ဒီနေ့ စာရေးမလို့ ကျနော့် ကွန်ပျူတာ နားထိုင်မယ်လုပ်ပါတယ် ဖခမည်းတော်က အနားက ကွန်ပျူတာ မှာ လာသုံးနေတော့ ကျနော်လည်း ဘေးနားထားပြီး အတင်းတုပ် ရမှာ အားနာ လို့ ဟဲ..ဟဲ စာရေးရတာ နောက်ကျသွားပါတယ်။ နောက်ပြီးဗျာ ကျနော့် ဘလော့ လည်းဖွင့် ဖတ်နေသေးတော့ မျက်ခုံးတော်တော် လှုပ်နေတယ် ဟား..ဟား။ ခင်ဗျား တို့ အားပေးချင်ရင် ကျနော့် c box ထဲက hlamyint ဆိုတာ ကျနော့် ရဲ့ ချစ်သော ဖခင်ကြီးပါဘဲဗျာ။ ဘလော့ က http://nyeinchansarpay.blogspot.com , site ကတော့ http://sites.google.com/site/mandalayuniversityfamily2009/ ဒါပေမဲ့ ဖတ်လို့ နားမလည်ရင် တော့ ကျနော့် အပြစ် မဟုတ်ဘူးနော်....။
ကျနော့် ရဲ့ အလွန်အင်မတန် ကြာရှည်လှသော ချစ်ခရီးကို ဖတ်ရတဲ့ အခါ ညီမလုပ်သူက တော်တော် ပျင်းစရာ ကောင်းတယ် တဲ့၊ နိုင်ငံရေး လား အချစ်ရေး လားတဲ့၊ ပြောရရင် ကျနော်လည်း အချစ်ရေး ကို ရေးတာပါဘဲ၊ ဒါပေမဲ့ နောက်ဆုံး ဒီဘူတာ ဘဲဆိုက် ဆိုက် သွားတော့ ဟဲ..ဟဲ ခွင့် လွှတ်ပါဗျာ။
ဒါကြောင့် ကျနော် အချစ်ကဗျာလေး တင်ထားတယ်ဗျာ၊ အချစ်မိုး တဲ့ ဟား..ဟား၊ နောက်ပြီး ကျနော်က ချစ်ချစ်ကြီးကို မောင် လို့ ခေါ်တယ်နော်၊ သဘောပေါက်...၊ နောက်ပြီး အဲဒါ ကျနော့် ဘဝ ရဲ့ ပထမဆုံး ကဗျာလေးပါဘဲ..။ ကျနော် က ကဗျာတွေ ကိုခံစားတတ်ပါတယ်၊ ရေးဘို့တော့ တခါမှ မစဉ်းစား ဘူး။ ကဗျာ ဆိုတာ သိပ်ပြိး နူးညံ သိမ့်မွေ့တယ် မဟုတ်လား၊ ကျနော် က ကြမ်းတမ်းတယ်လေ။
စလိုက်ကြရအောင်ဗျာ၊ ကျနော် တို့ ၂ယောက် ကြိုက်ခါစမှာပေါ့ ညဘက် လမ်းလျှောက် ထွက်တော့ ဟိုနားထိုင်၊ ဒီနားထိုင် ဆိုတော့ ကိုယ်တော်ချောက ဆေးလိပ်ဘူး လေးထုတ် ထုတ်ပြီး ဆေးလိပ် သောက်တယ်ဗျာ၊ ရီးစားရှေ့ စတိုင် ထုတ်ချင် လို့နေမှာပေါ့၊ ကျနော့် ကိုလည်း ခွင့်တောင်းသေးတယ်၊ ဆေးလိပ် သောက်လို့ရလားတဲ့၊ ကျနော် က ရတယ်..ရတယ် သောက်ပါပေါ့။
