ကျနော့် အဖွား မကြာခဏ ပြောတဲ့ ဂျပန် ပိုက်ဆံ အကြောင်း... ပစ္စည်း တွေ ဈေးကြီး လို့ ပိုက်ဆံ များများ ပေး ရရင်.. ပိုက်ဆံ တွေ က ဂျပန် ပိုက်ဆံ ဖြစ်နေပြီ .... လို့ သူ့ဟာသူ ညည်းညူ ရုံ အားမရလို့.. ... ဂျပန် ခေတ် ဈေးသည် တွေ စီ ဈေးဝယ်ရင် ပိုက်ဆံ အသစ်ချပ်ချွတ် မှ ယူတာတို့ ... အခု ငါ့မြေး တို့ သုံးနေတဲ့ ပိုက်ဆံ မျိုး ဆို ဘယ်ဈေးသည် မှ မယူဘူး တို့ ထောင်မလဲ သဲကော် မှ လက်ခံတာလေ လို့ ပြောလေ့ ရှိတယ်...
ငယ်တုန်းက တော့.... ထောင်မလဲ သဲကော် တွေ ဘာတွေ ပြောရင် မရှင်းလို့ ပြန်မေးမိတယ်... ပိုက်ဆံ နွမ်း နေရင် ထောင်မရဘူး ... သဲ လဲ ကော်လို့ မရဘူး... ဒါကြောင့် ထောင်မလဲ တဲ့ သဲကော် လို့ ရတဲ့ အသစ် ချပ်ချွတ် ပိုက်ဆံ မှ သုံးလို့ ရတာလေ လို့ ပြောလို့ အံသြမိရတယ်... ရွှေစင်ဦး တို့ သုံးနေတဲ့ ပိုက်ဆံ တွေ က ဟောင်းနွမ်းစုတ်ဖတ် နေတဲ့ ပိုက်ဆံလေးတွေ လေ.....
အခုလည်း တခါ အံသြမိပြန်ပြီ....
ရွှေစင်ဦး လွန်ခဲ့ တဲ့ တပတ်က ကိစ္စတခု ရှိလို့ ရန်ကုန် မြို့ ကြီးကိုရောက်ခဲ့ရပြန်တယ်.. သြ စာဖတ်သူ များ ကို တခုပြောချင်သေးတယ်... ရွှေစင်ဦး ဟာ ရန်ကုန် မလို့ မန္တလေး မလို့ ဆိုတဲ့ ဒေသ အစွဲ မရှိ ပါဘူး... ကိုယ်ရောက်တဲ့ နေရာမှာ ဖြစ်တဲ့ ပြဿနာလေး တွေ ကို ရိုးရိုးသားသား တင်ပြခြင်း သာဖြစ်ပါတယ်...
မန္တလေး မှာ ဖြစ်ခဲ့တဲ့ ပြဿနာလေး တွေ ကိုလည်း ကျနော် ရေးဖူးပါတယ်... ဖတ်ချင်သူများ ဒီနေရာ မှာ ဖတ်လို့ ရပါတယ်... ဒီစကားလေး ကျနော် ထဲ့ ပြောခြင်းဟာ ကျနော် ဟာ ဇာတိစွဲ လူမျိုးစွဲ ရှိသူ တယောက်လို့ ထင်မှာစိုးလို့ပါ... ဘယ်နေရာမှာ ဘဲ ဖြစ်ဖြစ် ဘယ်လိုလူမျိုးကဘဲ လုပ်လုပ် မှန်ကန် တယ် လို့ ကိုယ်ထင်တဲ့ ဘက်က ရပ်တည် မှာ သာ ဖြစ်ပါတယ်...
အင်း ရွှေစင်ဦး ဟာ ရောက်တဲ့ နေရာ သောက်ရုံ ပေါက်ရုံ မကဘူး.. ပြဿနာ လည်း ရှာတတ်သူ ဖြစ်နေ ပါပြီ... ရန်ကုန် မှာ တညအိပ် ရောက်ပါတယ်... အမတင့် အိမ်က မုံဟင်းခါး ကို စားဖြစ်အောင် သွားစားတယ် (မုန့်ဟင်းခါး ကလည်း စားကောင်းလွန်းလို့ .... လာဖြစ်လို့ တော်သေးရဲ့ ... နို့ မို့ဆို ဒီလောက်ကောင်း တဲ့ မုန့်ဟင်းခါး နဲ့ လွဲ ရမှာလို့ မှတ်ချက်ချမိပါတယ်) ... နောက်ထပ်... ပြဿနာ တခုရှာလာ ပါတယ်..
