည်ကြီး ဗေဒင်၊ လက္ခဏာ ဆရာတယောက် အဖြစ် ချမ်းချမ်းသာသာ နေရမှာအမှန်ပါ၊ ကံကောင်းရင် ဖြင့် ထင်ပေါ်လို့ စင်တော် အကောက်ခံရပြီး၊ ထောင်နန်းစံ အဲလေ ကြီးပွားချမ်းသာမှာ အမှန်ပါ ခင်ဗျား၊ အခုတော့ ....အခုတော့...လဒကြီး အပြစ်၊ သူငယ်ချင်းတွေအပြစ် ..ဆရာမ အပြစ်။ အဲ ကျနော်မှာတော့ လုံးဝ အပြစ်မရှိ..။
5 comments:
ဆက်ရေးဗျာ ။ လဒကြီး ဘယ်သူနဲ့ညားသွား သတုန်း သိချင်လို့ပါ ။
ခင်လျက် ၊
မင်းဒင်
ဟုတ် ရေးချင်ပါတယ် ဘယ်သူနဲ့မှ မရတော့ ခက်နေပါတယ် မိန်းမလည်းမရ ယောက်ကျားလည်းမရ
ကျေးဇူးပါဘဲဗျာ
ဟားဟား လဒကြီးထက် ဗေဒင်ဆရာမဖြစ်လိုက်ရတဲ့
ကျွန်နော့် ကိုသနားတယ်ဗျာ
း)
း) တက်လမ်းအပိတ်ခံရတာပေါ့နော်
း)
တော်ပါသေးရဲ့ ပညာရှိ ပရောဟိတ်ကြီးဖြစ်ပြီး
ဓါးအမိုးခံ ထောင်နန်းမစံရတာ
အဆိုးထဲက အကောင်းပဲဗျို့
ကျေးဇူးတင်တတ်မယ်ဆိုရင် လဒကြီးကို ကျေးဇူးတင်လိုက်ဗျို့
ဟားဟား....အဲဒီ လက္ခဏာ ဟောနည်းတွေ အခုရော မှတ်မိသေးလား....အဲလိုမှန်းသိရင် တွေ့တုန်းက လက္ခဏာဟောခိုင်းပါတယ်။း)))
ချစ်ညီမလေး
Post a Comment