Saturday, September 11, 2010

ပါသွားပြီ.. ပါသွားပြီ

အင်း ရွှေစင်ဦး မောတာလေး တွေ ကို ကိုယ့် အပေါင်းအသင်းလေးတွေ ပြောပြလိုက်ရင် အမောလေး တော့ ပြေစေတော့ ဆိုပြီး ဒီပိုစ့် လေးကိုရေးလိုက်ပါတယ်.. ကဲ စာဖတ်သူ မောင်နှမများ ရေ  အားပေး လိုက်ကြရအောင်....။

ရွှေစင်ဦး ဆိုင် မဖွင့် ခင်က ကွန်ပျူတာ လေး ခြောက်တိခြောက်ချက် သင်ပါတယ်... သင်တန်းကြီး မဟုတ်တော့ သတင်းစာထဲ ကြော်ငြာ လည်း မထည့်နိုင် .. သင်တန်းဖွင့်ပွဲ ဆိုပြီး မိုးပျံပူဖောင်း နဲ့ ဖဲကြိုး လည်း မဖြတ်နိုင်တော့ .. သင်တန်းသားလည်း မရှိပါဘူး....။

လူမသိသူမသိ အခန်းလေး ထဲမှာ P III စက် အိုလေး တလုံး နဲ့ စာသင်ချင်လွန်းလို့ နီးစပ်ရာ ဆွေမျိုး မိတ်ဆွေ များကို အလကား တဝက် ဖရီး တဝက် နဲ့ သင်ရပါတယ်... ဒါကို တက်မဲ့သူ က ရှားရှား ပါးပါး ပါ... ။

ကွန်ပျူတာ တော့ သင်ချင်သား ရုံးတဖက် နဲ့ ဆိုတော့ ရုံးချိန်လွတ်တဲ့ မနက် ၆နာရီ ဆို ဖြစ်လား ဆိုတဲ့ ပထမဆုံး တပည့် ဆွေမျိုးမကင်း ညီမ တယောက်ကိုလည်း ရတယ် ရတယ် ဆရာမ က ညသန်းကောင် လာလည်း သင်ပေးပါတယ် ဆိုပြီး ဆောင်းတွင်း မနက်ချမ်းချမ်းစီးစီး ထဲမှာ မနက် ၅နာရီထပြီး သင်ရမဲ့ တပည့်ကို မျှော်ရပါတယ်... ဒီကြားထဲက user မလာဘူး ဆိုရင် အစော ထရတာ အလကား ဖြစ်သွား တဲ့ အတွက် ရော်ပေး...ရော်ပေး ချစ်ချစ်ကြီး ဆိုပြီး အော်ရသေးတယ် (ကိုယ် နိုင်တဲ့ လူကို အနိုင်ကျင့် ရတာ အကျင့် ဖြစ်နေပါပြီ)....။

အင်း ဒီလိုနဲ့ ကွန်ပျူတာလေး တဘက်က သင်ရင်း နဲ့ တဘက် က UFL (English) တက်ပါတယ်... သင်တန်း ၂နှစ် ပြီးတော့ Term Paper လုပ်ရမယ်... ဆိုတော့ ချစ်ညီမ နဲ့ တိုင်ပင်ရပါတယ်... ဒို့ ၂ယောက် အတွက်လည်း လုပ်ရမဲ့ အတူတူ သူငယ်ချင်း တွေ အတွက်လည်း လုပ်ပေးရင်း ကွန်ပျူတာ ဆိုင်လေး ဖွင့်ရအောင် ဆိုပြီး အလုပ်စလုပ်ဖြစ်ပါတယ်...တပည့်တွေထဲက အလုပ်လက်မဲ့ လေးတွေ ကိုလည်း အလုပ်ပေးချင်တဲ့ စိတ် ကလည်း အဓိက ကျပါတယ်..။

အလုပ် စလုပ်တဲ့ အခါမှာ လည်း ကိုယ့် တပည့် ထဲက နီးစပ်တဲ့ တပည့်မလေး ကို အလုပ်စခန့် ပြီးတော့ ဆိုင်းဘုတ် မပါတဲ့ ဆိုင်လေး ကို အခန်းကျဉ်းကျဉ်း လေးထဲ မှာ ကွန်ပျူတာ ၂ လုံး နဲ့ အခြေတည် ဖြစ်ပါတယ်...။

