ဖျာပေါ်က နေလှန်းထား တဲ့ ပုဇွန်ပွခြောက် တွေကို ဂုံနီအိတ် ကြီး ထဲ ကုန်းကုန်း ထဲ့နေတဲ့ ဖွားသောင်း ကို ကြည့်ရင်း မြန်မြန် ပြီးသွားအောင် ကူထဲ့ ပေးလိုက်တယ်.. ဒီပုဇွန်ခြောက်တွေက ဧရာဝတီ မြစ်ကမ်းဘေး တံငါစု နဲ့ အင်းထဲ က ဈေးသည်တွေ လာရောင်းသမျှ ငါး.. ပုဇွန် တွေ ကို တနှစ်ပတ်လုံး ကြုံ ရင် ကြုံသလို ဈေးချိုချို နဲ့ ဝယ်ထားတာ တွေ.. အဲဒါတွေ ကို ဆားလေး နဲနဲ ထဲ့ ပြုတ်... နေလှန်း ပြီး စုထားတာ..... အဲဒီ ပုဇွန်ဆိတ် တွေ ကို တနှစ်ပတ် လုံး ဟင်းခတ် လုပ်တယ်... ။
တခါတလေ တော့ လည်း ဘယ်သူမှ မစားတဲ့ ငါးစင်စပ် ဆိုတဲ့ ငါးဖြူ ပြားပြား သေးသေးလေး တွေ ပြုတ်.. နေလှန်း ပြီး ကျွတ်ရွ နေမှ မောင်းဆုံ နဲ့ ထဲ့ထောင်း ... ပုလင်းထဲ ထည့်ထားပြီး ဟင်းခတ်မှုန့်လုပ်တယ်... ဖွားသောင်း အပြော အရ ဆိုရင်တော့ ဒီငါးထက် ချိုတာ မရှိတော့ဘူးတဲ့ .. ဟင်းခတ် လုပ်ရင် လေးပြီး ချိုတော့ တခြားဟင်းခတ် ထက် ပိုကောင်း တယ်ပြောတာဘဲ..၊ အဲဒီ ငါးလေး တွေ ကို အစို အတိုင်း ဘယ်သူမှ မစားဘူး.. တချို့ လူတွေသာ အကြော်မှုန့် လေးနဲ့ ရောနယ် ပြီး ... အကျွတ်ကြော် စားကြ တယ်...။
တကယ်တော့ ဧရာဝတီမြစ်ကမ်းဘေး က အဖွားတို့ မြို့လေး မှာ ဟင်းခတ် လုပ် စရာ တွေ များ ပေါလွန်း လို့... နောက်ပြီး အိမ်က လူတွေ ကလည်း အသား သိပ် မစားကြတော့ ဒီငါး တွေဘဲ နေ့တိုင်း တနေ့တမျိုး ဟင်း လုပ်စား နေရတာ...၊ ချက်ချင် တဲ့ ဟင်း ချက်စမ်းပါ .. ဒီ ငါးစို လတ်လတ် ဆတ်ဆတ် တွေ ပုဇွန် လတ်လတ် တွေ ပစ် ထဲ့ ပြီး ... ဟင်းခတ် လုပ်လိုက်ရုံပေါ့... ၊ ဒါပေမဲ့ ဖွားသောင်း က တမျိုး... ဟင်းချက်ရင် သူ လုပ်ထားတဲ့ အဲဒီ ပုဇွန်ဟင်းခတ် တွေ ငါးမှုန့် ဟင်းခတ် တွေ ကို သုံးမှ ကြိုက်တယ်... ဟင်းချက်မဲ့ ငါးကို ဟင်းခတ်.. လုပ်တာ မကြိုက်ဘူး....။
နေပူရှိန် နဲ့ ကျွတ်ရွ နေတဲ့ ပုဇွန် ဆိတ် တွေကို မောင်းဆုံ ထဲ ထဲ့ထောင်း အခွံ တွေ ပြာတည်း ပြီးတော့ ပုလင်း တွေနဲ့ ထည့်... ဟင်းချက်ရင် သုံးပေတော့ ဘဲ.. တနှစ်စာ မပြတ်စေရဘူး ၊ ဟင်းချိုမှုန့် တွေ သုံး ရင်လည်း မကြိုက်ဘူး...ဟို နေ့က ကျနော် က စမ်းပြီးတော့ အချိုမှုန့် နဲနဲ ခပ်လိုက်တာ .. အမယ်လေး သိတယ်ဗျ နင်တို့ ဟင်းချိုက ချိုရဲကြီး ဘာတွေ ထဲ့ လည်းတဲ့....။
နောက်ပြီး အခုလို အထက်ဘက်က အဖွား တို့ ရွာ သွားရင် ဒီကနေ တနှစ်လုံး သူကိုယ်တိုင် လှမ်းထားတဲ့ ပုဇွန်ခြောက် တွေ ယူသွားပြီး ဟိုက ကောက်ညှင်းဆန် တွေ ဆန်တွေ နဲ့ ပြန် လဲ ယူလာတယ်... ဖွားသောင်း က အဖေ့ အဒေါ် ကျနော်တို့ ဖွားလေး တော်ပါတယ်..၊ ကျနော် က ကျောင်းပိတ်ထားတုန်း အဖွား ရွာ သွားချင်တာ.. အဖေ က မအား တော့ ဖွားသောင်း နဲ့ သွား ဆိုလို့ သွားရမှာ ... အဲဒီတော့ ဖွားသောင်း ရဲ့ ကဂျီကဂျောင် လေး တော့ နဲနဲ ခံရမှာ ပေါ့...။
အခုလည်း ကြည့် .. နဲတဲ့ အထုတ်ကြီး မဟုတ်ဘူး.... လှည်းကြုံ မရှိလို့ ကတော့ ကိုယ့် ခေါင်းပေါ် ရောက်မဲ့ အထုတ်ကြီး ကြည့်ကြည့် ပြီး သက်ပြင်းတချချ နဲ့ မော်တော် ပေါ် ရောက် လာတယ်... ဒီအထုတ်ကြီး ထဲမှာ ပုဇွန်ပွခြောက် တွေ အပြင် လလက်ခြောက်တွေ နဲ့ တခြား တိုလီမိုလီ တွေက ပါသေး တယ် ... ၊ သင်္ဘော က တကောင်း ဆိပ် ကနေ ညဘက် စီးလာတာ ကသာ ရောက်တော့ မိုးလင်းလုပြီ...။
ကသာ ရောက်တော့ မှ အင်းတော် ကို ကားထပ်စီးရတယ်... ၊ တော်ပါသေးတယ် ကားမှီလို့ ... မမှီရင် ကသာ မှာ တည အိပ်ရမယ်... တနေ့လုံးမှ တစီးထဲ ထွက်တဲ့... ရှားရှားပါးပါး ကားကြီး တွေ့ပြန်တော့ လည်း အဖွားရွာ သွားချင်စိတ်လေး က ပျောက်သွား ပြန်တယ်... ဂျီအမ်စီ ၂ ထပ်ကား ကြီး တွေ့လိုက် လို့ဘဲ...၊ အောက်တထပ် နဲ့ သစ်သား ကျဲကျဲ ခင်းထားတဲ့ အပေါ် တထပ် ...၊ ၂ထပ်ကားကြီး... ဝက်တွေ နဲ့ လူတွေ ဘာများ ခြားနား သလည်း လို့ စဉ်းစားမိတယ်..... ဒီကားပေါ် မှာတော့ အတူတူပါဘဲ.. ။
