အဖိုး အဖွားတွေရဲ့မြေးတွေကို ချစ်တဲ့ အကြောင်းရေးထားတဲ့ စာအုပ်တွေကို ဖတ်တဲ့အခါ၊ ပြောကြတဲ့ အခါ ကျနော်လဲ ကျနော်အဖိုး အကြောင်းကို ပြောချင်တဲ့ စိတ်တွေဖြစ်လာတယ်ဗျာ၊ ကျနော် အဖိုး က ကျနော်ကို ချစ်တယ်၊ ကျနော်ကလည်း အဖိုးကို ချစ်တယ်ဆိုတာ ကျနော်သိတာ ကျနော်အဖိုးမရှိတော့မှ ဗျ၊
နောက်ပြီး တစိမ့်စိမ့်တွေးပြီးမှ ငါ့အဖိုးငါ့ကို ချစ်ခဲ့တာဘဲ ဆိုတာ သိလာခဲ့တဲ့အဖြစ်ပါ၊ ရုပ်ရှင်ထဲက လိုဆိုရင် slow motion နဲ့ပေါ့၊ ဒီအသက်အရွယ် ရောက်မှတော့ ဘယ်သူချစ်တာကမှအရေးမပါတော့ပါဘူး နေတတ်ဘို့နဲ့ သေတတ်ဖို့ဘဲ အရေးကြီးတာပါ၊ ဒါပေမဲ့လည်း ကျနော်စာရေးမယ် ဆိုတော့ ကျနော် အဖိုး အကြောင်းလေး အရင်ဆုံး ရေးလိုက်ချင်တယ်ဗျာ၊ ဘာကြောင့် မှတော့ မဟုတ်ဘူး အဖိုးကို ကျနော်ချစ်လို့ ဘဲ ဆိုပါတော့။
ကျနော်အဖိုးက တရုပ်ကြီးဗျ၊ အဖေတရုပ် အမေဗမာ (နန်းတွင်းအပျိုတော် လို့တော့ပြောတာဘဲ) ဒါပေမဲ့ ကျနော်တို့ ဗမာမတွေထုံးစံအတိုင်း လူမျိုးခြားနဲ့ ယူပြီးရင် ကိုယ့်ဗမာရုပ်ပျောက် လူမျိုးခြားရုပ်ထွက်လာ တတ်တာမို့ ကျနော်အဖိုးကလည်း တရုပ်အစစ်ကြီးတယောက် အတိုင်းပါဘဲ၊ အဖိုးတို့ က မောင်နှမ နှစ်ယောက်ရှိတာ အဖိုးရဲ့ အမကြီး ကျနော်တို့ အဖေများခေါ်တဲ့ အတိုင်း ကျနော်တို့ကတော့အရီးလို့ ခေါ်တာ အဲ့ဒီ အရီးကလည်း တရုပ်ကြီးနဲ့ဘဲ ပြန်ရတာဆိုတော့ ကျနော့် အဖိုးဘက်က အမျိုးတွေက တရုပ်တွေ များတာပေါ့နော်၊ ကြုံတုံးမလို့ ပြောလိုက်ရအုန်းမယ် အဲဒီ့ အရီးကမွေးတဲ့ သားတယောက် (အဖေရဲ့ ညီဝမ်းကွဲတယောက်) ကဟိုအရင်တုန်းက ဗမာပြည်မှာ ခောတ်စားခဲ့တဲ့ ဗစ်တာ သကြားလုံး စက်ပိုင်ရှင်ပေါ့ဗျာ။
ကျနော်ပြောချင်တာက ဒီခေတ်မှာမှ တခြားနိုင်ငံတွေကို သွားအလုပ်လုပ် ကြတဲ့ ဗမာလူမျိုးတွေများတာဗျ အဲဒီခေတ်က ကျနော့်ဥိးလေးက စက်ရုံမှာ ဂျာမဏီနိုင်ငံက ပညာရှင်တွေကိုခေါ်ခိုင်းထားတာဗျ၊ ကျနော်တို့ ဗမာလူမျိုးတွေက အစဉ်အဆက် ညံခဲ့ကြတာတော့ မဟုတ်ပါဘူး၊ ကျနော်တို့ခေတ်လည်း ရှိခဲ့ဘူးပါတယ်-ရှိခဲ့ဘူးပါတယ်ပေါ့ဗျာ။
