ရွှေစင်ဦး တယောက် စာမရေးနိုင်ဘဲ ပျောက်နေတဲ့ အတွက် ဘာတွေများလုပ်နေလည်း ဆိုတာ သိချင်တဲ့ သူများ အတွက် ရောက်တတ်ရာရာလေးတွေ ရေးပေးပါမယ်…။
အခု ရွှေစင်ဦး ခွဲရေး (ဝေခြမ်းရေး) တွေ လုပ်နေရပါတယ်… မင်းက တိုက်နှစ်လုံး ကား၅စီး ယူ ပြီးတော့ တရားဝင် သိန်းတရာ ယူ တရားမဝင် သိန်းတထောင် ယူ.. မင်းကတော့ အငယ်ဖြစ် နေတဲ့ အတွက် သိန်းငါးဆယ် ယူ ကားကတော့ ၄စီး ဆို တော်ပြီ လို့များ ပြောတာ ကို ကြားလိုက်ရရင်.. ရွှေစင်ဦးတော့ ဘိုးဘွားပိုင် မိထွေးပိုင် ပထွေးပိုင် အမွေပစ္စည်း တွေ ကို ဝေခြမ်းရေးလုပ်နေတာထင်တယ်. အမွေ ရတော့မယ် ဆိုပြီး အထင်ကြီး မသွားကြပါနဲ့… ရွှေစင်ဦး မှာ အမွေပေး မဲ့ ဘယ်ပထွေး ဘယ်မိထွေး မှ မရှိသလို ဘယ်အမွေမှ ရစရာ မရှိပါဘူး.. ဒါပေမဲ့ အဲလို ရချင်မိလို့ စိတ်ကူးယဉ်မိတာပါ.... ။
တကယ်တန်း... ရွှေစင်ဦးလုပ်နေတဲ့ အလုပ်က ဆိုင်က ကလေးများကို ဟင်းချက်ကျွေးနေရတဲ့ အတွက် ဟင်းများ ဝေစု ခွဲနေရခြင်း ဖြစ်ပါတယ်…။
ဆိုင်မှာ စားတဲ့ ကလေး ၁၁ယောက် အိမ်သားသုံးယောက်နဲ့ ဆိုရင် ၁၄ယောက်စာ ညမနက် ချက်ရပါတယ်…၊ အရင်ကတော့ အချက်အပြုတ် ဝါသနာ ပါတဲ့ ကလေးတယောက်ရှိတဲ့ အတွက် အဆင်ပြေ ပေမဲ့ အခု နယ်ပြန်သွားတဲ့ အတွက်… ဆိုင်မှာ ရှိတဲ့ သမီးတွေက အလှည့်ကျ ချက်ကြ ပါတယ်.. ကလေးတွေက သူတို့ ချက်ကျွေးရင် သိပ်မစားကြပါဘူး.. နောက်ပြီး အခုတလော အလုပ်များနေ တဲ့ အတွက် သူတို့လည်း မအားတော့ ချက်ပြုတ်ရေး တာဝန်က ရွှေစင်ဦး ခေါင်းပေါ် ရောက်လာပါတယ်… အားလုံး ကလည်း ကျနော် ချက်ရင် စားကောင်းတယ် လို့ထင်တဲ့ အတွက် ဟင်းများ မလောက်မငှ ဖြစ်လာ ပါတယ်.. ။
ဒါကြောင့် ချစ်ညီမ ကို ပုဂံ အသေးလေးတွေ ဝယ်ခိုင်းပြီး ဝေစုခွဲပေးနေရခြင်းဖြစ်ပါတယ်… တနေ့ တနေ့ ချစ်ညီမ ဝယ်လာတဲ့ ဟင်းတွေ တမျိုးပြီးတမျိုးချက် ရပါတယ်.. မမောပါဘူး ကလေးတွေ ကလည်း ဝိုင်းကူကြပါတယ်.. အင်း အားလုံးချက်ပြီးမှ ဟင်းခွက်လေး တွေထဲ ခွဲထဲ့ ရတာ ကျနော့် အတွက်တော့ အမောဆုံးပါဘဲ.. ဟင်းခွက်လေးတွေ အားလုံးညီအောင် အဆီအသားမျှအောင် အတုံးရေ ကိုက်အောင် လုပ်ရတာ ဦးနှောက်ခြောက်လွန်းလို့ ထွက်တောင်ပြေးချင်ပါတယ်….။
အဲဒါနဲ့ ကျနော်လည်း စဉ်းစားမိတယ်… သြ လူတွေ အမွေ များ ခွဲရင် ဘယ်နဲ့လုပ်ပါ့မလည်း လို့ … အမွေ လို့ ပြောတဲ့အခါမှာ မိမွေဘမွေ (ခံစားသင့်တဲ့ အမွေ) မျိုးကို ခွဲရတဲ့ အခါမှာ ပြသာနာမရှိပါဘူး.. မိဘတိုင်း ဟာ သားသမီး တိုင်းကို ပေးချင်တယ် ရစေချင်တဲ့ အတွက် မေတ္တာနဲ့ ပေးတာဖြစ်တဲ့ အတွက် သာသည်နာသည် မတွက်ဘဲ အားလုံးရသွားရင် ကျေနပ်ကြမှာပါ…။