ကားပေါ် ရောက်တော့လည်း .. သူ့ အထုတ်ကြီး ထိတဲ့ သူတွေ နဲ့ ဖွားသောင်း နဲ့ က တရန်.. ခဏနေ အထုတ်ကြီး ပိလို့ ခဏ နေ အဲဒါကြီး က နင်တို့ မှီ စရာ မဟုတ်ဘူး နဲ့ နောက်ပြီး အထုတ်ကြီး ကျော် ကျော်ပြန်ပြီ.. နင်း... နင်းမိပြန်ပြီ နဲ့ ..... အင်းတော် ရောက်မှ နားအေး တော့တာဘဲ... အင်းတော် ရောက်တော့ ရွာလူကြုံ ရှာတာ မတွေ့ပါဘူး... လှည်းကြုံ လည်း မရှိတော့ ကဲ ကိုယ်ခြေထောက် ကိုယ်သုံး ပြီး လျှောက်ကြစို့ တဲ့ ... အထုတ်ကြီး ပြသာနာ က လာပါပြီ ... လူ့ ၂ဆ လောက် ရှိတဲ့ ဒီအထုတ်ကြီး သယ်ဘို့ ကို ဘယ်လို ရှင်းမလည်း .. ။
ကဲ ဖွားသောင်း ရေ ကျနော် ဘဲ အထုတ်ကြီး ရွက်ခဲ့ မယ်ဆိုတော့... အမလေး လေး တဲ့ ဒီလောက် ကတော့ ဖွားသောင်း တို့ က အပျော့ ဘဲ .. ဒီပုဇွန်ခြောက်တွေ လဘက်ခြောက် တွေက ဘာလေးမှာလည်း ... ကိုယ့်ဘာသာ ကိုယ်ဘဲ ကြွ ဆိုလို့ အဝတ်ကလေး လေးငါးစုံ နဲ့ အဖေ ကန်တော့ လိုက်တဲ့ အဖွားအတွက် တဘက် လေး တထည် နဲ့ ယောဂီ ရောင် ထမိန်လေး ပါတဲ့ အိတ် ကလေး စလွယ်သိုင်း လွယ်ပြီး လမ်းဘေး တလျှောက် ပေါ့ ပေါ့ပါးပါး လျှောက်လာခဲ့တယ်.... သိပ် မကြာပါဘူး ထင်း တိုက်လာတဲ့ လှည်း ကြုံ နဲ့ တွေ့ လိုက်လို့ အထုတ်ကြီး တင်ပေးလိုက်တယ်... ။
လမ်း တလျှောက်လုံး အင်းတိုင်း တောတွေ... အချိန်ကလည်း မိုးဦး ကျစ အင်ဥ တွေ ပေါ်တဲ့ အချိန် ဆိုတော့... တလမ်းလုံး အင်ဥ တွေ ကလည်း ကောက်လို့ ကောင်းလိုက်တာ... သဲမြေပွပွမှာ အက် ကြောင်း လေး များပေါ်နေရင် ယက်ချလိုက် အင်ဥ အတွဲလိုက် တွေ့တော့တာဘဲ ၁၅လုံး အလုံး၂၀ လောက်ကတော့ အသာလေး... ၊ တခါတလေတော့ လည်း အရွက်ခြောက်လေးတွေ သစ်ကိုင်းခြောက် လေးတွေဘေးမှာ ဖြူနု နေတဲ့ အင်ဥ လေးတွေ က အစီအရီ.... ရင့်တယ် လို့ ထင်ရင် အရေးလုပ်ပြီး တော့ ကို မကောက် တော့ ဘူး....။
ဖွားသောင်း တဟဲ့ဟဲ့ အော်နေတဲ့ ကြားက ကို အင်ဥ ၂ပြည် သားလောက်တော့ ရ အောင်ကောက်ခဲ့ တယ်... အဖွားရွာ ရောက်တာနဲ့ တန်းပြီး ရေလေးဆေး ဆားလေး နဲနဲ ထဲ့ ပြီး ပြုတ်စား လိုက်တယ် နုထွတ် နေတဲ့ အင်ဥ လေးတွေ ပါးစပ် ထဲတင် အရည်ပျော်သွားသလိုဘဲ .. စားလို့ ကောင်းလိုက်တာ....။
အဖွားရွာ သွားချင်တာလည်း ဒါမျိုးတွေ စားချင်လို့ သဘာဝ အရသာ တွေကို နှစ်သက် လွန်းလို့ သွားခဲ့ တာ ဆိုတော့ ... အင်ဥ တွေ ပြုတ် ဝင်ခလုပ် ထွက်ခလုပ် နဲ့ အားရအောင် စားခဲ့တယ် ...၊ တောထဲ ထိ လိုက် သွားပြီး အသီး အရွက် တွေ တွေ့သမျှ လိုက်ခူး.. ဟင်းပေါင်း၊ ဟင်းလှော် လုပ်စား.....၊ မှို ရှာ ထင်းရှာ လုပ် မှိုကျင်း ကလည်း တွေ့ လိုက်တာ ခဏ ခဏ ... မှို တွေကို မရိုးနိုင်အောင် တမျိုးပြီး တမျိုး လုပ်စားတယ် (မှိုပေါင်း.. မှိုချဉ်...မှိုစော်လားထောင်း.. မှိုပြုတ်... မှိုကြော်) မှို တွေကလည်း အမျိုးပေါင်း ကို စုံနေ တာပါဘဲ... စားမကုန် ရင် ဟင်းခတ်လုပ်ဘို့ အခြောက်လှန်းထားလိုက် ကြတာဘဲ... အဖွားတို့ ရွာက ဟင်းခတ် က မှိုခြောက်... နောက် ဖားခြောက်...။
အင်း ဖား ရှာတော့ မလိုက်ရဲဘူး ... ဖားတွေ မရိုက်ရဲလို့.. အဖွားတို့ ရွာမှာ အခုလို မိုးဦးကျမှာ တနှစ်စာ ဖားရှာ ရတယ် .....၊ မိုးရွာရင် အိမ်တိုင်း စေ့ ကလေး လူငယ် လူကြီး အကုန် ထွက် ဖားရိုက် ဘဲ ... ရွာမှာ အသား တွေ ငါးတွေ စားချင် ရင် ကိုယ့် အိမ်ရှိ မှ ကိုယ်စားရ တာ ဆိုတော့ .... အသား စားဘို့ ဟင်းခတ် လုပ်ဘို့ ကတော့ ဒီဖားတွေ ဘဲ အားထားရတာ... တခါတလေ အင်းတော် ဈေးကြုံ ရှိရင် စားချင်တဲ့ အသား မှာ စား လို့ ရတယ်.. ဒါပေမဲ့ အကြောင်းထူး မရှိဘဲ ဘယ်သူ မှ အရေး အရာ လုပ်ပြီး မှာ မစားကြ ပါဘူး.. မှာခဲ ကြ ပါတယ်...။