တကယ်တော့ ကျနော်ကလည်း ကူပြီး သောက်ချင်နေတာ၊ မကောင်းတတ်လို့ အသာလေး ငြိမ်နေရတာ (ဟား..ဟား) ကျနော် က အဲဒီ အချိန်မှာ ပျင်းတဲ့အခါ၊ စိတ်ညစ် တဲ့အခါ စီးကရက် သောက်ရင်း အကျင့်က တော်တော် ပါနေပြီ၊ နောက်ပြီး ကျနော့် အဖွား (မေမေ ရဲ့ အမေ) နားကပ်ပြီးလည်း ဆေးလိပ် မီးညှိညှိ ပေးရင်း အဖွားနဲ့ အတူတူ ရောသောက်နေကြလေ။
ကျနော့် အဖွားက ပခုက္ကူ သူလေ၊ ရုပ်က သိပ်ချောတာ၊ မေမေ တောင် အဖွားကို မမှီပါဘူး၊ သနပ်ခါးတွေ ဖွေးနေအောင်လိမ်း (နံသာဖြူ၊ ကရမက် တွေနဲ့ ရောလို့) မွှေးကြိုင်နေတာဘဲ၊ သူ့ ဆံပင်နဲနဲလေးကို အုန်းဆီ တွေရွှဲ နေအောင်လိမ်းပြီး ဆံပင်ဖြူတွေ ကို ကာဘွန်ပေပါလေး ထုတ် ထုတ် သုတ်ရင်း နက်အောင်လုပ်၊ ထမင်းစားပြီးရင် လဘက်ရည် ခွက်လေးရှေ့ချ၊ လဘက် အုပ်ကလေး ကလည်းပါသေး။
လဘက်ရည် တကြိုက် သောက်လိုက်၊ ဆေးလိပ်လေး တဖွာရှိုက်လိုက်ပေါ့၊ ဆေးလိပ် သောက်ချင်ရင် ၊ မီးခြစ်လေး ဟိုစမ်းဒီစမ်း လုပ်ရင်း ကျနော့် ကို တွေ့ရင် လာ ငါ့မြေး လာ လာ မေမေကြီး ကို ဆေးလိပ် မီးညှိပေးစမ်း ဆိုပြီး ညှိခိုင်းတာလေ၊ အမှန်က ကျနော် ဆေးလိပ် ကြိုက်မှန်း သိလို့ ပေးသောက်တာလေ။
သတိရ စရာလေးတွေပေါ့၊ ကျနော့် အဖွားက အသက် (၈၄) နှစ်မှာ လူကြီးရောဂါနဲ့ ဘဲဆုံးသွားပါတယ်၊ ရောဂါကြီး မယ်မယ်ရရမရှိပါဘူး၊ သတိရ ပါတယ်ဗျာ။
ခုနက ဇာတ်လမ်းပြန်ဆက်ရင် ကျနော်က သူဆေးလိပ်သောက်တာ အနံခံရင်း ကျနော်ပါ သောက်ချင် လာတယ်၊ ဒါပေမဲ့ ဗျာ ကြိုက်တာမှ ၂ရက် တမွန်းတည့်ရှိသေးတယ်၊ ပြောလိုက်ရင် ဘယ်ကောင်း ပါမလည်း၊ အဲဒီတော့ အောင့် အည်း နေရတာပေါ့၊ ကျန်တာတွေ (ခင်ဗျားတို့ သမီးရီးစား တွေလိုပါဘဲ ) ကို သိပ်စိတ်မဝင်စားတော့ဘူး (နဲနဲတော့ စိတ်ဝင်စားတာပေါ့ဗျာ)၊ စိတ်က ဆေးလိပ် မှာဘဲ ရောက် ရောက် နေတာ ဟား..ဟား၊ နောက်တော့ နဲနဲကြာတော့ ကျနော်က စသလိုလိုနဲ့ သူဆေးလိပ် သောက်နေချိန်မှာ ကျနော်လည်း သောက်ကြည့်ချင်တယ်လို့ စမ်းကြည့် လိုက်တယ်။ အဲဒီတော့ ကြိုက်ခါစ ယောက်ကျား လေး တွေထုံးစံ အတိုင်း ဘယ်ငြင်းရဲပါ့မလည်း၊ သောက်ကြည့်ပေါ့။
