ငယ်ငယ်တုန်းက ကျောင်းသိပ်တက်ချင်တာကို မှတ်မိနေတယ်၊ မူကြို ကျောင်းတွေဘာတွေမရှိတာလား၊ ဒါမှ မဟုတ် မထားတာလားတော့မသိဘူး၊ မူကြို မတက်ဖူးဘူး၊ အောက်က အငယ်တွေအားလုံးတော့ ထွန်းလှ ဟော်တယ် နဲ့ မျက်နှာချင်း ဆိုင်မှာ ရှိတဲ့ အစိုးရမူကြို မှာ အားလုံးတက်ရတယ်။ ကျနော်တယောက်ဘဲ မူကြို မတက်ဘူးတာ၊ ကျနော် တအားပူစာတော့ မေမေက အ.ထ.က(၁၆) (ဝက်စလီကျောင်း) မှာ ကျောင်းလိုက် အပ်ပေးတယ်။ ဆရာမ ၀၀ကြီး တီချာရင် လို့ခေါ်ကြတယ်ထင်တယ်၊ သိတ်မမှတ်မိဘူး၊ အဲဒီ ဆရာမကြီးက ညာဘက်လက်နဲ့ ဘယ်ဘက်နားရွက်ကို ဆွဲခိုင်းတယ်၊ မမှီသေးလို့ မတက်ရသေးဘူးလို့ပြောတယ်။ အမှန်တော့ အသက်လည်း မပြည့်သေးဘူးထင်ပါတယ်၊ အဲဒီနှစ်မှာ အရပ်ထဲက ကျောင်းလေးမှာ အပျော်နေရတယ်၊ နောက်နှစ်မှ ၁၆ ကျောင်းမှာစတက်ရတယ်။ သူငယ်တန်းလေး၊ သူငယ်တန်းကြီး ၂နှစ် တက်ရတယ်။
ကျနော်က ကျောင်းသိပ်ပျော်တယ်၊ ကျောင်းကပွဲ တွေဘာတွေလည်း မှာလည်း ပါခဲ့သေးတယ်ဆိုတော့ တော်တော်ပျော်ခဲ့ မှာပေါ့၊ သိပ်တော့ မမှတ်မိတော့ဘူး၊ ဓါတ်ပုံတွေဘာတွေတော့ ရှိသေးတယ်၊ ပြန်ရှာလို့ ရရင်တော့ ကြည့် လို့ရသေးတာပေါ့၊ ၃ တန်း ၄တန်း နှစ်တွေမှာ ထင်တယ်၊ ကျနော်ကို ကျောင်းပို့ဘို့ ဖေဖေက ကျောင်းက အလုပ်သမားတယောက် (မောင်စိန် လို့ ဖေဖေတို့ကခေါ်တယ်) ကိုခေါ်ထားတယ်၊ စက်ဘီးနဲ့ အပို့ အကြို လုပ်ပေးတယ်၊ ကျနော်တို့ ၁၆ ကျောင်းက ရုံးကြီး လို့ ခေါ်တဲ့ တရားရုံးကြီး နဲ့ ကပ်ရက်၊ ရုံးကြီး အရှေ့ပေါက်က ထွက်ရင် ကျနော်တို့ကျောင်းမြောက်ဘက် ခြံစီးရိုးကိုရောက်တယ်၊ ကျနော်က အမြဲတန်း ရုံးကြီး အပေါက်ဝက ထွက်ရင် စက်ဘီးရပ်ခိုင်းတယ်၊ မောင်စိန်ကလည်း ကျောင်းအပေါက် ထိ လိုက်ပို့ ချင်တယ်၊ မရပ်ချင်ဘူး ကျနော်က စက်ဘီး မရပ်ရင် စက်ဘီးပေါ်က ခုံချတယ်။
