ချစ်သော စာဖတ်သူ အပေါင်းတို့ ခင်ဗျား ကျွန်တော် ဟာ ကျေးလက်သဘာဝ တွေကို
ချစ်ခင်ပါတယ်..၊ အဲဒီ အတွက် ..... အဆင်ပြေ သလို ရွာလေး တွေကို သွားရောက်.
လေ့ရှိပါတယ်.. ဒါကြောင့်..... ကျွန်တော် ရေး တဲ့ ဆောင်းပါး တွေထဲက ကျွန်တော် ဟာ
အားလုံး ကို ကိုယ်စားပြုတဲ့ ကျွန်တော် ပါ...၊ စာထဲ မှာ ပါတဲ့ ဇာတ်ကောင် တွေ ဟာ
လည်း မြန်မာပြည် ကျေးလက်နေ ကျွန်တော် တို့ အားလုံး ရဲ့ အဖိုးအဖွား တွေ အမျိုးအဆွေ
တွေ ပါလို့ နားလည်ပေးကြပါဗျာ...
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
ဒီနေ့ ကျွန်တော် ရွာ ပြန်တယ်... သူငယ်ချင်း တယောက်လည်း ပါတယ်... ကျွန်တော်
တို့ရွာကလေးက မိုးကုတ်- သပိတ်ကျင်း ကားလမ်းဘေးမှာ တည်ရှိပါတယ်...၊ မြန်မာမင်း
များ လက်ထက် - အင်္ဂလိပ် လက်ထက် ကတော့ ရှမ်းပြည် ဘက်က လာတဲ့ ခရီးသွားတွေ ရပ်နားရာ
စခန်း တခုအဖြစ် နံမည်ကျော် နေရာလေး တခုပါ... ။
ဒဂုန်ခင်ခင်လေး ရဲ့ နှစ်ပေါင်း ၆ဝ ဝတ္ထု ကြီးထဲက ဒဂုန်ခင်ခင်လေး တို့ အဖေ မိုးကုတ် မှာ တာဝန်ကြတော့ မြင်းတွေ လှည်းတွေ နဲ့ မိသားစု တပည့် တပန်းတွေ ပြောင်းရွှေ့တဲ့ အခါမှာ ကျွန်တော် တို့ ရွာလေး ကိုဖြတ်သွားကြ တယ်လေ... နောက်တခါ ရွှေဥဒေါင်း ရဲ့ ဝတ္ထုတပုဒ် ထဲမှာ လည်း ကျွန်တော် တို့ ရွာကလေး (စခန်း) ကို အခြေပြုပြီး စာတပုဒ်ရေးဘူးတယ်... အဲဒီအချိန်က တော တောင် တွေ ထူထပ်ပုံ ကတော့ အဲဒီဝတ္ထုတိုလေး ဖတ်ရင်းတောင် ကြက်သီး ထအောင် လန့်စရာကောင်း လှပါတယ်...။

ကျွန်တော် ငယ်ငယ်ကတော့ ကားလမ်းဘေး က အိမ်တွေရဲ့ နောက်မှာ တကယ်ကို ထူထပ် တဲ့
တောကြီး ပါဘဲ...အဲဒီတုန်း ကတော့ လူသူ အရောက်အပေါက် နည်း ပြီး တောကောင်
မျိုးစုံ ကျင်လည် ကျက်စား ရာ တောကြီး ပါ.. အင်္ဂလိပ်မင်း များ လက်ထက်ကတော့ အခု
ကျွန်တော် တို့ ရွာအစွန် က ပြိုကျလု ဆဲဆဲ ဗိုလ်တဲ မှာ တည်းခို ကြပြီး အမဲပစ်
ကြပါသတဲ့ (အခုတော့ အသစ်ပြန်ဆောက် ထားကြပါပြီ)..... ။
ဒါတွေဟာ ယုံတမ်း စကား တွေများလား .. ကျွန်တော် နဲ့ လိုက်လာတဲ့ သူငယ်ချင်း ကတောင်
ကျွန်တော် တို့ တောကြီး ကိုကြည့် ပြီးတော့ နင်တို့ တောကလည်း ဘယ်လို များ တောကောင်
တွေ ကို ပစ် သလည်း ငါဖြင့် မျက်စေ့ တဆုံး တတောလုံး ကို ရှင်းရှင်းလင်းလင်း
လှမ်းမြင် နေရ တာဘဲ.. တောကောင် တွေကလည်း ဒို့ကိုမြင်မှာပေါ့.. ဒို့ကလည်း အကောင်
တွေမြင်တော့ ထိပ်တိုက် စီးချင်း ထိုးရမှာလား တဲ့....။
သူငယ်ချင်း စကားကို ဟားတိုက် ရီလိုက်ရင်း .. ဘာဖြေရမှန်း ရုတ်တရက် မသိဘူး..
