ကိုယ့်ဝန်းကျင်မှာ ဝေဒနာရှင်တွေ မြင်ရတာများများလာတော့ ဝေဒနာနုပဿ နာ အကြောင်းလေး ကို ဆွေးနွေးချင်ပါတယ်၊ ခန္ဓာရှိရင်တော့ ခန္ဓာ့ဒုက္ခဆိုတာရှိတာပါပဲ၊ ဒါပေမဲ့ကျန်းမာနေတုန်းတော့ ဒီခန္ဓာကြီးကို အရေးတယူ လုပ်ပြီး စောင့်ကြည့်တဲ့ အလုပ် မလုပ်ကြပါဘူး။ ခန္ဓာကိုယ် ကျန်းမာ၊ စိတ်ကလေးချမ်းသာတဲ့အချိန် တရား အလုပ်လုပ်ရင်တောင် မကြာခဏ အမေးခံရတဲ့မေးခွန်းက ဘာစိတ်ညစ်စရာရှိလို့ ရိပ်သာဝင်တာလဲတဲ့၊ အများစုထင်နေကြတာက ရိပ်သာ ဝင်တယ်ဆိုတာ စိတ်ညစ်စရာရှိမှ မကျန်းမာမှ လို့ထင်နေတတ်ကြပါတယ်၊ ဒီခန္ဓာကြီး မကျန်းမာရင် ဘယ်လိုမှု တရားအလုပ် မလုပ်နိုင်ပါဘူး၊ နာကျင်ခံခက်ဝေဒနာဆိုးတွေ ရောဂါဆိုးတွေရမှဆိုရင် အဲဒီဝေဒနာအပေါ်မှာပဲ စိတ်ကညွတ်နေပြီး တရားအလုပ် လုပ်ဖို့ မဖြစ်နိုင်တော့လို့ပါ၊ ဒါကြောင့် မအိုခင်၊ မနာခင် တရားအားထုတ်နိုင်ဖို့ ပထမဆုံး တိုက်တွန်းနိုးဆော်ချင်ပါတယ်။
တရားအလုပ်လုပ်တာ မြန်မာပြည်မှာဆိုရင် မခက်ခဲသလို ငွေမကုန်ဘဲ ရိပ်သာဝင်လို့ရတဲ့နေရာတွေ အများကြီး ရှိပါတယ်၊ ဒါပေမဲ့ ကိစ္စများမြောင်လှတဲ့ လူတွေဆိုတော့ ရိပ်သာကို အမြဲတန်းမဝင်နိုင်ကြပါဘူး။တချို့ကတော့ ပြောတယ် တရားအလုပ်လုပ်တယ် ဆိုတာ မတရားတာတွေ မလုပ်ရင်ပြီးတာပါပဲတဲ့၊ ဟုတ်ကဲ့ ကျွန်တော်တို့ အခြေခံ ငါးပါးသီလ လုံခြုံနေမယ်ဆိုရင် မတရားတာတွေ မလုပ်ဖြစ်တော့ပါဘူး၊ မတရားတဲ့ အလုပ် မလုပ်တာနဲ့ တရား ရတယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ ပုထုဇဉ်သဘာ၀ ကတော့ အဝိဇ္ဇာ (မသိမှု) ၊ တဏှာ (စွဲလန်းခြင်း ) အခြေခံ နှစ်ခုကစပြီး လောဘ၊ ဒေါသ၊ မောဟ ၊မာန စသည် စသည် တရားများနဲ့ မျောနေသလို အလောဘ ၊ အဒေါသ စတာတွေနဲ့လည်း ကျင်လည် နေတတ်ပါတယ်။