အဲဒီအဖိုးက ဟိုတုန်းက ၁၀တန်းအောင်ပြီး ဆပ်ကျောင်းဆိုတဲ့ ရဲကျောင်းတက်ပြီး ရဲဝန်ထမ်း ဖြစ်လာတယ်ဆိုပါတော့ဗျာ၊ မိန်းမလည်း အတော်ပွေဆိုဘဲ၊ နောက်တော့ ပခုက္ကူမှာ တာဝန်ကြတော့ သူ့အမကြီး ကလည်း မိန်းမ ယူစေချင်တော့ ပခုက္ကူ ကလည်း မိန်းမချောအတော်ပေါဆိုဘဲ၊ (ကျနော် အဖွား ၂ယောက် ကပြောတာပေါ့ဗျာ) သူတို့က ပခုက္ကူ သူတွေကိုး၊ အဖွားတယောက်က ညိုချော (အခု အဖိုးရဲ့ ဇနီးမေမေကြီး ဒေါ်တင့်တင့်)၊ နောက်အဖွားတယောက်က ဖြူချော(အမေရဲ့အမေ မေမေကြီး ဒေါ်သိန်းသိန်း) ပေါ့၊ သူတို့က အမျိုးလည်း မကင်း ကြပါဘူး၊ ဖြူချော အဖွားအပြောအရတော့ ကျနော့် အဖိုးက သူ့ကိုအရင်ပိုးသေးတာတဲ့ နောက်မှ မရလို့ တင့်တင့် နဲ့ရသွားတာတဲ့။
မေမေကြီးဒေါ်တင့်တင့် ပြောတာကတော့ သူကလည်း မကြိုက်ဘူးတဲ့ မိဘတွေနဲ့ ဇာတာတွေ ဘာတွေပြောင်းပြီး ညာယူတာလို့ ပြောတာဘဲ၊ အဖွားကနာမည်ရင်း (ဇာတာနံမည်က ဒေါ်ရွှေစင်တဲ့) ဗုဒ္ဒဟူး သမီး ၊ အဖိုးက တနာင်္ဂနွေသား ဆိုတော့ သူတို့နှစ်ယောက်ကဗေဒင် အရဆိုရင်တော့ မတည့် ဘူးပေါ့ဗျာ၊ အဲ့ဒီတော့ အဖိုးက ဇာတာအသစ် (စနေသား) အဖြစ်ပြောင်းပြီ်း အဖွားကို ရအောင် ယူထားတာပေါ့လေ၊ သူတို့ ကတော့ အဖိုးကို မချစ်ဘူးပေါ့၊ ဟုတ်ချင်လည်းဟုတ်မှာဘဲ၊ ကျနော်သိတတ် တဲ့ အချိန်ကစပြီးတော့ အဖိုးနဲ့အဖွား က စကားမပြောကြတော့ဘူး၊ နောက်ပြီး အဖိုးကလည်း ဘုန်းကြီး ဝတ်သွားပြီ။
ကျနော်အဖိုး ဘုန်းကြီးဝတ်တယ် ဆိုတာ အဖေတို့မောင်နှမတွေ အကုန်ဘွဲ့ရပြီး အလုပ်အကိုင်တွေနဲ့ အခြေတကြ ဖြစ်မှ၊ အဖိုးကိုယ်တိုင်လည်း ရဲဝန်ထောက် ဘဝနဲ့ အစိုးရအလုပ်က ပင်စင်ယူပြီးမှ အိမ်သား တွေနေဘို့ အိမ်တွေ ဘာတွေဝယ် ပေးပြီးမှ ဝတ်သွားတာပါ.