ကျနော်တို့ တိုက်ပွဲ က မနက်တိုင်း ကျောင်းဆင်းချိန်တိုင်း၊ ကျောင်းဆင်းရင်လည်း ကျနော်က ခပ်ဝေးဝေး ရောက်မှ စက်ဘီးပေါ် တက်တာကိုး၊ နောက်တော့ မောင်စိန်က ဖေဖေ နဲ့ တိုင်ပြောတယ်၊ ကျောင်းမရောက်ခင် စက်ဘီးပေါ်က ခုံဆင်းတယ်ပေါ့၊ နောက်တော့ ပြသာနာ အဖြေရှာတော့ မောင်စိန် ကို သူငယ်ချင်းတွေက အဖေ ထင်မှာ စိုးလို့ လို့ပြောတယ်တဲ့ ။ မောင်စိန် ကဒေါသဖြစ်တယ်၊ (သူနစ်နာတယ်.. သူက လူပျိုကိုး) နင်နဲ့ ငါနဲ့က လူမျိုးတူ လို့လားလို့မေးတယ်၊ သူက ကုလားလေးကိုး၊ ဖေဖေတို့ကတော့ ရီတာပေါ့။
နောက်ပိုင်းတော့ နှစ်ဦးသဘောတူ ရုံးကြီးပေါက်မှာ ဘဲရပ်ပေးရတယ်၊ ရုံးကြီးပေါက်မှာဘဲ လာကြိုရတယ်၊ နောက်တော့ ကျနော်အောက်က အငယ်တယောက် ကျောင်းရောက်လာတော့ ဆိုက်ကားနဲ့ တက်ရတယ်၊ ကျနော် ကတော့ အဲဒီ အချိန်မှာ ကျောင်းမှာ အတန်းထဲမှာ ဗိုလ်အဆင့်ရောက်နေပြီ၊ တတန်းလုံးမှာ ဗိုလ်လေ၊ ကျနော်မှတ် မိသလောက်ပြောရရင် ကျနော် ၅တန်းနှစ်ရောက်တော့ အတန်းရှေ့မှာ မုံစား ဆင်းချိန်၊ ထမင်းစား ဆင်းချိန် တွေမှာ ကစားကြတဲ့ တန်းမြင့်ခုန်တန်းတို့ ကြိုးခုန်တန်းတို့မှာ ကျနော်ဘယ်တော့မှ တားတဲ့ ဘက်ကမပါရဘူး၊ အမြဲတန်း အသင့် ဝင်ကစားရတယ်၊ နောက်ပြီး ကျနော်တို့ အတန်းထဲမှာ ကျနော်နဲ့ မခေါ်တဲ့ သူကို ဘယ်သူကမှ မခေါ်ရဘူး၊ ကျနော်ဆိုးတေ ဖြစ်ပုံတွေလေ၊ အခုအချိန်မှာ ပြန်စဉ်းစားတော့ ဘယ်လို့ အစွမ်းအစနဲ့ များလူတွေကို သိမ်းသွင်းထားခဲ့ သလည်းမသိပါဘူး၊ အခုတော့ဗျာ မိသားစုထဲမှာတောင် စကားနားထောင်အောင် မသိမ်းသွင်းနိုင်ပါဘူး။
အဲဒီနှစ်တွေမှာဘဲ ကျနော်တို့အိမ်ပြောင်းရတယ်၊ ကျနော်တို့ ဘဘကြီးဝယ်ထားတဲ့ ရန်မျိုးလုံအိမ် ကနေ ဗောဓိကုန်းရပ်ကွက် (မန္တလေး တက္ကသိုလ်နားလေး) ကိုပြောင်းရပါတယ်၊ ဘာဖြစ်လို့ ကိုယ်ပိုင် အိမ်ရှိရဲ့သားနဲ့ ပြောင်းရလည်း ဆိုတာကြီးလာတော့မှ သိရတာပါ၊ ကျနော် အဒေါ် အငယ်က အိမ်ခြင်းကပ်ရက် ကျနော်သူငယ်ချင်း ရဲ့ဦးလေးနဲ့ ကြိုက်ကြတော့ သဘောမတူကြလို့ တဲ့ဗျာ၊ အဲဒါနဲ့ ကျနော်တို့ မိသားစုက အိမ်ငှားနေပြီး အဲဒီအဒေါ်ကိုခေါ်သွားရတာ။