နောက်တော့ ကျနော့် ပုံက စမ်းသောက်တဲ့ ပုံစံမှ မဟုတ်တာ၊ ဝါရင့် အသောက်သမားလို့ ဖြစ်နေလို့ ထင်တယ်။ မဝင့်မရဲ နဲ့ နဂို ကထဲက ဆေးလိပ် သောက်တတ် တာလားတဲ့။ ကျနော်က ဟုတ်တယ်လို့ မေမေကြီး ကို မီးညှိပေးရင်း အမြဲသောက်တယ်လို့၊ အမှန်တော့ မေမေကြီး ကို တရားခံ လွဲလိုက်တာလေ၊ သူလည်း အဖွားနဲ့ဆိုတော့ ဘာမှ မပြောရဲတော့ဘူး။
နောက်တော့ ကျနော့် ကို ကြောက်လာတယ် ထင်တယ် (သူ စတိုင်ထုတ် သောက်တာက နဲနဲ၊ ကျနော် သောက်တာက များများဆိုတော့) ဆေးလိပ် ဖြတ်တော့မယ်တဲ့၊ တကယ် ဖြတ် မဖြတ်တော့ မသိဘူး၊ ကျနော့် ရှေ့တော့ မသောက် ရဲတော့ဘူး။ ကျနော်လည်း သူဆေးလိပ်ဖြတ်မယ် ပြောတော့ နဲနဲတောင် ဝမ်းနည်း သွားသလိုဘဲ၊ ဟား..ဟား၊ ခင်ဗျား တို့လည်း ရီးစား တွေ ဆေးလိပ်ဖြတ် စေချင်ရင် ကျနော့်နည်း သုံးလို့ ရတယ်လေ..။
ကျနော် တို့၂ ယောက်က အဲဒီလို အဲဒီလို ထုံးတမ်း စဉ်လာတွေကို ဆန့်ကျင် ခဲ့ ကြတာ။ ဒီ ပိုစ့် ထဲမှာ ကျနော် တို့ ၂ယောက်ရဲ့ အချစ်ဇာတ်လမ်း တပိုင်းတစ လေးတွေကို ကျနော် မှတ်မိ သလောက်လေး တွေ စုပြီး တင်ပေးထားပါမယ်..သီးခံ ခွင့်လွှတ်ပြီး ဖတ်စေချင်ပါတယ် ။
ကျနော့် အကြောင်း ပြောရင် ကျနော့် မိသားစု အကြောင်းလေး တွေက မပါမဖြစ်လို့ ထည့်ရေးပေးရပါ အုန်းမယ်၊ ကျနော့် မိသားစုမှာ ဖေဖေ က ပထမ ဆိုတော့ ဖေဖေ အကြောင်းဘဲပြောရအုန်းမှာဘဲ။
ကျနော့် ဖေဖေ က တဦးတည်းသော သားပါ၊ ညီမ ၂ယောက်၊ အမ တယောက်၊ တဝမ်းကွဲ အမတယောက် ကလည်း မွေးစားသမီးလို့ဖြစ်နေတော့ အမ ၂ယောက်ပေါ့၊ ဖေဖေ ဟာ တသက်လုံး အလိုလိုက်ခံပါ။ အခု ကျနော်တို့မိသားစု အဆင်မပြေဘူး ဆိုတာ ဖေဖေ နိုင်ငံခြား ကပြန်လာပြီး သူ့ အမ နဲ့ စိတ်ကောက်နေတဲ့ အချိန်တွေ ထင်ပါတယ်။