ကိုယ့် ရဲ့ ပေပါ လေးကို references ပေါင်း များစွာ နဲ့ active ကို passive ပြောင်း  passive ကို active ပြောင်း (သင့် မသင့် ကိုယ်မစဉ်းစား .. မတူရင်ပြီးရောပေါ့).... ဟိုစာအုပ်ထဲက ဟာ ဒီစာအုပ်ထဲ ထည့်... စာအုပ် တအုပ်ထဲက ဟာကို ရှေ့ပို့နောက်ပို့ နဲ့ supervisor မျက်စေ့ လည်အောင် လုပ်ပြီး သကာလ ကိုယ့် တို့ ညီအမ နှစ်ယောက် (ချစ်ညီမ တော့ မသိ ကျနော့် အတွက်ပါ) ပေပါ ပြီးသွား ပါတယ်. ကိုယ့် တပည့် မလေး အတွက် အလုပ်မရှိတော့ ပါဘူး.... ဆိုင်းဘုတ် မရှိတဲ့ ဆိုင်လေး ထဲမှာ ဘာလုပ်နေမှန်း ဘယ်သူ သိမှာလည်း...။

ကျနော် တို့ ညီမ နှစ်ယောက် က..နီးစပ်ရာ  ဆရာ ဆရာမ သူငယ်ချင်း များနဲ့ မိတ်ဆွေ များကို လဘက်ရိုး မပါဘဲ ဒီလို ဒီလို ဆိုင်လေး ဖွင့်ထားပါတယ် ဆိုတာ အကြောင်းကြား ရပါတယ်... အားလုံး ကလည်း ကွန်ပျူတာ ရိုက်စရာ ရအောင် မင်္ဂလာဆောင် လက်ဖွဲ့ ဘူး ပေါ် ကပ်ဘို့ စာလေး တကြောင်း နှစ်ကြောင်း ကစပြီး ဆိုင်မှာ အားပေးကြပါတယ်... ။

သချာၤ က သူငယ်ချင်းဆရာ ဆိုရင်.. ဘယ်တုန်းကမှ ကျောင်းသား တွေကို  ကွန်ပျူတာ နဲ့ ရိုက် မပေးခဲ့ ပေမဲ့ ကျနော့်ဆိုင် ကို အလုပ်ပေးချင်လွန်းလို့ မနက်မနက် ဆို လက်ရေးနဲ့ ရေးထား တဲ့ စာရွက်လေး ၂ရွက် ကို ကိုင် ကိုင်လာပြီး ... စာရိုက်စရာ ရှိအောင် ဆိုင်ကို ဝင်ဝင် ပေးသွား ပါတယ်...။

အဲဒီ စာရွက် ကလေး ၂ရွက် နဲ့ တနေ့ကုန်အောင် ရိုက်ပြီး အလုပ် စခဲ့ရပါတယ်... နောက်ပိုင်းမှာတော့ အားလုံး ရဲ့ မေတ္တာနဲ့ အားပေးမှု့ကြောင့် အလုပ်တွေ.. များများ လာပါတယ်... ဒုတိယမြောက် တပည့် မလေး တယောက် ကို အလုပ် ထပ်ပေးလာနိုင်ပါတယ်....။

အင်း ဒုတိယ မြောက်တပည့်လေး (သမီး လို့ဘဲ သုံးပါမယ်...) ဟာ ကျနော် တို့နဲ့ ဘာသာ မတူ လူမျိုး မတူပါဘူး... အိမ်မှာ ရွှေပေါ်မြတင် ထားခံရတဲ့ သမီးပါ.. ရုပ်ကလည်းချော.. စိတ် သဘောထား ကလည်း ကောင်း တော့ ကျနော် တို့က တော်တော် ချစ်ပါတယ်... လွန်ခဲ့တဲ့ ၃ရက် ထိ ကျနော်စီမှာ အလုပ် လုပ်နေ ဆဲပါ...။