မုန့်ဟင်းခါး စားပြီး တော့ ပြန်မဲ့ နေရာကို အမတင့် က လိုက်ပို့တယ်.. သိပ်ဝေးလွန်းတယ် ... တက်စီ ငှားလို့ ရတဲ့ နေရာမှာ ချပေးခဲ့ပါလို့ ပြောမိတယ်... အတူ ပါလာတဲ့ ညီမငယ် အနော် က စိန်ဂေဟာ မှာဘဲ ချပေးလိုက်ပါ.. သူ ထီးဝယ်စရာရှိတယ် ပြောတာနဲ့ .. စိန်ဂေဟာ (ပါရမီ) မှာဆင်းပြီး ဟိုငေးဒီငေး ဝင်ငေး ကြတယ်... အနော် တယောက် ကတော့ သူကြိုက်တဲ့ ထီး ကို သဲကြီး မဲကြီး ရှာဖွေနေတယ်...
ကိုယ်လည်း ငေးချင်ရာ ငေးပြီး ပြန်လှည့် လာတော့ အနော်တယောက် ငါးထောင်တန် လေး ဟိုထောင်ကြည့် ဒီလှဲ့ ကြည့် လုပ်နေတယ်... ဘာဖြစ်လို့ လည်း ညီမ လို့ မေးတော့ .. ဒီပိုက်ဆံ မှာ အစွန်းလေး နဲနဲ ပါလို့ ပြန်လဲခိုင်းနေလို့ တဲ့... ဒါနဲ့ ညီမ ပြန်လဲပေးနေတာ လို့ ပြောတယ်... သူ့ ပိုက်ဆံ ကို ကျနော် ယူကြည့်မိတယ်..
မပြောပ လောက်ပါဘူး... ဒီလောက်ကတော့ ညီမလေး ရယ် လူတွေ သုံး နေတာဘဲ ဘာမှ မဖြစ်ပါဘူး လက်ခံသင့် ပါတယ်လို့ ပြောတော့ ကောင်တာ က ကလေး မလေးက ... ညီမ တို့ နံမည် နဲ့ ပိုက်ဆံ အပ်ရတာ... အဲလိုမျိုး လက်ခံမိရင် ညီမ တို့ စိုက်ပြီး ပြန်လဲ ပေးရတယ် တဲ့... အင်း ဒီကလေး မှာ အပြစ်မရှိ ပါဘူးလေ လို့ ပြောရင်း သည်းခံ ခွင့်လွှတ်ပြီး ဆက်ကြည့်နေတယ်...
ခဏနေတော့ အနော် က နှုတ်ခမ်းနီ အဆီ တဲ့ နောက်ဘာလဲ မသိဘူး အလှ ကုန်လေး တွေ ဝယ်တယ်... အလှကုန် ကောင်တာ မှာ ပိုက်ဆံရှင်းပြန်တယ်... ခုန ငါးထောင်တန် ပြန်ထဲ့ပေးမိပြန်တယ်.... ပိုက်ဆံ ကို ပြန်လဲ ခိုင်းပြန်တယ်... ဒီတခါတော့ ကျနော်လည်း နဲနဲ ပြောမိတယ်... ညီမ ရယ် ဒါက လူ တွေ လက်ထဲမှာ သုံးနေပြီဘဲ ... ဒီလောက်လေး စွန်းတာ လက်ခံသင့်ပါတယ်လို့ပြောတော့... ခုန ထီးကောင်တာ က ကလေးမလေး ပြောတဲ့ အတိုင်းပြန်ပြောပြန်တယ်.. သြ သူတို့ မန်နေဂျာ လား ပိုင်ရှင် လား ... ဒီလောက်စည်းကမ်း တင်းကြပ်ကြလား... အံသြမိတယ်...