နောက်တခါ ဧည့်ကောင်း စောင်ကောင်း လာရင် ... အိမ်သား တယောက်ယောက် ခံတွင်း တောင်း လာရင် တော့ အိမ်မှာ ရှိတဲ့ ကြက် ရိုက်သတ် ချက်လိုက် ကြတာဘဲ... ကြမ်းတယ် လို့ ဘယ်သူမှ မထင်ကြ ဘူး .... ၊ လုပ်ရိုး လုပ်စဉ် တွေ အဖြစ် သဘောထားကြပေမဲ့ .. ကျနော် ကတော့ မျက်စေ့ ရှေ့တင် ရိုက်သတ် ထား တဲ့ ကြက်သားဟင်း ကို မစားရဲ သေးတာ အမှန်ဘဲ....။
နောက် အခုလို မိုးဦး ကျ မှာ ရိုက်မနိုင်အောင် ထွက်လာတဲ့ ဖားပေါင်စင်းလေး တွေ အကုန်လုံး ရေနွေး တည် ပြုတ်.. အခြောက်လှန်း ဘယ် ဟင်းချက်ချက် .. အဲဒီ ဖားတွေ ပစ်ထည့် လိုက်တာဘဲ ... ဖားသား ကလည်း ချိုတယ်... ကျစ်ကျစ်လေး စားလို့ကောင်းတယ်... ဒါပေမဲ့ ကျနော် ကတော့ အခုထိ ဖား အကောင် လိုက်တွေ ကို မစားရဲ သေးဘူး.. အဖွား ရေ ဟင်းချက်ရင် အဖွား အကောင်တွေကို တုံးတစ် ထဲ့ ဆိုလို အဖွားက တဟားဟား ရယ်ရင်း .. ငါ့မြေးကလည်း အတူတူ ဘဲ ဘာ ထူးမှာလည်း လို့ ပြောရင်း.... ကျနော့် အလိုကျ ချက်ပေးပါတယ်.. နောက် လယ်ထဲက ကောက်လာ တဲ့ ပုဇွန် လုံး လေးတွေ ကို မကျီးရွက် နဲ့ ချက် တာလည်း ကျနော် ကြိုက်တာဘဲ.... ။
အဖွား တို့ ရွာက ဖားချက်တွေ အကြောင်းပြောရင်းနဲ့ မှ အဖွား ရွာက ညီမ ဝမ်းကွဲ တယောက် ၁ဝ တန်း အောင် လို့ လုပ်အားပေး စာလိုက်သင်တုံးက သူတပည့် ကလေး လေး တယောက်ဖိတ်တဲ့ ထမင်းစားပွဲ အကြောင်း ကို ပြောပြတာ ပြန်သတိရ လိုက်မိသေးတယ်...၊ ညီမ လုပ်တဲ့ သူက အနီး အနား က ရွာကလေး မှာ လုပ်အားပေး ဆရာမ သွားလုပ်တော့ သူတပည့် လေးတန်း ကျောင်းသားကြီးက ထမင်းစား ဖိတ်သတဲ့ ... ။
အစားအသောက် ဆင်းရဲလွန်း တာ ရယ် သူ့တပည့် ရွာကလေး ကိုလည်း ရောက်ဘူးချင်တာ ရယ်ကြောင့် ၄တန်း ကျောင်းသားကြီး ဖိတ်တဲ့ ထမင်းစားပွဲ ကို တက်ရောက်ခဲ့ပါသတဲ့... ဟိုရောက်လို့ ထမင်းဝိုင်း လက်ဆေး ထိုင်ပြီး ဟင်းတွေ ကြည့်လိုက်တာနဲ့ ... စားချင်သောက်ချင်စိတ် တွေ ပျောက်သွား ပါတယ်လို့ ပြောလာတာ နဲ့ ဘာဟင်းတွေ လည်း ဟ ဆိုတော့ အင်း ဖားလေးတွေ က ဘောလုံး လေးတွေ ပိုက်လို့ က တခွက် ... ငါး ရေမဆေး ဟင်းက တခွက်တဲ့ ... ။
ဘာ.. ဘာ ဟင်း ဆိုတော့ မှ အမယ်လေး လေး အာလူးသေးသေး လေး တွေ ကို အခွံ မခွာဘဲ ဖား အကောင် လိုက် နဲ့ ဒီတိုင်း ချက်ထားတော့ ဖားလေး တွေ က အာလူး ညိုညို လေး တွေ ပိုက်လို့ ကျနော် တောင် စားရမှာ ရွံ့ တယ် ဆိုလို့ ... ရီလိုက်ရသေးတယ်.. သူတို့ ရွာမှာ (အဖွားတို့ ရွာ) လည်း ကင်ပွန်း ချဉ် တို့ ချဉ်ပေါင် တို့ များ ချက်ရင် ဖားလေးတွေ က အချဉ်ရွက် ကလေး တွေ တပွေ့တပိုက် နဲ့ ဟင်းအိုး ထဲ မှာ ပေါလော ပေါလော....။
ငါးဟင်းကလည်း အဲဒီအတိုင်း ဘဲတဲ့ ငါး အကောင် လတ်လတ် တွေကို ရေမဆေး ချီးမဖောက် အကျည်း မထိုး ဘဲ ဒီတိုင်းချက်ကြတယ်တဲ့... ၊ ထမင်း ပန်းကန်ထဲ ရောက်မှ အားလုံးဖယ်စားရတယ်တဲ့...၊ အိမ်ခြေ ၅ဝ လောက် ရှိတဲ့ တကယ့် တော ခေါင်ခေါင် က ရွာသိမ်လေးပါ.... အဖွားရွာ လေးကတော့ ဒီလောက် မဆိုး သေးပါဘူး...။
အင်း အဖွား ရွာအကြောင်း ပြန်ဆက်ရရင် ... အဖွားရွာ ရောက်တဲ့ အခါ ကျနော့် အကြိုက် ခရုချက် ကလေး လည်း ခဏခဏ ချက်စားဖြစ်တယ်..။
