Tuesday, March 30, 2010

ကျနော်သိသော လူအမျိုးမျိုး အပိုင်း (၄)

ဒီနေ့ ဘာရေးရမလည်း စဉ်းစားနေတာ.. နောက်ဆုံးတော့ ဆိုင်က သားသမီး တွေအကြောင်း အလှည့် ကြတော့ တာဘဲ...၊ ကျနော် တို့ ဆိုင် မှာ ချက်စားတော့ .. ထမင်းကျွေးရတာ ၉ ယောက် လောက် ရှိတယ်.. နယ်က ကလေးတွေပေါ့...၊ မိန်းခလေး တွေက ဆိုင်မှာ မအိပ်ဘူး အဆောင်မှာနေကြတယ်..၊ အလုပ် များရင်တော့ ဆိုင်မှာ အိပ်ပေါ့ဗျာ...၊ ယောက်ကျား လေးတွေကတော့ ဆိုင်မှာ အိပ်၊ စား ၊ အစားလည်း မရွေး ပါဘူး..။

အဲဒီလို ထမင်းကျွေး တော့ သူတို့ မိန်းခလေး များဟာ ဟိုဟင်းမစား.. ဒီဟင်း မစား သိပ်လုပ်တယ်..၊ ၃ယောက် လောက်ပေါ့..၊ အများစု ကတော့ စားပါတယ်..၊ အဲဒီ မစားတဲ့ ၃ယောက် ကို ကြည့်လိုက် တော့ ရောဂါထူတယ်..၊ ခဏနေ ရင်တုံ ခဏနေ မူး.. အဲဒါနဲ့ ကျနော် လည်း ပြောလိုက်တယ်..၊ အဲဒါ သမီးတို့ အဟာရ ချို့တဲ့ လို့နေမှာလို့.. လူတွေဟာ.. ကျန်းမာအောင် နေထိုင် စားသောက်တတ်ရမယ်..၊ ကျန်းမာ မှ လူမှု့ရေး စီးပွားရေး အိမ်ထောင်ရေး အားလုံးအဆင်ပြေမယ်..၊ အဟာရ ပြည့်အောင်စားလို့ အမြဲတန်း ပြောနေရတယ်...။

ဒါပေမဲ့ မရပါဘူးဗျာ.. အဲဒါနဲ့ အားဆေးသောက်လို့ ပြောတော့လည်း ပြော.. ပြော ပါဘဲ.၊ သူတို့ ကတော့ နံလို့ .. ဆေး ကြီး မသောက်ချင်ပါဘူးနဲ့ ဂျီးများနေတာ..၊ ကျနော် လည်း စိတ်မရှည်ဘူး.. ဒါနဲ့ ဒီပိုစ့်လေး ရေးလိုက်တာ...။

ခုနက ကျနော် ပြောတဲ့ မိန်းခလေး ၃ ယောက် ရယ် ထမင်းထုပ် လာတဲ့ ၃ယောက် လောက်ရယ် ဟာ.. တော်တော် ကျန်းမာရေး မကောင်းကြဘူး.. အစားအသောက် လည်း သူတို့ စားတာတွေ ဟာ အဟာရ မပြည့် ဘူး...၊ တော်တော် ခက်တယ်ဗျာ.. အားလုံးဟာ ၁၀တန်းအောင် ဘွဲ့ရ မြန်မာစာ လည်း ဖတ်တတ် တယ်.. ဒါပေမဲ့ စာလည်း မဖတ်ကြဘူး..။