သူ့အမ က သူ့စကားနားမထောင်လို့ စိတ်ကောက်၊ ဖေဖေ ကလည်း ပြန်မခေါ်နဲ့ ဆိုတော့ ကျနော် တို့ ကြားထဲက ပိုဒုက္ခရောက်တာပေါ့၊ ကျနော့် အဒေါ် ဖေဖေ ရဲ့ အမအရင်း က ချမ်းသာပါတယ်၊ ဆရာဝန်မ ပေါ့။ ကျနော် ပြောခဲ့တဲ့ အတိုင်း ဒေါ်ကြီးက ပြည်မြို့မှာ ဆရာဝန် သိပ်မရှိစဉ် ကထဲ က ပြည်ဆေးရုံမှာ ပထမဆုံး အလုပ်ဝင်ခဲ့ တာပါ၊ နောက်ပြီး ရွှေတောင်မှာ ၊ နောက် ပြည်ပြန်ပြောင်း ဆိုတော့ ပြည်ဘက်က လူတွေဆိုရင် ကျနော် အဒေါ် ကို သိသူများပါတယ်။ ရွှေတောင်မှာ တော်တော်နေ ပြီး မှ ပြည် ပြန်ပြောင်း လာပါတယ်။
အဲဒီ အမ က ဖေဖေ ကို အရမ်းချစ်ပါတယ်၊ ဖေဖေ တသက်လုံး လိုသမျှ၊ ဖေဖေ တောင်းသမျှ ပေးခဲ့တာ များပါတယ်၊ နောက်ပြီး ကျနော့် အဖွားတို့ အဖိုးတို့ ကိုလည်း အဲဒီ အဒေါ်ကဘဲ စောင့်ရှောက်ထားတာပါ၊ ကျနော် လည်း ငယ်ငယ် ကထဲက နွေရာသီဆိုရင် အဲဒီ အဒေါ် အိမ်မှာ သွားပြီး stay ရှောင်တာများပါတယ်၊ ဖေဖေ ကို အမ ကတင်မဟုတ်ဘူး၊ အမေ၊ အဖေ ကလည်း တော်တော် ချစ်တယ် ထင်တယ်၊ ကျနော်တို့ အခုနေတဲ့ အိမ်ဆိုရင် အရင်က ခြေတံရှည် တထပ်အိမ်လေးပါ၊ ကပ်မိုးပေါ့၊ ကျနော့် အဖွားက သူ့သမီး ဆီက ပိုက်ဆံတောင်းပြီး သွပ်မိုးလိုက်ပါတယ်။
နောက်တခါ နှစ်ထပ် အိမ်လုပ်မယ် ဆိုတော့ ဖေဖေက သူစာမေးပွဲ နီးလို့ မလုပ်နဲ့ အုန်းလို့ ပြောတယ်တဲ့၊ ကျနော့် အဖွားကလည်း ခေသူမဟုတ်ဆိုတော့ ကျနော့် အဖေ တညလုံး စာကျက်ပြီးတော့ အိပ်ရာထရင် မနက် -၁၀ နာရီ လောက်မှ ထတာ ဆိုတော့ အဲဒီ အိပ်နေတဲ့ အချိန် မှာဘဲ တထပ်အိမ် လေးကို ၂ထပ် အိမ် အဖြစ် တိုင်တွေဆက်ပြီး ပြောင်းပြစ်လိုက်ပါတယ်တဲ့၊ ဖေဖေ အိပ်ရာနိုးတော့ တထပ်က နှစ်ထပ် ဖြစ်သွာပြီတဲ့၊ အဲဒါတွေက မေမေ ပြောလို့ သိရတာတွေပါ။ ကျနော် ငယ်တုန်းကပေါ့။ ကျနော် ကြီးလာမှတော့ အိမ်ကနေ တိုက်ဖြစ်သွားပါပြီ၊ ဒေါ်ကြီးရဲ့ ကျေးဇူးတရားတွေနဲ့ ပေါ့။
နောက်တော့ အိမ်မျက်နှာကျက် လုပ်ဘို့ ၊ အခန်းကာ ဘို့ ၃ထပ်သား တွေ အများကြီး ဝယ်ထားတာ၊ အဲဒါလည်း ဖေဖေ ရောင်းစားပြစ်လိုက်တယ်၊ အိမ်မှာ နယ်က မေမေကြီး အမျိုးတွေ လာတည်းခိုရင် လည်း သူစာမေးပွဲ နီးလို့ အိမ်မှာ မတည်းဘို့ စီးပြောလို့ မေမေကြီး မှာ ဒုက္ခတွေရောက်လို့ ပေါ့၊ အဲဒီလို ဘိုကျ တာတွေ အများကြီးပါ၊