ရွာထိပ် က ကန်ကြီးစပ် မှာ ဒါမှမဟုတ် ရွာဘေး က ချောင်းလေး မှာ ခရုကောက်.... အိမ်ဘေး ဆူးပုတ်ကြီး ပင် က ဆူးပုတ်ကြီး နုနု လေး တွေ ခူး ပြီး ထည့်.. အိမ်ရှေ့ မှာ အလေ့ ပေါက်နေတဲ့ ငရုပ်သီး လတ်လတ် တွေ ထောင်း ထည့် .... ငရုပ်သီး နိုင်နိုင် .. အရည် စပ်စပ် ချက်ထား တဲ့ ခရုချက် ကလေး များ ချက် ရင် ခရုဆံ တွေ ကို တရွှီးရွှီး နဲ့ စုတ် စားလိုက် ... တရူးရူး တရှဲရှဲ နဲ့ အရေ ချိုချို လေး သောက်လိုက် ဆူးပုတ် ဆိမ့်ဆိမ့်လေး ဆယ် စားလိုက် ...။
အဖွား ရွာရောက်တိုင်း စားလို့ မဝနိုင် တဲ့ ခရုချက် ကလေး ကို အခုထိ မကြာခဏ အိမ်မက် ထဲမှာ ချက် စားဖြစ် တုန်း..။
မေ့လို့ မရတဲ့ အဖွားတို့ ရွာကလေး ကို အချိန်တန်တော့လည်း နှုတ်ဆက်ခဲ့ ရတာဘဲနော်...။
ဘာရယ် မဟုတ်ပါဘူး... အင်ဥချက်ကလေး ချက်စားရင်း နဲ့ အဖွားတို့ ရွာ အကြောင်း ရေးချင်စိတ် ပေါ်လာ တဲ့ အတွက် လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က အဖွားတို့ ရွာကလေး အကြောင်း နဲနဲ ရေးလိုက် ပါတယ်... အခုတော့ ဒါတွေ အားလုံး ဟာ အိမ်မက် တွေ ဖြစ်သွားပါပြီ.. တောတွေလည်း ပြုန်းသွားပြီ... အရင် တုန်း က လှည်းကြုံတောင် ရှားလွန်း လှတဲ့ ရွာလေးမှာ ဆိုင်ကယ်တွေ တဝီဝီ .. ထော်လာဂျီ တွေ တဒိုင်းဒိုင်း ... အင်းတော် နဲ့ လည်း အိမ်ဦး နဲ့ ကြမ်းပြင်...
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

------------------------------------------------ ။-------------------------------------------------------
ဘာရယ် မဟုတ်ပါဘူး... အင်ဥချက်ကလေး ချက်စားရင်း နဲ့ အဖွားတို့ ရွာ အကြောင်း ရေးချင်စိတ် ပေါ်လာ တဲ့ အတွက် လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က အဖွားတို့ ရွာကလေး အကြောင်း နဲနဲ ရေးလိုက် ပါတယ်... အခုတော့ ဒါတွေ အားလုံး ဟာ အိမ်မက် တွေ ဖြစ်သွားပါပြီ.. တောတွေလည်း ပြုန်းသွားပြီ... အရင် တုန်း က လှည်းကြုံတောင် ရှားလွန်း လှတဲ့ ရွာလေးမှာ ဆိုင်ကယ်တွေ တဝီဝီ .. ထော်လာဂျီ တွေ တဒိုင်းဒိုင်း ... အင်းတော် နဲ့ လည်း အိမ်ဦး နဲ့ ကြမ်းပြင်...
(အဖွား တို့ ရွာကလေး စာစု အတွက် ချစ်ညီမ စည်းစိမ်ရှင် အား ကျေးဇူးအထူးတင်ပါသည်... )
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
30 comments:
အမရွေစင်
်.. စားစရာတွေ ပေါနေတက်တဲ့ တခါက အဖွားတို့ ဒေသကလေးက တော်တော်လေး နေလို့ထိုင်လို့ ကောင်းမှာပဲ.. နောက် ဒီလို သဘာဝ ကပေးတဲ့ အရသာ ရှိတဲ့ ငါးလေးတွေ စားရတာ တော်တော် ကောင်းတာပဲ.. ။ အဟာရည်းဖြစ်.. ငွေလည်းမကုန်နော်..။
ငါးကလေးတွေကို အခုလိုအိုးကပ် ကလေး.. ဒီတိုင်း ဘာမဖောက်ညာမဖောက်ပဲ ချက်စားတာ မဗေဒါ လည်းကြိုက်တယ်..။ သဘောတွေ့တယ်..။
တောပြုန်းတာလား အဟဲ.. ဟိုဘက်.. ဒီဘက် က ယူလို့ ကုန်ပြီလို့ ပြောလိုက်ချင်သေး.. အမှန်က ဒေသခံတွေက ပင်ကို သဘာဝအသိနဲ့ သူတို့ ထိမ်းသိမ်းတာလေးတွေ လုပ်တက်တာ သတိထားမိတယ်.. အဲဒါကို ကောင်းတဲ့ အတွေးအခေါ်လေးတွေ ထည့်ပေးလိုက်ရင်တော့ ရှယ်လည်လည်ပဲ..။ အားလုံး ထိမ်းသိမ်းတက်သွားမှာ.. ပေါ့..။ ဒါပေမယ့်လေ မူ..တွေ ဘောင်တွေ တရားဝင်ပဲချပြီး ဘာမှအထောက်အကူမပေးပဲ.. ကိုယ်ကိုယ်တိုင်က ယူသုံးနေလို့ကတော့ ပြောင်တာပဲ အဖက်တင်မယ်အမရေ.. ။
မဗေဒါ (၈၈)
နှိပ် စက် ရက် လိုက် တာာာာ
မြန်မာအစ တကောင်းက တဲ့၊ သာကီနွယ်တွေပဲ၊
အင်ဥကြော် ကြိုက်တယ်၊ ဒီစာလေးဖတ်ပြီး သူငယ်ချင်းတွေငြင်းကြတာသွားသတိရလိုက်တယ်၊
အင်ဥ၊ အင်ပင်၊ အင်တုံ၊ အင်ဖက်၊ အင်ပျဉ်၊ အင်ကြင်း၊ အင်တင်တင်၊ အင်တွဲ ဘယ်လို့ဆက်စပ်လည်း အရေမရ အဖတ်မရ ငြင်းကြတာ၊ ဟုတ်တယ် အဲဒီတုန်းက အင်ဥကစလိုက်တာ၊
ညီမလေးက ကိုယ့်နာမည်မှာသာ အင်ပါတာ...အင်ဥတော့ မစားဖူးဘူး...မမရေးထားတာလေးတွေ ဖတ်ပြီး ညီမလေးရဲ့ အဖွားတို့ ရွာလေးကိုတောင် သတိရသွားပြီ...