ရုပ်တရား တွေ နာမ်တရားတွေ ရဲ့ ဖောက်ပြန်မှု၊ မမြဲဆင်းရဲခြင်းအကြောင်းတွေ သိဖို့ နှစ်စဉ် ဧပရယ်လ ဆို ရင် ရိပ်သာမှာ ကျွန်တော် သွားနေပါတယ်၊ အမတော် ရဲ့ ဘလော့လေးပေါ်မှာတောင် နတ်သမီးဖြစ်သွားတဲ့ စည်းစိမ်ရှင် ဆိုပြီး http://www.shwezinu.blogspot.com/2011/05/blog-post_15.html တခေါက် ရေးဘူးပါသေးတယ်။ အဲဒီ ဆောင်းပါးလေး ရေးထားတာက ၂၀၁၁ ကပါ၊ အခု ၂၀၁၅ တော်တော်ကြာ သွားပါပြီ၊ ကိုယ့်ကိုကိုယ် ပြန်ကြည့်တော့လည်း ဆံညိုတွေတောင် ဖြူလာပါပြီ။ အလုပ်မအားတာရော ပျင်းတာရော အကြောင်းမျိုးစုံပြပြီး မရေးဘဲနေလာလိုက်တာ အခုတော့ ရေးပြ၊ ပြောပြချင် တဲ့ အကြောင်းတရားလေးတွေ က ရှိလာပြန်တော့ ချစ်သောမိတ်ဆွေများ အတွက် စာရေးပြီး မဲဆွယ်ရတာပါ။
အရင်ဆောင်းပါးမှာ ပါတဲ့ နတ်သမီးဖြစ်သွားတဲ့ စည်းစိမ်ရှင်ဆိုတာ တကယ်တော့ တင်စားမှုတခုပါ၊ တကယ့်နတ်ပြည် ရောက်သွားသလို အစားအသောက်တွေ ကလဲ နတ်သုဒ္ဒါလို ကောင်းမွန် တဲ့ အပြင် နတ်ပြည်လိုပဲ အလုပ် လုပ်စရာ မလို ပါဘူး၊ ရေတအိုး ဖြည့်စရာ မလိုသလို တံမြက်စည်း တချက် လှဲစရာ မလိုပါဘူး၊ တကယ်လို့များ တချို့သော ယောဂီများ လုပ်တယ် ဆိုရင်လဲ ယောဂီ များကို စောင့်ရှောက် တဲ့ ဆရာလေးများ က အမှတ်ကလေး နဲ့ လုပ်ဖို့ ဖြစ်နိုင်ရင်တော့ ဗာဟီရ အလုပ်များ မလုပ်ဘဲ နေကြဖို့တားမြစ်တတ်ပါတယ်၊ စိတ်ဆိုတာကလဲ ခက်ပါတယ်၊ ဘာမှ မလုပ်ရပါဘူး ဆိုမှ လုပ်ချင်ကြပြန်တယ်၊ ဆွမ်းစားဖို့အဆင်သင့် ပြင်ပေးတဲ့ အပြင် စားပြီးသားပန်းကန်က အစ ဆေးကြောပေးကြပါတယ်၊ ဓမ္မလုပ်သားများ နဲ့ ယောဂီဟောင်း များက လုပ်အား ကုသိုလ်ပြု ကြ ပါတယ်။ ယောဂီ ရဲ့ အလုပ်ကတော့ တရား အလုပ် လုပ်ဖို့ တခုထဲ ဖြစ်ပါတယ်။ နောက်တချက် နတ်သမီးဖြစ်သွားတဲ့ စည်းစိမ်ရှင်လို့ ဘာကြောင့်ပြောရတာလဲ ဆိုတော့ တရားထိုင်နေစဉ် တလျှောက်လုံး နာခြင်းဆင်းရဲ မရှိတော့လို့ တင်စားပြောတာပါ။