ကျနော် သူ့ကို အလုပ်ခန့် ဘို့ရာ တော်တော် စဉ်းစားရပါတယ်... ကွန်ပျူတာ ရိုက်ရတာ ပင်ပန်း ပါတယ် တနေကုန် ထိုင်ရတာ ဆိုတော့ ဖြစ်ပါ့မလား ပေါ့.. သူ့ အိမ် မှာ လည်း သူ ကအလိုလိုက်ခံ ဆိုတော့ စဉ်းစားရတာပါ. ဒါပေမဲ့ သူ ကလည်း သိပ် အလုပ်လုပ်ချင် နေတာဆိုတော့ လုပ်ခိုင်းလိုက်ပါတယ်.. အင်မတန် အေးဆေး ပြီး ..  အလုပ်ကျိူးစား တဲ့ သမီး ပါ.. မနှစ်က ကျနော် နှစ်သစ်ကူး ပွဲ လုပ် တော့ ရုံးတက်ရက် အမှန်ဆုံး ဆု သူဘဲ ရခဲ့ပါတယ်.. တနှစ်လုံး ပျက်ရက် ၃ရက်လောက်ဘဲ ရှိပါတယ်..။

အခုထိ ဆိုင်မှာ လုပ်တာ ၇နှစ်ထဲ ရောက်နေပါပြီ . ကျနော်ကလည်း အတော် ကိုသံယောဇဉ်ရှိ ပါတယ်..  သူကလည်း အဲဒီ အတိုင်းပါဘဲ..... သူ့မိသားစု အကြောင်းလည်း ပိုသိလာပါတယ်... မောင်နှမ ၁ဝယောက် အားလုံး ယောက်ကျား မယူ မိန်းမ မယူ နဲ့ ဒီ ညီမ..  နှမ အငယ်ဆုံး လေး ၂ယောက် ကို ဝိုင်းချစ် နေကြပါတယ် ... အမွှာညီမလေး လည်း သူ့မှာ ရှိပါတယ်... ရုပ်ရည် ကလည်း တော်တော် ချောပါ တယ်...။

ကျနော့် ဆိုင်မှာ အလုပ် လုပ်တာလည်း ကျနော် ဆိုင်မလို့သာ လုပ်ခိုင်းစေတာ လို့ဘဲထားပါတော့ ... တနေ့က ဆိုင်ပြန်တာ နောက်ကျလို့ ဆိုပြီး အလုပ်ထွက်ခိုင်းလို့ ကျနော့် မှာ ၆နာရီခွဲရင် ပြန်ခိုင်းပါမယ်.. အဲဒီကလည်း ၉နာရီ အရောက်လွှတ်ပါ ဆိုပြီး သဘောတူညီချက်တွေ ယူထားရပါတယ်...။

၉ နာရီ ထိုး လို့ မလာရင် စိတ်ပူရသလို.. ၆နာရီခွဲ ခါနီးရင် သူကွန်ပျူတာ က ထဘို့ လည်း သတိပေး ရပါတယ်... လွန်ခဲ့တဲ့ ၃ရက်လောက် ကတော့ ဆိုင်က အပြန် လမ်းမှာ ပျောက်သွားပါတယ်... အိမ်ပြန် မရောက် တာပါ.... ၇နာရီ မတ်တင်း ကထဲက ဖုန်း တဂွမ်ဂွမ် ဆက်နေတာပါ... ပြန်မရောက်လို့ ပြန်မရောက်လို့ နဲ့ ... ကျနော့် မှာ လည်း ထိုင်ရမလိုထရ မလို နဲ့ ၇ နာရီ လောက်ရောက်တော့ တအိမ်လုံး ဆိုင် ကို ချီတက်လာကြပါတယ်.. အကိုတွေကလည်း အားလုံး လိုက်ရှာကြနဲ့.. အားလုံး ဒုက္ခများ ကုန်ပါတယ်။

ကျနော် လည်း သူ နဲ့ အဆက်အသွယ် ရှိတဲ့ သူငယ်ချင်း တွေ အိမ်ကို သူ့သူငယ်ချင်း တွေ မေးစမ်းပြီး လိုက်ရပါတယ်.. အင်း စစ်ကိုင်း ကတဲ့... အဲဒီ ကောင်လေး ကလည်း ပြန်မလာဘူး တဲ့ (ကျနော် တို့ စစ်ကိုင်း ရောက်တော့ ၁၀နာရီထိုးနေပါပြီ)... ။