အဲဒီတော့ ကျနော် လည်းအိမ် သိပ်မနေချင်ဘူး၊ လွတ်ရင်ပြေးချင်တာပေါ့နော်၊ နွေရာသီ တော်တော် များများ မှာ အဒေါ်ရှိတဲ့ နေရာကို လိုက်သွားတာများပါတယ်၊ သွားရင်လည်း အဝတ်တထည် ကိုယ်တခု သွားပါတယ်၊ ဟိုမှာ ကျနော့် ညီမတဝမ်းကွဲ အဝတ် တွေကို ဝတ်ပါတယ်၊ ပြန်တဲ့ အချိန်မှ ဒေါ်ကြီး ဝယ်ပေးတဲ့ အဝတ် တွေဝတ်ပြန်လာပါတယ်၊ ဒါထုံးစံပါဘဲ။ အဝတ်ထဲ့ သွားလည်း ကောင်းကောင်း ကန်းကန်း ဘာမှမှ မရှိတာ..။ (ဓါးမြလာတိုက် မှာစိုးလို ကြို သတိပေးထားရတာ) အခုလည်း အဲဒီ အတိုင်းပါဘဲ။
ကျနော် တို့ရဲ့ ချစ်သူ သက်တမ်း ကာလအရှည်ကြီး ထဲမှာ မေ့မရတဲ့ ညအိပ်ခရီး လေးအကြောင်း ပြောချင် ပါသေးတယ်၊ ကျနော် တို့၂ယောက် ကြိုက်ပြီး သိပ်မကြာခင်မှာဘဲ ကျနော့် အဖွားဟာ သူ့ သမီးနဲ့ နေရာကနေ ကျနော့် အဖေ နဲ့နေချင်တယ်။ လာခေါ် လှည့်ပါဖြစ်ရော၊ အဲဒီမှာ အဒေါ်နဲ့ ဖေဖေနဲ့ ပြောကြဆိုကြပေါ့၊ နောက်ဆုံးတော့ တရားခံ ကျနော့် ခေါင်းပေါ် ကြလာပါရော။ ကျနော် ကို သူ့ကိုယ်စား အဖွားကို ခေါ်ခိုင်းလိုက်မယ်ပေါ့။
အဲဒါနဲ့ ပြည်သွားဖို့ ဖြစ်လာပါရော၊ ကျနော် ကတော့ ထုံးစံအတိုင်း ပျော်တာပေါ့၊ မပျော်တာက ကျနော့် ချစ်ချစ်ကြီးပါ၊ မခွဲ နိုင်ဘူးပေါ့၊ လိုက်ချင်တယ်ပေါ့၊ သူ ကယောက်ကျားလေး တယောက်ဖြစ်ပေမဲ့ ကျနော်လို သွားလို့လာလို့ လွယ်ကူသူ မဟုတ်ပါဘူး၊ နောက်ဆုံးတော့ သူလည်းသွားခွင့် ရသွားတယ်ထင်ပါတယ်၊ သူ့ အဖေ ကလည်း ပြည်သားဆိုတော့ သူ့ အဖိုးနဲ့ ပြည်မှာ ဆွေတော်မျိုးတော် တွေအများကြီးရှိပါတယ်။
ကားဂိတ်ကို သူ့အဖေရဲ့ ရုံးကကားနဲ့ hand back အိတ်တလုံး နဲ့ ဆွေတော်မျိုးတော် တွေနဲ့ ချီတက် လာပါတယ်၊ ကျနော်ကတော့ လွယ်အိတ်ကလေး တလုံး နဲ့ လမ်းမှာ ဖတ်ဖို့ စာအုပ် ၂အုပ်နဲ့ ပေါ့ ဘတ်စကားပေါ်က ဝံကြွားစွာ ဆင်းလာပါတယ်၊ အဲဒီလို အဲဒီလိုဗျာ၊ အဝတ်တထည် ကိုယ်တခု (လွယ်အိပ် ၁လုံး စာအုပ် ၂အုပ်) ဒါပါဘဲ၊ ပိုက်ဆံ ဆိုလို့လည်း လမ်းစားဘို့ နဲနဲပါဘဲ၊ အပြန်စရိပ်တောင် ဖခမည်းတော် ကအပိုဆောင်း မပေးလိုက်ပါဘူး ဟား..ဟား။
