Wednesday, June 15, 2011

ရွှေစင်ဦး ကြုံရ ဘဏ် သုံးမိတဲ့ ဘဝ

ကျနော် ရေးချင်တာ ဘာရယ် ဆိုတာ အတိအကျ သိပေမဲ့... လျှာ နဲနဲ ရှည်ချင်သေးတဲ့ အတွက် နောက်ကြောင်း လေး နဲနဲ ပြန်ချင်ပါတယ်... ကျနော် ဘဝ ဟာ ချမ်းသာ တဲ့ လုပ်ငန်းရှင် မိသားစု က ပေါက်ဖွား လာတာ မဟုတ် သလို... အစိုးရဝန်ထမ်း လည်း မလုပ်ဘူး ပါဘူး.. အပြင်မှာ လုပ်ဘူးတဲ့ ဝန်ထမ်း ဘဝ ကလည်း ဘဏ် တွေ ဘာတွေ နဲ့ ပါတ်သက် စရာအကြောင်း မရှိပါဘူး .... အရင်တုန်းက အစိုးရ ဘဏ် ဆိုတာ လည်း အားလုံး သိကြတဲ့ အတိုင်း ပါဘဲ.... ဘဏ် ကို ကျနော် အသုံး မပြုဘူးပေါ့....။

အခုနောက်ပိုင်း စီးပွားရေး တံခါးဖွင့် ဝါဒတွေ ကျင့်သုံးလာပြီး... ပုဂ္ဂလိက ဘဏ်တွေ ပေါ်လာပြီ ဆိုတော့ ဘဏ်တွေ တော်တော်ကောင်းသွားမှာဘဲလို့ သမရိုးကျ ထင်ကြပါတယ်.... အရင်တုန်းက ထက် စာရင် တော့ ဆက်ဆံ ရေးလေး ဘာလေး တော့ ပိုကောင်း လာမယ်ထင်ပါတယ်....  ။

တခါ က ကျနော် မဂ္ဂဇင်း တခုထဲ မှာ စွန့်ဦးတည်ထွင် စီးပွားရေးပညာရှင် ဆိုတဲ့ ကဏ္ဍ တခု မှာ မဂ္ဂဇင်း သမား တယောက် ရေးတဲ့ စီးပွားရေး သမားတွေ အကြောင်း ဖတ်တဲ့ အခါ မှာ တော ထဲမှာ မီးသွေးဖုတ်ရင်း ရှားပါး သစ်ဥသစ်ဖု ရှာဖွေရင်း အခုလို အရမ်း ချမ်းသာ လာတယ် ဆိုတဲ့ စီးပွားရေး သမား တယောက် အကြောင်း ကို တွေ့ပါတယ်...  နောက်ပိုင်း သူကလည်း  ဘဏ်ပိုင်ရှင် တဦး ဖြစ် လာပါတယ် ..... သူ ဘယ်သူ လည်း ဆိုတာ အားလုံး သိကြမှာပါ... ဘာကြောင့် ချမ်းသာ လာလည်း ဆိုတာ လည်း အားလုံး သိကြမှာပါ... အခုတော့ ... အဲဒီဘဏ် လည်း ပိတ်လိုက်ရပါပြီ.... ။

ကျနော့် အမြင် နဲ့ ပြောရရင် ... ဘဏ်ပညာ ဆိုတာ မလွယ်ကူပါဘူး... ကျနော် ဖတ်ဘူးတဲ့ နိုင်ငံခြား က ဘဏ်ပိုင်ရှင် တွေ ဟာ အလွန် လေးစားစရာ ကောင်းပါတယ်.... ဘဏ်ပညာ ဟာ လည်း ခက်ခဲ နက်နဲ တယ် လို့ ထင်ပါတယ်...  ငွေကြေးတည်ငြိမ် မှု့ ရှိတဲ့ နိုင်ငံ တွေ မှာတောင် တချက်မှားသွားရင် ဒီဘဏ်ဟာ ဒုက္ခ ရောက်သွားတယ် ဆိုတော့ သြ တော်တော် မလွယ်တဲ့ အလုပ်ပါလား.. တကယ့် ကို အသိဉာဏ် ရှိတဲ့ .. ထက်မြက် တဲ့ လူတွေဘဲ လုပ်နိုင်ကြတာပါလား လို့ သဘောပေါက်မိပါတယ်.... ဘဏ်ဝန်ထမ်း တွေ ကို လည်း  ပိုင်ရှင် တွေ နည်းတူ လေးစား မိပါတယ်....။

 အခု ကျနော်တို့ နိုင်ငံ က ဘဏ် တခု ကတော့ စစခြင်း ဝန်ထမ်း ခေါ်တဲ့ အခါ ရွေးချယ် တဲ့ စည်းမျဉ်း တခု က မတတ်တာ က သင်လို့ ရတယ် တဲ့ မလှတာ က ပြင်လို့ မရဘူး တဲ့... လှ တာလေး ရွေးချင် လည်း ရွေးပေါ့ ဗျာ... ဒါပေမဲ့ ကြားလိုက်ရတာ တမျိုးကြီး ... ။

နောက်ဘဏ် တခု ကတော့ စကပ် တိုတို ကလေး တွေ ဝတ်ခိုင်းတော့ အဲဒီဘဏ် က ဝန်ထမ်းကောင်မလေး တွေ ကို သွားသွားကြည့် ကြတာ အလုပ်တခု... နောက်ပြီး အလုပ်ရပြီးမှ သိပ်တိုလွန်းတဲ့ စကပ် ကို မဝတ်ရဲ လို့ အလုပ် က ထွက်သွားတဲ့ ဝန်ထမ်း မိန်းခလေး တွေအကြောင်းလည်း ကြားရတော့ စိတ်ထဲမှာ တမျိုးကြီး အပြင် စိတ်တောင် တော်တော် မကောင်းဖြစ်သွားပါတယ်...။

ကျနော် ကိုယ်ပိုင် အလုပ် လုပ်တော့ လည်း ဘဏ် ကို မသုံးပါဘူး.. ကျနော် တို့ လူမျိုးထုံးစံ ကတော့ ပိုက်ဆံ ရှိရင် ရွှေဝယ်... မြေအိုးလေး စဉ်အိုးလေး နဲ့ အိမ်အောက်တူးမြူတ်... အင်း ထုံးစံ ပြောတာနော် ကျနော် မဟုတ် ပါဘူး... စိတ် ထဲက တော့ ဘဏ် အသုံးပြု မဲ့ အစား အဲလိုက မှ ကောင်းသေးလို့.... ။

လွန်ခဲ့တဲ့ လေး နှစ် လောက်ကထင်တယ်... ဆိုင်ကို ဘဏ်ဝန်ထမ်း များ မတ်ကက်တင်း ဆင်းပါတယ်... ဘဏ် အသစ်ဖွင့် မှာမို့ ဘဏ် အကောင့် ဖွင်ဖို့ စည်းရုံးပါတယ်... လုပ်ငန်းရှင် တွေ ဖြစ်လို့ ဘဏ် အသုံးပြုဘို့ စည်းရုံး တယ်ပေါ့လေ...ကွမ်းယာဆိုင် ... အကြော်ဆိုင်... ကျနော့် ဆိုင် က  စပြီး ... စည်းရုံးရေး ဆင်း သွားတာ ပါ ..အားနာနာ နဲ့ ဘဏ်အကောင့် ဖွင့် ပါမယ်ပေါ့လေ... ဒါနဲ့ဘဏ် နဲ့ ပထမ ဆုံးပတ်သက် မိလိုက်ပါတယ်... ။

မြန်မာပြည် ဘဏ်အကောင့် က အခုအချိန် မှာ တော့ cheque နဲ့ တောင် သုံးလို့ ရတာ မှ မဟုတ် ဘဲ... ငွေစု စာအုပ် (ငယ်ငယ်တုန်း က ကျနော့် တို့ အဖိုး လုပ်ပေးတဲ့ ငွေစု စာအုပ် အဆင့် ထက် ပို ပြီး မထူးခြားဘူး ) လို့ ထင်တဲ့ အတွက် ဒီလိုဘဲ အသုံး မပြုဘဲထားပါတယ်...။

ငွေပေး ငွေယူ အတွက်လည်း ရိုးရိုး ငွေလွှဲ ကိုဘဲ အသုံး ပြုတဲ့ အဆင့်လောက် ဘဲ လုပ်တဲ့ အတွက် ကိုယ့် ဘဏ် စာအုပ်တောင် ကိုယ် မေ့နေပါတယ်... အခု နောက်ပိုင်း တော့ မြို့ခြားပြီး အပေးအယူ  ငွေ ပမာဏ နဲနဲ များ လာတော့ ... ဘဏ်အကောင့် ထဲ ထည့်ပေးလိုက်ပါတို့ ငွေ မသယ်ချင်တာတို့ ငွေ မယူချင်တာ တို့ ဖြစ်လာတော့ ဘဏ် နဲ့ တော်တော် များများ ပတ်သက် လာရပါတယ်... အင်း ဆက်ဆံရေးလည်း မဆိုးပါဘူး.. ဒီလောက်တော့ ရှိရမှာပေါ့လေ လို့.... အင်း လာပါပြီဗျာ ပြဿနာ က....။

မနေ့ကတော့ မြစ်ကြီးနား ကမ္ဘောဇ ဘဏ် ကနေ မန္တလေး ကမ္ဘောဇ ဘဏ်ခွဲ (၄)  မှာ ကျနော့် အတွက် ပိုက်ဆံ လွှဲပေး ပါတယ်... ငွေလွှဲ တဲ့ သူက ကျနော့် မှတ်ပုံတင် နံပါတ် ရော.. အကောင့်နံပါတ် ရော တောင်း ပါတယ်...  နှစ်ခု စလုံး ပေးလိုက်ပါတယ်... ငွေ လွှဲ တဲ့ သူက ကိုယ်တိုင် မလွှဲဘဲ တပည့် တယောက် ကို ခိုင်းလိုက် ပါတယ် တဲ့... အဲဒီမှာ မှတ်ပုံတင် နံပါတ် မှားပေးလိုက်ပါတယ်... ။

ကျနော် ငွေ သွားထုတ်တော့ မူရင်း မှတ်ပုံတင် ယူသွားတော့ မှားနေပါတယ်တဲ့..... မှတ်ပုံတင် မှားတာက MDYNE-000007 ဆိုတဲ့ နေရာမှာ MDYGE -000007 ဖြစ်နေတာပါ..... သူတို့ ဘဏ်က ကျနော့် ဘဏ်စာအုပ် ကို လည်း တောင်းကြည့်ပါတယ်... အဲဒီတော့ ပို့လိုက်တဲ့ သူ က အကောင့် နံပါတ် ပေးပြီး  ထည့် ခိုင်း တာကို ရိုးရိုး ဘဲ ငွေ လွှဲ ပေးလိုက်တယ် ထင်ပါတယ်.... သူတို့ က ဘဏ်စာအုပ် တောင်းကြည့် တဲ့ အတွက် သူတို့ စီမှာ ကျနော့် အကောင့် နံပါတ် လည်း ငွေ လွှဲသူ က ပေးလိုက်လို့ ရှိ နေတယ် လို့ ယူဆ နိုင်ပါတယ်  ။

ဒါနဲ့ တိုတို ပြောရရင် မှတ်ပုံတင် လွဲနေလို့ ငွေ မထုတ်ပေးဘူး တဲ့ .... ပို့လိုက်တဲ့သူ ကို မှတ်ပုံတင် ပြင်ခိုင်း လိုက်ပါတဲ့.... ဒါနဲ့ ကျနော် က အချိန်မရှိတော့လို့ အကောင့် နံပါတ် လည်းတူ လူနာမည် လည်း တူ နေတယ် N နဲ G မှားတာကလည်း ဒီ မန္တလေး မှာ MDYGE ဆိုတဲ့ နံပါတ် ကို မရှိပါဘူး... နောက်ပြီး ကျနော့် ဖုန်းနံပါတ် လည်း ပါနေတယ်.. ဘဏ် က ဖုန်း နဲ့ အကြောင်းကြား လို့ အခုလာတာပါ .. ။