။ အိမ်တွေဘာတွေ ဝယ်တယ်ဆိုတော့ အဖိုးပင်စင် မယူခင်ကတော့ အစိုးရက ပေးတဲ့အိမ်တွေမှာ တစ်သက်လုံး နေခဲ့ကြတာကိုးဗျ။ ကြုံတုံးကြွား လိုက်ရ အုန်းမယ် ကျနော်ကို တောင် အစိုးရကပေးတဲ့အိမ်ရဲ့ နောက်မှာ ရှိတဲ့ service Quarter (အစေခံ တန်းလျား) မှာမွေးခဲ့တာပါ၊ အခုခေတ်မှာတော့ မြန်မာပြည်မှာ ပိုက်ဆံတွေပေးရတဲ့ ဆေးရုံကြီး တွေမှာ အပြိုင်အဆိုင် ဂုဏ်ယူပြီး မွေးနေကြ တာဆိုတော့..ကျနော် လည်း အခွင့် သင့်တုန်းလေး ကြွားရတာပါ..။
ကျနော်အဖေ ကလည်းခေသူတော့ မဟုတ်ဘူး၊ မောင်နှမလေးယောက်ထဲမှာ အရင်ဆုံးအိမ်ထောင်ကြ တာဆိုတော့ ကျနော်ကမြေးဦးပေါ့ဗျာ၊ ကျနော် အဖိုးအကြောင်းပြောရင်း ကျနော်အဖေအကြောင်းလည်း ပါတော့မှာပေါ့၊ ကျနော်အဖေတို့က မောင်နှမ လေးယောက်ရှိတာ၊ အဖေတယောက်ဘဲ ယောက်ကျားလေး ပါတာ၊ ဒုတိယမြောက်ပေါ့၊ အမကြီးရယ် ညီမ ၂ယောက်ရယ် ရှိတယ်။ အမအကြီးဆုံးက အဖေမိန်းမ ယူတော့ ဆေးကျောင်းတက်ဆဲပေါ့၊ သူ့မောင်ကိုလည်း သိပ်ချစ်တယ်၊ ဖေဖေ ၁၀ တန်းအောင်တော့ သူ့တို့ ခေတ်ကတော့ Top 40 ပေါ့ဗျာ (ဗမာတပြည်လုံး ထိပ်ဆုံး ၁၀၀ ထဲမှာပေါ့)၊ အဲဒီမှာ အဒေါ်က ဆေးကျောင်း တက်ခိုင်းတော့ “မမဖတ်နေတဲ့ စာအုပ်ကြီးတွေ ကြည်ြ့ပီးတော့ ဆေးကျောင်း မတက်ချင်ဘူး” ဆို့ပြီး ရန်ကုန် RIT မှာကျောင်းသွားတက်တယ်။
ရန်ကုန် RIT မှာ ၁နှစ်တက်ရင်း (စာလည်း စိတ်မဝင်စား၊ ပုံလည်းမဆွဲတတ် နဲ့) အင်ဂျင်နီယာ ဘာသာ ဆိုတာ လက်သမားသာသာ ပါလားဆိုပြီး မိန်းမခိုး ပြေးပြီး မန္တလေး ပြန်ရောက် လာပါရောဗျာ။ သူအထင် ကြီးတာက scientist တွေဆိုပြီးတော့ မန္တလေး တက္ကသိုလ်မှာ ရူပဗေဒ အထူးပြုနဲ့ ကျောင်းပြန်တက် ပါတယ်။ တကယ်တော့ မိန်းမရလာတဲ့ ဖေဖေ ကိုဘယ်သူကမှ မကျေနပ်ကြပါဘူး၊ ကျနော်အမေ အပြော အရ ဆိုရင်တော့ မန်းလေးအိမ်ကို မေမေတို့ ၂ ယောက်စဝင်ကြတော့ ဖေဖေအမကြီး (ဒေါ်ကြီး လို့ဘဲ သုံးပါမည်) ကဖေဖေကို ဆီးရိုက်ပါတယ်တဲ့၊ နောက်တော့ ကျနော်ကိုမွေးတဲ့ service Quarter လေးမှာ နေရပါသတဲ့။