ဈေးဝယ်သူ မှာ ငါးထောင်တန် တရွက် ဘဲ ပါရင် ဘယ်လို့လုပ်မလဲ... နောက်ပြီး အဲလို မလိုအပ်ဘဲ ပြန်လဲ ခိုင်းတဲ့ အတွက် ဈေးဝယ်သူ မှာ စိတ်အနှောက်အယှက် ဖြစ်ရတယ်... ကောင်တာ က ဝန်ထမ်းကလေး တွေ လည်း စိတ်ညစ်ရတယ်.... မလိုအပ်တာ ကို အကျယ်ချဲ့ ပြီး ... ဂျပန်ခေတ် က ထောင်မလဲ သဲကော် တဲ့ ဂျပန်ပိုက်ဆံ နဲ့ ငါးထောင်တန် ကို အသွင်တူအောင် လုပ်နေတဲ့ အတွက် စိတ်ဆိုးတယ်...
တကယ်တော့ သာမာန် ဈေးဝယ်သူတွေ ဟာ ဂျပန်ခေတ်က ပိုက်ဆံလို ငါးထောင်တန် ကို ဂုံနီအိပ် နဲ့ ထဲ့ မသုံးနိုင်သလို ... သာမန် လူတန်းစားတွေ ဈေးဝယ်သွားရင် ငါးထောင်တန် သိပ်များများလည်း ထဲ့ နိုင်မယ်မထင်ပါဘူး... ဒီကြားထဲ က မရှိမဲ့ရှိမဲ့ ငါးထောင်တန်လေး ပြန်လဲခိုင်းလို့ အပိုပါမလာတဲ့ ဈေးဝယ်သူ ခမျာ သူလိုချင်တဲ့ ပစ္စည်း မရ ယုံမကဘူး ... ငါးထောင်တန် ကို တရွက်အပြင် ပို မကိုင် နိုင်တဲ့ အတွက် လူပုံ အလည် မှာ အရှက် ရစရာဖြစ်အုန်းမယ် (ညီမ အနော် မှာ တော့ ငါးထောင်တန် အပို ပါလို့ တော်ပါသေးတယ်) ....
အဲဒီလို စိတ်အနှောက်အယှက် ဖြစ်စရာ တွေ ကြုံရတဲ့ အတွက် စိန်ဂေဟာ က ချစ်ညီမ စစ ဝယ်ချင်တဲ့ အိုင်ဖုန်း တို့ အိုင်ပက် တို့ လည်း မဝယ်ဖြစ်တော့ သလို ... ချစ်ချစ်ကြီး မှာလိုက်တဲ့ ... ကုန်တိုက်ကြီး တတိုက်လုံး က ပစ္စည်း တွေ လည်း မဝယ်တော့ဘူး .... စိတ် ဆိုး တယ် လို့ အနော် ကိုပြောလိုက် တယ်... ပိုစ့် တခုလည်း ရေးမယ် လို့ ပြောတော့ ... အလွန်အလွန် မှ အကြောက်ကြီး ကြောက်တတ် ရှာသော သူရဲကောင်း ညီမ အနော် က အလုပ်ရှုတ်ပါတယ် မမ ရယ် ရေးမနေပါတော့ နဲ့ လို့ဆိုပြီး ရွှေစင်ဦး မသိအောင် တက်စီ သမား ကို အဲဒီ ပိုက်ဆံ ငါးထောင်တန် ပေးလိုက်တယ်....
သြ ချစ်ညီမ အနော် ရေ ကိုယ့် အမကြီး ကိုလျှော့တွက်လေရောသလား... ကားပေါ်ရောက်တော့ သုံးမိမှာ စိုးလို့ ... ဟိုပိုက်ဆံ မမ ကို ပေးထား ပိုစ့် တင်ရင် ဓါတ်ပုံ ရိုက်ရအုန်းမယ်လို့ ပြောတော့... မရှိ တော့ဘူး တဲ့... အခုလေးတင် ဘာမှ ဝယ်တာ မဟုတ်ဘဲနဲ့ ဘယ်ရောက်မှာလဲ ပြောမှ တက်စီ ဆရာကြီး ကို ပေးလိုက်ပြီတဲ့....