ဒါကြောင့် ထုတ်ပေးပါလို့ ပြောတာ လက်မခံ ပါဘူး.. ဒါဟာ... မတော်တဆ အမှား မျိုး (Careless Mistake) ဆိုတာ သိသာ နေ ပါတယ်... ပထမဆုံး ကျနော့် ကို ငွေလွှဲ ပေးတဲ့ သူတွေ က မှား ပြီး ပေးတယ် ဆိုရင်တောင် လွှဲလိုက် တဲ့ သူတို့ မြို့ က ဘဏ်ဝန်ထမ်း တွေက ဒီနံပါတ်မျိုး မြန်မာပြည် မှာ မရှိတဲ့ အတွက် မှားနေတယ် ဆိုတာ သူတို့ အရင် သိရ မှာပါ... အဲဒါ ဆို အဲဒီမှာ တင် အမှန် ကို ပြန်တောင်း လိုက်ရင်  အလုပ် မရှုတ်တော့ ဘူးပေါ့...။

အခုတော့ ဟိုဘက် မှာ အရည်အချင်း မရှိတဲ့ ကိုယ့် တိုင်းပြည် က မှတ်ပုံတင် နံပါတ် တောင် ရှိမရှိ မသိတဲ့ ဝန်ထမ်း တွေ ခန့် ထားလေသလား. လို့တောင်ထင်မိတယ်.. နောက်ပြီး ဒီဘက်က ဝန်ထမ်း တွေကလည်း ကိုယ့် customer ကို အဆင်ပြေအောင်  စဉ်းစားမပေး ဘဲနဲ့ သူတို့ ရဲ့ မမှန်ကန် တဲ့ တိကျ ဘို့ ကို ဦးစား ပေးပြီး ကျနော့် ကို ငွေ ထုတ်မပေးလိုက်ပါဘူး... အဓိက ကတော့ ကျနော် က အလကား အလုပ်လာရှုတ်တာ မဟုတ်ဘူး သူတို့ ဘဏ် ကို လွှဲခ ပေးပြီး ငွေလာထုတ်တာ... တတ်နိုင်သမျှ လုပ် ပေးရမှာ...  ။

ဒါပေမဲ့ စက်ရုပ် ဝန်ထမ်း များ ကို ပြောမရ ပါဘူး ... ကျနော့် ကို ငွေလွှဲပေး တဲ့ သူကို အမှား ပြန်ပြင်ခိုင်း ဘို့ ဖုန်းဆက်ပြီး ပြော ရပါတယ်.... သူက လည်း  ချက်ခြင်း  မြစ်ကြီးနား ဘဏ်ကို ဖုန်းဆက်ပြီး ပြင် ခိုင်း ပါတယ် .. ဒါပေမဲ့ သူ ကိုယ်တိုင် ငွေ လွှဲတာ မဟုတ် ... သူ့ က တခြားတယောက် ကို ခိုင်း လိုက်တာ ဆိုတော့ အဲဒီ ခိုင်း လိုက်တဲ့ သူ ကိုယ်တိုင် ပြန်ပြင်မှ ရမယ် တဲ့...  ခိုင်းလိုက် တဲ့ သူနဲ့ ဆက်သွယ် ဘို့ ခက်နေတဲ့ အတွက် ခဏစောင့် ပေးပါ တဲ့.... အင်း ..... ဇာတ်လမ်း တွေက ရှုတ်ကုန် ပြီ... အခု ထိ မရသေး ပါဘူး ... ဘယ်နေရာ မှာ ဘာဖြစ်နေလည်း တော့ မသိ... ကျနော် လည်း ရချင်စိတ်ကို မရှိအောင် စိတ် တို လို့ ဖုန်း ကို ဆက် မကြည့်တော့ဘူး... အင်း သေရေး ရှင်ရေး ဆို ဘယ်နဲ့ လုပ်မလည်း ... ။ 

ဘဏ် စည်းမျဉ်း စည်းကမ်း တွေ ကို ကျနော် နားမလည်ပါဘူး... ဒါပေမဲ့ ကိုယ် လုပ်ပိုင်ခွင့် ရှိတဲ့ အပေါ် မှာ အတတ်နိုင်ဆုံး ကိုယ့် ဖောက်သည် အဆင်ပြေအောင် ဘယ် အလုပ်မှာ ဘဲ ဖြစ်ဖြစ် လုပ်ပေးရမယ် လို့တော့  ကျနော် ထင်ပါတယ်... တာဝန်ယူမှု့ တခုတော့ ရှိရမှာပေါ့... သာမန် လူတွေ တောင် စဉ်းစားကြည့်ရင် ဒါ ဟာ မတော်တဆ အမှား တခုဆိုတာ သိနိုင်ရဲ့ သားနဲ့ သူတို့ ဘာလို့ အဲလို့ တာဝန်မဲ့ လုပ်ရသလည်း ... ။

ဘဏ်ဝန်ထမ်း တွေ ကို သူတို့ ဘဏ်ပိုင်ရှင် တွေ က အဲလောက်တောင် လုပ်ပိုင်ခွင့် ပေးမထားဘူးလား.... ဘဏ်ဝန်ထမ်း တွေရဲ့ တာဝန် ဆိုတာ ပြုံးပြုံး လေး နှုတ်ဆက်ရုံ နဲ့ ကိုယ့် အလုပ် ကို တာဝန်ကျေပွန် ရုံ ဘဲလား... ကိုယ့် ဘဏ် ကို အသုံး ပြုနေတဲ့ သူတွေ အဆင်ပြေ အောင် ဒီလောက် ကလေး တောင် ဆောင်ရွက် ခွင့် ပေးမထား ဘူးလား... ကျနော် မပြောတတ်တော့ ပါဘူးဗျာ.....။

ကျနော် စိတ်ထဲ မှာ ငါသာ သူဌေး ကြီးဖြစ်ရင် ဘဏ်ပိုင်ရှင်တွေ ဘဏ်မန်နေဂျာ တွေကို မင်း တို့ ဘဏ် ဟာ ညံဖျင်းလွန်း လို့ ငါ့မှာ ရှိတဲ့ သန်းပေါင်း များစွာသော ငွေတွေ ရွှေတွေ ကို ပြန်ထုတ်တယ် ကွာ.. မင်း တို့ ဘဏ် နဲ့ ပြိုင်ဘက် ဟိုဘက် ဘဏ် ထဲ သွားထဲ့ မယ်လို့ ပြောချင်လိုက်တာ... အင်း ...ရီရတယ်နော်... မဖြစ်နိုင် တဲ့ သူဌေးကြီး ဘဝ ဆိုတော့ ခံပေအုန်း တော့ ပေါ့.....................။

လေးစားစွာဖြင့် 
စာရေးသူ - ရွှေစင်ဦး
.

48 comments:

ahphyulay said...

အင်း..
မမရွှေစင်ကိစ္စက ဗမာပြည်ကြီး
ကျွန်တော်တို့  ရွာကြီးရဲ့  ကသောင်းကနင်း
ကမောက်ကမထဲက စိတ်ပျက်ဖွယ်ရာ
အဖြစ်တစ်ခုပါပဲ။
မမကီလည်း အဲ့ လို ဖြစ်ဖူးတယ်လေ..။
ဖုန်းဘီလ်ကိစ္စ...။
နောက်..မဟေသီ မနက်ကတည်းက
မီတာရုံးမီတာသွားဆောင်တာ
ညနေမှ ပြန်ရောက်တယ်လေ၊ မီးပြတ်နေလို့ 
တဲ့  မီတာရုံးမှာ..။ ဒါမျိုးလေးတွေပေါ့ နော်..။
အခုဘဏ်ကိစ္စက မမ ရိုးရိုးကြီးလုပ်နေလို့ 
ထင်တယ်နော်..။ ယဉ်ကျေးမှုတစ်ခု ဖြစ်ထွန်း
နေတယ်လေ..။ မသိဖူးလား....။

ညိမ်းနိုင် said...

ဖြစ်ရမယ်...၊အီလက်ထရွန်းနစ်စနစ်၊အွန်လိုင်းစနစ်မသုံး
နိုင်သေးသမျှတော့ ခုလိုတွေက ကြုံနေရဦးမှာပါပဲအစ်မရာ။
အင်း...အဲ့စနစ်တွေကလည်း မီးမှန်ဦးမှ....:(((
ဒါနဲ့စကားမစပ် မြေအိုးထဲ ရွေဘယ်နှပိဿာထည့်ပြီး မြေ
မြုပ်ထားလဲဟင်...၊လာတူးဦးမှ....:))))

မိုးယံ said...

သူများ အတင်းလဲ မပြောတတ်ပါ..စပ်မိ စပ်ရာ မို့ ဘာညာကွိ ကွ ပြောတယ် မထင်စေလိုပါ မမချစ်ချစ်ကြီးရေ..

ဒီမှာရော ဘာထူးလဲ...ပုဂ္ဂလိက ဘဏ်မရှိတဲ့ မြို့များ ငွေလွှဲတော့မယ်ဆို တစ်ခါတည်းကြိုပြောထားရတယ်... စီးပွားရေ ဘဏ်နော်.. မှတ်ပုံတင်မှားလို့ မရဘူး။ အနည်းဆုံး တစ်ပတ်ကြာမယ်... မှားရင်နော်. ပြန်ပြင်ဖို့ တစ်လ ကြာမယ်။ တစ်ခြား ဘဏ်မရှိဘူးလား.....။

အဲလို ပြောပြီး လက်ခံရတယ်ကွယ်... ကဲ လာပါပြီ တစ်ခြားဘဏ်တွေ....

မှတ်ပုံတင်မှားတယ်.. ဒီဘက်က ပြန်ပြင်ပေးလိုက်တယ်.. ရန်ကုန်ရုံးက ပြင်ပေးလိုက်တယ်.. ဒါဆို ကွန်ပျူတာလေးနဲ့ ရှာပေါ့ကွယ်.. အဲဒါကို ကတ်စတမ်မာကို ဘယ်နေ့က ပြင်တာလဲ ဘယ်ဘဏ်ခွဲက ပြင်တာလဲ. အဲဒါ ကို ရန်ကုန်ဘက်ရုံးက ကျွန်တော့်တို့ ရုံးကို အကြောင်းကြား။ ကျွန်တော်တို့က ကတ်စတမ်မာကို ပြန်ပြော...၊ ကတ်စတမ်မာက သူ့ အိမ်ကို ပြန်ပြော... အဲဒီတော့ကျတော့ လွှဲပို့သူက ဘယ်သူလဲတဲ့။ အဲဒီတော့ ဒီဘက်က ကတ်စတမ်မာက သူ့နံမည်ပြော... အဲဒီတော့ လွှဲနေ... ဟုတ်တယ်လေ ဒီက ကတ်စတမ်မာရဲ့ ငွေကို ကျွန်တော်တို့က လက်ခံ၊ ပြီးရင် ရန်ကုန်ရုံးကို ပို့ ရန်ကုန်ရုံးကမှ မန်နေဂျာ သို့မဟုတ် ဘဏ်စာရင်း တာဝန်ခံက သူ့နံမည်နဲ့ လွှဲပေးတာ။ အဲဒီတော့ ရိုးမကို ဘယ်သူက သွားတာ၊ ကမ္ဘောဇဆိုရင် ဘယ်သူကိုင်တာ၊ မြ၀တီ၊ စီးပွားရေး၊ ကူးသန်း၊ မွေးရေ ...အဲဒီ ဘဏ်ကို လွှဲတဲ့ ၀န်ထမ်းရဲ့ နံမည် ပြန်မေး ပြီးတော့ သူတို့က ကျွန်တော်တို့ကို အကြောင်းကြား ကျွန်တော်တို့က ကတ်စတမ်မာကိုပြန်ပြော ကတ်စတမ်မာက မြန်မာပြည်က သူ့ အိမ်ကို ပြန်ပြော... ဒါလောက်လား ဆိုတော့ မဟုတ်သေးဘူး ပြော မဆုံးပေါင် တော ခြောက်ထောင်ပါတော်။

Angelhlaing(May everybody be happy and healthy! said...

မမရေ အလွဲလေးတွေ ဖတ်ရင်း ပြုံးမိတယ်...
အရှုပ်တွေကြောင့် ပုံမှန်မရောက် ဖြစ်တာ ခုမှပဲ ရောက်တယ်မမရေ..
ကောင်းသောနေ့လေး ဖြစ်ပါစေ။

ချစ်ကြည်အေး said...

အမဇင်ရေ ဟိုမိုဂျီးနီးယပ်စ်တွေလေ အမရဲ့၊ ခေါင်းမပါတဲ့ စက်ရုပ်တွေမွေးထားတာ...:P

လသာည said...

မမ..
လသာညလည်း အဲလိုဖြစ်ဖူးတယ်..။ စစပြောသလိုပဲ သင်ခန်းစာတွေများလိုက်တာလို့ တွေးမိတယ်..။း(

Anonymous said...