ယောက်ကျားလေး ဘက်ကဆိုတော့ ခပ်အေးအေး ပေါ့ဗျာ... ဒီဘက်ကလူ တွေမှာ တော့ အပူလုံး စို့ လို့ အားလုံး မျက်ရည် နဲ့ မျက်ခွက်... အဲဒါ ဘယ်မှာလည်း ဆိုတာ သိရရင် ကျေနပ်ပါပြီ ဆိုတာကို မသိဘူး ငြင်းသလို ... သူ့သား ပဲ မဟုတ်သလိုလို နဲ့ ဘူးခံပါတယ်.. ကျနော် တို့လည်း သတင်းကြားရင် ပြောပါ ဘဲ ပြောပြီး ပြန်လာပါတယ်...။

နောက်နေ့ ရဲတိုင်မယ် ဖြစ်ပါရော... အဲဒါနဲ့ စစ်ကိုင်း တိုင်း က ကျနော့် အကိုတော် အရာရှိမင်း ကို တိုင်ပင်တော့ အရွယ်ရောက် ပြီးသား မိန်းခလေး လိုက်သွားတာ ဘာမှု့နဲ့ ဖွင့်မှာလည်း ... ပြန်အပ်အောင် ရှာပေးအောင်ဘဲ သူ မျက်နှာပြပေးမယ် လို့ ပြောတဲ့ အတွက် သူ့အိမ်ကို အကျိုး အကြောင်း ပြောထားပါတယ်... အဲဒါကိုဗျာ ကျနော် က အကူအညီပေးတာ နဲ တယ်လို့ ထင်လား မသိပါဘူး... မန္တလေး မှာ အမှု့ဖွင့်ရင် ကျနော့် ဆိုင်က ပျောက်သွားပါတယ် ဆိုပြီး ကျနော့် တောင် လာချိန်းချောက် သလို ပြောသွားပါတယ်.. အပူမီးတောက်တော့ မဆင်ချင်နိုင်တော့ ဘူးပေါ့... ။

သူတို့ ပစ္စည်း တွေ လည်း ပါသွားတယ်ပေါ့ .. အကိုတော် ပြောတာတော့ ပစ္စည်း ကိစ္စ ကို အမှု့ ဖွင့်ရင်... သူတို့ သမီး နဲ့ဘဲ သက်ဆိုင် တယ် .. သူတို့ သမီး ကိုဘဲ အမှု့ဖွင့် ရမှာ လို့ပြောပါတယ်...။

အင်း ကျနော်လည်း ပါသွားတဲ့ သမီး က တယောက် .. အစ် အတွက် ခွင့်ယူထား တဲ့ သမီး က ၂ယောက် နေမကောင်း တာက ၁ယောက်... အားလုံး ကွန်ပျူတာ ကျွမ်းကျင် ကြီးဘဲ ဆိုတော့ အလုပ်က မနိုင်တော့ ဘူးဗျာ... ။

အင်း နောက်ဆုံးတော့ ကျနော့် အပူက ခင်ဗျားတို့ အပူဖြစ်တော့မယ် ကျနော့် ဘလော့မှာ တင်နေတဲ့ စာတွေ ရိုက်နေကြ ကလေး တွေ ကိုလည်း ကွန်ပျူတာ ဘက်မှာ ပို့ထားရတဲ့ အတွက် စာတွေ မပြီးပါဘူး .. ဒီနေ့ နဲ့ မနက်ဖြန် ၂ရက် ကို ရှိသလောက်ဘဲ တင်ပရစေ .. ခွင့်ယူသူတွေ ပြန်လာပြီး အလုပ် နိုင် သွားရင် တော့ ပုံမှန်ပြန်လည် တင်ပေးပါမယ်ဗျာ...။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

29 comments:

:P said...

သြော်... ဖြစ်ရလေ... အစ်မရယ်....
ကိတ်စနမရှိပါဘူး... နောက်မှ စုဖတ်လဲ ရတာပဲ...။
သူ့မိသားစုလည်း နောက်တော့ သူတို့ ပူထူနေတုံး မဆိုင်တာဆွဲထည့်မိတာ ဆင်ခြင်နိုင်လာမှာပေါ့....၊

Mamoonn said...

