Tuesday, September 25, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၆)

မောမောပန်းပန်းနှင့် အရသာရှိလှစွာ သောက်ရ၍ နို့ကုန်ခါနီးတွင် အတော်ကလေး အားရှိလာကာ နို့ ကို ဇိမ်နှင့် သောက်နေသော ဖြတ်စ၏ဦးခေါင်း ကို ဖန်ခွက်ဖြင့် လှမ်းချပြီး အလျင်အမြန် လည်မျိုကို တွန်းလှဲ၍ ယခင် နည်းအတိုင်း နှစ်ပါသွားဆက် ကြပြန်လေ၏။ ဤအကြိမ် ကား နောက်ဆုံး နှစ်ပါး သွားခြင်း ဖြစ်ပေ၏။ အကြောင်းမှာ မာဂရက် ၏ လက်ကိုင်သန်သန်နှင့်ဖန်ခွက်အထူကြီး ခွပ်ခနဲ ကွဲအောင် တအား ချလိုက် သော ဒဏ်သည် မောင်ဖြတ်စ၏ ဦးခေါင်းနှင့် မျက်နှာတစ်ခုလုံး ကုလား သင်္ကြန် ကျစေလေ၏။ ကို ဆက်ဖတ်ရန်..............

မိန်းမတို့မည်သည် သွေးထွက်သံယိုကို မမြင်လို၊ မကြည့်ရဲ ကြောက်ရွံ့ ထိတ်လန့်တတ်သည်။ သနားကြင်နာ စိတ် ပေါ်လာတတ်သည်။
ဤအတွင် နှစ်ပါသွားခန်းကိုရပ်၍ လွမ်းခန်းကို စရလေပြီ။
မာဂရက် သည် နီရဲသောအရောင်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် လက်နှစ်ဖက်ကို ဘရိတ်အုပ် လိုက်ကာ သွေးရည် လွှမ်းနေသော မောင်ဖြတ်စ၏ မျက်နှာကို ထိတ်လန့်စွာ ကြည့်နေမိလေ၏။
မောင်ဖြတ်စ ခမျာမှာ မသက်သာရှာလှပါ။ ၃ နာရီကျော်မျှ အတွင်းကြေအောင် ထုနှက်ထားသော ဒဏ် နှင့် နောက်ဆုံးပိတ် အားကုန်နှိပ်လိုက်သော ဖန်ခွက်ဒဏ်တို့ကြောင့် မချီမဆန့် ခံရတော့သည်။ ပြစ်မှား မိသော အချစ် တရားကြောင့် ခန္တီပါရမီလက်ကိုင်ထားခဲ့သော်လည်း ယခုမူ လွန်လွန်းလှတဲ့ဟာမ ဟု ကျွဲမြီးတိုချင် သလို ပင် ဖြစ်လာ၏။

သို့သော် ''ဒေါသကြီးသော မိန်းမအား သည်းခံနေခြင်းသည် အကောင်းဆုံးလက်တည်း'' ဟူသော သ ဘောတရား ကို နှလုံးမူ၍ လှုပ်ရှားတွန့်လိမ်ခြင်းကိုမျှ မပြုဘဲ မချိလွန်း၍ မူးမေ့နေသည့်ဟန်ဖြင့် စီး ကျနေ သောသွေး များ၏ ပူရှိန်းရှိန်းဒဏ်ကို ခံစားရင်း ခွေခွေကလေး မှိန်းနေလေ၏။
ယင်းသည့် အတွက်ကြောင့်ပင် မာဂရက်မှာ ဖြတ်စ၏ ကြက်ပြုတ် မျက်နှာကလေးကို တစိမ့်စိမ့်ကြည့် ရင်း ကရုဏာစိတ် များ တဖွားဖွားပေါ်ပေါက်လာကာ..
''ကိုဖြတ်စ... ကိုဖြတ်စ'' ဟု ပခုံးကို လှုပ်၍ တတွတ်တွတ်ခေါ်လေ၏။
မေ့ချင်ဟန်ပြုနေသောသူမှာ တော်တော်နှင့်သတိမရ၊ မာဂရက်၏ ကရုဏာကို နားထောင်လျက် ယုယ စွာ လှုပ်ကိုင်နေသော လက်ဖ၀ါးနု ပူပူနွေးနွေးကလေး၏ အရသာကို ခံစားကာ ဇာတ်လမ်းနောက်ပိုင်း အတွက် စဉ်းစား ရင်း မှိန်းခံနေလေ၏။

တဖြည်းဖြည်း ဒေါသမှ သောကသို့ ကူးပြောင်းလာသော မာဂရက်မှာ ပခုံးကို လှုပ်၍ လှုပ်၍ တတွတ်တွတ်ခေါ်နေရာ မှ ပရိဒေ၀ မီးတောက်လောင်လာကာ …
"ဟင် … ကိုဖြတ်စ ကိုဖြတ်စ၊ မာ လက်လွန် သွားပြီ ထင်ပါရဲ့နော်၊ ဖြစ်မှဖြစ်ရလေရှင်… " ဟု ငိုသံပါ လာလျက် မျက်ရည် များ တပေါက်ပေါက် ကျလာကာ ခါးကြားမှ လက်ကိုင်ပ၀ါကလေးကို ထုတ်ပြီး သွေးများကို သုတ်ပေးမိတော့လေ ၏။
ဤတွင် အမူကောင်းမင်းသားသည် မျက်လုံးဖွင့်လာကာ တနုံ့နုံ့လှုပ်ရှားရင်း မချိသော်လည်း အောင့်ခံ နိုင်သော အမူ အရာဖြင့် …
"ကိစ္စမရှိပါဘူး မာ… မာ့ကို သွေးတွေ ပေကုန်ပါ့မယ်… ဖယ်ပါမာ … " ဟု ကရုဏာသံနှင့် ပြောလေ၏။
"သိပ်များသွား သလားဟင်၊ မှန်းစမ်း… ဘယ်နေရာလဲ… မာ့သေတ္တာထဲမှာ ပရုတ်ဆီပါတယ်လေ၊ မာ လုပ်ပေး မယ်နော် "
ကြင်နာသောအသံနှင့် ယုယသော အပြုအစုမှာ မောင်ဖြတ်စအဖို့ အကြီးအကျယ် ဇိမ်ရှိလှသည်။ အထု အရိုက် ခံရသော ဒဏ်များပင် မေ့သွားချေပြီ။

မိန်းမတို့မည်သည် ဒေါသကြီးသလောက် ကရုဏာများတတ်၏။ မကြာမီ မောင်ဖြတ်စမှာ ကြင်နာသော နာ့စ်မလေး ၏ အပြုအစုအယုအယဖြင့် ဦးခေါင်းတွင် ပတ်တီးကလေး အဖွေးသားနှင့် ရှိနေချေပြီ။ မာဂရက်ကား ခုတင်တိုင် ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ သူ၏ဖြစ်အင်ကိုတွေး၍ တရှိုက်ရှိုက် ငိုကြွေးလေ တော့သည်။

ဖြတ်စမှာ ခုတင်ပေါ်မှထ၍ လမ်းလျှောက်ရင်း မာဂရက် ကို ကျေနပ်အောင် နှစ်သိမ့်ပြော ဆိုရန် တွေး တောရချေပြီ။ အဆင်သင့်ပင် လောင်းကုတ်အင်္ကျီထဲမှ ကိုကောင်း ၏ ဆေးတံနှင့် ဆေးဘူးမီးခြစ် တို့ကို တွေ့လေ၍ စုံထောက်ဦးစံရှား၏ စဉ်းစားခန်းဝင်သော စတိုင်မျိုးပေါ်ပေါက်သွားလေ၏။
သူ၏ မျက်တွင်းကျကျ မျက်ခုံးကလေး ရှုံ့ကာ ရှုံ့ကာ ဆေးအိုးကိုဖွာရင်း ခုတင်နံဘေး တွင် ခေါက်တုံ့ ခေါက်ပြန်လျှောက်လေ၏။ သုံးလေးခေါက်မျှ အသွားအပြန် လျှောက်မိလျှင် ရှိုက်ရှိုက်ငင်ငင် ၀မ်းနည်း ပက်လက် ငိုနေသော မာဂရက် ၏အနီး၌ ရပ်လိုက်ကာ …
"မောလှပြီ မာ … သိပ်မငိုပါနဲ့တော့၊ အကြောင်းအားလျော်စွာ ကံအတိုင်းဖြစ်ရပြီပဲ၊ မထူးတော့ပါဘူး။ ကံတရား ဘယ်သူ လွန်ဆန်လို့ရမလဲ။ ဒီကလည်း ညနေက ဖြစ်အင်ကြောင့် ရှက်လွန်းလို့ အိမ်ပေါ်က ဆင်းပြေးပြီး ညမှောင် မှ ပြန်လာခဲ့တာ။

အိမ်ရှေ့မီးလင်းနေ လို့ ရုတ်တရက် မလာဝံ့ဘဲ နောက်ဖေးပေါက် က အလစ်ချောင်း တက်မယ်အကြံ နဲ့ မှောင်ရိပ်ခိုနေတုန်း ဗြုံးဆို မာက သေတ္တာကလေး ဆွဲလာပြီး ကိုကို ဖြတ် စောစောလာတာ အဆင်သင့်ပဲဆိုပြီး ဆွဲခေါ်တော့ " မာဂရက်က ဖြတ်၍… "ကိုကိုဖြတ် ခေါ်တာ မဟုတ်ပါဘူးရှင့်။ ကိုကိုလတ် ခေါ်တာပါ။ ကျွန်မ ရည်းစား စစ်ဗိုလ် မင်းရဲလတ် မှတ် လို့၊ သူနဲ့ ကျွ့န်မ သမီးရည်းစားဖြစ်နေတာကြာလှပြီ။ ကျွန်မ မိဘများက သဘောမတူ လို့ ဒီကြည့်မြင် တိုင်ကို လာပို့ထားတာ။ အခုည လာခေါ်ဖို့ ချိန်းထားပစ်ခဲ့ တာ။ နောက်ဖေးပေါက်က မျှော်နေတုန်း ရှင်က သူဝတ်နေကျ စစ်လောင်းကုတ်ကြီးနဲ့ သူ့ဦးထုပ်မျိုးဆောင်း လာတော့ မှောင်ထဲက သူမှတ်လို့ရှင်ရဲ့။ ကိုကိုလတ်ဆိုတာကို ကိုကိုဖြတ်ရယ်လို့ ရှင့်နားပဲ ကြားတတ်တယ် "

မောင်ဖြတ်စသည် စိတ်ထဲမှ အနည်းငယ်ပြုံး၍ …
" အေးလေ … ခုတော့ ကိုကိုလတ်မဟုတ်တော့ဘူး၊ ကိုကိုဖြတ် ကိုကိုဖြတ်ပေါ့ …. "
"တော်စမ်းပါရှင်၊ ရှင်နာမည်ကြီးကို ကိုကိုဖြတ်လုပ်မနေစမ်းပါနဲ့။ ကိုကိုဖြတ်ရယ်လို့ ခေါ်ဖို့မပြောနဲ့ နားထဲ ကြား ရတာတောင် ဘယ်လိုမှ အဆင်မပြေဘူး "
" အေးလေ …. ခုတော့ ဟုတ်မယ်ပ၊ အကျင့်မရသေးလို့ပါ …။ နောက် ခေါ်နေကျသွားတော့ ကိုကိုဖြတ် ကိုကိုဖြတ် နဲ့ အဆင်ပြေသွားမှာပေါ့။ ဖြတ်နဲ့လတ်လည်း ဘာမှအကြောင်း မထူး ပါဘူး။ ဖြတ်(ဖျတ်) လတ်သည်ဆိုတဲ့ စကားလုံးမှာတောင် ဖြတ်က အရင်လာတာ၊ ဖြတ်ပြီးမှ လတ်ရတာပါ …."
မာဂရက် မှာ စိတ်မရှည်နိုင်တော့ဘဲ …
"တော်ပါရှင် … နာမယ်ချင်း နှိုင်းမနေစမ်းပါနဲ့၊ လူချင်းနည်းနည်းမှ တူတာမဟုတ်ဘူးရှင့်။

ဟိုက မျိုးချစ်စိတ်နဲ့ စစ်ဗိုလ်၊ ကာယဗလမှူး၊ မောင်ပျဉ်းမနားဘွဲ့ ရတဲ့လူရှင့်၊ ရှင့်လို … အလုပ်မရှိတဲ့ ၁၀၉၊ အရက်သမား၊ အလောင်းသမား၊ ဖာကျိုး မဟုတ်ဘူးရှင်ရဲ့။ ခုတော့ … ခုတော့ … လူမှားပြီ၊ ရှင့်ရောဂါတွေနဲ့။ အမယ်လေး … ကျွန်မ လူဖြစ်ရှုံးရပြီရှင်ရဲ့ " ဟုဆိုကာ ရှိုက်ကြီးတငင် ငိုကြွေးလေ၏။
မောင်ဖြတ်စ သည် သူ့အင်္ကျီအိတ်ထဲမှ စာရွက်ခေါက်ကလေးတစ်ခုကို အလျင်အမြန် ဆွဲထုတ်ကာ …
" ဟိုး … ဟိုး … ဒါအတွက်တော့ ဒီလောက်ပူမနေပါနဲ့။ ဟောဒီမှာ ကြည့်ပါ။ ပယ်နီစလင် တန်ခိုးကြောင့် ရောဂါတွေ အမြစ်ပြတ်တဲ့ အကြောင်းကို ဆရာဝန်ထောက်ခံစာရှိပါတယ်။ ရော့ … မယုံကြည့်ပါ၊ ဒီရောဂါ အတွက်တော့ မပူ စမ်းပါနဲ့ "
" တော်စမ်းပါ၊ ပြမနေစမ်းပါနဲ့၊ မကြည့်ချင်ပါဘူး …၊ ရှင့်စိတ်ထားနည်းနည်းမှ ကောင်းတာမဟုတ်ဘူး။ ကျွန်မ လူ မှားပြီး လိုက်လာမိတာ ကို ရှင် တမင်ဟန်ဆောင်ပြီးတော့ ကားပေါ်မှာ …. ကားပေါ်မှာ ကျွန်မကို ဗိုလ် မင်းရဲလတ် ဆိုရင် ဒီလို တစ်ခါမှ … " " အို ..၊ ဒါတော့ အပြစ်တင်ရင်လည်း ခံရမှာပဲ။ အခွင့်အရေးရတုန်း မရွယ် ဘဲ စော်ကဲမင်းဖြစ်အောင် လုပ်ရ တာ၊ မာဂရက်ကို မြင်မြင်ချင်းတကယ့်မေတ္တာစစ်နဲ့ ချစ်မိလို့ စာတောင်ပေးတယ် မဟုတ်လား " " ရှင့်စာကို ကျွန်မဖတ်သလား …၊ အလေးပြုသလား "

" မဖတ်မှန်း အလေးမပြုမှန်းသိလို့ပဲ အခွင့်ကောင်းကြုံတုန်း လက်မလွတ်အောင် ယူလိုက်ရတာ …၊ ဒီကိစ္စ ကတော့ လူတို့ မတွေးမထင်နိုင်လောက်အောင် ထူးထူးဆန်းဆန်း ဖူးစာရေးနတ်က ကြံဖန်ပြီး ဂဟေဆက်ပေး တာ မချစ်ချင် မနေရ … "
" အံမယ် …၊ ဒီကိစ္စကြောင့်များ ရှင့်ကို ဇွတ်မှိတ်ပြီး ချစ်မယ်မှတ်သလား၊ ဝေးပါသေးရဲ့၊ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ် သိရဲ့လား။ ရှင့် ကိုယ်ရှင် ဟန်လှပြီ အောက်မေ့မနေနဲ့ "
" အမယ်လေး … ကိုယ့်ကိုယ်ကိုယ်တော့ သတ်မသေလိုက်ပါနဲ့ဗျာ …၊
အဖန်ငါးရာ ငါးကမ္ဘာတဲ့ …၊ ဒီလောက်ပဲ ကိုကိုဖြတ်အပေါ်မှာ "
" အလိုလေးတော် … ရှင့်ကိုယ်ရှင် ကိုကိုဖြတ် လုပ်မနေစမ်းပါနဲ့၊ ဒီနာမယ်ကြီး ကြားရပြင်းကပ်လွန်းလို့ပါ "
" ဒါဖြင့် ကိုကိုစ "
မာဂရက်သည် နားကိုပိတ်ကာ …
" အမယ်လေး … လုပ်ပြန်ပါပြီ၊ ဒါလည်း မထူးပါဘူး "
" အေးလေ … ခေါ်နေမကျ အကျင့်မရှိသေးတော့ နောက်တော့သာ "
" အမယ်လေး … ဘယ်တော့မှလည်း ခေါ်နေကျ အကျင့်ရမှာ မဟုတ်ဘူး၊ တော်စမ်းပါတော့" ဟု ဆွဲဆွဲငင် ငင် ပြော လိုက်၏။

" ကဲ … ဒါဖြင့် ကျွန်တော် မောင်ဖြတ်စရဲ့အပေါ်မှာ ဘယ်အတွက်ကြောင့် ဒါလောက် ခါးခါး သီးသီး ဖြစ်နေတော်မူတာလဲ ခင်ဗျာ … အမိန့်ရှိပါဦး "
" အလိုလေးတော် … ဒါများ မေးနေရသေးလား၊ ရှင့်အကျင့်စာရိတ္တ ဘယ်လောက်များ ဆိုးဝါးနေသလဲ၊ ကိုယ့် ဟာ ကိုယ် စိစစ်ကြည့်ပါလား "
" ဘယ်လိုများ ဆိုးဝါးနေလို့လဲဗျာ …၊ ပြောစမ်းပါဦး၊ ဟုတ်တာ ၀န်ခံပါ့မယ် " ဟု ခြောက်ပစ်ကင်းမျက်နှာ ကလေးနှင့် ပြောလိုက်၏။
မာဂရက်မှာ မျက်လုံးပြူးကာ …
" အလိုလေး … လာလာချေသေးရဲ့တော်၊ ကဲ … ရှင် … အရက်မသောက်တတ်ဘူးလား "
" အံမယ်လေး၊ ဒါများ မေးနေရသေးလားဗျာ …၊ သောက်တတ်ပါတယ် ခင်ဗျ၊ သောက်တယ်မှ အမိနို့ရည်ကဲ့ သို့ နှစ်သက်ပါတယ် "
" ရှင် မိန်းမရော မလိုက်စားဘူးလား "

" လိုက်စားပါသော်သောဗျာ၊ မယုံ ဒီမှာကြည့်ပါတော့ " ဟု ဆိုကာ လည်ပင်းရှိ ပုလဲညိုလုံးကလေး များနှင့် တူသော စီရရီ ကြပ်အသီးကလေးများကို လက်ဖြင့် အသာပွတ်ပြရင်း " ခုတော့ … ဒီရောဂါတွေ ပင်နီစလင် သတ္တိကြောင့် အမြစ်ပြတ်သွားပါပြီ "
" နို့ပြီး ရှင် လောင်းကစားခြင်းကော မပြုဘူးလား "
" ဒါတော့ဗျာ … ပိုက်ဆံရှိတဲ့အခါ မြင်းပွဲ၊ ဖဲဝိုင်းသွားပြီး အပွကြံတာပဲ "
" ကဲ …. ဒါဖြင့် ရှင့်အကျင့်စာရိတ္တ ဟာ ဘယ်မှာကောင်းကွက်တစ်ချက်ရှိသေးလို့လဲ …။ အဆိုးဟူသမျှ ရှင့် ချည့် စုနေတာပေါ့ …၊ ဒီထက် ဆိုးတာများ ရှိသေးရဲကလားလို့ "
ဖြတ်စသည် မျက်ခုံးကို အံ့သြသလို ပင့်ချီကာ …
" အလို …၊ ဒါလေးနဲ့များ အကျင့်ဆိုးတယ် …၊ မကောင်းဘူးလို့များ ဆိုနိုင်သလားဗျာ၊ ကျုပ် အရက်သောက် တယ်၊ ပိုက်ဆံ့ ရှာစားတဲ့ အလိုတူ မိန်းမကို ပိုက်ဆံပေးပျော်ပါးတယ်၊ မိကောင်းဖခင်သားသမီးတွေ မဖျက် ဆီးဘူး…။

တချို့ ဂုဏ်သရေရှိ လူကြီးလူကောင်းအမည်ခံ နှုတ်ခမ်းမွှေးကားကားကြီးတွေ သာ ဆင်းရဲတဲ့ ကလေးမလေးတွေ ကို ပိုက်ဆံပေး ဖျက်ဆီးတာ၊ နို့ပြီး ကျုပ်လောင်းကစားတယ် …။ ကိုယ့်ငွေ ကိုယ် ရင်းပြီး ငွေတိုးအောင် အရှုံးအနိုင် စွန့်တာ၊ သူများပစ္စည်း လိမ်ယူကာ မဟုတ်ဘူး၊ ညာယူတာ မဟုတ်ဘူး၊ ဆင်းရဲသားတွေ ကို သွေးစုပ်နေတဲ့၊ သူတို့ကိုယ်သူတို့ ဓနရှင် ထင်နေတဲ့ လူတွေလောက် မဆိုးပါဘူး "
" ကျုပ်ဝါသနာ အတိုင်း ကျုပ်လုပ်တာတွေမှာ မတရားတာ တစ်ချက်မှ မရှိဘူး၊ ကိုယ်ကောင်းကိုယ်စံ၊ ကိုယ်မ ကောင်း ကိုယ်ခံ၊ ဘယ်သူမှ အနှောင့်အယှက် ဒုက္ခမဖြစ်ဘူး၊ တတ်နိုင်ရင် ကိုယ်ကသာ ကူညီတယ် …။ လောကကြီး မှာ လူတစ်ဖက်သား သို့မဟုတ် သတ္တ၀ါတစ်ခုခုကို သူစိတ်မတူ ကိုယ်မပါဘဲ တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက် ၍သော်လည်းကောင်း၊ သူနစ်နာအောင် သို့မဟုတ် စိတ်ထိခိုက်အောင် မလုပ်လေသမျှ အပြစ်မရှိဘူး လို့ ကျုပ်ယူဆတယ် "

သူ့ဘာသာသူ လောင်းကစားတယ် …၊ လိုက်စားတယ် …၊ သောက်တယ် …၊ နာမည်ဆိုး သူခံတယ်၊ သူ အနစ်နာ ခံတယ်၊ စဉ်းစားဥာဏ်ကျယ်ကျယ်နဲ့ ကြည့်ရင် ဒီလိုလူမျိုးကို ဘာအပြစ်ဆိုစရာရှိလဲ။ မသောက်ဘူး၊ မလောင်းဘူး၊ မလိုက်စားဘူးဆိုတဲ့ ဟိတ်ဟန်ထုတ် အမူအရာပြပြီး တစ်ဖက်သားတွေ ဒုက္ခ အမျိုးမျိုးရောက် အောင် ပြုမူနေကြတဲ့ အဆိုးမဆိုပါနဲ့၊ အပြစ်မမြင်တိုင်းလည်း အကောင်း မထင်ပါ နဲ့၊ ကောင်းရာမှဆိုး ဆိုးရာမှ ကောင်းတဲ့သဘာဝတွေ၊ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဘုရားဖြစ်တော်စဉ် မှာလည်း ကြည့် ပါဦး "
မာဂရက်မှာ နားငြီးလာကာ …
" တော်စမ်းပါ၊ ရှင် စကားရေးကြွယ်မနေစမ်းပါနဲပ၊ ရှင် ကျွန်မကို အခု နစ်နာအောင် လုပ်လိုက်ပြီ မဟုတ်လား "
" အလို … ဒါတော့ နစ်နာစေလိုတဲ့စိတ်ဓာတ် တစ်စေ့ကလေးမှ မရှိပါဘူး။ ဖျားစူးရပါစေရဲ့ …၊ ကိုယ်တကယ် ချစ်လို့ တကယ်ပေါင်းမယ် အဓိဋ္ဌာန်ချပြီးသားပါ "
" ရှင် ပေါင်းမယ်ဆိုပေမယ့် ကျွန်မက မပေါင်းနိုင်ဘူးရှင်ရဲ့၊ ရှင် ဒီလို အကျင့်ဆိုးတွေ ရှိနေတာ ရှေ့လျှောက် ဘယ်လိုလုပ် လူတစ်လုံး သူတစ်လုံး လုပ်မလဲ "

" အလိုလေး၊ ဒီအတွက်တော့ မပူပါနဲ့ဗျာ၊ ဟောဒီ မာဂရက်ကလေးနဲ့သာ ပေါင်းရရင်လေ …၊ မာ့စကားကို နားထောင်ပါမယ်.. မာ မကြိုက်တာ မဟုတ်ပါဘူး မာ၊ ထားရာနေပါမယ်၊ မာမကြိုက်တာလုပ်ရင်လေ … ခုနလို လည်ပင်းတွန်းလှဲပြီး ထုပါ ရိုက်ပါ၊ မာ ဆုံးမသမျှ ကျွန်တော် ခံပါ့မယ် …၊ ဟိုတုန်းက မိဘစကား နားမထောင်ခဲ့ သမျှ ဟောဒီ ချောနှမကလေးနဲ့ ကျကာ မှ အကျွတ်တရားယူပါတော့မယ် …၊ မာကသာ ခုအခြေကျမှ ငြင်းလိုက်ရင်တော့ အရင်က ထက်ပိုပြီး တေပေနေဦးမှာပဲ၊ စဉ်းစားပါ မာရယ် …၊ လူကောင်း တစ်ဦးကို မကောင်းတာလုပ်ဖို့ လွယ်သလို၊ လူကောင်းတစ်ယောက်ကို အကောင်းဖြစ်နေစေတာလည်း အကြောင်းမထူးပါဘူး …။ မကောင်းဖြစ်နေတဲ့ လူကိုသာ အကောင်းဖြစ်အောင် လုပ်ဖို့က ခဲယဉ်းပါတယ် …၊ ဘုရား ကိုယ်တော်တိုင်မှပဲ မကောင်းဖြစ်နေတဲ့ သတ္တ၀ါ တွေ၊ မိုက်မှားနေတဲ့ ဝေနေယျတွေကို အကောင်းဖြစ်အောင် လုပ် ဖို့ တမင်သက်သက် သူ့ကိုယ်သူ အနစ်နာ ခံပြီးတော့ ခဲခဲယဉ်းယဉ်း ကြိုးစား လာခဲ့ရတာ … "

မာဂရက်က ဖြတ်၍ " ဟေဟေ့ … တယ်ဆိုတဲ့စာပါလား၊ သူကောင်းဖို့ပဲ လူများက အနစ်နာခံပြီးတော့ … ဟီဟိ …" ဟု ရယ်သွမ်း ကလေး သွေးလိုက်သဖြင့် မောင်ဖြတ်စမှာ အတော်ကလေး အားတက်လာမိ၏။
သို့သော် မာဂရက်က မျက်နှာပိုးသတ်ကာ " ရှင်ပြောသလို၊ ရှင့်ကို လူကောင်းတစ်ယောက် ဖြစ်စေပါပြီတဲ့ ရှင် …၊ ဒါပေမဲ့ … ဒါပေမဲ့ … ဟုတ်တာပြောရရင် ရှက်စရာ မရှိပါဘူးလေ၊ ကျွန်မရဲ့ ရည်ရွယ်ချက်မှာ မြန်မာ ပြည်ရဲ့ သားကောင်း ရတနာတွ မွေးဖို့အာသီသနဲ့ ကျွန်မကိုယ်တိုင် ကျန်းမာလှပရေးလိုက်စားပြီးတော့ ကာယဗလ သမားနဲ့မှ အိမ်ထောင်ပြုမယ် စိတ်ကူးထားတာ … ခုတော့ ရှင့်လို ပိန်ချည့်သေးကွေး လူ့နှံ့ပေါင် ကလေးဆိုတော့ မဖြစ်ဘူး ရှင် မဖြစ်ဘူး၊ ရှင် လူကောင်းဖြစ်အောင် ကျွန်မ အနစ်နာခံလို့ တိုင်းပြည်မှာ အကျိုးရှိရင် တော်သေးရဲ့ …၊ ခုတော့ မဖြစ်ပါဘူးလေ မဖြစ်ပါဘူး" ဟု ညည်းညည်း ညူညူ ပြောပြန်လေရကား … ဖြတ်စမှာ အကြံရ ကျပ်သွားကာ ဆေးတံကို ဆေးအသစ်ထပ်ထည့်ပြီး ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဦးစံရှားလို စဉ်းစားခန်းဝင်ရပြန်လေ၏။

ကာယဗလနှင့် ပတ်သက်၍ မိမိကိုယ်မိမိ ကြည့်လိုက်ပြန်သော် ပိန်ညှောင် ခါးချည့် အားမရှိ။ လက်နှံပေါင် ခြေပုလွေကလေးနှင့် လမ်းလျှောက်ရင်းမှ တစ်ချက်၊ တစ်ချက် ဖနောင့်နှင့် ခြေမျက်စိ ခတ်၍ နေသေးသည်။ အသက်အစိတ်ကျော်မှ ကာယဗလ လေ့ကျင့်၍လည်း ရတော့မည်မဟုတ်။ နဂိုကပင် ၀ါသနာ မပါခဲ့၍ နောက် လေ့ကျင့်ပါမည်ဟုလည်း အာမ မခံနိုင်။ မာဂရက်၏ တစ်နည်းနည်းဖြင့် တိုင်းပြည်ကောင်းစားရေးနှင့် ပတ်သက်၍ အကျပ်ကိုင်နေရာ ၃-၄ ခေါက်မျှ ဆေးတံဖွာရင်း လျှောက်မိလျှင် ပင် ဥာဏ်ကြီးရှင် ကိုဖြတ်စ အကြံရလေ၏။
ရုတ်တရက် မတ်မတ်ရပ်လိုက်ကာ …
" မာ … " ဟု တစ်လုံးတည်း ခေါ်လိုက်လေ၏။

ထွေရာလေးပါး စဉ်းစားနေရာမှ …
" ဟုတ်ကဲ့ရှင် … ဆိုစမ်းပါဦး "
" တိုင်းပြည်ကောင်းကျိုး အတွက် ရည်ရွယ်ပြီးတော့ ကျန်းမာရေး လေ့ကျင့်ပြီး ကာယဗလ လိုက်စားတယ်ဆို မဟုတ်လား …" " ဟုတ်ကဲ့ရှင့် " " မိန်းကလေးတွေကိုယ်တိုင်က ကျန်းမာလှပရေး လေ့ကျင့်ပြီးတော့ ယောက်ျား ကာယဗလသမားနဲ့မှ အကြောင်းဆက်မြယ် မဟုတ်လား၊ ဒီတော့ … ဒီတော့ … ကျန်းမာထွားကျိုင်း သန်စွမ်း တဲ့ မြန်မာပြည်ရဲ့ သားကောင်း ရတနာကလေးတွေ မွေးရော၊ အင်း … ဟုတ်ပါပြီ၊ နို့ပြီး …. တိုင်းပြည်မှာ အများကြီး ရှိတဲ့ ကိုယ် တို့လို ပိန်ညှော် ခါးချည့်တွေကကော ဘယ်လိုမိန်းမမျိုးနဲ့ ယူရမလဲ … "
" ရှင်တို့လို ကျန်းမာရေး ဂရုမပြုတဲ့ အပေါ်ယံအရောင်တင်တွေ အပျိုမီးယပ်တွေနဲ့ ယူကြပေါ့ "

" ဒီတော့ … ဘယ်လို သားသမီးတွေ မွေးရောလဲ "
" ရှင် တို့လို ခါးချည့်၊ ပိန်ညှော် ဖလံချောင် နှံပေါင်တွေ မွေးပေါ့ "
" ဒီတော့ … မာတို့လို မိဘမျိုးက မွေးတဲ့ သားသမီးတွေနဲ့ ကိုယ်တိုပလို မိဘမျိုးကမွေးတဲ့ သားသမီးတွေ လူကောင်ချင်း တူပါဦးမလား "
" မတူဘူးပေါ့၊ ကိုယ်ပေါက်ပစ်နိုင်လောက်အောင် လူကောင်ချင်း ကွာနေမှာပေါ့ … "
" စိတ်နေသဘောထားချင်းကော တူပါဦးမလား "
" မတူဘူး၊ ကာယဗလရှိတဲ့သူက ဥာဏ်ပညာကောင်းမယ်၊ သည်းခံတတ်မယ်၊ စိတ်သဘောထား မြင့်မြတ်မယ်၊ ကျန်းမာရေး မပြည့်ဝတဲ့လူတွေက ဥာဏ်နည်းမယ်၊ စိတ်တိုမယ်၊ သဘောယုတ်မယ် "
" အို … ဒါက စတုတ္ထတန်း ကျန်းမာရေးစာအုပ်ထဲက အညွှန်းတွေပါ၊ အတိအကျ မဟုတ်ပါဘူး၊ သို့သော်လည်း အဲဒီအကောင်းအဆိုးတွေ ကို ခေတ္တ ဘေးချိတ် ထားပါဦးလေ။ လူထုအရေးကြီးနေတဲ့အခါမှာ လူထု စကားပြောရအောင်၊ ခုန မာ ပြောတဲ့အတိုင်းဖြင့် မလိုက်စားတဲ့ လူစုတွေက မွေးတဲ့သားသမီးတွေဟာ ကိုယ်လုံး ကိုယ်ထည် လူကောင်ချင်း မတူဘူး၊ စိတ်နေသဘောထားချင်းလည်း မတူဘူး၊ ဒီတော့ တိုင်းပြည်မှာ လူနှစ်မျိုး ကွဲပြီပေါ့ "