အဲဒီလို မိသားစု ရဲ့ ဂရုစိုက်မှု့ခြင်းက သိပ်ကွာပါတယ်။ ကျနော့် အတွက်တော့ အိမ်နဲ့ ဝေးရာဆို ဘယ်နေရာဘဲ ဖြစ်ဖြစ် နိဗ္ဗါန်ကိုးဗျ၊ ဒီတခါ နိဗ္ဗါန် အသွားမှာတော့ ချစ်သူနဲ့ ဆိုတော့ ပိုပျော်ရတာပေါ့၊ ကျနော်က ကားလက်မှတ် ဝယ်ပြီးသားဆိုတော့ ပြသာနာ မရှိပါဘူး၊ သူ့အတွက်တော့ လက်မှတ် မရပါဘူး၊ ထိုင်ခုံနေရာ မရတာပါ၊
အဲဒီမှာ သူ့အိမ်က တပူပူပေါ့ ထိုင်ခုံနေရာ မရရင် မလိုက်စေချင်ဘူးပေါ့၊ အဲဒီမှာ ချစ်ချစ်ကြီးရဲ့မျက်နှာက ဇီးရွက် လောက်ဘဲ ရှိပါတော့တယ်၊ နောက်တော့ ဖြစ်သလိုဘဲ လိုက်လာပါတယ်၊ driver ဘေးက သံ ဖရိန် ပေါ်မှာ ထိုင်လိုက် လာပါတယ်။ အောက်က အင်ဂျင်လား မသိဘူး ရှိတော့ ပူနေတာပါဘဲ။ ဒါပေမဲ့ သိပ်ပျော် နေ တာ နေမှာပေါ့၊ မပူဘူးဘဲ ပြောပြီး တညလုံး တယောက်မျက်နှာ တယောက်ကြည့်ပြီး လိုက်လာပါတယ်။
မြို့တမြို့ ဝင်တယ်ဆိုရင်လည်း ပျာယာခတ်နေတာပါဘဲ။ ဂရုစိုက်လိုက်တာ ကျနော်တောင် မနေတတ် အောင်ပါဘဲ။ အခုထိလည်း ဒီအတိုင်းပါဘဲ၊ နှစ်ယောက်ထဲများ မုံ့စားလို့ကတော့ ကျနော့် ပုဂံကို နယ်ပေး ဘို့ ဘယ်တော့ မှ မမေ့ပါဘူး၊ ကျနော် ဖြစ်ချင်တာတွေကိုလည်း သူ့ ကိုယ်ကျိုးစွန့် ပြီး အားလုံး အနစ်နာခံ ပေးထားပါတယ်။ ချစ်သူ တယောက် အနေနဲ့ တင်မဟုတ်ပါဘူး၊ အကို လို အဖေ လို ဆရာ လို အားလုံး နဲ့ အကြုံး ဝင်ပါတယ်။
ပြည် ကားဂိတ် ရောက်တော့ အဒေါ်ဆေးခန်း (၆၉၉၊ တရုပ်တန်း) ကို ဆိုက်ကားစီးပြီး ကျနော် ကဆက်လက် ချီတက်ပါတယ်။ သူကတော့ သူ့အဖိုးအိမ်ကို ဘယ်လိုသွားတယ် မသိပါဘူး၊ တကယ်တန်း ကျနော်က ကျနော့် အဖွားကို ခေါ်သွားမယ်လုပ်တော့ ကျနော့် အဒေါ်က မလွှတ်ချင် တော့ပါဘူး၊ ဒါနဲ့ အချိန် ဆွဲထားလိုက်တာ ၄၊ ၅ ရက်ကြာသွားပါတယ်။ ဒီရက်တွေ ထဲမှာတော့ ပြည်ပန်းခြံထဲမှာ ဓါတ်ပုံတွေဘာတွေ ရိုက်ရင်း နဲ့ တရက်တော့ ရအောင် လျှောက်လည် လိုက်ပါသေးတယ်၊ မန္တလေး မှာလို့တော့ လွတ်လပ်မှု့ သိပ်မရှိတော့ ပါဘူး။