တမြို့တရွာဆိုလည်း တော်သေး အခုတော့ဗျာ စက်ဘီးနဲ့ သွားရင်တောင် ၁၀ မိနစ်လောက်သွားရတဲ့ ခရီးလေးကို၊ အလုပ်ရှုတ်ခံလို့ ပြောင်းနေရသေး၊ ဘယ်သူတွေက ဘယ်လိုညံကြလည်းတော့ မသိဘူး ကျနော်အဖေကတော့ ကလေး၂ယောက် မိန်းမတယောက်၊ ညီမတယောက် နဲ့ အိမ်လခ (၆၀)ကျပ် အကုန်ခံပြီး ၇၂လမ်း နဲ့၇၃လမ်းကြား (အခုတော့ ဗန်မော်တိုက် လမ်းကြား) ဗောဓိကုန်း ထဲကို ပြောင်းလာရပါတယ်။
အဲဒီအချိန်တုန်းက အခုလိုစည်စည်ကားကားလဲ ရှိသေးတာမဟုတ်ဘူး၊ အိမ်ဝန်းကြီးတွေကဆို အကျယ်ကြီး တွေ။ အဆောင် လေးတွေကလည်း ခပ်သေးသေးလေးတွေဘဲ၊ အများစုက အစိုးရအဆောင်တွေမှာ နေကြတာဆိုတော့ အဆောင် စီးပွားရေးကလည်း ခပ်သေးသေးပါ၊ ကျနော်အတွက်တော့ ဗောဓိကုန်း ပြောင်းရတာဟာ တော်တော်ပျော်စရာကောင်းပါတယ်၊ ဖေဖေငှားနေတဲ့ ဆရာချောင်းရဲ့ ခြံက အကျယ်ကြီးပါ တခြံလုံးမှာ မာလကာပင်တွေ၊ ဂွေးသီးပင်တွေ အပြည့်ပါတယ်။ မာလကာသီးကလည်း အူနီသီး တွေရော အူဖြူသီး တွေရော တချို့ အပင်တွေဆို အသီး အကြီးကြီး တွေသီးတယ်။ အခုခေတ်လို ကီလိုသီးတွေ ဘာတွေတော့ မပေါ်သေးပါဘူး၊ အပင်တွေကတော့ အကြီးကြီးတွေပါ၊ မာလကာ သီးပေါ်ချိန်ဆိုရင် တောင်းတွေနဲ့ မာလကာသီးတွေ လာဝယ်ပါတယ်။ ကျနော်တို့ ကတော့ အပင်ပေါ်က ဘယ်တော့မှ ဆင်းတော့တာမဟုတ်ဘူး စာဖတ်လည်း အပင်ပေါ်မှာဖတ်တယ်၊ အကောင်းဆုံး ရွက်ပုန်းသီး တွေ ရှာခူးစားတယ်။
ကျနော်အတွက် ကံကောင်းခြင်းတခုကတော့ ကျနော်တို့နေတဲ့ အိမ်နဲ့ကပ်ရက်မှာ မြန်မာစာက ဆရာဦးအောင်သန်း၊ ဆရာမဒေါ်ယဉ်ယဉ် (ဆရာမြသန်းတင့် ရဲ့ နှမ) တို့ရဲ့ စာအုပ်ပုံကြီးပါဘဲ၊ ဆရာတို့ က စည်းကမ်းကြီးတယ်၊ တအုပ်ပြီးမှ တအုပ်ငှားတယ်။ အဲဒီမှာလည်း ကျနော်စာဖတ်ဖြစ်ခဲ့တယ်။
ကျနော်တို့အိမ်ကနေ အရှေ့ထဲဆက်သွားရင် စားပင်တွေစိုက်တဲ့ ခြံတွေရှိတယ်၊ ရေနီမြှောင်းဘေးမှာပေါ့၊ ခါချက်ဥတွေ၊ ဗူးပင်တွေ၊ တခြားဟင်းသီးဟင်းရွက်ပင် တွေရောအများကြီးပါဘဲ၊ အဲဒီမှာ အသီးအရွက်တွေ သွားဝယ်ရတဲ့ အခါကျနော် သိပ်ပျော်ခဲ့တာလည်း မှတ်မိသေးတယ်။ ဗောဓိကုန်း ဘုရားနဲ့လည်း နီးနီးလေးဆိုတော့ နှစ်တိုင်း ညောင်ရေသွန်းပွဲတော် ကျင်းပတဲ့ ကဆုန်လပြည့်နေ့ ဆိုရင်ကျနော်တို့ တွေဘုရားကို တနေ့ အခေါက်ပေါင်းများစွာ သွားခဲ့ကြတာမှတ်မိသေးတယ်။ အဲဒီအချိန်တုန်းကတော့ လပြည့်နေ့တိုင်း မိုးရွာတာကိုတော့ အမှတ်ရမိတယ်၊ ကျနော်စိတ်ထဲ မှာ ကဆုန်လပြည့်နေ့ဆိုရင် မိုးရွာရမယ်လို့ အခုအချိန်ထိ ထင်နေမိတယ်၊ ဒါပေမဲ့ အခုနောက်ပိုင်း တော့ ကျနော်တို့မန်းတလေး မှာ ကဆုန်လပြည့်နေ့တိုင်း မိုးမရွာတော့ပါ။
အဲဒီ ဗောဓိကုန်းအိမ်မှာ ဘဲကျနော်ရဲ့ ပထမဆုံး လက်စွပ်ကလေးကို သရေကွင်းနဲ့လား မန်ကျီးစေ့နဲ့ လားမသိ လဲပြီးကစားပြစ်လိုက်ပါတယ်။ အိမ်ကသိတော့ လိုက်တောင်း ပေမဲ့လည်း ပြန်မရတော့ပါဘူး။ နောက်ပြီး ကျနော်ဘဝမှာ ပထမဆုံးသူခိုးဆိုတာတွေ့ဘူးတယ်။ ဗောဓိကုန်း အိမ်သူခိုးခိုးခံရတဲ့ အချိန်မှာ ကျနော် မေမေရဲ့ညီမ အငယ်ဆုံး ဒေါ်လေးမန်း ကလားရှိုး ကရောက်နေတယ်၊ အပျိုပေါက် အရွယ်လို့ပြောတာဘဲ၊ ဒေါ်လေးမန်း က အလှအပလည်းသိပ်ကြိုက်တယ်၊ သီချင်းဆိုတာ တွေလည်း ဝါသနာပါတယ်၊ လာရှိုး မှာ လာရှိုးသိန်းအောင် (ဂျင်မီဂျက်) တို့ တီးဝိုင်းနဲ့ သီချင်းတွေ ဘာတွေ ဆိုသေးတယ်၊ သူ့ ရဲ့အဝတ်အစားထဲ့တဲ့ သေတ္တာပါသွားတယ်၊ နောက်ပြီး ကျနော်တို့ဘဘကြီး ရဲ့ ရဲဝတ်စုံ တွေ၊ ရဲပစ္စည်း တွေထည့်ထားတဲ့ သံသေတ္တာ အနက်ကြီးပါသွားတယ်၊ ကျန်တာတော့ဘာမှ မပါဘူး၊ ကျနော် တို့အဖေချမ်းသာတာလည်း စာအုပ်တွေဘဲရှိတာဆိုတော့ သူခိုးတော့ တော်တော် စိတ်ညစ် သွားမှာဘဲ။
မနက်မိုးလင်းတော့ ရေနီမြှောင်းထဲမှာ သံတ္တောကြီးမြောလာတယ်ဆိုတော့ ကျနော်တို့ပျောက်သွားတဲ့ သံတ္တာကြီးဖြစ်နေတယ်။ သုူခိုးကရဲပစ္စည်းတွေဆိုတော့ ကြောက်လို့ ရေနီမြှောင်းထဲ ပြစ်ချခဲ့တာနေမှာပေါ့၊ ဒေါ်လေးမန်း အဝတ်သေတ္တာကတော့ ရဲကသူခိုးမိမှ လာအကြောင်းကြားပြီး အမှု့ပြီးမှ ပြန်ရမယ်လို့ ပြောတယ်။ ဒေါ်လေးမန်းကတော့ မာလကာပင်ပေါ်တက်ပြီး ငိုငိုနေတာ သူပစ္စည်း တွေပြန်မရလို့၊ ဖေဖေ ကပြောတယ် `နင့်အဝတ်တွေငါပြန်ရော်ပေးပါမယ်၊ တလတစုံဝယ်ပေးပါမယ်` ပြောမှ အငိုတိတ်သွားတယ်။ နောက်ပြီး သူခိုးအမှု့စစ်တဲ့ ရက်ချိန်းတွေမှာ ရဲစခန်းသွားပြီး သက်သေခံရတယ်၊ မေမေ ကတော့ သူခိုးငြိုးမှာ ကြောက်လို့ သူခိုးကို မကြည့်ရဲဘူးတဲ့၊ ကျနော် ကတော့မြင်ဘူးအောင် ကြည့်ထားရတယ်၊ ဟဲ ဟဲ သူခိုးဆိုတာ ဂျိုမပါပါဘူး။