ခေတ်မှီတိုးတက်ဖွံဖြိုးသောနိုင်ငံတော်သစ်ဆီကို သွားနေ တာပါအစ်မရယ် ဟိဟိ
စိတ်တော့နည်းနည်းလေးရှည်ပေးပါအုံး
း)း) တခါတခါမှမဟုတ်ပါဖူး အမြဲလွဲနေတဲ့ ကျွန်တော်တို့ရွာကြီးပါဗျာာား)း)

မောင်ဘကြိုင်
နေပြည်တော်မှလာသည်

Anonymous said...

မချစ်ကြည်အေး အနေနဲ့ ခေါင်းမပါတဲ့ စက်ရုပ်တွေမွေးထားတာ လို့ မပြောသင့်ဘူးလို့ ထင်ပါတယ်။ တိုက်ခိုက်တာမဟုတ်ပါဘူး။ ကျနော်ထင်တာကို ပြောပြတာပါ။ သူတို့မှာလည်း သူတို့တာဝန်ယူရတာ၊ တာဝန်ခံရတဲ့အခက်အခဲတွေ ရှိနေမှာပါ။ သူတို့လုပ်ရပ်မှန်တယ်လို့ ပြောတာမဟုတ်ပါဘူး။ သူတို့လည်း တမင်ရည်ရွယ်လုပ်တာ မဟုတ်မှန်းသိသာပါတယ်။ သူတို့မှားတောင် အဲလောက်မပြောသင့်ဘူးလို့ ခံစားမိလို့ပါ။ စကားမစပ် ကျနော်က မချစ်ကြည်အေး ရဲ့ ဘလော့ ပရိတ်သတ်ပါ။ လေးစားလျက်ပါ။
မောင်မင်းကြီးသား

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟဟ
ညီမလည်း အစ်မချစ်ပြောတဲ့ “ ဟိုမိုဂျီးနီးယပ်” ပေါ့ ။ ကျောင်းပြီးပြီးချင်း ဘဏ်တစ်ခုမှာ ၃နှစ်တိတိလုပ်ဖူးတယ်။း) ဘယ်ဘဏ်လဲ ပြောတော့ဘူး။
ခုတော့ အပြင်လူအနေနဲ့ အလုပ်ကိစ္စကြောင့် ဘဏ်ကို ပတ်သက်နေရတော့လည်း အစ်မကြုံတဲ့အဖြစ်မျိုး အမြဲဖြစ်တယ်။ တစ်ခါတစ်လေမှ ဘဏ်ကို သွားတဲ့သူမဆိုထားနဲ့ တစ်ပတ်မှာ ၂ခေါက် ၃ခေါက်ရောက်နေလဲ မှတ်ပုံတင်က စာလေး တစ်လုံးလောက် လွှဲလည်း ထုတ်မရဘူး အစ်မရေ။ ကိုယ်တွေ့ကြုံတာ အခါခါပေါ့း)

ကိုကိုမောင်(ပန်းရနံ့) said...

အမရွှေစင်ရေ...
သည်းခံပေးလိုက်ပါ။ ၀န်ထမ်းတွေက ချစ်စရာကောင်းတဲ့ အမမျက်နှာလေးကို နှစ်ခါ ပြန်ကြည့်ချင်လို့ ဖြစ်မှာပါ။း))))

ခင်မင်လျက်

မောင်မောင် said...

မရွှေစင်ရေ..
တကယ်တော့ သူတို့ ဘဏ်တွေက ၀န်ထမ်းတွေဟာ
တိကျချင်ယင်တိကျတာ၊အခုလိုကိစ္စမျိုးမှာ ဘဏ်မန်နေဂျာ ရဲ့ အမျိုးသာဖြစ်ကြည့်ပါလား၊ချက်ချင်း
ထုတ်ပေးလိုက်မှာသေချာတယ်။
သူတို့ မလုပ်ပေးချင်ယင်တော့ စည်းမျဉ်း၊စည်းကမ်း
ဥပဒေတွေ နဲ့ ကိုင်ပေါက်နေတာ။
ဗမာပြည်မှာက မှတ်ပုံတင်၊စိစစ်ရေးကတ် ဆိုတာတွေ နဲ့  ကလည်း ညှစ်စား၊ပတ်စား၊ရိုက်စားလုပ်နေကြတာများလှပေါ့။
ဒီတခါတော့ စိတ်ညစ်၊စိတ်ပျက်လောက်အောင်သင်ခန်းစာရပြီဆိုယင်တော့ ဖြင့်နောက်တစ်ခါ ငွေလွှဲခါနီးကျယင် ဟိုဖက်က လူကိုလဲထပ်ခါ ထပ်ခါ မမှားအောင်သတိပေးရတော့မှာပါပဲ။

Anonymous said...

ဘယ်လိုပဲ ဖြစ်ဖြစ်လေ ကိုမောင်မောင်ရယ်။ တိကျလာပြီဆိုတာကိုက ကောင်းပါတယ်။ အခု အဖြစ်က ငွေပို့တဲ့ဘက်က မှန်ကန်စွာ ရေးပြီးပို့တာကို မထုတ်ပေးတဲ့ အဖြစ်မဟုတ်ဘူးလေ။ မှန်နေတဲ့ဟာကို အကြောင်းမဲ့ မထုတ်ပေးပဲ လဘက်ရည်ဖိုးတောင်းတဲ့ အဖြစ်ထက်စာလို့ရှိရင် ဒါက ပိုကောင်းပါတယ်။ ကျနော်ဒီလို ပြောလို့ ကျနော် ဘဏ်ဝန်ထမ်းမဟုတ်ဘူး။ အမျိုးလည်း မရှိဘူး။ ဖြစ်သင့်တယ်ထင်လို့ ၀င်ပြောတာ။ အရင်ကလည်း မပြောဖူးဘူး။ ကျနော်သိသလောက် တခြားနိုင်ငံတွေမှာလည်း ဒီလောက်တော့ တင်းတင်းကျပ်ကျပ်ပဲ။ ဥပမာ ကျနော်တက်နေတဲ့ ကျောင်းဆိုရင် professor တယောက်က ကျောင်းကိုလာရင်း ကျောင်းဝင်ကတ်မေ့ခဲ့လို့ ကျောင်းဂိတ်စောင့်က ပေးမ၀င်ဘူး။ professor ကလည်း သူမှားတော့ ဘာမှမပြောဘူး။ ဒီကိစ္စမှာ professor ကပြောလို့ ရတာပဲ သူဒီမှာ လုပ်လာတာ တသက်ရှိပြီ။ သူ့ကို မမှတ်မိဘူးလားလို့။ ဒီလိုကိစ္စ မှာ ကျနော်တို့က ကျောင်းဂိတ်စောင့်ကို ပုံကြီးချဲ့တယ်ဆိုပြီး အပြစ်တင်မှာလား။ ကျနော်တို့လည်း ရပါတယ်။ ဒါလေးတော့ လျှော်ပေးသင့်ပါတယ် ဆိုပြီး ခပ်ပေါ့ပေါ့ တွေးလာတာ များပြီ။ ရုံးလုပ်ငန်းလိုဟာမျိုးဆိုတာ လူအများနဲ့လုပ်ရတာ။ စည်းကမ်းလေး ရှိမှ ကောင်းမှာပါ။ နောက်ဆို ကျောသား ရင်သားမခွဲပဲ အားလုံးကို ဒီလို မျိုး ဆက်ဆံနိုင်ပါစေလို့ ဆုတောင်းပါတယ်။
မောင်မင်းကြီးသား

မေဓာဝီ said...

အမရွှေစင်ရေ ... ညီမလဲ ဘဏ်နဲ့ပတ်သက်ပြီး စိတ်နာတာတွေ အများကြီး ... ။
ဗမာပြည်မှာ ဘဏ်တွေ ကမောက်ကမဖြစ်တုန်းက ကိုယ်အပ်ထားမိတဲ့ ငွေကလေးဆုံးမှာစိုးလို့ မနက်မနက် စောစောထ တန်းစီထုတ်ရကတည်းက ဗမာ့ဘဏ်တွေကို မယုံကြည်တော့ မသုံးတော့တာ။

ဒီရောက်တော့ ဘဏ်က မရှိမဖြစ်မို့သာ သုံးရတာ။ ဘဏ်နဲ့ ပြဿနာတက်ဖူးသေးတယ်။ ဘဏ်စာရင်း မဖွင့်ခင် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြရပြီး သူတို့ကျေနပ်လို့ ဖွင့်ပေးလိုက်တယ်။ ကိုယ်ကလဲ ပိုက်ဆံအပ်ရသေးတယ်၊ အကောင့်ထိမ်းသိမ်းခ တလ ၆ ပေါင် ဖြတ်တယ်။ ၃ လလောက်လဲ နေရော ပထမ ပြထားတာတွေအပြင် နောက်ထပ် လိုအပ်တဲ့ documents တွေ ထပ်ပြဖို့ စာရောက်လာတယ်။ ကားလိုင်စင်၊ ဘေလ်ဆောင်တာ အဲဒါမျိုးပေါ့။ ရောက်ခါစဆိုတော့ ဘေလ်လဲ ကိုယ့်နာမည်နဲ့ဆောင်တာ ဘယ်ရှိမလဲ။ national insurance လဲ မရှိသေး၊ ကားလိုင်စင်က ဝေးရော ဆိုတော့ သူတို့ တောင်းတာ မပြနိုင်ဘူးပေါ့။ ဒါနဲ့ ညီမလဲ စာပို့လိုက်တယ်။ နင်တို့ ငါ ဘဏ်စာရင်း မဖွင့်ခင်က တောင်းတဲ့ဟာတွေ အကုန်ပြတာပဲ၊ နင်တို့ ကျေနပ်လို့ ဖွင့်ပေးခဲ့တယ်၊ တလ ၆ ပေါင်လဲ ၃ လလောက် ဖြတ်ပြီးရော ထပ်ပီး လိုတယ်လို့ ပြောတယ်၊ ငါ့မှာ ဒါ့ထက်ပိုပြီး ပြစရာဘာမှမရှိတော့ဘူး။ နင်တို့ဘဏ်မှာလဲ မအပ်တော့ဘူး င့ါပိုက်ဆံတွေ ပြန်ထုတ်မယ်လို့ ပြောလိုက်တယ်။ သူတို့ကလဲ ၀မ်းသာစွာပဲ ငွေတွေ အကုန်ပြန် ထုတ်ပေးလိုက်ပြီး နောက်ကို နင့်ကို ဘယ်တော့မှ လက်မခံတော့ဘူးဆိုတဲ့ မှတ်ချက်ကလေး ပေးပါတယ်။

ကိုယ်က ကျောင်းသားစတေးတပ်နဲ့ ဆိုတော့ ဒင်းတို့က ဒီလိုဆက်ဆံတာပေါ့ ... ကောင်းပြီ ငါဘီလျံနာဖြစ်မှ အဲဒီဘဏ်က မန်နေဂျာကိုယ်တိုင် ငါ့ဆီလာတွေ့စေရမယ်လို့ တေးထားလိုက်တယ်။ ဟဲ ... ဖြစ်တာ မဖြစ်တာ အပထားပေါ့။ အဲလိုတွေးမှ နည်းနည်း စိတ်သက်သာတာ။ :))

တကယ်တော့ အမရယ် ဘဏ်ဆိုတာ သူများနှာခေါင်းနဲ့ အသက်ရှူနေတဲ့ လုပ်ငန်းလို့သာ ဆိုချင်တာပါပဲ။ သူများပိုက်ဆံတွေနဲ့ ဟိုကဟာ ဒီလှည့် ဒီကဟာ ဟိုလှည့်လုပ်နေတာ။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းအစားများတော့ bank crisis တွေ ဖြစ်ကုန်တော့တာပဲ။ ဘယ်ဘဏ်မှ မကောင်းပါဘူး အမရယ်။

ဘဏ်မှာလုပ်ဖူးသူတွေ မျက်စောင်းမထိုးကြေးနော် .. :D လူကိုပြောတာ ဟုတ်ဖူး ပေါ်လစီကို မကြိုက်တာပါ။

ငွေလမင်း said...

ကြုံဖူးပါတယ် ဟုတ်ပါ့ သေရေးရှင်ရေးဆို ဘယ်လိုလုပ်မလဲ

Anonymous said...