အော်..အမတော်..
အလုပ်တွေ မနိုင်မနင်းတွေ ဖြစ်ကုန်ပြီကိုး...
သနားပါတယ်..နာ့မမ..။

မောင်မောင် said...

မရွှေစင်ဦးရယ် သမီးကညာအခါ မလင့်စေ နဲ့ တဲ့။
သီးချိန်တန် ပွင့်ချိန် တန်လာပြီပဲလေ။
အချိန်တန်အိမ်ပြန်လာမှာပဲပေါ့ဗျာ။
တရာ နဲ့ သာဖြေပါဗျာ။
မှားသွားလို့  တရား နဲ့ ဖြေ လို့ ပြောတာနော်။
:P

ခင်တဲ့
မောင်မောင်

ahphyulay said...

အင်း...
ထင်သားပဲ ..၊
ခုနက တောင်ပြောလိုက်သေး.. ပုံနှိပ်တိုက်ပိုင်ရှင်လား..လို့ .
ုခုတော့  ဘယ့် နှယ်ရှိစ ..။
ကိုယ့် ဘာကိုယ်ရိုက်တော့  ပိုပြီး အုန်းကြူး သွားတာပေါ့ ။
တစ်ရာနဲ ဖြေ ပေါ့ ၊ သီးချိန်တန် လို့ ပွင့် တာပဲ။

Sonata Cantata said...

တိုက်ဆိုင်မှုတွေ ရှိနေတယ်
ဒီမှာလည်း ပါသွားလို့
သမီးတော့ မဟုတ်ဘူး
ညစ်နေတယ်နော့ :-(

သူကြီးမင်း (တုံးဖလား) said...

အော်.. ပါတော်မူသွားရှာပြီကိုး။
အမရွှေစင်... ပါသွားပြီးရင်လဲ ထပ်ခန့်လို့ရပါသေးတယ်လေ။ ခွင့်လွတ်လိုက်ပါ။ သူလဲ လောကီလူသားပေကိုး။

ခင်မင်စွာဖြင့်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

Ohh,

You will be busier than before.
By the way, i think i know her, your daughter.
:D

Ray

လသာည said...

အစ်မ တော်တော် သောကရောက်နေတော့မှာပဲ..။ ကိုယ်ချင်းစာပါတယ်။

ရပါတယ် စာတွေက ဖြည်းဖြည်းချင်းဖတ်မှာပေါ့.. အမြဲဆက်ဖက်နေမယ့်သူတွေပဲဟာ..။
အားလုံး (သူတို့ရော၊ အစ်မရွှေစင်တို့ မိသားစုရော) အပူငြိမ်းပြီး အစစအဆင်ပြေပါစေလို့ ဆုတောင်းမိပါတယ်။

ဇော်သိင်္ခ said...

ဆရာမရေ.. ပါသွားလို့ ဆိုလို့ ကျွန်တော့်အသိတွေများပါသွားတာလားလို့...
ဘယ်သူပါသွားတာလဲဟင်...တိချင်လို့ :)

စာတွေကတော့ ဖြေးဖြေး ပေါ့ ဆရာမရယ်. ဒီလောက်များတဲ့ စာတွေကို ဆရာမတို့မို့လို့ ရိုက်နိုင်.. တင်နိုင်တာ ... အဲဒီအတွက်လည်း ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

sosegado said...

ပါသွားပြီ ပါသွားပြီ ဆိုလို့အပြေးလာရတာ၊
သံယောဇဉ်တွေကိးု ပွင့်ချိန် ပါချိန်မို့လို့ဖြစ်မှာပါ။

ညိမ်းနိုင် said...

ပါသွားရှာပြီပေါ့နော်...။သံယောဇဉ် အမျှင်တန်းနေသူတွေမှာတော့ စိတ်ပူရှာမှာပေါ့လေ...။
သူကတော့ပျော်ရင်ပျော်နေမှာ...။
ကျွန်တော့်အတွက်ကတော့ ကြားကဟန်ကျတာပဲ..။
အလုပ်မအားလို့ စာမဖတ်ဖြစ်ပဲ ကြွေးကျန်နေလို့၊ခုတော့
သိပ်ပြီး ကြွေးတွေမပုံနေတော့ဘူးပေါ့း)

အုပ်ကြီး said...

