Wednesday, August 5, 2009

ငယ်ဘဝများ (၁)


အဖိုးအကြောင်း ပြောနေရင်းနဲ့ ကျနော့် ငယ်ဘဝများ (၁)အတွက် နောက်ပြန်ဆုတ် ရအုန်းမယ်ဗျာ၊ ကျနော် အမေနဲ့အဖေ ရပြီး တော့ ကျနော့် အဖေက ကျောင်းပြန် တက်တယ်၊ မန္တလေးတက္ကသိုလ်မှာ ဘဲပေါ့။

မိန်းမရလို့ ညံသွားမှာစိုးရိမ်ပြီးစာတွေ အရမ်း ကျက်တယ်တဲ့ အဲဒီတော့ second year-honour တန်း မှာ ပထမဆု ရွှေတံဆိပ် ရခဲ့သတဲ့ ၊ အဲဒီ အချိန်မှာ မှ လာခြင်းမကောင်းတဲ့ ကျနော်ကရောက်လာတယ်၊ တအိမ်လုံးစိတ်ညစ်သွားမှာပေါ့။

မေမေကတော့ ဝင်ငွေမရှိတဲ့ ယောက်ကျားယူပြီး ယောက်ခမ အိမ် မှာ အလုပ်တွေအကုန်လုပ်ပြီး ဆင်းရဲနေတဲ့ အချိန်ရောက်လာတာကိုး ဒါပေမဲ့ မိခင်စိတ်ဆိုတော့ ကျနော်ကို လိုချင်မှာပါ၊ ဖေဖေကတော့ ကျနော်ကိုမလိုချင်ဘူး ကလေးမွေးလာရင် ကလေးက ငိုမယ် စာကျက်ပျက်မယ်ပေါ့ဗျာ။

ကျနော့်ဒေါ်ကြီး ကတော့ သူက ဆေးကျောင်းတက်နေတာဆိုတော့ မေမေက ကလေးတဘက်နဲ့ အလုပ်မကူနိုင်ရင် သူ ဒုက္ခရောက်မယ်ပေါ့ဗျာ၊ အားလုံးက ကိုယ့်အတွက်ကို တွက်ချက် ပြီးတော့ ကျနော်ကိုမလိုချင်ကြတာပေါ့။

ကျနော်အမေကလည်း အားလုံးကို သီးခံနိုင်တယ် ကိုယ်ကြောင့်ရထားတဲ့ ကလေးကိုမလိုချင်တဲ့ ကျနော်အဖေကိုတော့ စိတ်နာတယ်တဲ့၊ အဲဒီအချိန်မှာ ကိုယ်ဝန်ကြီးနဲ့ မလုပ်နိုင်မကိုင်နိုင်တော့ တဲ့မေမေကို မိဘအိမ်ပြန်ပြီး တော့ ကလေးမွေးခိုင်းကြသတဲ့။

ကျနော်အမေကလည်း မောင်၂ယောက်၊ အကိုတယောက် နဲ့ ဆိုတော့ အိမ်ပြန်ရမှာ ရှက်တာပေါ့၊ ဒါပေမဲ့ နောက်ဆုံးတော့လည်း အမေရဲ့အဖေ ဘဘ၀၀ကြီး ကိုလာခေါ်ခိုင်းပြီးတော့ လားရိူးကို ကလေးမွေးဘို့ ပြန်သွားတယ်တဲ့။

 မေမေ အဖေဘဘကြီးက ရခိုင်ကြီးက တအားသဘောကောင်းတယ်၊ မေမေ ကပြောတာတော့ သူအဖေနဲ့ အတူ လာရှိုးကိုသွားတဲ့ ရထားပေါ်မှာ ဒီယောက်ကျားနဲ့ မပေါင်းတော့ဘူးဆိုပြိးတော့ ဆုံးဖြတ်ထား ပြီးသားတဲ့ လားရှိုးမှာဘဲ နေတော့မယ် ဆိုပြီး ဆုံးဖြတ်ထားတာတဲ့၊ တကယ်ကတော့ ကျနော် မေမေ ကလည်းခေသူတော့ မဟုတ်ပါဘူး။

ရုပ်ကလည်း တော်တော်ချောတယ်၊ ပြီ:တော့ အရင်တုန်းက ABM အခု အထက ၁၃ ဖြစ်တဲ့ အင်္ဂလိပ် ကျောင်းထွက်၊ ABM ကျောင်းမှာမေမေနဲ့ အတူတက်ခဲ့တဲ့ ကျောင်းနေဘက် တွေက ပြောကြတာတော့ မေမေက ကျောင်းမှာ Queen တဲ့၊ နောက်ပြီး မေမေရဲ့ အဖေ ရခိုင်ဘဘကြီး တို့ကလည်း မန္တလေး မှာ သူဌေးတွေလို့ ပြောတာဘဲ။