ငါလည်း ရွာကို တနှစ် မှ တခေါက် လောက်ပြန်တာ.. ငါပြန်တိုင်း တနှစ်ထက် တနှစ်
ဒီတောအကြီးကြီး ဟာ ဒီလို ဖြစ်လာ တာဘဲ... အခု မင်းမြင်ရတဲ့ ဒို့ရွာ လမ်းဘေးက
အပင်တွေ ဟာ အနဲဆုံး နှစ်ပေါင်း ၁ဝဝ ကျော်တွေ ဘဲ ဒို့အမေ ငယ်ငယ် က လည်း ဒီအပင် တွေ
ရှိတယ်.. အဖွား ငယ်ငယ် ကလည်း ဒီ အပင် တွေရှိတယ်... ။
တောထဲ က အပင် တွေလည်း အဲဒီလိုဘဲ ... ဒါပေမဲ. အခုနောက်ပိုင်း မှာတော့ တော ထဲက
အပင်တွေ ဟာ ဟို ကားပေါ် မှာ ပါကုန်ပြီ .. တစီးပြီး တစီး မနားတန်း သွားနေတဲ့
သစ်လုံး အကြီးကြီး တွေ အပြည့် နဲ့ သစ်ကား တွေ ကို ပြလိုက်ပါတယ်....
ဒို့စီမှာ... အခု ရွာလမ်းဘေး က အပင် တွေဘဲ ကျန်တော့ တယ်... တောထဲကတော့
ကုန်ပြီထင်တာပါဘဲ.... ။
လေးနာရီ ခရီးလောက်ဘဲ ဖြစ်တဲ့ အတွက် စကားပြောလို့ မဝခင်မှာဘဲ သူငယ်ချင်းနှစ်ယောက် ရွာကလေး ကိုရောက် လို့လာခဲ့ပါပြီ...။
လေးနာရီ ခရီးလောက်ဘဲ ဖြစ်တဲ့ အတွက် စကားပြောလို့ မဝခင်မှာဘဲ သူငယ်ချင်းနှစ်ယောက် ရွာကလေး ကိုရောက် လို့လာခဲ့ပါပြီ...။
ရွာကလေး ရဲ့ နံနက်ခင်း
သူငယ်ချင်း ရေ အားလုံးကို မေ့ထားလိုက်တော့... အခု မနက်အစော ဘာစား မလည်း... ငါတော့
ဟင်းပေါင်း စားမယ်... မင်းလည်း စားကြည့် လို့ ပြောလိုက်တယ်၊ ကျွန်တော်
ရွာရောက်တိုင်း မနက်စောစော ဗန်းလေး နဲ့ လာရောင်းတဲ့ ဟင်းပေါင်း ကို
အကြိုက်ဆုံးဘဲ... ရွာနား တဝိုက် က ရသမျှ ဟင်းရွက် ပေါင်းစုံ ကို ဆန်မှုံ့နဲ့
နယ်ပြီး ကျွန်းရွက် နဲ့ ထုတ်ထားတဲ့ ထားတဲ့ ဟင်းပေါင်း နီနီ ပူပူနွေးနွေး လေးကို
ပဲပုတ်.. ငရုပ်သီး ရောနယ် ထားတဲ့ အချဉ်လေး နဲ တို့စားရတာဟာ ကျနော့် အတွက်
မမေ့နိုင် တဲ့ ရွာလေး က စားစရာတွေ ထဲ က တခု ပေါ့.. မြို့ မှာ လုပ်စားတဲ့
ဟင်းပေါင်း နဲ့ ဘယ်လိုမှ မတူ နိုင်ပါဘူး.. လတ်ဆတ် မှု့ တွေ ကွာသွား လို့ဘဲ
ထင်ပါရဲ့....
ဟိုး အရင်တုန်းကတော့ ရွာမှာ ဈေးသည် တွေ ဘာတွေ မရှိပါဘူး.. ကိုယ်စားချင်တာ ကိုယ်
လုပ်စားရုံ ဘဲ.. တွေ့တဲ့ အရွက်ပေါင်းစုံ ကို ကြိုက်သလောက် ခူးပြီး ကိုယ့် ဘာသာ
လုပ်စားကြတာဘဲ... ကျွန်တော် တို့ ခြံထဲမှာ ဆိုရင် ဟင်းရွက်ပေါင်းစုံ ရှိတယ်...