ကျနော်တို့ မိသားစု ဗောဓိကုန်း အိမ်မှာ နေရတော့ ဖေဖေက ကျနော်အမေကို ညကျောင်းတက်ပြီး ၁၀တန်း ပြန်ဖြေခိုင်းတယ်။ မေမေ က ညနေဆို ကျောင်းသွားတက်ရတယ်၊ ညဆို သချာၤတွေတွက်ရတယ်၊ မေမေလည်း အရမ်းပင်ပန်း၊ ကျနော်တို့ လည်းကသီတာပေါ့၊ ကျနော် အောက်က မောင်အငယ်ကတော့ ရေနံဆီကို ဝီစကီ မှတ်လို့ ပုလင်းလိုက်မော့ချလိုက်တာ ဆေးရုံရောက်သွားသေးတယ်။ နောက်ညီမ တယောက် ကတော့ ပုဂံဆေးတဲ့ ရေတွေကို သောက်ပြစ်လိုက်လို့ အထက်လန် အောက်လျှော့ ဖြစ်ပြီး ဆေးရုံ ရောက်သွားတယ်။
နောက်ပြီး ကျနော်တို့အိမ်မှာ ဖေဖေ ရဲ့ဟင်းချက်တဲ့ ဥပဒေ ကိုပြောချင်သေးတယ်၊ တပတ်မှာ အသားဟင်း (၂) ရက်ဘဲချက်ရတဲ့ ဥပဒေလေ၊ အသားဟင်းချက်တဲ့ နေ့တွေမှာ တအိမ်လုံး ပျော်ကြတာပေါ့၊ နောက် ပြီး ဖေဖေ ကကျန်တဲ့ ရက်တွေမှာ ပဲနဲ့ ဟင်းသီးဟင်းရွက် အများကြီးချက်ရတယ်၊ အသားအစား ပဲ ပေါ့၊ ကျနော်တို့ဖေဖေရဲ့ အတွေး ကတမျိုး ချမ်းသာတဲ့ သားသမီး တွေ ရဲ့ကလေးတွေက အစာမစားချင်လို့ မိဘတွေကချော့မော့ ကျွေးနေရ တယ်ပေါ့၊ သူ့သားသမီး တွေကိုလည်း စားချင်တာကို ကြိုက်သလောက် စားစေချင်တယ်၊ ဘယ်လောက် ဆိုတာ ကန့်သတ်မပေးရဘူးတဲ့၊ အဲဒီတော့ ပဲတို့ ဟင်းသီး ဟင်းရွက် တို့ကိုလည်း limit မလုပ်ဘူး၊ အသားဟင်း ချက်စားတဲ့နေ့ လည်း limit မလုပ်ဘူး၊ ကြိုက်သလောက် စားရတယ်၊ အဲဒီတော့ အသားချက်လည်း အများကြီးချက်ရတာပေါ့၊ ဘဲဥတွေ ဘာတွေချက်ရင်လည်း တယောက်တလုံးလို့ မေမေကပြောရင် ရန်ဖြစ်ကြရော၊ အမြဲတန်း အဲဒီလိုပါဘဲ။
ကျနော်တို့ မောင်နုမ တွေကလည်း အလိုက်ကမ်းဆိုး သိတဲ့သူ တယောက်မှ ပါတာမဟုတ်ဘူး၊ မေမေ ဘဲအမြဲ ဟင်းမလောက်လို့ ထပ်ဝယ်ရတာနဲ့ ဒုက္ခရောက်တာပေါ့၊ ကျနော်ဆို အဲဒီလို တိုင်းတာ စားရတယ်ဆိုတာ သိပ်မသိဘူး၊ အခုကြီးလာတော့ မှ အဲဒီလို့ တိုင်းတာစားရတယ်ဆိုတာ သိတယ်။ မေမေ ဒုက္ခရောက်တာပေါ့၊ အဲဒါကြောင့် မေမေမှာ ဈေးဘိုးအများကြီးကုန် အကြွေးတွေ တင်တာ နေမှာပေါ့။