ဘဘကြီၤးကလည်း ရန်ကုန်တက္ကသိုလ် မှာ IA အောင်တဲ့အထိ ကျောင်းတက် ခဲ့သေးတယ် (ဦးနု တို့ ဥိးသိန်းဖေမြင့် တို့နဲ့ တဆောင်ထဲပေါ့) ၊ ဒါပေမဲ့ သူတို့ ခေတ် အချစ်ရေးပြသာနာ (နိုင်ငံရေးမဟုတ်) ကြောင့် ကျောင်းပြီး ဆုံးအောင် မတက်တော့ဘဲ အင်္ဂလိပ်ပိုင် ဧရာဝတီ သဘောၤလိုင်းမှာ သဘောၤ ကိုယ်စားလှယ် ဝင်လုပ်ခဲ့ပါတယ်၊ အဲဒီခေတ်က သဘောၤကိုယ်စားလည်ဟာ လခ၁ထောင်ကျော် ရပါတယ်။

အစားအသောက်အတွက်လည်း India က ပို့ပေးတဲ့စားနပ်ရိက္ခာ အခြောက် အခြမ်းတွေကို အင်္ဂလိပ် လူမျိုးအရာရှိတွေနဲ့ အတူတူ ခံစားခွင့်ရပါတယ်။

မိသားစုထမင်းစားတဲ့ အခါ ကုလား လူမျိုး စားပွဲထိုးတွေက အကုန်လုပ်ပေးပါတယ်၊ ငွေဇွန်းငွေခရင်း တွေနဲ့ စားရပါတယ်၊ ထမင်းစားခါနီး ရင် ထမင်းပုဂံ တွေကို ရေနွေးနဲ့ ပြုတ်ပြီး မှ ခြောက်အောင်ပြန်သုတ်ရပါတယ်၊ အဲဒီထမင်းပုဂံတွေ ပူနေမှ ထမင်းစားပါတယ်တဲ့၊ ဒါကမေမေ ငယ်ငယ်က နေခဲ့တဲ့ အဆင့်အတန်းပါ။

မေမေတို့မောင်နုမ ၃ ယောက်ကို မန္တလေး ABM ကွန့်ဘင် ကျောင်းမှာ ထားခဲ့ပါတယ်၊ တလတခါ မေမေကြီး ဒေါ်သိန်းသိန်း တို့ လာတွေ့တဲ့ အခါမှာ ယုူလာတဲ့ မုန့်ပုံးတွေ၊ အသီးအနုံ တွေ၊ ဆီသွပ်ဗူး တွေ ဟာ ဆရာဆရာမတွေ သူငယ်ချင်းတွေ နဲ့အတူ စားတာတောင် နောက်တခါလာတဲ့အထိ စားမကုန်ပါဘူးတဲ့၊ ကျနော်တို့ ငယ်ငယ်က ရှားရှားပါးပါး စားရတဲ့အခါ မှာ မေမေ က ပြန်ပြောပြလေ့ ရှိပါတယ်။


အဲဒီလို အခြေအနေ နဲ့ နေလာခဲ့ တဲ့ မေမေ တို့မိသားစုဟာ ကျနော်မေမေ ယောက်ကျားနောက် လိုက်ပြေးတဲ့ အချိန်မှာ တော့ ဘာမှမရှိတော့ပါဘူး၊ သားသမီး တွေက လုပ်ကျွေးနေရ တဲ့အချိန်တွေ ရောက်နေပါပြီ၊ ကျနော်မေမေက BPI မြန်မာဆေးပါးထုတ်လုပ်ရေးစက်ရုံ မှာအလုပ်ဝင်နေတဲ့ အချိန်ရောက်နေပါပြီ။

မေမေတို့မိသားစုဟာ ရန်ကုန်တက္ကသိုလ် အနားမှာ ရှိတဲ့ စံရိပ်ငြိမ် ဆိုတဲ့ ရပ်ကွက်ကလေး ထဲမှာ အိမ်တလုံးငှားပြီး ကျောင်းသားတွေကို ထမင်းလခပေးကျွေး ပြီး နေရတဲ့ အခြေအနေရောက်သွားပါပြီ၊ ကျနော်မေမေ ယောက်ကျားယူုသွားပြီး တဲ့နောက်မှာတော့ တမိသားစုလုံး စိတ်ညစ်ပြီး မေမေကြီးက ကုန်သွယ်ရေးမှာ အလုပ်ဝင်၊ ဘဘကြီးက ကျောင်းဆရာဝင်လုပ်ပြီး လားရှိုးမြို့ကိုမိသားစုလိုက် ပြောင်းသွားကြပါတယ်။


လားရှိုးမှာ အဆိုတော် ဂျင်မီဂျက် (လားရှိုးသိန်းအောင်) ရဲ့အဖေနဲ့ အတူတူကျောင်းဆရာ လုပ်ပြီး၊ မေမေကြီးနဲ့ မေမေ မောင်ဥိးဦးညီလေး တို့ကကုန်သွယ်ရေးမှာအလုပ်ဝင်ပြီး အေးအေး ဆေးဆေး နေနေကြတာပေါ့၊ မေမေ ရောက်သွားတော့ အားလုံးကနွေးနွေးထွေးထွေး ကြိုဆိုကြပြီး ဂရုစိုက် ခဲ့ကြပါတယ်၊ မေမေလည်းပျော်နေ တာပေါ့။