တရားအားထုတ်ဖူးသူတိုင်း သိကြမှာပါ၊ ခန္ဓာကိုယ် မနာကျင်ဘူးတဲ့သူ ဘယ်သူများရှိပါသလဲ၊ ကျွန်တော်ကရော၊ ဘယ်နေလိမ့်မလဲ နာတာမှ နည်းမျိုးစုံနဲ့ နာကျင်တာပါ၊ တရား စစထိုင်ခြင်းတော့ နာတာ၊ ကျင်တာတွေ မရှိပါဘူး။ နာတာကျင်တာမရှိတော့ ဘာမှတ်သလဲဆိုတော့ ပင်တိုင် ဝမ်းဗိုက် က ဖောင်းခြင်း ပိန်ခြင်း ကိုပဲ မှတ်ပါတယ် (ဒါကလဲ မဟာစည်နည်းစနစ် နဲ့မှတ်တာကြောင့်ပါ) ရိပ်သာဝင်ကာစပဲဖြစ်ဖြစ် တရားစထိုင်ကာစပဲဖြစ်ဖြစ် စိတ်ကို ထိန်းရတာလဲ မလွယ်ကူပါဘူး၊ စိတ်ကိုမှတ်ရင်ရတယ်ဆိုပေမဲ့ အလေ့ အကျင့်မရှိရင်၊ စိတ်ပျံ့လွင့် တွေးတော နေတာတွေနဲ့ပဲ အချိန်တွေကုန်ပြီး သမာဓိ ရဖို့မလွယ်ကူပါဘူး။
အခု အဓိကပြောချင်တာက နာကျင်ခြင်းဝေဒနာခံစားမှုတွေ တခါတလေ ကြည်နူးပျော်ရွှင်မှု ပီတိတွေစတဲ့ ကောင်းတဲ့ဝေဒနာ အကြောင်းတွေကို ပြောချင်တာပါ၊ နာတာကို နာတယ်၊ နာတယ်လို့ ရွတ်ဆိုပြီးမှတ်တတ်ကြပါတယ်။ ကျွန်တော်လဲ အဲလိုပဲ နာတဲ့နေရာ ကို ကြည့်ပြီး ရွတ်ရင်း၊ ရွတ်ရင်းနဲ့ ပြောင်းရွေ့ရတာမကြာခဏပါ။ ခြေကျင်းဝတ်ကနေ နာတယ် တခါတလေ ဒဂေါက်ကွေးထဲကနေ နာလိုက်တာများ မီးစနဲ့ထိုးသလို ပါဘဲ။ တခါတလေ ပေါင်ရင်းပေါ့ဗျာ၊ နောက်ကျော လက်ပြင်နေရာ ကလည်း ညောင်းလိုက်တာ မပြောပြတတ်အောင်ပါပဲ အထူးသဖြင့်တော့ အရိုးအဆက်၊ အဆစ်(ဂျွိုင့်) တွေရှိတဲ့နေရာတွေကပါ။
ကျွန်တော်လည်း မှတ်တာမှ အစွမ်းကုန်ပါဘဲ၊ သူများတွေကို ကြည့်ပြီး ကိုယ်ကမလုပ်နိုင်တဲ့အခါ စိတ်တိုမှု ၊ ရအောင်လုပ်မယ်ဆိုတဲ့ လိုချင်လောဘတွေနဲ့ လည်ထွက်နေခဲ့တဲ့ နှစ်တွေ မနည်းပါဘူး။ (မှတ်ချက်- တရားအားထုတ်သူများ အထူး သတိထားရမဲ့ အကြောင်းတခုကတော့ ဘယ်တော့မှ သူတပါးနဲ့ မနှိုင်းယှဉ်မိပါစေနဲ့) တခြားသူတပါး ပြောတဲ့ စကားတွေကိုလဲ နားမယောင်မိပါစေနဲ့ ဘာဖြစ်လို့လဲဆိုတော့ သူတို့ပြောတဲ့အတိုင်း ကိုယ်က ဖြစ်၊ မဖြစ် တွေးတာကြီးက ဆိုးလွန်းလို့ပါ။
တခါတလေ စာသမားကျွန်တော်ကိုယ်တိုင် စာဖတ်ပြီး စာအုပ်ထဲက စာတွေအတိုင်း မဖြစ်ဘူးဆိုတာကြီး လဲ ဖြစ်တတ်ပါတယ်။ ဒါတွေကို နှိုင်းယှဉ်ပြီး စဉ်းစား တွေးတောနေတာကလဲ တရားအလုပ်လုပ်တဲ့အခါမှာ တရားတိုးတက်မှု နှောင့်နှေးစေတဲ့အချက်တွေပါ (တရားစာဖတ် ၊တရားနာတာ၊ ဆွေးနွေးတာတွေကို မလုပ်ရဘူးလို့ မဆိုလိုပါ တရားအားထုတ်နေတဲ့အချိန်တွင်သာ မလုပ်မိစေဖို့ပြောခြင်းဖြစ် ပါသည်။ နေ့ခင်းတနာရီစာ တရားနာတာ တချိန်ကတော့ နာယူရပါတယ်။)