အိမ်က ထမင်းထုပ် လာတဲ့ ကလေး ၁ယောက်က နေသိပ်မကောင်းလို့ နားနေတာ ၃လ လောက်ရှိပြီ ကျနော် လည်း အလုပ် မအားတာ နဲ့ သွားမမေးရဘူး ဟိုနေ့ကတော့ အလုပ်လည်း ပါးတာနဲ့ သွားမေး လိုက်တယ်...၊ မေမြို့ မန္တလေး အထွက်နားက ဗိုလ်တပ်ကုန်း ဆိုတဲ့ ရွာလေးမှာ.. ၊ ကလေးက တခြားရွာ ရောက်နေတာနဲ့ မတွေ့ ခဲ့ပါဘူး..၊ သူ့မိဘ တွေကဘဲ ဧည့်ခံလိုက်တယ်.. နောက်နေ့ကျ နွားနို့ ၂ပုလင်း နဲ့ ရောက်လာတယ်..။

ကျန်းမာရေးက သိပ်မကောင်းသေးဘူးတဲ့..၊ မျက်ရိုးကိုက်တာ နဲ့ ဇက်ကြောထိုးတာနဲ့ မျက်လုံးပြာတာနဲ့ မောတာနဲ့...စုံနေတာဘဲ.. ၊ မျက်လုံး မကောင်းရင် မျက်မှန်တပ် မျက်လုံးအားကောင်းမဲ့ ဆေးတွေစားမယ် .. အခု ဆရာဝန် နဲ့ သွားစမ်းသပ်မယ် လုပ်တော့ ငိုမဲ့ငိုမဲ့ နဲ့ ဘုန်းကြီးပေးတဲ့ ဆေးတွေစားပါတယ်တဲ့ဗျာ...၊ အဲဒီ့ ကလေးက အစားအလွန်ဂျီးများတဲ့ ကလေး အသားမစားဘူး.. ငါးဆိုရင်လည်း အကျည်းခွံပါတဲ့ ငါးဘဲ နဲနဲ စားတယ်...၊ အသား၊ ငါး မစားတော့ ပဲ စားလားဆိုတော့ ပဲလည်း မစားဘူး..။

မိန်းခလေး ဆိုတော့ သွေးအားနည်း တော့မှာပေါ့ဗျာ...၊ အားဆေးတိုက်တော့ လည်း အားဆေးက နံလို့တဲ့..၊ ကျနော် ပြောလည်း ငပြောဘဲ ဖြစ်နေတယ်..၊ သူတို့ အသိဉာဏ်တွေက မြင့်မလာဘူး..၊ အဲဒါ ဘွဲ့ရပြီး စာမဖတ် ပေမဖတ် လေးဗျ...၊ တခြား.. ရွာက မိန်းခလေး တွေဆို ပြောမနေနဲ့....။

နောက်တခါ အထက်ဘက် (အင်းတော် ဘက်က) အဲဒီ ကလေးကလည်း..... ဒီလိုဘဲ.. တညမှာ သူတို့ သူငယ်ချင်း တွေ နဲ့ ဆိုင်မှာ စကားပြောနေရင်း နဲ့ တယောက်က ခြောက်လိုက်တော့ လန့်ပြီး ငိုလိုက်တာ တအား ရှိုက် လိုက်တော့ ...လက်တွေ.. ခြေတွေ ကွေးကောက် သွားပါရောလား.. အဲဒီမှာ လာကြပါ အုန်းပေါ့ လက်တွေ၊ ခြေတွေ က ဆန့် မရ တော့ဘူး ဆိုပြီး ဝိုင်းအော်ကြမှ.. ကျနော် လည်း သိတယ်..။

ကျနော် တို့ ရောက်သွားတော့ ဆေးခန်းသွားမယ် ဆိုတော့ အဲဒီ ကလေးက မသွားနဲ့ တဲ့ ဆရာမ သမီး ခေါင်းပေါ်က ကျော်လိုက်ပါတဲ့ အော်နေတယ် ၊ ကျနော် ကလည်း ဘာဆိုင်လည်းပေါ့.. ၊ ကျနော် လည်း သူများ ခေါင်းပေါ်က မကျော်ရဲပါဘူးဗျာ.. (ဘောင်းဘီ ကလည်း ပါတာမဟုတ်)... ။