ချစ်ညီမလေး
လွန်ခဲ့တဲ့ အနှစ်အစိတ်လောက်က အင်းတော်၊ဗန်းမောက်နေခဲ့ရတာသတိရလိုက်တာ၊ ခရုတော့ ခုထိမစုပ်ရဲသေးဘူး၊ အင်းတော်ကနေ ဗန်းမောက်ပြန်တော့ လမ်းမှာ တုံစီတံတား၊ မဲဇာချောင်းတံတားတွေကျိုးနေတော့ ခြေလျင်လျှောက်ပြီး လမ်းတလျှောက် အင်ဥ၊ မျှစ်၊တွေချိုးပြီး ဟင်းပေါင်း ဟင်းလှော်နဲ့ စားသွားရတာ၊
လွမ်းမိပါသေး....
အင်ဥ. . အင်ဥ နဲ့. .
ချားဘူးသေးဘူးဂျ။ ကိုင်းဥ နဲ့ ဝဥ ကတော့ လွှတ်ကြိုက်သကိုး။ ကိုင်းဥများဆို တရုတ်တန်းရောက်တာနဲ့ ဝယ်စားပြီးသားပဲ။ ခရုကတော့ ဒီရောက်မှ စားဖူးတာဗျ။ ဒါပေမဲ့ ကျနော် မကြိုက်တာကလည်း မရှိပေါင်ဗျာ။
အမစာဖတ်ရတော့ အင်ဉစားချင်စိတ်ပေါက်
လာတယ်၊သိတ်ကြိုက်
လှတယ်တော့မဟုတ်၊
သို့ပေမယ့်၊အမေက
အရမ်းကြိုက်တော့၊အိမ်
မှာ ခဏခဏ၊ချက်စား
ဖြစ်တယ်လေ။ခုတော့
ဒါတွေ ဝေးတာ ကြာပေါ့
အမရေ..မအားလပ်ပေမဲ့ အနားယူချိန်တိုင်း အမစာကို အငန်းမရဖတ်ဖြစ်တယ်။
အမရာ ပျော်စရာကြီးနော်..။
ကျနော်ကတော့ ရွာကို ၁၂နှစ် အရွယ်ထိပဲ ရောက်ဖူးတယ်။ မေမေတို့ရွာ မေမေကမရှိပေမဲ့ ဖေဖေကလိုက်ပို့တယ်။နောက်ကျတော့ ဖေဖေ့ဖက်က အချစ်ပိုသွားမှာဆိုးလို့ မေမေတို့ရွာကို မပို့ပေးတော့ဘူး။လွမ်းတယ်...သစ်ပင်ပေါ်တက်ပီးဆော့ရတာ။တဲအိမ်လေးတွေဆောက်တာ ချောင်းထဲမှာရေသွားငုပ်တာ..လွမ်းတယ်အမရာ..။
မေမေတို့ရွာမှာ မှတ်မိနေတာက ၂ ရွာ..ဟိုးးးး ကျိုက်မရော မုဒုံ မော်လမြိုင် ကြားကထင်တာပဲ မှတ်မိတော့ဘူး။မှတ်မိတာ ၂ရွာပဲ။ ကရင်ရွာပေါ့။ အိမ်တွေက ခြေတံရှည်မှာ လှေကားက သစ်လုံးကို အထစ်လုပ်ပီးတက်တာ။ ကျနော်ကပျော်တယ်။အဲလိုတက်ရတာ။ ဒါပေမဲ့ .. ကျနော်အမေရဲ့ အမျိုးအတော်များများကတော့ ဗမာအိမ်ပုံစံပါပဲ။ လှေကားနဲ့ သစ်အိမ်ပေါ့။ ဒါပေမဲ့ ၂ရွာမှာ ၁ရွာကကျနော်တို့ဘွားလေးအိမ်က အိမ်သာရှိဘူး။ ဘွားလေးက အသက် အဲ့တုန်းက ၁၀၁နှစ်။ ကျနော်ငယ်ငယ်က အဲ့သွားရင် ၀မ်းချုပ်တာပဲ။ လုံးဝကိုမသွားတတ်လို့ကိုမသွားတာ။ ဒါကြောင့် ကျနော်က အဲ့ရွာမှာနေဘူး။ ဒါပေမဲ့ အဲ့ရွာက ၀ါးကြမ်းခင်းအိမ်ကလေးတွေကို သွားလည်ဖူးတယ်။ ခြေလှမ်းလိုက်တိုင်း ကျွံကျမှာကြောက်တယ်။ ပြန်တွေးရင်တောင်အသဲယားတယ်။ဟီး
ကျနော်က ဦးဦးရွာမှာပဲနေတယ်။ ဦးဦးက အဲ့မှာ ကျန်းမာရေးဝန်ထမ်းဆိုတော့ အိမ်ကလည်းကြီး ရေလောင်းအိမ်သာနဲ့ဆိုတော့..နေရတာအဆင်ပြေတယ်။ ဆန်စက်နဲ့ဆီစက်လဲရှိတော့ ဆော့ရတာလဲ ရှယ်ပဲ။ စပါးပုံပေါ်ကနေ ဒိုင်ဗင်ထိုးရတာ သိပ်မိုက်တာပဲ။ ကောက်ရိုးခံပီး လှည်းစီးရတာလဲ ကြိုက်တယ်။ သတိရလို့ လျှောက်ရေးတာ အရှည်ကြီးပဲ။
အမရေ.. ကျနော်တို့က ကရင်တွေဆိုတော့ အမပြောသလို ဦးဦးတို့က ဖားတွေချက် ကြွက်တွေချက် မြွေတွေချက် ကျနော်ကတော့စားပါဘူး။ ကြက်သားဆိုလဲ စားဘူးသူတို့ သတ်သတ်နေတာတွေ့လို့။ ဦးဦးက အဲဒါကြောင့် ကျနော်သွားရင် ငါးပုစွန်ဝယ်ပီးချက်ကျွေးရတယ်။ ဟင်းသီးဟင်းရွက်ပဲစားတယ်။..ဘာပဲဖြစ်ဖြစ် အဲ့တုန်းကဆော့ရတာကို အစားထက်မက်တယ်။ သိပ်ပျော်စရာကောင်းတာပဲ။ သင်္ကြန်ဆိုလဲ ကရင်သင်္ကြန်ထမင်း အရမ်းမိုက်တယ်။ ကျနော်က တောသွားရင်များသောအားဖြင့် မန်ကျည်းရွက်ဟင်းချိုလေးရယ် ငပိကြော်လေးရယ် ထညင်းသီးလေးရယ်နဲ့ပဲ စားဖြစ်တာများတယ်။ စားချင်တယ်..အမရယ်..။ (အမ ကြွားသလိုဖြစ်သွားသလားမသိဘူးနော်..တကယ်သတိရသွားလို့ရေးမိတာ)
