ဘလောဂ့်တခု တွေ့ ခဲ့တယ်..၊ ...စိတ်ဝင်စားခြင်းကြီးစွာနဲ့ နေတိုင်းသွားဖတ်ခဲ့တယ်...၊ ဒီဘလော့ဂ် လေးရဲ့ စာဖတ်သူဟာ ပိုင်ရှင်ကိုယ်တိုင် နဲ့ ကျနော် နဲ့ ၂ယောက် ထဲ ပါလား ဆိုတာ မကြာခင်မှာဘဲ သိလာတယ်..။ ဘလော့ဂ် ပိုင်ရှင်လေးကို သနားခြင်း နဲ့ ကြင်နာစွာ နှစ်သိမ့်လိုခြင်း တွေကြောင့် ကော့မန့် လေး တွေ ရေးမိတယ်..။
ဒီဘလော့ဂ် ပိုင်ရှင်လေး ဟာ သူမ ပျောက်ကွယ်သွား ခဲ့ ရင် သူမ ရေးခဲ့တဲ့ မှတ်တမ်းလေး တွေလည်း သူမ နဲ့ အတူ ပျောက်ကွယ်သွားစေဘို့ ..... သူမ ရဲ့ ခံစားချက် တွေကို ဖွင့်ချဘို့ .....ရည်ရွယ်ပြီး ရေးခဲ့တာလို့ တဖြေးဖြေး နဲ့ သိလာခဲ့ရသလို.. ကျနော် အင်တာနက် သုံးချိန်တွေမှာ သူမ ဘလော့ဂ် လေး ကို အမြဲတမ်း ဖွင့် ထားရင်း နဲ့ သူမ ရှင်သန်စေကြောင်း ဆုမွန် တောင်းခဲ့တယ်..၊ သူမ တင်တဲ့ ပို့စ် အသစ်လေး တွေကို အမြဲတမ်း အငန်း မရ ဖတ်မိတယ်..၊ သူမ ရှင်သန် နေဆဲပါလားဆိုတာ.. သေချာ သိရတဲ့ အချိန် ကြမှ သက်ပြင်း ချရင်း အသက် ဝဝရှုနိုင်တော့ တယ်...။
ဒီဘလော့ဂ် လေး နဲ့ ကျနော် ထိတွေ့ရင်းနှီးရင်း.. ဘလော့ဂ် ပိုင်ရှင်လေးကို သနားသထက် သနား လာကာ.. ချစ်ခင်မြတ်နိုး မှု့တွေ နဲ့ နားလည်မှု့ ပေးချင်တဲ့ စိတ်တွေ ပိုများလာတယ်...၊ ဒါပေမဲ့ သူမ စီက တုန့်ပြန့်မှု့ တွေ ဘာတခုမှ မရခဲ့သလို... သူမ ဟာလည်း တနေ့ ထက် တနေ့ ပိုမို ယိမ်းယိုင် ပျက်စီးလာသလို ထင်မိတယ်..၊ ပို့စ် အသစ်တွေလည်း သူမ မတင်နိုင်တာကြာခဲ့ပြီ.. အခု အချိန်မှာ ကျနော် အသိချင်ဆုံး ဟာ ဒီဘလော့ဂ် ပိုင်ရှင်လေး ရှင်သန် စဲလား ဆိုတဲ့ အသိတခုထဲပါဘဲ...။
ရက်ပေါင်းများစွာ ကနေ လချီခဲ့ပြီ တကယ် ဘဲ ဘလော့ဂ် ပိုင်ရှင်လေးဟာ ကမ္ဘာကြီးကနေ ပျောက်ဆုံး သွားပြီ လား... ၊ ဒီ ဘလော့ဂ် လိပ်စာလေး ကို သူမ ဘယ်သူ့ကိုမှ သိစေချင်မှာ မဟုတ်ဘူးလို့ ထင်တဲ့ အတွက် ကျနော် မပြောခဲ့ပါဘူး..၊ ဒါပေမဲ့.. သူမ အကြောင်းလေး တွေ ကိုတော့.............။