မောင်ဖြတ်စ၏ ဆိုလိုရင်းကို ရိပ်မိသော မာဂရက်သည် ရုတ်တရက် သွားတက်ကလေးများ ပေါ်အောင် ပြုံး၍ လက်ဝါးကလေးနှစ်ခု ကို ရင်အုံရှေ့တွင် ဆတ်ခနဲ ယှက်လိုက်ကာ …
" အလိုလေး ဟုတ်လှတယ်ရှင်၊ ကာယဗလ လိုက်စားတဲ့ လူတွေကို ပဲ သွေးခွဲဝါဒ သမားတွေဖြစ်အောင် ပြော ရော့ မယ်။ တော်လှတယ်၊ ဒီမှာ ကိုအ၀ှာရဲ့ မာပြောတာက ကာယဗလ ကျန်းမာရေး လိုက်စားခြင်းရဲ့ ကောင်း ကျိုးနဲ့ မလိုက်စားတဲ့လူတွေရဲ့ ခြားနားခြင်းကို ပြောတာရှင်ရဲ့။ ကာယဗလ လိုက်စားခြင်း ရဲ့ ကောင်းကျိုးတွေကို ရှေ့ဆောင်နမူနာအဖြစ်နဲ့ မယ်ဗမာ၊ မောင်ဗမာ၊ မယ် ဒဂုံ အစရှိတဲ့ ရွေးကောက်ပွဲတွေလုပ်၊ ဆုတွေပေးနဲ့ တဖြည်းဖြည်း အားကျလာပြီး တစ်စ တစ်စ တစ်နိုင် လုံး လိုက်စားကြမှာပေါ့''
''တစ်နိုင်ငံလုံး မပြောနဲ့ဦး မာရယ် တစ်နေကုန် တစ်နေခန်း အလုက်ကြမ်းလုပ်နေရလို့ သူ့ဟာသူ ကျန်း မာ သန်စွမ်းနေကြ တဲ့ လူများစု တောသူတောင်သားတွေ နံဘေးထားပြီးတော့ မြို့ပေါ်မှာ အလုပ်နုသမား အဖြစ် နဲ့ နေကြတဲ့ လူနည်းစုကိုပဲ ကြည့်ပ့ဦး။ လူတစ်ရာမှာ တစ်ယောက်လိုက်စားနိုင်ကြရဲ့လားလို့''

''အို.. ဒါက ခုမှမစရှိသေးတာ၊ နောက်နောင် စောင့်ကြည့်ပါဦး... ''
''စောင့်မနျေပါနဲ့တော့ကွယ်။ ၁၀ ရာခိုင်နှုန်း၊၂၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်း အထိပဲ များသွားပါပြီတဲ့ဗျာ။ ကြာလေ ကြာလေ လူကောင်အကြီး အငယ်တွေ ကွဲလေလေ.. စိတ်နေသဘောထားတွေ ကွဲလာလေ နဲ့ အလိုလိုမှ အမျိုးမျိုးကိစ္စတွေကြောင့် ကျုပ်တို့ မြန်မာပြည် မညီညွတ်နေရတဲ့ အထဲ နောက်နောင် မြင်မာ လူထုဆိုရင် လူအကြီးစားထု၊ လူအငယ်စားထု၊ လူအလတ်တန်းစားထုနဲ့ လူထုတွေ အမျိုးမျိုး ကွဲပြားလာရင် ကျုပ် တို့ မြန်မာပြည် မခက်ပေဘူးလား''
''အလိုလေး.. ဒီလိုဖြင့် ကာယဗလ ကျန်းမာရေး၊ လိုက်စားတဲ့ လူတွေကြောင့်ပဲ တိုင်းပြည် လူထု အစိတ်စိတ် ကွဲ ရတော့မယ်။ ရှင်ဆိုတာပေါ့''

''ကာယဗလ ကျန်းမာရေးလိုက်စားရုံနဲ့တော့ ဒီလိုကွဲရမယ် မဆိုလိုပါဘူးဗျာ။ ခုန မာ ပြောတဲ့စကား အရသာ ကျန်းမာရး၊ ကာယဗလလိုက်စားတဲ့ လူချင်းမှ လက်ထပ်မယ်။ မလိုက်စားတဲ့ လူတော့ မယူ နိုင်ဘူး။ အဲဒီလို ကျန်းမာရေး နဲ့ မညီညွတ်တဲ့လူချင်းသာ ယူကြဆိုတာကို စဉ်းစားပြီးတော့ ဒီလိုဆို ဒီလို ဖြစ်လိမ့်မယ် လို့ ဝေဖန်မိတာပါ။ မာလည်း စဉ်းစားကြည့်ပါဦးလေ။ ဒီအတိုင်းသာ ငါလိလူချင်း၊ သူလို လူချင်းမှ ညားကြရမယ် ဆိုရင် ကိုယ်တွေးသလို မဖြစ်ပေဘူးလားလို့''

''ကျန်းမာရေး လေ့ကျင့်တယ်ဆိုတာက အချိန်ကုန်ခံနိုင်ဖို့၊ သူ့စည်းကမ်းအတိုင်း လိုက်နာဖို့ လွယ်တာ မဟုတ်ဘူး။ အခု မြန်မာပြည် လက်ရှိအခြေ အနေနဲ့ ကြည့်ရရင် လူ ၁၀၀မှာ လူ ၅ ယောက်လိုက်နိုင်ဖို့ က အင်ျိမတန် ခဲယဉ်းတာ။ ဒီတော့ လေ့ကျင့်နိုင်တဲ့ လူတွေက လေ့ကျင့်ကြ၊ ကျန်းမာကြ၊ သန်စွမ်ားက၊ လှပကြပေါ့။ မလေ့ကျင့်နိုင်တဲ့လူတွေ(သို့မဟုတ်)်ဝါသနာပါတဲ့ သူတွေက ကိုယ့်လက်ရှိ (သို့မဟုတ်) ကိုယ်ဝါသနာပါရာကို တိုးတက်အောင် လုပ်ကြပေါ့။ အေး..အရေးကြီးတာက လူဦးရေ တိုးပွားရးအ တွက် အိမ်ထောင်ပြုကြတဲ့ အခါကျတော့ ခုန မာ ပြောသလို ငါလိုလူချင်း၊ သူလိုလူချင်း မခွဲခြားဘဲ တိုင်း ပြည်လူထု အဆင့်အတန်း အရွယ်အစား ဟာ ကြိတ် နှုန်းပျမ်းမျှခြင်းအားဖြင့် ညီိညွတ်သွားအောင် မာတို့ လို မယ်တပ်ကုန်း၊ မယ်ဒဂုံ၊ မယ်ဗလ မဟာဝှာ အစရှိတဲ့ ဘွဲ့ထူးရတဲံ့ အမျိုးသမီးတွေက တိုင်းပြည် ကောင်း ကျိုးအတွက် ရည်စူးပြီးတော့ ကိုယ် တို့လို ကာယဗလ ကျန်းမာရေး မလိုက်စားမိလို့။. အခွင့် အသင့်လို့ ရင်သိမ်းခါးချည့် အားမရှိဖြစ်နေရှာတဲ့ လူ တွေကို ကရုဏာသမုဒယ ထားပြီး.. ''

မာဂရက်က ဖြတ်၍ "အလိုလေး ကိုစူဠက ဒီလိုလာတာကိုး… ကဲ… ရှင့် အဆိုအတိုင်းဖြင့် မောင်ဗမာ၊ မောင်ဒဂုံ အစရှိတဲ့ ဘွဲ့ရတဲ့လူတွေ နဲ့ ကာယဗလ လိုက်စားတဲ့လူတွေကို အပျိုမီးယပ် အပျိုညှပ်စလိ တွေကို ယူရမှာပေါ့"
"အမယ်လေး ဒီလိုတော့ မဆိုဝံ့ပေါင်ဗျာ။ လူသတ်မှုဖြစ်တတ်တယ်ဗျ"
မောင်ဖြတ်စ သည် သူ့ဟာသူပြောရင်း ရယ်မောမိလေ၏။

တစ်ဖန် ဆေးတံကို ဆေးအသစ်ထပ်ဖြည့်ပြီး မီးညှိသောက်ကာ လမ်းလျှောက်ပြန်ရင်း…
"ဟုတ်တယ် မာရဲ့၊ အမှန်စင်စစ်သာ ၄၇ ခု ခေတ်သစ်အမျိုးသမီးတွေဟာ မိမိတစ်ကိုယ်ကောင်းအဖို့ သာ မရည်ရွယ်ဘဲ နဲ့ တစ်နည်းတစ်လမ်းအားဖြင့် တိုင်းပြည်တိုးတက်ရေး၊ ကောင်းစားရေးကို ရည်ရွယ် ပြီးတော့… ကျန်းမာလှပရေး၊ ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းရေးကို လိုက်စားတယ်…၊ ခေါင်း ဆောင် နမူနာအဖြစ်နဲ့ ပြပွဲဝင်တယ် ဆိုလို့ရှိရင် မိမိကိုယ်ကို မိမိ ကြော်ငြာရုံလောက်၊ မဂ္ဂဇင်းအဖုံးဖြစ်ရုံ လောက်၊ ကြွား ရရုံလောက်၊ ပြပွဲစီမံတဲ့လူ အမြတ်ရရုံလောက်၊ စိန်ဘယက်ကြီးတစ်ခုလောက်ကိုသာ အာသီသမထားဘဲနဲ့ တကယ့်တကယ်တမ်း တိုင်းပြည်တိုးတက်လေအောင်၊ အကျိုးရှိလေအောင် မယ် အဝှာဘွဲ့တွေကို မြန်မြန် "ရီတိုင်းယား" လုပ်ပြီးတော့ တိုင်းပြည်လူထုထဲမှာ အကျင့်စာရိတ္တအားဖြင့် လည်းကောင်း၊ ကျန်းမာရေး အားဖြင့်လည်းကောင်း၊ ချို့ယွင်းနေရှာကြတဲ့ မောင်တို့လို တေပေမိုက်မှား နေတဲ့လူတွေ စဉ်းစားရလွန်း၊ အညောင်းထိုင်ရလွန်းအားကြီးလို့၊ ပိန်ချည့်လှုပ်လဲ့ အားနွဲ့နွဲ့ဖြစ်နေရှာတဲ့ စာရေးကလေးတွေ၊ ကျန်းမာရေး မလေ့ကျင့်နိုင်လို့… ရင်သိမ်ခါးချည့် အားမရှိဖြစ်နေတဲ့လူတွေ၊ အဲဒီလူ တွေကို တိုင်းပြည်ကောင်းစားရေးအတွက် မဟာကရုဏာနဲ့ မိမိတို့ရဲ့ရုပ်ရည်ရူပကာယအဆင်းသဏ္ဌာန် တွေ ပြပြီးကော့… အကျင့်စာရိတ္တ မကောင်းတဲ့လူတွေကို အကောင်းဖြစ်လာအောင် တိုင်းပြည်လူထုမှာ လည်း ပျမ်းမျှခြင်းအားဖြင့်… လူကောင်း လူရွယ် စိတ်နေသဘောထားတွေ တညီတညွတ်တည်း ဖြစ် လာလေအောင် ငါလိုလူချင်း၊ သူလိုလူချင်းမှ မခွဲခြားဘဲ၊ အဲဒီလို ချို့ယွင်းနေကြတဲ့လူတွကိုမှ ရွေးပြီး တော့ အကြောင်းဆက် ပေါင်းဖက်ကြမှ နိုင်ငံမှာ တကယ် အရာရောက်  အကျိုးရှိတော့မပေါ့"

"ဒီကိစ္စတွေဟာ ကိုယ့်တိုင်းပြည် တိုးတက်ရေးအတွက် နိုင်ငံတကာသွားပြီး ပြည့်တန်ဆာမလုပ်တဲ့ ဂျပန်မတွေလောက် မဆိုးပါဘူး…၊ အနောက်နိုင်ငံက အပျိုချောတွေလည်း ဒီလို ရူပ ကာယတွေပြပြီး တော့… ယောက်ျားတွေကို လိုရာဆွဲငင်နေကြတာပေါ့၊ မ ကပြလိုက်ရင် ဘယ်ဖိုသတ္တဝါမှ မခံနိုင်ဘူး။ လိုရာညွှတ်ပါလာရတာပဲ…။ မြန်မာပြည်က မယ်ဟဝှာတွေလည်း အဲဒီလို လုပ်ပြကြမှ မ ကောင်း မှ ပြည် သာ၊ မျှပေါင်းမှ ညီညာဆိုတဲ့စကား ထွန်းကားလာတော့မပေါ့"
"နို့ပြီး… တိုင်းပြည်ကောင်းစားရေး လိုရင်းမှာလည်း လူကောင်ကြီးဖို့၊ အားအင်သန်ဖို့ ဒီလောက်မလိုပါ ဘူး။ ခု… ကမ္ဘာစစ်ကြီး ကို ငြိမ်းအေးသွားစေတဲ့ အနုမြူလောကဓာတ်ဆရာကြီးတွေဟာ ထိပ်ပြောင် ပြောင်၊ မျက်ကွင်း နက်နက်၊ ပါးရိုးပေါ်ပေါ်၊ ပိန်ညှော်ညှော်၊ ခါးနွဲ့နွဲ့ကြီးတွေ… ဆိုတာကို သူတို့မမြင်ဖူး ဘဲနဲ့ ပြောရဲပါတယ်"

ဤသို့ မောင်ဖြတ်စသည် လမ်းလျှောက်၍လည်းကောင်း၊ ရပ်၍လည်းကောင်း သူထင်ရာ သူလိုရာများ ကို လျှောက်၍ ပြောနေလိုက်ရာ မာဂရက်မှာ သူ ပြောသည်တို့ကို ပီတိကျသွား၍ပဲလား သို့မဟုတ် အိပ် ချင်ယောင် လွှမ်းသွား ၍ပဲလား ခွဲခြား မပြောတတ်။ စောစော က ဖြစ်ပေါ်နေသော ဒေါသရောင်၊ သောက ရောင် တို့မှာ မျက်နှာပေါ်မှ လွင့်စင်သွားသော ခပ်စောင်းစောင်း ကလေး ခုတင်တိုင်ကို မှီထိုင်နေရာမှ ထွေးထွေးအိအိ ကိုယ်ကြီး ကိုစန့်စန့်ရန့်ရန့် လှဲလျောင်းလိုက်လေ၏။
မောင်ဖြတ်စသည် စကားပြောနေရာမှ ရပ်လိုက်ကာ "သြော် မာ အိပ်ချင်လှပြီ ထင်ပါရဲ့…၊ ညဥ့်နက်လှ ပါပြီ…။ ကဲ… အိပ်အိပ်" ဟု ဆိုတာ ခြင်ထောင်ကို ချလိုက်၍ စောင်ကလေးတစ်ခုကို ယုယစွာ လွှမ်းခြုံ ပေးလေ၏။

ဤတွင် မာဂရက်သည် ကြိုက်၍ပင် မရှက်သလော၊ ငိုက်၍ပင် မရှက်သလော အတိအကျ မပြောနိုင်။ မောင်ဖြတ်စ ယုယုယယ ပြုသမျှကို မျက်လုံးကလေး မမှိတ်တမှိတ်၊ မျက်တောင်ကလေး စင်းစင်းနှင့် ကလေးငယ် ကလေးသဖွယ် ငြိမ်သက်စွာ ခံနေသဖြင့် မောင်ဟဝှာမှာ နှလုံးရည်ကြွလာကာ အုံးစက်ရာ ယှဉ် လိုက်တော့ မည် စိတ်ကူးဖြင့် ဓာတ်မီးခလုတ်ကို ဖျောက်ခနဲ မှိတ်လိုက်လေ၏။
သို့သော် သူ ရည်ရွယ်သလို မှောင်၍မသွား။ မီးမမှိတ်မီကထက်ပင် ပို၍တစ်ခန်းလုံး ဖြူဖြူကြဲကြဲကြီး လင်းလာလေ၏။
အကြောင်း မူကား သူ ထင်သကဲ့သို့ ညဥ့်မနက်ဘဲ၊ နံနက်ချိန် အရုဏ်ကျင်း၍ မိုးစင်စင်လင်းချေပြီ တကား။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၁၀)

ကိုယ်တို့မြို့က ကိုယ်အချစ်ဆုံး သူငယ်ချင်းပါ။ သူ့အကြံဥာဏ် တွေကို ကိုယ်က တန်ဖိုးအထားဆုံးလေ။ သူ့စိတ်ကြိုက်ဖြစ်အောင် ကိုယ်အကြိုးစားဆုံး နေကြည့်ခဲ့တယ်။ ဒါပေမဲ့ သူက သဘောကျတယ်ကို မရှိဘူး ကွ။ တစ်ခုတော့ ပြောရဦးမယ်၊ ဒီလစ်က ရုပ်သိပ်ဖြောင့်တယ်ကွ။ မင်းသာ သူ့ကို မြင်သွားရင် ကိုယ့် ကို မေ့သွားမှာ သေချာတယ်ကွ  ... မဟုတ်တာ၊ ကျွန်မက မောင့်ကို ဘယ်တော့မှ မမေ့ဘူး သိလား။ ဘယ်တော့မှ မမေ့ပါဘူးရှင် ........ လူစီဘဲလ်သည် ပြောရင်းဆိုးရင်း ဝမ်းနည်းလာသည်။ ရာဂျာ ကို သူ ဘယ်တော့မှ မမေ့ကြောင်း သူသိသည်။ သို့သော် ရာဂျာ ကတော့ သူ့ကို အစဉ်သတိ ရနိုင်ပါ့ မလား။ ကို ဆက်ဖတ်ရန်...........

သို့သော် ရာဂျာကတော့ သူ့ကို အစဉ်သတိရနိုင်ပါ့မလား။
လူစီဘဲလ်နှင့် ရာဂျာတို့သည် ပန်းကန်များ သိမ်းဆည်းပြီးသော အခါ ဧည့်ခန်းထဲသို့ ပြန်ထွက်လာကြသည်။
ဒေါက်တာအေမိစ်က သူ့ဇနီးအား လှမ်းမေးလုက်သည်။
ရာဂျာဟာ သူ့ကို နီးဂရိုးတက္ကသိုလ် ပို့လိုက်တဲ့အတွက် အံသြ သွားတယ်ဆိုတဲ့အကြောင်း မင်းသိပြီးပြီးလားကွ''
ဒေါက်တာ၏ စကားမှာ ပြတ်တောင်းတောင်း နိုင်လှသည်။ ထို့ပြင် ရာဂျာရှေ့မှာ မေးသဖြင့် မစ္စစ်အေမိစ်မှာ မျက်နှာ မထားတတ်အောင် ဖြစ်သွားတော့၏။

ရှင်မေးတာ ဘာအဓိပ္ပာယ်လဲဆိုတာ ကျွန်မ နားမလည်ဘူရှင့်
ရာဂျာကို အိန္ဒိယမှာတုန်းက နီဂရိုး တက္ကသိုလ်မှာ သွားကျောင်းနေရမယ် ဆိုတာကို ပြောမထားကြဘူးတဲ့ကွ''
ဒါက ပြောနေစရာ လိုသေးလားရှင်၊ ဒီကိုပဲ သူလာရမယ် မဟုတ်လား။ မင်းကော အသားအရောင်ရှိတဲ့ သူပဲ  မဟုတ်ဘူး လား။ ဟုတ်တယ် မဟုတ်လား ရာဂျာ''
မစ္စစ်အေမိစ် က ရာဂျာကို လှမ်းမေးလိုက်သည်။ ထိုမေးခွန်းမှာ သူ့နှလုံးသားကို တည့်တည့် ထိမှန်သွားသော မြားတစ်စင်း။
ထိုမြား သည် အခန်းကိုဖြတ်ပြီး အရှိန်အဟုန်ပြင်းစွာဖြင့် သူ့ရင်ထဲကို စူးဝင်သွားသည်။
သူကတော့ အော်လို့သာ ငိုလိုက်ချင်ပါတော့သည်။ သူ့အဖြေသည် မည်သို့ဖြစ်သင့် သနည်း။
ဒီမေးခွန်း ကို သူဘယ်လိုဖြေရမည်နည်း။

မင်းကော အသားအရောင်ရှိတဲ့သူ မဟုတ်လား''တဲ့။
သူ့လက်ထဲ ရှိ လက်ကိုင်ပုဝါကိုသာ အဓိပ္ပာယ်မဲ့ လိမ်ကျစ်နေသည်။ သူ့လက်တွေကို ငုံ့ကြည့်လိုက်မိသည်။
အညိုရောင်လက်တွေ။
ထိုလက်များ မှာ လူစီဘဲလ်လက်တွေထက် ခပ်ဖျော့ဖျော့ နည်းနည်းလေး အသားလတ်ရုံ တမယ်။ သူတို့ အမေနှင့်တော့ မနှိုင်းယှဉ်သာ။ မစ္စစ်အေမိစ်လက်တွေက ဖြူလွန်းသည်။
သူ့လက်တွေ ကတော့ ယှဉ်လိုက်လျှင် မည်းလွန်းနေသကိုး။
ဒါဆိုရင် သူလည်း အသားအရောင်ရှိတဲ့လူပဲ။
လူမည်းပဲပေါ့။
ဟုတ်လား။ ထိုမေးခွန်းမျိုး သူ့မိဘသူတစ်ခါမှ မမေးဖူးခဲ့။

သူ့အတွက် သူက တုတ်တည်ဆောက်ကာ အကာအကွယ်ယူထားခဲ့ဖူးသည်။
ငါက ဗြဟ္မဏလူမျိုးပဲ။
ငါက ဗြဟ္မဏပဲ။
''မင်းဟာ အသားအရောင်ရှိတဲ့လူ မဟုတ်ရင်၊ ဒီကို ဘယ်လိုလာလို့ ရသလဲကွ၊ ဒီနေရာ လူဖြူတွေ ဖြတ်တောင် မဖြတ်သွားကြတဲ့ နေရာပဲ၊ ဖြတ်လည်း မဖြတ်သွားချင်ကြတဲ့ နေရာပဲ''
မစ္စစ်အေမိစ်က ဆက်ပြောနေသည်။ သူကတော့ ဘာမှပြန်မပြောနိုင်တော့၊ မကြာမီ မစ္စစ်အေမိစ်တို့ မိသားစု အားလုံး ပါတီတစ်ခုသို့ ဆက်သွားကြသည်။ ထိုအခါမှ သူသက် ပြင်းချနိုင်တော့သည်။
ရာဂျာ ကတော့ ဒီနေရာမှာ ဆက်ပြီးနေဖို့ မဖြစ်တော့မှန်း သိလာသည်။ သူ့'ပြင်ပသွင်ပြင် ကတစ်မျိုး' 'အတွင်းဓာတ်ခံယူချက် ကတစ်မျိုး'။ ပဋိပက္ခတရား နှစ်ခုကြားတွင် ဤနေရာဆက် နေရန် မလွယ်တော့။
''စိတ်ဓာတ်မကျပါနဲ့ ရာဂျာရယ်။ အမေကတော့ ဒီလိုပဲ။ သူကဖေဖေနဲ့တောင် ခရီးအတူမသွားဝံ့တာပဲကြည့်။ သူ့ကို တစ်နေ့နေ့ တစ်နေရာရာ မှာ တစ်ယောက်ယောက်က စော်ကားမော်ကား စကားပြောတာ ခံရမယ်ဆိုပြီး စိုးရိပ်နေ တတ်တာ'' ''သူကဘာဖြစ်လို့ ဒီလိုဖြစ်နေကြတာလဲ၊ အဲဒီ''
''အဲဒီလူဖြူတွေ'' ဆိုသော စကားကို သူမပြောဖြစ်။ လူဖြူဆိုသော စကားလုံးသည် သူ့နှုတ်ခမ်းများမှာ ဖွင့်မထွက်ရဲ။

''ဘာဖြစ်လို့လဲဆိုတော့ မေမေ့ အဖေက လူဖြူကိုးရှင့်''
ရာဂျကမူ လူစီဘဲလ်ကိုသာ စိုက်ကြည့်နေမိသည်။
''ဟုတ်တယ်၊ သူ့အဖေက လူဖြူ၊ သူ့အမေက အဲဒီလူဖြူအိမ်က ထမင်းချက်။ တစ်နေ့မျာ ကျူးကျူးလွန်လွန်ဖြစ်ပြီး ကိုယ်ဝန်ရှိလာတော့ မြောက်ပိုင်းမှာ သွားပြီး မေမေ့ကို မွေးခဲ့ရတယ်။ မွေးဖွားစရိတ်တောင် နည်းနည်းပါးပါးပဲ ရပါတယ်လေ'' ''သြော်ဒါကြောင့်ကိုး၊ မစ္စ်အေမိစ်က ဒါကြောင့် သိပ်လှနေတာကိုး၊ ရက်ရက်စက်စက် လှနေတာကိုး'' ရာဂျာက တွေးနေမိသည်။
နောက်ပြီး၊ နောက်ပြီး ငါနဲ့သူနဲ့လည်း ဘ၀တူပါကလား။ သူရောက် မစ္စစ်အေမိစ်ရော နှစ်ယောက်လုံးဟာ၊ အကြမ်းဖက် မှုတွေ မုန်းတီးမှုတွေ ကြားထဲက လူဖြစ်လာကြတဲ့ သူတွေပါပဲကလား။ သူတို့ရဲ့ အရုပ်ဆိုး အကျည်းတန်တဲ့ ငိုသံတွေနဲ့ပဲ လူ့လောကကို ရောက်လာကြတယ်မဟုတ်လား။ လောကကြီးဟာ ဆန်းတယ်။ လောကကြီး က လက်မခံချင်တဲ့ သူနှစ်ယောက် လောကကြီးထဲ ဇွတ်ဝင်လာကြတာကိုပဲ ကြည့်။

''ရာဂျာရယ်၊ ကျွန်မနဲပ ဖေဖေနဲ့ကတော့ ဒီလိုစိတ်မျိုးတွေ မရှိကြပါဘူးကွယ်၊ အဲဒါကြောင့် မောင် နားလည်တယ် မဟုတ်လားဟင်''
''နားလည်ပါတယ်ကွယ်''
ရာဂျာ က လူစီဘဲလ်မျက်နှာလေးကြည့်ပြီး လက်ကလေးကိုဆုပ်ကာ ပြန်ဖြေလိုက်သည်။
''ဒီလိုဖြစ်ပျက်သွားတာ ကျွန်မ သိပ်ဝမ်းနည်းပါတယ် မောင်ရယ်၊ နို့မို့ဆို ဒီနေ့ဟာ သိပ်ပျော်စရာကောင်းမှာပါ။ ဒါပေမဲ့ မကြာခင်မှာ မောင်နားလည်လာနိုင်မှာပါနော်''
''ကိစ္စမရှိပါဘူးကွယ်၊ ကိစ္စမရှိပါဘူး''
ရာဂျာက လူ့မလိုင်အလွှာကပဲ။
သူဟာ မင်းညီမင်းသား မဟုတ်ပေမယ့်၊ သူ့မျက်နှာ၊ သူ့လက်သူ့ခြေ၊ သူလမ်းလျှောက် ပုံ၊ ပြောပုံ ဆိုပုံတွေကြည့်ရင်လည်း လူ့မလိုင်လွှာ ထဲကမှန်း သိသာနေပြီ။ သူကအမေ့ ဇာတ်လမ်းကို နားလည်နိုင်ပါ့မလား။ ဆင်းရဲ တဲ့ လူမည်းမလေးတစ်ယောက်ကို သူတို့လို လူ့မလိုင်လွှာက လူဖြူတစ်ယောက် ဘလက္ကာယလုပ်ခဲ့တဲ့ ဇာတ်လမ်း ကို သူစာနာနိုင်ပါ့ မလား။
နားတော့ နားလည်နိုင်ကောင်းပါတယ်။ သူဟာ လူတွေအပေါ် စာနမှုတရား ထားတတ်တဲ့သူပဲ။

နောက်ပြီး သူက လူဖြူမှ မဟုတ်တာ၊ သူလည်း လူမည်းပဲ။
ဒါပေမဲ့ ငါတို့လို လူမည်းမျိုးတော့လည်း မဟုတ်ပြန်ဘူး။
သူတို့က အိန္ဒိယလူမျိုးတွေ။
အိန္ဒိယလူမျိုးတွေဟာ ဗြိတသျှကို တိုက်ခိုက်ခဲ့ကြတယ်တဲ့။
ရာဂျာကို ငါနားလည်ပါတယ်။
ခုပဲကြည့်လေ၊ ငါ့ရဲ့ရင်တွင်းခံစားချက်တွေကို သူ့ကိုပြောပြလိုက် ရတယ်မဟုတ်လား။ သူက 'ဟား' တိုက်မပစ်တာပဲကြည့်။
ရာဂျအကြောင်းတွေးရင်းနှင့် လူစီဘဲလ်၏ နှုတ်မှ တတွက်တွက် ရေရွတ်နေမိသေးသည်။
''သူလည်း ငါ့အကြောင်း စဉ်းစားနေမှာပဲ၊ စဉ်းစားနေမှာပဲ''
ထိုသို့ပင် ကိုယ့်ကိုယ်ကိုလည်း နှစ်သိမ့်မှုလေးနှင့် နောက်ဆုံး၌ လူစီဘဲလ်ခမျာ အပ်မျောကျသွားခဲ့ရှာပြီ။

အခန်း (၁၀)

''မင်းလည်း လူမည်းပဲ မဟုတ်လား''
ထိုမေးခွန်းသည် ရာဂျာနားထဲ စွဲနေသည်။ ဦးနှောက်တွင်းသို့ ရိုက်ခတ်နေသည်။
''မင်းလည်း လူမည်းပဲ မဟုတ်လား''
ဒါပေမဲ့ ငါဟာ သူဆိုလိုတဲ့ လူမည်းမျုးပဲလား။ ဒီပြဿနာကိုကား သူတစ်ခါမှ အဖြေမရှာ ဖူးခဲ့ပါ။
ပြတင်းပေါက်ဘေးတွင် ထိုင်ကာ၊ လမ်းမကြီးကို ငေးကြည့်ရင်းနှင့် သူကျောင်းနေစဉ်ကာလ တွင် အဖြစ်အပျက်များကို သတိရလာသည်။
သူကျောင်းအိပ်ကျောင်းစားနေစဉ်က သူတို့ကျောင်းအုပ်ဆရာကြီးမှာ 'မက်'ဆိုသူဖြစ် သည်။ တစ်နေ့တွင် သူနှင့် ပရာကတ်ရှ် ဆိုသူ ကောင်လေးတစ်ယောက်သည် ပိတုံးကောင်ကို လုရင်းနှင့် 'မက်' ၏ရုံးခန်းထဲ သို့ ရောက်သွား ခဲ့ကြသည်။

ပရာကတ်ရှ်က
''ဆရာကြီး အဲဒီပိတုံးက ကျွန်တော့ပိတုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီပိတုံးရဲ့ ညာဘက်မျက်လုံးမှာ အစင်း ၃ စင်းပါတာတောင် ကျွန်တော်သိပါတယ်။ မယုံရင် ဆရာကြီး ကြည့်ပါ''
''အဲဒီပိတုံးက ကျွန်တော့ဟာပါ ဆရာကြီး၊ သူ့ကျောကုန်းပေါ်မှာ အစက်နီလေးနှစ်စက် ပါပါတယ်။ ဒီအစက်လေးတွေ ဟာ ကျွန်တော့်ပိတုံးဖြစ်ကြောင်း အမှတ်အသားတွေပါ''
ရာဂျကလည်း အတင်းဝင်ပြောသည်။
ဆရာကြီးက သူတို့နှစ်ဦး၏ စကားများကို နားထောင်ပြီး
''ကဲ ဒါဆို ဒီပိတုံးကို ဆရာကြီးဓားနဲ့ နှစ်ပိုင်းခွဲပြီး မင်းတို့ကို တစ်ယောက်တစ်ပိုင်း ပေးမယ်ကွာ''
ဟုပြောလိုက်သည်။
ထိုအခါ ပရာကတ်ရှ်က မျက်ရည်များကျကာ အော်ပြောသည်။

''ဒီလိုတော့ မလုပ်ပါနဲ့ ဆရာကြီးရယ်၊ ပိတုံးကလေးကို ရာဂျာကိုပဲ ပေးလိုက်ပါ''
ထိုအခါ 'မတ်' ကပိတုံးကို ပရာကတ်ရှ်အား ပေးလိုက်သည်။
''ပိတုံးကိုချစ်တဲ့သူဟာ ပိတုံးပိုင်ရှင်ပဲ ဖြစ်ရမယ်ကွယ်''
ရာဂျာကိုလည်း စိတ်မထိခိုက်စေရန် 'မတ်' ကရာဂျာအား ဘောလုံးတစ်လုံးပေးခဲ့သည်။
ရာဂျာကမူ ခုတစ်ခါ ပြန်တွေးမိပြီး ရယ်မောလိုက်မိသည်။
ထိုအဖြစ်အပျက်ကလေးသည် သူ့စိတ်နေစရိုက်ကို ပေါ်လွင်စေခဲ့သည်။ သူသည် ပိတုံးလေးကို ပရာကတ်ရှ် လက်ထဲထည့်ရမည့်အစား နှစ်ပိုင်းဖြတ်ပြီး ဝေယူခဲ့ချင်သူ ပါတကား။
'မက်' သည် ဝေလပြည်နယ် တောင်းပိုင်းသားဖြစ်သည်။ အင်္ဂလိပ်အစစ်တော့ မဟုတ်။

သို့သော် ကျောင်းသားများကမူ သူ့ကို အင်္ဂလိပ်တစ်ယောက်အနေနှင့်သာ မှတ်ထားကြ သည်။ သူ့ရုံးအမှုထမ်းများ ကား အင်္ဂလိပ်ကပြားများကိုသာ ရွေးချယ်ခန့်ထားတတ်သည်။ ကျောင်းသားများအား ဟိန္ဒူ။ မူစလင်၊ ပန်ချာပီစုံလို့။ ဘာသာရေးနှင့် လူမှုအသိုင်းအ၀ိုင်း ကွဲပြားခြားနားသောသူများ။ သူတို့သည် အငြင်းအခုန် များစွာ ဖြစ်ခဲ့ကြသည်။ ပြဿနာ အရပ်ရပ်တွင် ငြင်းကြခုန်ကြသည်။ သို့သော် အသားအရောင်ပြဿနာကား လုံးဝ မပေါ်ခဲ့။
တောင်ကုန်းမြင့်လေးများပေါ်တွင် လွတ်လပ်ရေးမရမီက ထိုနေရာသည် အင်္ဂလိပ်လူမျိုး များသာ သီးသန့်နေထိုင် ခဲ့သည် ဟူသော အစွဲကို ထားဆဲ။
ကန်ပတ်လည်ကို လမ်းလျှောက်လိုသော အိန္ဒိယအမျိုးသားတစ်ယောက်သည် အောက်တွင် ဖောက်ထားသော လမ်း ကိုသာ သုံးရသည်။ အပေါ်လမ်းမှာ သူဌေးများ အတွက်လမ်း၊ အရာရှိကြီးများအတွက်လမ်း။