သြော် ..အစ်မရေ ..
ပို့ စ်တွေ အေးအေးဆေးဆေးတင်ပါဗျာ ..
စာဖတ်သူတွေကိုလေးစားတဲ့အစ်မရဲ့ စိတ်ကို တော့
မချီးကျူးပဲမနေနိုင်ပါဘူးဗျာ ..
အားလုံးမြန်မြန်အဆင်ပြေပါစေဗျာ

လေးစားလျှက်
မောင်လေး အုပ်ကြီး

Anonymous said...

အမကြီးရွှေစင်ရေ
အမသမီးတွေများ အမကြီးတို့လို ၁၁နှစ်လောက်ကြာအောင်တွဲရင်ဘယ်လောက်ကောင်းမလဲလို့တွေးတုန်းရှိသေး ဂျာနယ်ကျော်မမလေး ရဲ့ သည်အပူ လည်း ဖတ်ဘူးသား ဟုတ် လျော့...လျော့ ဖူးစာပါရင် ဖာသာပူးတယ်လို့သာ အောင့်မေ့ရုံပ အားမွေးထား အမကြီးရေ သီတင်းတောင် အကျွတ်သေးဘူးနော

ချစ်ညီမ

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မ လက်ရုံးတွေပြုတ်ကုန်ပြီပေါ့။
မွေးထားတဲ့ မိဘတွေတောင် မပိုင်တာ ကိုယ်တွေကတော့ အဝေးကြီးပေါ့အစ်မရယ်နော်...
သားသမီးမွေးမထားတာတောင် ပူရတာ
တကယ်သားသမီးသာ မွေးထားရင် ဘယ်လောက်များ စိတ်ပူရမယ် မသိနော်။
လောကကြီးထဲ တိုးဝင်ချင်ပြီနေမှာပေါ့အစ်မရယ်
အပူမီးတွေဆိုတာ လူပြောသူပြောထက်ကိုယ်တိုင် စမ်းကြည့်ချင်လို့ ဖြစ်မှာပါ

ကောင်းမွန်ဝင်း said...

အစ်မရေ
ကိုယ်ပိုင်ရေးတက်လာတယ်ဆိုလို့ ပြေးလာကြည့်တာ။
အဖြစ်မှန်ဇတ်လမ်းနဲ့ပါထပ်တိုးနေတယ်။

သံယောဇဉ်ဆိုတာဒီလိုပဲအစ်မ။

အစ်မရယ် အားလုံးက စောင့်ဖတ်မှာပါ။
အလုပ်တွေလည်းအမြန်အဆင်ပြေပါစေ။
အစ်မလည်း အေးအေးဆေးဆေး ရေးပါ။

ခင်မင်လေးစားလျှက်

ရွှေရတုမှတ်တမ်း said...

အလို..ဝါတွင်းတောင် မအောင့်နိုင်တော့ပါလား..
ဟင်... ဝါတွင်းနဲ့သူတို့နဲ့ဘာဆိုင်လို့တုန်း..
အမီနာလေး လိုက်ပြေးတာ အဒူလမြစ် နဲ့ဆိုရင်တော့ ..
တော်ပါသေးရဲ့.. ဘုန်းကြီးလူထွက် ကိုဘကျောက် ဆိုရင်တော့..သေချာပေါက် အဖြတ်ခံရမှာ..အဲ.အမွေ...အမွေ.... (မဆိုင်တာတွေမတွေးနဲ့နော်..အဟီး)

မိုးယံ said...

သံယောဇဉ် .... သံယောဇဉ် နေ့မြင့်လို့.. အဲ........

ဝါမကျွတ်လို့ လိုက်ပြေးတယ်..... သံယောဇဉ် အိုး အိုးးးး...........

သံယောဇဉ်

သံယောဇဉ်မှ အစပြုသော သောကမီးကလေး ငြိမ်းပါစေ

မိုးယံ

မေဓာဝီ said...