ဖေဖေ အပြောရဆိုရင်လည်း မမ (ဒေါ်ကြီး) နဲ့ တင့်တင့် (ဖေဖေတို့က အမေကို “အမ” (သို့ ) နံမည်အတိုင်းဘဲ တင့်တင့် ဟုခေါ်ကြသည်) သာမရှိရင် ငါလည်း တက္ကသိုလ်တက်ရမှာ မဟုတ်ဘူး၊ ရုံးစာရေးကြီး ဖြစ်နေမှာလို့ ပြောဘူးတယ်။ ထုံးစံအရ ဆိုရင်လည်း မိန်းမယူလာတဲ့ သားကို အလုပ်ရှာ ပေးပြီး မိန်းမ ကို လုပ်ကျွေးစေပေါ့၊ ဒါပေမဲ့ အမနဲ့ အမေ က သိပ်ချစ်တဲ့ မောင် နဲ့ သားဆိုတော့ မိန်းမ ကိုလည်း ကျွေးထားပြီး တက္ကသိုလ် ဒုတိယနှစ် မှာပြန်တက်ခိုင်းပါတယ်..။
ဖေဖေကတော့ အရင်ကတော့ အမေနဲ့အမ ကြောင့် ပညာသင်ခဲ့ရတာလို့ ပြောပြီး၊ အခုအသက်ကြီးတော့မှ တမျိုးပြောလာခဲ့ပြန်တယ် 'အဲဒီအချိန်တုန်းက အိမ်ထောင်ဦးစီးဟာ အဖိုးမဟုတ်လား၊ ငွေရှာခဲ့ရတာ အဖိုး မဟုတ်လား ၊ အဖိုးသာ ကျောင်းတကယ်မထားချင်ဘူး ဆိုရင် ဖေဖေ ဘယ်ကျောင်းတက် ရမှာလည်း' ဆိုပြီး ပြောလာတယ်၊ နောက်မှ တမျိုးပြောင်းလာတဲ့ အမြင်ပါ၊ တချိန်လုံး အဖိုးကိုတော့ သိပ်အကောင်း မြင်ခဲ့တာ မဟုတ်ပါဘူး။
ကျနော်လည်း အဲဒိအချိန်တုန်းက ဘာမှမသိတတ်သေးတဲ့ အရွယ် ဆိုတော့ ဘာမှကိုမသိပါဘူး၊ နဲနဲ သိတတ် လာမှ အားလုံးပြောကြတာကို ဆက်စပ်ကြည့်ရတာပေါ့၊ အဲ့ဒီအချိန်တုန်းက အဖိုးမှာ သားသမီး ၄ ယောက်၊ (အားလုံးသက်ဆိုင်ရာ တက္ကသိုလ်မှာ ထားပေးရသေးသည်) မွေးစားတူမ (မေမေကြီး ဒေါ်တင့်တင့်ရဲ့ တူမ) အန်တီအေး ကိုလည်းတက္ကသိုလ်ထားပေးရတယ်။ အန်တီအေး အဖေ (မေမေကြီး ရဲ့ခဲအိုကြီး) (သူတို့ကမြေပိုင်ရှင်သူဌေးတွေပါ) ကလည်းအိမ်မှာ ဘဲနေတာပါ။
မေမေကြီး နေမကောင်းတဲ့ အချိန်မှာ အန်တီအေးတို့ အမေ မေမေကြီး ရဲ့အမက လာပြု စုပေးရင်း နဲ့ ဆုံးသွား လို့ဆိုပြီး မေမေကြီးက အန်တီအေးတို့ မောင်နှမ ၃ ယောက်ကို တအားချစ်ပါတယ်။ တူအကြီး ဖြစ်တဲ့ အကို ဖြစ်သူ ဦးလေးဦးထင်ကျော် (မြန်မာပြည်ရဲချုပ်) force to retired ကိုလည်း အရမ်းချစ်တယ်။ တူမ အကြီးဆုံး ဖြစ်တဲ့ အန်တီနွဲ့ (မြင်းခြံ) ကတော့ အိမ်ထောင်ကျတာစောတဲ့အတွက် အဒေါ်နဲ့သိပ် မနေလိုက်ရ ၊ မေမေကြီးချစ်တာက သားသမီး အရင်းထက်တောင် ပိုတယ် လို့ ပြောကြပါတယ်။