အဲဒီလို မဟုတ်ဘဲ.. ပထွေးအမွေတို့ မိထွေးအမွေ တို့များ ခွဲရရင် ဒုက္ခလို့ ဘယ်ပထွေး ဘယ်မိထွေး မှ သူတို့ ရှာဖွေ ထားတာတွေ ကို မဆီမဆိုင် သူတို့ နဲ့ ဘာမှ မတော်စပ်… သူတို့ကို လည်း ဘာမှ အကျိုး မပြုတဲ့ မယားပါသားသမီး.. လင်ပါသားသမီး တွေကို ခွဲပေးရရင် အင်း တော်တော် နှမြောမှာပါ..နောက်ပြီး မသဒ္ဒါ ဘဲ ပေးရတာဖြစ်တဲ့ အတွက်အဆိပ်အပင်းဖြစ်မှာတောင် ကြောက်ရပါတယ်…ရွှေစင်ဦး တို့တော့ လိုချင်ပေမဲ့ ယူရဲပါဘူး ဗျာ… သံသရာ အဆက်ဆက် ကြောက်လွန်းလို့… ။

ကဲ… ဒါနဲ့ ရွှေစင်ဦး ရဲ့ တောရောက် တောင်ရောက် အရေမရ အဖတ်မရ တဲ့ စိတ်ကူးယဉ် ခွဲခြမ်းရေး သဒ္ဒါရေစာ… မသဒ္ဒါရေစာ ခွဲခြမ်းရေး တွေ ခဏထားပြီး ဒီနေ့ ချက်ထားတဲ့ ဟင်းလေးတွေကို ပြောပါမယ်.. မန္တလေး မှာ ဝက်တွေ ကလည်း ရောဂါရနေတဲ့ အတွက် အိမ်မှာ ဝက်မချက်တာ ကြာပါပြီ… ကြက်...ငါး.... ဥ တလှည့် စီ .. တခါတလေ လည်း ဥ နဲ့ ငါး တွဲရက် ... ငါးမကြိုက်တဲ့ ကလေးတွေ အတွက် ဥ ပေါ့… ။
ဒီနေ့တော့ ချစ်ညီမ က ဆိတ်သားဝယ်လာပါတယ်… ဆိတ်သားနှပ်ချက်ပါတယ်… ဆိတ်သား အနေတော် အတုံးလေး တွေ ကို ဂျင်းကြက်သွန်ဖြူထောင်း အရောင်တင် ဆနွင်း ဆား နဲ့ သံပရာသီး တလုံး ညှစ်ပြီး အားရပါးရ နယ်ပြီး နှပ်ထားပါတယ်… ကြက်သွန်ဖြူနီ ဂျင်း ဆီသပ်ပြီးမှ ဆိတ်သားပေါ်လောင်းချပြီး ဆိတ်သား ရေခမ်းသွားအောင် မွှေနေရပါတယ်.. ရေခမ်းတဲ့ အချိန်ကြမှ ရေ ဖြေးဖြေးချင်း ထဲ့ပြီး နူးအောင် တည် ရပါတယ် .. မဆလာ ခတ်ဖို့ လည်း မမေ့နဲ့နော် … ကဲ ဆိတ်သားဟင်း တခွက်တော့ ကျက်ပါပြီ…။
သရက်သီး မကြီးမငယ်လေးတွေ ဝယ်လာ ပါတယ်… ပဲသီးဝယ်လာပါတယ်… သရက်သီး လေးတွေ အခွံခွာပြီး ခပ်သေးသေး လေးတွေ လှီးပြီး ထောင်းပါတယ် ငါးပိ ပုဇွန်ခြောက် ငရုပ်သီး နဲ့ပါ… ထောင်းပြီးရင် ကြက်သွန်နီ ပါးပါးလှီးထဲ့ပြီး ဆီဆမ်း ပါတယ်.. မရမ်းသီးထောင်း လိုပါဘဲ.. မရမ်းသီးလောက် မချဉ်တဲ့ အတွက် ထမင်းမြိန်မှာတော့ သေချာပေါက်ပါဘဲ…။
ပဲသီးကြော်ပါတယ်.. မနေ့က အညာ ငရုပ်သီးထောင်းလည်း ကျန်ပါတယ်.. ဆိတ်သား မစားတဲ့ ကလေး တွေ အတွက်တော့ ဥကြော်ပါတယ်… အသားမစားတဲ့ ချစ်ချစ်ကြီး အတွက်တော့ squid ပါ.. ဓါတ်ပုံ ရိုက်တာ နောက်ကျလို့ ဟင်းကုန်ခါနီး ဖြစ်သွားတဲ့ အတွက် ဦးရာလူပေါ့ဗျာ... ကဲ... အားလုံး စားကောင်းကြ ပါစေ...။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
20 comments:
အညာဟင်းလေးတွေ လာစားသွားတယ် မမ.. သရက်သီးထောင်းလေးနဲ့သာ လွေးလိုက်ရလို့ကတော့ ထမင်းမြိန်ဦးမှာပဲ..