သူမ နဲ့ ပတ်သက်တဲ့ အကြောင်းလေးတွေကို ကျနော် နားလည်မိသလိုဘဲ ပြောပြချင်ပါတယ်....၊ ဘယ်သူများ သူမ ကို သိတဲ့ သူ ပါသလည်း လို့ပါ.. ၊ သူမ ရေးထားတဲ့ အစီအစဉ် မကျန တဲ့ အကြောင်း လေးတွေကို ကျနော် တတ်နိုင်သလောက် ချုံငုံပြီး အဆင်ပြေအောင် ရေး ပေးထားပါတယ်...။
တကယ်လို့များ ကျနော့် ဘလော့ဂ် လေးကို ဖတ်မိလို့ သူ အကြောင်းလေးတွေ သိတဲ့ သူများ ရှိခဲ့ရင် သူမ ရှင်သန် နေစဲပါ ဆိုတဲ့ သတင်းစကားလေး တခွန်းများ အမှာစာ ပေးနိုင် ခဲ့ရင် တကယ်ဘဲ ကျေးဇူး တင်မိ မှာပါ...။
အခန်း (၁)
သူမ အတွက် တချိန်တုံးကတော့ အချစ်စစ် ဆိုတာ သူမ နဲ့ တကယ်ဘဲ ထိပ်တိုက်တွေ့ ခဲ့ပြီ.. ကံကောင်း လိုက်လေ ခြင်းဆိုပြီး.. အချစ် မှာ သာယာ နစ်မြောခဲ့ပေမဲ့.. အချိန်ကြာလာလေ.. သူမ တွေခဲ့တဲ့ အချစ်စစ် ဆိုတာ မသေချာလေ..ဖြစ်နေတဲ့အပြင်.. တကိုယ်ကောင်း ဆန်လှတဲ့ တဘက်သတ် အချစ်ပါလား ဆိုတာ သေချာ လာလေ ဖြစ်လာ ခဲ့လို့ပါဘဲ..။
ဆယ်တန်းအောင်ပြီး တက္ကသိုလ် မှာ စတက်ခဲ့တော့ နုပျိုမှု့တွေ တက်ကြွမှု့တွေ နဲ့ သူမ ဟာ တကယ်ဘဲ လှပမွှေးကြိုင် လှတဲ့ နှင်းဆီငုံ လေးပါဘဲ...၊နှင်းဆီငုံ လေးကို နမ်းရှိုက် လိုကြတဲ့ ပျားပိတုံး တွေ ထဲမှာ တယောက်သောသူ က အသဲဆုံး ဇွဲအကြီး ဆုံးနဲ့ တကယ့်ကို တရှိုက်မက်မက် အရှိဆုံးပါဘဲ..။
နှင်းဆီငုံလေး ကိုယ်တိုင်ကလည်း ဒီစွဲမက်မှု့တွေ အတွက် ဂုဏ်ယူဝံ့ ကြွားခဲ့ သလို သူမ ကိုယ် သူမ ကံကောင်း လိုက်လေခြင်း ဆိုတဲ့ အတွေးလေးတွေကို မကြာခဏတွေးမိသလို.. သူ့ အချစ်တွေ နဲ့ ပတ်သက်လို့ ပျော်ရွှင် ကြည်နူးခဲ့ရတယ်..။
သူမ ကျောင်းသွားဘို့ အိမ်က ထွက်လိုက်တာနဲ့ သူ့မျက်နှာကို အရင်ဆုံးမြင်လိုက်ရတယ်..၊ ဒါက နံနက်ခင်းတိုင်း.. ၊ သူမ အတန်းတက်ချိန် တိုင်းမှာလည်း အတန်းထဲက သူမကို မြင်နိုင်တဲ့ နေရာကနေ ကြည့်နေတဲ့ စူးရှတောက်ပတဲ့ မျက်ဝန်းတွေ.... သူမ တနှစ်လုံး ဒီမျက်ဝန်းတွေနဲ့ ထိပ်တိုက်တွေ့တိုင်း ရင်ခုန်သံ တွေ မြန်လာသလို .. မျက်ဝန်းတွေ ရဲ့ အောက်မှာ သူမ ရဲ့ လွတ်လပ်ခြင်း တွေ ကို အရင်ဆုံး စတေး လိုက်ရပါတယ်...။
တကယ်တော့ နှင်းဆီငုံ လေး နဲ့ သူငယ်ချင်းများဟာ သိပ်ပြီး ပျော်ရွှင်တက်ကြွတဲ့ အရွယ်တွေ ဆိုတော့ လွတ်လပ်မှု့တွေ ပျော်ရွှင်မှု့တွေနဲ့ တက္ကသိုလ် ကျောင်းဖွင့်ရက် များစွာမှာ ကောင်းကင် ပေါ်က လေတံခွန် လေးများလို ပေါ့ပေါ့ ပါးပါး နဲ့ ပျော်ရွှင်ခဲ့ကြပါတယ်..။