ဘဘကြီးက အိမ်မှာတဦးတည်း သောပိုက်ဆံရှာသူ အားလုံးကိုကျောင်းထား ကျွေးမွေးထားရသည်။ ဘဘကြီး ကအဲဒီအချိန်မှာ ဘုရားအလုပ်တွေ အရမ်းလုပ်နေပြီ သတ်သတ်လွတ်လည်း ရာသက်ပန် စားနေပြီ၊ နောက်ပြီး မနက်တိုင်း ဆွမ်းခံကြွတဲ့ ဘုန်းကြီးတွေကို ပဲပြုတ် ၁ ပိသာ မှာ ဆီ ၁၀ သားထည့်၊ ဆန်တပြည်ချက်နဲ့ မနက်တိုင်း လှုတယ်တဲ့..၊ တပတ် ၂ ရက် လာတဲ့ သီလရှင်တွေကိုလည်း ဆန်အိပ်လိုက်ချ ပြီး ပြည်တောင်းနဲ့လှုတယ်..၊ မေမေကြီးကို ကျတော့ ဈေးသုံးဘို့ ပိုက်ဆံ တနေ့ ၅ ကျပ် ဘဲပေးတယ်တဲ့၊ မေမေကြီးက ဘယ်တော့မှမကျေနပ်၊ ဘဘကြီး စားတာက ပဲနဲ့ဟင်းသီးဟင်းရွက်၊ ခဲအိုကြီးက ကြက်သားနဲ ကြက်ဥကလွဲ လို့ ဘာမှမစား၊ ကျနော်မွေးတော့တောင် ကျနော်ကို သပ်သပ် လွတ်ဘဲ ကျွေးဘို့ တောင်းသေးတယ်လို့ ပြောတယ်..။
ဖေဖေက ဘယ်လက်ခံမှာလည်း၊ နောက်ပြီး ဘဘကြီးက ဘာအသားစားစား ဘာမှမပြောပေမဲ့ အမဲသား ကိုတော့ အိမ်သားအားလုံး နဲ့ ဆွေမျိုးများကို မစားရဘူးလို့ ပြောထားပါတယ်၊ ဒါပေမဲ့ ကျနော်သိသလောက် တော့ ကျနော်ဒေါ်ကြီး နဲ့ ကျနော်ကလွဲ လို့ အားလုံးစားကြပါတယ်။ အန်တီထွေး ရဲ့ယောက်ကျား ဦးလေး ဦးဘုန်းကျော် ဆိုရင် အမဲသားဒန်ပေါက်တွေ အမြဲတန်းဝယ်လာပြီး မီးဖိုတံခါးပိတ်ပြီး ဆိတ်သားဒန်ပေါက် ဆိုပြီး အမြဲတန်း စားတယ်..။
ကျနော်သိတတ်တဲ့အချိန် ကြတော့ ကျနော်အဖိုးက လူဝတ်နဲ့ မဟုတ်တော့ အိမ်မှာလည်း မနေတော့ ဘုရားကြီးအနီး အာသောကရာမကျောင်းတိုက်မှာနေသည်၊ ဘဘကြီး ကမနက်ဆို ၄ နာရီ ထလေ့ရှိတယ် ၊ ညကထဲက ဝယ်ထားတဲ့ မုန့်တွေ ကို ဘုရားဆွမ်းတော်ကပ်၊ မုန့်များမှာ အားလုံးအကောင်းစားမုန့် များဖြစ်ပါတယ်။ ဧလမုန့် ထိုးမုန့် အသီးဆိုလည်း ပေါ်ဦးပေါ်ဖျားအသီး များ သြဇာသီး၊ မာလကာသီး၊ ငှက်ပျောသီး များအမြဲတန်းဘုရားကပ်တယ် ၊ ၈ နာရီလောက်ဆို ဘုရားမှ စွန့်ပြီး အိမ်ကိုလာ။ ဘုန်းကြီးဆိုသော်လည်း ဘဘကြီးက ဆွမ်းခံမစား အိမ်မှာဘဲ အမြဲဆွမ်းဘုန်းပေးသည်၊ သပ်သပ်လွတ် မလို့လားတော့မသိ။