တရားအလုပ် အားထုတ်စဉ်မှာ ယောဂီအများစုတွေ့ကြုံခံစားရတာက ဝေဒနာနုပဿ နာ (ကောင်းခြင်း ဆိုးခြင်း မကောင်းမဆိုး အလယ်အလတ်နဲ့ ပါ) ခန္ဓာကြီးက ဘာမှ မလုပ်ရဘဲနေတာတောင် နာကျင်ကိုက်ခဲ ယားယံ စတဲ့ မကောင်းမှု ဝေဒနာတွေ ၊ ပျော်ရွှင်ကြည်နူးမှု တခါတလေ စိတ်ကလေး အေးချမ်းလိုက်တာများ အဲဒီလို အေးငြိမ်းမှုလေးကနေ ဘယ်တော့မှ မပြောင်းတော့ဘဲ အဲဒီငြိမ်းအေးမှုလေးကိုဘဲ တချိန်လုံး လိုချင်နေတာ စတဲ့ ကောင်းတဲ့ဝေဒနာတွေ မျိုးစုံလာပါတယ်၊ ကောင်း မကောင်း အလယ်အလတ် တွေနဲ့ တလှည့်စီဖြစ်နေတာပါ။
အထူးသဖြင့် စစခြင်းတော့ နာတာကျင်တာတွေ နာကျင်ကိုက်ခဲတင်လား ဆိုတော့ ဟုတ်ဘူး ယားယံတာတွေ ခြင်ကိုက်လို့ပဲ ယားယား ချွေး စသည် တစုံတခုသော အကြောင်းကြောင့် ယားယား ယားတာကို ယားတယ် ယားတယ် ဆိုပြီးမှတ်လိုက်တာ မှတ်ရင်းတန်းလန်းနဲ့ အမှတ်မနိုင်တော့ ကုတ်လိုက်ရတာ တဗျင်းဗျင်းပေါ့။ ကုတ်တော့ ကုတ်တယ် မှတ်ဆိုတော့ တချိန်လုံး တလှုတ်လှုတ် တရွရွနဲ့ သမာဓိ ရဖို့ ဆိုတာ အဝေးကြီးမှ တကယ့်ကို အဝေးကြီးပါ။ ကုတ်လို့မရတဲ့နေရာမျိုးတွေဖြစ်တဲ့ လည်ပင်းက ယားလာပြန်တဲ့အခါ ကုတ်မရလို့ ချောင်းတဟန့်ဟန့် တတွေးတမြိုမြိုနဲ့ ချောင်းဟန့်လိုက် တတွေးမြိုလိုက်နဲ့ အတော် မငြိမ်တာပါ၊ မငြိမ်မှတော့ သမာဓိက အကျဲသားဖြစ်ပြန်ပေါ့။
သမာဓိမရတဲ့အပြင် နာကျင်တာ ကိုက်ခဲတာ ယားတာတွေကို စိတ်မှတ်နဲ့ရွတ်ဆိုရွတ်ဆိုပြီးမှတ်တဲ့အခါ စိတ်သဘာဝအရ ရွတ်ဆိုတဲ့ဆီကို စိတ်ကရောက်ပြန် နာတာကို ကြည့်ပြန်နဲ့ ငါ့ခြေထောက် ငါ့ဒူး ငါ့ပေါင် ငါ့ကျော လုပ်နေသမျှတော့ နာတာကြီးပျောက်မသွားတဲ့အပြင် ပိုပိုတိုးတိုးပြီး နာလာ လို့ ဖြုတ်လိုက် ရ ပြင်လိုက်ရနဲ့ ၁၅ မိနစ်တခါပြောင်း ၁၅ မိနစ် တခါပြင်ရင်း ချာလပတ်ရမ်းလို့ပေါ့။ စိတ်ကလေး တင်းပြီးလုပ်လဲ ခဏပါပဲ၊ ကြာတော့ တချိန်လုံး နာရီစေ့ဖို့ အချိန်တနာရီမြန်မြန်ပြည့်စေဖို့သာ ဆုတောင်းနေတော့တာပါပဲ။