ဒါပေမဲ့ နှင်းဆီငုံလေး ရဲ့ ပျော်ရွှင်ခြင်းများကို သိပ်မကြာခင်မှာဘဲ ကန့်သတ်ခံလိုက်ရတယ်.. သူ လား ဘာမှတော့ မပြောပါဘူး.. ဒါပေမဲ့ နှင်းဆီငုံလေး ဒီလို ပျော်နေတာဟာ (သူ မပါဝင်ဘဲနဲ့) ပြစ်မှု့တခု ကျူးလွန်နေသလို သူမ စိတ်ထဲမှာ ခံစားလိုက်ရတာတွေ အတွက်ပါ... ၊ သူ့မျက်ဝန်းတွေထဲက နာကျင် တဲ့ အရိပ်တွေကိုလည်း သူမ ဖတ်တတ်သွားခဲ့သလို.. ၊ အပြစ်လို့ ခံစားမိတဲ့ သူမ ရဲ့ စိတ်ကိုဘဲ သူမ အပြစ်ပြောမိပါတယ်..၊ သူ မကြိုက်တာတွေကို သူမပြောဘဲနဲ မလုပ်ချင်ခဲ့တာဟာ... သူမ ကိုယ်တိုင်က သူ့ကို ချစ်သွားမိလေရောသလား....။
ချစ်ခြင်း (အချစ်ခံ ရခြင်း) နဲ့ ဆုံးရှုံးခြင်း တွေဟာ အမြဲတန်း သူမ ရခဲ့တဲ့ သူ နဲ့ ပါတ်သက်တဲ့ ထဲက ဒဏ်ရာတခုပေါ့.... သူမ သူငယ်ချင်းတွေ လွတ်လပ်စွာ ပျော်ပါးနေကြတာတွေ.. အပူအပင် ကင်းကင်း နဲ့ ရီမော နေကြ တဲ့ အချိန်တွေမှာ.. သူမ ကတော့ သူ မကြိုက်ဘူးထင်တယ် ဆိုတဲ့ အသိတခုနဲ့တင် အားလုံးကို ကန့်သတ်ခံ လိုက်ရပါတယ်..၊ သူမ ရဲ့ ပျော်ရွှင်ခြင်းဟာ လွတ်လပ်ခြင်း ကင်းသွားခဲ့ပါပြီ...။
သူ့ ရဲ့ ချစ်ခြင်းတွေဟာ.. သူမတို့ နှစ်ယောက် တရားဝင် ပတ်သက်ခြင်း မရှိတဲ့ အချိန်တွေ ကထဲက နှင်းဆီငုံလေး ကို ရစ်ပတ် နှောင်ဖွဲ့ ခဲ့ပါတယ်..။
တက္ကသိုယ် ဒုတိယ နှစ်မှာဘဲ နှင်းဆီငုံလေး ကို သူ တရားဝင် ပိုင်ဆိုင်ခွင့် ရသွားခဲ့သလို.. သူငယ်ချင်း တွေ ကြားကနေ တရားဝင် ခေါ်ထုတ်သွားနိုင်ခဲ့ပါပြီ...၊ သူငယ်ချင်း တွေ ထဲမှာတော့ နှင်းဆီငုံလေး ဟာ ချစ်တတ်တဲ့.. ချစ်နိုင်တဲ့.. ချစ်ဘို့သင့်တော်တဲ့ သူ တယောက်ကို ရခဲ့တဲ့ အတွက် .. တကယ့်ကို ကံကောင်း တဲ့ နှင်းဆီငုံ လေးပါဘဲ...၊ ဒါပေမဲ့ နှင်းဆီငုံ လေးရဲ့ လူမမြင်နိုင်တဲ့ ပွင့်ဖတ်လေး တနေရာမှာ ဒဏ်ရာလေး တခုရခဲ့ပါပြီ...။