အင်း ဘယ်ရမလဲ ... ရွှေစင်ဦး တဲ့... တက်စီ ဆရာကြီး ရေ ဟောဒီက အသစ်လေး ယူနော် ခုန ပိုက်ဆံ လေး ပြန်ပေးပါလို့.. ပြောတော့ တက်စီ ဆရာ ခမျာလည်း ကားမောင်းရင်းတန်းလန်း ဟိုရှာ ဒီရှာ နဲ့ ရအောင်ရှာ ပြီး ပြန်ပေးရှာပါတယ်... ကဲ စာဖတ်သူများ ကြည့်လိုက်ကြပါအုန်း.. ဘာတွေ များ ဖြစ်နေ လို့လည်း...
စိန်ဂေဟာ မှ တာဝန်ရှိပုဂ္ဂိုလ်ကြီး များ ခင်ဗျား... ဂျပန် ခေတ်က ပိုက်ဆံ လို ငါးထောင်တန် အသစ် စက်စက် ကို မှ မလိုချင်ပါနဲ့.. ခေတ်သစ် ကို လူဟောင်း .. စိတ်ဟောင်း ... လူဟောင်း ... စိတ်သစ် ... တွေ နဲ့ သွားနေတဲ့ ဒီမိုကရေစီ ခေတ်မှာ ... စိန်ဂေဟာ မှ ဝန်ထမ်းကလေး များ နဲ့ စိန်ဂေဟာ မှာ အားပေး နေကြတဲ့ ဈေးဝယ်သူ များ အဆင်ပြေ စေရေး အတွက် ... တင်းကြပ် တဲ့ စည်းမျဉ်းစည်းကမ်း လေး များ ကို နဲနဲ လောက် လျှော့ ပါလို့ ... မေတ္တာရပ်ခံ ပါတယ်ဗျာ...
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
19 comments:
အိမ်းအိမ် တင်းကြပ်ထားမိတဲ့ စည်းကမ်းလေးလျှော့ရမပေါ့လေး)း)
ပြောပြလိုက်မယ်ဗျာား)း)
ပိုက်ဆံကိုစုတ်နေလို့ ပေနေလို့ နွမ်းနေလို့ဆိုပြီးပြန်လဲခိုင်းရင် တော်တ်ာတင်းထှာာာာ
အင်းဗျာ မရွှေစင် အဲတာကလဲ အဆင့်ဆင့်ကနေထုတ်ပြန်ထားတဲ့ စည်းကမ်းဆိုတော့
အပြစ်ဆိုဘွယ်ရာက စိန်ဂေဟာပိုင်ရှင် သို့ မဟုတ် ညွှန်ကြားသူ ၀န်ထမ်းအကြီးအကဲ အပစ်မို့ အဲဒီပုဂ္ဂိုလ် ကို အလုပ်ကနေ ထုတ်ပစ်သင့်တယ်။
ငါးထောင်တန် ဆိုတာ သာမန်လူတန်းစားအတွက်တော့
အိတ်ကပ်ထဲမှာတစ်ရွက်ရှိနေဖို့ အတော်ခက်သားပါ။
နှစ်ဦးနှစ်ဖက်ကြည့်သင့်ပါတယ်။
ဒီမှာကတော့ ဘုရင်မကြီး ဘယ်လောက်နွမ်းဖတ်နေပါစေ အစစ်ဆိုရင် ယူတာပါပဲ အမရွှေစင်ရေ .. ။ သူတို့ သတ်မှတ်ချက်တွေကလဲ တညိုးပါလားနော်။
ဝင်ပေါက်ဝမှာ ငါးထောင်တန် ထောင်မလဲ သဲကော်များသာ လက်ခံသည်လို့ သတိပေးစာရေးထားသင့်တာပေါ့။ မဟုတ်ရင် ၀ယ်ပြီးလို့ ငွေရှင်းကာမှ လက်မခံတဲ့ ပိုက်ဆံဖြစ်နေရင် ဒုက္ခများမှာ။
မနည်း ပြူးပြဲကြည့်မှ အပေါ်ဖက်နားမှာ 39 လို့ ရေးထားတာလေး တွေ့တယ်၊ ဒါကလည်း ပို့စ်ထဲမှာ အစွန်းလေး ပါနေတယ်လို့ ရေးထားတာ ဖတ်ထားမိလို့၊ နိုင်ငံတကာက ပိုက်ဆံတွေလည်း သုံးကြပြုကြတဲ့အခါ ဒီလိုပဲ နွမ်းတာ၊ စွန်းပေတာ ရှိကြတာပါပဲ..၊ တော်ရုံတန်ရုံဆို လက်ခံသင့်ပါတယ်ဗျာ...။