ဘာလို့ ကျော်ခိုင်းတာလည်း ဆိုမှ  ရွာသူ နှောက်ယှက် တယ်ထင်လို့ ထမိန် နဲ့ ကျော်ခိုင်း တာတဲ့ဗျာ.. အဓိပ္ပါယ်မရှိ.. ဒါနဲ့.. ကျနော် လည်း ဆေးခန်း ခေါ်သွားတယ်... ဆရာဝန်မက စက္ကူ ကတော့ လေး လုပ်ပြီး နှာခေါင်းတပ် လေမှုတ်ပေးလိုက်တာ ကောင်းသွားရော... ကာဘွန်ဒိုင်အောက်ဆိုဒ် ဆိုလား များသွားလို့ လို့ ပြောတာဘဲ.. ကျနော့် တို့ ရွာသူ ဆရာမ ကုလိုက် မှ မျက်လှဲ့ ပြသလား ထင်ရတယ် ချက်ခြင်း ကောင်း သွားရော..။

အဲဒါလည်း အဝေးသင် တက်နေပြီး စာဖတ်ပေဖတ်.....သူ့ရွာမှာတော့ လူဇော် လေးပါဗျာ... ၊ ကဲ... မြန်မာ မိန်းခလေး များ နဲ့ ဗဟုသုတ နည်းပါးမှု့တွေ ... ရိုးရာ အစဉ်အလာတွေ.. ဘာလုပ်ရမှန်း တောင်မသိ ပါဘူးဗျာ... စိတ်ညစ်မိပါရဲ့...။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.

15 comments:

:P said...

အစ်မရယ်.. ခပ်တည်တည်ဖတ်နေရာကနေ


ဆိုတော့ ရယ်လိုက်ရတာ..။

မေဓာဝီ said...

ဟီး ဟုတ်ပါ့။ ရုပ်တည်နဲ့ ဖတ်နေရင်း ရယ်လိုက်ရတာ။ :D
ဘောင်းဘီမပါလဲ သူ့ကို မျက်စိမှိတ်ခိုင်းပြီး ကျော်လိုက်ရောပေါ့။ လူမမာ စိတ်ချမ်းသာဖို့က အရေးကြီးတယ် မဟုတ်လား။ :P

ဝက်ဝံလေး said...

အဟီးး ငါ့အမကလဲ နောက်တယ်နော် ဟဲဟဲ
အောက်က ဘောင်းဘောင်းမပါဘူးလားလို့

---

ဝက်ဝံလေးနဲ့ ဝက်လေး မတူပါ ဒါပေမယ့် သူငယ်ချင်းတွေက ချစ်စနိုးနဲ့ ဝက် လို့ခေါ်လို့ အဟီးးး ဝက်ပုံလေး တင်လိုက်ထှာာာ ဟဲဟဲ ဒါက ဖြေရှင်းချက်

sosegado said...

မရွှေစင်ရဲ့ ခလေးတွေကို ဂရုစိုက်တာ ဆိုင်မှာလုပ်ချင်တဲ့ သူတွေများလာဦးမယ်၊ ပို၍ကြီးပွားချမ်းသာပါစေ။
ကျော်တာတော့မပြောတော့ပါဘူး၊… :D

Flower said...

အစ်မရေ
ဖတ်ပြီးတော့ ရယ်နေတာ မပြီးတော့ဘူး
ကျွန်မက စဉ်းစားစဉ်းစားပြီးကို ရယ်တာ..
မျက်စိထဲကို မြင်ယောင်နေမိတာလေ..
ကျော်များကျော်လိုက်ရင် ကောင်မလေးဟာ
တစ်ခါတည်းများ မေ့သွားမလားး)း)း)
ဒါကို စဉ်းစားမိလို့ ရယ်မိတာပါ..ခိခိ

ခင်တဲ့
ချော

သူကြီးမင်း (တုံးဖလား) said...