ဒါလေးများ မရွှေစင်ရယ် ...
ကွန်ပျူတာ ကျွမ်းကျင်အဆင့် အလုပ်သမားတယောက်ရှိတယ်။
မြန်မာစာ အင်္ဂလိပ်စာ ပါဠိ ပါဌ်ဆင့် အကုန်ရ။ တမိနစ်ကို စာလုံးရေ ၆၀ နှုန်း၊ လက်ကွက်/ character map ကြည့်စရာမလို။ သတ်ပုံကျမ်း လှန်စရာမလို စာလုံးပေါင်း မှန်စေရမည်။ စာစီ စာရိုက် စာပြင် တည်းဖြတ် အားလုံးကို အာမခံဖြင့် ဆောင်ရွက်ပေးနိုင်တဲ့ မေဓာဝီကိုသာ ခန့်လိုက်စမ်းဘာာာာာာ :P

ကိုအောင် said...

တစ်နာရီကို ဘယ်လောက်ပေးမလဲ အမ၊ ကျနော် စာရိုက်ပေးမယ် ...း)

Anonymous said...

အမ...ဒါကြောင့်အလုပ်ရှုပ်နေတာကိုး..

အေးဆေးပါ..အမရွှေစင်ရာ.. အားမှ ရေး..စောင့်ဖတ်နေမှာပါ။

မြတ်နိုး

ယု said...

မနေ့က လောကီရတနာဖတ်ပြီးတော့ မျှော်နေသေးတယ်။ page ကို ခဏခဏ refresh လုပ်ပြီး နောက်နာရီဝက်ဆိုရင် တင်တော့မှာပါလေဆိုပြီး စောင့်နေတာ။ အေးဆေးပါ မရေ။ နောက်မှစုပြီးဖတ်တော့မယ်။
အစစ အရာရာ အဆင်ပြေပါစေ။

အင်ကြင်းသန့် said...

ပါသွားပြီ ပါသွားပြီ ဆိုလို့ ငါ့အစ်မဆီက ဘာတွေများပါသွားတာလဲလို့ မထိတ်သာ မလန့်သာရှိလိုက်တာ.....လက်စသတ်တော့ သြော်....သူလည်းလေ လောကီသားပေမို့ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်....အင်း...မိဘတွေရဲ့ ရင်ထဲက အပူကိုတော့ ခံစားနားလည်မိပါတယ်။

မမရွှေစင်ရဲ့
ချစ်ညီမလေး

မဗေဒါ (၈၈) said...

အမကြီး..

လာတာ ထုံးစံအတိုင်း နောက်ကျပါတယ်...။

အင်မတန်ကို မချိမဆန့် ရုပ်ဝေဒနာ တခုခံစားနေရလို့ပါ.. ( တနေကုန်.. ဖြစ်တက်တဲ့ ဝေဒနာ... ဒုက္ခသဘော.. မမက်သင့်တဲ့ ငါဆိုတဲ့ ဒီခနာကိုယ်ကြီးကို မြင်အောင် ကြည့်ပါသော်လည်း ဝေဒနာကိုပဲ အာရုံရောက်ပြီး သကာလ... ဘာကိုမျှ မလုပ်ချင်ပဲ ရှိနေသလို အလိုလိုကို စိတ်တိုနေရင်း....) ဒီမနက်တော့ အမကြီး အသစ်တင်တာတွေ့လို့ မဖြစ်မနေ ဖတ်နေရပါတယ်..။(မပြတ်တဲ့ သံယောဇဉ်များ)

အပူမီးတွေ နော်... ဘာမီးမှ မကောင်းဘူး...။ ဒီလောကီကို ပြတ်ဖို့ အတော် အတော်ကြီး ကို လိုပါသေးလားလို့ တရားသဘော ဆင်ခြင်သွားပါတယ်.. ( ဟို သူငယ်မ ...အမကြီး သမီးကတော့ အခုမှ စတိုးမဲ့ ဒုက္ခ အသစ် စက်စက်....အရမ်းပျော်နေမှာ အသေအချာပဲ... ဒါ ပဲ ပေါ့.. ရှိပါစေ့..လေ.. လောကီသား မှန်သမျှ ဒီဘဘာဝကိစ္စ လွတ်ဖူးရယ် နော်..ငယ်တုန်းရွယ်တုန်း ပိုဆိုး... အပစ်တင်လို့ မရဘူး... ဒေါသထွက်နေလို့ မရဘူး.. မလိုအပ်ပဲ အတင်းထိန်းချုပ်နေလို့ မရဘူး... မဆိုင်တဲ့သူတွေကို ရန်လိုနေလို့ မရဘူး... ဖြစ်ပြီးသွားတာကိုပဲ အကောင်းဆုံး လမ်းကြောင်းပေးရမှာ.. မလိုအပ်ပဲ ရုံးရောက်ဂိတ်ရောက်တွေ ဘာလုပ်မလဲနော်.. ) ..။