အခုတော့ ၅ထောင်တန်တွေ ၅ထောင်တန်းတွေ ကို မကြည့်ချင်ပေါင်......စိတ်နာတယ်နော် စိတ်နာတယ်.........အိုင်တော့ ဖုန်းလို့မရတော့ဘူးးးးးးးးးးးအိုင်တော့ ပက်လို့မရတော့ဘူးးးးးးးးးး အိုင်တော့ မေ့လို့မရတော့ဘူးးးးးးးးးးးးးဝူးးးးးးးးးးးးးဝှုးးးးးးးးးးးးးးးး(ဖြူဖြူကျော်သိန်းလေသံဖြင့်ဆိုပါ)
ပုံ
အိုင်ဖုန်း...ပေါ့...ပက် မ၀ယ်ရသူ
ဪ... ရယ်...ဝေ....စိန်ဂေဟာများရှင်တို့က ဆင်ဖြူတော် ၅၀၀၀/ ကျပ်တန် ကို ၊ဟို ဘဂျီးတော်ဖျားဟောင်း ရဲ့ တလ ၅၀၀၀/ စာနဲ့ တန်းတူ သတ်မှတ်ထားလို့ နေမှာပေါ့။
နောက်ဆို“ ထောင် ဟောင်း ”တွေ ရှောင်မှ မရွှေစင် ရေ.... ( ၅၀၀၀ တန် အဟောင်းများကို ဆိုလိုပါသည်..း))
ဒီ ၅၀၀၀/ ကြီးကြောင့် ၊ အပေါ်က ဂျီးဒေါ် စစ တယောက်တော့ စိတ်နာနာနဲ့ အိုင် ချင်း တွေ ဖွဲ့ နေရပါ ရော လား...
Sa Sa....Chit nyimalay....Don't give up.When she goes down YGN next time,ask it for again with colour print 5000K by yourself:D
Gyidaw
ကျနော့်အမြင်အဓိကပြဿနာမှာစိန်ဂေဟာတခုတည်းမ
ဟုတ်ပဲအနည်းငယ်ဟောင်းနွမ်းနေသောငွေစက္ကူများကို
ဘဏ်များမှလက်မခံ(သို့မဟုတ်)လဲခွင့်မပေးသောကြောင့်
ဟုယူဆပါသည်။အဓိကမှာဗဟိုဘဏ်၌ဟောင်းနွမ်းငွေ
စက္ကူများအလွယ်တကူလဲပေးခြင်းဖြင့်အလားတူပြဿနာ
ပပျောက်နိုင်ပါသည်။
ဟင်းး မြန်မာပြည်ကြီးဘယ်နှဲ့ဖစ်နေပါလိမ့်နော်
ဒေါ်လာတွေလဲ နည်းနည်းကျေတာနဲ့ မယူ ရတာနဲ့
အစွန်းပါရင်ပြန်လဲခိုင်းရတာနဲ့
ခုတော့ ၅၀၀၀ ထောင်တန်ပါဖြစ်လာပြန်ပြီလားကွယ် စိတ်ပိန်ဒယ်း)
ချစ်သော
မဒိုးကန်
မနှစ်က အိန္ဒိယပြန်ထွက်ခါနီး မြို့ထဲကအေးဂျင်းတစ်ခုမှာ လေယဉ်လက်မှတ်ဖိုး ဒေါ်လာ ၄၀၀ ကို သုံးခါတောင် ပြန်လဲခိုင်းလို့ မန်နေဂျာမနဲ့ တစ်ဆိုင်လုံးကို ပွဲကြမ်းခဲ့ဖူးတယ်..။ လက်မှတ်လဲ ဖြတ်ပြီးသား မယူပဲထားခဲ့တယ်...။ ကိုယ့်ဖက်ကလွန်သွားလား ထင်နေတာ..။ (အဲဒီ၄၀၀၊ သုံးခါပြန် ၁၂၀၀ ဘာပြဿနာမှမရှိ နိုင်ငံခြားမှာ အကုန်သုံးလို့ရတယ်)