မရွှေစင်က ကလေးတွေကို ချစ်လဲချစ်တတ်၊ ဂရုလဲစိုက်တတ်ဆိုတော့ ဒီတစ်သက်မဆင်းရဲတော့ဘူး။

Unknown said...

Mama Shwezin,if they don't want to eat,plese put these curries aside for me.
Mama,if you crossed,unseen Ywathu would surely run-away,heeee....(just kidding)

yours lovingly,
Watma.

ရွှေရတုမှတ်တမ်း said...

အားကုန်ရင် ပျားအုံကြွေးမယ်..သတ္တိရှိရင် မူးမေ့ကြည့်လိုက်စမ်း..ဟင်း..

Anonymous said...

အမှိုက်တွေဆို (သူတို့ခေါ်သလိုခေါ်တာ)အကုန်ချက် အကုန်စား အကုန်ကျွေးတယ်နော်
မစားတာကတော့ ရိုက်ကျွေးလို့လည်း မရ။

အမကြီးကရော ဘာပဲစားလဲ? အဟက်....

ချစ်နှမ

မောင်မိုး said...

ရွာသူက ဆေးခန်းမသွားရခင်ကတည်းက ပြေးပြီ။ ဒေါ်ရွှေစင်ကိုကြောက်လို့တဲ့.။ ဟီ..ဟိ။ ဆရာဝန်ကုလို့ ပျောက်တာမဟုတ်ဘူး။ အောင်မလေး...ကြက်သီးထလိုက်တာ။

မေဓာဝီ said...

ကွန်မန့်တွေ တခါပြန်လာဖတ်ပြီး ထပ်ရယ်သွားတယ် မရွှေစင်ရေ .. ။
နက်ဖန်ကျရင် ခရီးထွက်မှာမို့ လာနှုတ်ဆက်ရင်း အသစ်တင်လား လာချောင်းတာ။ အသစ်မရှိလို့ ပြန်ပြီ။ :)

အင်ကြင်းသန့် said...

မမရေ...မမစာကိုဖတ်ရတာ အရှိုက်ကိုထိသွားတယ်... :)))

ညီမလေးကလည်း သိပ်ချေးများတာမို့လို့လေ...ဒါ့ကြောင့် ငါ့အစ်မကတောင် ပိန်လို့ထမင်းမစားဘူးလားလို့ မေးရသေးတယ်ဟုတ်...ညီမလေးလည်း အဲလိုဂျေးများလို့ ခဏခဏ အားနည်းတတ်တယ်...ငါ့အစ်မပြောတာတွေက မှန်နေတော့ နဲနဲတော့ ဆင်ခြင်ဦးမှပါ...ကျန်းမာရေးက အရေးကြီးတာဆိုတော့လေ...

သတိထားမိသွားစေလို့ ကျေးဇူးပါမမရေ...

ချစ်ညီမလေး

မိုးဦးစံပယ် said...

မမရေ...ကာဗွန်ဒိုင်အောက်ဆိုက်များနေတဲ့လူကိုမှ ဘောင်းဘောင်းမပါပဲကျော်လိုက်လို့ကတော့....ဟားဟား မတွေးရဲဘူး...

လသာည said...

မ.ရွှေစင်ကလေ..
အရမ်းကို စာရေးကောင်းတာပဲ.. ဖတ်မိရင် စွဲသွားတာချည်းပဲ..။
ပြီးတော့ အရမ်းလည်း ပျော်တတ်တာပဲနော်း))

ရွာကလူတွေကို “ ကျွန်တော်တော့ မကျော်တတ်ဘူးဗျ၊ ခင်ဗျားတို့ ကျော်ချင်ရင် ဘောင်းဘောင်းတော့ ၀တ်ပြီး ကျော်ကြ၊ ”လို့ လှမ်းမှာရမလို ဖြစ်နေပြီနော်းD

ခင်တဲ့

Min said...

<>
Reverse..
Actually because of carbon dioxide levels get low the blood.