ကိုမောင်မင်းကြီးသားဆိုတာ မြန်မာပြည်က ထောက်လှမ်းရေးထင်တယ်။ အလွဲတွေ လာရေးနေတော့ ခက်တာပဲ။
ဒီကတက္ကသိုလ်ဆိုတာ မြန်မာပြည်မှာ ရှင်တို့ လုပ်ချင်တိုင်း လုပ်သမျှ နားရင်းရိုက်လွှတ်ချင်စိတ်ကို အောင့်ထားပြီး သည်းခံနေရတဲ့ နေရာတွေလို ထင်လို့လား။ ကဒ်ပြားပြပြီး ဝင်ထွက်ရအောင် စစ်တပ်စခန်း မဟုတ်ဘူး။ ဆရာကျောင်းသား ဘယ်သူမှ တက္ကသိုလ်လာတာ ကဒ်ပြားကြီး ရင်ဘတ်ချိတ်မလာဘူး။ ရှင်လိမ်ရေးသလို ပရော်ဖက်ဆာကို ကဒ်ပြားမပြနိုင်လို့ ဂိတ်စောင့်က ဝင်ခွင့်မပေးရအောင် တက္ကသိုလ်ဆိုတာ ဝင်းအကျယ်ကြီးနဲ့ campus တွေ။ ခြံခတ်ထားတဲ့ ရုံးပိစိလေးမှ မဟုတ်တာ။ ဒီလို ဝင်းအကျယ်ကြီးမှာ ဂိတ်စောင့်ဆိုတာ ဘယ်နားက ဘယ်နေရာကို သွားစောင့်မှာလဲ။ လွတ်လပ်တဲ့နိုင်ငံတွေက တက္ကသိုလ်ဆိုတာ ကျောင်းသားေ၇ာ ဧည့်သည်ရော ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်နေတဲ့နေရာတွေ။

ပါမောက္ခကို မမှတ်မိလို့ ဝင်ခွင့်မပေးတဲ့ ဂိတ်စောင့်ဆိုတဲ့ လံကြုတ်ဇာတ်လမ်း ဖတ်လိုက်ရတာ ဒီက တက္ကသိုလ်တွေမှာ ဘယ်မှာ ဂိတ်စောင့်ရှိပါလိမ့်ဆိုပြီး အူကြောင်ကြောင်တောင် ဖြစ်သွားတယ်။ ဂိတ်စောင့်ရှိရင်လဲ ပါမောက္ခကို ဒီလို ဝင်ခွင့်မပေးရင် ဂိတ်စောင့် အလုပ်ပြုတ်သွားမယ်။်သူ့တာဝန်သူ ကျေအောင် လုပ်မထားလို့။ ပါလီမန်တွေမှာတောင် အမတ်တွေကို အစောင့်ရဲတွေက လူနဲ့မျက်နှာ တွဲမှတ်မိနေအောင် ဓာတ်ပုံကြည့်ပြီး လေ့ကျင့်ထားရတယ် (မြန်မာပြည်က ဖွတ်ပါလီမန်ကို မဆိုလို)။ အမတ်တစ်ယောက်ကိုမြင်ရင် အစောင့်ရဲက တံခါးဖွင့်ပေးတယ်ဆိုတာ ဖားတာမဟုတ်၊ ဒီအမတ်ဘယ်သူ ဘာနာမည်ဆိုတာ သူ့တာဝန်ကျေအောင် သူ ကြိုလေ့လာထားပြီးသား။ နာမည်ခေါ်ပြီးတောင် နှုတ်ဆက်လိုက်လိမ့်မယ်။ အမတ်ကလဲ ဒါကို တလေးတစား ပြန်နှုတ်ဆက်လိမ့်မယ်။

ဒီက တက္ကသိုလ်မို့ ကောင်းတယ်ပြောတာ မဟုတ်ပါဘူး။ ရွှေပြည်ကြီးက တက္ကသိုလ်တွေက လှပေမယ့် မြို့မေတ္တာတုံးတွေ နားမလည်ဘဲ ဝင်ရှုပ်နေတော့ အလှပျက်နေတာပါ။ ကျွန်မ ရွှေပြည်ကြီးက ကျောင်းထွက်ပါ။

Anonymous said...

အစကတည်းက ပိုက်ဆံပို့ တဲ့သူက စစ်ဆေးဖို့ တာဝန်ရှိပါတယ်။ ပို့ လိုက်တဲ့ ပိုက်ဆံဘယ်လောက်၊ လက်ခံမယ့်သူရဲ့ နာမည်နဲ့ မှတ်ပုံတင်နံပါတ်၊ ဆက်သွယ်ရမယ့် ဖုန်း၊ ပို့ သူရဲ့ နာမည်နဲ့ မှတ်ပုံတင် ဒါတွေကို သေသေချာချာစစ်ရမှာလေ။ ပို့ သူက ပြီး ပြီးရောဆိုပြီးသေသေချာချာမှ မစစ်တာ။ တခြားသူတစ်ယောက်ကလည်း အစ်မလိုပဲ သိန်းထောင် သောင်းချီလွှဲတယ်။ မှတ်ပုံတင်နံပါတ် တစ်လုံးလေးလွဲတာပဲဆိုပြီး ထုတ်ပေးလို့ ဖြစ်မလား။ တခုခုမှားသွားရင် ဘယ်သူတာဝန်ခံမလဲ။ မှတ်ပုံတင် (သက်သေခံ)ဆိုတာလွဲလို့ ရတာမဟုတ်ဘူးလေ။ ရင် (သို့ )ယဉ် ဆိုတဲ့နာမည်တွေဆိုပိုတောင်သတိထားရတယ်။ဘဏ်လူကြီးအမျိုးဖြစ်ရင် ရပါတယ်ဆိုတာ ကျွန်တော်တော့ မကြုံဘူးသေးဘူး။
ဘဏ်ဆိုတာ သူများနှာခေါင်းနဲ့ အသက်ရှူနေရတာဆိုတာ သိပ်မှန်တာပေါ့။ သူများပိုက်ဆံဖြစ်လို့ လဲ ဒီလိုစနစ်တကျ ထိန်းသိမ်းပေးနေရတာလေ။ သူတစ်ပါးရဲ့ ပိုက်ဆံတွေကို အရမ်းကာရော စည်းမရှိ၊ ကမ်းမရှိ လုပ်ရင် ကိုယ့်အနေနဲ့ အဲဒီဘဏ်ကို ကြိုက်ပါ့မလား။ ကိုယ့်အသိ၊ မိတ်ဆွေ၊ သားချင်းတွေ ဘဏ်အကြောင်းကို သေသေချာချာနားလည်တဲ့သူ ရှိရင် မေးကြည့်သင့်ပါတယ်။ ဒီလိုတွေ ရေးနေလို့ ဘဏ်မှာလုပ်တဲ့သူလို့ ထင်နေဦးမယ်။ မဟုတ်ပါဘူး။ ဒါပေမယ့် ဘဏ်တွေရဲ့ သဘောသဘာဝနဲ့ လုပ်ဆောင်မှုတွေကို လေ့လာထားလို့ အနည်းအကျဉ်းသိနေတာပါ။
လေးစားစွာဖြင့်
ကိုလေး

An Asian Tour Operator said...

ဘဏ် အကြောင်းထက် အစ်မရွှေစင် ရဲ့ အိမ်အောက် က ရွှေအိုးကြီး တွေ အကြောင်းကို ပိုစိတ်ဝင်စားတယ် :P

IDIOT-Ki said...

ဘဏ်လုပ်ငန်းမတိုးတက်တာကတော့ ခုထိ လယ်ဂျာစာရွက်တွေနဲ့ရေးနေရတုံး..ပဲလေ
ကွန်ပြူတာနဲ့ နဲနဲ အဆင့်မြင့်လာပေမဲ့ မီးမလာတော့လည်း လက်နဲ့ရေးကြမှတ်ကြပေါ့ ။

ပုဂ္ဂလိကဘဏ်လည်း သူ့ ဘဏ်အချင်းချင်း ကိုယ်မူလ အပ်ထားတဲ့ ဘဏ်မဟုတ်ပဲ တခြားနေရာမှာ ထုတ်/သွင်းလုပ်ရင်တောင် ကွန်ပြူတာခ ၅၀၀ ..သပ်သပ် ထပ်ပေးရတယ် တဲ့..ကမ္ဘာမှာ မြန်မာပဲထူးဆန်း ပေါ့။

အစိုးရဘဏ် ဆို ပိုဆိုး..ဘဏ်တခါသွား အနဲဆုံး နေ့ တဝက် အချိန်ကုန်ရော ။ တခါက ( .ရွှေတိဂုံဘုရားလမ်းနဲ့ ကမ်းနားထောင့်က မြန်မာ့စီးပွားရေးဘဏ် .မှာ ) ငွေသွားထုတ်တာ မီးပျက်နေလို့ .. ငွေရေစက် မသုံးနိုင်ပါတဲ့.. မီးပြန်လာတဲ့ထိ မစောင့်နိုင်ရင်ဒီဇယ်ဆီနဲ့.စက်မောင်းရမှာမို့ ဆီတဂါလံ ပေးရမယ်တဲ့..ကြားဖူးကြရဲ့လား ဗျိုးးး

ရွှေပြည်ကြီးမှာ ATM စက်တွေနဲ့ လမ်းဘေး နေရာတကာမှာ အချိန်မရွေး ငွေထုတ်နိုင်မဲ့ စနစ်လေးတွေ မြန်မြန်ပေါ်လာပါစေ..
.ငွေစက္ကူ စုတ်ပြတ်ညစ်ပတ်နေတာတွေ ထိကိုင်သုံးစွဲနေရတဲ့ ဘဝ မှ အမြန်ဆုံး ပပျောက်ပါစေ။

အိပ်မက်ယောင်ရင်း ပြောမိတာတွေပါ..း))
ဖွားကိ

Anonymous said...

ကျွန်တော်တစ်ခါ ကြုံဖူးပါတယ်။ peninsular ဆိုင်တစ်ဆိုင်ကနေ တောင်ငူက မိဘတွေဆီကို လစဉ် ငွေလွှဲနေကြပါ။ တစ်ရက်မှာ ကိုယ်တိုင် မသွားနိုင်တာနဲ့ သူငယ်ချင်းကို အချက်အလက်ရေး ငွေသားပေးပြီး လွှဲခိုင်းလိုက်ပါတယ်။ အဖေနဲ့ အမေ မှတ်ပုံတင်နံပါတ်က ရှေ့သုံးလုံးတူပြီး နောက်သုံးလုံး ကလည်း ဆင်တူရိုးမှားပါ။ အဲဒီ တစ်ခေါက်က အမေ့နာမည်နဲ့ လွှဲမှာကို အဖေ့မှတ်ပုံတင်နံပါတ် ရေးပေးမိတယ်။ ဒီတော့ ဟိုဖက်တောင်ငူက ဘဏ်မှာ ငွေပမာဏက သိပ်မများပေမယ့် ထုတ်လို့ မရပါဘူး။ အဖေအမေ နာမည်များနဲ့ လစဉ်မပျက် ပို့လာတာ သုံးနှစ်လောက် ရှိပါပြီ။ ဘဏ်မန်နေဂျာ ကိုယ်တိုင်က ကျွန်တော့်အဒေါ်ပါ။ တောင်ငူဘဏ်ခွဲရဲ့ ပိုင်ရှင်တွေက ကျွန်တော့်အဖေနဲ့ ခင်မင်ကြသူတွေပါ။ ပြောချင်တာက ငွေကြေးနဲ့ လုပ်ရတဲ့ ဘဏ်လုပ်ငန်းမှာ တိကျမှသာ လူတွေရဲ့ ယုံကြည် စိတ်ချခြင်းကို ရနိုင်မှာပါ။

ဘဏ်တစ်ခုရဲ့ အခြားကိစ္စတွေကို ကျွန်တော် သေချာမကြုံဖူးလို့ မပြောတတ်ပါ။ ငွေလွှဲငွေထုတ် ကိစ္စမှာတော့ လွှဲတဲ့သူပေးခဲ့တဲ့ အချက်အလက် အတိုင်း လက်ခံတဲ့သူဖက်က အတိကျ မကိုက်ညီရင် (ဘယ်သူဖြစ်ဖြစ်) မထုတ်ပေးတာဟာ ဖြစ်သင့်လုပ်သင့်တဲ့ ကိစ္စလို့ပဲ ထင်ပါတယ်။ ကျွန်တော့်အမြင်ပါ။

တစ်ပါးသူတွေရဲ့ ငွေကြေးတွေနဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေမှာ အချက်အလက် လွဲမှားနေတာ သိလျက်နဲ့ ထုတ်ပေးတဲ့ အလေ့ဖြစ်လာရင် တချိန်ချိန်မှာ ငွေကြေးရှုပ်ထွေးမှုတွေ ဖြစ်ကောင်း ဖြစ်လာ နိုင်ပါတယ်။