တကယ့်ကို ချစ်တတ်တဲ့ လူသားတယောက်ဆိုတာ မငြင်းနိုင်ခဲ့ပေမဲ့.. သူမ ကို ချစ်တဲ့ စိတ်တွေဟာ အရူးအမူး ဖြစ်လွန်းတော့ သူမ တကယ်ဘဲ လွတ်လပ်ခြင်း တွေ တရားဝင် ပျောက်ဆုံးခဲ့ရပါတယ်...၊ သူ့ ရဲ့ တရားလွန် သဝန်တို ခြင်း အမြင်ကျဉ်းခြင်း ဆိုတဲ့ အသိတွေထဲမှာ.....သူ နဲ့ မတွေ့ခင်ထိ မိသားစု ချစ်ခြင်း သူငယ်ချင်း တွေရဲ့ ချစ်ခြင်း နဲ့ လွတ်လပ် ပေါ့ပါးစွာ ဘဝကို ဖြတ်သန်းလာခဲ့တဲ့ နှင်းဆီငုံ လေး အတွက် စိတ်ကျဉ်းကြပ် ခဲ့ရသလို.. အမြဲတန်း.. သတိ အနေအထား နဲ့ သူ ဘာကိုများ မကျေမနပ် ဖြစ်သွားမလည်း ဆိုတဲ့ စိတ်နဲ့ ဘဝမှာ ... စတင်ပြီး နေ မပျော် ခဲ့တော့ပါဘူး...။
သူ နဲ့ တရားဝင် ချစ်သူ ဘဝရောက်ကြပြီးတဲ့ နောက်.. နှင်းဆီငုံလေး ရဲ့ အချစ်ဆုံးသူငယ်ချင်း မွေးနေ့ပွဲမှာ စားသောက်ဆိုင်မှာ သွားစားကြဘို့ လွတ်လပ်ပျော်ရွှင်စွာ ဒီမွေးနေ့လေး ကို ဖြတ်သန်းကြဘို့ သူငယ်ချင်း တွေ တိုင်ပင်ထားကြပေမဲ့ ဒီပွဲမှာ နှင်းဆီငုံလေး မပါဝင် နိုင်ခဲ့ ပါဘူး...၊ သူငယ်ချင်း လေး ရဲ့ စူပုတ်ပုတ် မကျေနပ်ခြင်းတွေကို သူ့ရဲ့ အဖိုးတန် မွေးနေ့လက်ဆောင်လေးက ကျေနပ်သွားစေခဲ့ပေမဲ့.. နှင်းဆီငုံ လေးရဲ့ ရင်ထဲမှာတော့ ....။
သူ့ ကိုချစ်ပါတယ်... ဘဝ ရဲ့ ပထမဆုံး ချစ်ဦးသူတယောက် .. ပိုပြီး ကျေနပ်စရာ ကောင်းတာက အားလုံး အားကျ ကြတဲ့ သူ့ရဲ့ ဘဝ...၊ ဒါပေမဲ့ သူ့ရဲ့ အများ မမြင်နိုင်တဲ့ အတ္တကြီးခြင်း နဲ့ နှင်းဆီငုံ လေး ကို သူ တယောက်ထဲ အတွက်သာ ဖြစ်စေချင်တဲ့.. သူ့ရဲ့ စိတ်ကို တော့ နှင်းဆီငုံလေး ပထမဆုံး မကျေမနပ် ဖြစ်ခဲ့ရတယ်.. သူ့ ရဲ့ ချစ်ခြင်း.. အလေးထားခြင်းတွေအောက်မှာ.. တခါတလေ.. တကယ်ဘဲ သူငယ်ချင်း တွေကို မေ့သွားပေမဲ့........။
နောက်ဆုံးတော့ နှင်းဆီငုံ လေးဟာ သူ တယောက်ထဲ နဲ့ဘဲ သက်ဆိုင်သူဖြစ်လာပါပြီ.... သူငယ်ချင်း တွေရဲ့ ပုံရိပ်ဟာ အဝေးတနေရာမှာ မှုံဝါးဝါး ဘဲကျန်နေသလို.. နှင်းဆီငုံ လေးဟာ သူ့ ရဲ့ အချစ်လွန်ခြင်း တွေ အောက်မှာ အထီးကျန် နေရင်း.. သူ တို့ ၂ယောက် လက်ထပ်လိုက်ရင် သူ့ ရဲ့ စွဲလန်းခြင်း တွေ ပုံမှန်များ ပြန်ဖြစ် သွားမလား ဆိုပြီး.. သူ့ ရဲ့ ပိုင်ဆိုင်လိုခြင်းတွေ အတွက် ခေါင်းငြိမ့် ခဲ့ပါတယ်...။