ဆူးပုတ်ကြီးပင်ကြီး ကလည်း လူတောင်တက် လို့ရနေပြီ... ။
တခြား ခြံစည်းရိုး မှာ ပေါက်နေတဲ့ အပင်တွေ နဲ့ အပင်တွေမှာ နွယ်တက်နေတဲ့ အပင်
တွေကလည်း အများကြီး ... ကျွန်တော် ဟင်းပေါင်း လုပ်စား ရင်တော့ ရသမျှ အရွက်အားလုံး
ခူးထည့်တယ် နုထွတ် နေတဲ့ အရွက် ကလေး တွေ ရွေးခူးတယ် ... အရသာ ကတော့ အစုံဘဲ တချို့
က အခါး မကြိုက်တော့ ဂွေးထောက်ညွှန့်လေးတွေ မထဲ့ ဘူး ကျွန်တော် ကတော့
ဂွေးထောက်ညွှန့် ခါး စိမ့်စိမ့် လေး လည်း ကြိုက်တာ ဘဲ....။
မြို့မှာလို သင်စရာ တော့ မလိုဘူး ကိုယ် တိုင်ခူး ထား တဲ့ အညွှန့်လေးတွေ ဘဲ
ဆိုတော့ ရေစင်စင်ဆေး ပြီး.. ရေစစ်ထားလိုက်ရုံပါဘဲ.. ရေလေး နဲနဲ စစ်သွား မှ
ဆန်မှုန့် အသင့် အတင့် ထဲ့.. ဆားလေး အချိုမှုန့် လေး ထဲ့ ... ပဲပုတ်ကြိုက်ရင်
ပဲပုတ် လေး ထောင်းထဲ့ ပြီး အရွက်တွေ နဲ့ ရောနယ်... ဆန်ကာထဲ မှာ စီထည့်
တယ်.. ရေနွေးတည် ထားတဲ့ အိုးလေးပေါ် ဆံကာလေးတင် အပေါ်က အဖုံးလေး အုပ်ထားတယ်. ..
အိုးဘေး မှာလည်း အငွေ့ တွေ တခြား မရောက်အောင်.. ရေစိုအဝတ်ကလေး ပတ် ပေးထား ရတယ်...
ခဏနေ မွှေးလာရင် အရွက် ကလေးတွေ နပ်ရင် ရပြီ...။
အရွက်ပေါင်း ထားတုန်း.. ဟင်းရွက်ပေါင်း နဲ့ စားဘို့ အချဉ်လေး ကို
ကိုယ်တိုင်လုပ်တယ်.. ခရမ်းချဉ်သီး ၂လုံး ၃လုံးလောက် မီးအုန်း ထားလိုက်တယ်...
ထင်းမီးကျီးခဲ တွေ ရဲ့ အစပ် ပြာတွေကြားမှာ ထိုး ထည့် ထား လိုက်တာဘဲ ... ခြံထဲ က
စွပ် လာ တဲ့ ငရုပ်သီး လေးငါးခြောက်တောင့် လည်း အဲဒီလိုဘဲ ပြာအုန်း ထားတယ် ပဲပုတ်
ကို လည်း မီးကင် ထားတယ်... မီးကင် ထားတဲ့ ပဲပုတ် လေးငါးချပ် ကို အရင်ထောင်းတယ်...
အဲဒီနောက်မှ ငရုပ်သီး မီးသင်းမွှေးမွှေး လေး ထဲ့ထောင်း ကြက်သွန်ဖြူ အသေးလေး တွေ
လေးငါးမွှာ ထဲ့ ထောင်း နောက်ဆုံးမှ ခရမ်းချဉ် မီးအုံးလေး အခွံခွာ ပြီးထောင်း
လိုက်တာဘဲ... ။
အဲဒါ ဟင်းပေါင်း နဲ့ တွဲဖက်စား ဘို့ အကောင်းဆုံး ခရမ်းချဉ်သီးထောင်းဘဲ...
ကျွန်တော် ကတော့ ဟင်းရွက်ခူး တာက စပြီး အားလုံး ကိုယ့် စိတ်ကြိုက်လုပ်လိုက် ရမှ
စိတ်တိုင်းကျတယ် ... ဒါပေမဲ့ အခုနောက်ပိုင်း ကျွန်တော် ရွာပြန်ရင် အမေ တို့က
စပြီး ဈေးသည် ကလေး တွေ စီက ဘဲ ဝယ် စားတော့ တယ်.. အိမ်မှာ လုပ် မစား တော့ဘူး....