ရွက်လှေအသင်းကို အင်္ဂလိပ်လူမျိုးသာ ၀င်ခွင့်ပြုသည်။ ဂျဝါဟလာနေရူး၏  ဖခင် မိုတီလားလ်နေရူးက ၀င်ခွင့်ရအောင် ကြိုးစားခဲ့ပြီး အစဉ်အလာကို ဖျက်ပစ်ခဲ့သည်။
လပ်ကနောင်းတက္ကသိုလ် ရောက်သောအခါ၌လည်း ပြဿနာများစွာ ကြုံခဲ့ကြမြဲ။ သို့သော် ဇာတ်အဆင့်သိပ်ခွဲသော မိုဟန်တစ်ယောက်ပင်လျှင် အသားအရောင် ခွဲခြားမှု စကားကို ကား တစ်ခါဖူးမျှ မပြောခဲ့ဖူး ပါ။ သူ့တွင် အာဖရိကန်လူမျိုးမိတ်ဆွေ အတော်များများပင် ရှိနေသေး ခဲ့သည်။
ရာဂျမှတ်မိတာတစ်ခုတော့ ရှိသည်။
သူ့ အစ်ကိုဝမ်းကွဲ တစ်ယောက်သည် အမေရိကန်နိုင်ငံမှ ပြန်လာသည်။ တောင်ပိုင်းမြို့တစ်မြို့၌ သူ့ကို ရုပ်ရှင်ရုံ ထဲ ၀င်ခွင့်မပြု။ ထိုအခါ သူကငြင်းခုံပြီး မန်နေဂျာ နှင့်တွေ့ခွင့်တောင်းသည်။ မန်နေဂျာနှင့်တွေ့တော့ နိုင်ငံကူး လက်မှတ် သေသေချာချာ တောင်းကြည့်ပြီးမှ ရုပ်ရှင်ကြည့်ခွင့်ပေးသည်။ ရုပ်ရှင်ပြီးတော့မှ မန်နေဂျာက ရှင်းပြ သည်။

''ဟိုလူက ခင်းဗျားကို လက်မှတ်မရောင်းတာ အမေရိကန်နီဂရိုးနဲ့ မှားနေလို့ဗျ''
ရာဂျာ့အစ်ကို က သူ့ဇာတ်လမ်းကို ဂုဏ်ယူစွာ ပြန်ပြောခဲ့သည်။ ရာဂျာတို့ အဘိုး ဒေါက်တာမိုဟန်လားလ် ကမူ ဒေါပွပွနှင့် သူ့ကိုအော်ပြောခဲ့သည်။
''မင်းကတော့လေ၊ အရင်ကလည်း ရူးခဲ့၊ အခုလည်း ရူးဆဲ၊ နောင်လည်း အမြဲတမ်း ရူးနေဦး တော့မှာပဲ၊ စော်ကား လို့ စော်ကားမှန်း မသိတဲ့ကောင်''
ခုလည်း မစ္စစ်အေမိစ်က ရာဂျာကို မေးခဲ့ပြီ။
''မင်းလည်း လူမည်းပဲ မဟုတ်လား'' တဲ့။
သူက ထိုမေးခွန်းကိုပြန်မဖြေခဲ့။ သူ့ကိုယ်သူကို အမှန်ကန်ဆုံး သိမြင်နိုင်ရန် သူဘယ်တော့ မှလည်း ဖြေနိုင် လိမ့်မည်မဟုတ်။
သူက ဘယ်သူလဲ။
သူကား ဗြဟ္မဏလူမျိုး။ ကမ္ဘာကြီးကို ဖန်ဆင်းသူ၏အမျိုး။

သူအခု အမေရိကန်ပြည်ရောက်ခဲ့ပြီ။ လူစီဘဲလ်ဆိုသော ပျော်တတ်ရွှင်တတ်သော မိန်းမငယ်လေးနှင့် တွေ့ခဲ့ပြီ။
ကျွန်မ ရှင့်ကို ချစ်သတဲ့။
သူကကော တကယ်ပဲ ပြန်ချစ်ရဲ့လား။
သက်ပြင်းတစ်ချက် ချမိသည်။ သူစိတ် ဘောင်ဘင်ခတ်နေသည်။ စိတ်ငြိမ်အောင် သူအကြိုက်ဆုံးဖြစ်သော 'တဂိုး'၏ ကဗျာလေးတစ်ပုဒ်ကို ရွတ်နေမိ၏။
ငါကတော့
လေထဲမှာ အိပ်မက်တွေကို ပျိုးကြဲနေမိပြီ။
ကောင်းကင်က ပန်းတွေကို
စိတ်ပျက်လက်ပျက်နဲ့
လက်လှမ်းချူနေမိပြီ။
ကမ္ဘာကြီးပေါ်ကို အရိပ်မည်းကြီးထိုးကျနေသလို
မျှော်လင့်ချက်လှေကြီးဟာ ကမ်းခြေကို
ဘယ်တော့မှ ဆိုက်ကပ်တော့မှာ မဟုတ်တော့ဘူးကွယ်
စိတ်ကူးထဲက ရုပ်ပုံလွှာတွေဟာလည်း
ကောင်းကင်ပြင်မှာ လွင့်မျောနေပြီလား......။

နောက်ဆုံး စာပုဒ်မရောက်ခင် သူလည်းအိပ်သွားတော့သည်။
နှစ်သစ်ကူး ကို လူစီဘဲလ်၏ ၁၈ နှစ်မြောက် မွေးနေ့သဘင်ဖြင့် ဖွင့်လှစ်လိုက်သည်။ ဖြူလွနေသော ၀တ်စုံကို ၀တ်ကာ၊ နှင်းပန်းခိုင်ကြီးကို တပွေ့တပိုက်ကိုင်လျက် လူစီဘဲလ် သည် တံခါးဝမှနေ၍ လာသမျှဧည့်သည်များကို ခရီးဦးကြိုပြုနေသည်။ လူစီဘဲလ်ဘေးမှာ တော့ ၀တ်စုံစိမ်းဝတ်ထားသော ဟာရီယက်။ ဟာရီယက်ဘေး တွင်ကား သူ့အဖေနှင့် မအေ။
ဧည့်ခန်းကား အလှဆုံးပြင်ဆင်ထားသည်။ မျက်နှာကြက်ပေါ်တွင် အပြာရင်ရောင် ပိုက်ကွန်ကြီး တစ်ခုကို ဖြန့် ချိတ်ဆွဲထား၏။
ပိုက်ကွန်ထဲတွင် မှ လင်းလက်လက် ကြယ်ပွင့်လေးများနှင့် လပြည့်ဝန်းကြီးကို ချိတ်ဆွဲထား ၏။ လေမှုတ်ကိရိယာ တစ်ခု၊ ဒရမ်တစ်လုံး၊ စန္ဒရားတစ်လုံးပါသော တီးဝိုင်းငယ်လေးတစ်ခု က ငြိမ့်ငြိမ့်ညောင်းညောင်း ဧည့်ခံနေ သည်။ ကြမ်းပြင်ကား ဖယောင်းများပြောင်နေအောင် တိုက်ထားသဖြင့် ကြယ်တွေ လတွေ ကိုပင် ဟပ်ထင်နေသည်။
လူစီဘဲလ်အတွက် မွေးနေ့လက်ဆောင်များကား စားပွဲပေါ်တွင် တောင်ကုန်းတစ်လုံးမျှ မို့မောက်နေသည်။

လူဝီနှင့် ရာဂျာတူတူဝင်လာတော့ လူစီဘဲလ် ရင်တစ်ချက် ခုန်သွားသည်။ တစ်ချက်မကပါ ဘူးလေ။
ရင်ခုန်သံ ချက်ပေါင်းများစွာဆိုမှသာ မှန်လိမ့်မည်။
ဘယ်သူ ပိုချောသလဲ သူ မဝေခွဲနိုင်။
လူဝီ က အင်္ကျီအဖြူ၊ အပေါ်အင်္ကျီအနီနှင့်။
ရာဂျာကမူ လက်ယက်ပိုးထည်ဝတ်စုံနှင့်။ လက်စည်းတွင်တော့ ရွေှ့လက်ကြယ်သီးများ တပ်ထား၏။
ပျော်ပျော် ပါးပါး ကခုန်ပြီးနောက် ညဥ့်လယ်ရောက်သောအခါ မစ္စစ်အေမိစ်က ထမင်းစား ခန်းထဲခေါ်ပြီး မွေးနေ့ ကိတ်မုန့်ကြီးကို ပြသည်။
မွေးနေ့ကိတ်မုန့်ပေါ်တွင် ကနေသော မင်းသမီးလေးပုံ လောင်းထားသည်။ ဖယောင်းတိုင် ၁၈ တိုင်လည်း ထွန်းထား သည်။

"မီးမှုတ်လိုက်တော့ လူစီဘဲလ်"
ဧည့်သည်တွေက ၀ိုင်းအော်ကြသည်။
လူစီဘဲလ်က အားကုန်မှုတ်ထည့်လိုက်သည်။ သို့သော် ဖယောင်းတိုင် ၄ တိုင်မငြိမ်းဘဲ ကျန်နေသည်။
"ရူပဗေဒပညာရှင် လခနဲ့ကလေး ၄ ယောက်ရမယ်ဆိုရင်တော့ ငတ်ကြတော့မှာပဲဟေ့"
လူဝီ က ၀င်ပြောလိုက်သည်။ အားလုံးပင် ပွဲကျသွားကြသည်။
လူစီဘဲလ်က စကားမပြန်။ သူ့ကို ပြုံးပြီးကြည့်နေသော ရာဂျာဘက်သို့ မျက်စိ ကစားလိုက် သည်။
အဖြူရောင်ဝတ်စုံရှည်နှင့် ဖြောင့်တန်းသော ဆံပင်တိုလေး တခါခါနှင့် ကခုန် ၍ မောနေ သောကြောင့် လည်းကောင်း၊ ဖယောင်းတိုင်မှုတ်သဖြင့် စိတ်လှုပ်ရှားနေမှုကြောင့် လည်း ကောင်း နီနေသောပါးအို့လေးများနှင့် လူစီဘဲလ် သည် တရုတ်ကြွေ့ရုပ်လေးနှင့် တူနေသည် ရာဂျာက ထင်၏။

ဒေါက်တာအေမိစ်သည် ရေခဲပုံးတစ်ပုံးဆွဲကား ဧည့်ခန်းထဲဝင်လာသည်။
"ရှန်ပိန် သောက်ကြရအောင်ဟေ့"
ထိုစဉ် သူ့သမီးအား သူ့လက်ဆောင်ပုလဲကုံးလေးကို ဆွဲပေးလိုက်သည်။ ထို့နောက် လည်ပင်အား နမ်း လိုက်သည်။
"ဒီနှစ်ကတော့ သမီးအတွက် အအောင်မြင်ဆုံး၊ အပျော်ဆုံးနှစ် ဖြစ်ပါစေကွယ်"
"အဲဒါတော့ သေချာတယ်ဖေဖေ။ ကျွန်မလည်း ဒီလိုပဲထင်တာပဲ"
ထို့နောက် ရာဂျာနှင့် တွဲကသည်။ ရာဂျာက သူ့ခြေထောက်ကို မကြာခဏ တက်နင်းမိ သည်။ သို့သော် လူဝီနှင့် တွဲသောအခါမူ ကရသည်မှာ အဖြောင့်။ လူဝီက သိပ်အကကောင်း သည်။ သူ့ကို ဦးဆောင်ပြီးပင် ကသွားနိုင် သည်။

" ရှင်က ကျွန်မကို တကယ်ဦးဆောင်သွားနိုင်တာပဲနော်"
"ဘာကိုဆိုလိုတာလဲ ဟင်"
"ငါဘာကိုဆိုလိုတယ်ဆိုတာ မင်းသိပါတယ်။ တို့နှစ်ယောက်က အတူတူပဲမဟုတ်လား၊ သူက မင်းနဲ့ မလိုက် ပါဘူးကွာ"
"ဘာဖြစ်လို့ ဒီလိုပြောရတာလဲ"
"အမှန်မို့ ပြောတာပေါ့ကွ။ သူက ဒီလိုပျော်အောင်ထားမှာ မဟုတ်ဘူး။ သူက သူများတွေကို သိပ်ချစ်တတ်တဲ့သူ"
ဧည့်သည်တွေပြန် ကုန်တော့ အရုဏ်ပင် ပျိုးချေပြီ။ လူစီဘဲလ်သည် အိပ်ခန်းထဲမှ ကြမ်းပြင် ပေါ်တွင်ထိုင်ပြီး မွေးနေ့လက်ဆောင်များကို ဖွင့်ကြည့်နေသည်။ လူဝီပေးသော လက် ဆောင် မှာ  လော့ကက်သီးလေးဖြစ်၏။ အထဲတွင် သူ့ဓာတ်ပုံလေး ထည့်ထားသည်။ သူ့ကို ရွှန်းရွှန်း စားစား ပြုံးကြည့်နေ ၏။ လူဝီ၏ရုပ်ပုံလေး ကို သူက ငေးကြည့်နေမိသည်။
"ငါ နင့်ကို မချစ်ပါဘူး"
လူစီဘဲလ်က ဓာတ်ပုံကို ပြောလိုက်သည်။

"ဒါပမဲ့ ငါကတော့ မင်းကိုချစ်ပါတယ်ကွာ"
ဓာတ်ပုံက ပြန်ပြောနေသည်။
လူစီဘဲလိက လော့ကတ်သီးလေးကို ပြန်ပိတ်ကာ ဘေးသို့ ဖယ်ပစ်လိုက်သည်။ ထို့နောက် ရာဂျာ၏ လက်ဆောင်ထုပ် ကို ဖွင့်ကြည့်လိုက်သည်။ ဆာရီးလေးတစ်ထည်။
စိမ်းပြာရောင်ပိုးထည် နုနုရွရွလေး တွင် ရွှေရောင်ဖောက်ထားသည်။ အလင်းရောင်အောက် တွင် ဖိတ်လက်နေ သည်။ ကိုင်လိုက်တော့ သူ့လက်ထဲတွင်ပင် ပျော်ကျသွားမလား အောက် မေ့ရသည်။ ထို့နောက် ကိုယ်လုံးပေါ် မှန်ကြီးရှေ့တွင် ဆာရီလေးကို ခြုံကြည့်သည်။ သူ့ခန္ဒာကိုယ် သွယ်သွယ်လျလျလေးနှင့် လိုက်ဖက်လွန်းနေ၏။
မှန်ထဲတွင် မြင်နေရသော မိန်းကလေးကို သူသိပ်ချစ်မိသွားပြီ။

မှန်ထဲတွင် ရုပ်ပုံလွှာကား အိန္ဒိယ မင်းသမီးလေး။
အိန္ဒိပြည်တွင် ရာဂျာနှင့် အတူယှဉ်တွဲကာ ကျောက်သားခန်းမကြီးထဲတွင် လမ်းလျှောက်နေ ကြသည်။ ရံရွေတော်များက တစ်ဖက်တစ်ချက်တွင် ရပ်ပြီး ခေါင်းညွှတ် အရိုအသေ ပေးနေ ကြသည်။
ရာဂျာ က ဘုရင်၊ သူက မိဖုရား။
အိန္ဒိယဘုရင် ရာဂျာနှင့် အမေရိကန် မိဖုရားလေး တစ်ပါးပေါ့လေ။
မိုးကား သည်းလှသည်။ ကမ္ဘာမြေပြင်ကို ဒေါမာန်ကြီးကြီးနှင့် ရိုက်ပုတ်နေသည်။ ရာဂျာသည် ဂျိုးဇက် ကို မေးခဲ့သည်။
ဟုတ်တယ်လေ ကျွန်တော်က ဟိန္ဒူပေါ့။ ဒါပေမဲ့ မူစလင် သူငယ်ချင်းတွေ အများကြီးရှိပါ တယ်။
ထိုအချိန်မှစ၍ ဂျိုးဇက်သည် ရာဂျာအခန်းသို့ မကြာခဏလာကာ အိန္ဒိယလွတ်မြောက်ရေး တိုက်ပွဲတွင်းက ပါဝင် ခဲ့သော မူစလင်သူရဲကောင်းများအကြောင်း နားထောင်တတ်သည်။ ဥပမာ ခန်ညီနောင်အကြောင်း။

ဒေါက်တာခန်ဆာဟစ်သည် လန်ဒန်တွင်ဆေးပညာသင်ကြားပြီးနောက်ပိုင်းတွင် နိုင်ငံရေး လောကထဲသို့ ခြေစုံပစ်ဝင်ခဲသူ ဖြစ်၏။ သူ့ကိုဗြိတိသျှတို့က နေရူးတို့နှင့်အတူ ထောင်ချခဲ့၏။ သူ့အစ်ကိုကား အရပ်ခြောက်ပေ သုံးလက်မရှိသော ခန်အဗဒူဂန်ဖာခန်ဖြစ်သည်။ ထိုသူ သည်ရှပ်အင်္ကျီအနီဂိုဏ်းကို နယ်စပ်ဒေသတွင် ထူထောင်ခဲ့သူဖြစ်၏။ သူ၏ ပထန် ဂုဏ် ဆောင်တပ်နှင့် ဂန္ဒီရှေ့တန်းတပ်တို့မှာ နာမည်ကြီး၏။
"ကဲ နှစ်ပြားတန်ဆိုင်တွေရှိတဲ့ ရပ်ကွက်တော့ ရောက်ပကွ"
ဂျိုးဇက်စကားသံကြားတော့မှ ရာဂျာ၏အတွေးစများ ပြတ်သွားသည်။
ရာဂျာ တို့သည် ဆိုင်တစ်ဆိုင်ထဲသို့ ၀င်လိုက်ကြသည်။ ဆိုင်ထဲတွင်ကား ညစ်ပတ်ရှုတ်ပွနေ သည့် အပေါစား ခေါင်းလိမ်းဆီနံ့၊ ပြောင်းဖူးဖုတ်နံ့၊ ဆေးနံ့၊ သကြားရေချိုနံ့ ၊ကော်ဖီနံ့၊ ပုတ်စော်နံသောအနံ့၊ မိုးစိုနေသော ထီး၊ မိုးကာအင်္ကျီ အနံ့တို့သည် ထောင်းထောင်းထနေ၏။

ဆိုင်ထဲတွင်ကား အပေါစားပစ္စည်းမျိုးစုံကို တွေ့ရသည်။ ဈေးသည်မ ငယ်ငယ်လေးများသည် ရာဂျာကို စိုက်ကြည့်နေကြ၏။ ဈေးဝယ်သူအများစုကတော့ မိန်းမများ၊ ကလေးများ၊ မြေပဲ စက်မှ အလုပ်မား အချို့ကိုလည်း တွေ့ရသည်။
လူဖြူအချို့လည်းပါသည်။ သို့သော် လူနည်းစု။
အစားအသောက်ရောင်းသော ကောင်တာသို့ ရောက်လာသောအခါ ရာဂျာ က ကော်ဖီ သောက်မည် ဟု ပြောလိုက်သည်။
"ကျွန်တော့်ဘေး မှာ လာထိုင်ပါဗျ"
ရှောင်ဖယ်ဖယ်လုပ်နေသော ဂျိုးဇက်ကို ကုလားထိုင်ထိုးပေးလိုက်သည်။
"လာပါ့မယ်ဗျ၊ လာပါ့မယ်"
ဂျိုးဇက်ကလည်း ထိုင်ချလိုက်သည်။

အစားအသောက် ချပေးသောသူကား အရောင်းဈေးသည်မလေးများကဲ့သို့ ငယ်ရွယ်သူမ ဟုတ်။ ဆံပင်ဖွေးနေသော အဘွားကြီး။ သူသည် မျက်မှန်ထဲမှ စူးစိုက်ကြည့်လိုက်ပြီးနောက်။
"အလိုဘုရားရေ နီဂရိုးညီနောင်ပါလားဟ ဒီမှာနင်တို့က ဘာလာလုပ်သတဲ့တုန်း"
"ကျွန်တော် က နီဂရိုးရာမဟုတ်ပါဘူး၊ အိန္ဒိယလူမျိုးပါ"
" ဘာလူမျိုး တုန်း ထပ်ပြောစမ်းပါဦး"
"အိန္ဒိယပြည်က အိန္ဒိယလူမျိုးလို့ ပြောနေတာပါ"
"အေးလေ ဘာပဲဖြစ်ဖြစ် နင်လည်း အသားမည်းတာပဲ မဟုတ်လား"
ရာဂျာ က တုန်လှုပ်လွန်းသဖြင့် စကားပြန်ပင် မပေးနိုင်တော့။ ဂျိုးဇက်ကတော့ ပြုံးလို့သာနေ  သည်။

"မင်းကကော အိန္ဒိယလူမျိုးပဲလား"
အဘွားကြီးက ကျယ်လောင်စူးရှစွာပင် အော်လိုက်ပါတော့သည်။
"မန်နေဂျာ၊ မန်နေဂျာ၊ မစ္စတာရှဲလ်၊ လာစမ်းပါဦး"
လူပုပု ကျစ်ကျစ်တစ်ယောက် အခန်းထဲမှ ထွက်လာသည်။ လူသေးသော်လည်း အတော်မာ ပုံရသည်။
"လိုက်ဝိန်တန်း လက်ဝှေ့ချန်ပီယံလားမသိဘူးကွ။ သတိနော်"
ဂျိုးဇက် က ရာဂျာကို တီးတိုးသတိပေး၏။
"ဘာဖြစ်ကြတာတုန်းဟ"
သူက အဘွားကြီးကို မေးလိုက်သည်။

"သူတို့၊ သူတို့"
အဘွားကြီးက ညွှန်ပြလိုက်သည်။
"မင်းတို့ နီဂရိုးနှစ်ယောက် ဘာလာလုပ်တာလဲကွ"
"ကျွန်တော်က နီဂရိုး မဟုတ်ပါဘူး၊ အိန္ဒိယလူမျိုးပါ"
ရာဂျာက ယဉ်ယဉ်ကျေးကျေးပင် ပြန်ဖြေသည်။
"ဒါဆိုနိုင်ငံကူး လက်မှတ်ပြစမ်း၊ ငါက မင်းတို့နိုင်ငံသားတွေကို မစော်ကားချင်ပါဘူး။ ကဲ နိုင်ငံကူးလက်မှတ် သာပြပါ" "ကျွန်တော့် နိုင်ငံကူးလက်မှတ် ပါမလာဘူးဗျ"
“ဒီလိုဆိုရင် မင်းဟာအိန္ဒိယလူမျိုးဆိုတာ ငါ့ဘယ့်နှယ့်ယုံရမလဲကွ”
“ကျွန်တော် ပြောနေပြီပဲ၊ ကျွန်တော်ပြောရင် ယုံပေါ့ဗျာ”
ရာဂျာ ၏ အသံ မှာ စိတ်မရှည်သံ။ လူ့မလိုင်လွှာမှ ခပ်တင်းတင်းအသံမျိုး။

ထိုအခါ ရှဲလ်သည် အံ့အားသင့်သွားသည်။ သို့သော် ချက်ချင်းမျက်နှာထားပြင်ပစ်ပြီး ဂျိုးဇက်ကို လက်ညှိုး ထိုးကာ- “ဒီကောင်နဲ့ ဘာလာလုပ်ကြတာလဲ”ဟု မေး၏။
“သူက ကျွန်တော့်သူငယ်ချင်းပဲ” ရာဂျာက ပြန်ဖြေ၏။
“မင်း ဒီလိုကောင်မျိုးတွေ နဲ့ သူငယ်ချင်းလုပ်ရင်တော့ မလွယ်ဘူး” ဆိုပြီး ဂျိုးဇက်ကို သူကပြောလိုက်သည်။
“ဒီက စည်းကမ်းတွေ မင်းနားလည်တယ်မဟုတ်လား။ မင်းအစားအသောက်စားချင်ရင် ကိုယ့်ဖာသာကိုယ် သွား ယူစားပေါ့။ ထိုင်မစားရဘူး၊ မှာမစားရဘူးဆိုတာ နားမလည်ဘူး လား။ မြန်မြန်စား မြန်မြန် ထွက်သွားရတယ် ဆိုတာ မသိဘူးလားကွ”
ဂျိုးဇက် ကတော့ မလှုပ်။ ကျောက်ရုပ်တစ်ခုလိုပင် ငြိမ်နေသည်။ သူ့မျက်နှာပေါ်က အပြုံးရပ် ကား ဘာဆိုဘာမှ ခံစားချက် မရှိသော အပြုံးမျိုး။

“မင်းမျက်နှာထား ပြင်စမ်းကွာ။ ငါဆွဲထိုးမိလိမ့်မယ်”
ရာဂျာ က ကြားဝင်မဖျန်ဖြေမီမှာပင် ရှဲလ် ၏ လက်သီးက ဂျိုးဇက်မျက်ခွက်သို့ ရောက်သွား ၏။ နောက်လက်သီးတစ်လုံး ကား ရာဂျာမျက်နှာကို ဖြတ်ထိုးလိုက်၏။ ရာဂျာကား ထူပူသွား ၏။ ဒီိလိုကောင် ကများ ငါ့ကို ထိုးသတဲ့လား ဟု ထောင်းခနဲ ဒေါပွသွားကားတရူးထိုးပြေးဝင် တိုက်လိုက်တော့၏။ ဂျိုးဇက်က လျှင်သည်။ သူတို့နှစ်ယောက်ကြားသို့ဝင်ကာ ဖျန်ဖြေတော့ ၏။ ဒေါသရှေ့ မထားကြပါနဲ့ ဗျာ၊ အေးအေးဆေးဆေး ပြောကြ ပါနော်”
“ငါက ဒုက္ခမပေးချင်ပါဘူး၊ ဘာဒုက္ခမှ မပေးချင်ပါဘူး၊ မင်းဟာ အိန္ဒယလူမျိုးဆိုရင် နောက် တစ်ခါလာ ရင် နိုင်ငံကူးလက်မှတ်ပါယူခဲ့။ ဟောဒီမျက်နှာမည်းကတော့ နောင်ကို မင်းမျက် နှာ မည်းမည်းသဲသဲကို ငါ ထပ်မကြည့် ချင် ဘူးဆိုတာ မှတ်ထားလိုက်”
“ပြောနိုင်ပါတယ်ဗျာ ပြောနိုင်ပါတယ်”
မန်နေဂျာ က ဂျိုးဇက် ကို ထိုးရန်လက်သီးရွယ်လိုက်ပြန်သည်။

“ကဲ ထိုးရဲရင်ထိုးလိုက်စမ်း၊ ထိုးလိုက်စမ်း၊ နင်ထိုးတာနဲ့ နင့်ခေါင်းအကွဲပဲသာ မှတ်တော့”
ရာဂျာက လှည့်ကြည့်လိုက်သည်။ မိုးကာအင်္ကျီအညို၊ လည်ရစ်အနီနှင့် လူလတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦး က သူ့ထီးကြီး ကို ရွယ်ထားလိုက်သည်။
“နင့်ကို ပြောနေတာပဲ၊ နင့်ခေါင်းကို ငါခွဲပစ်မယ်ပြောနေတာ”
သူက ရှဲလ် ကို ပြောလိုက်၏။
ဆိုင်ထဲမှ ဈေးဝယ်သူများမှာ အုပ်စု ၂ စုကွဲသွားသည်ကို ရာဂျာသတိထားလိုက်မိသည်။ စစ် တပ်ကြီးနှစ်တပ် တို့ သည် ရန်စောင်နေကြပြီ။ ယောက်ျားများကားမလာ။ အမျိုးသမီးများနှင့် ကလေးများသာများသည်။ အဖြူနှင့် အမည်း တို့၏ တိုက်ပွဲကြီး။ မန်နေဂျာမူ လန့်သွားသည်။
“ရန်မဖြစ်ကြပါနဲ့ကွာ။ ရန်မဖြစ်ကြပါနဲ့။ အုပ်စုခွဲလိုက်ကြပါ။ ပြန်ကြပါ။ ပြန်ကြပါ။ ပြန်ကြပါ ခင်ဗျား။ ကျွန်တော်တောင်းပန်ပါတယ်”
“တို့လည်းသွားစို့ကွာ ကလေးတွေနဲ့ မိန်းမတွေချည်းပဲ အေးအေးဆေးဆေး နေလိုက်ကြတာ ပေါ့နော်”
ဂျိုးဇက်က ရာဂျာအားပြောလိုက်သည်။ ထို့နောက် ဂျိုးဇက်သည်လည်းစည်းနီနှင့် အမျိုး သမီးကြီး ကို  နှုတ်ဆက်သည်။

“အစ်မကြီးရဲ့သတ္တိကို တကယ်ချီးကျူးပါတယ်ဗျာ”
“ကျေးဇူး တင်စရာ မလိုပါဘူးကွယ်၊ မလိုပါဘူး”
အစ်မကြီး က ပြန်ပြောသည်။ သို့သော် သူ့မျက်နှာရိပ်တွင်တော့ ကျေနပ်မှုအရိပ်အယောင် များ က ပြည့်လျှမ်းနေ သည်။
“ကျွန်တော် အစက မယုံမိဘူးခင်ဗျာ၊ လူတိုင်းက ခဏခဏ ပြောခဲ့ပေမယ့် မယုံခဲ့မိဘူး” ရာဂျာ ကပြောသည်။
“သူများတွေပြောတာ မယုံဘူး ဟုတ်လား”
“ဟုတ်တယ်၊ အရင်က မယုံမိဘူးကွာ”
“ခုတော့ ယုံပြီမဟုတ်လား၊ ဒါပဲ စာတွေ့နဲ့ လက်တွေ့ကွာတယ်ဆိုတာ၊ ဘယ့်နှယ့် မင်းမျက်နှာ အနာတော့ သက်သာ ရဲ့လား”
“မနာပါဘူးကွာ”
“ဒါကို မင်းဘယ်တော့မှ မေ့တော့မှာ မဟုတ်ဘူးနော်”
“ဘယ်မေ့မလဲကွာ၊ တစ်သက်လုံး မမေ့တော့ဘူး”

ထိုနောက် ရာဂျာသည် သူ့အစ်ကိုဝမ်းကွဲတစ်ယောက် ခံခဲ့ရပုံကို ပြန်ပြောပြလိုက်သည်။

“အဲဒီလို အစ်ကိုကလည်းပြောရော၊ ကျွန်တော့်အဘိုးက ဆိုလိုက်ဆဲလိုက်တာကို မွှန်ရောဗျ၊ မင်းဟာ အရူးပဲ၊ အရင်ကလည်း ရူးတာပဲ၊ အခုလည်း ရူးတာပဲ၊ နောင်လည်း အမြဲရူးဦးမှာပဲ တဲ့”
“ခင်ဗျားကတော့ မရူးပါဘူး ရာဂျာ၊ ဒါပေမဲ့ ခင်ဗျားက ကြောက်တတ်တယ်ဗျ၊ ကြောက်တဲ့ အကြောင်းလည်း ရှိမှာပေါ့လေ၊ တိုက်ပွဲက အကြီးအကျယ် ဖြစ်တော့မှာကိုး။ တစ်ခါစဖြစ် လိုက်တာနဲ့ နောက်ဆုတ်လို့ရတာမှ မဟုတ်။ ခင်ဗျားကြောက်တာကို ကျွန်တော် အပြစ် မတင်ပါဘူး။ ခင်ဗျားက ဒီပြည်သားမှ မဟုတ်တာ၊ ခင်ဗျားက ထူးဆန်းလျှို့ဝှက်တဲ့နေရာ တစ်နေရာကို ခရီးလှည့်လည်နေတဲ့ ခရီးသွားပဲ၊ ဒါကြောင့်ရန်ပွဲက ခင်ဗျား ထွက်ပေါက်ရှိမှာ မဟုတ်တော့ဘူး၊ ထွက်ပေါက်ရှိမှာမဟုတ်တော့ဘူး”
ထိုညတွင် ရာဂျာသည် တစ်ယောက်တည်း တွေးနေမိသည်။ သူ့အနာတဂတ် အခြေအနေ ရှေ့ဆက် ဘယ်နည်း ဘယ်ပုံ စခန်းသွားရမည်ဆိုသည်များ။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Monday, September 24, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၅)

မာဂရက် သူ၏လက်မောင်းကို လှုပ်ယမ်းကာ "ဘာငိုင်နေတာလဲ ကိုကိုရဲ့လာပါ။ မြန်မြန်သွားကြပါစို့၊ အိမ်ရှေ့ခန်း မှာ ဦးလေးကိုဘနိုင် မူးလာ လို့ အန်တီတို့ အလုပ်များနေတယ်။ လာ… လာ… ဟောဒီ နောက်ဖေးလမ်းကြားက လှည့်ထွက်မယ်။ ကားဘယ်မှာ ထားခဲ့သလဲ" ဟု ဆိုလိုက်မှ ဇဝန ဉာဏ် လျင် မြန်သော မောင်ဖြတ်စ မှာ ပေါက်ကောင် မှား၍ ဝက်ကန်းအိမ်သာထဲ ကျသည်ကို သိရှိလာသော မာဂရက်၏ ခါးကို တစ်ဖက်လက်ဖြင့် ပွေ့ဖက်၍ ညာလက်ဖြင့် သားရေသေတ္တာကို လှမ်းယူပြီး ဟန်မူရာ ပါပါနှင့် နောက်ဖေးလမ်းကြား မှောင်ကျကျနေရာများမှ တွဲ၍ခေါ်သွားလေ၏။ ကို ဆက်ဖတ်ရန် ....