ဖေဖေ့ဖက်ကကျတော့ ဧရာဝတီဖက်ကဖြစ်ပေမဲ့ တခါမှရောက်ဖူးဘူး။
ဒါကြောင့် ရွာဆိုတာတွေရဲ့အကြောင်းသိချင်တယ်အမရေ..ရေးပေးပါနော်။ပီးတော့ အမ.. ရွာကလူတွေ နေထိုင်စားသောက်တာလေးတွေပါရေးပေးပါနော်။ အမကိုယုံတယ်။အမရေးတာဖတ်ရတာ ရိုးသားမှုရှိတယ်။ဒါကြောင့်ပူဆာတာ။
အမပြောတဲ့ အင်ဥဆိုတာ တခါမှမစားဘူးဘူး။ ပုံကိုတောင်သေချာချဲ့ကြည့်သွားတယ်။
မြတ်နိုး
အမရေ..မအားလပ်ပေမဲ့ အနားယူချိန်တိုင်း အမစာကို အငန်းမရဖတ်ဖြစ်တယ်။
အမရာ ပျော်စရာကြီးနော်..။
ကျနော်ကတော့ ရွာကို ၁၂နှစ် အရွယ်ထိပဲ ရောက်ဖူးတယ်။ မေမေတို့ရွာ မေမေကမရှိပေမဲ့ ဖေဖေကလိုက်ပို့တယ်။နောက်ကျတော့ ဖေဖေ့ဖက်က အချစ်ပိုသွားမှာဆိုးလို့ မေမေတို့ရွာကို မပို့ပေးတော့ဘူး။လွမ်းတယ်...သစ်ပင်ပေါ်တက်ပီးဆော့ရတာ။တဲအိမ်လေးတွေဆောက်တာ ချောင်းထဲမှာရေသွားငုပ်တာ..လွမ်းတယ်အမရာ..။
မေမေတို့ရွာမှာ မှတ်မိနေတာက ၂ ရွာ..ဟိုးးးး ကျိုက်မရော မုဒုံ မော်လမြိုင် ကြားကထင်တာပဲ မှတ်မိတော့ဘူး။မှတ်မိတာ ၂ရွာပဲ။ ကရင်ရွာပေါ့။ အိမ်တွေက ခြေတံရှည်မှာ လှေကားက သစ်လုံးကို အထစ်လုပ်ပီးတက်တာ။ ကျနော်ကပျော်တယ်။အဲလိုတက်ရတာ။ ဒါပေမဲ့ .. ကျနော်အမေရဲ့ အမျိုးအတော်များများကတော့ ဗမာအိမ်ပုံစံပါပဲ။ လှေကားနဲ့ သစ်အိမ်ပေါ့။ ဒါပေမဲ့ ၂ရွာမှာ ၁ရွာကကျနော်တို့ဘွားလေးအိမ်က အိမ်သာရှိဘူး။ ဘွားလေးက အသက် အဲ့တုန်းက ၁၀၁နှစ်။ ကျနော်ငယ်ငယ်က အဲ့သွားရင် ၀မ်းချုပ်တာပဲ။ လုံးဝကိုမသွားတတ်လို့ကိုမသွားတာ။ ဒါကြောင့် ကျနော်က အဲ့ရွာမှာနေဘူး။ ဒါပေမဲ့ အဲ့ရွာက ၀ါးကြမ်းခင်းအိမ်ကလေးတွေကို သွားလည်ဖူးတယ်။ ခြေလှမ်းလိုက်တိုင်း ကျွံကျမှာကြောက်တယ်။ ပြန်တွေးရင်တောင်အသဲယားတယ်။ဟီး
ကျနော်က ဦးဦးရွာမှာပဲနေတယ်။ ဦးဦးက အဲ့မှာ ကျန်းမာရေးဝန်ထမ်းဆိုတော့ အိမ်ကလည်းကြီး ရေလောင်းအိမ်သာနဲ့ဆိုတော့..နေရတာအဆင်ပြေတယ်။ ဆန်စက်နဲ့ဆီစက်လဲရှိတော့ ဆော့ရတာလဲ ရှယ်ပဲ။ စပါးပုံပေါ်ကနေ ဒိုင်ဗင်ထိုးရတာ သိပ်မိုက်တာပဲ။ ကောက်ရိုးခံပီး လှည်းစီးရတာလဲ ကြိုက်တယ်။ သတိရလို့ လျှောက်ရေးတာ အရှည်ကြီးပဲ။
အမရေ.. ကျနော်တို့က ကရင်တွေဆိုတော့ အမပြောသလို ဦးဦးတို့က ဖားတွေချက် ကြွက်တွေချက် မြွေတွေချက် ကျနော်ကတော့စားပါဘူး။ ကြက်သားဆိုလဲ စားဘူးသူတို့ သတ်သတ်နေတာတွေ့လို့။ ဦးဦးက အဲဒါကြောင့် ကျနော်သွားရင် ငါးပုစွန်ဝယ်ပီးချက်ကျွေးရတယ်။ ဟင်းသီးဟင်းရွက်ပဲစားတယ်။..ဘာပဲဖြစ်ဖြစ် အဲ့တုန်းကဆော့ရတာကို အစားထက်မက်တယ်။ သိပ်ပျော်စရာကောင်းတာပဲ။ သင်္ကြန်ဆိုလဲ ကရင်သင်္ကြန်ထမင်း အရမ်းမိုက်တယ်။ ကျနော်က တောသွားရင်များသောအားဖြင့် မန်ကျည်းရွက်ဟင်းချိုလေးရယ် ငပိကြော်လေးရယ် ထညင်းသီးလေးရယ်နဲ့ပဲ စားဖြစ်တာများတယ်။ စားချင်တယ်..အမရယ်..။ (အမ ကြွားသလိုဖြစ်သွားသလားမသိဘူးနော်)
ဖေဖေ့ဖက်ကကျတော့ ဧရာဝတီဖက်ကဖြစ်ပေမဲ့ တခါမှရောက်ဖူးဘူး။