မရွှေစင်ရဲ့ ၅၀၀၀ ထောင်တန်အကြောင်းဖတ်လိုက်တော့မှ
ကိုယ့်ဖက်က မလွန်ဘူးဆိုတာကို လက်ခံလိုက်ပြီ...။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
ဟုတ်တယ်အစ်မ
တစ်ခြားပိုက်ဆံဆိုရင်တော့ရပါတယ်။
ငါးထောင်တန်ဆိုရင်တော့
နည်းနည်းလေး.ပြစ်မျိုးမှဲ့ထင်သွားတာနဲ့
ဘယ်သူမှ.မယူချင်ကြတော့ဘူး။
(ဘယ်သူချလိုက်တဲ့စည်းမျဉ်းလဲတော့
မသိရပါရှင်း)
အဓိကကတော့.စူပါးမားကပ်တွေမှာပါ။
သူ့ခမျာ..
တစ်ခါတစ်လေ
ဘာမသိညာမသိနဲ့.အတုဆိုပြီး
နှစ်ပိုင်းပိုင်းခံရသေးတာ :)
နောက်တစ်ခေါက်ဆို
မော်လမြိုင်မှာလို
ပလတ်စတစ်အိတ်လေးနဲ့ထုပ်
အပေါ်က.မီးပိတ်ပြီး..သုံးမှနဲ့တူတယ်အစ်မရေး)
စကားမစပ်..
ဖြူဖြူကျော်စိမ်က.အသံကောင်းသားနော်အစ်မး)
နောက်တစ်ပုဒ်ထပ်“ဟဲ”ပြရင်တော့..
လိုချင်တဲ့.အိုင်ချင်း..အဲလေ.အိုင်ဖုန်းကို
ဝယ်ပေးလိုက်ပါတော့အစ်မရယ်..း)
ချစ်ခင်လျှက်
မိစံ
မရောင်ရာ ဆီလူးနေကြတာ ခက်တယ်။ ဒီလိုကိစ္စမျိုးတွေ မီဒီယာတွေကနေ ကျယ်ကျယ်အော်နိင်မှ တော်ကာကျမယ်။ ဒီမှာတော့ ငွေစက္ကူက အရမ်းကြီးမပြဲမစုတ်ဘဲနဲ့ လက်မခံဘူးဆိုရင် တရားပါစွဲတာ။
၂၀၀ ဖိုးဝယ်လို့ တကျပ်စေ့ အစေ့ ၂၀၀ ပေးလည်း စိတ်ရှည်ရှည်နဲ့ ရေတွက်ယူကြရတယ်။ ငြူစူလို့ကတော့ သတင်းဌာနတွေကို ချက်ချင်းလက်တို့တော့တာပဲ။
အာ . .အဲဒီ စိန်ဂေဟာက အဲဒီလိုပဲ။ ကျနော်ဆို အဲဒီဆိုင်နဲ့ အမြဲတမ်းလိုလို ဖြစ်လွန်းလို့ အခုဆို အဲဒီမှာ ဝယ်ကို မဝယ်တော့ဘူး။ ပန်းဆိုးတန်း ဂုံးတံတားဘေးက Ruby Mark မှာ ဝယ် အစ်မ။ အဲဒီဆိုင်က ဈေးလည်း သက်သာတယ်။ ဝယ်လို့လည်း ကောင်းတယ်။ ကျနော်က အဲဒီဆိုင်ကို ရှောင်တယ်။
အမရွှေစင်ကတော့. တီတင့်ကျွေးခဲ့တဲ့ မုန့်ဟင်းခါးတောင် ဘယ်နားရောက်သွားမယ်မသိဘူး။ စိန်ဂေဟာကို ဒေါကန်လွန်းလို့လေ။း)
အဲဒီလိုမျိုး မယောင်ရာဆီလူးတာကိုတော့ အတော်လေး အမြင်ကပ်တယ်။ နောက်ဆို ဝေါင်ဝေါင်ရှေးပေါ့ အမရွှေစင်။
၅၀၀၀တန်ကြီးကို ကြည့်ရတာ အလတ်စားကြီးပါ။
ရော်.. ခက်ပြီ အခုမနက်ပဲ မမတို့ကို ပေးရဖို့တဲ့ လူကြုံပေးလိုက်တဲ့ ငွေက ၅ထောင်တန်၎ ရွက်တောင်ပါတယ်။ စစက ၅ ထောင်တန် စိတ်နာတယ်ဆိုတော့ ဘယ်လိုလုပ်ရမလဲ တိတော့ဘူး..