သရက်သီး ငါးပိထောင်းကတော့ ထမင်းမိန်မှာပါ၊
ဆိတ်သားအိုးကြီးနှပ်ချက်ကို သတိရတယ်၊
အယောက် ၁၄ယောက် စာချက်ရတာလွယ်မယ်မထင်ဘူး၊
အို... အယောက် ၁၄ ယောက်စာ ချက်ရတာ မလွယ်ဘူးနော်။ ပာုတ်ပါ့... ညီညီမျှမျှ ဖြစ်အောင် ပာင်းခွဲ ပေးရတာလည်း လက်ဝင်တယ်။ ငယ်ငယ်ကဆို အမေက အသားဆို ဘယ်နှစ်ဖက်၊ ကြက်ဥပာင်းချက်ရင် ဘယ်နှစ်ခြမ်း ဆိုပြီး သေချာ ရေတွက်ပြီး ရို့စ်တို့ ညီအစ်မ တတွေကို ခွဲဝေ ပေးတာ။ အစ်မ ရေးထားတာလေး ဖတ်ပြီး ငယ်ငယ်က အကြောင်းတွေ ပြန်စဉ်းစားမိတယ်။ ဆိတ်သားပာင်းလေး ချက်ထားတာ အနှစ်များများနဲ့ စားကောင်းမယ့် ပုံပဲ။ သရက်သီးကို အဲ့ဒီလို တစ်ခါမှ ထောင်းမစားဖူးလို့ မြည်းကြည့်ချင်လိုက်တာ။
ဖတ်ရတာ ပျော်စရာကြီး...
စင်းတွေ ချက်နေတာ ခွဲခြမ်းနေတာကို စိတ်မှန်းနဲ့ မြင်ကြည့်သွားတယ်... ပျော်စရာကြီး...
ဆိတ်သားမကြိုက်လို့ သရက်သီးထောင်းနဲ့ ပဲသီးကြေိာကို စားသွားတယ်...း))
အမဇင်....သတိရလိုက်တာ.....
အဲလို စားချင်တာကျ ချက်မကျွေးဘူး....ခုတော့ မြင်ရုံပဲ....ရှလွတ်....ငမ်းသွားတယ် အမရေ....:)
အင်းလေ အင်းလေ
အစ်မချစ်လိုဘဲ ပြောမှာ
သူ့လက်ရာစားချင်ပါတယ်ဆိုမှ ဆိုင်လက်ရာကြီးကျွေးတာ ကျေနပ်ဘူး..
မကြေပွဲလေး ပြန်နွဲဦးမယ်
မန္တလေးကို ရောက်အောင် ပြန်လာဦးမယ်
အဲခါကျ ညီမအတွက်လည်း ဟင်းခွက်လေးတစ်ခွက် ခွဲထားပေးပါ။ ဆိုင်မှာ မစားဘူးနော် အိမ်မှာ အစ်မတို့နဲ့ ကလေးတွေနဲ့ တူတူစားမယ် ဒါဘဲ.. မကျွေးရင် စိတ်ဆိုးမှာ
စကားမစပ် မြီးရှည်ကို နောက်တစ်ကြိမ်လိုက်ကျွေးနော် မစားခဲ့ရလို့ စိတ်မကောင်းဖြစ်နေတာ ဟီး
ဗမာပြည်လာရင်တော့ ဆိုင်မှာ လိုက်မစားဘူးနော်..
ရွှေစင်ဖြစ်ဖြစ် စစ ဖြစ်ဖြစ် ချက်ပါ..ကိုကြီးကျောက်လဲ ကူပြီးချက်မယ်..ခု လက်အတော်တက်လာပြီ..
ဗမာပြည်က ကလေးတွေကို ဒီမှာခေါ်ပြီး အသားဟင်းတွေ ကြွေးချင်လိုက်တာ..ဒီမှာ သားငါးကပေါတော့ ကြိုက်သလောက်စားကြစမ်း..