ကျွန်တော် ဟင်းရွက်ပေါင်းဖို့ ဟင်းရွက်ခူးမယ် လုပ်ရင်လည်း ဝယ်စား လိုက်ပါတော့
သမီးရယ် တဲ့ ... အလုပ် ရှုတ် ပါတယ် တဲ့...။
သြ ... ရွာလေး မှာတောင် အချိန်တွေ ရှားပါးသွားပြီလား.... ဒါမှ မဟုတ်
ဟင်းရွက်ပေါင်း ရောင်းတဲ့ ကလေး လေး ကို အားပေးချင်လို့ လား ... တကယ် တော့ အဲဒီ
ကလေး ခေါင်းပေါ် က ဟင်းရွက်ပေါင်း တဗန်းစာ လုံးရောင်းတာတောင်မှ ကျွန်တော် တို့
မြို့ မှာ မနက်ခင်းတိုင်း ဝယ်စားခဲ့တဲ့ ရှမ်းခေါက်ဆွဲ တပွဲ ဘိုး တောင် ပြည့်မယ်
မထင်ပါဘူး....။
ရွာကလေး မှာ ဘာမှ ကြည့်ရှု့စရာ ထူးထူးဆန်းဆန်း မရှိတဲ့ အတွက် သူငယ်ချင်းကို ကျနော့် ဖွားလေး တို့ နေတဲ့ တကောင်း ကို ခေါ်သွားမယ်ဆိုပြီး ကျနော်တို့ အဝတ်ကလေး ၂စုံ ၃စုံ လောက် ယူပြီး ကားလမ်းဘေး မှာ တကောင်း သွား ဘို့ ကားစောင့် ကြပါတယ်...။
ကားစောင့် ရင်းနဲ့ ကားလမ်းဘေး မှာ ရှိနေ တဲ့ ဇရပ်လေး ထဲမှာ တချိန်က အလှူအတန်း တခုအတွက် ဘုန်းကြီး တရား နာ နေတဲ့ ကြား မှာ လွန်ခဲ့ တဲ့ ၅နှစ်လောက်က သေဆုံးသွားပြီ ဖြစ်တဲ့ အမကြီး တယောက် တရားနာ သွား တဲ့ ဓါတ်ပုံတွေ ရှိတယ် ဆိုပြီး သူငယ်ချင်း ကို ခေါ် ပြပါတယ် ... ရေစက်ချတဲ့ ပုံတွေ ရိုက်တဲ့ ဓါတ်ပုံ တွေ ထဲမှာ သေဆုံးပြီးသား အမကြီး ပါနေတာ တွေ့ရတဲ့ အတွက်ပါ.... ဒါပေမဲ့ သူငယ်ချင်း ကတော့ ဓါတ်ပုံ ဆရာ က ဓါတ်ပုံပညာ နဲ့ လုပ်ထားတာ နေမှာပါတဲ့.. ဒါပေမဲ့ ကျွန်တော် စဉ်းစားမိ တာက ဘာ အကျိုးအမြတ် ကို မျှော်ကိုးပြီးများ အဲဒီဓါတ်ပုံဆရာက လွန်ခဲ့ တဲ့ နှစ်များစွာက သေဆုံးသွားတဲ့ အဲဒီ အမကြီး ကို ထည့်ထားလေ သလဲ ဆိုတာပါဘဲ ...။

ကြမ်းတမ်းလှတဲ့ တကောင်းလမ်း
ဆိုးလိုက်တဲ့ လမ်း... နဲနဲလေး မှ မကောင်းဘူးလို့ သူငယ်ချင်း က ရွတ်လာပေမဲ့
ကျနော် ကတော့ ဒီလမ်းလေး ပေါ်လာလို့ ဒို့ ဒီလို လွယ်လွယ် သွားလို့ ရတယ်
မှတ်ပါသူငယ်ချင်း... ကိုယ်တို့ ငယ်ငယ် က အခုလို အဖွားတို့ စီသွားရင် ရေလမ်း
တလမ်းကဘဲ သွားနိုင်တယ်....
တကောင်း တို့ ကြာညှပ် တို့ က သူငယ်ချင်း တွေ မန္တလေး ကျောင်းလာတက်ရင် လည်း ရေလမ်းက ပဲ သွားရတယ်... အချိန်ကြာပေမဲ့ အဲဒီအချိန်က လူငယ်သဘာဝ ဆိုတော့ သူငယ်ချင်း တွေစုပြီး မော်တော် နဲ့ ကျောင်းသွားတက်ရတာကိုက တအားပျော်စရာကောင်းတယ်လို့ ပြောတယ် ..... မော်တော်ပေါ် မှာ လာရောင်းသမျှ ဝယ်စား.. ဂစ်တာတီး သီချင်းဆို... ပျင်းလာရင် ဖဲရိုက်... တကယ်တော့ ဖဲဝိုင်း က ၂၄နာရီပါ ... တယောက်ဝင် တယောက်ထွက်ပေါ့... အပျင်းပြေဆော့ကြတာပေါ့ လို့ ကျောင်းတက် တဲ့ အကြောင်းကို အမြဲတမ်း မှတ်မှတ်ရရ အဲဒီဘက်က သူငယ်ချင်းတွေက ပြောကြတယ်....