ကယ်ပါဦး စိတ်ဂေဟာ အဲလေ စိန်ဂေဟာရယ်..။
ဝန်ထမ်း ဖြစ်ရတဲ့ ဘ၀တွေထဲမှာ ရွှေပြည်ကြီးမှာ အဆိုးဆုံး။ စည်းမျဉ်းစည်းကမ်းက စိတ်ထဲပေါ်လာသလို အခါအားလျော်စွာ ထုတ်ပြန်တတ်တယ်။ ရိုးသားကြိုးစားတဲ့ ၀န်ထမ်းကို ခိုင်းကောင်းလို့ဆိုပြီး ကိုယ်ရေးကိုယ်တာ၊ တချို့ အိမ်ဗာဟီရက အစ ခိုင်းချင်တယ်။ လုပ်ငန်းအကြိုးအမြတ်ရလာတော့ သူတို့ချည်းပဲ။ အချိန်တန်တော့ ၀န်ထမ်းက စိတ်ဒဏ်ရာ ဗရပွနဲ့ ဒုံရင်း။ သူတို့သာ....။
မြန်မာပြည်ရဲ့စည်းစနစ်တွေကိုတော့
မပြောတော့ပါဘူး
ဘိုဖြူလွန်မှာစိုးလို့ပါဗျာ
အသစ်မရှိတဲ့ဘ၀မှာ....(ငါးထောင်တန် ပြောတာ)....ကိုယ်လေ တစ်ယောက်တည်း အားငယ်ပါတယ်..... (အနော်)
စိန်ဂေဟာ (ပါရမီ) ဆိုတာလေးတွေ့လို့ Comment လေးဝင်ရေးလိုက်ပါတယ်။
စိန်ဂေဟာက ၀န်ထမ်းတွေဆက်ဆံရေး အလွန်ညံပါတယ် အကုန်လုံးတော့မဆိုလိုပေမယ့် တချို့သော ၀န်ထမ်းတွေက ဆက်ဆံရေးညံတာတင်မကဘူး ရိုင်းတဲ့အဆင့်ကိုပါရောက်တာတွေ့ရတယ်။ အဲတာ တာဝန်ရှိသူတွေ မန်နေဂျာတွေ မဆုံးမလို့ ယဉ်ကျေးမှု့ရှိအောင်မသွန်သင်လို့ဆိုတာတော့သေချာပါတယ်။
ကျမ စိန်ဂေဟာမှာ ကိုယ်ငွေနဲ့ကိုယ်ဝယ်ယူအားပေးမိပြီး စော်ကားခံရတာ (၂)ခါတိတိရှိပါပြီ။ ပထမ တခါ့တုံးကတော့ ရေခဲပုံးဝယ်တာ အဖုံးမလုံလို့ ထပ်လဲတာ အဲတာကို ဆောင့်အောင့်ချပြီး လှည့်ထွက်သွားတယ်။ပြန်လာနိုးနဲ့စောင့်နေတာ မလာတော့ပဲ တခြားသူကိုတခါ့ပြန်ခေါ်ပြရလို့ မန်နေဂျာကို ပြောခဲ့တယ်။ အခုဒီနေ့လဲ စိန်ဂေဟာ(ပါရမီ) မှာ ရှပ်အဖြူအကျိင်္ဝယ်တယ် Daniel Lewis တံဆိပ်နေရာမှာပါ အဲဒီမှာ သေချာပြောခဲ့တယ် သမီးရေ အဖြူ ၅ထည် ကော်လံနဲ့ယူမယ်လို့ အပေါ်ပုဆိုးခနသွားယူမယ်ဆိုတာ ပြန်လာတော့ DLကကောင်မလေးက အန်တီမှာတာ လည်ကတုံးလား ရှပ်လားတဲ့ ရှပ်ပါဆိုတော့ သူက