အဲလို ဆုတောင်းရင်းနဲ့ အချိန်တွေကလည်း တရက်ပြီး တရက်ကုန်လာတယ်၊ တရားစခန်းဝင်ပြီးလို့ သုံးလေးရက် နေပြီးရင် တရားစခန်းဝင်ကာစက စာမေးပွဲစစ်မဲ့ကလေး လို ကြောက်လန့် တတ်တဲ့ ဝေဒနာတမျိုးကလဲရှိသေးတယ်၊ ဘာကြောက်တာလဲ သရဲလား တစေလားဆိုတော့ တခုမှ မဟုတ်ပါဘူး၊ ကျောင်းမှာရှိတဲ့ ဆရာတော်က တရားစစ်မယ်ဆိုတာကိုး၊ ဘုရား.... ဘုရား.. တရားစစ်ရင်တော့ ဘာတွေဖြေရပါ့ ဆိုပြီး တွေးတောပူပန် ကြောက်လန့်နေတာပေါ့၊ အမှန်တကယ် ကတော့ တရားအားထုတ်တဲ့ယောဂီတွေကို တရား လမ်းကြောင်းမှာ လမ်းမချော်အောင် လမ်းကြောင်း မှန်အောင် တည့်မတ်ပေးတာပါ။ ဒါတွေကို အစက မသိတော့ ကြောက်တာပါပဲ။ တကယ်တော့ တရားထိုင်နေတုန်း ကိုယ်ဖြစ်နေတာတွေကို ကိုယ်ပြောပြရုံပါပဲ။
ဆရာတော်ဘုရား တည့်မတ်ပေးလိုက်မှပဲ အဆင်ပြေသွားပြီး ဘယ်နေရာက နာနာကျင်ကျင် ရွတ်ဆို မှတ်နေတာထက် နာတဲ့နေရာကို စောင့်ကြည့်ပြီး နာတာရဲ့ အတိုးအလျော့ အကျယ်အပြန့် အကျဉ်းအကျုံ့ စတာတွေ ကို သေသေချာချာစူးစူးစိုက်စိုက်လေ့လာတဲ့အခါမှ နာတာလဲမရှိ ကျင်တာတွေလဲ မတွေ့ နာတာ ကို သေချာစောင့်ကြည့်လိုက်တော့ ပူမှုသဘောကို ခံစားရတယ် ဘယ်လောက် တောင်ပူသလဲဆိုတော့ အငွေ့တွေ ထွက်လာတယ်လို့ထင်လာအောင် ပူတာပါပဲ။ (စစခြင်းမမှတ်နိုင်ပါ သမာဓိ တော်တော်လေး ရပြီဆိုမှ ခန္ဓာကိုယ်ကို သီးခံပြီးစောင့်ကြည့်နိုင်တာပါ)၊ အဲဒီသဘောလေးတွေက မမြဲပါဘူး၊ တဖြည်းဖြည်း တဖြည်းဖြည်း ပူမှုသဘောလေးက ပျောက်သွားလိုက် ပြန်ပေါ်လိုက် ဒါလေးကိုပဲ အမြဲမရှိ ဆင်းရဲခြင်း အစိုးမရခြင်း ဆိုတာတွေကို သိပြီး သေချာခံစားပြီးမှတ်နေပါတော့တယ်။