ငွေလွှဲစဉ်က customer ပြောတဲ့ အချက်အလက် မှန်ကန်ပါလျက်နဲ့ ဘဏ်ဝန်ထမ်းဖက်က မှားယွင်းတယ်ဆိုရင်တော့ ဘဏ်အနေနဲ့ရော ဝန်ထမ်းအနေနဲ့ပါ တာဝန်အပြည့်အဝ ယူရမှာပါ။

အမရွှေစင် အခု ကြုံခဲ့ရတဲ့ ကိစ္စမှာလည်း တစ်ဖက်က ငွေလွှဲတဲ့သူက အဆင်သင့်ရှိနေလို့ ကိုယ်တိုင်သွားပြင်ပေးနိုင်ရင်၊ ပိတ်ရက်တွေ ကြားမှာ ခံမနေရင်၊ ငွေထုတ်မိချိန်က မနက်ပိုင်းဖြစ်နေရင် နာရီပိုင်းအတွင်း အဆင်ပြေသွားကောင်း ပြေသွားနိုင်မှာပါ။

ဘယ်အလုပ်မှာမဆို စေတနာထည့်ပြီး အဆင်ပြေချောမွေ့အောင် လုပ်ပေးတတ်တဲ့ ဝန်ထမ်းတွေရှိသလို ဘာအဆင့်မှ မရှိဘဲ တစ်လောကလုံး သူ့လုပ်စာထိုင်စားနေသလို မျက်နှာမျိုးနဲ့ ဝတ်ကျေတန်းကျေလုပ်ပေးတဲ့ ဝန်ထမ်းမျိုးတွေလဲ ရှိတာပါပဲ။ ကျွန်တော်တို့တွေ မတော်တဆ ပြသနာဖြစ်တဲ့အချိန်မှာ ကြုံဆုံမိတဲ့ ဝန်ထမ်းက ဘယ်အမျိုးအစားထဲမှာ ပါလဲဆိုတာအပေါ် မူတည်ပြီး မတူညီတဲ့ ပုံရိပ်တွေ အမြင်တွေ ဖြာထွက်လာတတ်ကြပါတယ်။

တောင်ငူသား

Anonymous said...

အစ်မ ရေ ... ဘဏ်ဝန်ထမ်းတွေ အပြစ်မဟုတ်ပါဘူး ထုတ်မပေးတာသူတို့အပြစ်မဟုတ်ပါဘူးေ၇ှ့မှာသာဓကတေါ အများကြီးနဲ့ ကြားက ၀န်ထမ်းတွေ စိုက်ထုတ်လျော်ပေးခဲ့ရတာတင်မဟုတ်ပဲ ကိုယ့်ကျင့်တရားကိုပါ စော်ကားခံရတဲ့ အဖြစ်ပျက်တွေရှိခဲ့ဘူးပါတယ်။ ဒါက ငွေလွှဲသူရဲ့ နမော်နမဲ့နိုင်မှုလို့ ပြောပါရစေ ။ ဟိုဘက် က ငွေလွှဲသူက သာ ပြင်ပေးနိုင်ရင် နာရီဝက်အတွင်းသို့မီနစ်အနည်းငယ်အတွင်းမှာ အဆင်ပြေသွားပါလိမ့်မယ် ။ ယဉ် နဲ့ ရင် မှားတာတောင် ထုတ်မပေးပါဘူး။ ၀န်းထမ်းတွေ က ဒီမှတ်ပုံတင်နံပါတ်က တစ်ခုခု လွှဲနေသလားလို့ ငွေလွှဲသူ ကို အကြံပေးမေးမြန်တဲ့အခါ ငွေလွှဲသူက ကျုပ်ထက် ခင်ဗျားပိုသိအုံးမှာလား ဘာညာသာတကာနဲ့ ပြန်ပက်တာကိုလည်း ခံရတာတွေ၇ှိပါတယ် ။

Anonymous said...

အစ်မချစ်ကြည်အေးရေ
စာေ၇းနေသူ တစ်ယောက် ပညာတတ်တစ်ယောက်အနေနဲ့ သိသင့်တာက မြန်မာနိုင်ငံက ၀န်ထမ်းတွေတိုင်းအဲ့လို မဟုတ်ကြပါဘူး ...

လရိပ်အိမ် said...

လာဖတ်သွားပါတယ်။

Anonymous said...

အားလုံး သူ့ဘက် ကိုယ့်ဘက် မှန်တာတွေချည်းပါဗျာ ရန်မများကြပါနဲ့ လူတိုင်းက ကောင်းတဲ့အခါရှိသလို မကောင်းတဲ့အခါ ရှိကြမှာပါ
ဒါပေသိ ရွှေပြည်ကြီး ဘာကြောင့် မတိုးတက်ရတာလဲဆိုတာ ဒါမျိုးလူတွေ များလို့ လို့သာ အော်ပေးမယ်ဗျာ
သူများ နှစ်ခေါင်းပေါက်နဲ့ အသက်ရှုရတယ်ဆိုရင် လုံလောက်တဲ့ ၀န်ဆောင်မှုတော့ ပေးရမှာဘဲ customer အခွင့်အရေး နဲနဲလေးတောင် မရဘူးဆိုရင်တော့ မြေအိုးထဲ ထည့်မြုတ်တာ အကောင်းဆုံးပေါ့
သူတို့ ကျေနပ်တဲ့ ငွေပမာဏလဲ ယူသေး ချက်ခြင်း မဆောင်ရွက်ပေးနိုင်ကြတာ ဘဏ်တွေရဲ့ အားနည်းချက်ပါ
အပြစ်တွေ ပြောရရင်တော့ တထောင့် တည ပုံပြင်လို ပြောမဆုံးပေါင် တောသုံးတောင်
ဒါကြောင့်မို့လို မပြောတော့ဘူးဗျာ ရေးတဲ့သူ မမရွှေစင်မှာဘဲ အပြစ်ရှိပါကြောင်း။

Anonymous said...

အားလုံး မှတ်ပုံတင်နံပါတ်က မှန်ပြီးထုတ်မပေးတာဆို၇င်တော့ ဘဏ် က ၀န်ထမ်းတွေ ရဲ့ ညံ့ဖျင်းမှုပါ ...။ ဒီနိုင်ငံမှာတော့ နေ့တိုင်းတွေ့နေတဲ့ကျောင်းသားတွေ ကျောင်းသားကဒ်မေ့ကျန်ခဲ့လို့ကတော့ စာမေးခန်းထဲတောင်ပေးမ၀င်ပါဘူး ။ ဒါတောင် သူတို့ကိုယ်တိုင်တစ်နှစ်ပတ်လုံးစာသင်လာတဲ့ကျောင်းသားနော် ။ အခု ဖြစ်တဲ့ကိစ္စမှာ ငွေလွှဲသူရဲ့ နမော်နမဲ့နိုင်မှုပါ သူတို့ဘက်က သာ ချက်ခြင်းပြင်ပေးလိုက်ရင် ဘဏ် က ချက်ချင်းထုတ်ပေးမှာပါ ။ ငွေကြေးအရ လုပ်ကိုင်နေရသူတွေအနေနဲ့ အဲ့လိုတိကျမှဖြစ်မှာပါ အလိမ်ခံရမှ ဟောတော့ ဆိုပြီးငိုနေရုံနဲ့မပြီးပါဘူး အလုပ်ပြုတ် သိက္ခာကျ ဖြစ်ရတဲ့ဝန်ထမ်းတွေဘက်ကိုလဲ ကိုယ်ချင်းစာပေးပါ အထူးသဖြင့် ဟိုမိုဂျီးနီးရက်စ်လို့ပြောသွားတဲ့မချစ်ကြည်အေးပါ ။

Anonymous said...

အစ်မ ချစ်ကြည်အေး ရေ
မောင်ကြီးနှမ လက်ဆင်ကို ပူပူနွေးနွေးလေးပဲရှိသေးတယ် အစ်မရေးထားတာ အချုကျမှ အစ်မက ဟိုမိုဂျီးနီးရက်ဆိုပြိး လာနောက်နေတယ် ...။ မောင်ကြီးနှမ လက်ဆင်ကို အစ်မကို အရင် ပေးမှထင်တယ်

Anonymous said...

ရွှေပြည်ကြီးက ကျောင်းထွက်ပါ ဆိုတဲ့ တယောက်ရေ ကျနော်က ထောက်လှမ်းရေးက လည်းမဟုတ်ပါဘူး။ လိမ်ညာ ပြီးရေးတာလည်း မဟုတ်ပါဘူး။ အမ အနေနဲ့က ကျနော်ရေးတာကို သံသယ ရှိရင် အရင်ဆုံးကျနော် တက်နေတာ ဘယ်နိုင်ငံက ကျောင်းလဲလို့ အရင်မေးသင့်တာပါ။ ကျနော် ကတော့ နိုင်ငံတော်တော်များများကို မရောက်ဖူးလို့ တခြားမှာ ဘယ်လိုရှိမလဲ မသိပါဘူး။ ဒီမှာတော့ တက္ကသိုလ်တိုင်းမှာ လုံချြံရေးရှိပါတယ်။ ဝင်းအကျယ်ကြီးနဲ့ campus တွေ မို့လို့ လုံချြံရေးမရှိဘူး ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျနော် တက္ကသိုလ်လည်း တော်တော်ကျယ်ပါတယ်။ သက်ဆိုင်ရာ ၀င်ပေါက်တိုင်းမှာ လုံချြံရေး ရှိပါတယ်။ တခြားနိုင်ငံတော်တော်များများ မှာလည်း ဒီလိုဘဲလို့ ကျနော်ထင်ပါတယ်။ ပြီးတော့ ကျနော် ဒါကို ဥပမာသဘော နဲ့ပေးချင်တာပါ။ အဓိက ပြောချင်တာက စည်းကမ်းဆိုတာ ကိုတိတိကျကျ ကျင့်သုံးနိုင်လေကောင်းလေ ဆိုတာနဲ့ အားလုံး ၀ိုင်းဝန်းအားထုတ်ဖို့ပါ။
မောင်မင်းကြီးသား

Anonymous said...

ငါတက်တဲ့ ကျောင်းတင်မကဘူး၊ ငါသွားလည်တဲ့ကျောင်း ဘယ်ကျောင်းမှ ဝင်းပေါက်မှ အစောင့် ငုတ်တုတ်ကြီး ထိုင်စောင့်နေတယ်ဆိုတာ မရှိဘူး။ ဆက်မလိမ်နဲ့တော့။

Anonymous said...

ဒီထက် လိမ်ချင်သေးရင် ဒီနိုင်ငံတွေမှာလဲ ညည သန်းခေါင်စာရင်းလိုက်စစ်တာပဲတို့်၊ မီးနေ့တိုင်း ပျက်တာပဲတို့ ပြောဦးမှာလား။ အင်တာနက်ဆိုင်တွေမှာ မန်မိုရီစတစ် မတပ်ဖို့ အမေရိကန်မှာလဲ ဥပဒေထုတ်ထားပါတယ်လို့ ဖြီးဦးမလို့လား။ ဥရောပမှာလဲ ဝက်ဆိုက်တွေကိုဖွင့်လိုက်ရင် access denied လို့ အမြဲပေါ်ပါတယ်လို့ လိမ်ချင်သေးလား။ အင်္ဂလန်မှာလဲ လယ်ထွန်စက် မဝယ်နိုင်ကြလို့ ခုထိ နွားနဲ့ လယ်ထွန်ပါတယ်လို့ ပြောချင်သေးလား။

ဟန်ကြည် said...

ဝန်ထမ်းဘက်ကလည်း သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း တိတိကျကျလိုက်နာတာမို့ သူမှန်တယ်...မရွှေစင်ဘက်ကလည်း customer right ရှိနေတာမို့ မှန်တာပါပဲ...အမှန်နှစ်ခုဆိုတာ ရန်မဖြစ်ကောင်းပါဘူးလေ...

Anonymous said...

ရွှေပြည်ကြီးက ကျောင်းထွက်ပါ ဆိုတဲ့ တယောက်ရေ အမပြောနေတဲ့ ဟာတွေနဲ့ ကျနော်ပြောတာနဲ့ က တခြားစီပဲ။ ဘာဖြစ်လို့ ကိုယ်ပြောချင်တဲ့ ဘက်ကို အတင်းဆွဲနေတာလား။ ကျနော် မပြောဘဲနဲ့ အမ ပြောချင်တာတွေ၊ အထင်တွေကို ဘာလို့လာပြောနေတာလဲ။ အဲလိုဆိုရင် တော့ဖြင်ံ့ ဆွေးနွေးစရာ မရှိတော့ပါ။
မောင်မင်းကြီးသား

ဟန်ကြည် said...