ဒါတွေ ဟာ.. ပထမဆုံး ပျိုမြစ်နုနယ် တဲ့ လှပ ချိုမြိန်တဲ့ နှင်းဆီငုံ လေး ရဲ့ သူ နဲ့ ပတ်သက်လို့ ပေးဆပ် ရခြင်း တွေ ထဲက တကယ့်ကို နိဒါန်း ရဲ့ အစလေး တခု ပါဘဲ....ဆိုတာ မသိခဲ့တာတော့ နှင်းဆီငုံ လေး အတွက်...... ။
အခန်း (၂) ဆက်ရန်
(တကယ်လို့များ နှင်းဆီငုံ လေးရဲ့ ဘလော့ဂ် လေးကို ဖတ်ဘူးသူ များရှိခဲ့ရင် ကျနော် ရေးခဲ့တဲ့.... နှင်းဆီငုံ လေး ရဲ့ တမ်းခြင်း တွေ က မူရင်းခံစားချက် ကို မမှီခဲ့ရင်.... ကျနော့် ကိုသာအပြစ်တင်လိုက်ပါတော့ဗျာ....)
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.

10 comments:
မူရင်းကို မဖတ်ဘူးပါဘူး နှင်းဆီငုံ ဘယ်လိုတမ်းတ မလဲဆိုတာ ခံစားချက်တွေနှင့် စောင့်ဖတ်သွားမှာပါ၊
ဟုတ်ပါတယ်...မူရင်းကို တစ်ခါမှ မဖတ်ဘူးပါဘူး...ငါ့အစ်မရေးတာကိုပဲ ဆက်ဖတ်သွားမှာပါဗျို့...
ချစ်ညီမလေး
မူရင်းမဖတ်ဖူးဘူး
အပိုင်း ၂ စောင့်နေမယ်နော်
ရေးတာကောင်းလို့
ကျနော်ဆိုလို့အစက ကြောင်သွားသေးတယ်၊ ပြီးမှ ကျနော်လိုရေးတတ်တာသတိရသွားလို့
လေးစားလျှက်

မသိ ၊ မဖတ် ဖူးပါ၊
ပထမ ဆုံး အချစ် များ ဆိုလျှင် တော့  အစွန်းရောက်
ခြင်းတွေ၊ အစွန်း အထင်းတွေ ၊ အစွန်း မလွတ်တာတွေ
ရှိတတ်ပါတယ်နော်၊ ကိုယ်တွေ့ ပါ။
လူက အကြိမ်ကြိမ် ချစ်ဖူး တော့ မှ အဲ့ ဒီ အစွန်းတွေက
လွတ်တော့ တာပါနော်။
ဆက်ရေးပါလေ။
တခါမှ မဖတ်ဘူးပါ။
အချစ်ဆိုသည်မှာ ပင်ပန်းသောအရာဖြစ်သည်။ ထို့ကြောင့် အချစ်ဝတ္တုများ မဖတ်ချင်လှပါ။
အမရေးလို့တော့ ဖတ်ပါသည်။
မြတ်နိုး
Mama Shwezin,his love is just like a bitter tablet coated outside by sugar.
Have a nice day.
Waiting for part(2),
Yours lovingly,
Watma.
Interesting.
Wanna read more....
Please....
Ray
နှင်းဆီငုံလေးရဲ့ မူရင်းကို ဖတ်ဖူးတယ်အစ်မ..
သူအခုထိ ရှင်သန်ပြီး စာတွေဆက်ရေးနေတယ်လို့ ပြောပေးပါနော်..
(နောက်စ်၊ ဒီမမရွေစင်ရဲ့ဘလော့မှာ ဖတ်ဖူးတာကို ပြောတာ)
ညီမတော့ အဲလိုချစ်ခြင်းရဲ့ မွမ်းကျပ်မှုကို တကယ်ပဲ ကြောက်တယ်..။
Hi Sis, Waiting for Part II but please upload when u have time :) . thanks
Post a Comment