စိန်ဂေဟာဝတ်စုံ အပြာနဲ့ကောင်မလေးကိုပြောတယ် ငါ့ယူထားတာအမှန် နင်ပြောလို့ ကော်လံဂတုံးယူထားမိတာတဲ့ ခနစောင့်အန်တီတဲ့ ပြီးတော့ DLကကောင်မလေးသူဝင်ယူနေတုံး တခါ့ ခုနက အမှားပြောတဲ့စိန်ဂေဟာ အရောင်းစာရေးမက ထပ်ပြောပြန်တယ် အရောင်နဲ့မှလားရွေးဦးမှာလားတဲ့ ကျမလဲ ဟင်လို့ ခုနကထဲက ရှပ်ကော်လံအဖြူလို့သေချာပြောထားတယ်လေလို့ ဆိုတော့ သူမျက်နှာက မကျေနပ်သလိုနဲ့ အဲတာနဲ့ နောက်DL ကကောင်မလေးထွက်လာတယ် သူက အဖြူကော်လံ၅ထည်ယူလာတယ် ။ အဲဒီအချိန်မှာ စိန်ဂေဟာက အရောင်းစာရေးမက DL ကိုပြောသလိုနဲ့ စောင်းပြောတယ် ရိုင်းလိုက်တဲ့စကား လူလိုမေးရင် လူလိုဖြေရတယ်တဲ့ ဘီလူးလိုမပြောနဲ့တဲ့ ။
ဘယ်လိုစကားလဲ ကာစတန်မာရှေ့မှာ ဒီလိုပြောစရာလား ဒါ မပြောသင့်ဘူးထင်တာပဲလေ ။ ကာစတန်မာ မှားနေရင်တောင် သူတို့က ဒါမျိုးမဖြစ်သင့်ဘူး။ အခုဟာက စပြောကထဲက သေချာနားမထောင် မစူးစမ်းပဲ ဈေးကိုဖြစ်သလိုရောင်းနေတာ တဟီးဟီးတဟားဟားနဲ့ ကာစတန်မာကိုဂရုမစိုက်ဘူး။
အဲလို အရောင်းစာရေးမ မျိုးတွေ ကိုထားပြီးမဆုံးမရင် စိန်ဂေဟာ နောက်ဆုံးအရောင်းကျလာမယ်။ သိပ်ညံတဲ့အုပ်ချုပ်ရေးဖြစ်သွားမယ်။
City Mart တခြားစီပါ။ စိန်ဂေဟာမှာ စိတ်အနှောက်အယှက်ဖြစ် အဲလို အစွန်းမလွတ် စော်ကားပြီး လူကမေးရင်လူလိုဖြေ လို့စောင်းပြောခံဆိုတော့ ဆက်ဝယ်ချင်စိတ်မရှိတော့ဘူး။အဲတာနဲ့ စီးတီးမတ်ရောက်သွားတယ်။ ကလေးအတွက်လိုတာတွေထပ်ဝယ်ပေးရင်းနဲ့ပါ။
မေးတာနဲ့စီးတီးမတ်က ကလေးတွေက သေချာ ဖွင့်ပြတယ် ရှင်းပြတယ်။ နောက်ဆုံး ဆက်ဆံရေးကတခြားစီပါပဲ။ စီးတီးမတ်ဝန်ထမ်းတွေနဲ့ စိန်ဂေဟာ နဲ့တော့ ဆက်ဆံရေးက မိုးနဲ့မြေလိုကွာပါတယ်။ စိန်ဂေဟာရဲ့တာဝန်ရှိသူများ ကိုယ်နေရာက အရောင်းဝန်ထမ်းတွေကိုဆုံးမကျပါဦး။
Post a Comment