မာဂရက် သည် မောင်ဖြတ်စ၏ပခုံးကို ညာဘက်လက်ဖြင့် မှေးလိုက်ကာ "ကိုကိုရယ်… သူတို့မပေးစားချင် တာ ဘာရမလဲ… မာ့သဘောပါ၊ ဒီ ပို့ထားရင် မာတို့ ဘာမှမတတ်နိုင်တော့ဘူး အောက်မေ့ထင်ပါရဲ့…"
ဖြတ်စ စကားဘာမျှမပြောနိုင်။ ခပ်တင်းတင်းကလေး ဖက်ခါသာ နောက်ဖေးလမ်းတလျှောက် တွဲခေါ် သွားနေ၏။
အတော်ကလေး လျှောက်မိလျှင် မာဂရက်က "ကား ဘယ်မှာထားခဲ့သလဲ ကိုကိုရဲ့၊ ဝေးလှချည်လား"
ဖြတ်စ မှာ မပြောမဖြစ်တော့သည်နှင့် ကြားနိုင်ရုံလောက် လေသံလေးဖြင့် "စမ်းချောင်းထိပ်မှာ" ဟု ရမ်း ၍ ဖြန်း လိုက်၏။

"အမယ်လေး ကိုကိုရယ်… ကိုယ့်ကားကိုယ် ဒီလမ်းထိပ်ရောက်အောင် မောင်းခဲ့ရောပေါ့၊ ဟိုမှာပဲထားခဲ့ ရသေးတယ်။ ဗိုလ်ရဲထိပ်က ကားနဲ့နေခဲ့သလား…" ဤစကားကိုကြားမှ ဖြတ်စ အသိဉာဏ်တစ်မျိုး ဝင်လာကာ…
"သြော်… ကိုယ်တို့ကားက လမ်းမှာပျက်ကျန်ခဲ့လို့ သူ့ကို အစောင့်ထားခဲ့ရတယ်…"
"အမယ်လေး ကိုကိုရယ်၊ အရေးထဲကျမှ ကားပျက်နေရသေးတယ်၊ ဖြစ်မှဖြစ်ရပလေ၊ ကိုကို စောစော ရောက် လာတော့ အိမ်ကလစ်တာနဲ့ ကြုံနေလို့ ဝမ်းကိုသာနေတာပဲ။ ဒါထက် ကိုကိုလည်း အသံတိုးတိုး ကလေး ရှိတော့တယ်။ လယ်သမားသမဂ္ဂမှာ တရားတွေ နင်းကန်ဟောတယ် ထင်တယ်…"

ဖြတ်စမှာ ရယ်ချင်သလိုလို ဖြစ်လာ၏။ သို့သော် ဟန်နှင့် ပန်နှင့် အသံဝင်ချင်ယောင်ဆောင်ကာ…
"အေးကွယ်…။ မဟောချင်မနေရ အတင်းတိုက်တွန်းကြတာနဲ့…"
ရော၍ ဖြီးလိုက်၏။ မာဂရက်က ကြင်နာသော အသံလေးနှင့်
"အင်း… နိုင်ငံရေးချည်းလည်း သိပ်ကြိုးပမ်းမနေနဲပ၊ ကိုယ့်သက်သာမှုလည်း ကိုယ်ကြည့်ဦး သိရဲ့လား"
"အေးပါကွယ်…"
လေအေးကြီးနှင့် ရောလိုက်ရပြန်၏။

မာဂရက်က နှုတ်ခမ်းကလေးစူကာ…
"အင်း… သူပြောလိုက်မှဖြင့် အေးပါကွယ်ချည်းပဲ၊ တော်တော်ကြာတော့သာ…၊ ဒါထက် ကားကော လွယ်လွယ်ရှိရဲ့လား၊ ဘယ်နေရာမှာလဲ"
"ရှိပါတယ်… မပူပါနဲ့၊ လမ်းထိပ်မှာ အဆင်သင့်ပါပဲ…"
ဖြတ်စမှာ ဤသို့ပြောလိုက်သော်လည်း သူ့စိတ်ထဲ၌ ဗလောင်ဆန်နေလေသည်။ ပိုက်ဆံလည်း တစ်ပြားမှမပါ၊ လမ်းထိပ်ထွက် တက္ကစီကား၊ ဂျစ်ကား၊ ကုန်တင်ကားကြီးများကို ထောင်ကာ ဦးဘိုးရင် ထံ$ ကားအဆင်သင့် ရှိခဲ့သော် အကြွေးရနိုင် ၍ ဟန်ကျပေမည်။ အဆင်သင့်မရှိလျှင် ချောက်ပဲဟု တွေး တောပူပန်ကာ ခပ်သုတ်သုတ် ကလေး စုံတွဲလျှောက်လာခဲ့ရာ ဦးဘိုးရင်အိမ်အနီးသို့ ရောက်လာလျှင် ဂျစ်ကားတစ်စီး ရပ်ထားသည် ကို မြင် ရသဖြင့် အတော်ကလေး စိတ်အေးသွား၏။

""
အိမ်ရှေ့သရင်းကြီးပင်အောက်တွင် မာဂရက်ကို ထားခဲ့ပြီး ဖြတ်စသည် အင်္ကျီကော်လာကို မြှင့်တင်ရင်း ဦးဘိုးရင် အိမ်ထဲသို့ ဝင်သွားလေ၏။  ဦးဘိုးရင်သည် ခေါင်းကို ဆတ်ခနဲ မော်ကြည့်ပြီး
"ဘာလဲ... ဟိတ် ဖြတ်စ" ဦးဘိုးရင်၏စကားမဆုံးမီ မောင်ဖြတ်စသည် လျင်မြန်စွာ လက်နှင့်ပါးစပ်ကို ပိတ်ပြ လိုက်ပြီးမှ ဦးဘိုးရင် အံ့အားသင့်ကာ ဘာသဘောလဲကွဟူသော အမူအရာဖြင့် ကြည့်နေ၏။
မာဂရက် သည် မောင်ဖြတ်စဟူသော အသံကို ကြားလိုက်ရလျှင် သူ့ကို ညနေကစာပေးပြီး အိမ်က ထွက် ပြေးသော ဖြတ်စများ ဒီအိမ်ရောက်နေလားဟု တွေးထင်ကာ အတော်ထိတ်လန့်နေ၏။
သို့သော် လျင်မြန်သော မောင်ဖြတ်စက ဦးဘိုးရင်အား မည်သို့ပြောလိုက်သည်မသိ၊ လူကင်းပါးသော ဦးဘိုရင်က ပထမ မူမှန်အသံနှင့်... "ဟ... ဒီသစ်သားဖြတ်စတွေက ဟိုဘက်ရွှေ့ထားလိုက်စမ်း မောင်ခင်ကြီးရဲ့"ဟု ဆက်လက်ကြားလိုက် ရမှ မာဂရက်မှာ စိတ်သက်သာရာ ရသွားတော့၏။

နောက်မှ ဦးဘိုးရင်က အသံတိုးတိုးကလေးဖြင့် ဖြတ်စအား...
"မင့်ကိစ္စက ဆိုစမ်းပါဦး" "ဒီက ဟိုဂျစ်ကားကလေးကို လိုချင်တယ်"
"ဒီကားကလေး စက်ပျက်နေလို့ ခုည အော်ဒါမလိုက်ရတာကွ..." "ဟင်... ဒုက္ခပဲ၊ ဒီ့ပြင် ကားမရှိတော့ဘူးလား"
"ဒီ့ပြင်ကားဆို အခုညနေကမှ လက်ပံတန်းက ပြန်လာတဲ့ ဟို ကုန်တင်ကားကြီးပဲ ရှိတော့တယ်"
"ဟင်... ခင်ဗျား ကားကြီးက ရွှံ့တွေရေတွေနဲ့ ညစ်ပတ်လို့"

"အထဲ ဖျာခင်းသွားပေါ့ကွ"
"မြာခိုးတဲ့နေရာမှ ဒီလောက်စုတ်စုတ်ပဲ့ပဲ့ကြီးဆိုတော့ ဘယ်ကောင်းမလဲဗျာ။ နို့ပြီး ကားထဲက ပိတ်မှောင်နေတာပဲ"
''အို ...ဒါကတော့ မင်းသဘောလေ မင့် ကိစ္စမင်းပဲ ''
မောင်ဖြတ်စမှာ အတန်ကြာစဉ်းစားပြီးနောက် အခြားကားလည်း မျှော်လင့်စရာမရှိသောကြောင့် ဤ ကား ကုန်တင်ကားကြီး ကို ငှားလိုက်ရခြင်းဖြင့် ဖြတ်စနှင့် မာဂရက်မှာ မမျှော်လင့်သော အခြေအနေ သို့ ရောက်သွားကြလေ၏။
အကြောင်းမူကား ငယ်ရာမှကြီးခဲ့၍ စေတနာ ရေစီးကမ်းပြိုလိုက်သော ဦးဘိုရင်ကြီးသည် တဲပုတ်ကြီး နှင့်တူသော လော်လီကြီးပေါ်တွင် ဖျာခင်းရုံ သာမက ကော်ဇော တစ်ချပ်နှင့် ခေါင်းအုံးတစ်လုံး ပါ ကျေးဇူး ပြုလိုက်သေး၏။

ဤသို့ ပြင်ဆင်ပြီးသောအခါ လောင်းကုတ်ပွကြီးဖြင့် ကိုဖြတ်စသည် မာဂရက်အား ခေါ်လေ၏။
မာဂရက်သည် ကုပ်ချောင်းချောင်းကလေး လိုက်လာကာ...  ''ဟင် ..ကိုကိုရယ် ဒီကားကြီးနဲ့သွားရမှာလား''
ဖြတ်စက တရားဟောရလွန်း၍ တိမ်နေသော သေနာနာအသံကလေးဖြင့်...
''အို... မာရယ်၊ အဆင့်သင့်သလိုပေါ့'' ဟု ပြောပြီး မာဂရက်၏ တင်ပါးဆုံကြီးကို မနိုင်တနိုင်မ၍ ကား နောက်မြီးမှ တင်ပေးလိုက်၏။ မာဂရက်သည် လေးဘက်ထောက်တက်ရင်း...
''ဟင်.. ကိုကိုရယ်၊ အိပ်ရာပါ ကားပေါ်တင်လို့ပါလား... ဘာပြုလို့လဲ၊ ခုညတွင်းချင်းပဲ ပျဉ်မနားရောက် အောင် မောင်း မလို့လား'' ''မဟုတ်ပါဘူး မြို့ထဲတွင် ခုညတွင်းပြီး နက်ဖန်မှာ ကိုယ့်ကားနဲ့ ကိုယ် သွားမှာပေါ့... ''

''နို့ ..ဒီခေါင်းအုံးနဲ့ ကော်ဇောက ဘာလုပ်ဖို့ တင်ထားတာလဲ''
''သြော်... ဒီနားတစ်ဝိုက်မှာ မာဂရက်အန်တီရဲ့ အသိတွေ ရှိနေလို့ လူမမြင်အောင် ကားပေါ်မှာ အိပ် လိုက်သွားဖို့ ယူလာခဲ့တာပါ'' ဟု ရုတ်တရက် ဥာဏ်ဆင်၍ ပြောလိုက်၏။ မာဂရက်သည် ''သြော်.. ဒီလိုလား'' ဟု ဆိုကာ သားရေသေတ္တာကလေး နံဘေးချ၍ ပြောလိုက်၏။ ''ဒါထက် ကိုကို ဒီညဘယ်တည်းမှာလဲ''
''အိုကွယ် မြို့ထဲမှာ ကိုကို့သူငယ်ချင်း တရုတ်တွေ ရှိပါတယ်။ သူတို့ပဲကောင်းတယ်။ ဗမာအသိအိမ်တွေ ဆို ရှေရှေဝေးဝေး မေးမြန်းနေဦးမယ်'' ဟု တရုတ် ဟိုတယ် တည်းအိမ် ကို ရည်းစူး ပြောလိုက်၏။
မာဂရက် ကား ဘာမျှပြန်မပြောတော့ဘဲ နဖူးပေါ်လက်တင်၍ ခိုးရာလိုက်သူ မိန်းကလေးတို့၏ ထုံးစံ အတိုင်း တွေးချင်ရာတွေးနေလေ၏။

အပေါက်ကောင်း တိုး၍ အကြံပိုင်သော မောင်ဖြတ်စသည် ကားစက်နှိုးပြီး ထွက်လျှင်ပင် အိစက်ညက် ညောသော မာဂရက် ၏ ပြည့်ပြည့်တင်းတင်း ကိုယ်လုံးကြီးကို အားရပါးရ ပွေ့ဖက်လျက် ပါးပြင်မှ ကိုတီ ပေါင်ဒါနံ့ သင်းပျံ့ပျံ့ ကို မွှေးကာ မွှေးကာ အုံးစက်ရာယှဉ်တွဲလိုက်လေ၏။
ဤကားမျိုး မှာကား မောင်းသူဒရိုင်ဘာသည် ကားနောက်ပိုင်းထဲကို မြင်လည်း မမြင်ရ အသံလည်း မကြားရ။
ဒရိုင်ဘာ သည် ရန်ကုန်မြို့ဆီသို့ ရှေ့ရှုမောင်းနှင်လျက် လမ်းကြမ်းသောကြောင့် ကားကြီးမှာ တဂျုံးဂျုံး ခုန်နေ၍ မောင်ဖြတ်စ တို့ မောင်နှံမှာ ဗလုံးဗထွေးဖြစ်နေလျက်။
မာဂရက်က..  ''အို... သိပ်မဖက်နဲ့ ၊ အသက်ရှူသိပ်ကျပ်တာပဲ။ အို… အို… ကိုကိုကလည်း၊ နေပါဦး၊ ကြည့်ပါလား... အဟင့်… သူကဖြင့် လွန်လာပြီ၊ ကိုယ့်မယား ဖြစ်တော့မှာပဲ ကြည့်ပါလား… သူမဆိုင်းနိုင်တော့ ဘူး... အဟင့်… အဟင့်... အို… အို…''

ဒရိုင်ဘာသည် မောင်ဖြတ်စ ပြောထားသော နေရာသို့ ရှေ့ရှုမောင်းနှင်ကာ တရုတ်တန်းဟိုတယ် တစ်ခု ရှေ့သို့ ရာက်သော အခါ ကားကို ရပ်တန့်လိုက်လေ၏။
လောင်းကုတ် အင်္ကျီကော်လံကို မြှင့်တင်၍ ဦးထုပ်ကက်ကို ဆွဲချရင်း မောင်ဖြတ်စသည် ကားပေါ်မှ အရင် ဆင်းကာ မာဂရက်၏ချိုင်းနှစ်ဖက်ကို ထုံးစံအတိုင်း ဖေးကာပေးသဖြင့် မာဂရက်သည် စိတ်ချ လက်ချ ဆင်း လိုက်ရာ လောင်းကုတ်အင်္ကျီရှည်ကြီး ခန့်ထည်နေသော ပိန်ချည့်ကုန်းကွ ကိုဖြတ်စမှာ မာဂရက်၏ ထွားအိဖောင်းကြွ ကိုယ်ကာယကြီးဒဏ်ကို မခံနိုင်ဘဲ တာလမ်းပေါ်တွင် ဖင်ထိုင်လျက် လဲကျသွားလေ၏။

မာဂရက်သည် မောင်ဖြတ်စ၏ မျက်နှာပေါ်တွင် ခွလျက်သားလေး ဘက်ထောက် လဲလေ၍..
''အမယ်လေး... ကိုကိုလတ်နှယ်... ကာယဗလမှူးလုပ်နေပြီး မာ့ကိုယ်တော် မနိုင်တော့ဘူးလား၊ လူတွေအနားရှိ ရှက်စရာပဲ'' ဟု ပြောလေ၏။
ဇ၀နဥာဏ် လျင်မြန်သော မောင်ဖြတ်စမှာ အောက်ကနေ၍ ပင့်သက်ရှူရင်း..
''အမယ်လေး... ခြေကျင်နေလို့ ဒီလိုလဲသွားတာ မာရဲ့ ကိုကို့လည်းထူပါဦး၊ ကျွတ်... ကျွတ်… ကျွတ်… ကျွတ်၊ ခြေက ကျင် လိုက်တာနော်'' ဟု ဆိုပြီး သူ့ကက်ဦးထုပ်ကို မျက်နှာအောက် ဆွဲချလိုက်လေ၏။
အမှန်မှာ သူ ဖင်ဆိပ်တက်နေ၍ မထနိုင်ဖြစ်နေရာ မာဂရက် ဆွဲထူမှပင် ထနိုင်တော့၏။

ညအချိန်မတော် မအိပ်သေးသော လူအချို့မှာ ဤထူးဆန်းသော မောင်နှံကို ကြည့်ရှု ရန် တောင်တစ် ယောက် မြောက် တစ်ယောက် ၀ိုင်းအုံလာကြရာ ထိုလူစု မ၀ိုင်းမိခင် မောင်ဖြတ်စသည် ဖင်ဆိပ်တက် မပြေ့တပြေနှင့် ပင် မာဂရက်ကို ဆွဲခေါ်၍ လော့ဂျင်းဟောက်(စ်) ပေါ်တက်သွားလေ၏။
မာဂရက် အား လှေကားဝ၌် ခေတ္တနေစေရာ မောင်ဖြတ်စသည် အခန်းမှူး တရုတ်ထံသို့ သွားလေ၏။
အခန်းမှူးတရုတ် သည် မာဂရက်ကို လှမ်းကြည့်ပြီး…
'' ဟာ..ဆရာ၊ ဒီတစ်ခါ တယ်တောင့်ပါလား''
မောင်ဖြတ်စ သည် ပါးစပ်ကို လက်နှင့်ပိတ်ပြပြီး ဟိုတယ်လှေကားဝ၌ စောင့်နေသော မာဂရက်အား လှမ်းကြည့်ြ့ပီးနောက် ..  ''တိုးတိုးပြောစမ်းပါ၊ အခန်းအား ရှိသေးလား...၊ ရှိရင် မြန်မြန်ပေးစမ်းပါ''

''ရှိပါတယ်၊ ခင်ဗျားလာနေကျ အခန်းနံပါတ် ၃ ပဲ၊ ရော့ ထုံးစံအတိုင်းပဲနော်''
''အေးပါဗျာ'' ဟုဆိုကာ မောင်ဖြစ်စသည် သော့ကိုယူ၍ မာဂရက်ဆီသို့ ပြန်လှည့်လာပြီးလျှင် တွဲခေါ် သွားလေ၏။ အခန်းတံခါး ဖွင့်ဝင်သောအခါ မာဂရက်က.. ''မှောင်လိုက်တာ..ကိုကိုရယ် မီးပွင့် မရှိဘူးလား'
မောင်ဖြတ်စသည်  ''ရှိပါတယ်၊ ဖွင့်တာပေါ့" ဟု ပြောရင်း မိမိမူမှန် ပေါ်ရတော့မည်ကို တွေးတောကာ ရင်တထိတ်ထိတ်နှင့် ပင် တံခါးမင်းတုံးကို ထိုးလိုက်ပြီး ခေတ္တမျှ ငိုင်တိုင်တိုင်ကြီးလုပ်နေမိ၏။
''ကဲပါ..ကိုကို ရဲ့ မီးဖွင့်စမ်းပါ၊ ဘာမှမမြင်ရတော့ဘူ'' ဟု မာဂရက်၏ ကြင်နာဖွယ် အသံလေးကို ကြားမှ မနေသာတော့ဘဲ ''ဟင်.. တတ်နိုင်တော့ပါဘူးလေ နောက်မှ ယောက်ယားပဲ''ဟု စိတ်ကူးကာ မီးပွင့်ကို ရုတ်တရက် လှမ်းဖွင့်လိုက်လေ၏။ တစ်ခန်းလုံး ထိန်ထိန်လင်းသွားကာ နှစ်ယောက်အိပ်ခုတင်ကြီးပေါ် တွင် ခြင်ထေင်၊ မွေ့ရာ၊ ခေါင်းအုံးနှစ်လုံးနှင့် အဆင်သင့်ပြင်ထားသည်ကို မြင်ရလေ၏။

မာဂရက်မှာ ရုတ်တရက် ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားကာ ပါးစပ်ကို ဟ၍ သက်ပြင်းရှိုက်လိုက်မိ၏။ ဟင်... မထူးတော့ ပါဘူးလေ… ဟုဆုံးဖြတ်ကာ ခုတင်ဆီဖြည်းညင်းစွာ လျှောက်သွားပြီး တင်ပါးလွှဲက လေး ထိုင် လိုက်ကာ သားရေသေတ္တာကို လက်ထောက်ရင်း မောင်ဖြတ်စကို လှမ်း၍ကြည့်နေလေ၏။
အပြစ်ခံရခါနီး တရားခံကဲ့သို့ မောင်ဖြတ်စသည် ဦးထုပ်ကို ခပ်အုပ်အုပ် ဆောင်းရင်းပင် လေးလေးမှန် မှန်ကြီး လျှောက်၍လာလေသည်။ မာဂရက်သည် မယုံသကာင်္သလို လှမ်း၍ ကြည့်နေရာမှ အနီးသို့ ရောက်လေလျှင် မိမိ ခိုးရာလိုက်ဖို့ ချိန်းထားသော ရည်းစားစစ်ဗိုလ် မင်းရဲလတ်၏ ခိုင်ခိုင် ခန့်ခန့် မေးရိုးကြီးနှင့် ဆန့်ကျင်ျဘက် ခြားနားနေသော ဖြတ်စ ၏ သေးသေး သွယ်သွယ် မေးချွန်ကလေး ကို မြင်လိုက်ရသဖြင့် ရင်အုံတစ်ခုလုံးပင် ဖြန်းခနဲ ပူလောင်သွားကာ ရုတ်တရက် ကက်ဦးထုပ်ကို လှမ်း၍ ချွတ်လိုက်လေ ၏။

တစ်မဟုတ်ချင်းတွင် မျက်ကွင်းချိုင့်ချိုင့်၊ ပါးရိုးပေါ်ပေါ်၊ ပါးပိန်ပိန်၊ နှာတံသွယ်သွယ်၊ နှုတ်ခမ်းပါးပါးး ကလေး မစေ့တေ စ့နှင့် အရက်ရှိန်ကြောင့် ပန်းနုရောင်လွှမ်းနေ၍ ကုလားခပတ်ဆိုင်မှ မရောင်းရသဖြင့် နနွင်းဆိုးပြုတ်ထား သည့် ကြက်ခေါင်းခြောက်ကလေးနှင့်တူသော ဖြတ်စ၏ မျက်နှာသည် မျက်လုံး က လေး ပြူးကြောင်ကြောင်နှင့် ရုတ်တရက် ဘွားခနဲ ပေါ်လာလေရာ မာဂရက်မှာ ၎င်း၏ မျက်နှာ ကို မြင်လိုက်လျှင်မြင်လိုက်ချင် ''အမယ်လေး.. ကိုယ်ကျိုးနည်းပေါ့'' ဟု တစ်ခွန်းတည်း အော်ပြီး လျှစ်စစ် ထိသူကဲ့ သို့ မေ့မြော ခွေယိုင်သွားလေ၏။
ရုတ်ချည်းပင် ကရုဏာ မကင်းရှာသော ဖြတ်စသည် မာဂရက်၏ ကိုယ်ကို မနိုင့်တနိုင်နှင့် ထူမကာ ခုတင်ပေါ်၌ အသင့်ရှိသော ငှက်မွေးယက်တောင်ကလေးနှင့် ''မာ... မာ... သတိထားပါ...''ဟု ဆိုရင်း ယပ်ခပ်ပေးလေ၏။

တစ်မိနစ်အတွင်း မာဂရက် သတိရလာကာ ရုတ်တရက်ဒူးထောက်ထထိုင်၍ ဖြတ်စအား အလျင်အမြန် လည်မျို တွန်းလှဲပြီး စိတ်ကြီးမာန်ကြီးနှင့် အပြင်းအထန် ရိုက်ပုတ် ထုနှက်လေတော့၏။
ကာယဗလမောင် ဖြတ်စမှာပြန်ထနိုင်ဖို့ ဝေးဘိတောင်း။ ပွရောင်းရောင်း ကုတ်အကျီင်္ကြီးနှင့် ခွေးလုလင် ပျိုတစ်ကောင်၏ ဆွဲယူကိုက်ခဲ ပင့်မြှောက်ရမ်းမွှေ့ ကစားခြင်းကို ခံရသော ဂုန်နီအိတ် စုတ်ကြီး သဖွယ် မွေ့ရာပေါ်တွင် နိမ့်ချီ မြင့်ချီ၊ ဆန့်လိုက် ကွေးလိုက် တရှုံ့ရှုံ့တမဲ့မဲ့ နှင့် အမယ်လေး အဘလေး တ,တ တ ညည်းညူရင်း မချိမဆန့်  လူးလှိမ့်ခံရလေတော့၏။
''အား... အား... အမယ်လေး... သေရောပေါ့. ..မာ... မာဂရက်ရဲ့၊ အန့်မယ်လေးဗျ၊ အမယ်လေးဗျ... အမယ်လေး ဗျ... မလေးဗျ... မလေးဗျ''ဟု လူစွမ်းကောင်းမောင်ဖြတ်စ ပါးစပ်မှ တစ်ဆက်တည်း မပြတ် အော်နေသော်လည်း မာဂရက်မှာမူ ဒေါသကြီးလွန်နေ၍ ဘာမျှ မပြောနိုင်သေးဘဲ အားရှိသမျှသာ တရစပ် မပြတ် တဖုံးဖုံး ထုနှက်နေတော့၏။

၁၀ မိနစ်ခန့်ကြာမှသာ အင်အားအရှိန် ဒီဂရီလျော့လာ၍ လက်ချည်း အားမရနိုင်တော့ဘဲ နှုတ်သံကူညီလာကာ ပါးစပ်တစ်ခွန်း လက်နှစ်ဖက်စုံ တစ်ချက်နှုန်းဖြင့်...
''အမျိုးယုတ်...''
ဖုံး...
''အမ... လေးဗျ''
''လူယုတ်မာ...''
ဖုံး...
''အံ့မလေးဗျ''
''ခွေးကျင့်ခွေးကြံ...''
ဖုံး...
''အံ့မယ်လေးဗျ''
ဤအသွားအတိုင်းပင် မယ်တပ်ကုန်းမာဂရက် မင်းသမီးနှင့် ပိန်ချည့် ကုန်းကွ မောင်ဖြတ်စ မင်းသားတို့ ၏ နှစ်ပါးသွားခန်း မှာ မှန်မှန်ကြီး အတိုင်အဖောက် ညီလာလေ၏။
သို့လင့်ကစား... သဘင်အလုပ် မှာ အမြင်ရှုပ်သလောက် အဟုတ်တကယ် ပင်ပန်းလေရကား မင်းသမီး မှာ တစ်စ တစ်စ အင်အားလျော့လာလေ၍ နှုတ်သံနှင့် လက်သံမှာလည်း တဖြည်းဖြည်း ပျော့၍လာကာ နောက်ဆုံး၌ ခုတင်ခေါင်းရင်း အကာကို ပက်လက်ကလေး မှီရင်း မိန်မောသွားရှာလေ၏။

ဤတွင်မှ လောင်းကုတ်အကျီင်္ထူကြီးကြောင့် ခံနိုင်ရည်ရှိနေသော မင်းသား မောင်ဖြတ်စသည် တုံးလုံး နေရာမှ ထိခွင့်ရ ၍ အနီးရှိ ယပ်တောင်ကို ကောက်ယူပြီး မောသလား... မောသလား ခင်ရေ... ဟူသော သဘောဖြင့် မာဂရက် အား ယပ်ခတ်ပေးလေ၏။
၁၅ မိနစ်ခန့် အကြာတွင် မာဂရက်သည် အမောပြေလာ၍ ရုတ်တရက် ငေါက်ခနဲ ထလိုက်ပြီး ယပ်ခတ် နေသော မောင်ဖြတ်စ၏ လည်မျိုကို အတင်းတွန်းလှဲပြန်ရာ ဒုတိယတစ်ဖန် အပြင်းအထန် ထုနှက်ပြန် လေ ၏။

ဤအကြိမ်ကား အမြန်ရော အနှေးပါ ၁၀ မိနစ်မျှသာ နှစ်ပါးသွားနိုင်သည်။ မင်းသမီးမှာ ရှေးနည်းအတူ လက်အံသေကာ မိန်းမောသွားပြန်၍ မင်းသားမှာ ယခင်နည်းအတိုင်း အမောဖြေပေးရပြန်လေ၏။
ဤသို့လျှင် တစ်ကျော့စီ၊ တစ်ကျော့စီ နှစ်ပါးသွားလိုက်၊ အမောဖြေလိုက်နှင့် ၃ နာရီခန့် အကြာ လေးခါ နှစ်ပါးသွားပြီး ပထမအကြိမ်မြောက် လောင်းကုတ်အကျီင်္ပွပွ မင်းသားက လက်တစ်ဖက်ထောက် ပုံ့ပုံ့က လေး ထိုင်လျက် ခေါင်းရင်းခုတင်ကာကို ခေါင်းအုံးခံ၍ ရင်တဖိုဖိုနှင့် ပက်လက်ကလေး မှီနေသော မျက် တောင်စင်းစင်း မင်းသမီးကလေးအား ယပ်ခတ်ရင်း အမောဖြေပေးနေစဉ်တွင် အပြင်ဘက်မှ တံခါး ခေါက်သံ ကို ကြားရလေ၏။

မောင်ဖြတ်စသည် ယပ်တောင်ကလေးကို နံဘေးချပြီး ထိုင်ရာမှ ထသွား၍ တံခါးဖွင့်ပေးလိုက်ရာ အချိန် မှန် ထုံးစံအတိုင်း ကြက်ဥဟပ်ဘွိုင်လေးလုံးနှင့် နို့ကျက်အေးနှစ်ဖန်ခွက်ကို လင်ပန်းငယ်ကလေးဖြင့် ယူလာသော ချာတိတ် တစ်ကောင် ၀င်လာလေ၏။
မောင်ဖြတ်စ သည် ကောင်ကလေးလက်မှ လင်ပန်းကလေးကိုယူ၍တံခါးကို ပြန်ပိတ်ပြီးလျှင် ခုတင်အနီး ရှိ စားပွဲဝိုင်းကလေးပေါ် ချလိုက်၍ ချပ်ခနဲဖြည်လျှင် မာဂရက်သည် မျက်တောင်ကော့ကလေးနှင့် မျက်လုံးကို ခပ်စင်းစင်း ကလေးဖွင့်ပြီး ကြည့်လိုက်ရာ သဘာဝကျလှသော အာဟာရများကို တွေ့ရသ ဖြင့်...
''ဟင်း...ဒါက ဘာတွေလဲ၊ ဘာလုပ်ဖို့လဲ'' ဟု ကြွပ်ဆတ်ဆတ်မေးလိုက်လေ၏။ မောင်ဖြတ်စသည် ဘာမျှ မဖြစ်သလို အေးစက်စက်ပင်... ''အမောပြေ သုံးဆောင်ဖို့ပါလေ၊ မာ မောလှပြီ၊ ရော့ အင့် သောက်လိုက်ပါဦး''ဟုဆိုကာ နို့ခွက်ကိုယူ၍ ယုယ ကြင်နာသော အမူအရာဖြင့် ပေးလေ၏။

မာဂရက်သည် ဤပစ္စည်းများ၏အဓိပ္ပာယ်နှင့် အရှက်ကို နားလည်ပါ၏။ သို့သော် မောပန်းဆာလောင် လွန်းလှ သဖြင့် ဣနြေ္ဒကို ခဏ ဖရီး ဂီယာသွင်းပြီး စေတနာ့ရှင်ကို မျက်စောင်းတစ်ချက် ထိုးကြည့်ရင်း နို့ခွက်ကို ဆတ်ခနဲ လှမ်းယူလိုက်လေ၏။

မောမောပန်းပန်းနှင့် အရသာရှိလှစွာ သောက်ရ၍ နို့ကုန်ခါနီးတွင် အတော်ကလေး အားရှိလာကာ နို့ ကို ဇိမ်နှင့် သောက်နေသော ဖြတ်စ၏ဦးခေါင်း ကို ဖန်ခွက်ဖြင့် လှမ်းချပြီး အလျင်အမြန် လည်မျိုကို တွန်းလှဲ၍ ယခင် နည်းအတိုင်း နှစ်ပါသွားဆက် ကြပြန်လေ၏။
ဤအကြိမ်ကား နောက်ဆုံး နှစ်ပါးသွားခြင်း ဖြစ်ပေ၏။
အကြောင်းမှာ မာဂရက် ၏ လက်ကိုင်သန်သန်နှင့်ဖန်ခွက်အထူကြီး ခွပ်ခနဲ ကွဲအောင် တအားချလိုက် သော ဒဏ်သည် မောင်ဖြတ်စ၏ ဦးခေါင်းနှင့် မျက်နှာတစ်ခုလုံး ကုလားသင်္ကြန်ကျစေလေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၉)

''ဘယ့်နှယ့်၊ ရှင်က ရှင့်အဖေကို မကြိုက်ဘူးလားဟင်''
''ကြိုက်တာပေါ့။ ကြိုက်သမျှ သိပ်ကြိုက်ပေါ့။ ဒါပေမဲ့ ငါက သူ့ကို မနာလိုဖြစ်နေမိတယ်လို့ ထင်တယ်ကွာ'' ထို့နောက် သူက သူ့အိမ်အကြောင်း ပြောပြလိုက်သည်။ လူစီဘဲလ်က ငြိမ်ငြိမ်လေး နားထောင်နေ သည်။ သူ့ လက်ကမူ ရာဂျာ ၏ လက်မောင်းများကို တွယ်ချိတ် ထားသည်။ ရာဂျာက မိန်းမသား လက်နုနုလေး ၏ အတွေ့အထိ ကို ခံစားနေရသည်။ သူက ဒီလိုယုယကြင်နာမှုမျိုးကို လိုအပ်နေ ချိန်၊ တောင့်နေချိန်၊ မေတ္တာငတ်မွတ်နေချိန်တွင် ဒီလိုအပြုအမှုလေးကြောင့် တုန်လှုပ် သွားသည်။ အိန္ဒိယ လုံမပျိုလေး များက ဒီလို ဘယ်တော့မှ လုပ်ရဲကြမည်မဟုတ်။ ထို့နောက် သူ့ဖာသာသူ သဘောကျပြီး ရယ်ချ လိုက်သည်။
ကို ဆက်ဖတ်ရန်...........