စကားမစပ် အပေါ်က anon နှစ်ယောက်စလုံး တစ်ယောက်နဲ့ တစ်ယောက် အငြင်းမပွားစေချင်ပါ။ တိုင်းပြည်မတိုးတက်သေးတာ မှန်ပါတယ်။ တိုးတက်အောင် ကြိုးစားရဦးမယ်ဆိုတာလည်း မငြင်းပါ။ ဒါပေမယ့် သေချာတာတစ်ခုက အစစအရာရာ တိုးတက်ပြီး ကိုယ့်နိုင်ငံထက် နှစ်ပေါင်းရာချီပြီး ရှေ့ရောက်နေတဲ့ နိုင်ငံတွေနဲ့ ယှဉ်ပြီး ပြောရင်တော့ ရက်စက်ရာကျပါလိမ့်မယ်။ နိုင်ငံသမိုင်း အစကို ပြန်လေ့လာရင် ဘာတွေ ဘယ်လောက်ထိ ကွာခဲ့တယ်ဆိုတာ သိနိုင်ပါလိမ့်မယ်။ စိတ်ဓာတ်ပိုင်းကအစ ပြုပြင်ရဦးမှာ ကိုယ်တို့တိုင်းပြည်ပါ။ တစ်ယောက်နဲ့ တစ်ယောက် အမုန်းပွားနေမယ့်အစား လုပ်သင့်တာတွေ၊ လုပ်နိုင်တာတွေကို ညှိညှိနှိုင်းနှိုင်းနဲ့ ၀ိုင်းဝန်းကြိုးစားကြရင် တဖြည်းဖြည်းတော့လဲ တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။ လဲနေသူ ထူပေးပါလို့လဲ ဆိုရိုးရှိတယ် မဟုတ်ပါလား။ ဒါပေမယ့် ဖွံ့ဖြိုးပြီး အစစအရာရာ စနစ်တကျ ရှိနေပြီဖြစ်တဲ့ အနောက်နိုင်ငံတွေနဲ့ တန်းတူရောက်ဖို့ဆိုတာကတော့ နှစ်ပေါင်း လေး၊ ငါးဆယ်အတွင်း မဖြစ်နိုင်သေးတာကိုတော့ လက်ခံထားရပါလိမ့်မယ်...ဟုတ်ကဲ့ ...ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ နေကြပါတယ်...

မောင်မောင် said...

ကိုမောင်မင်းကြီးသား
ကျွန်တော်တို့ ဟာ ဗမာလူမျိုးမိဘတွေက နေပေါက်ဖွားလာတာဖြစ်လို့  ဗမာမှု့ ကို အခြေခံပြီးတွေးပါတယ်။ ဒီတော့ ကျွန်တော်တို့ ဗမာပြည်မယ်ဖြစ်နေတာတွေဟာ ဗမာပြည်ရဲ့ အကျင့်စရိုက်မျိုးနဲ့ သာ ခိုင်းနိုင်းပြောဖြစ်တာသာဖြစ်ပါတယ်။ ကိုမောင်မင်းကြီးသား တက်ရောက်နေတဲ့ကျောင်းဟာ ဘယ်နိုင်ငံမှာရှိရှိ ကျွန်တော်စိတ်မ၀င်စားသလို အခု ဖြစ်ရပ်ဟာလဲ ပဲ စည်းကမ်းမရှိရဘူးလို့ မပြောပါဘူး။
ကျွန်တော်တို့ လည်း နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေသူတွေဖြစ်လို့ စည်းကမ်း၊အချိန်ဆိုတာ
တိတိကျကျလိုက်နာလေးစားရပါတယ်။ ဒီတော့ ပြောချင်တာ က ဟိုကငွေလွှဲသူ မှားရေးတာ မဟုတ်ပဲ ဘဏ်အချင်းချင်း စာရေးက မှားပြီးရေးတာမျိုး၊ ပြီးတော့ ငွေပို့ လွှဲခံရသူဟာ အဲဒီဘဏ်က စာရင်းပိုင်ရှင်ဖြစ်နေတာ၊ ဒီတော့ သူ့ ရဲ့ DATABASE အားလုံးဟာ အဲဒီ ဘဏ်မှာ ရှိနေပြီးသာမို့  ကလစ်တစ်ချက်ခေါက်ပြီးတော့ နဂိုအကောင့်စဖွင့်စဉ်ကတည်းက စာရင်းပိုင်ရှင်ရေးသွင်းထားတဲ့  Personal Data ကိုတိုက်ဆိုင်စစ်ဆေးပြီးယင်၊ ဘဏ်မန်နေဂျာတစ်ယောက် အနေနဲ့  စာရင်းပိုင်ရှင်ကို ခေါ်ပြီး တိကျနေတယ်လို့ ပြောသင့်ပါတယ်။ ပြီးတော့ ဟိုဖက် မြစ်ကြီးနားက ဘဏ်ကိုချက်ချင်း fax ပို့ ပြီး တော့ ဒီဗမာပြည်မယ် မရှိတဲ့  မှတ်ပုံတင်နံပါတ် ( MDYGE ) ဆိုတာ ဘယ်သူ့ အမှားလဲ၊ ဘဏ်ဝန်ထမ်းလား၊ ငွေလာလွှဲသူလား ဆိုတာ စိစစ်မေးမြန်းပြီး စေတနာပါပါလုပ်ပေးတယ်ဆိုယင် ဖြင့် ဒီဘဏ်ကိုသုံးစွဲသူ တစ်ယောက်အနေ နဲ့ များစွာ စိတ်ချမ်းသာရမှာဖြစ်ပါတယ်။
ကျွန်တော်ပြောချင်တာကဗမာပြည်မယ်၊ တစ်ချို့ နေရာတွေမှာ ငါ့တူ၊ငါ့သား၊ငါ့မယား၊ငါ့ဆွေမျိုး ကြည့်လွန်းလို့ ၊ ဒါမှမဟုတ် အလုပ်ကိုစေတနာမထား၊မကူညီချင်ယင် Rules & Regulation & Bylaws တွေကို ချပြပြီးတော့ ရစ်တယ်ဆိုတဲ့အကြောင်းရေးပြတာပါ။
အဲတာ ကိုယ်တိုင်ဗမာပြည်ရောက်လာခဲ့ ယင်တစ်ဆိတ်လောက်တော့လေ့သာသင့်ကြောင်းပါ
ကိုမောင်မင်းကြီးသားရေ..

Anonymous said...

ဟုတ်ကဲ့ပါ ကိုဟန်ကြည်။ အခုလို ထောက်ပြတာ ကျေးဇူးပါ။ မှန်ပါတယ်။ ကျနော် ပြောတာကလည်း ကျနော့်ပတ်ဝန်းကျင်မှာ မြင်တာလေးကို ဥပမာ ပေးမိတာပါ။ အဓိက ပြောချင်တာကို အကိုလည်း မြင်မိမှာပါ။ ကျနော်မြင်မိတာလေးကို ၀င်ပြောကြည့်တာပါ။ တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး ပြောတယ်လို့တော့ မဟုတ်ပါဘူး။ ဒါလေးတွေတော့ ရှိတာကောင်းလေရဲ့။ အဲလို လုပ်ဖို့ ၀ိုင်းဝန်းအားထုတ်တာ ကောင်းလေရဲ့ ဆိုတဲ့ အမြင်ပါ။ ဘဏ်ဝန်ထမ်းဖြေရှင်းတဲ့နည်းက optimal way ဖြစ်ချင်မှ ဖြစ်မယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် သူပျြမူပုံနဲ့ပတ်သက်ပြီး ကျနော့်အမြင်ကို ၀င်ဆွေးနွေးတာပါ။
မောင်မင်းကြီးသား

မေဓာဝီ said...

ကွန်မန့်တွေ စိတ်ဝင်စားလို့ ထပ်လာဖတ်တာ ကျောင်းတွေက အမျိုးမျိုး ရှိမှာပါပဲ။ နေရာဒေသအလိုက် ကျောင်းအုပ်ချုပ်ပုံအလိုက် စည်းကမ်းတွေလဲ အမျိုးမျိုး ကွဲပြားမှာပါ။ ကျမအတွေ့အကြုံကို ပြောရရင် ယူကေမှာ ကျမတက်ခဲ့ဖူးတဲ့ တက္ကသိုလ် တခုကတော့ လိုင်ဘရီလို နေရာမျိုးသွားရင် ကျောင်းသားကဒ်နဲ့ ဖြတ်ပြီးမှ ၀င်လို့ရတယ်။ မပါလာရင်တော့ စောင့်တဲ့လူဆီမှာ လက်မှတ်ထိုးရတယ်။ လောလောဆယ် အခု ကျမတက်နေတဲ့ ကျောင်းကတော့ စည်းကမ်း ပိုတင်းကျပ်ပါတယ်။ တက္ကသိုလ် မဟုတ်ဘူး၊ ပရိုက်ဗိတ်ကျောင်းပါ။

အဲဒီကျောင်းမှာ ကျောင်းသားကဒ်ကြီး လည်ပင်းချိတ်ရတယ်။ မချိတ်ရင် အပေါက်စောင့်က ပါမပါ မေးတယ်၊ ပါရင် ချိတ်ဖို့ပြောတယ်။ မပါလာရင် ပထမအကြိမ် သတိပေးတယ်။ ကျောင်းသားကဒ် ၃ ခါမပါရင် မ၀င်ရဘူး ဆိုတဲ့ စည်းကမ်း ထုတ်ထားတယ်။ ပျောက်ရင် ထပ်ထုတ်ပေးခ ၂၅ ပေါင်ပေးရမယ်တဲ့။

အဲဒီစည်းကမ်းကို ကျမနဲ့တကွ ကျောင်းသားတွေအားလုံးက လုံးဝမကြိုက်ပါဘူး။ ထုံးစံအတိုင်း feedback form မှာ တအားဝေဖန်ကြတာပေါ့။ ငါတို့ ထောင်သားတွေ မဟုတ်ဘူး။ သူငယ်တန်းကလေးလဲ မဟုတ်ဘူး၊ ဒီကဒ်ကြီး လည်ပင်းချိတ်ပြီး ဘာလုပ်ဖို့တုန်း၊ ကျောင်းသားဆိုတာ ကတ်စတမ်မာပဲ၊ စီးပွါးရေးတခုမှာ ကတ်စတမ်မာ ကျေနပ်ဖို့ အရေးကြီးတယ်ဆိုတာ နားမလည်ဘူးလား၊ ကွာလတီလဲ မကောင်းတဲ့ ဒီကဒ်အစုတ်ကြီးကို ငါတို့လည်ပင်းအယားခံပြီး မချိတ်ချင်ဘူး ဘာညာနဲ့ စုံနေအောင် ပြောကြတယ်။ ဒါပေမယ့် သူတို့ကလဲ သူတို့စည်းကမ်းနဲ့ သူတို့ပဲ၊ မလိုက်နာနိုင်ရင် ကျောင်းမတက်နဲ့ပေါ့။

ဘဏ်တွေမှာလဲ အဲဒီလိုပဲ နေမှာပါ။ သူတို့ စည်းမျဉ်းဥပဒေနဲ့ သူတို့ပေါ့။ ဘာပဲဖြစ်ဖြစ် နေရာတကာ သိပ်တင်းကျပ်လွန်းလဲ မကောင်းဘူး။ သိပ်လျော့လွန်းလဲ မကောင်းပါဘူး။ တကယ်တော့ ကိုယ်ကသာ ကိုယ်နဲ့အဆင်မပြေရင် မကောင်းဘူး အဆင်ပြေရင် ကောင်းတယ် ဝေဖန်ကြတာ ... ဒီလိုစည်းကမ်းတွေ ဖြစ်လာရခြင်းရဲ့ အကြောင်းရင်းကလဲ သူတို့ဆီမှာ ခိုင်မာစွာ ရှိမှာပါပဲ။ ဘဏ်လို ၀န်ဆောင်မှုလုပ်ငန်းက လူမျိုး တရာ့တပါးနဲ့ ဆက်ဆံနေရတာ မဟုတ်လား။

Anonymous said...