စာအမြဲ လာဖတ်တဲ့အပြင် အလုပ်အဆင်ပြေလားလို့ မေးတက်တဲ့ အမ..ကို ကျေးဇူးတင်ပါတယ်.. နောက် ပို့စ်က ဓာတ်ပုံကို မိတ်ကပ်လူးရင် လှသွားမယ်ပြောလို့ မဖုံးနိုင်တဲ့ ပီတီကိုလည်း ဖော်လှစ်ကြူးရင်း.. မက်မောနေဆဲ ပီတီကို ထပ်ခါထပ်ခါ ဖော်ပြသွားလေရဲ့...

အမကြီးလည်း ပုံနိုပ်တိုက်ကြီးတခု ထောင်ပြီး ချမ်းသာပြီးရင်း ချမ်းသာပါစေလို့...

စိန်ဗေဒါ

ချစ်ကြည်အေး said...

ဖြစ်ရလေ မမရွှေစင်ရယ်...ရပါတယ် စာတွေက အားမှ လူအားရှိမှ တင်ပါ။ အမရဲ့ သမီးလေး ပြဿနာသာ ပြေလည်အောင် ဖြေရှင်းပါလေ...။ မြန်မြန်အဆင်ပြေပါစေ အမရေ :)

ခနွဲ said...

ပါသွားပြီဆိုတော့ ဘာများပါလိမ့်လို့ဗျာ။ ဘုန်းကြီးအမှုရွာပတ်တယ်ပြောရမလား။ ပြောင်းပြန်လှန်ပြီးတော့ ရွာအမှု ဘုန်းကြီးပတ်တယ်ပဲ ပြောရမလားပဲဗျ။ ကျွန်တော်လည်း အဲဒီလို ကြုံဖူးခဲ့တယ်။ စာတော့ ပုံမှန်လာဖတ်ဖြစ်ပါကြောင်း။

Anonymous said...

အမ..အမသမီးခိုးရာလိုက်တာ သူတယောက်တည်းလိုက်သွားတာဟုတ်ဘူး..မ၀င်းမြင့်ပါခေါ်သွားတယ်တော့...
သူ့အိမ်က တရားစွဲရင်ပြောလိုက်ပါ.. ဒီဖက်ကလဲစွဲမယ်လို့နော်.. ဟီးး

မြတ်နိုး

ကိုဇော် said...

အဟဲ..ကိုဇော်တို့များ ကံကောင်းချင်တော့ မအားတဲ့ အချိန်မှာ အစ်မကလည်း စာတွေ မတင်နိုင် ဖြစ်နေတယ်။ အဆင်ပြေမှ အေးဆေး တင်ပေါ့ အစ်မရာ။ အခု လောလောဆယ်တော့ အုန်းကျူးလေးတွေပဲ ရေးထားပေါ့။

မြသွေးနီ said...

မရွှေစင်ရေ...
ဒါမျိုးကြတော့ ဘာမှကိုလုပ်လို့မရတာ..။
သံယောဇဉ် အပူမီးကို စာနာမိပါရဲ့..။
အမြန်ဆုံးအဆင်ပြေပါစေနော်..။
ကိုရီးယားစတိုင်အားပေးသွားမယ်..။
" အဂျာ.. အဂျာ...ဖိုင်တင်း !!!! "

မြစ်ကျိုးအင်း said...

ပါသွားပြီ ပါသွားပြီ ဆိုတာထက် ပွင့်သွားပြီ ပွင့်သွားပြီ ဆိုရင် ပိုမှန်မလားလို့။
သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် ဆိုလို့ပါ။