ခွဲရေးမှာ ခေါင်းမစားရဘူး...
အဲ....အသီးအရွက်က ဈေးးကြီးတယ်..ဒါတော့ ခွဲမှဖြစ်မယ်..
Wanna eat mango salad!
Wowww!!!
Delicious. :) :D
Ray
လူ ၁၄ ယောက်စာဆိုတော့ မလွယ်ပါလား၊
ဟင်းတွေကို ကြည့်ပြီး ဗိုက်စားတယ်ဗျာ ... :P
အညာဟင်းလေးတွေ လာစားသွားတယ်မမရွှေစင် အညာဟင်းတွေမျှော်နေတာကြာပြီ။ခဏခဏချက်ပြပါလို့
တောင်းဆိုပါတယ်မမရွှေစင်နဲ့မမစည်းစိမ်ရေ
အင်းဗျာ အခုတလောလဲ ကျွန်တော်လည်းမီးဖိုချောင်
ရောက်နေတယ်။
မနေ့ ကဆိုယင် ကြက်သားဆီပြန်ချက်ပြီးအာလူးလေးရောချက်တာလေ
အဲတာ ဘော်ဘော် တစ်ယောက်ကလာပြီး အိုးလှန်ကြည့်ယင်း နဲ့  သြော်... လမ်းဘေး က ရောင်းတဲ့ ကြက်သားဟင်းချက်နေတာကိုတဲ့ ဗျာ...
မယုံယင် သွားကြည့် ဘိုကလေးဈေးလမ်းဘေးမှာ အကို ချက်တဲ့ ကြက်သားဟင်းလိုပဲ တဲ့  အရည်ကျဲကျဲ နဲ့ ကြက်သား လမ်းဘေးကြက်သားတဲ့ ဗျာ။
အခုတော့ မရွှေစင်ဦးလဲ အိုးသူကြီး လုပ်နေတာကိုဗျ။ အညာဟင်းတော့ စားချက်သပ ဗျာ။ မန္တလေးဝင်လည်ယင်းလာစားမယ်နော် :P
ခင်တဲ့
မောင်မောင်
အနံ့ပါရလာသလိုပဲ အစ်မရွှေစင်ရေ..
မျက်စိထဲမှာလဲ ချက်နေတဲ့ ပုံ ကို မြင်ယောင်နေတယ်..
(အပေါ်ကအမည်မသိရှေးစာဆိုကကျနော်ပဲနော်)
အင်း....မမရွှေစင်လည်းပျောက် ညီမလေးလည်းပျောက်....
အညာဟင်းတော့စားဖြစ်အောင်လာစားတယ်။ ဆိတ်သားဟင်းနဲ့သရက်သီးထောင်း
စားချင်လိုက်ထှာာာာာာ....
အပြင်မှာလာလည်ရင် ချက်ကျွေးပါဦး။ :)
ချစ်ညီမလေး
ပြီးခဲ့တဲ့ 17 18 ကမန်းသွားရမှာ အကြောင်းကြောင်းကြောင့်မသွားလိုက်ရဘူး...။ မဟုတ်လို့ကတော့ တို့မကြီးလက်ရာစားရချည်ရဲ့...။ ခုတော့ သရက်သီးထောင်းလေးစားသွားတယ် အမြင်နဲ့..။ ဆိတ်သားတော့မကြိုက်လို့...။
ခင်တဲ့
မိုးငွေ့
မမရွှေစင်..
ကျွန်တော်ကတော့  အဲ့ ဒီ သရက်သီးထောင်းလေးနဲ့ 
ပဲကြီးဟင်း ဆို ပိုတောက်ကြိုက်သေးဗျာ..။
ငယ်ငယ်ကတော့ ဆိတ်သား စားသေးတယ်။
အရွယ်ရောက်မှ မစားဖြစ်တော့တာ။
သရက်သီးထောင်းတော့ စားချင်တယ်။
ခင်မင်သောအားဖြင့်
မြစ်ကျိုးအင်း
ဟိ..
နိုဝင်ဘာလ ကျရင် မန္တလေးကု လာလည်မယ်..
မကြီးဆီကို လာခဲ့မယ်နော်..
ခလေးတွေလို ဟင်းတွေကို ခွဲတန်းနဲ့ကျွေးမှာလား..။
မမစည်းစိမ်ကိုလည်း သတိရတယ်..
လာမြည်းသွားတယ် ..အစ်မရေ
တကယ်ဝင်စားရင် နောက်လူတွေအတွက်ကျန်မှာ ဟုတ်ဘူး ..:D
Post a Comment