နောက်မွေးခါနိး ၂လလောက်နေမှ ဖေဖေကပြန်ခေါ်ခိုင်းတယ်၊ ဘဘကြီး ကအဲဒီကြမှ လားရှိုးလိုက်ပြီး ပြန်လာခေါ်တယ်၊ မေမေလည်းပြန်ပါသွားတာပေါ့၊ ဟိုရောက်တော့ ဘဘကြီးက မေမေကိုပုန်းခိုင်းထားပြီး ဖေဖေပြန်လာတဲ့အချိန်မှာ ခေါ်လို့မရခဲ့ဘူးလို့ ပြောတော့ ဖေဖေကြီး ငိုင်ကြသွားတာပေါ့ ၊ မေမေဘဝရဲ့ ရှားရှားပါးပါး ပျားရည်စက်တွေပေါ့။


ကျန်တဲ့ အချိန်တွေမှာတော့ မေမေဟာ တအိမ်လုံးစာချက်ရတယ်၊ အဝတ်တွေလျှော်ရတယ်၊ မေမေ အဝတ်လျှော် တဲ့ ရေဘုံဘိုင်က ကျနော်တို့နေတဲ့ service quarter နားလေးမှာပေါ့ ခြံစီးရိုးနားလေးက နောက် တံခါးပေါက်နားလေးမှာ၊ ကျနော် ဦးလေးအလပ် (ဦးဦးညီလေးနဲ့) ကျနော့်ဦးလေးအငယ် မေမေ မောင်အငယ်ဆုံး ဦးဦးတွတ်တွတ် (ပန်းချီတွတ်တွတ်/ ကဲသာ) တို့က မန်းလေး လာရင် သူတို့သူငယ်ချင်း (နဂါးဒေါ်ဦး သမီး ခင်ချိုဦး (ကိုမြင့်အောင်))တို့ အဖွဲ့ တွေ နဲ့ အတူလာ လမ်းပေါ်ကနေ ရပ်ကြည့်ပြီး တရက်ကြတော့ မေမေအဝတ်လျှော်တဲ့ အနားလာပြီး ပုန်းကြီးကိုမှောက်သွားတာတဲ့။

ကျနော်တော့ ဒါတွေကို နားထောင်ရတာနဲ့ ကိုအရမ်းဝမ်းနဲတာဘဲ။ မေမေကိုလည်း အားမရဘူး ဘာလို့များမိသားစုကို စွန့်ခွာပြီး ယောက်ကျားယူ ရလည်းပေါ့၊ ကျနော်သာဆိုရင် မိသားစုကို ဒီလိုမျိုး ဘယ်တော့မှ မစွန့်ခွာဘူးလို့ ထင်မိ ပါတယ်၊

.

3 comments:

ဂ်ဴနို said...

တခါတလေမှာ ချွေးမနဲ့ ယောက္ခမ ဆက်ဆံရေးက သိတ်ကို နားလည်ရ ခက်တယ်။

တချို့ယောက္ခမ တွေက သူတို့ကိုယ်တိုင် မိန်းမ ဖြစ်နေပါရဲ့နဲ့ ကိုယ်ချင်းစာမှု သိတ်နည်းကြတယ်။ တချို့ဆို သူတို့ ကိုယ်တိုင် ရက်ရက် စက်စက် ခံခဲ့ရတာတောင် ကိုယ် ယောက္ခဖြစ်တော့ ရက်စက်တတ်ကြ ပြန်ရော။

မအယ်အထင်တော့ စိတ်ရောဂါ ရှိတဲ့ ယောက္ခမတွေက ချွေးမတွေပေါ် မိုက်ရိုင်းကြတယ်ထင်တယ်။:)))

ရွှေဇင်ဥက အမျိုးသားလား အမျိုးသမီးလား မသိ၊ မအယ်ကတော့ မိန်းမမို့ စိတ်ပုတ်တဲ့ ယောက္ခမဆို ဘယ်သူ့ ယောက္ခမ ဖြစ်ဖြစ် လုံးဝ ကြည့်မရ ။

မအယ်

Thet Oo said...

ရွှေဇင်ဦး ဟာ ကျနော် ကျနော် လို့ ပြောတတ်တဲ့ မန္တလေးသူ လို့ ထင်ရတာပဲ။

အင်ကြင်းသန့် said...

ရုံးမှာ ဂျာဂျာကြီးမရှိတုန်း စာဖတ်ချင်တာနဲ့ မမရွှေစင်ရဲ့ပိုစ့်ဟောင်းတွေ လာမွှေတာ...ဟီးးး

ဆက်ဖတ်လိုက်ဦးမယ်
ချစ်ညီမလေး