''ဘာဖြစ်လို့ ရယ်တာလဲ ဟင်''
''သြော်၊ သိပ်ပြီး ထူးဆန်းအံ့သြစရာကောင်းတဲ့ နေ့တစ်နေ့မို့ ပါကွယ်။ ဘာဖြစ်လို့လဲဆိုတော့ သစ်ပင်တွေ မှာ ရွှေတွေ၊ မြတွေ စီချယ်တဲ့ သရဖူတွေကို ဆောင်းထားလို့ပေါ့။ နောက်ပြီး မင်းဟာ ကိုယ့်နဲ့အတူ ရှိနေလို့ပါ။ မင်းဟာလေ သိပ်ပြီး ကြင်နာတတ်တဲ့သူပဲကွယ်။ ''အို ရာဂျာရယ်'' ရာဂျာက လူစီဘဲလ် ကို ပြုံးပြီးကြည့် လိုက် သည်။ သူကလေးခမျာတော့ မျက်ရည်တွေ ပင်လယ်ဝေလို့ပါလား။
''လူစီဘဲလ်၊ ဘာဖြစ်လို့ မျက်ရည်ကျတာလဲကွယ်။ ကိုယ်နဲ့ခုလို အတူတူရှိနေတဲ့ အချိန်ဟာ မင်းအဖို့ ဝမ်းနည်း စရာ ကောင်းနေလို့လားဟင်'' သူက ကုန်းပြီး နဖူးကလေးကို ဖွဖွလေးနမ်းလိုက်၏။ လူစီဘဲလ်ကမူ သူ့ပါးပြင်ဝယ် နှင်းဆီဖူးလေး တစ်ခု အသာအယာ ပွင့်အာလာသလို ခံစားလိုက်ရလေသည်။
ပျော်ရွှင် ကြည်နူးမှု လွှမ်းခြုံထားသော သူတို့နှစ်ဦးသည် ဖြည်းညင်းစွာ အိမ်ပြန်ခဲ့ကြသည်။

နောက်ထပ် တစ်ပတ်ခန့်ကြာသောအခါ ရာဂျာသည် ဒေါက်တာ အေမိစ်ထံမှ စာတိုလေးတစ်စောင် ရခဲ့သည်။
''ပါမောက္ခဆော်လမွန်ဒင်တန်နဲ့ မင်းတို့တွေ့ဖို့ ငါစီစဉ်ပြီးပြီ။
၁၁နာရီ မှာ တွေ့မယ်။ ခုလောလောဆယ်တော့ မင်း ဘန်နီကာမှာပဲ နေသင့်တယ်လို့ ငါထင်တယ်ကွာ။
ရာဂျာက အံ့သြနေသည်။ ဘာအဓိပ္ပာယ်မှန်းလည်း သူမသိ။
၁၁ နာရီ ထိုးသောအခါ ဒေါက်တာဒင်တန်နှင့် သွားတွေ့သည်။ ဒေါက်တာဒင်တန်သည် ဟာဗက်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့၊ ယေးလ်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့၊ ဟားဗက်မှ ဒေါက်တာဘွဲ့များ ရရှိခဲ့သူဖြစ်ကြောင်း သူ့အခန်းထဲ တွင် ချိတ်ထားသော ဘွဲ့လက်မှတ်များအရ သိနိုင်သည်။ ဒေါက်တာဒင်တန်သည် အရပ် ၆ပေ၊ ၃ လက်မမျှ အရပ်မြင့်သူဖြစ် သည်။

သူ့ကို တွေ့သောအခါ ထိုင်ခိုင်းလိုက်သည်။
''ရာဂျာ မင်းနဲ့ ခုလိုတွေ့ရတဲ့ ကိစ္စကတော့ မင်းပြုစုရမယ့် ကျမ်းနဲ့ပတ်သက် လို့ ဆွေးနွေးချင် လို့ပါပဲ။ ဒေါက်တာအေမိစ်က ညွှန်းတာတော့ ဝှစ်တမန်းနဲ့ တဂိုးအကြောင်း တစ်ခုခုပြုစုဖို့ပါပဲ။ အဲဒီအကြံ သိပ်ကောင်း ပါတယ်။ မင်းအနေနဲ့တော့ စိတ်ထဲ ရည်ရွယ်ထားတာ ဘာများ ရှိသလဲ ပြောစမ်းပါဦး''
''ဝှစ်တမန်းနဲ့ ဂုရုဒက်ဖ် နှိုင်းယှဉ်ပြီး ရေးရတာ သိပ်စိတ်ဝင်စားစရာ ကောင်းတယ်လို့ ထင်ပါတယ်ခင်ဗျ။
''ဂုရုဒက်ဆိုတာ ဘယ်သူလဲကွ'' ''သြော်၊ ဒါက ကျွန်တော်တို့ တဂိုးကို ဂုဏ်ပြုခေါ်ဝေါ်တဲ့ အမည်ပါ။ ဂုရုဆိုတာကတော့ ဆရာကြီးလို့ အဓိပ္ပာယ်ရပြီး။ ''ဒက်''ဆိုတာကတော့ ထာဝရဘုရားလို့ အဓိပ္ပာယ်ရပါတယ်''
''သြော် သြော် ဆက်ပြောပါဦးကွယ်'' ''တဂိုးက ၈၆၁ ခုနှစ်မှာ မွေးတယ်။ အဲဒီအချိန်မှာ ဝှစ်တမန်းကတော့ အတော်ထင်ပေါ် ကျော်ကြားနေတဲ့အချိန်။ ဒါကြောင့် သူတို့ကို ခေတ်ပြိုင်လို့ မပြောနိုင်ပေမယ့်။ သူတို့နှစ်ယောက် မှာ  တူညီချက်တွေ တော်တော်များများ ရှိနေပါတယ်။

''ဘာတွေ တူတာလဲ ပြောစမ်းပါဦး''
''သူတို့နှစ်ယောက်စလုံးဟာ ဘာသာဝေါဟာကြွယ်ဝတဲ့ နေရာမှာတူတယ်။ လူမှုရေး နိုင်ငံရေး ပြဿနာတွေကို ရင်ဆိုင်ရာမှာ တူတယ်။ ကျော်ကြားတဲ့ ကဗျာဆရာကြီးတွေ ဖြစ်ရာမှာ တူတယ်လေ''
''တဂိုးသုံးတဲ့ ကဗျာဟန်နဲ့ ဝှစ်တမန်းနဲ့ကော တူတယ်ထင်သလားကွ''
''ဒါတော့ ဘယ်တူမလဲခင်ဗျ။ တဂိုးက သူ့မိခင်ဘာသာဖြစ်တဲ့ ဘင်္ဂလားဘာသာက သီချင်းတွေ။ ကဗျာတွေရဲ့ အငွေ့အသက်ယူပြီးရေးတာပဲ။ နောက်ပြီး သူက အိန္ဒိယပြည်မှာ မွေးတဲ့သူ၊ အမေရိကန်ပြည်မှာ မွေးတဲ့သူမှ မဟုတ်တာ။
သူတို့ နှစ်ယောက် ဆွေးနွေးပွဲသည် အတော်ကြာသွားသည်။ လူဝီနှင့်တွေ့သောအခါ ''ဒင်တန်'' အကြောင်း ပြောမိ သည်။
''သူ့ညီမနဲ့ ကျွန်တော်အမေက စက်ရုံတစ်ရုံတည်းမှာ အတူတူလုပ်ဖော်ကိုင်ဖက်ပေါ့။ ဒါကြောင့် သူနဲ့ ကျွန်တော်နဲ့ ရင်းနှီးခဲ့တာ ကြာပါပြီ။ သူက ပါမောက္ခဆိုပေမယ့် ကျွန်တော်နဲ့သူက သူငယ်ချင်းလိုပဲ ဆက်ဆံကြပါတယ်။ ကျွန်တော်အမေ ကတော့ စက်ရုံသေးသေးလေးတစ်ခုမှာ အလုပ်လုပ်တာ အခုဆို အနှစ် နှစ်ဆယ်ကျော် သွားပြီလေ။

''ခင်ဗျား အဖေကတော့''
''ကျွန်တော်အဖေကို တစ်ခါမှ မမြင်ခဲ့ပါဘူး။ ကျွန်တော်တို့ကို မမွေးခင်မှာပဲ အဖေသေသွားပြီလို့ အမေ က ပြောပါတယ်။ အဲဒါ ဟုတ်မဟုတ်တော့ မသိဘူးပေါ့လေ။ ''မွေးချင်းက ခင်ဗျားတစ်ယောက်တည်းလား'' ''မဟုတ်ဘူး၊ အစ်ကိုသုံးယောက်ရှိသေးတယ်။ တစ်ယောက်က ဒက်တရွိုက် မော်တော်ကားစက်ရုံမှာ လုပ်တယ်။ တစ်ယောက်ကတော့ ဆန်ဖရန်စစ္စကိုက  ကုန်တင်ကုန်ချ အလုပ်သမား။ တစ်ယောက်ကတော့ အမှိုက်ကျုံးသမား။ ''ဘာကျုံးတဲ့သူလဲကွ၊ ပြန်ပြောစမ်းပါဦး။
ရာဂျာ သည် မယုံနိုင်လွန်းသဖြင့် ထပ်မေးလိုက်သည်။ သူ့အသံပင် တုန်နေသည်ကို သတိပြုမိ၏။
''ကြားတယ် မဟုတ်လား။ အမှိုက်ကျုံးသမားဆိုတာလေ။

ရာဂျာလို ဗြဟ္မဏမျိုးနွယ်တစ်ဦးသည် အမှိုက်ကျုံးသမား တစ်ယောက်၏ ညီနှင့်မှ အခန်းချင်းချင်းတူတူ လာနေရပြီကော။ ရာဂျာသည် သူ့အဖေ၏ ဒေရာဒန်ရှိ နွေရာသီစံအိမ်ကို သွားသတိရသည်။ ထိုအိမ် တွင် ရေပိုက်လိုင်း များ သွယ်မထား။ နံနက်နှင့် ညနေပိုင်းတိုင်း နောက်ဖေးဇလားများကို သိမ်းကြရသည်။ အညစ်အကြေး သန့်ရှင်းသူများသည် နောက်ဖေးတံခါးမှ ဝင်ကာ၊ ရေချိုးခန်းထဲမှ ဇလားများကို ယူကြရသည်။ ထိုအထဲတွင် မိန်းကလေးတစ်ယောက်တည်း ပါသည်။ ထိုမိန်းကလေးမှာ ငယ်ငယ်ရွယ်ရွယ် လှလှပပလေး။ ရာဂျာ သည် ထိုမိန်းကလေးကို  မြင်တိုင်းပင် ရွံ့သဖြင့် ကြက်သီးဖျန်းဖျန်း ထမိခဲ့သည်။ ဝေးဝေး ကလည်း ရှောင်သည်။ အနားသို့ အကပ်မခံ။ မိလ္လာသိမ်းသူများ။ အမှိုက်ကျုံးသူများမှာ တစ်တန်းစားတည်း။

အယုတ်ညံ့ဆုံး အတန်းအစားများ။ ''ငါ ဒီကိုဘာဖြစ်လို့ ရောက်လာတာပါလိမ့်။
စိတ်ထဲက ညည်းလိုက်သော ရာဂျာ့အသံသည် အပြင်သို့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
''ဘယ်သူက ခင်ဗျားကို လာခိုင်းလို့လဲဗျ။ လူဝီကလည်း ပြန်ပြော၏။ ရာဂျာ၏ ပါးကြောနားကြောများ တင်းကုန်သည်။ မျက်လုံးများမှာ မီးဝင်းဝင်းတောက် နေကြသည်။ ဘာတစ်ခု မှ ပြန်မပြောနိုင်။ ''ဘာဖြစ်တာလဲဗျ။ ကျွန်တော်က ဘာပြောမိလို့ ခင်ဗျားမျက်နှာက ခုနစ်အို၊ ရှစ်အိုကြီး ဖြစ်သွား ရတာလဲ၊ မှန်မှန်ပြောစမ်းဗျာ၊ လှည့်ပတ်တော့ မပြောနဲ့နော်။
သူက လူဝီကို ပြန်ရှင်းပြရသည်။ သူသည် ဗြဟ္မဏဇာတ်မျိုးဖြစ်ကြောင်း၊ အိန္ဒိယတွင် အမြင့်ဆုံး အမြတ်ဆုံး ဇာတ်ဖြစ်ကြောင်း။ ထိုဇာတ်မျိုးနွယ်ဝင်များသည် ဆရာသော်လည်းကောင်း၊ ဘုန်းကြီး သော် လည်းကောင်း၊ ဖြစ်ကြရကြောင်း။ထိုဇာတ်မျိုးနွယ်များ အောက်တွင်ကား လူအဖြစ်ပင် အသိ အမှတ်၊ ပြုခြင်း မခံရသော ဇာတ်နိမ့်အဖွဲ့ဝင်များ။ ထိုဇာတ်နိမ့်တို့ကမူ သားသတ် သမား မိလ္လာသမား အမှိုက်ကျုံး သမားများသာ ဖြစ်ကြောင်း၊ ဝမ်းဆွဲဆရာမအလုပ်၊ သုဘရာဇာအ လုပ်တို့ကိုလည်း ဇာတ်နိမ့်များသာ လုပ်ကြ ရကြောင်း၊ ဘယ်သူကမှ ကလေးမွေး သည့် အလုပ် ကိုလည်းကောင်း။

 လူသေအလောင်းများကိုလည်းကောင်း၊ မကိုင်တွယ်ချင်ကြကြောင်း။ သူတို့ကို မြို့ပြင် တွင်သာ နေထိုင်စေ ခဲ့ကြောင်း၊ သူတို့ နှင့် ဗြဟ္မဏမျိုး တစ်ယောက်ယောက်၊ မတော်တ ဆထိမိ ခိုက်မိလျှင်ပင်၊ ချက်ချင်း အိမ်ပြန်ကာ ရေချိုးပြီး ဆုတောင်း အာပတ်ဖြေ ရကြောင်းများ။
ရာဂျာပြောနေသည်များ ကို လူဝီသည် ဆေးတံခဲရင်းနှင့် တည်ငြိမ်စွာ နားထောင်နေသည်။
''ဒါဆို ရာဂျာနယ်၊ ခင်ဗျားလို ဗြဟ္မာဏမျိုးနွယ်ဟာ ခုတော့ ဇာတ်နိမ့်တွေကြားထဲ ရောက်နေရပြီလား။ ကျွန်တော် တို့ကို ဒီ တိုင်းပြည် ကလည်း ဇာတ်နိမ့်တွေလို့ ဝိုင်းပယ်ထားကြတာပါဗျာ။
လူဝီမျက်လုံး တွင် မျက်ရည်များ ရစ်ဝဲနေသည်ကို ရာဂျာ တွေ့လိုက်လေသည်။

''ဟုတ်ပါတယ်ရာဂျာ၊ ကျွန်တော်တို့ဟာ ဒီပြည်က ဇာတ်နိမ့်တွေပါ။ ကျွန်တော်တို့ကို လူဖြူတွေက မသတီကြ ပါဘူး။ ကျွန်တော်တို့ အနားရောက်လာရင် လူဖြူတွေက ဘေးကို ရှဲကုန်ကြရော။ သူတို့နဲ့ ထိမှာခိုက်မှာ သိပ်ကြောက်ကြတယ်။ ကျွန်တော်တို့ရဲ့ အရိပ်အယောင်တောင် သူတို့လမ်းပေါ် အကျမခံချင်ကြပါဘူး၊ နောက်ပြီး အယုတ်ညံ့ ဆုံးလို့ သူတို့သတ်မှတ်ထားကြတဲ့ အလုပ်တွေကို ဘယ်သူတွေ လုပ်ကြသလဲ။ ကျွန်တော တို့ပဲ လုပ်ကြ ရပါတယ်ဗျာ။ အမဲသတ် သမား။ငါးစိမ်းသည်တွေဟာ ဘယ်သူတွေလဲ၊ ကျွန်တော်တို့ပဲ။ ဆပ်ပြာစက်တွေ၊ တာပင်တိုင စက်ရုံတွေမှာ ငရဲမီးတွေနဲ့ လူးနေကြရတာ ဘယ်သူတွေလဲ၊ လူဖြူတွေ လုပ်ချင်ကြတဲ့ အလုပ်အားလုံး ကျွန်တော်တို့လုပ်ကြ ရပါတယ်။ လူမည်းတွေထဲက ကျွန်တော်တို့လို အဆင်မြင့် တယ် ထင်တဲ့ လူတွေတောင် အမှိုက်ပုံပေါ် ထိုင်နေကြရတဲ့ အဆင့်ပါ။ ကျွန်တော်တို့ဟာ မစင်ပုံပေါ် ကဧကရာဇ် တွေပါပဲဗျာ။

လူဝီသည် ခေါင်းကို လက်များဖြင့် အုပ်ထားလိုက်သည်။ သူ့ကိုကြည့်ပြီး ရာဂျာတစ် သက်တာတွင် တစ်ခါမလုပ်ဖူးသေးသော အလုပ်တစ်ခုကို ယခုပထမဆုံး လုပ်တော့ရန် ဆုံးဖြတ်လိုက်မိတော့သည်။
ဒီရောက်ပြီး မှ ပထမဆုံးအကြိမ် ကိုယ့်အဝတ်ကိုယ် ဘီဒိုထဲ ထည့်ဖူးသည်။ ကိုယ့်ဖာသာ ကိုယ် ပထမဆုံး လုပ်တော့ရန် ဆုံးဖြတ်လိုက်မိတော့သည်။
ဒီရောက်ပြီး မှ ပထမဆုံးအကြိမ် ကိုယ့်အဝတ်ကိုယ် ဘီဒိုထဲထည့်ဖူးသည်။ ကိုယ့်ဖာသာကိုယ် ပထမဆုံး အစားအသောက် ယူစားဖူးသည်။ ပထမဆုံးအကြိမ် ကိုယ့်အခန်းကိုယ် ရှင်းဖူးသည်။
ယခုလည်း သူပထမဆုံးအကြိမ် လူဝီအား တောင်းပန်သမှု ပြုရပေတော့မည်။

''ကျွန်တော် ဝမ်းနည်းပါတယ် လူဝီရယ်။ ကျွန်တော်ဟာ အနာထဲ ဆားပက်တဲ့ သဘောမျိုး ရောက်သွားမယ်လို့ အစ က မထင်မိလို့ပါဗျာ။
လူဝီအား လက်ကမ်းပေးပြီး တောင်းပန်လိုက်သည်။
''ဒါက အရေးမကြီးဘူးဗျာ၊ ကျွန်တော်တို့ အဖို့တော့ ဒီပြဿနာမျိုးတွေ အမြဲတမ်း ရင်ဆိုင်နေကျပါ၊ ခုလို မကြေညာတဲ့ စစ်ပွဲကြီးလို ဖြစ်နေတဲ့ ပြဿနာကြီး မပျောက်သေး သရွေ့ ဆက်ပြီး ဆားအပက် ခံနေကြရဦးမယ်ဆိုတာ ကျွန်တော် နားလည်ပါတယ်ဗျာ။
လူဝီက ဖြည်းညင်းစွာ ပြောခဲ့လေသည်။

 ၉

ကျောင်းသားလပ်ရက်တိုင်းမှာရာဂျာမှာ မအားနိုင်အောင်ပင် ဖြစ်နေရသည်။ ဘန်နီကာ မှ ကျောင်းသူကျောင်းသား များ က သူ့ကို ပစ်ကနစ်ဖိတ်လိုက်၊ ပါတီဖိတ်လိုက်၊ ဘတ်စကတ် ဘော ပွဲ၊  ဘောလုံးပွဲ ဖိတ်လိုက်နှင့် ရာဂျာသည် အားလုံးကို လိုက်လျောကာ သွားလာနေရ ၏။
လပြည့်ည တစ်ညတွင်ကား အနီးအနားမှ ပင်လယ်ကမ်းခြေ သောင်ပြင်တစ်ခုသို့ ပျော်ပွဲစား ထွက်ခဲ့ကြသည်။
ရာဂျာ အဖို့မူ အလွတ်လပ်ကြီး လွတ်လပ်နေ၏။ တစ်ခါမှ လူအုပ်စုနှင့် လွတ်လွတ် လပ်လပ်မသွားလာဖူးခဲ့။
ဖိနပ်မပါဘဲ စိုစွတ်သော သဲသောင်ပြင်တွင် လမ်းလျှောက်ရသည့် အရသာမှ ထူးကဲလွန်း လှ၏။
သူသည် ယခင်က ပင်လယ်ပြင်ကို နီးနီးကပ်ကပ် တစ်ခါမှ မမြင်ဖူးခဲ့။ ခုတော့ သောင်ပြင်ပေါ်တွင် မတ်တတ် ရပ်ရင်းနှင့် ရှေးခေတ်က အိန္ဒိယစစ်သားများသည် အလက်စန္ဒြီးယား၊ အေသင်နှင့် ရောမမြို့များသို့ အဝေးကြီး လာရောင်ကြကာ ရေမွှေး၊ ကျောက်မျက်ရတနာ၊ အဝတ်အထည်များ သယ်ဆောင်လာကြပုံကို သတိရ တွေးတောနေ မိ၏၊

ကမ်းခြေကို ဒေါသတကြီး တိုက်ခတ်နေကြသော လှိုင်းလုံးများကို ကြည့်ရင်း အနီးအနားတွင် သူတစ်ယောက် တည်း မဟုတ်ကြောင်း ခံစားသိရှိလာမိသည်။ ခြေသံကြား၍ကား မဟုတ်၊ အလိုလိုသိလာခြင်း။
သူက မလှုပ်မယှက်ပင် ရပ်နေသည်။ သူ့လက်ကို နူးနူးညံ့ညံ့ လက်ကလေးတစ်ဖက်က လာ ထိတွေ့သည် ကို ဘေးလက်လှည့် ကြည့်လိုက်သည်။ လူစီဘဲလ်ပါလား။  သူက ပွေ့ဖက်လိုက်တာ နမ်းလိုက်မိ၏။ လူစီဘဲလ်၏ နှုတ်ခမ်းပေါ်မှ ငန်ကျိကျိ ဆားအရသာလေးကိုပင် သိသွားရသည်။
ထိုနောက် တင်းတင်းကျပ်ကျပ် ကြီးပင် ဖက်လိုက်မိသည်။ ရှင် သိပ်သန်တာပဲနော်၊ ဒီလောက်သန်မှန်း အစက မသိဘူး လေသံလေးဖြင့် သူကပြောသည်။

ယောက်ျားပဲကွာ၊ ဒီလောက်တော့ အားရှိရမှပေါ့
လွတ်ထွက်သွားမှ စိုးသည့်အလား တင်းတင်းကျပ်ကျပ် ဖက်လိုက်ပြန်သည်။ ထို့နောက် ဘာမပြောညာမပြော လက်တွေလွှတ်ချ လုက်ပြီး ပြောလိုက်သည်။ ငါတစ်ယောက်တည်း နေချင်တယ်ကွယ်၊ စဉ်းစားစရာတွေ ရှိနေလို့
လူစီဘဲလ်က ထွက်သွာကာ မီးပုံဆီသို့ ပြန်သွားခဲ့သည်။ မီးပုံဆီသို့ ဘယ်လိုကဘယ်လို ရောက်လာမှန်ုးပင် မသိ။ အသက်ရှုမှား လောက်အောင် မောပန်းနေခြင်းနှင့် ရိုးတွင်းချဉ်ဆီ ခိုက်အောင် ချမ်းနေခြင်း တို့ကိုသာ သိနေသည်။ သိပ်မီးပုံရှေ့မတိုး နဲလေ၊ လောင်သွားမှာပေါ့ လူဝီပြောသံကို ကြားလိုက်ရသည်။

သူက လူဝီကို ပြန်ကြည့်လိုက်သည်။ ချက်ချင်း စကားမပြောနိုင်၊ နောက်မှ ပြောလိုက်သည်။
မလောင်းနိုင်ပါဘူးဟာ၊ ငါတော့ မထင်ပါဘူး။
လောင်မယ်၊ လောင်မယ်၊ နင်တော့ လောင်မှာ သေချာတယ်။
လူဝီက ဒေါသသံဖြင့် ပြောသည်။ တကယ်လို့ မီးလောင်သွားတယ် ဆိုရင်လည်း ငါတော့ လောင်ရ ကျိုးနပ်တယ်လို့ ထင်တယ်ကွယ်။ နောက်ပိုင်းတွင် လူစီဘဲလ်သည် လူဝီ၏ သတိပေးစကားကိုသာ အဖန်အဖန်ကြား ယောင်နေမိသည်။ လူဝီခမျာ တော်တော် ခံစားနေရရှာမည်ကို သူသိပါသည်။ ထိုသို့သော ဖြစ်ရပ် ကို သူလည်း မလိုးလား၊ ဘာဖြစ်လို့လဲ ဆိုတော့ လူဝီကို သူကြိုက်ခဲ့၍၊ ချစ်ခဲ့၍။ သို့သော် ရာဂျာ ကို ချစ်ရပုံမျိုး နှင်တော့မတူပါ။ လူဝီသည် သူမှီပြီးရပ်နေသော ကျောက်ဆောင်နှင့် တူပြီး ရာဂျာကမူ မီးတောက် မီးလျှံနှင့် တူပါသည်။ ထိုမီးလျှံ၏ လောင်ကျွမ်းခြင်းကို သူခံရပေမည်။ လူဝီပြောတာ မှန်သည်။ ထိုအန္တရာယ် ကို သူသိသည်။ သို့သော် သူသည် တွန်းလှန်နိုင်စွမ်းကား မရှိပါချေ။

မိုးက နေ့စဉ်ရက်ဆက် ရွာနေသည်။ ရာသီဥတုကိုက ပူပုံပန်း၊ လွမ်းချင်ဖွယ်ရာ၊ တစ်နေကုန် ငိုပွဲဆင်ဖို့ပင် ကောင်းနေသော ရာသီဥတုမျိုး။ လူစီဘဲလ် အဖို့ကား ဓာတ်ခံလေး ကလည်း ရှိသဖြင့် ဆွေးချင် စဖွယ် ဖြစ်ရသည်။ ငိုချင်ရက် လက်တို့ပေးရော့ သလား ကိုရွှေမိုးရယ်။
နိုဝင်ဘာလ ကုန် တွင် ဘောလုံးပွဲ၊ ပွဲကြီးပွဲကောင်းတစ်ခု လာကန် ပိုပြင်းကျပ်နေမှာ စိုးလို့
လူစီဘဲလ် ကမူ သူ့စကားကို မသိကျိုးကျွံပြုပြီး ထပ်မေးပြန်သည်။ ငါတော့ နင်လာကြည့်စေချင်တယ် လူဝီရယ် ငါ မလာနိုင်ဘူး၊ အဲဒီအပတ် ရူပဗေဒကျောင်းသား ညီလာခံ ရှိသေးတယ်။ အဲဒါအတွက် မြောက်ပိုင်း သွားရဦး မယ်။

ပြန်တော့လာမယ် မဟုတ်လားဟင်၊ ပြန်လာပါနော်
ငါ အမြဲပြန်လာတဲ့ လူပါဟာ၊ ဒါကို နင်လည်း အသိသားပဲ၊ ဒါဟာလည်း နင့်အပေါ် သိပ်စွဲလန်းလို့ပါ။ ဒါပေမဲ့ ငါ့ကို အဝေးကိုတော့ သိပ်တွန်းမလွှတ် ပါနဲ့ကွာ ဘောလုံးပွဲကြည့်နေစဉ်တွင် လူစီဘဲလ်သည် ရာဂျာ၏ စိတ်မပါ လက်မပါ မထုံတက်တေး အမူအရာကို ကြည့်ပြီး လူဝီကို တမ်းတမိသည်။
ရာဂျာကမူ ဘောပွဲကို စိတ်မဝင်စားဘဲ သူ့ဖာသာသူ တွေးချင် ရာ တွေး၊ ငေးချင်ရာ ငေးနေ သည်။ ဘောပွဲမပြီးခင်တွင် မိုးစက်မိုးပေါက်လေး များသည် ဆီးနှင်းလေးများအဖြစ် ပြောင်းသွားတော့သည်။
ဆီးနှင်းပွင့် လေးများက ရာဂျာ၏ မျက်နှာပေါ်သို့ ကျလာသည်။
သူက လူစီဘဲလ်ကို လှည့်ကြည့်ကာ ဒါနှင်းပွင့်လေးတွေကွ၊ နှင်းပွင့်လေးတွေ ဟုအော်နေသည်။ ထို့နောက် မတ်တတ်ထရပ်ကာ လက်အိတ်များ ချွတ်ပြီး နှင်းပွင်းဖတ်လေး များကို လက်နှင့် ဖမ်းနေသည်။

လူစီ၏ဘဲလ်ရေ၊ နှင်းတွေကျနေပြီဟေ့
သူသည် အလွန်အမင်း ပျော်ရွှင်နေပုံရသည်။
လမ်းလျှောက်ပြန်လာရာတွင် တစ်လမ်းလုံး သူသည် နှင်းခဲတွေ ကို ကောက်လိုက်၊ မျက်နှာကို ပွတ်လိုက်၊ လျှာနှင့် ယက်ကြည့်လိုက်နှင့်။ ထို့နောက် သူသည် နှင်းခဲများကို စုလုံးပြီး နှင်းဘောလုံးများလုပ်ကာ လူစီဘဲလ်ကို ပစ်ပေါက် ကျီစယ်တော့သည်။ သိပ် အံ့သြစရာကောင်းတာပဲနော်၊ ကြည့်စမ်း နှင်းတွေကျနေ လိုက်တာ ပြောရင်းဆိုရင်း ရုတ်တရက် လူစီကို သိုင်းဖက်လိုက်သည်။ ထို့နောက် နှင်းများအောက် တွင် နှစ်ယောက်သား ဖက်ပြီး ကလိုက် ကြသည်။

ကျွန်မ ရာဂျာကို ချစ်တယ်ကွယ်
လူစီဘဲလ်က ရာဂျာအနားနား ကပ်ပြီး တီးတိုးသံဖြင့် ပြောဆိုလိုက်၏။
ကိုယ်လည်း မင်းကို ချစ်တာပါပဲကွယ်
တကယ်ပြောတာလားကွယ် ချစ်တယ်ဆိုသောစကား ရိုးရိုးလေးဖြင့် မတင်းတိမ်နိုင် သဖြင့် လူစီဘဲလ်က ထပ်မေးလိုက် ပြန်သည်။ မေယုကို စုတ်တံချီတာတို့ သမုဒ် မင်ရည်ချယ်တာတို့ဖြင့် သက်သေသက္ကရ များ ပြစေချင်သေးသည်။ ဤဆန္ဒကား ချစ်သူရှိသော မိန်းကလေးတိုင်း လိုလားတောင့်တကြ စမြဲပင် မဟုတ်ပါဘူး။ ရာဂျာက လူစီဘဲလ်ကို ပိုပြီး တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။
လူစီဘဲလ်ရယ်၊ မောင့်အချစ်ဆုံး လူစီလေးရယ် နိုဝင်ဘာလ နောက်ဆုံးပတ် ကြသပတေးနေ့ တစ်နေ့တွင် ရာဂျာကို ဒေါက်တာအေမိစ်တို့ အိမ်က ညစာစားပွဲ ဖိတ်ကြားခဲ့သည်။

ဒေါက်တာ ဘုရားစာရွတ်ပြီးနောက် စွတ်ပြုတ်များ သောက်ကြသည်။
ထို့နောက် အယ်ဗီယာ၊ လူစီဘဲလ်၊ ဟာရီယက်၊ သားငယ်လေး တို့နှင့်အတူ ၁၂ ပေါင်မျှ လေးသာ ကြက်ဆင်ထည့်ထားသော ပန်းကန်ပြားကို မလာကြသည်။
ဒေါက်တာက ကြက်ဆင်သားကြီးကို ဓားဖြင့် လှီးဖြတ်နေစဉ်တွင် ရာဂျာမှာ မျက်နှာလွှဲထား လိုက်သည်။ သားစိမ်ရှင်ရှင်ကို သူမျက်စိအောက်တွင် ဖြတ်လှီးသည်ကိုသာ သူမြင်မိပါက ထိုအသားကို မျိုကျတော့မည် မဟုတ်။ ကြက်ဆင်သားကို ကန်ဇွန်းဥ၊ မုန်လာဥ၊ ပဲသီးတောင့်၊ ပဲသီးနှင့် ဆလတ်များဖြင့် ရောနှောကာ စားကြသည်။ ထို့နောက် အချိုပွဲ။

ရာဂျာအဖို့ကား ထိုညစာသည် အမြိန်ဆုံး၊ ဘယ်နှပန်ကန်း ချစားလိုက်သည်ပင် မမှိတ်မိတော့။
ထမင်းပွဲပြီးတော့ မစ္စစ်အေမိစ်နှင့် လူစီဘဲလ်တို့က ပန်ကန်များ သိမ်းနေသည်ကို သူက ထိုင်ကြည့်နေလိုက်၏။ ဟာရီယက်ကတော့ ဆိုဖာတစ်လုံးပေါ် တွင် ထိုင်ပြီး စားပိုးနင့်နေသည်။
ပူတင်းနေသော ဗုက်ကြီးကို မသယ်နိုင်ဘဲ အဆီရစ်နေ၏။
ဟာရီယက်ကို ရာဂျာက လှမ်းစလိုက်၏။ ကမ္ဘာကြီးတစ်ခု လုံးတောင် မေ့နေပြီလားကွာ ကျွန်မ ထနိုင်ပါတယ်ရှင့်၊ ဒါပေမဲ့ အခုထိုင်နေတာက ပန်းကန် မဆေးချင်လို့ပါ ထိုအချိန်တွင် ဟာရီယက် ကို လူစီက လှမ်းခေါ်လိုက်သည်။


ဟာရီယက် ဒီမှာ လာကူစမ်းပါဦးဟဲ့  ဟာရီယက်က ညည်းညူလိုက်၏။
နေပါစေကွာ၊ ငါက မင်အစား ကူလုပ်ပေးပါမယ်နော်
အို ရာဂျာရယ်၊ ရှင်က မင်းသားပဲ၊ မလုပ်ပါနဲ့၊ နေပါစေ
သို့သော် ရာဂျာက မီးဖိုချောင်ထဲ ဝင်သွားသည်။ အစားအသောက် မှာသည်ကလွဲ၍ ကိုယ့်မီးချောင်ကိုပင် ကိုယ်တစ်ခါမှ မဝင်ခဲ့ဖူးသော ရာဂျာသည် ယခုတော့ မျက်နှာသုတ်ပဝါ တစ်ထည်ဖြင့် ပန်းကန်တွေ၊ ဇွန်းတွေ၊ ဓားတွေ၊ ခက်ရင်းတွေ တစ်ပုံတစ်ပင်ကို သုတ်နေပြီ။ မမောတမ်း မပန်းတမ်း။

ဒီလစ်သာ ဒီပုံကိုမြင်ရင်တော့ ယောကျာ်းဈေး ပျက်တယ်လို့ ပြောတော့မှာပဲကွာ
ရာဂျာက ပါးစပ်မှ အမှတ်တမဲ့ ထွက်သွားသည်။
ဒီလစ်ဆိုတာ ဘယ်သူလဲဟင်
လူစီဘဲလ်က ဝင်မေးသည်။
ကိုယ်တို့မြို့က ကိုယ်အချစ်ဆုံး သူငယ်ချင်းပါ။ သူ့အကြံဥာဏ် တွေကို ကိုယ်က တန်ဖိုးအထားဆုံးလေ။ သူ့စိတ်ကြိုက်ဖြစ်အောင် ကိုယ်အကြိုးစားဆုံး နေကြည့်ခဲ့တယ်။ ဒါပေမဲ့ သူက သဘောကျတယ်ကို မရှိဘူးကွ။ တစ်ခုတော့ ပြောရဦးမယ်၊ ဒီလစ်က ရုပ်သိပ်ဖြောင့်တယ်ကွ။ မင်းသာ သူ့ကို မြင်သွားရင် ကိုယ့်ကို မေ့သွားမှ သေချာတယ်ကွ
မဟုတ်တာ၊ ကျွန်မက မောင့်ကို ဘယ်တော့မှ မမေ့ဘူး သိလား။ ဘယ်တော့မှ မမေ့ပါဘူးရှင့်
လူစီဘဲလ်သည် ပြောရင်းဆိုးရင်း ဝမ်းနည်းလာသည်။ ရာဂျာကို သူ ဘယ်တော့မှ မမေ့ကြောင်း သူသိသည်။ သို့သော် ရာဂျာ ကတော့ သူ့ကို အစဉ်သတိရနိုင်ပါ့မလား။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

Sunday, September 23, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၄)

 "အမယ်လေး… ခုမှ အလုံးကြီး ကျသွားတော့တယ်…။ ငါ့ခက်ကရော အောက်မေ့နေတာ၊ မင့် ကျေးဇူး ပါပဲကွယ်..."
မောင်ဖြတ်စက ပြုံးစိစိနှင့်…
"ကျေးဇူးပြောနေရုံနဲ့ မပြီးသေးဘူး၊ ကျွန်တော့်ကို ပေးမယ်ဆိုတဲ့ ဘရန်ဒီလည်း လုပ်ဦးလေဗျာ…"
"သြော်… ဟုတ်သားပဲ၊ ပေးပါ့မယ်ကွယ်… ကဲ… သမီး သွားယူပေးလိုက်ပါကွယ်၊ သူ့ဉာဏ်ပူဇော်ခ"
"သြော်… ဒီမှာ အန်တီ၊ အဘိုးကြီး ပြန် လာရင် ဘာမှမပြောနဲ့နော်၊ ဘာမှမဖြစ်သလိုနေ သိလား…"
"အမယ်လေး ပြောဖို့ နေနေသာသာ သူ့မျက်နှာတောင် မကြည့်ချင်ဘူး"
တုတ်ကောက်၊ ဘောင်းဘီတို၊ ဗိုက်ရွှဲကြီးနှင့် လမ်းလျှောက်သွားသော ဦးတုတ်ပေါ ကား ပြန် မလာသေး။ မောင်ဖြတ်စတို့ တူဝရီးကား ဘရန်ဒီတစ်ပုလင်းနှင့် ဇိမ်တိုးလျက်…။
ကို ဆက်ဖတ်ရန်...