ဒါကြောင့် ရွာဆိုတာတွေရဲ့အကြောင်းသိချင်တယ်အမရေ..ရေးပေးပါနော်။ပီးတော့ အမ.. ရွာကလူတွေ နေထိုင်စားသောက်တာလေးတွေပါရေးပေးပါနော်။ အမကိုယုံတယ်။အမရေးတာဖတ်ရတာ ရိုးသားမှုရှိတယ်။ဒါကြောင့်ပူဆာတာ။
အမပြောတဲ့ အင်ဥဆိုတာ တခါမှမစားဘူးဘူး။ ပုံကိုတောင်သေချာချဲ့ကြည့်သွားတယ်။
မြတ်နိုး
ဟင်အမ..အမပုံက မှိုတွေဟုတ်တယ်မှတ်လား..အင်ဥဟုတ်ပါဘူး
အပေါ်က anonymous ရေ
အမရိုက်ထားတာ အင်ဥ တွေပါ .. သူက အင်ပင် ရှိတဲ့ နေရာမှ ရတယ်
အမ ထင်တာက အင်ဥ ဆိုတာလည်း မှိုတမျိုးဘဲ ဖြစ်မယ် ထင်ပါတယ်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
အဲဒီလို ဟင်းခတ်မူန့်တွေ လိုချင်လိုက်တာ၊ ဘယ်မှာ ရှာရပါ့။
အင်ဥအရမ်းကြိုက်တာပဲ၊
စားချင်လို့ ငိုတောင်ငိုချင်သွားတယ်၊ စာဖတ်ပြီး ငိုမဲ့မဲ့နဲ့ ပြန်သွားပါပြီ၊
ပြန်ရင်း ရွတ်သွားပါတယ် ...
ပုဇွန်ခြောက်၊ ကင်ပွန်းချည်၊ ချဉ်ပေါင်ဟင်း၊ မန်ကျည်းရွက်ဟင်းချို
ဟင်း ..... sighing ....
ရွှင်လန်းချမ်းမြေ့ပါစေ
မရွှေစင်ဦး ကတော့ အစုံစားဖူးတာပဲ ဗျို့ ။
အင်ဥ ဆိုတာ ကြားဖူးတယ် ဒါပေမယ့် မစားဖူးခဲ့ဘူး။
ဖားသား လဲ မစားဘူး။ ထိုင်း ရောက်မှ တပည့်တွေ လိမ်ကျွေးလို့  စားခဲ့တယ်။
ကျေးလက်ဒေသ တွေမှာတော့ ဟင်းစားရဖို့ ဆောင်းပါး
ထဲကလို ပဲ ရှာဖွေစုဆောင်းရတာ တော့ ကြုံဖူးပါတယ်။
မြို့ ပေါ်တွေမှာ လို အဆင်သင့် ဈေးက ၀ယ်စားရတာမျိုးမှ မရှိကြတာလေ။
အင်း ဖားလေးတွေ က ဘောလုံး လေးတွေ ပိုက်လို့ က တခွက် ... တဲ့
;'(
ညက်ချိထဲ ပုံဖော်ကြည့်တာတောင် ချိတ်ညစ်တွားတယ်မမရေ... ဒီမှာလဲ ဖားတွေအရမ်းပေါတယ်(ဈေးပေါတာမဟုတ်၊ ပစ္စည်းပေါတာ)။ အရေခွံချွတ်ပြီူသားလေးတွေရောင်းတာ.. မြင်တာနဲ့တင် ချိတ်ညစ်တယ်... သူတို့ အရေခွံချွတ်နေတဲပ အချိန်တွေ့ရင် ပိုဆိုးသေးတယ်...
ဟင်းသီးဟင်းရွက်တွေ ဖောဖောသီသီရတာတော့ သဘောကျတယ်မမရေ... ခု တောပြုန်းကုန်ပီဆိုတော့ မရှိတော့ဘူးပေါ့နော်...ရွာသားတွေ သနားစရာနော်...
ကသာ အင်းတော် သက္ကယ်ကျင်း အောင်းကုန်း ရောက်ဖူးတယ်။ အင်းတော်အင်းကလဲ အကြီးကြီးဘဲလေ။ ကျနော်တို့ကတော့ အင်းတော်အင်းကို အင်းတော်လေးအင်းလို့ ခေါ်ပြီး ဟိုပင်အနောက်တောင်တန်းအကျော်မှာရှိတဲ့ အင်းကြီးကိုတော့ အင်းတော်ကြီးအင်းလို့ ခေါ်တယ်။
အင်ဥတွေက ကျနော်တို့ဘက်လဲ ပေါမှပေါဘဲဗျ။ ဒါပေမဲ့ ကျနော်တို့က အင်ဥလို့ ခေါ်တာထက် မှိုစေ့လို့ ခေါ်တယ်။ တွေ့ကရာနေရာတွေမှာ ပေါက်နေတာတော့ မဟုတ်ဘူး။ အင်တိုင်းတောတွေထဲမှာဘဲ ပေါက်တာ။ ဒါကြောင့်မို့လဲ အင်ပင်အောက်မှာ ပေါက်တဲ့အတွက် အခြားအရပ်ကလူတွေ အင်ဥလို့ ခေါ်ကြတာထင်ပါတယ်။ ဥကနေ အပင်မဖြစ်တော့ဘဲ ရင့်သွားရင် ဖွာထွက်ကွဲကျသွားပါတယ်။
ပြောရင်းနဲ့ကို သတိရလာသလိုလိုဖြစ်လာပြီ။ အခုလို မိုးဦးကျကာလမှာ အပေါဆုံးဘဲ။
ပျော်ရွှင်ပါစေ
မရွှေစင်'ဥ'ရဲ့ အင်ဥတွေစားပြီး သွေးတက်လို့ စာမကြည့်နိုင်တော့ဘူး။ အလျော်ပေးတဲ့အနေနဲ့ အင်ဥများများ အင်ဖက်နဲ့ ထုတ်ပြီး အင်ဂလန်ကို အင်တိုက်အားတိုက် ပို့ပေးပါ။
စည်းစိမ်ရှင်.. ရေးသည်လား..းD
အင်ဥဟင်း တအားကြိုက်တာ..။ အင်မှိုလည်း တအားကြိုက်..