အိမ်ကိုလာတိုင်း ဘုရားဆွမ်းတော်စွန့်ပြီး မုန့် များကို ဟိုတုန်းက ယောက်ကျားကိုင်လက်ကိုင်ပုဝါ ကြီးဖြင့်ထုတ်လာပြီး၊ လွယ်အိတ်ထဲ ထည့်၍ ယူလာသည်။ ကျနော့် အဖိုးကို ဘုန်းကြီး ထီး ကြီးဆောင်းပြီး လွယ်အိတ်ဖောင်းဖောင်းကြီး လွယ် ပြီး လျှောက်လာတာ မြင်ရင် ကျနော် အရမ်း ကိုဘဲ ပျော်မိပါတယ်၊ အဲဒီမုန့် အားလုံးဟာ ကျနော်အတွက်ပေါ့၊ နောက်ပြီး ပိုက်ဆံအကြွေတွေကိုလည်း လက်ကိုင်ပုဝါနဲ့ဲ အမြဲတန်း ထုတ်ထားတယ်..၊ ဆွမ်းစားပြီး ပက်လက်ကုလားထိုင်မှာ ဘဘကြီး တရေးအိပ် တဲ့အချိန်က ကျနော်အတွက်တော့ မုန့်စားချိန်ပေါ့ ဘဘကြီး လက်ကိုင်ပုဝါထဲက အကြွေစေ့ များဟာ ကျနော့်မုန့်ဘိုး ဘဲပေါ့၊ တခြားမြေးတွေ ရှိပေမဲ့ ဘယ်သူမှ ကျနော်လောက် လူလားမမြောက်သေးဘူးဆိုတော့ ကျနော် ဘဲ ဗိုလ်ပေါ့၊
ကျနော်တို့ ငယ်ငယ် တုန်းက ကလေးတွေအီးအီးပါရင် အိမ်သာပေါ် မှာမပါရဘူး၊ အိမ်သာ ဘေး အပင်အောက်မှာ အိုးလေးနဲ့ ပါရတယ်၊ ကျနော်တို့ အိမ်ဝန်းကလည်း နဲနဲ ကျယ်ပါတယ်၊ ကျနော်တို့ အိုးက မန်ကျီးပင်ကြီး ရဲ့ အောက်ခြေမှာ ထားပါတယ်၊ ကျနော်က တနေ့တော့ အီးပါရင်းနဲ့ မန်းကျှီးစေ့ ကိုနှာခေါင်း ထဲထည့်လိုက် ထုတ်လိုက် လုပ်ပြိးဆော့နေရာက မန်ကျီးစေ့က နှာခေါင်းထဲမှာ ပိတ်သွား ပါတယ်၊ ချက်ခြင်း အရေးပေါ်ဆေးရုံ ပို့လိုက်ရပါတယ်၊ ကျနော်အဖိုးမှာ သင်ခန်းကြီး တကားကားနဲ့ တအား စိတ်ပူပြီး မန်းကျီးစေ့လည်း ထွက်သွားရော ကျနော်ကို ရိုက်လိုက်တာ ဆရာဝန် တွေ ဆွဲ ယူရတယ်လို့ မေမေ တို့ကပြောပြတယ်..ကျနော်က တော့ မှတ်မိသလိုလို...။

.
1 comment:
အမျိုးတော်ရမှာ ကြောက်တယ်ဗျာ
Post a Comment