မယ်တပ်ကုန်း

ခရစ်တော် သက္ကရာဇ် ၁၉၄၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ရမည်းသင်း ဒိစကြိတ်တပ်ကုန်းမြို့မှ မြေပိုင်ရှင် ဦးသာဝက်၏သမီး "မယ်တပ်ကုန်း" ဘွဲ့ရ မာဂရက်သာဝက်သည် မန္တလေး ရန်ကုန် အစုံရထား ၂ နံပါတ်ကို စီး၍ သူ၏အဘိုးဖြစ်သူ ကြည့်မြင်တိုင်၊ ကျွန်းတောကွက်သစ်ရှိ မင်းတိုင်ပင် အမတ်ဟောင်း ဦးတုတ်ပေါ၏နေအိမ်သို့ သူ၏မိခင် ဒေါ်ဇာကျယ်နှင့်အတူ ရောက်ရှိလာ လေ၏။
ဒေါ်ဇာကျယ် သည် မိမိ၏ယောက်မ ဒေါ်မြခင်နှင့် ယောက္ခမ ဦးတုတ်ပေါအား အတော်ညဥ့်နက်အောင် တီးတိုး တိုင်ပင် ပြောဆိုပြီး သမီးကို အပ်နှံခဲ့ကာ နောက်တစ်နေ့နံနက်တွင် အဆန်ရထား နံပါတ် ၁ နှင့် တပ်ကုန်းမြို့ သို့ ပြန်သွားလေ၏။

မာဂရက်သာဝက်၏ ရုပ်ရည်ရူပကာယမှာ အထူးဖော်ပြစရာမလို။ တပ်ကုန်းမြို့ အမျိုးသမီးအလှပြိုင်ပွဲ တွင် စိန်ဘယက်ကြီးတစ်ခုနှင့် "မယ်တပ်ကုန်း" ဘွဲ့ကို ရခဲ့သူဖြစ်၍ မယ်ဒဂုံ၊ မယ်ဗမာ၊ မယ်တက္ကသိုလ် နှင့် အခြားမယ်ဟဝါ တို့၏ ဓာတ်ပုံများကို ကြည့်ရှုခြင်းအားဖြင့် စာဖတ်သူသည် မာဂရက်၏ရုပ်လုံး ကို ဖော်နိုင် မည်ဖြစ်ပေ ၏။

ပင်နီစလင်၏အစွမ်းသတ္တိကြောင့် ရောဂါဟောင်းများ အမြစ်ပြတ်စဖြစ်သော ပိန်ချည့်ကုန်းကွ မောင်ဖြတ်စသည် နိပွန်မာစတာ တို့၏လက်အောက်တော်မှ မဟာအင်္ဂလိပ်တို့၏ လက်ထက်တော်တိုင် သူ့ဦးလေး ကိုဘနိုင် ကိုအကြောင်းပြု၍ ဦးတုတ်ပေါ၏နေအိမ် ၌  အဒေါ်ဖြစ်သူ ဒေါ်မြခင်၏ငြူစူစောင်း မြောင်းခြင်းကို အရွဲ့တိုက်ကာ ဆက်လက် ပေကပ်နေတုန်းပင်ဖြစ်ပေ၏။
ရန်ကုန်မြို့၊ မြို့တော်ခန်းမကြီးတွင် ကျင်းပသော မယ်ဒဂုံပြိုင်ပွဲကို မနေနိုင် မထိုင်နိုင် ဆတ်ဆော့ပြီး ခေတ္တမျှ သွားရောက်ကြည့်ရှု မိသည်နှင့်ပင် ရောဂါဟောင်းပြန်ထမလိုဖြစ်ခဲ့ရှာသော ဖြတ်စ ခမျာမှာ ယခု ပထမ၊ ဒုတိယ၊ တတိယ မယ်ဒဂုံတို့နှင့် နင်လား ငါလား တကယ်တမ်းယှဉ်ပြိုင်နိုင်အောင် ချောမောလှပ စိုပြည်တောင့်တင်း လှသော "မယ်တပ်ကုန်း" မာဂရက်ကို တစ်အိမ်တည်း အတူနေ အတူစား နီးနီးကပ် ကပ် တွေ့မြင်ရသော အခါ၌မူ ဝမ်းဘဲအရှင်ကို ဂုန်နီအိတ်ထဲ ထည့်ထားဘိသကဲ့သို့ နေမထိ ထိုင်မသာ တလှုပ်လှုပ် တရွရွ ဖြစ်ရရှာလေ ၏။ သူ၏အဖြစ်ကို ပိုဆိုးဝါးစေသည်ကား မာဂရက်သည် ရောက်သည့်နေ့မှစ၍ နေ့စဉ်ရက်ဆက် လေ့ကျင့် ခန်းယူခြင်း ပင်ဖြစ်ပေ၏။

မာဂရက်၏ အမူအရာမှာ ဤအိမ်သို့ လာရောက်နေထိုင်ရခြင်းနှင့်ပတ်သက်၍ အနည်းငယ်မျှ ရွှင်လန်း ဟန် လက္ခဏာ မရှိသော်လည်း "မယ်တပ်ကုန်း"ဟူသော ဘွဲ့ကို စောင့်ထိန်းရသောအားဖြင့် ကိုယ်လက် အင်္ဂါ လှပရေး လေ့ကျင့်ခန်း ကို မပျက်မကွက် ဆက်လက်ယူရမည်ဖြစ်၍ ရောက်သည့်နေ့ည၌ပင်…
"အန်တီ… အန်တီတို့ ရေချိုးခန်းလုံရဲ့လား၊ မာ လေ့ကျင့်ခန်း ယူရအောင်" ဟု မေးလာ၏။
ဒေါ်မြခင်က… "လုံပါတယ်ကွယ်၊ ပျဉ်ပြားအသစ်တွေနဲ့ ပြန်ကာထားတာ၊ စိတ်ချလက်ချသာ သဘောရှိ လေ့ကျင့် ပါ တော့" ဟု ပြန်ပြောလေ၏။
ဤသည်ကို အခြားတစ်ဖက်ခန်းတွင်ရှိ အမှုမဲ့ အမှတ်မဲ့ မနေတတ်သော မျက်စိလျှင်နားပါး မောင်ဖြတ်စ ကြားလေ၏။ စိတ်ကူးဉာဏ်လျင်မြန်သူဖြစ်သည့်အတိုင်း ချက်ချင်းပင် အိမ်ပေါ်မှဆင်းသွားကာ မအူပင် လမ်းရှိ လက်သမား ဦးရွှေတူအိမ်သို့ သုတ်ခြေတင်လေ၏။ လွန်ပူတစ်ချောင်း အမြန် ငှားခဲ့ကာ နောက် ဖေးလမ်းကြား ဘက်မှနေ ၍ ရေချိုးခန်း နောက်ဘက်ပျဉ်ထောင်ကို သူ့မျက်စိနှင့် အဆင်သင့်ရုံ အပေါက် ကလေး ဖောက်ထား လိုက်လေသည်။

နောက်တစ်နေ့နံနက်မှစ၍ ဤမှာဘက်၌ ဝါသနာမသေးလှသော မောင်ဖြတ်စသည် မယ်တပ်ကုန်း မာဂရက်၏ကုန်းကော့ကွကား လေ့ကျင့်ခန်းများကို နံနက်စောစောကြီး တစ်ကြိမ်၊ ညနေတစ်ကြိမ် အချိန်မှန်မှန် ချောင်းမြောင်းကြည့်ရှုနေရလေသဖြင့် ယခင်အလုပ်ဖြစ်သော ဖျာပုံလမ်းထိပ်သို့ သွား ရောက် ၍ ဂေါ်ရခြင်း တို့ပင် ပျက်ကွက်ရလေ၏။
မယ်ဟဝါ မာဂရက်၏ ကိုယ်လုံးကိုယ်ပေါက်မှာ ခေတ်ပေါ်နည်းအတိုင်း လေ့ကျင့်ခန်းယူရန် ပြင်ဆင် လိုက်သောအခါ တွင် မိုးဦးကျစနောက်ချေး ဒီဒိုးဥထဲမှ ခွဲထုတ်လိုက်သော လတ်လတ် ဆတ်ဆတ် တောက်တဲ့ကောင်ကြီး ကဲ့ သို့ ဖောင်းအိတောင့်တင်း ဝါဝါဝင်းကြီးဖြစ်ပေ၏။

မယ်တပ်ကုန်းဟူသော ဘွဲ့ထူးကို ဆွတ်ခူးနိုင်သည့် မာဂရက်၏အင်္ဂါရုပ်တွင် ခေတ်ဆန်ဆန် အဝတ် အစားအပြည့်အစုံနှင့် ပထမအကြိမ် မြင်စကပင် ဝါသနာအလျောက် တုန်လှုပ်ခြောက်ခြားခဲ့သော မောင် ဖြတ်စမှာ ယခု ကဲ့သို့ လွတ်လွတ်လပ်လပ် ထင်သလို လေ့ကျင့်နေသည်ကို တွေ့မြင်နေရသောအခါ၌ သူ့စိတ်ထဲတွင် သာမက  တစ်ကိုယ်လုံးတွင် မည်သို့မည်သို့ ဖြစ်တည်နေမည်ကို ရေးသားဖော်ပြခြင်းငှာ မဝံ့တော့ ပြီ။ ရေချိုးခန်းတွင်း သို့ ရုတ်တရက် ခုန်ဆင်းပြီး အတင်းမွှေးရလျှင် သဘောတူသော် တော်ပါ ၏။ မကြည်ဖြူ လျှင်မူ မိမိကဲ့သို့ ပိန်ချည့်သေးကွေး၊ ဖလံချောင်းကလေးကို အဝေးသို့ရောက်အောင် လက်နှစ်ဖက်နှင့် ကိုင်မြှောက် တအားကုန်ပေါက်လိုက်ချေတော့မည်။ ဤသို့သော သခင်စိုး၏အလံနီ အကြမ်းနည်းသည်လည်း အားမတန် ၍ မဟန်သေး။ ဗိုလ်ချုပ်၏ဖြည်းဖြည်းနှင့် အေးအေးဆေးဆေး ရသောနည်း စက္ကူဖြူနှင့်သာ ဆက်သွယ် ရချေတော့မည်ဟု အကြံပိုက်ကာ တတ်သမျှ မှတ်သမျှ ဂေါ်စာ တစ်စောင် ရေးလေ၏။

မာဂရက်ရောက်၍ နှစ်ရက်မြောက်သောနေ့ ညနေ မောင်ဖြတ်စသည် စတုတ္ထအကြိမ်မြောက် ရေချိုးခန်း ပေါက် ကို နောက်ဖေးလမ်းကြား အိမ်သာနားမှ စိတ်အားထက်သန်စွာ ဝတ္တရား အတိုင်း ချောင်း၍ ကြည့် နေရာ တုံးတုံးတစ်တစ် မာဂရက်၏ခက်ခက်ခဲခဲ နက်နက်နဲနဲ အကွက်အကွင်းကျလှသော လေ့ကျင့်ခန်း အလယ်ပိုင်း သို့ရောက်လျှင် မောင်ဖြတ်စမှာ စောစောက ဆပ်စ်ပင်ဒါ ဝတ်မထားမိသဖြင့် ရုတ်တရက် မျက်စိပြတ်ကလည်း မခံနိုင်သောကြောင့် ပျဉ်ထောင် ကို နဖူးတေ့ပြီး ခါးတောင်းကျိုက်လိုက်ရလေ၏။

ဤအချိန်တွင် ထိုသို့ ခါးတောင်းကျိုက်လိုက်ရခြင်းမှာ သူ့အဖို့ များစွာအကွက်ဆိုက်လှချေ၏။ အကြောင်းမူကား ညနေချီ တုတ်ကောက်နှင့် လမ်းလျှောက်ပြန်လာသော ဦးတုတ်ပေါသည် လွန်ခဲ့ သော ညက နောက်ဖေးဆောင် မှ ဆေးပြင်းလိပ်တစ်တို လွတ်ကျသွားသည်ကို သတိရပြီး ပြန်ကောက် ရန် နောက်ဖေးလမ်းကြားသို့ လှည့်ဝင် အလာတွင် သဲသဲမဲမဲခဲ၍ ကြည့်နေသော မောင်ဖြတ်စကို မြင်လေ၏။
"ဟေ့ကောင် ခါးတောင်းကျိုက် ကြားကြားနဲ့ ဘာများ ကပ်ကြည့်နေတာလဲကွ" ဟု မေးလိုက်မည်အပြု တွင် မျက်စိလျှင် လှသော ဖြတ်စသည် ဦးတုတ်ပေါ၏အရိပ်အခြည်ကို မြင်လျှင် မြင်ချင်း အသံမထွက် ရန် လက်ကာပြပြီး ခြေသံ မကြားအောင် အသာလျှောက်လာရန် လက်ရိပ်ပြ၍ ခေါ်လိုက်၏။ ဘာမှန်း ညာမှန်း မသိသော ဦးတုတ်ပေါသည် ကြည့်ချင် သိချင်ဇောဖြင့် မောင်ဖြတ်စပြသော အမူအရာအတိုင်း အသာချောင်း၍ ငှက်ကုလားအုပ် ၏ခြေလှမ်းမျိုးဖြင့် သွားလေ၏။

ဦးတုတ်ပေါ အနီးသို့ရောက်လျှင် ဖြတ်စသည် အပေါက်ကို ဖယ်ပေးပြီး ဦးတုတ်ပေါကို ကြည့်စေလေ၏။ ဦးတုတ်ပေါ လည်း အပေါက်ဝသို့ မျက်နှာအပ်လိုက်သည်နှင့် တစ်ပြိုင်နက် "ဟင်း"ခနဲ တစ်ခွန်းတည်း မြည်ပြီး ဦးတုတ်ပေါ ၏မျက်နှာမှာ ခဲမှန်သော မျောက်၏မျက်နှာကဲ့သို့ ရုတ်ခြည်းပင် ရှုံ့တွသွားကာ အမူ အရာအတိုင်း သွားအကျဲသားနှင့် ဆတ်ခနဲ ပျဉ်ထောင် မှ ခွာလိုက်လေ၏။
ယင်းသည်မှာ ၂ စက္ကန့်ခွဲအတွင်း၌ပင် မောင်ဖြတ်စနှင့် ဦးတုတ်ပေါသည် ကိုက် ၂၀၀ ပြေးပွဲကလေးကို ရုတ်တရက် ကျင်းပလိုက်ရလေ၏။ အကြောင်းမူကား ဦးတုတ်ပေါသည် မောင်ဖြတ်စဘက် လှည့်ကြည့် ရင်း ဒေါသသံနှင့် "ခွေး" ဟု တစ်ခွန်းတည်း အချက်ပေးလိုက်ရသေးသည်။ ဂိတ်ထွက်ကောင်းသော မောင်ဖြတ်စ သည် တစ်ဟုန်တည်း သုတ်ခြေတင်လေ၏။ "ခွေးကျင့်ခွေးကြံ" ဟုသာ ကြိမ်းမောင်းနိုင် သော ဦးတုတ်ပေါ သည် ဘောင်းဘီတို၊ စပို့ရှပ်နှင့် လမ်းလျှောက်တုတ်ကြီးကိုကိုင်ကာ ခဲကြီးကို စီး ကောင်းသော ဂျော်ကီ၊ ဦးဘိုဝဲဇောင်း မှ ၉ လက်မမြင်းကြီးကို စီးသကဲ့သို့ အပြင်းအထန် လိုက်လေ၏။ သို့သော် နောက်ဆုံးဖလားပွဲတွင် ဘုရင်ခံ ကတော်၏မြင်းကို ဘုရင်ကလေး တွန်းဝင်သွားသကဲ့သို့ ခြေ ကုန်သုန်သွားသော မောင်ဖြတ်စကိုကား မမီနိုင်တော့ ပြီ။

ဖြတ်စသည် ဤပြေးပွဲကလေးကို အနိုင်ရလိုက်သည့်အတွက် အချည်းနှီးမဖြစ်ချေ။ အကြောင်း မူကား ခြေကုန်သွန်ရင်း ဒေါတထောင်းထောင်းထလာသော ဦးတုတ်ပေါသည် သူလိုက်၍ မမီနိုင်မှန်းသိသော အခါ၌ လက်ကိုင်တုတ်နှင့် တအားကုန်လွှဲရမ်းပစ်လိုက်လေသည်။ သူသည် တုတ်ပစ်ညံ့သူမဟုတ်၊ ဤ အပြေးပစ်ပွဲ ၌ပင် မောင်ဖြတ်စ၏နောက်စေ့ကို တုတ်အလယ်ပိုင်းနှင့် ခတ်၍ မှန်လေ၏။ တုတ်သည် ခေါင်းပေါ်သို့ ကျော်တက်သွား၍ ရှေ့လွန်အကျတွင် မောင်ဖြတ်စသည် မြေသို့မထိမီပင် ကျင်လည် စွာ ဖမ်းလိုက်ပြီး နောက်ကိုမျှ ပြန်လည့်မကြည့်တော့ဘဲ ရှမ်းလမ်းမကြီးအတိုင်း ဆက်ပြေးကာ စမ်းချောင်း ထိပ် ရှိ မတုပနိုင်သော ဒို့ဗမာရသာရုံခေါက်ဆွဲဆိုင်ကြီးထဲသို့ တိုက်ရိုက်ဝင်သွားလေ၏။

ဦးတုတ်ပေါ၏ယမနေသား လက်ကိုင်တုတ်မှာ မည်မျှကောင်းမွန်သည်ကို အထူးဖော်ပြစရာ မလို။ ခေါက်ဆွဲဆိုင်ရှင် ကိုပုသည်ပင် အေးရွာဘက်မှ တိတ်တိတ်ခိုးသွင်းသော ချက်အရက် မီးတောက် ဆေး ရောပြီးသား တစ်ပိုင်းနှင့် ဝက်သားကင် တစ်ကျပ်ဖိုး ကို ၎င်းတုတ်ဖြင့် လဲလှယ်ရန် သဘော တူလေ သည်။ ထို့ကြောင့် မောင်ဖြတ်စသည် ဤရိက္ခာအပြင် ကြက်သွန်ချဉ်၊ ဆာဒါးဟင်းချိုတို့ကို စားပွဲ ထိုင်လိုက်ရ လေ၏။ ညမှောင်စပျိုးလျှင် ဤပြေးပွဲကလေးအကြောင်းကို အနီးပတ်ဝန်းကျင်မှ ပါးစပ် သတင်းထောက် များ လာရောက်မေးမြန်းကြကုန်၏။ သို့သော် ဦးတုတ်ပေါသည် မည်သို့ မှ ဖော်ထုတ် မပြော။ မြေးဖြစ်သူ မာဂရက် ၏မျက်နှာကိုလည်း မကြည့်ရဲ။ "ဒီကောင် နှင်ပစ်၊ ဒီကောင် နှင်ပစ်" ဟူ၍သာ ဒေါသတကြီး ပြောနေ၏။

အေးရွာ အရက်တန်ခိုးကြောင့် အိပ်ရာထဲတွင် ဇိမ်တိုးနေသော မောင်ဖြတ်စကို လာရောက်မေးမြန်းကြ သေး၏။ သို့သော် မောင်ဖြတ်စက လူကြီးလုပ်သူက ဖွင့်မပြောသည်ကို မိမိထုတ်ဖော်ရန် မသင့်လျော်ပါ ကြောင်း၊ အနိုင် ရ၍ ဆုအဖြစ် ပေးလိုက်သော ပစ္စည်းကိုသာ ကိုပုဆိုင်တွင် ချက်အရက် ဝက်သားကင် နှင့်လဲပြီး စားပွဲထိုင်ခဲ့ကြောင်း၊ ယခုအချိန်၌ လာရောက်မေးမြန်းနေကြခြင်းသည် မိမိ၏ဇိမ်ကို ဖျက်ဆီး ရာရောက် သဖြင့် နောက်ထပ်မမေးမြန်းရန် တောင်းပန်ပါကြောင်း ဟူ၍သာ ပြန်ပြောလေသောကြောင့် နောက်ဆုံးတွင် ပါးစပ် သတင်းထောက်များ လက်လျှော့ကာ အသီးသီး မိမိတို့နေအိမ်သို့ ပြန်သွားကြရ လေ၏။

နောက်တစ်နေ့ညနေအချိန်တွင် ယင်းသည့်သတင်းထောက်များ လာရောက်စုအုံကြပြန်လေ၏။ အကြောင်း မူကား မောင်ဖြတ်စသည် ဦးတုတ်ပေါ၏ပယောဂကြောင့် ချောင်းမြောင်းကြည့်ရှုခွင့်မရတော့ သဖြင့် ယခင်မြင်ခဲ့ ရသည် တို့ကို အစွဲပြု၍ အောင့်အည်းခြင်းငှာ မစွမ်းနိုင်တော့ဘဲ နောက်ပိုးနည်း၏လုပ် ငန်းစဉ်အတိုင်း စက္ကူဖြူ အသုံးပြုလိုက်ခြင်းကြောင့် ဖြစ်ပေ၏။
""
ညနေ လေ့ကျင့်ခန်းပြီးခဲ့၍ အဝတ်ဆန်ဆာ မွှေးနံ့သာ အရောင်တင်တို့ခြယ်မှုန်းထားသော မာဂရက် သည် ရေချိုးခန်း ဝင်မည်အပြုတွင် အိမ်သာထဲမှာချောင်းနေသော မောင်ဖြတ်စသည် ရုတ်တရက်ထွက် လာကာ တုန်ရီသောလက်များဖြင့် "မာဂရက် ပလိစ်" ဟု ဆိုကာ စာကိုပေးလိုက်၏။ မာဂရက်သည် ပြုံး ရွှင်စွာ ယူလိုက်သဖြင့် လက်မှခံပါမည်လားဟု နှလုံးတခုန်ခုန် ရင်တထိတ်ထိတ်နေခဲ့သော မောင်ဖြတ်စ မှာ အကြီး အကျယ် ဝမ်းသာသွားလေ၏။

သို့သော် သူ၏ဝမ်းသာမှုမှာ စက္ကန့်ပိုင်းမျှသာဖြစ်၏။ အကြောင်းမူကား မာဂရက်သည် စာကိုရလျှင် ရခြင်း ရေချိုးခန်းဝင်ရမည်ကိုပင် မေ့လျော့ကာ နောက်သို့ချက်ချင်း ပြန်လှည့်ပြီး မီးဖိုချောင်ထဲ၌ ငရုတ်သီး ထောင်းနေသော သူ့အန်တီထံသို့သွားလေ၏။ စင်စစ် မာဂရက် ၏ပြုံးခြင်းမှာ ဖြတ်စလိုအကောင် ကို မေတ္တာရှိ၍ မဟုတ်။ ဘိန်းထည့်ပြီးဖမ်းသော တရားခံကို ပစ္စည်းနှင့်တကွ လက်ပူးလက်ကြပ်မိသောအခါ ၌ ပုလိပ်၏ ဝမ်းသာခြင်းဖြင့် ပြုံးသောအပြုံးမျိုးသာဖြစ်ပေ၏။
ဖြတ်စ သည် သူ့အန်တီလက်ထဲသို့ စာရွက်ပေးလိုက်သည်ကို မြင်လျှင်မြင်ချင်း ရှေ့သို့မတိုးရဲတော့ဘဲ အိမ်သာထဲ သို့ ပြန်ဝင်ကာ တံခါးပိတ်နေလိုက်တော့၏။

မာဂရက်တို့ တူဝရီးနှစ်ယောက်မှာ စာကိုဆုံးအောင် မဖတ်ကြ။ ရည်းစားစာမှန်းသိသည်နှင့် တစ်ပြိုင် တည်း အချက်ကောင်း ရပြီဟူသော အဓိပ္ပာယ်မျိုးဖြင့် ရုတ်တရက် ငရုတ်ကျည်ပွေ့ကြီးကို ဒုံးခနဲပစ်ချ ကာ ခြေဆောင့် နင်းလျက် အိမ်ဦးခန်းသို့ထွက်သွားပြီး "မမရှင်တို့၊ မဖွားမေတို့ မကြိုင်တို့လာကြပါဦး။ ဟောဒီ ဖြတ်စလုပ်ပုံ လာကြည့်ပါဦး" ဟု သူ့အိမ်နီးသားချင်း အတင်းပြောဖော်ပြောဘက်တို့ကို ကုန်း၍ ခေါ်လေ၏။ ထိုမိန်းကလေး တို့လည်း ချက်ရင်းပြုတ်ရင်းတန်းလန်း ထမင်းအိုး ဟင်းအိုးတို့ကို ပစ်ထားခဲ့ ကာ ပျာပျာလောင်လောင် အရေးတကြီး လာကြကုန်၏။
"ကြည့်ကြပါဦးတော်… ဖြတ်စက ကျုပ်တူမကို စာပေးသတဲ့တော့၊ တူတာတန်တာချင်း လက်ဆွဲတာ ခံ လိုက်ချင်သေး တယ်၊ ခုတော့ ဒီလို ခွေးဝင်စားကောင်မျိုးက ကြံရက်တာ အံ့ပါပေရဲ့တော့၊ အနုလက်သီး ထိုး ခံရတာပါပဲ အရပ်ကတို့ ရဲ့…"
ဒေါ်မြခင်၏စူးစူးရှရှ အော်ဟစ်မှုကြောင့် တစ်မိန်စအတွင်းတွင် "ဖြတ်စက မာဂရက်ကို စာပေးလို့တဲ့… ဒေါ်မြခင် ဆူနေတယ်" ဟသော သတင်းမှာ တမဟုတ်ချင်း ပျံ့နှံ့သွားလေ၏။ ဤကွက်သစ်၏ဓလေ့ အတိုင်း သန့်သန့်ကြား လျှင် ဝိုင်းအုံလေ့ရှိသော မိန်းမကြီးငယ်၊ ကလေးအပေါင်းတို့မှာ လေးပင်သုံးခန်း အိမ်ကလေး တွင် ပြည့်လုနီးပါး ရှိသွားလေ၏။

လူစုံရှေ့တွင် ဒေါ်မြခင်သည် ဟန်မူရာခပ်ပါပါနှင့် "အကြံပက်စက် ဆန်ကောလောက် မှ စောက်မနက် လေခြင်းတော်။ အမဲရိုးနှယ် ဟင်းအိုးမှ အားမနာ၊ ဒါ သူပေးတဲ့စာတဲ့တော့" ဟု မောင်ဖြတ်စ ဂရုတစိုက် ရေးထာေးသာ စာရွက်ကလေး ကို ဖြန့်ကာ လူသေ၍ငိုသော အသံမျိုးဖြင့် အော်လေ၏။
"ကျုပ်ဖြင့် အထင်သားပဲတော်။ မာဂရက် ရောက်ကတည်းက ဖြတ်စ ဒီလို ကြံလိမ့်မယ်ဆိုတာကို" ဟု လက်ကျန် သမီးပျိုနှစ်ယောက် ကို အသက်လေးဆယ်ကျော် မုဆိုးမဒေါ်ရင်ရင်က ထောက်လိုက်၏။ ဆေးရိုဖက်သည် တစ်ခုလပ် ဒေါ်ကြားဝးက "ကျုပ်လည်း အရိပ်မိသားပဲတော်… မပြောကောင်းလို့သာ မမြခင်ကို သတိပေးမယ်တောင် ကြံ ပါသေးတယ်"
"အမယ်လေ… ဒီလိုစာပေးတာပဲ တော်ပါသေးတယ်ရှင်၊ ညအိပ်တုန်း အလစ် မကြံတာဘဲ ဖြတ်စကို ကျေးဇူးတင်ပါဦး" ဟု အသက် ၃၀ ကျော်နှင့် ကလေး ၉ ယောက်မွေးပြီး မကြိုင် က ဖြတ်စ ဘက်ကို ထောက်ခံလိုက်၏။

တန်သည် မတန်သည် အရေးမဟုတ်၊ အရောင်းအဝယ်တည့်လျှင် ပြီးတမ်းဟူသော မိန်းမတွေ တိတ် တိတ်ပုန်းထုတ် အိမ်တွင်းပစ္စည်းပွဲစား ဒေါ်ဖွားရွှေက "သြော်… လူပျိုလေးနဲ့ အပျိုလေး ကြိုက်တော့ လည်း စာပေးပေ မပေါ့"
ဤသည် ကို ကြားမှပင် မီးတောက် လေဝှေ့ပေးသလို ဒေါ်မြခင် ပိုမိုဒေါပွကာ "အမယ်လေးတော်… လူပျိုဖြစ်တိုင်း အပျိုကို စာပေးသတဲ့လားလို့၊ ကိုယ်နဲ့ တန်၏ မတန်၏ ကြည့်ပါဦးတော့၊ ဖာကျိုးလို့ လူစဉ်မမီ ဘဲ တေလွန်း၊ ပေလွန်းလို့ အိမ်က နှင်ထားရတဲ့အကောင်က၊ ကျုပ်တူမ မယ်တပ်ကုန်းဘွဲ့ရ လာခဲ့တာ၊ သူ့လိုကောင် နဲ့ဆို ဘုရင့်သမီးတော်နဲ့ ကပ္ပလီကျွန်းက သူတောင်းစားလောက် ကွာပါတယ်"
ဤသို့ သမီးဖြစ်သူ ဒေါပွနေဆဲ ဦးတုတ်ပေါသည် လမ်းလျှောက်ရာမှ ပြန်လာ၍ အဖြစ်သနစ်ကို မေးလေ၏။

အိမ်သာထဲမှာ မလှုပ်မရှားဘဲ နားထောင်နေရသော မောင်ဖြတ်စမှာ လူကြီးရောက်လာလျှင် ငြိမ်းအေး သွားလိမ့်မည်ဟု အောက်မေ၏။ သို့သော် သူ့အထင် တက်တက်စင်အောင် လွဲချေသည်။ ဦးတုတ်ပေါ သိမှပင် ပိုမို ဆိုးရွားလာကာ "အောင်မာ…ဒီကောက်ကများ ငါ့မြေး စာပေးသတဲ့၊ ဘယ်မလဲ ဒီကောင်" ဟု တွေ့လျှင် သတ်တော့ မခန်း အောင်မြင်သော ဝမ်းခေါင်းသံကြီးနှင့် မေးလေ၏။
"မာ… လာတော့ အိမ်သာထဲ ဝင်ကျန်ရစ်ခဲ့တယ်၊ ခုတော့ နောက်ဖေးဘက်ကပဲ ဆင်းပြေးပလား၊ ရှိပဲ ရှိသေးလား မသိဘူး" ဟု မြေးဖြစ်သူ မာဂရက်က လမ်းညွှန်လိုက်၏။
မောင်ဖြတ်စ မှာ မာဂရက် ပြောသံကြားမှပင် နောက်ဖေးပေါက်မှ ဆင်းပြေးရန် သတိရလာသော အိမ်သာတံခါး ကို ဖွင့်၍ တွန်းလိုက်၏။ သို့သော် သူ နောက်ကျနေချေပြီ။ အသက်ခြောက်ဆယ်ကျော် ဗိုက်ရွှဲရွှဲ၊ ဘောင်းဘီတို၊ စပို့ရှပ်ကိုဝတ်၍ နံနက်စောစောကပင် ကိုပုခေါက်ဆွဲဆိုင်မှ ၃ ကျပ် ၉ ပဲနှင့် ပြန် ရွေးထားရသော တုတ် လက်နက်ကိုင် ဦးတုတ်ပေါ ခေါင်းဆောင်သည့် မိန်းမတစ်စုနှင့် ကလေးတစ်အုပ် မှာ (လင်ငယ်လက်ထဲမှ ပြန်ခေါ်လာသော မိန်းမကို ဆွေမျိုးတစ်စု ဝိုင်းတွေ့ကြသကဲ့သို့) ပြုံးသူပြုံး၊ မဲ့ သူမဲ့၊ တီးတိုးပြောသူပြောနှင့် ကံဆိုးသူ မောင်ဖြတ်စကလေးကို အိမ်သာအဝတွင် ပိတ်မိကြလေ၏။