ကျနော် အဖေနဲ့ အမေ ဟာဘယ်တော့ မှ တယောက်နဲ့ တယောက်နားမလည်ကြဘူး၊ ကျနော် မေမေ ကလည်း ကျနော်တွေ့ဘူးသမျှအမေ(သူများအမေတွေပြောတာနော်) တွေထဲမှာတော့ တော်တော်ကို ရိုးတဲ့ အမေပါ၊၊ မေမေ ငယ်ငယ်က အဖြစ်တခုပြောပြရအုန်းမယ်၊ ကျနော်တို့ အဖိုးအလုပ်ထွက်ပြီးတော့ မေမေတို့ တောင်မြို့မှာ ခဏနေသေးတယ်၊ ရန်ကုန် မပြောင်းခင်ပေါ့။
အဲဒီအချိန်မှာ မေမေက(မီးရထား လား ကားလား မသိ) နဲ့ မန္တလေးကို ကျောင်းလာတက်ရတယ်၊ အဲဒီအချိန်မှာ သူတောင်းစားမလေး ကအမြဲတန်းလာ တောင်းတယ်၊ မေမေ က အဲဒီသူတောင်း စားမလေးကို ခင်သွားပြီးတော့ အိမ်လိပ်စာ ပေးခဲ့သတဲ့။ တောင်မြို့ အိမ်လိပ်စာပေါ့၊ အဝတ်အစား အဟောင်းတွေ ရှာပေး မယ်ပေါ့၊ ကျောင်းပိတ် ရက်လာခဲ့ပေါ့။ ကျောင်းပိတ်ရက် ရောက်ပါရော၊ ဟဲ ဟဲ၊ မေမေ ရဲ့ သူတောင်းစား မိတ်ဆွေ မလေးက အပေါင်း အပါတွေနဲ့ ချီတက်လာပါလေရော။
အိမ်ရှေ့မှာ မေမေနံမည် မေးပြီးရောက်လာတဲ့ သူတောင်းစားအုပ်ကြီးကို ကြည့်ပြီးတော့ မေမေကြီးရဲ့ ပေါက်ကွဲ သံစဉ်တွေပေါ့။
နောက်တခု လည်းဖော်ကောင်လုပ်ရအုန်းမယ်၊ မေမေ က ဖေဖေရဲ့ ရီးစားစာတွေဖတ်ပြီး feeling တွေတက်ပြီး ယူခဲ့တာမဟုတ်လား၊ နောက်တော့ မေမေတို့ ရပြီးတော့မှ ဖေဖေ ရဲ့သေတ္တာ ထဲမှာ မေမေကို ပေးမဲ့ ရီးစားစာတွေ (ဒေါ်ကြီးရဲ့ လက်ရေးနဲ့ ရေးထားတာတွေပေါ့) တထပ်ကြီးတွေ့ပါလေရောတဲ့၊ အဲဒီ တော့မှ မေမေခမြာ ဒေါ်ကြီးနဲ့ရီးစားထားနေရတာ သိသွားတော့တယ်၊ ဖေဖေက သူ့လက်ရေးနဲ့ ကူးရေး ပြီးတော့ မေမေကိုပေးခဲ့တာကိုး။ အခုအထိ အဲဒီအကြောင်းပြောရင် မေမေက စိတ်ဆိုးသေးတယ်။ မေမေ အကြောင်း တွေလည်း အများကြီး ရေးချင်သေးတယ်၊ အခုတော့ ခဏ နားအုန်းမယ်ဗျာ။

1 comment:
အော်....ငါ့အစ်မက ငယ်ငယ်ကတည်းက မခေသူကိုးးးးးးးး...... :)
Post a Comment