ဒါနဲ့ ကျနော်တို့ ပြည်ကနေ ပြန်ခဲ့ကြပါတယ်။ ကျနော့် အဖွား၊ အဖွား မွေးစားထားတဲ့ ကျနော့် ညီမ ဝမ်းကွဲ တယောက်၊ သူ့ အကြောင်းကို ကျနော့် autobiography ထဲမှာ စိတ်ရောဂါသည် ဘဝရောက်ခဲ့ရ တခဏ ဆိုတဲ့ နံမည်နဲ့ ဆောင်းပါးတပုဒ် ရေးထားးပါတယ်။ သူက အဲဒီပြည်က လိုက်လာတဲ့ အချိန်မှာ ၄တန်း၊ ၅တန်း ဘဲရှိအုန်း ထင်ပါတယ်။
နောက်ပြီး လမ်းမှာ စားဘို့ ဒေါ်ကြီး က ပေါင်မုန့် ထောပတ်သုတ်၊ ကြက်ဥပြုတ်၊ ငှက်ပျောသီး တွေ နဲ့ မုန့်တွေကို လိုလေးသေးမရှိ ထည့်ပေးလိုက်ပါတယ်။ ထိုင်ခုံ ကိုလည်း အပို တခုံ ပိုဝယ်ပေးလိုက်ပါတယ်၊ မေမေကြီး ကျယ်ကျယ် ဝင့်ဝင့် စီးရအောင် ဆိုပြီးတော့ ပေါ့၊ ဒါပေမဲ့ မေမေကြီးက သူတယောက်ထဲ ၂ယောက်စာမထိုင်ပါဘူး၊ သူ့မြေးကိုလည်း ကျနော်နဲ့ နောက်ခုံမှာ ထိုင်တာကို သူ့ဘေးပြောင်း ထိုင်ခိုင်းပါတယ်။ အဲဒီမှာ သူ ကျနော့်ဘေးနား ပြောင်းလာထိုင်ပါတယ်။ ပျော်စရာ အပြန်ခရီးလေးပေါ့။
ကျနော့် အတွက်တော့ တကမ္ဘာ လုံးမှာ မကောင်းသတင်းတွေ ပျံနှံလို့ပေါ့ (ရော သွားပြန်ပြီ) တဆွေလုံး၊ တမျိုးလုံးကြားမှာ ရီးစားကို ပြည်ထိတောင် ခေါ်သွားတာဆိုပြီးနံမည်တွေကြီးလို့ပေါ့။
ကျနော့် အတွက်တော့ တကမ္ဘာ လုံးမှာ မကောင်းသတင်းတွေ ပျံနှံလို့ပေါ့ (ရော သွားပြန်ပြီ) တဆွေလုံး၊ တမျိုးလုံးကြားမှာ ရီးစားကို ပြည်ထိတောင် ခေါ်သွားတာဆိုပြီးနံမည်တွေကြီးလို့ပေါ့။
အပိုင်း (၆) ဆက်ဖတ်ပါရန်
2 comments:
ကိုယ့်ရည်းစားကိုယ်ခေါ်တာပဲ...
သူတို့ခေါင်းပေါ်ရွက်ထားရတာကျနေတာပဲ...နောလေ....အဲလိုပဲ ဆွေမျိုးတွေက တစ်ခါတစ်လေကျ ကောင်းကိုမကောင်းဘူး။
ချစ်ညီမလေး
very interesting.....and i read your blog....whenever i can....but i go to your father blog...and....as you say..i can't understand....thanks for your inspiration....
Post a Comment