ဟုတ်ကဲ့ပါ ကိုမောင်မောင် ကျနော့်နိုင်ငံ အကြောင်းကို အမြဲလေ့လာ ဖြစ်မှာပါ။ အခုလို ပြောပေးတာ ကျေးဇူးပါ။ ကျနော် ပြောချင်တာက ဘဏ်ဝန်ထမ်းဖြေရှင်းတဲ့နည်းက optimal way ဖြစ်ချင်မှ ဖြစ်မယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် သူပျြမူပုံနဲ့ပတ်သက်ပြီး ကျနော့်အမြင်ကို ၀င်ဆွေးနွေးတာပါ။ ကျနော်သိသလောက် က အရင်တုန်းက ကိုလိုချင်တာ ရဖို့ လဘက်ရည် ဖိုးပေးတာနဲ့ စာရင် အခုလို တိတိကျကျ လုပ်လာတော့ ကောင်းပါတယ်လို့ ပြောတာပါ။ အကို ပြောသလိုပဲ တကယ်လို့ ငါ့တူ၊ငါ့သား၊ငါ့မယား၊ငါ့ဆွေမျိုး ကြည့်တာတွေပါ မရှိတော့ ရင်။ အလုပ်ကိုစေတနာ ထား လုပ်ပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပါပဲ။ ကျနော်ထပ်ပြောပါရစေ ကျနော်က ဥပမာတခုအနေနဲ့ ပေးခဲ့တာပါ။ တခြားနိုင်ငံနဲ့ နှိုင်းယှဉ်နေတာ မဟုတ်ပါဘူး။ အဓိက က ဒီလို စရိုက်လက္ခဏာ ကောင်းတွေ ပေါ်လာစေချင်တာပါ။ ၀ိုင်းဝန်းစေချင်တာပါ။ ကျနော် ပြောတာက တခြားရောက်သွားရင် ကျနော့်အရေးအသား ညံ့လို့ပါ။

Anonymous said...

ဟုတ်ကဲ့ပါ ကိုမောင်မောင် ကျနော့်နိုင်ငံ အကြောင်းကို အမြဲလေ့လာ ဖြစ်မှာပါ။ အခုလို ပြောပေးတာ ကျေးဇူးပါ။ ကျနော် ပြောချင်တာက ဘဏ်ဝန်ထမ်းဖြေရှင်းတဲ့နည်းက optimal way ဖြစ်ချင်မှ ဖြစ်မယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် သူပျြမူပုံနဲ့ပတ်သက်ပြီး ကျနော့်အမြင်ကို ၀င်ဆွေးနွေးတာပါ။ ကျနော်သိသလောက် က အရင်တုန်းက ကိုလိုချင်တာ ရဖို့ လဘက်ရည် ဖိုးပေးတာနဲ့ စာရင် အခုလို တိတိကျကျ လုပ်လာတော့ ကောင်းပါတယ်လို့ ပြောတာပါ။ အကို ပြောသလိုပဲ တကယ်လို့ ငါ့တူ၊ငါ့သား၊ငါ့မယား၊ငါ့ဆွေမျိုး ကြည့်တာတွေပါ မရှိတော့ ရင်။ အလုပ်ကိုစေတနာ ထား လုပ်ပေးနိုင်ရင်တော့ အတိုင်းထက်အလွန်ပါပဲ။ ကျနော်ထပ်ပြောပါရစေ ကျနော်က ဥပမာတခုအနေနဲ့ ပေးခဲ့တာပါ။ တခြားနိုင်ငံနဲ့ နှိုင်းယှဉ်နေတာ မဟုတ်ပါဘူး။ အဓိက က ဒီလို စရိုက်လက္ခဏာ ကောင်းတွေ ပေါ်လာစေချင်တာပါ။ ၀ိုင်းဝန်းစေချင်တာပါ။ ကျနော် ပြောတာက တခြားရောက်သွားရင် ကျနော့်အရေးအသား ညံ့လို့ပါ။
မောင်မင်းကြီးသား

Anonymous said...

ပြည်သူကို လုံးဝ အပြစ်ပုံမချပါနဲ့။. ကျွန်မပြောချင်တာက တိုင်းပြည် မတိုးတက်တာ ပြည်သူ့အပြစ် လုံးဝမဟုတ်ဘူး။ ဒီထက် ဆက်မပြောချင်တော့လို့ ဒါပဲ ရပ်တော့မယ်။ ငါ့တူငါ့သား ငါ့ဆွေမျိုးအကျိုး ကြည့်နေကြတယ်ဆိုတာ ပြည်သူမဟုတ်လို့ မဆိုင်ဘဲ ဒါတွေလာပြောနေစရာ မလိုဘူး။ မျှမျှတတဖြစ်အောင် ပြောတာပါဆိုပြိး ပြည်သူကို လုံးဝ အပြစ်ဆွဲမထည့်ပါနဲ့.။ သုံးစားမရဘူးလို့ ကျွန်မအပြစ်တင်နေတာလဲ ပြည်သူကို မဟုတ်ဘူး. ရှင်တို့လို သခင်ဘက်က လိုက်ဟောင်နေတဲ့ အမဲလိုက်ခွေးတွေကို ပြောတာ.။ စာလာဖတ်တာ ကွန်မန့်မှာ ရေးသူကိုမဆီမဆိုင် အပြစ်တင်ထားတာတွေ့လို့ ဝင်ပြောမိတာ။ ဘာဆက်ငြင်းငြင်း ဘာမှလဲ ထပ်လာပြောစရာ မရှိတော့ဘူး၊

WhoAmI? said...

အမရေ ကျနော်က စာဖတ်ပရိသတ်တစ်ယောက်ပါ.. နဲနဲလောက် ၀င်ဆွေးနွေးခွင့်ပြုပါ..
အမြင်လေးတွေကို နဲနဲချဲ့ကြည့်လိုက်ရင် အဆင်ပြေသွားမှာပါ..ထောင့်စုံအောင် တွေးဖို့လိုပါတယ်.. အခုအနေအထားမှာ အမနေရာမှာ ကျနော်ကိုယ်တိုင်ဆိုလည်း မခံချိမခံသာ ဖြစ်မှာပါပဲ...
သေရေးရှင်ရေးဆို ပိုဆိုးတာပေါ့.. ဒီဝန်ထမ်း သက်သက်ညစ်တာဆိုပြီး ပြဿနာတောင် ရှာမိမှာပါပဲ..
ဒါပေမယ့် အဲဒိဝန်ထမ်းနေရာကနေ ကိုယ်ချင်းစာကြည့်ရင် သူ့လိုပဲ ကျနော် လုပ်မိမှာပါပဲ.. သူ့အနေနဲ့ မှားပြီးထုတ်ပေးလိုက်လို့ တာဝန်ခံပြီး လျှော်ရတာမျိုးတွေဆိုရင်
အဆင်မပြေပါဘူး.. ငွေပမာဏများရင် ပိုဆိုးတာပေါ့ .. သူ့ထမင်းအိုးကို သူကာကွယ်တဲ့သဘောပါပဲ.. အပေါ်က ကွန်းမန့်လေးတွေလည်းဖတ်ကြည့်ပြီးပါပြီ...
အမြင်တွေကတော့ အမျိုးမျိုးပေါ့လေ.. တကယ်တန်းက အခုလို ကြုံရတဲ့ ၀န်ထမ်းလိုမျိုး အားလုံးက ကျင့်သုံးနိုင်ကြရင် တော်တော်လေး တိုးတက်ပြောင်းလဲလာကြမယ်လို့ ယူဆပါတယ်..
အလကားနေရင်း လဖက်ရည်ဖိုးပေးနေရတာထက်စာရင် ဒါဟာ ကိုယ့်နိုင်ငံအတွက် ရလာဒ်ကောင်းတစ်ခုပါ.. ငွေလွှဲတဲ့လူကလည်း ဂရုတစိုက်မလွှဲလိုက်တဲ့အတွက် ဒီလိုလွဲချော်မှုတွေဖြစ်ရတာပါ..
ကိုယ့်ဘက်က အားလုံးတိကျနေရင် ဒီလိုပြဿနာမျိုးဖြစ်စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ်.... အဲတော့ ကိုယ်တိုင်လည်း နောက်ဆို ငွေလွှဲတဲ့ကိစ္စတွေမှာ အမှားအယွင်းမရှိအောင် သတိပြုမိပြီပေါ့..
ကောင်းတဲ့ သင်ခန်းစာတစ်ခု ရလိုက်တယ်လို့ပဲ မြင်ပါတယ်ခင်မျ... နောက်ပိုင်း စက်တွေနဲ့ လုပ်လာနိုင်ကြရင်တော့ ဒီလိုအဖြစ်မျိုး ကြုံစရာမရှိတော့ဘူးပေါ့လေ.. ဖွံဖြိုးဆဲ နိုင်ငံတွေအားလုံးဟာ ဒီလိုမျိုး
ကိစ္စတွေနဲ့ ရင်ဆိုင်ရစမြဲပါပဲ...

လေးစားစွာဖြင့်.....

ကိုအောင်(ပျူနိုင်ငံ) said...

အမရေးတာရော အောက်က ကော်မန့်တွေပါ
ဖတ်ပြီး မျက်စိတော့ နည်းနည်းလဲသွားတယ်၊
မြန်မာပြည်မှာ net bank သုံးလို့ရတဲ့ တစ်နေ့
(ဘယ်နေ့လဲတော့ ကျနော်လည်း တိဝူး) ကျရင်
အဆင်ပြေသွားမယ် ထင်တယ် အမ ....

Anonymous said...

Calm down little sis Shwezin.Come and read back to front.When i come back, i'll bring a shavel to dig up your foot of staircase:)
Gyidaw

ကိုဇော် said...

အစ်မမှာ ဘဏ် အကောင့် ရှိရင် အဲဒီ့ ဘဏ် အကောင့်ထဲ တန်းထည့်ခိုင်းလိုက်ရင် ဒီဘက်က ကိုယ့်ဘဏ်စာအုပ်နဲ့ ထုတ်လိုက်ယုံပဲ အစ်မ။ အဲဒီလို မှတ်ပုံတင်တွေနဲ့ လွှဲခတွေ ဘာတွေ မလိုတော့ဘူး။ ဒါပေမဲ့ ရှင်းနေတာကို ရှုပ်အောင်ကို လုပ်ချင်တတ်ကြတာ မဟုတ်လား။ တော်တော်ကို ခက်တယ်။ သူများတွေ မြန်ဆန်အောင် လုပ်နေကြတယ်။ သူတို့က ပိုပို ကြာအောင် လုပ်တယ်။ စိတ်ပိန်ချက်။

မြစ်ကျိုးအင်း said...

ကိုယ့်ကိုကိုယ် ဗဟိုပြုမတွေးဘဲ နိင်ငံတစ်ခုစာ အမြင်နဲ့ ကြည့်ရင်တော့ ဒီလို တိကျတာ ကောင်းပါတယ်။ တိကျမှန်ကန်မှုဆိုတဲ့ ဗဟိုချက်မှာ နိင်ငံသားတွေ၊ ဌာနတွေ ဆုံမိရင် တိုးတက်ဖို့လမ်းစပါပဲ။ နေရာတိုင်းမှာ တိတိကျကျ မြန်မြန်ဆန်ဆန် လုပ်နိင်ဖို့တော့ လိုပါတယ်။ တစ်နေရာထဲ ကွက်တာမျိုးမဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။

ကိုကိုးအိမ်(မန္တလေး) said...