"နင်… ငါ့မြေးကို စာပေးတယ်ဆို"
မနေ့ကကိစ္စပါရော၍ ဒေါသကြီးနေသော ဦးတုတ်ပေါသည် အနီးရှိ လှမ်းထားသော ထမီရေစိုများ လွင့် လုမခန်း ဝမ်းခေါင်းသံကြီးနှင့် အော်လိုက်လေ၏။ မောင်ဖြတ်စမှာ ဘာမှမပြောနိုင်။ လက်နှစ်ဖက် နောက်ပစ်ကာသာ တရားခံ ငိုင် ငိုင်နေရလေ၏။ "အိမ်မှာလည်း မှန်တွေ အရှိသားနဲ့၊ ကိုယ့်ရုပ်ကိုလည်း မှန်ထဲကြည့်ပြီး တူလား တန်လားဆိုတာ စဉ်းစား ဦးမှပေါ့။ ငါ့မြေးက အလှပြိုင်ပွဲမှာ စိန်ဘယက်နဲ့ မယ်တပ်ကုန်းဘွဲ့ရလာခဲ့တာ၊ နင့်ရုပ်က အစာငတ် ငတ်နဲ့ အမွေးတစ်ပင်မျှမရှိတဲ့ ခွေးဝဲစားလိုအကောင်၊ ဖာကျိုးဖာဒဏ်နဲ့ မသာစော်နံနေတာ ထွီ… ငါ့နှယ် သေ သေစမ်းချင်တော့…" တရားခံမောင်ဖြတ်စမှာ မျက်နှာမထားတတ်။ ဝိုင်းအုံနေကြသော လူစုကို လည်း မကြည့်ရဲ၊ သို့သော် သူ့ အဘိုးနံဘေး၌ ခါးထောက်နေသော မာဂရက်ကို မျက်လွှာတစ်ချက်ပင့်၍ ကြည့် မိ၏။ မာဂရက်က ပြုံးမဲ့မဲ့ကလေး လုပ်ပြလိုက်၏။

နင်တော့ သိစေမပေါ့ကွာ ဟူသော အဓိပ္ပာယ်ဖြင့် ပြန်၍ အံကြိတ်ပြလိုက်၏။ လူအုပ်ထဲတွင် ဖြတ်စထံမှ လက်ဖက်ရည်သောက်ဖူး၊ မုန့်စားဖူးသော ကလေးများနှင့် အောင်သွယ်ညာ မိန်းမအချို့မှာ သူ့မျက်နှာ ကြာကြာ ကြည့်ရမှာ အားနာလာ၍ တဖြည်းဖြည်း ဆုတ်ခွာကုန်ကြ၏။  ဦးတုတ်ပေါ ကား ဒေါသကြီးတုန်းပင်။ မျက်နှာကို စေ့စေ့ကြည့်၍… "ကိုယ်နဲ့ မတူမတန်တာများ ကြံရက်တာ အံ့ပါရဲ့ကွာ၊ မိုးကြိုးပစ်မချတာ ကံကောင်း၊ သိကြားမင်းက သဘောကောင်းလို့သာပေါ့…၊ ထွီ… ငါ့လိုကောင်ဖြင့် ရှက်တာနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ် သိရဲ့လား" အရှက်အကြောက် အတော်အတန် နည်းခဲ့သော မောင်ဖြတ်စပင်လျှင် ဤရေချိန်၌ ခံနိုင်ရည်မရှိတော့ ဘဲ ပြေးပေါက်ကို ကြည့်လိုက်၏။ လူစုလျော့သွားပြီကိုမြင်ရ၍ အားရှိလာကာ မာဂရက် ၏ မျက်နှာကို တစ်ချက်မျှ မျက်စောင်းထိုးပြီး တစ်ဟုန်တည်းလွှတ်အပ်သော မြား၏လျင်မြန်ခြင်းဖြင့် ရုတ်တရက် လူထု ထဲမှ ထိုးဖောက်ကာ အိမ်ရှေ့ခန်းဘက်သို့ ပြေးခဲ့လေ၏။
ဦးတုတ်ပေါ၏လူစုမှာ တစ်ပြိုင်တည်း "ဟယ်" ခနဲ အော်မိကြကာ နောက်မှ အလျင်အမြန် လိုက်ကြပါ သော် လည်း လေကဲ့ သို့ လျင်မြန်စွာ လှေကားထစ်မှ ခုန်ဆင်းပြေးသော မောင်ဖြတ်စကိုမူကား အရိပ် အငွေ့မျှ မမြင်လိုက် ရတော့ချေ။

ထိုနေ့အဖို့၌ ပါးစပ်သတင်းထောက်များမှာ သတင်းအပြည့်အစုံရကြ၍ အားရဝမ်းသာ သတင်းစာဆရာ တို့၏ထုံးစံအတိုင်း သတင်းမှန်နှင့် ထင်မြင်ချက်များကို ဖြည့်စွက်ကာ ဖြစ်သည်ထက် ပို၍ သတင်းလွှင့် လိုက်ကြလေ၏။ သို့သော် သူတို့သည် နောက်တစ်နေ့၌ အနည်းငယ်ကလေးမျှ မထင်မြင်နိုင်လောက် အောင် ထူးဆန်း အံ့သြဖွယ်ရာသော သတင်းကို ကြားရလိမ့်မည်ဟု ရေးရေးမျှ တွေးမိကြလိမ့်မည် မဟုတ်ချေတကား။
ညဥ့်ဦးယံ တစ်ဝက်ကျိုးခဲ့လေပြီ။ မောင်ဖြတ်စသည် သူ၏သူငယ်ချင်း မောင်ကောင်း၏အိမ်တွင် ရှက် ပုန်း ပုန်းနေခဲ့ ရာ စမ်းချောင်း မီးသတ်စက်ကြီးမှ သံချောင်း ၉ ချက်မျှ ခေါက်လိုက်လျှင် မောင်ကောင်း သည် ပါးစပ် ကိုဖြဲလျက် ဝါးခနဲ သမ်းလိုက်ကာ "ကဲ… ကိုယ့်လူ ပြန်ပေတော့၊ အရှက်ပြေလောက်ပြီ၊ ကျွန်တော်တို့လည်း အိပ်ချင်လှပြီ၊ ကဲ… ခင်ရေ… အိပ်ရာပြင်တော့ကွယ်" ဟု သူ့မိန်းမကို လှမ်း၍ ပြော လိုက်၏။

မောင်ဖြတ်စသည် ခေါင်းကုပ်ကာ "ဟာ… ကိုကောင်းရာ ကျွန်တော် မပြန်ချင်ဘူးဗျာ၊ ရှက်တယ်ဗျာ၊ ဒီမှာပဲ အိပ်မယ်၊ ခင်ဗျားတို့ လင်မယား နှစ်ယောက်တည်း အိပ်ခန်းလည်း အကျယ်ကြီးပဲ…"
"ဘယ်လောက်ကျယ်ကျယ်၊ ဒါတော့ မဖြစ်ဘူး ဆရာရေ့၊ ကျွန်တော်စိတ် အရင်တုန်းကလို မဟုတ် တော့ဘူး၊ ရှင်းရှင်းပြောရရင် မန္တလေး စာရေးဆရာတွေရေးတဲ့ တဏှာညွှန်းစာအုပ်တွေ ဖတ်ပြီးက တည်းက ကျွန်တော့် မယား က ပိန်တာနဲ့ အခုမိန်းမကို ယူပြီးတော့ အိမ်မှာ ညအိပ်ညနေ ဧည့်သည့်ကို လက်မခံတော့ ဘူး။ အေး… နေ့လာတဲ့ ဧည့်သည်တွေ ရှိတာအကုန်စားသောက်သွား၊ ဘာမှကိစ္စမရှိဘူး" "ဟာ… ကိုကောင်း ကလည်းဗျာ၊ တစ်ညတည်းပါ၊ ရှက်လွန်လွန်းလို့ပါဗျာ…"
"ကိုယ့်လူလည်း အရင်တုန်းက အရှက်လုံးလုံးရှိခဲ့တာ မဟုတ်ဘဲနဲ့ ခုမှပဲ သူငယ်ပြန် ရှက်တတ်နေ တယ်"
"မဟုတ်ဘူး… ကိုကောင်း၊ ဒီနေ့ကိစ္စက အတော့်ကိုဆိုးတယ်၊ အရင် ဂျပန်ခေတ်က ဂျပန်နဲ့ညားသွားတဲ့ အဘိုးကြီးမြေး မော်လီ ကို ဖက်နမ်းတုန်းက အိမ်ထဲတင် ဆူတာ၊ အပြင်လူသိတာ မဟုတ်ဘူး၊ အခု ကောင်မ ကျတော့ စာပေးရုံရှိသေး တစ်ရပ်လုံး ဝိုင်းအုံလာအောင် အော်ပြီး ဆူတာ၊ ကျွန်တော်လည်း တစ်ရပ်လုံးက သိနေတော့ ရှက်တာပေါ့ဗျ၊ လူမြင်ကို မခံဝံ့အောင် ဖြစ်နေတာ…" "လူမြင်မခံဝံ့ရင် ဟော့ဟို အိုဗာကုတ် အင်္ကျီကြီး ဝတ်ပြီး အပေါ်က ကက်ဦးထုပ်ကို မျက်နှာအုပ်အောင် ဆောင်းသွား၊ ဝါး… ဟား… ဟား… အိပ်ချင်ပြီဗျာ၊ ခင်ရေ… အိပ်ရာပြင်ပြီးပလား…" "ဟုတ်ကဲ့ ကိုကို၊ ညဥ့်နက်လှပြီ လာတော့လေ၊ ဟိုစာအုပ်လည်း ယူခဲ့…"

ကိုကောင်းမိန်းမ၏ အသံကို ကြားရရာ မောင်ဖြတ်စသည် နောက်ထပ်ပြောသော်လည်း အကြောင်းမထူး တော့ပြီကို သိရှိကာ စစ်တပ်ထဲမှ အချောင်ထုတ်ရောင်းသော သက္ကလပ် အိုဗာကုတ် အင်္ကျီပွကြီး ကို ဝတ် ၍ ကက်ဦးထုပ် မျက်နှာအုပ်အုပ်ဆောင်းကာ ပြန်လာခဲ့ရလေ၏။
အိပ်အနီး သို့ရောက်သောအခါ အိမ်ဦးခန်း၌ မီးရောင်လင်းနေ၍ ရုတ်တရက် မဝင်ရဲသေး။ နောက်ဖေး ပေါက်က အလစ် တက်မည် ဟု အကြံပြုကာ နောက်ဖေးလမ်း မှောင်ကျကျတွင် အသာချောင်း၍နေလေ ၏။ သူ မတ်တတ် ရပ်မိ ၍ တစ်မိနစ်မျှမကြာမီ နောက်ဖေးတံခါးသည် ရုတ်တရက်ပွင့်ထွက်လာကာ တဘက်ခေါင်းမြီးခြုံနှင့် သားရေသေတ္တာ ဆွဲကိုင်ထားသော မိန်းမပုံသဏ္ဌာန်တစ်ခု ရိပ်ခနဲ ပေါ်လာပြီး မိမိဆီသို့ ခပ်သုတ်သုတ် လာနေသည်ကို မြင်ရလေ၏။

ဖြတ်စသည် အလို… ဘယ်သူများပါလိမ့်မည်ဟု တွေးတောအံ့သြကာ ကက်ဦးထုပ်ကို မျက်နှာအုပ် အောင် ဆွဲချ လိုက်စဉ် တွင် ထိုသဏ္ဌာန်မှာအနီးသို့ရောက်လာပြီး သူ့လက်မောင်းကို လှမ်းဆွဲ၍ "အမယ် လေး ကိုကိုလတ် စောစောလာတာ အဆင်သင့်ပဲ၊ မာ… မျှော်နေတာ ကြာလှပြီ" ဟု ခပ်တိုးတိုးပြော သော မာဂရက်၏ အားရ ဝမ်းသာအသံ ကို ကြားရသဖြင့် ဖြတ်စမှာ ရုတ်တရက် အံ့အားသင့်သွားလေ၏။
မာဂရက် သူ၏လက်မောင်းကို လှုပ်ယမ်းကာ "ဘာငိုင်နေတာလဲ ကိုကိုရဲ့လာပါ။ မြန်မြန်သွားကြပါစို့၊ အိမ်ရှေ့ခန်း မှာ ဦးလေးကိုဘနိုင် မူးလာ လို့ အန်တီတို့ အလုပ်များနေတယ်။ လာ… လာ… ဟောဒီ နောက်ဖေးလမ်းကြားက လှည့်ထွက်မယ်။ ကားဘယ်မှာ ထားခဲ့သလဲ" ဟု ဆိုလိုက်မှ ဇဝနဉာဏ် လျင် မြန်သော မောင်ဖြတ်စ မှာ ပေါက်ကောင် မှား၍ ဝက်ကန်းအိမ်သာထဲ ကျသည်ကိုသိရှိလာသော မာဂရက်၏ ခါးကို တစ်ဖက်လက်ဖြင့် ပွေ့ဖက်၍ ညာလက်ဖြင့် သားရေသေတ္တာကို လှမ်းယူပြီး ဟန်မူရာ ပါပါနှင့် နောက်ဖေးလမ်းကြား မှောင်ကျကျနေရာများမှ တွဲ၍ခေါ်သွားလေ၏။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>

ဟိန်းလတ် ဘာသာပြန် အဖြူ ကိုချစ်သော အမည်း အမည်းကိုချစ်သော အဖြူ, အပိုင်း (၈)

ပခုံးကို လည်း တွန့်ပြကာ ဘာမှမတတ်နိုင်ဟူသော ပုံမျိုး လုပ်ပြသည်။ သို့သော် သူ့မျက်နှာကြီးကို ကြည့်ရသည် မှာကား ကျေနပ်ဂုဏ်ယူနေပုံရသည်ဟု ရာဂျာက ထင်မိပါသည်။ ဒုတိယ ဦးစားပေး အနေနှင့် ရာဂျာကို ပန်းသီးကိတ် လှီးပေးသည်။ "ကျွန်တော် အရင်က တစ်ခါမှ ပန်းသီးကိတ် မစားဖူးပါဘူး။ သိပ်အရသာရှိတဲ့ မုန့်မှန်း ခုမှသိပါတယ်။ ပန်းသီးကိတ်နဲ့ ရေခဲမုန့် တွဲစားရတဲ့ ပထမဆုံး အရသာကို ကျွန်တော် ဘယ်တော့ မှ မေ့နိုင်တော့မှာ မဟုတ်ပါဘူး ခင်ဗျာ" ရာဂျာ၏ စကားကို ကြားရတော့ မစ္စက်အေမိစ်၏ မျက်နှာတစ်ခုလုံးသည် ကျေနပ်မှုဖြင့် ၀င်းပသွားလေ တော့ သည်။ "ကဲ ညစာလည်း စားပြီးပြီ။ လူစီဘဲလ်ရေ ရာဂျာကို ကျောင်းဝင်းကို လိုက်ပြချေပါလား။ လမ်းလျှောက် ရင်းနဲ့ပေါ့။ တခြားကျောင်းသားတွေ ရောက်မလာသေးခင် အေးအေးဆေးဆေး ရှင်းရှင်းလင်းလင်း ကြည့် ရတာပေါ့" ကို ဆက်ဖတ်ရန်................

မစ္စက်အေမိစ် က ပြောသည်။
"ပန်းကန်တွေကကော ဘယ်သူဆေးမလဲ မေမေ"
"အို ပန်းကန်တွေအတွက်တော့ မပူပါနဲ့။ သမီးပြန်လာလို့ ပန်းကန်တွေ မဆေးရသေးဘူးဆိုရင် သူတို့ဟာ သမီး ကို စောင့်နေတယ်ဆိုတာ သေချာနေပြီပေါ့ကွယ့်" "ရှင်ကကော လမ်းလျှောက်ချင်ရဲ့လား"
လူစီဘဲလ်က ရာဂျာကို မေးလိုက်သည်။ "သိပ်လျှောက်ချင်တာပေါ့ ဘင်း" "မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး ကျွန်မကို ဘင်းလို့ မခေါ်ပါနဲ့ရှင်။ လူစီဘဲလ် လို့ပဲ ခေါ်ပါနော်" သူက ကမန်းကတန်းပင် တောင်းပန်လိုက်သည်။

ဖုံလမ်းအတိုင်း ကွေ့ကွေ့ကောက်ကောက် လျှောက်သွားကြသည်။ ထိုလမ်းမှာ တက္ကသိုလ်ဝင်းသို့ ဦးတည်နေသည်။ ၀က်သစ်ချပင်ကြီးများမှာ လမ်းဘေးတစ်ဖက်တစ်ချက်တွင် အစီအရီ ပေါက်နေကြ သည်။ လမ်းကလေး ကို သစ်ပင်ရိပ်များက ထီးမိုးပေးထားသည်။ အပင်ပေါ်မှ ကြွေကျသော သစ်ရွက်ကလေး များကို လေရူးလေးက ပွေ့ချီသွားတတ်သည်။ အဝေး မှ နွားအော်သံနှင့် တစ်ချက်တစ်ချက် ထွက်ပေါ် လာသော ခွေးဟောင်းသံမှအပ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ သည်။ ကိုယ့်ခြေသံ ကိုပင် ကိုယ် ကျကျနန ကြားနေရသည်။ တစ်မိုင်ကျော်ကျော် ခန့် လျှောက်ပြီးသောအခါ လဲကျနေသော ၀က်သစ်ချပင်ကြီး တစ်ပင်ဆီသို့ ရောက်လာကြသည်။
"ဒီမှာ တို့ခဏထိုင်ကြမလား ဟင်" ရာဂျာက ပြောလိုက်သည်။ သူတို့နှစ်ယောက်လုံး သစ်တုံးပေါ်တွင် ထိုင်လိုက်ကြ၏။

"ရာဂျာ ကျွန်မကို အိန္ဒိယပြည်အကြောင်း ပြောပြပါလား"
"ပြောစရာတွေ များလွန်းလို့၊ ဘယ်ကစပြီး ပြောရမှန်းတောင် မသိတော့ဘူး"
"ဒါဆို ရှင်တို့ မိသားစုအကြောင်းက စပြော"
"တို့အဖေ က ရှေ့နေကြီး။ တို့အဘိုးကတော့ သမားတော်ကြီးပေါ့ကွယ်"
ထို့နောက် စကားမဆက်နိုင်တော့။ အိမ်လွမ်းရောဂါထလာ ပြန်ပြီလေ။
"ရှင့်မှာ သူငယ်ချင်းကော ရှိလားဟင်။ မိန်းကလေး သူငယ်ချင်းလေ"
သူက ခေါင်းခါပြ လိုက်သည်။

"တစ်ယောက်မှ မရှိဘူး ဟုတ်လား"
"တစ်ယောက်မှကို မရှိပါဘူး"
သူက သေချာအောင် ထပ်ပြောလိုက်သည်။
လူစီဘဲလ် ရင်ထဲတွင် အေးချမ်းသွားသည်။
"ကျွန်မဟာ ရှင့်သူငယ်ချင်း ဖြစ်လာပြီပေါ့ရှင်"
ထိုသို့ သူက ပြောလိုက်ချင်သည်။ သို့သော် ထိုစကားအစား "ဆက်လျှောက်ကြရအောင်နော်" ဟုသာ ပြောလိုက်မိသည်။
ရာဂျ ကတော့ "လူစီဘဲလ်" သည်သာ ရထားပေါ်တွင် တွေ့ခဲ့သော ကောင်မလေးဆိုလျှင် ဘယ်လောက်ကောင်းမလဲ ဟု တွးနေမိသည်။
သို့ဆိုလျှင် သူသည် အိန္ဒိယပြည်အကြောင်း ရွှန်းရွှန်းဝေအောင် ပြောပြပေလိမ့်မည်။ အိန္ဒိယပြည်၏ အတိတ် အကြောင်း က ရွှေထီးဆောင်းခဲ့ပုံများ၊ မျက်မှောက်ခေတ် အောင်မြင်မှုများကို ပုံပေါ်လာအောင် စာပန်းချီခြယ်မှုန်းပြ မည် ဖြစ်သည်။ လူစီဘဲလ်နှင့် ကျတော့ သူသည် ရှက်သလို ရွံ့သလို ဖြစ်နေသည်။ စိတ်သိပ် မပါချင်။

သူတို့သည် တောင်ကုန်းကလေးတစ်ခုပေါ် တက်လာကြသည်။ လူစီဘဲလ်က မြေပြန့်မှ အဆောက်အအုံများကို လက်ညှိုးထိုးပြသည်။ "အဲဒီမှာ ရှင်သွားနေရမယ်" အဆောက်အအုံအားလုံးမှာ အမိုးနီနီလေးတွေချည်း၊ ၀ရန်တာတွေ လည်း ပါသည်။ သပ်ယပ်သော ပန်းခြံလေးများလည်း ရှိနေကြသည်။
"ရှင်နဲ့ အခန်းဖော်အဖြစ် နေရမယ့် လူဝီဟာ ဒီမှာတော့ အတော် ရေပန်းစားတဲ့သူပဲ၊ သူ့ကို ထရပ်ကား ပေါ်မျာတုန်းက တွေ့ခဲ့တယ် မဟုတ်လား။ အခု သူက ရူပဗေဒဘာသာ သဘောတရားပညာကို သင်နေတယ်လေ။ ဥာဏ်သိပ်ကောင်းတယ်။ ရှင်နဲ့ ပေါင်းလို့ရလိမ့် ထင်ပါတယ်"
"မင်းနဲ့ကော ပေါင်းလို့ရရဲ့လား" "တစ်ခါတစ်လေတော့ ပေါင်းလို့ရတာပဲ။ တစ်ခါတစ်လေကျတော့လည်း မျက်နှာကြော သိပ်မတည့်ဘူး။ အထူးသဖြင့် ကျွန်မအဖေပုံမျိုး လိုက်ဖမ်းတဲ့ အခါမျိုးတွေပေါ့။ ရာဂျာ ရှင်တော့ ဒီ ဘန်နီကာ မှာ ပျော်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်တာပဲရှင်" ရာဂျာ က ဘာမှပြန်မဖြေ။

"ကဲကွာ အချိန်လည်း နောက်ကျလှပြီ၊ အဆောင်ပြန်နေဖို့ ကောင်းပြီ ထင်တယ်" သူ က အေးတိအေးစက် ပြောသည်။ "စိတ်မရှိဘူးဆိုရင် ကျွန်မ လမ်းလျှောက်ပြီး လိုက်ပို့ပေးမယ်လေ"
"ရပါတယ်၊ စိတ်မရှိပါဘူး" ရာဂျာက သူ၏ စိတ်မပါလက်မပါ အမူအရာများကို နောင်တရမိ၏။ အဆောင်ရောက်သော အခါ လူစီဘဲလ် က သူ့အခန်းသည် တတိယထပ်တွင် ရှိကြောင်း ညွှန်ပြပြီး၊ အားရပါးရ ပြုံးပြ ကာ နှုတ်ဆက် သွားသည်။ ဒီလိုပြုံးတော့လည်း သူ့အမေနဲ့ အဆင်သားပဲ။
ရာဂျာ က မှတ်ချက်ချမိ၏။ အခန်းထဲရောက်တော့ ရာဂျာက မီးဖွင့်လိုက်သည်။ အခန်းမှာ အတော်ကျယ်သည်။ လူနှစ်ယောက် သက်တောင့်သက်သာ နေနိုင်သည်။ တစ်ယောက်အိပ် ခုတင်နှစ်လုံး၊ စားပွဲခုံ နှစ်ခုံနှင့် စာအုပ်စင်ကြီး နှစ်ခု ရှိသည်။ အခန်းထဲတွင် ကျောက်သင်ပုန်းတစ်ချပ်လည်း ရှိ၏။ ကျောက်သင်ပုန်းပေါ်တွင် ကား သင်္ကေတများ၊ ဂဏန်းများ ရေးထားသည်ကို တွေ့ရသည်။

ကျောက်သင်ပုန်း၏ အပေါ်တွင်ကား ဓာတ်ပုံများ၊ ရုပ်ပုံများ များစွာကို ကပ်ထားသည်။ ထိုအထဲတွင် ရာဂျာ သတိပြုမိသည်က ဓာတ်ပုံနှစ်ပုံ။
တစ်ပုံ က "ဒေါက်တာ ဂျေ ရောဘတ် အိုပင်ဟီးမား"၊ တစ်ပုံက "လူစီဘဲလ်"၏ ပုံအကြီးကြီး။ ထိုပုံ အောက်တွင် "လူဝီ အတွက် အချစ် အချစ် အချစ် များစွာဖြင့်" ဟူသော လူစီဘဲလ်၏ လက်ရေးလေးကို တွေ့ရသည်။ ရာဂျာက ပုံ ကိုရော လက်ရေးစာကိုရော သိပ်ဂရုမစိုက်။
သူက သေတ္တာထဲမှ အ၀တ်များကို ထုတ်ပြီး ဘီဒိုထဲ ထည့်သည်။ ရှပ်အင်္ကျီ၊ ခြေအိတ်၊ လည်စည်း၊ အတွင်းခံဘောင်းဘီ တို့ကို ပထမဆုံးအကြိမ် ဘီဒိုထဲ ကိုယ်တိုင်ကိုယ်ကျ ထည့်ဖူးခြင်း၊ အားလုံး နေသားတကျ ထည့်နိုင်သည် ကို တွေ့တော့ ကိုယ့်ကိုယ်ကို အတော်ဟုတ်လှပြီ အောက်မေ့သွားသည်။ ထို့နောက် အ၀တ် လဲ လိုက်၏။ မိနစ် အနည်းငယ်ကြာတော့ လူဝီရောက်လာပြီး၊ သူ့ကို နှုတ်ဆက်လိုက်သည်။

"ဟာ အင်္ကျီဘောင်းဘီတွေက တယ်ကောင်းပါလားဗျ"
"ဒါက အိန္ဒိယမြောက်ပိုင်းသားတွေရဲ့ ၀တ်စုံလေ။ ကျွန်တော်တို့ အိမ်မှာနေရင် ဒါမျိုးတွေပဲ ၀တ်ရတယ်။ ခင်ဗျားကြိုက် ရင် အမေ့ဆီ စာရေးပြီး တစ်စုံမှာပေးပါ့မယ်။ ဒီပုံအတိုင်း ရစေ့ရမယ်"
ရာဂျာက ရယ်ပြီး ပြောသည်။ "ကြယ်သီးတွေကတော့ ရွှေကျယ်သီးတွေပါလားဗျ"
"ဟုတ်တယ်လေ၊ ခင်ဗျားမသိဘူးလား၊ အိန္ဒိယပြည်ဟာ ရွှေနဲ့ ကျောက်မျက်ရတနာတွေ သိပ်ချမ်းသာ တဲ့ နိုင်ငံဗျ" ရာဂျာက ဓာတ်ပုံတစ်ပုံကို နံရံတွင် ချိတ်နေသည်ကို လူဝီက သတိပြုမိ၏။ "ဒီကောင်မလေးက ဘယ်သူလဲဗျ" "ကျွန်တော့် ရည်းစားလေ" "နာမည်ကကော" "မီနာကူမာရီ တဲ့" "မဆိုးဘူးဗျ၊ ခင်ဗျားထက်တော့ နည်းနည်းပို အသက်ကြီးတယ် ထင်တယ်" "ခင်ဗျား သိသလား" "သိပ်သိတာပေါ့" ရာဂျာကထပ်ပြီး ရယ်လိုက်ပြန် သည်။

"နားထောင် လူဝီ နားထောင်၊ မီနာကူမာရီဆိုတာက ကျွန်တော်တို့ဆီက ထိပ်တန်းရုပ်ရှင်မင်းသမီးဗျ။ ခင်ဗျားရဲ့ နံရံမှာ မိန်းမလှလေးတွေ ပုံတွေချည်း အများကြီး ချိတ်ထားတော့ ကျွန်တော်လည်း အားကျ မခံ တစ်ပုံတစ်လေ ပြန်ချိတ်တာပေါ့ဗျာ" "ဒါဖြင့် ဒီ ငွေဘောင်နဲ့ ဆွဲထားတဲ့ ရုပ်ဖြောင့်ဖြောင့် အဘိုးကြီးကလည်း မင်းသားပဲလား" "မဟုတ်ပါဘူး၊ ဒါကတော့ ကျွန်တော့်အဘိုးပါ။ ဒေါက်တာ မိုဟန်လားလ်တဲ့" ရာဂျာက ဂုဏ်ယူ ၀ံ့ကြွားစွာ ပြန်ပြောလိုက်သည်။ "ဒါနဲ့ ဒီကျောက်သင်ပုန်းကကော ဘာလုပ်တာလဲဗျ" "ဒါက ရူပဗေဒ သင်ခန်းစာတွေ ကျက်မှတ်တဲ့အခါ ရေးပြီး လေ့ကျင့်နိုင်အောင် လုပ်ထားတာပါ" လူဝီက ဆေးတံ ကိုထုတ်၊ ဆေးထပ်ထည့်ကာ မီးညှိလိုက်ပြီး ထပ်မေးပြန်သည်။ "ရာဂျာ ခင်ဗျား ဘာဆက်လုပ်မလဲ ဟင်"
"ခင်ဗျား ဘာဆိုလိုတာလဲဗျ၊ ကျွန်တော်က ဘာဆက်လုပ်ရမှာမို့လို့လဲ" "ခင်ဗျား ဒီမှာနေမလို့လား" "ဘာဖြစ်လို့ မနေရ မှာလဲဗျ"

ဤမေးခွန်းမှာ သူငယ်ချင်းများ၊ ဆွေမျိုးများနှင့် ဆွေးနွေးပြီး ဆုံးဖြတ်ရမည့် မေးခွန်းမျိုးဖြစ်သည်ဟု ရာဂျာက ထင်သည်။ ယခု ဤနေရာတွင် ဆွေးမျိုးများ မိတ်ဆွေများ မရှိ၊ တစိမ်းတရံစာချည်းသာ။ ထို့ကြောင့် ဘ၀ပြဿနာတစ်ခုကို သူ့အနေနှင့် ပထမဆုံး အဖြေရှာရတော့မည်။ ခုနက အင်္ကျီတွေ ထုတ်ပြီး ဘီဒိုထဲ ထည့်သလို ပင် သူ့အတွက် အဆုံးအဖြတ်ကိုလည်း ပထမဆုံး ပေးရတော့မှာပါကလား။
"ဟုတ်တယ်။ ခင်ဗျား ဒီမှာ နေသင့်တယ် ရာဂျာ။ ခင်ဗျားဟာ ဒီကျောင်းမှာ ပထမဆုံး အိန္ဒိယ ကျောင်းသားဖြစ်ရုံမကဘူး။ ပထမဆုံး အာရှတိုက်သားလည်း ဖြစ်တယ်။ ခင်ဗျား ဒီမှာ မနေဘူးဆိုရင် အတော် နာလိမ့်မယ်ဗျ"

"ကျွန်တော် ဒီမှာ မနေချင်ဘူးဆိုတာ ခင်ဗျား ဘယ်နှယ့်သိသလဲ ဟင်"
"ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက နီဂရိုးတက္ကသိုလ် ပို့လိုက်တဲ့ အကြောင်းကို မသိခဲ့တဲ့လူမို့လို့ပေါဗျ"
"ဒါက ခင်ဗျား ဘယ်လိုလုပ်သိသလဲ" "ဒါကတော့ ခင်ဗျားမျက်နှာပေါ်မှာ အဖြေရှာရ တွေ့နိုင်ပါတယ်ဗျာ။ ခင်ဗျားမျက်နှာ အမူအရာ ကြည့်ရင်ပဲ ရှင်းရှင်းကွက်ကွက်ကြီး တွေ့နေနိုင်ပါတယ်။ ခင်ဗျား ထရပ်ကားပေါ် စတက် လိုက်ကတည်း က ကျွန်တော်ကတော့ သိပြီးသား။ ဒီကောင်လေးဟာ စိတ်မရှင် မကြည်မသာ ဖြစ်နေတယ်။ သူက တို့လို လူမည်းတွေနဲ့ ရောနှောချင်ပုံ မရဘူးဆိုတာ။ ကဲဗျာ ကျွန်တော်ပြောတာ ဟုတ်လား၊ မဟုတ်လား။ ဖြေစမ်းပါဦး" "ဟုတ်ပါတယ်၊ ခင်ဗျားထင်တာ မှန်ပါတယ်ဗျာ" ရာဂျာက ပွင့်ပွင့် လင်းလင်း ၀န်ခံလိုက်မိ၍ သူ့ကိုယ်သူပင် အံ့သြသွား၏။

လူဝီသည် ရာဂျာထိုငနေသော ခုတင်ဆီသို့ လျှောက်လာသည်။
"ရာဂျာ ရယ် မသွားပါနဲ့ဗျာ၊ ဒီမှာ ခင်ဗျားနေသင့်တဲ့ အချက်ထဲမှာ အရေးကြီးဆုံး အချက်တစ်ချက် ရှိတယ်။ ခင်ဗျား က ဒီနိုင်ငံအကြောင်းကို သိချင်တယ်ဆိုရင်၊ ဒီနိုင်ငံဟာ တကယ်တမ်း ဘာနဲ့တူတယ် ဆိုတာ သိချင်ရင်၊ ခင်ဗျားတို့ နိုင်ငံကို ပြန်ရောက်တဲ့အခါ အမေရိကန်နိုင်ငံဆိုတာ ဘာလဲလို့ သေသေချာချာ ပြောပြချင်တယ် ဆိုရင်လေ။ ခင်ဗျားဟာ ဒီဘင်ဂျမင်တက္ကသိုလ် မှာ နေပြီး ကျွန်တော် တို့ မျက်လုံးလုံးတွေ တပ်ပြီး အမေရိကကို ကြည့်ရှု့လေ့လာရလိမ့်မယ်ဗျို့"

(၈)