နောက်ပြီး ကင်ပွန်းချဉ်နဲ့ ပုဇွန်ဆိတ်ဟင်း ဆို မီးဖိုချောင်ထဲကို ၀င်လိုက်ထွက်လိုက် ထမင်းစားလိုက် ဟင်းစားလိုက်ပေါ့..
ပြောရင်းစားချင်လာပြီ ဘယ်လိုလုပ်ရမလဲ..
လသာည ဖြစ်ပါတယ်း))
ဟုတ်လားအမ..အဲဒါအင်ဥလား မှိုလိုပဲနော်..
မြတ်နိုး
အင်ဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥဥ ...ကဲ ..မှတ်ပီလား ..
မနေနိုင်လို့ နောက်တခါပြန်လာကြည့်တာ။ အင်ဥ အရမ်းကြိုက်တာ။ ဒါပေမဲ့ အောက်ဘက်ကို ရောက်မှ စားဖူးတာမို့ အောက်အရပ်က အစာလို့ပဲ ထင်နေခဲ့မိတယ်။ ပဲခူးတိုင်းဘက်မှာတုန်းက မိုးဦးကျတာနဲ့ ပေါပေါများများ စားခဲ့ဖူးတယ်။ ဒါပေမဲ့ ဧရာဝတီတိုင်းဘက်ရောက်တော့ သိပ်မတွေ့တော့ပြန်ဘူး။ စားတဲ့ အလေ့အထနဲ့လည်း ဆိုင်မယ် ထင်တယ် အစ်မ။
အပေါ်ခွံလေးက ထုတ်ထုတ် ထုတ်ထုတ် အရသာရယ်၊ အထဲအနှစ်က ထွေးထွေးစီးစီး အရသာရယ်။
SIGH!!!
စာချစ်သူ အပေါင်းတို့
အင်ဥ အရမ်းကြိုက်ပါတယ် ဒါပေမဲ့ ချစ်ညီမ က ကျွေးခဲတယ်
သူက နုထွတ် နေတဲ့ အင်ဥ တွေကို စားနေကြဆိုတော့ ဒါတွေ မကောင်းလို့ မကျွေးတာပေါ့
ဒီနှစ်တော့ သူကိုယ်တိုင် ဝယ်လာကျွေးတယ် နုထွတ်နေတဲ့ အင်ဥ လေးတွေ စားလို့ကောင်းလွန်းလို့ အင်ဥ နဲ့ ပတ်သက်တာလေး ရေးချင်တယ် ဆိုလို့ ချစ်ညီမ က data တွေ ရှာဖွေပေးပါတယ်
ဒါကြောင့် အောက်မှာ ချစ်ညီမ ကို ကျေးဇူးတင်ကြောင်း ရေးထားပါတယ်
အားလုံးကို ကျေးဇူးတင်ပါတယ်
လေးစားစွာဖြင့်
ရွှေစင်ဦး
အဖွားတို့ရွာဆိုတော့ ကိုယ့်ရွာပဲပေါ့နော်၊ လွမ်းစရာလေး တွေရေးပြတော့လည်း ငယ်ငယ်တုန်းက တောရွာမှာနေ ခဲ့တဲ့အကြောင်းတွေပြန်သတိရမိတယ်။ အင်ဥကို ဟိုတုန်းက မကြိုက်ခဲ့ပေမယ့် အခုတော့ မစားလည်း သတိရနေတယ်လေ။
း) အင်ဥ စားကောင်းတယ် ထားဝယ်မှာပေါမှပေါ
း) ဂလုစာတွေချည်းဖတ်နေရတယ်ဗျာ့း)
ငယ်ငယ်ကလွမ်းစရာကောင်းတဲ့အကြောင်းလေးကို
ဖတ်ပြီးလွမ်းသွားရတာပဲမမရွှေစင်...။အလွမ်းတွေနဲ့
ပြည့်နေပြီးမမရွှေစင်ရေ..။
ခင်တဲ့
ညီမသဒ္ဓါ
အစ်မရေ
ညီမက အထက်အရပ်သူဆိုတော့ အစ်မပြောတဲ့ အင်ဥရော ဖားရော၊ ခရုရော အားလုံးကို စားဖူးပါတယ်..
တောတောင်ပေါတဲ့ အရပ်ဖြစ်တော့ အဲဒီအစားအစာတွေက ပေါလဲပေါပါတယ်..
ဒီအစားအစာတွေက မြို့မှာ မရနိုင်တဲ့ အစားအစာတွေပါ..
အစ်မစာလေးဖတ်ပြီး ငယ်ငယ်က ပျော်စရာလေးတွေ ပြန်သတိရသွားပြီ..
လယ်ကွက်တွေထဲ လယ်ထွန်ချိန်ဆို ငါးလိုက်ကောက်ကြတာသတိရမိတယ်..
ပျော်တော့ ပျော်ပါရဲ့... ဒါပေမဲ့ မျှော့တွယ်လို့ ထွက်ပြေးကြရတာအမော..
း)
နောက်တော့မှ မရွှေစင်နဲ့ မစည်းစိမ်ကို အလည်ခေါ်ဦးမယ်.. လယ်ထဲ ငါးလိုက်ကောက်ရအောင်
မျှော့တွယ်လို့ထွက်မပြေးကြေးနော်...
အင်ဥမစားရတာလည်း ကြာ....လှပြီ
စားရတုန်းကတော့ လုံးဝမကြိုက်ခဲ့ဘူး
အခုပြန်စားရရင်တော့ ကြိုက်မှာပါ
အင်ဥက နုမှ စားကောင်းတာနော်
မဟုတ်ရင်ပါးညောင်းတယ်
စာရေးကြဲတဲ့ညီမဘလော့လေးကိုလာလည်တာကျေးဇူး
ပါမမရေ။
အဘွားရွာလေးလာလည်ပြီးအင်ဥစားသွားပါတယ်။
မမနဲ့မစည်းစိမ်တို့ကျန်းမာချမ်းသာပါစေနော်။
အင်ဥကို အရမ်းကြိုက်တယ်
အဘွားတို့ရွာကိုလည်း အလည်ရောက်ဖူးချင်လိုက်တာ။
ရေးထားတာလေးက မျက်စိထဲတောင် ပုံဖော်မိတယ်။
ကျေးဇူးနော် မမရွှေစင်ရေ။
အင်ဥ့  အင်ဥ့  ဒီနေ့တော့ အင်ဥရောဂါ ထသွားပြီ။
ချစ်ခင်စွာဖြင့်
လုလု
ပျော်စရာကြီး
သွားတောင်လည်ချင်စိတ်ပေါက်တယ်
:)
Post a Comment