မေဓာဝီရေ (တကယ်တော့ အမရယ် ဘဏ်ဆိုတာ သူများနှာခေါင်းနဲ့ အသက်ရှူနေတဲ့ လုပ်ငန်းလို့သာ ဆိုချင်တာပါပဲ။ သူများပိုက်ဆံတွေနဲ့ ဟိုကဟာ ဒီလှည့် ဒီကဟာ ဟိုလှည့်လုပ်နေတာ။ ဖင်မနိုင်ဘဲ ပဲကြီးဟင်းအစားများတော့ bank crisis တွေ ဖြစ်ကုန်တော့တာပဲ။ ဘယ်ဘဏ်မှ မကောင်းပါဘူး အမရယ်။ )
အဲလိုမျိုးပြောတာတော့မဖြစ်သင့်ပါ.. ဘာကြောင့်လဲဆိုတော့ နိုင်ငံတစ်ခုရယ်လို့ဖြစ်လာရင် ဘဏ်ဆိုတာမရှိလို့မဖြစ်ပါ.. တကယ်လို့များ ဘဏ်ဆိုတာသာမရှိခဲ့.. ငွေကြေးဆိုတာသာမရှိ ခဲ့ရင် ကျွန်တော်တို့မှာ ရှေးခေတ်ကလူသားတွေလို ပစ္စည်းချင်း လဲပြီးသုံးရတာမျိုးတွေ ဖြစ်နေဦးမှာပါ.. ဒီငွေပမာဏလောက်ဆိုတာ မပြောပလောက်တဲ့ ပမာဏလေးပါ.. ကမ္ဘာပေါ်မှာ ဘဏ်တွေအလုပ်လုပ် နေကြတာ ကမ္ဘာပေါ်မှာရှိသမျှငွေကြေး စီးဆင်းမှူ့တွေ၊ နိုင်ငံတစ်နိုင်ငံရဲ့ ထွက်ငွေဝင်ငွေတွေ၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံ မှီတည်မှူ့တွေ၊ အကျိုးစီးပွားတွေ အများကြီးပါပါတယ်..
တစ်ခုလည်းပြောချင်ပါတယ်.. မေဓာဝီက ဘဏ်နဲ့ပတ်သက်နေရတယ်လို့ပြောပါတယ်.. ထားလိုက်ပါတော့ မေဓာဝီက နိုင်ငံခြားကနေ မြန်မာပြည်ကို ငွေပို့ချင်တယ်ဆိုပါစို့.. ဘဏ်ကနေလွှဲတယ်နော်.. တကယ်လို့များ ဘဏ်သာမရှိခဲ့ဘူးဆိုရင် အဲဒီငွေတွေကို လှည့်နဲ့ပို့မှာလား၊ ကားနဲ့ပို့မှာလား၊ လေယာဉ်နဲ့ပို့မှာလား.. အချိန်တွေကြာပါတယ်ဗျာ.. ဘဏ်ကနေပို့လိုက်လို့ အချိန်ပိုင်းအတွင်း ရောက်သွားတယ်ဆိုရင် ဘယ်လောက်များ အကျိုးရှိပါသလဲ.. ဘဏ်ရဲ့ အကျိုးကျေးဇူးတွေကို မေဓာဝီတို့လို နိုင်ငံခြားကိုရောက်နေသူတွေက ပိုသိကြမှာပါ.. အဲတော့ ကျေးဇူးကန်းတဲ့ပုံစံမျိုး မဖြစ်စေချင်ဘူး..

နောက်တစ်ခုက.. ခန္တီစ သည်းခံခြင်းသည် မြတ်သောမင်္ဂလာတစ်ပါးပါ..
နောက်ပြီး Bank Crisis ဆိုတာလည်း ဘာကြောင့် သုံးထားသလဲ မရှင်းပါ.. ဘဏ်တွေကပ်ဆိုက်တယ်ဆိုတာ ဘယ်ကအခြေအနေကိုပြောတာလဲ သိချင်ပါတယ်ခင်ဗျာ

အားလုံးကို ခင်မင်လေးစားလျှက်
ကိုကိုးအိမ်(မန္တလေး)

ကျွန်တော် ဘယ်တုန်းကမှ အမည်မသိနဲ့မရေးပါ.. ဒီနေရာတွင် အမည်မသိနဲ့ရေးသွားလို့ရပါသည်။ သို့သော် မရေးပါ.. စေတနာနှင့်ရေးပြထားခြင်းဖြစ်ပါသည်။ ထို့အတွက် အားလုံး သဘောထားကြီးနိုင်ကြလိမ့်မည်ထင်ပါသည်။

ကိုကိုးအိမ်(မန္တလေး) said...
This comment has been removed by the author.
အင်ကြင်းသန့် said...

@_@ @_@ _@ @_@

ကွန်မန့်တွေဖတ်လိုက်တာ ခေါင်းတွေမူးသွားပြီ။

ရွှေအိုးကိုတော့ အပင်ပန်းခံ လာမတူးတော့ပါဘူး။ မမရွှေစင်က ညီမလေးကို အမွေပေးမယ်ဆိုတာ သိပီးသား....ဟိဟိ

ချစ်ညီမလေး

Anonymous said...

မှတ်ပုံတင်အမှတ် ၁၂၃၄၅၆၇ နဲ. ငွေလွှဲတာကို ဘယ်ဘဏ်မှ ၁၂၃၄၅၆၈ လာသူကို ထုတ်ပေးမှာ မဟုတ်ပါဘူး၊
နိုင်ငံခြားမှာ နေကြသူတွေဆိုတော. L/C သုံးဘူးလားသိချင်မိတယ်၊ တစ်ခါပြင်ချင်ရင် စားရိတ်ဘယ်လောက်ကုန်တယ်၊ ဘယ်လောက်ကြာတယ်ဆိုတာ ကြားဘူးမယ်လို.ထင်ပါတယ်၊
ငွေလွှဲတဲ.သူ မှားတဲ.ကိစ္စ ဘဏ်ကို အပစ်မြင်တာ ဘယ်လို သဘောထားတွေလဲတောင်မသိတော.ဘူး၊

s said...

မရွှေစင်ဦး ရေ ရေးထားတာကြာပြီဆိုပေမယ့် အခုမှတွေ့လို့ဘဏ်ဆိုလို့ဖတ်မိတာပါ ညီမက ဘဏ်မှာအရမ်းအလုပ်လုပ်ချင်တဲ့သူတစ်ယောက်ပါ ကမ္ဘောဇ ဘဏ်မှာဆိုရင်သုံးခါတောင်အလုပ်လျှောက်ဘူးတယ် မရပါဘူး ဒါပေမယ့်ပထမဦးဆုံးတစ်ခေါက်ကတော့ညီမနဲ့အတူတူ ဘွဲ့ချင်းလည်းအတူတူ Certificate တွေလည်းအတူတူရထားတဲ့ညီမရဲ့အစ်မတစ်ဝမ်းကွဲတစ်ယောက်နဲ့အတူတူ လျှောက်လွှာတင်ခဲ့တယ် interview လည်းအတူတူပဲဖြေခဲ့ရတယ် ဒါပေမယ့် သူက အလုပ်ရပြီး ညီမကမရခဲ့ဘူး ဒါပေမယ့် အားမလျှော့ပဲ နောက်ထပ်နှစ်ခါထပ်လျှောက်ခဲ့တယ် မရခဲ့ဘူး အစ်မရေးထားသလိုပဲ" အခု ကျနော်တို့ နိုင်ငံ က ဘဏ် တခု ကတော့ စစခြင်း ဝန်ထမ်း ခေါ်တဲ့ အခါ ရွေးချယ် တဲ့ စည်းမျဉ်း တခု က မတတ်တာ က သင်လို့ ရတယ် တဲ့ မလှတာ က ပြင်လို့ မရဘူး တဲ့... လှ တာလေး ရွေးချင် လည်း ရွေးပေါ့ ဗျာ... ဒါပေမဲ့ ကြားလိုက်ရတာ တမျိုးကြီး ... ။'ဆိုတဲ့စာကိုဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်မတို့မြန်မာနိုင်ငံက အရည်အချင်း စိတ်အားထက်သန်မှုတွေကိုမကြည့်ပဲ လူတစ်ယောက်ရဲ့ရုပ်ရည်ကိုပဲ (လှတာကိုပဲ) ကြည့် ပြီးရွေးနေတော့ကျွန်မတို့လို ရွက်ကြမ်းရေကျို နဲ့အရမ်းကိုလုပ်ချင်လှပါချည်ရဲ့လို့ဆိုတဲ့လူတွေ ဘယ်လိုလုပ်ရမလဲတောင်မသိတော့ပါဘူး ဖြစ်နိုင်ရင် ကျွန်မလို မျိုး ဘဏ်မှာအရမ်းအလုပ်လုပ်ချင်ပြီး ရုပ်ရည်ကြောင့်မရတဲ့ညီမများ အစ်မများ ရှိခဲ့ရင်လည်း ကျွန်မလိုမဖြစ်ရအောင် ဘဏ်မှတာဝန်ရှိသူများလည်းသိရအောင် အစ်မကူညီပြီး ဒီ information ကို လူအများသိအောင် ကူညီပြီးဖြန့်ဝေပေးပါရှင်
P.S နောက်တစ်ခုရှိသေးတယ် ကမ္ဘောဇဘဏ်မှာအလုပ်ရချင်ရင် ပိုက်ဆံ ၁၀ သိန်း ပေးရင်ရတယ်တဲ့ အလုပ်ရချင်လို့ မိဘတွေကိုအလုပ်အကျွေးပြုဖို့ အလုပ်လုပ်ချင်တဲ့သူများ အဖို့ ဘယ်လိုလုပ်ပြီးပိုက်ဆံ၁၀ သိန်း ပေးနိုင်ပါမလဲရှင် ဒီ information များကို ဖြစ်နိုင်ရင် facebook ပေါ်မှာပါတင်ပေးပါလားရှင်

s said...

မရွှေစင်ဦး ရေ ရေးထားတာကြာပြီဆိုပေမယ့် အခုမှတွေ့လို့ဘဏ်ဆိုလို့ဖတ်မိတာပါ ညီမက ဘဏ်မှာအရမ်းအလုပ်လုပ်ချင်တဲ့သူတစ်ယောက်ပါ ကမ္ဘောဇ ဘဏ်မှာဆိုရင်သုံးခါတောင်အလုပ်လျှောက်ဘူးတယ် မရပါဘူး ဒါပေမယ့်ပထမဦးဆုံးတစ်ခေါက်ကတော့ညီမနဲ့အတူတူ ဘွဲ့ချင်းလည်းအတူတူ Certificate တွေလည်းအတူတူရထားတဲ့ညီမရဲ့အစ်မတစ်ဝမ်းကွဲတစ်ယောက်နဲ့အတူတူ လျှောက်လွှာတင်ခဲ့တယ် interview လည်းအတူတူပဲဖြေခဲ့ရတယ် ဒါပေမယ့် သူက အလုပ်ရပြီး ညီမကမရခဲ့ဘူး ဒါပေမယ့် အားမလျှော့ပဲ နောက်ထပ်နှစ်ခါထပ်လျှောက်ခဲ့တယ် မရခဲ့ဘူး အစ်မရေးထားသလိုပဲ" အခု ကျနော်တို့ နိုင်ငံ က ဘဏ် တခု ကတော့ စစခြင်း ဝန်ထမ်း ခေါ်တဲ့ အခါ ရွေးချယ် တဲ့ စည်းမျဉ်း တခု က မတတ်တာ က သင်လို့ ရတယ် တဲ့ မလှတာ က ပြင်လို့ မရဘူး တဲ့... လှ တာလေး ရွေးချင် လည်း ရွေးပေါ့ ဗျာ... ဒါပေမဲ့ ကြားလိုက်ရတာ တမျိုးကြီး ... ။'ဆိုတဲ့စာကိုဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်မတို့မြန်မာနိုင်ငံက အရည်အချင်း စိတ်အားထက်သန်မှုတွေကိုမကြည့်ပဲ လူတစ်ယောက်ရဲ့ရုပ်ရည်ကိုပဲ (လှတာကိုပဲ) ကြည့် ပြီးရွေးနေတော့ကျွန်မတို့လို ရွက်ကြမ်းရေကျို နဲ့အရမ်းကိုလုပ်ချင်လှပါချည်ရဲ့လို့ဆိုတဲ့လူတွေ ဘယ်လိုလုပ်ရမလဲတောင်မသိတော့ပါဘူး ဖြစ်နိုင်ရင် ကျွန်မလို မျိုး ဘဏ်မှာအရမ်းအလုပ်လုပ်ချင်ပြီး ရုပ်ရည်ကြောင့်မရတဲ့ညီမများ အစ်မများ ရှိခဲ့ရင်လည်း ကျွန်မလိုမဖြစ်ရအောင် ဘဏ်မှတာဝန်ရှိသူများလည်းသိရအောင် အစ်မကူညီပြီး ဒီ information ကို လူအများသိအောင် ကူညီပြီးဖြန့်ဝေပေးပါရှင်
P.S နောက်တစ်ခုရှိသေးတယ် ကမ္ဘောဇဘဏ်မှာအလုပ်ရချင်ရင် ပိုက်ဆံ ၁၀ သိန်း ပေးရင်ရတယ်တဲ့ အလုပ်ရချင်လို့ မိဘတွေကိုအလုပ်အကျွေးပြုဖို့ အလုပ်လုပ်ချင်တဲ့သူများ အဖို့ ဘယ်လိုလုပ်ပြီးပိုက်ဆံ၁၀ သိန်း ပေးနိုင်ပါမလဲရှင် ဒီ information များကို ဖြစ်နိုင်ရင် facebook ပေါ်မှာပါတင်ပေးပါလားရှင်