ထုံးစံအတိုင်း သူသည် အရုဏ်မပျို့ မီမှာပင် နိုးလာသည်။
ထိုအချိန်သည် နေ့လည်းမဟုတ် ညလည်းမမည်သော ကြားကာလ။
ပြတင်းပေါက်ဘေးရပ်ပြီး လေကောင်းလေသန့် ရှူသည်။ မသံဖိုသံ ပေးနေကြသော ငှက်ကလေး များ၏တေးဆိုသံ ကို နားထောင်သည်။  နှင်းစက်နှင်းပေါက်လေးများ မြက်တွေအပေါ် ဆင်းသက်လာပုံကို ကြည့်သည်။ လရောင်လေးက မမှိန့်တမှိန့်၊ နေခြည်ကလည်း မပျို့တပျို့၊ သိပ်လှတဲ့အချိန်ပဲ။
ဒီနေ့တော့ သူသည် ထိုအလှအပများကို သိပ်မခံစားမိပါ။ သူ့ စိတ်နှလုံးသည် ဗလောင်ဆူ နေသည်။ စစ်ပွဲကြီး များကို ဦးဆောင်တိုက်ခိုက် ကြသော စစ်ဗိုလ်ချုပ်ကြီးများနည်းတူ သူ့အဖို့လည်း ဦးနှောက်အလုပ် ရှပ်နေသည်။

"ဘာလုပ်သင့်သလဲ""နေရမလား" "လူဝီက ပြောတော့သူတို့မျက်လုံးတွေက တစ်ဆင့်အမေရိက ကို ကြည့်ပါတဲ့" "သူတို့ မျက်လုံးတွေက ၀မ်းနည်းကြေကွဲမှုတွေနဲ့ ပိတ်ဖုံးနေတယ်။ အဲဒီမျက်လုံးမျိုးနဲ့ သူက ကြည့်ရမတဲ့လား"
"သွားပါ၊ သွားပါ၊ ဂုဏ်တွေ၊ အာဏာတွေ၊ ပျော်ရွှင်မှုတွေနဲ့ ဖန်တီးထားတဲ့ ကမ္ဘာကြီးကို သွားပါ" နှလုံးသား ကတော့ ရထားပေါ်မှ အဖြူမလေးကို သတိရပြီး ထိုသို့ပြောနေသည်။  "ဘယ်လိုသွားရမလဲ၊ ဘယ်ကို သွားရမလဲ" သူ့အဘိုးသာ နံဘေးတွင် ရှိနေလျှင်တော့ တစ်ခွန်းတည်းသာ စကားကို ဆိုမည်ပင် မုချ။

"နေပါ၊ ဆက်နေစမ်းပါ။ မင်းရဲ့တာဝန်ဟာ ဒီမှာ နေဖို့ပဲကွ" ဟူ၍ ပြောမှာ သေချာသည်။
ခုတော့ သူ့မှာက နောက်ထပ်တာဝန်တစ်ခုကပါ ပိုလာသည်။ ဒီနေ့မနက် ဘွဲ့နှင်းသဘင် အခမ်းအနာတွင် စကားပြော ရန် ဒေါက်တာ မေမိစ်က သူ့ကို တိုက်တွန်းထားသည်။ ထိုသို့စကားသာ ပြောဟောပြီးပါက ၊ ပို၍ပင် ဒီနေရာ မှ ခွာဖို့ခက်ချေမည်။ သူက သက်ပြင်းတစ်ချက်ကိုသာ လေးလေးပင်ပင်ကြီး ချလိုက်မိသည်။
 "လူဝီ"နိုးလားတော့ သူတို့နှစ်ယောက် လက်ဖက်ရည်ဆိုင်သို့ ဆင်းလာကြသည်။ လက်ဖက်ရည် ဆိုင်တွင်ကား ကိုယ်ထူကိုယ်ထ စနစ်။  ကိုယ့်ပန်းကန်လေးကို  ကိုယ်ဆွဲကာ တန်းစီပြီး စားသောက်ရသည်။ ရာဂျာကတော့ အတော်အံ့သြနေသည်။ "စားပွဲထိုးရှိရင် ဘယ်လောက်ကောင်းမလဲ၊ ပေါင်မုန့်တို့၊ ကြက်ဥတို့အစား ပလာတာတို့ ပဲဟင်း တို့ရရင် လယ်လောက်ကောင်းမလဲ၊ သူတို့ အစားအစာများကို သူ့ခံတွင်း မတွေ့၊ နို့လေးပဲ နည်းနည်းသောက် လို့ ကောင်းသည်"ဟု သူထင်သည်။

နံနက်စားစားပြီးသောအခါ ကျောင်းဝင်းထဲသို့ သွားကြသည်။
စကားပြောသံ၊ ရယ်သံ၊ မောသံ၊ အော်ဟစ်သံ၊ အချင်းချင်း နှုတ်ဆက်သံတို့ဖြင့် ညံနေသည်။ လတ်ဆတ် သစ်လွင်သော လူငယ်တို့၏ အသံများသည် နံနက်ခင်းကိုအလှချယ်ထားသည်။ သူတို့ကြားတွင် ရာဂျာသည် အားလုံး ၏ အထူးဂရုစိုက် လေ့လားခြင်းကို ခံနေရမှန်း သိရှိခံစား လိုက်ရသည်။
မကြာခင်"လူစီဘဲလ်"ရောက်လာသည်။ သူက "လူဝီ" ကို ၀တ်ကျေ ၀တ်ကုန်သာ နှုတ်ဆက်လိုက်သည်။ သူ့မျက်လုံးတွေကတော့ "ရာဂျာ"ဆီတွင်သာ "ကျွန်မတော့ ဒီနေ့ သိပ်ပျော်တာပဲရှင်" "မင်းလည်း ဒီနေ့ သိပ်လှနေပါလားကွ" ရာဂျာက ပြန်ပြောလိုက်သည်။

လူဝီကတော့ "လူစီဘဲလ်"သည် "ရာဂျာ"ကို မျက်စိကျသွားမှာ စိုးနေသည်။  ၉နာရီတိတိတွင် ခန်းမကြီးထဲသို့ ၀င်ကြရသည်။ ဘွဲ့ ယူလေ့ကျင့်ခန်းလုပ်ရန် ဖြစ်သည်။
ပါမောက္ခများလည်း သူ့နေရာသူ ရောက်ကြ၊ ကျောင်းသားများနှင့် ဧည့်သည်များလည်း နေရာယူပြီးသောအခါ အခမ်းအနား စတော့၏။ ဘုန်းတော်ကြီးပျိုတစ်ပါးက ဆုတောင်း ၀တ်ပြုမှုကို စတင်သည်။ ထို့နောက် ကား နိုင်ငံတော် သီချင်းဆိုကာ အလံတော်ကို အလေးပြုကြရသည်။

ထို့နောက် ဘွဲ့ဝတ်ရုံနက်ကြီးကို ဆင်မြန်းထားသော ဒေါက်တာအေမိစ်သည် ပရိသတ်ကို နှုတ်ခွန်း ဆက်စကား မြွက်ကြားသည်။ သူ၏ ဥပဓိသံ သည် တစ်ခန်းလုံးညံသွားစေသည်။
"တက္ကသိုလ် အဖွဲ့ဝင်းများ၊ ဂုဏ်ထူးဆောင်ဧည့်သည်တော်များ၊ ကျောင်းသားဟောင်းများ၊ ကျောင်းသားသစ်များ ခင်ဗျား၊ ကျွန်တော်က အားလုံးကို ဘင်ဂျမင်ဘန်နီကာ တက္ကသိုလ်ရဲ့ ကိုယ်စား ကြိုဆိုနှုတ်ခွန်း ဆက် လိုက်ပါတယ်။ အခုသင်တန်းသစ်တွေ ဖွင့်ချိန် ရောက်လာပါပြီ။ တက္ကသိုလ်မှာ တစ်နှစ်ထက် တစ်နှစ် ကျောင်းသား ဦးရေ ပိုများလာပါတယ်။ ထင်ရှားကျော်ကြားတဲ့၊ နာမည်ကျော်ကြားတဲ့ ပါမောက္ခတွေ ဆိုလည်း ဒီတက္ကသိုလ် မှာ အများကြီး စုနေကြပါတယ်။

လူငယ်ထုအတွက်လည်း အကျိုးပြုလုပ်ငန်းတွေ အများကြီး လုပ်ပေးနိုင်တာ အားလုံးအသိပါပဲ။
"ကမ္ဘာတစ်ဝှန်းလုံးမှာ ပြောင်းလွဲမှု လေမုန်တိုင်းတွေ တိုက်ခတ်နေပါတယ်။ အဖွဲ့အစည်း ဟောင်းတွေ ချုပ်ငြိမ်း ကုန်ပြီ။ အဖွဲ့အစည်းသစ်တွေ ပေါ်ထွန်းလာပြီ။ လန်းဆန်းသစ်လွင်တဲ့ လေပြေလေညင်းဟာ ညင်ညင်သာသာ တိုက်ခတ်လေပါပြီ။ လွတ်လပ်တဲ့ အမှီကင်းတဲ့ အာဖရိက နိုင်ငံသစ်တွေ ပေါ်ထွန်းလာတာကို ကျွန်တော်တို့ မျက်စိအောက်မှာ မြင်တွေ့နေရပါတယ်။ ဒီလှုပ်ရှားမှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ အရှိန်အဟုန် ကြီးမား ထွန်းကားလာတာ၊ ခုဆိုရင် မှောင်မည်းတဲ့တိုက်ကြီးဟာ ထွန်းလင်းတောက်ပတဲ့ တိုက်ကြီးတစ်ခု ဖြစ်လာပါပြီ။

"၁၉၆၀ မတိုင်မီက အာဖရိကမှာ လွတ်လပ်တဲ့နိုင်ငံ ၈ ခုပဲ ရှိခဲ့ပါတယ်။ အီဂျစ်၊ ဆူဒန်၊ အီသီယိုးပီးယား၊ တူနစ်ရှား၊ မော်ရိုကို၊ လစ်ဗားရီးယား၊ ဂီနီ၊ ဂါနာ၊ ၁၉၆၀ ခုနှစ်အတွင်းမှာပဲ နောက်ထပ် အာဖရိကနိုင်ငံ ၁၇ နိုင်ငံ ဟာ အချုပ်အနှောင်ကြားက လွတ်မြောက်လာပြီး ကမ္ဘာ့သမိုင်းရဲ့ မှန်ကန်တဲ့စင်မြင့်ပေါ်ကို တက်လှမ်း လာနိုင်ကြပါတယ်။ အဲဒီမတိုင်မီကဆိုရင် မော်ရီတန်းနီးယား၊ မာလီ၊ ဗောက်တာ၊ ချက်ဒ်နိုင်ငံ ဆိုတာတွေကို လူတွေ သိပ်မကြားဖူးပါဘူး။ ဒီနေ့တော့ ဒီနိုင်ငံတွေ အားလုံးဟာ ကျွန်တော်တို့ အားလုံးရဲ့ ကံကြမ္မာကို ကူညီပိုင်းခြားပေး ဖို့  ကြိုးစားနေကြပါပြီ။ ဒေါက်တာအေမိစ်သည် စကားကို ခဏနားကာ ပရိသတ်အား ကြည့်လိုက်သည်။ လူစီဘဲလ်ကလည်း သူ့နံဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ကျောင်းသားများအား ပီဘိတိတ်ဆိတ်နေကြသည်။ အာရုံစိုက် နားထောင်ကြသည်။ ဒေါက်တာအေစိမ် က စကားဆက်ပြောသည်။

"ကျွန်တော်တို့ အမေရိကန်နီဂရိုးတွေကတော့ အာဖရိက ကညီတော် နောင်တော်တွေနဲ့၊ အတော်အလှမ်း ကွာခဲ့ပါပြီ။ တစ်ခါတစ်လေ ရယ်စရာ ဖြစ်ရပ်တွေတောင် ဖြစ်ခဲ့ရပါသေးတယ်။ ၁၉၅၇ခုနှစ်၊ မတ်လ ၆ ရက်နေ့မှာ ကျင်းပတဲ့တဲ့ ဂါနာနိုင်ငံ လွတ်လပ်ရေး အခမ်းအနားမှာ အမေရိကန်အရာရှိကြီးတစ်ယောက် တစ်ယောက်တည်း ရပ်နေ တဲ့ အဝတ်အစား သားသားနားနား ဝတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို သွားမေးလိုက်တယ်တဲ့"
"ဒီနေ့လို အချိန်အခါမျိုးမှာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်မယ့် နေ့မျိုးမှာ ခင်ဗျား ဘယ်လိုခံစားရသလဲဟင်။ ခင်ဗျားတို့ ယခုဆို ကိုယ့်အစိုးရအဖွဲ့ဝင်တွေကို ကိုယ်ရွေးချယ် တင်မြှောက်ခဲ့နိုင်ပြီ။ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ ကို ရွေးချယ်ခဲ့နိုင်ပြီ။ ခင်ဗျားအနေနဲ့ စိတ်ခံစားမှု ဘယ်လိုရှိနေသလဲ သိချင်ပါတယ် လို့ မေး လိုက်တယ်။

အမေးခံရတဲ့လူက၊ အမေရိကန်အရာရှိကြီးကို ကြည့်ပြီး
"ကျွန်တော်တော့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့လူ ဖြစ်ရလို့၊ ကိုယ့်အစိုးရ အဖွဲ့ဝင်တွေကို ကိုယ်တိုင်ရွေးချယ် ရလို့ ကုလသမဂ္ဂကိုယ်စားလှယ်တွေကို ရွေးနိုင်ခဲ့ လို့၊ ဘယ်လိုခံစားရ တယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဂါနာလူမျိုးမှ မဟုတ် တာ။ မစ္စစ်စပီက အမေရိကန်နီဂရိုးပဲဗျ" လို့ပြန်ပြောတယ်တဲ့။
"ကဲ အဲဒါပဲကြည့်ဗျာ။ ဒီလိုလမ်းကြောင်းကို ဘယ်လောက်ကြာတဲ့အထိ ကျွန်တော်တို့ ဆက်လျှောက်ကြဦးမလဲ။ ကျွန်တော် တို့ဟာ မနေ့ကလည်း ဒီအတိုင်းပဲ။ တစ်နေ့ကလည်း ဒီအတိုင်းပဲ။ ဒီနေ့အထိ ခွဲခြားဖိနှိပ်မှုဒဏ် ခံနေရဆဲ ပါပဲ။

"ကျွန်တော်တို့ရဲ့ အခြေအနေတွေဟာ တိုးတက်လာနေပါတယ်လို့ သူတို့ကပြောတယ်။ ဟုတ်ကဲ့ ကျွန်တော်ရဲ့ တိုးတက်တယ်ဆိုတာက တစ်နှစ်သားလေး ဝမ်းလျားထိုးသွားတတ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် တို့ရဲ့ လွတ်လပ်ခွင့် ကြေညာစာတမ်းကြီးဟာ ကျွန်တော် တို့ မွေးစကတည်း က ရေးဆွဲ ခဲ့တယ် ဆိုရင်တော့ ခုဆိုကျွန်တော်တို့ဟာ အသက်ရာ ကျော် အဘိုးအဘွားတွေ ဖြစ်နေပြီလို့ ဆိုရပေမယ်။ ဒီအတိုင်း ဆိုရင်တော့ ဝမ်းလျားထိုးအဆင့်က မတက်ဘဲ၊ ဘယ်တော့မှ လမ်းလျှောက်တတ်တော့မှာ မဟုတ်ဘူး။

"ကျွန်တော်တို့ လွတ်လပ်ခွင့်အတွက် သူတစ်ပါးတွေကို အပြစ်ဖို့နေစရာ မလိုပါဘူး။ ၁၈၈၃ခုနှစ်၊ စက်တင်ဘာလ ကင်တပ်ကီပြည်နယ် လူဝီဝီးလ်မြို့မှာ ကျင်းပတဲ့ လူမည်းတွေရဲ့ အမျိုးသားညီလာခံမှာ "ဖရက်ဒရစ်၊ ဒေါက်ကလပ်စ်က"က ဒီလိုကြေညာခဲ့ပါတယ်။ လွတ်မြောက် ချင်တဲ့လူတွေဟာ ကိုယ်ဖာသာကိုယ် တိုက်ပွဲ ဝင်ကြ။ အကယ်၍ ဒီနိုင်ငံက လူမည်း ၆သန်းသာ အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ လက်နက်ကို စွဲကိုင်ပြီး သူတို့ရဲ့ ထောက်ခံမှုကိုယူပြီး၊ အသားအရောင် ခွဲခြားမှုနဲ့ ဖိနှိပ်မှုတို့ကို ဆန့်ကျင် ကာကွယ် နိုင်ကြမယ်ဆိုရင်  ဘာပြဿနာမှ ပေါ်မှာမဟုတ်ပါဘူး။ လူတွေစုပေါင်းပြီး တိရစ္ဆာန်တွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကို ကာကွယ်နိုင်ကြပါတယ်။ သူတို့ဖာစာသူတို့ ကာကွယ်မယ့်အစား မပြောတတ်ကြလို့ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့စကားပြောတတ်ကြတဲ့ လူတွေလား။ ဒါမှမဟုတ် စကားမပြော တတ်ကြတဲ့ လူတွေလား။ ကွဲကွဲပြားပြားသိဖို့ ကောင်းပါပြီတဲ့။"

"ဟောဒီမှာ စုရုံးရောက်ရှိလာကြတဲ့။ မင်းတို့လူငယ်တွေဟာ၊ တို့အားလုံးအတွက် စကားပြောပေးဖို့ တာဝန်ရှိကြ တယ်။ ဒီအသိုင်းအဝိုင်း က ယောက်ျားလေးရော၊ မိန်းကလေးရော၊ အားလုံးဟာ အထူးအခွင့်အရေး ရှိကြတဲ့ သူတွေပဲ။ ကျွန်တော်တို့ဟာ စီးပွားရေးနဲ့ လူမှုရေး အဆင့်အတန်းတွေ မြင့်တက်လာပါပြီတဲ့။ မှန်ပါတယ်။ ဒါပေမဲ့ ဒါက လူနည်းစုပါ။ ဒါနဲ့ ကျေနပ်နေကြရမှာလား။ ဘယ်သူသေသေ ငတေမာပြီးရော တဲ့လား။ ကဲ အားလုံး ကျေနပ်ကြရဲ့လား။ "လူစီဘဲလ် သည် သူ့ဖခင်၏ စကားထဲတွင် နစ်မျောနေရာမှာ ပတ်ဝန်းကျင် တစ်ခုလုံး ကို လုံးဝ သတိမထားဘဲရှိနေစဉ်တွင် တစ်ခန်းလုံးပြည့် အော်ဟစ်လိုက်ကြသံကြောင့် လန့် ဖျန့််သွား သည်။ "မကျေနပ်ဘူး၊ မကျေနပ်ဘူး။ ဒါလောက်နဲ့ မကျေနပ်နိုင်ပါဘူး" ကျောင်းသားအားလုံးပင် မတ်တတ်ရပ်ပြီး။ လက်ခုပ်တီးကြ။ ခြေဆောင့်ကြ၊ အော်ဟစ်ကြနှင့်။

"ဒါကို မကျေနပ်ကြဘူးဆိုရင် အာဖရိကတိုက် ပြည်သူတွေလို တကယ့်လွတ်လပ်ရေး ရနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေကြ"
တစ်ခန်းလုံးပင် သြဘာသံ လက်ခုပ်သံများဖြင့် ဆူညံသွားတော့သည်။
အခန်းပြန်ငြိမ်သွားတော့မှ ဒေါက်တာအေမိစ်က ဆက်ပြောပြန်သည်။
"ဒီနေ့ အဖို့ ထူးခြားတဲ့အချက်တစ်ခုကို ပြောပြဦးမယ်။ ဒီတက္ကသိုလ်သမိုင်းမှာ ပထမဦးဆုံး အကြိမ်အဖြစ်၊ အာရှ က ကျောင်းသားတစ်ယောက် ဒီကိုလာပြီး ပညာသင်တဲ့ အကြောင်းပါပဲ။ သူက အိန္ဒိယက "ဂျာကုမာတြိဝေဒိ" ပါပဲ။ သူ့ကို စကားနည်းနည်းပြောဖို့ ကျွန်တော်တောင်းဆိုပါရစေ။
ရာဂျာက စကားပြောစင်မြင့်ရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ မျက်လုံးတွေ အများကြီးက သူ့ကို ကြည့်နေသည် ကို သူသတိထားမိ၏။ သူက ခေတ္တခဏမျှ ဘာမှမပြောဘဲ ရပ်နေလိုက်ပြီးမှ တိုးညင်းသော်လည်း ကြည်လင်ပြတ်သားသော အသံဖြင့်စပြီး ပြောလိုက်သည်။

"လေးစားအပ်ပါသော ကျောင်းဆရာကြီ၊ တက္ကသိုလ် ဆရာဆရာမတွေနဲ့ ဧည့်သည်တော်တွေ၊ ကျောင်းသူကျောင်းသားလုံးတို့ ခင်ဗျား
"အိန္ဒိယပြည်ဟာ လွတ်လပ်ရေးတိုက်ပွဲကို လွဲခဲ့ရတာ သိပ်မကြာလှသေးပါဘူး။ ကျွန်တော်တို့ ရဲ့ ခေါင်းဆောင် ဟာ မိုဟန်ဒတ်စ် ဂန္ဒီပါ။ သူ့ကို မဟတ္တမလို့ ခေါ်ကြပါတယ်။ သူ့ရဲ့ သူတော်စင်ဆန်တဲ့ ကျင့်စဉ်တွေကြောင့်ပါ။ သူက အကြမ်းမဖက်သော နည်းနဲ့ လွတ်လပ်ရေးကို အရယူနိုင်မယ်လို့ ယုံကြည့်ခဲ့သူ ဖြစ်ပါတယ်။ ဒီနည်းကို သူ ရတာက လူနှစ်ယောက်ဆီကပါ။ တစ်ယောက်က ရုရှားလူမျိုး၊ တစ်ယောက်က အမေရိကန်လူမျိုး၊ ရုရှားလူမျိုး ကတော့ နာမည်ကျော် စာရေးဆရာကြီး လီယိုတော်စတွိုင်း၊ အမေရိကန်လူမျိုးကတော့ ထင်ရှားတဲ့ သဘာဝတ္တ ပညာရှင်ကြီး ဒေးဗစ်ဟင်နရီသော်ရူး။ ''သော်ရူးရဲ့ အဘိဓမ္မာတွေဟာ အမေရိကန်ပြည်မှာ မအောင်မြင်ခဲ့ပေမယ့် အိန္ဒိယ မှာတော့ အောင်မြင်ခဲ့ပါတယ်။ သော်ရူးဟာ ဟိန္ဒူအဘိဓမ္မာ ကိုလည်း သဘောကျ နှစ်ခြိုက်ခဲ့ သူ ဖြစ်ပါတယ်။ သူက ''ဘဂဝါဂီတ'' ကိုတောင် ကျေကျေညက်ညက် လေ့လာနိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။

''ဂန္ဒီကကြေညာထားတာ တစ်ခုရှိပါတယ်။ ကျွန်တစ်ယောက်ရဲ့ အဆင့်အတန်းဟာ ကျွန်ပိုင်ရှင် အဆင့်အတန်း ထက် ပိုပြီး မြင့်မြတ်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်ပိုင်ရှင်ဆိုတာက မကောင်းဆိုးဝါး ဖြစ်ပြီး၊ ကျွန် ဆိုတာကတော့ အပြစ်ကင်းသူမို့ပါ ပဲတဲ့။ ဒီလို သဘောတရားတွေကို ကိုင်တွယ်ပြီး သူဟာ အာဏာဖီဆန်ရေး လှုပ်ရှားမှု တွေ ကို လုပ်ပြီးနိုင်ငံရေးပြဿနာကို ပြောင်းခဲ့ပါတယ်။
''အိန္ဒိယပြည်ဟာ ခင်ဗျားတို့ရဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေး လုပ်ရပ်တွေ မှာ အောင်ပွဲဆင်နိုင် ဖို့ စောင့်ကြည့်နေခဲ့ပါတယ်။ ဒေါက်တာ မာတင်လူသာကင်းဆိုတဲ့ နာမည်ကို ကျွန်တော်တို့အားလုံး သိနေကြပါတယ်။ သူဟာ သူ့အတိုက်ခံတွေအပေါ်မှာ စာရိတ္တအောင်ပွဲတစ်ခုတည်းနဲ့ ပြီးမလား။ အာဏာဖီဆန်မှု လုပ်ငန်းတွေ ကမှ အလင်းရောင်လမ်းစ မဟုတ်ဘူးလား။ ခပ်ကြမ်းကြမ်းရမ်းရမ်း နည်းတွေသုံးရင်တော့ ဒုက္ခရောက်ကြ တာပဲ အဖတ်တင်ပါလိမ့်မယ်။

''အာဏာဖီဆန်ရေး လုပ်ရပ်တွေဟာ သတိတရားနဲ့ သစ္စာတရားတို့ရဲ့ အနှစ်သာရတွေမို့ ကမ္ဘာ က လေးစားကြမှာဖြစ်တယ်။ ပင်စည်က ကျန်းမာမှ အမြစ်တွေက ခိုင်မာပါမှ အဲဒီအပင်ရဲ့ အသီးတွေက ချိုမြ ပါလိမ့်မယ်။'' ထို့နောက် သူသည် လက်အုပ်ချီလိုက်သည်။ ထို့နောက် ခေါင်းညွှတ်ကာ အရိုအသေပြုသည်။
ကျောင်းသားများက ငြိမ်ငြိမ်သက်သက် ယဉ်ယဉ်ကျေးကျေးပင် လက်ခုပ်တီးလိုက် ကြသည်။ပါမောက္ခအချို့နှင့် ဧည့်သည်အချို့တို့ကမူ လှိုက်လှိုက်လှဲလှ် ပြန်၍ လက်ခုပ်တီးကြသည်။ အဘယ့်ကြောင့်ဆိုသော် ရာဂျာ၏မိန့်ခွန်း သည် ဒေါက်တာ အေမိစ်၏ အစွန်းရောက် အကြမ်းဖက်ဆန်သော မိန့်ခွန်းကို ချေပလိုက်၍ပင် ဖြစ်သည်။ လက်ခုပ် လုံးဝ မတီးသူကား သုံးယောက်သာရှိသည်။ ဒေါက်တာအေမိစ်၊ လူစီဘဲလ်နှင့် လူဝီ။ သူတို့  သုံးယောက် သာ ရှိသည်။ ဒေါက်တာအေမိစ်၊ လူစီဘဲလ်နှင့်  ဒေါက်တာအေမိစ်ကမူ သူနှင့်ရာဂျာတို့၏ ပဋိပက္ခလေးတော့ စပြီဟု စိတ်ထဲတွေးမိလိုက်သည်။

သမိုင်းအစဉ်အလာအရမူ အကြမ်းဖက်မှုသည် တိုက်ပွဲတိုင်းတွင် ရှိစမြဲဟု သူနည်းလည် သိရှိခဲ့သည်။
''အကြမ်းမဖက်နှင့်၊ သင်၏ ညာဘက်ပါးကို ရိုက်ပါက ဘယ်ဘက်ပါးကို လှည့်ပေးလိုက်ပါ'' ဟူသော တရားကို လက်တွေ့ တွင် ကျင့်ကြံနိုင်ကြပါ့မလား။
ပြည်တွင်းစစ်တွေ မရှိဘဲနှင့် ကျွန် များ လွတ်မြောက်လာနိုင်ကြပါ့မလား။
ကျွန်ပိုင်ရှင် များသည် နောက်ဆုံး၌ တရားပေါက်လာပြီးမှ ကျွန်တော်ကို လွတ်လပ် ခွင့်ပေးခဲ့သည့် အစဉ်အလာကော တွေ့ခဲ့ဖူး ပါသလား။ အမေရိကန်မြောက်ပိုင်းနှင့် တောင်ပိုင်း တို့တွင် လေးနှစ်ကျော် တိုက်ခိုက်ခဲ့ကြပြီး လူု့အသက်ပေါင်း ၆သောင်းကျော် သေကြေပျက်စီးခဲ့ရသည်။ ဒီလိုမလုပ် ဘဲ အောင်ပွဲ မရနိုင်ဘူးလား။ လူ့အသက်တွေ ဒီလောက် ရင်းနှီးပြီးမှ တိုက်ယူ၍ရသလား။ ဟုတ်ကဲ့ ဒီလိုပဲ တိုက်ယူမှ ရနိုင်မည် ဟု ဒေါက်တာအေမိစ် က ယုံကြည်ပါသည်။ ထိုသို့တိုက်ယူ၍သာ ကျွန်ပိုင်ရှင်စနစ်သည် ဥပဒေ အရ ချေဖျက် ပျက်ပြုန်းသွားရ သည် မဟုတ်ပါလား။

ပြည်တွင်းစစ် ဖြစ်ပြီးနောက်၊ ပြန်လည် ထူထောင်ရေးကာလ အတောအတွင်းတွင် မြောက်ပိုင်းသားများနှင့် ကျွန်ပိုင်ရှင်ဟောင်း တို့၏ အကြမ်းဖက်မှုကြောင့် အသက်အိုးအိမ်တွေ ထပ်မံ ဆုံးရှုံးခဲ့ရပြန်သည်။ ထိုအခါမျိုးတွင် အကူအညီမဲ့၊ လက်နက်မဲ့ လူမည်းတွေက ဘယ်လိုပြန်ကာကွယ်ခဲ့ကြသလဲ။
ဒေါက်တာအေမိစ်က ထိုသို့တွေးနေမိသည်။ သို့သော် လူစီဘဲလ်ကမူ ထိုသို့မဟုတ်ပါ။ ရာဂျာ စကားစပြော ကတည်းက သူသည်အငေးသားနားထောင်ခဲ့ပါသည်။ ကဗျာဆရာတစ်ယောက် ကဗျာရွတ်နေသည်ကို နားထောင်သလို ပင် နားထောင်နေခဲ့ပါသည်။ သူဘာတွေ ပြောနေသည်ကို ကား သူမသိ။ သူသိသည်ကတော့ သူ၏ပြောပုံ ဆိုပုံ ဟန်ပန်ကိုသာ။
ရာဂျာ စကားဆုံးသွားသော အခါ သူသည် လက်ခုပ်ပင်မတီးမိ။ လက်ခုပ်တီးလိုက်လျှင်ပင် အလှအပလေး တစ်ခု။ ပြန်မရနိုင်သည့် အလှအပလေးတစ်ခုကို သူဖျက်ဆီးမိမှာကိုစိုး၍။ ထို့ကြောင့် သူသည် လက်ခုပ်မတီးခဲ့။ သို့သော် သဘောကား ကျ၏။ လူဝီ၏ အမူအရာမြင်မှ သူသတိပြန်လည်လာသည်။

''နင်က မကြိုက်ဘူးလား။''
''ဘာကို မကြိုက်တာလဲဟင်''
''ရာဂျာရဲ့ မိန့်ခွန်းကိုလေ။''
''ငါက မကြိုက်ဘူးလို့ တစ်ခါမှ မပြောမိသေးပါလားဟ''
''ဒါပေမဲ့ နင့်ကြည့်ရတာ သိပ်ပြီး ဘဝင်မကျနေတဲ့ပုံပဲ''
''ဒါတော့ ငါလည်း မတတ်နိုင်ဘူးလေ။''
''နင်က မနာလိုဝန်တို ဖြစ်နေတယ်လို့ ငါထယ်တယ်ဟာ''
လူဝီက ဘာမျှပြန်မပြေပဲ မတ်တတ်ထလိုက်သည်။
''မသွားပါနဲ့ဟယ်။ ငါတောင်းပန်ပါတယ်။ ငါဆိုလိုတာက အဲဒီလိုမဟုတ်ပါဘူး။
''နင်က ဒီလို မဆိုဘူးဆိုရင် ဒါမျိုးဘာဖြစ်လို့ ပြောခဲ့တာလဲ''
လူဝီက ဒေါသသံဖြင့်ပြောကာ ထွက်သွားတော့၏
အဆောင်ပြန်ရောက်တော့ လူစီဘဲလ်က ရာဂျာကို ပြောသည်။

''ရှင်စကားပြောတာ သိပ်အံ့သြစရာကောင်းတာပဲ။ လက်ထဲမှာလည်း ဘာစာရွက်မှ ရေးတာမှတ် တာမရှိဘဲနဲ့ လက်တန်းပြောနိုင် တယ်နော်။ ''စာရွက်တွေ ဘာတွေ ကိုင်ဖို့ မလိုပါဘူးကွယ်။ စကားပြောပညာဆိုတာ အိန္ဒိယပညာတတ်တွေရဲ့ ယဉ်ကျေးမှု တစ်ရပ် ပဲကွ။ ဒါနဲ့ စကားမစပ်။ သိပ်အံ့သြစရာကောင်းတာပဲဆိုတဲ့ စကားမျိုးကို ငါ့အဖေလည်း သိပ် သုံးတတ်တာပဲ။ အံ့သြစရာကောင်းတယ်ကွာ၊ အံ့သြစရာကောင်းတယ်ကွာနဲ့ သူ့အတွက် အရာရာ ဟာ အံ့သြစရာ ချည်း ဖြစ်နေတာပဲ'' ရာဂျာ၏ စကားသံထဲတွင် ခါးသီးမှုများပါနေ၍ လူစီဘဲလ်ပင် အံ့သြသွားသည်။

''ဘယ့်နှယ့်၊ ရှင်က ရှင့်အဖေကို မကြိုက်ဘူးလားဟင်''
''ကြိုက်တာပေါ့။ ကြိုက်သမျှ သိပ်ကြိုက်ပေါ့။ ဒါပေမဲ့ ငါက သူ့ကို မနာလိုဖြစ်နေမိတယ်လို့ ထင်တယ်ကွာ''
ထို့နောက် သူက သူ့အိမ်အကြောင်း ပြောပြလိုက်သည်။ လူစီဘဲလ်က ငြိမ်ငြိမ်လေး နားထောင်နေသည်။ သူ့ လက်ကမူ ရာဂျာ ၏ လက်မောင်းများကို တွယ်ချိတ် ထားသည်။ ရာဂျာက မိန်းမသားလက်နုနုလေး၏ အတွေ့အထိ ကို ခံစားနေရသည်။ သူက ဒီလိုယုယကြင်နာမှုမျိုးကို လိုအပ်နေ ချိန်၊ တောင့်နေချိန်၊ မေတ္တာငတ်မွတ်နေချိန်တွင် ဒီလိုအပြုအမှုလေးကြောင့် တုန်လှုပ်သွားသည်။ အိန္ဒိယ လုံမပျိုလေး များက ဒီလို ဘယ်တော့မှ လုပ်ရဲကြမည်မဟုတ်။ ထို့နောက် သူ့ဖာသာသူ သဘောကျပြီး ရယ်ချ လိုက်သည်။

ဆက်ရန်
.
>>>ဆက်ဖတ်ရန်>>> >>