ဒို့ကတော့ ရွာလေး ကနေ ကျောင်းတက်တာဆိုတော့ ကားလမ်းပေါက်တယ်.... အဖွားတို့စီ သွားချင်ရင် ဘဲ သပိတ်ကျင်း ဘက်ကလှည့်ပြီး မော်တော်စီးသွားရတယ်... ဒို့ အလွမ်းဆုံး ကတော့ ဧရာဝတီ မြစ်ထဲ က လတ်လတ်ဆတ်ဆတ် ပုဇွန်ထုတ်ကြီး တွေဘဲ... ဈေးလည်း မများဘူး.. ကားလမ်း မပေါက် တော့ ကိုယ့် ဧရာဝတီ က ထွက်တာ ကိုယ်စားရတာပေါ့....
ကျွန်တော် ပြောတာတွေ ကို စိတ်မပါတပါ နားထောင်နေတဲ့ သူငယ်ချင်း ကတော့ ပုဇွန်ထုတ် ကြီး အသံကြား မှ အခုရော ငါတို့ စားရမှာလားလို့ စကားသံ ထွက်လာပါတယ်.. အခုတော့ ကားလမ်းက နေ မိုးကုတ် တို့ မန္တလေး တို့ကို ပို့နေ လို့ ရှိတော့ ရှိတယ် ဈေးကတော့ များတယ်.. ဒါပေမဲ့ မြို့ပေါ်ထက်စာရင် ဈေးချိုပါသေး တယ်.. သူငယ်ချင်း ကို ကျွေးမှာပါ လို့ ပြောရသေးတယ်...
ကျွန်တော် တို့ အဖွားစီသွားလည်ရင် တံငါစု ဆိုတဲ့ တံငါ အများစု နေကြတဲ့ တဲအိမ် ကလေးတွေ ကို အမြဲ သွားတယ်.... စားချင်တဲ့ ငါးတွေ ပုဇွန် တွေ သွား ဝယ်တယ်... အပြန်ကြရင် ငါးဘတ် လတ်လတ် တွေ ကို တံငါချက် ချက်စားတယ်.... ပုဇွန်ထုပ် လတ်လတ်ကြီးတွေ ကို ချက်စား... သုတ်စား ကြတယ်...။
အခုတခေါက် ကျနော် နဲ့ အတူ တကူးတက လိုက်လာတဲ့ သူငယ်ချင်း ကို အဖွားနဲ့ အဒေါ်တွေက ဂရုတစိုက် နဲ့ ချက်ပြုတ်ကျွေးမွေး ကြပါတယ်... တော ထဲ ကရသမျှ အသားတွေ လည်း ချက်ကျွေးတယ်.. ဂျီသား နဲ့ တောဝက်သား ချက် လည်း စားခဲ့ ရတယ်... ပုရစ် ပေါ်တဲ့ အချိန်နဲ့ ဖြစ်နေလို့ ပုရစ်တွေ အားရပါးရ ကျော်ကျွေးတဲ့ အပြင် ရွာ အတွက် လည်း ထည့်ပေး လိုက်ပါ သေး တယ်...
အဖွားရဲ့ ခြံထဲက အုန်းပင်တွေ အောက်က ကော်ဖီပင်တွေ မှာ ပြွတ်နေအောင် သီးနေ တဲ့ ကော်ဖီသီးလေး တွေ ကြည့်ပြီး သူငယ်ချင်းကတော့ ပျော်နေတယ်... ကျွန်တော်တို့ အဖွားအိမ် မှာ ကော်ဖီ ကို ဝယ်မသောက် ရပါဘူး တနှစ်စာ ကော်ဖီမှုန့် ကတော့ ကိုယ့်ခြံကထွက်တာ နဲ့ ကိုယ် လုံလောက် ပါတယ်.. အုန်းသီးတွေ ကတော့ ရောင်းစား လို့ လဲ လောက်လောက်လားလား မရ ဆိုတော့ အိမ်အောက်ထပ် မှာ အပင်ပေါက် တဲ့ ထိ ဒီတိုင်း ဘဲ ထားကြတာ အများကြီးပါဘဲ..

No comments:
Post a Comment