အဲလိုလဲမှတ်တတ် မှတ်နိုင်ေရော ဘာလုပ်ပြန်သလဲဆိုတော့ ခန္ဓာကိုယ်မှာ ဝေဒနာပေါ်လာပါစေ ဆုတောင်းနေမိပါတယ်၊ ဘာလို့လဲဆိုတော့ မှတ်တတ်သွားလို့ မှတ်ချင်နေတော့တာပါ။ စိတ်ဆိုတာလဲ ခက်ဘူးလား။ မဖြစ်တော့ ဖြစ်ချင်၊ ဖြစ်တော့ မဖြစ်ချင်နဲ့။ ဒီလိုနဲ့ ဝေဒနာမျိုးစုံေတွေကို နိုင်အောင် တဖြည်းဖြည်းချင်းမှတ်တတ်လာပါတယ်။

ခေါင်းကိုက်တာ တဒိတ်ဒိတ် နဲ့ တော်တော်ခံရခက် ပါတယ်၊ ခေါင်းကိုက် တာကိုသေသေ ချာချာကြည့်မိပြန်တယ်၊ ဘာတွေ့ရသလဲ ဆိုတော့ သွေးကြောမျှင်လေး ထဲ ရေစီးကြောင်းလိုမျိုး ရှေ့ကို တိုးလိုက် နောက်ပြန် ဆုတ်လိုက်နဲ့ တွေ့နေရပါတယ်၊ ရှေ့ကို တိုးတော့ တိုးပြန်ပြီ၊ စိတ်မှတ် ကလေးနဲ့ပေါ့၊နောက်ကိုရွေ့တော့ရွေ့သွားပြန်တယ်၊ အဲလိုပဲ စောင့်ကြည့်ရင်း စောင့်ကြည့်ရင်း နဲ့ ခေါင်းကိုက်တဲ့ အရာလဲမရှိပြန်တော့ပါဘူး။
ပေါ်လာသမျှ နာကျင်ခံစားမှုတွေအကုန်လုံး ဒီနည်းနဲ့ပဲ မှတ်ပါတယ်။ အစပိုင်းတော့ နိုင်လိုက် မနိုင်လိုက်ပေါ့။ မမှတ်နိုင်တဲ့အခါ စိတ်ညစ် စိတ်ပျက်တာတွေ ဖြစ်တတ်ပါတယ်၊ အဲဒီစိတ်ညစ် စိတ်ပျက်တာတွေကိုလည်း သိ သိပြီး နေရပါတယ်။ နောက်ရက်တွေ ကြာလာတာနဲ့အမျှ ဘာတွေပဲဖြစ်ဖြစ် တချိန်လုံး အမှတ်တရား နဲ့ နေနိုင်ပါ တော့တယ်။ စာလဲရှည်ပြီမို့ ဒီနေရာလေးမှာပဲ အဆုံးသတ်ပါရစေ၊ (အမှန်ကတော့ ပြောချင်နေ တုန်းပါပဲ ) ။ တကယ်လို့များ တရားရိပ်သာဝင်ချင်တဲ့သူများရှိပါက အကျိုးတော်ဆောင်ပေးပါ့မယ် တရားရိပ်သာဝင်ကြေးဲမရှိပါဘူး။ တရားတကယ်အလုပ်လုပ်ဖို့ပဲလိုပါတယ်။

စည်းစိမ်ရှင်ကတော့ နတ်ပြည်ကို အဲလိုမြင်ပါ တယ်၊ နတ်ဘ၀ ဆိုတာ လူ့ပြည်မှာ တုန်းကကောင်းမှု ကုသိုလ်ပြုခဲ့ဲလို့ ကုသိုလ် အကျိုးတွေ ခံစားနေရတာပါ။
ဥပမာ အားဖြင့် ပြည်ပမှာ အလုပ်လုပ်နေတဲ့သူတွေ တနှစ်ပတ်လုံး ငွေရှာဖွေစုဆောင်ပြီး ဗမာပြည်ပြန်လာ တလ လောက် အနားယူပြီးအပန်းဖြေသလိုပေါ့……ခွင့်ရက်ကုန် ပြီဆိုတော့ အလုပ်ပြန်လုပ်ရသလို ကုသိုလ်ကံ အရှိန်ကုန်သွားရင် နတ်ပြည်က နတ်သက်ကြွေရသလို စည်းစိမ်ရှင်လဲ နတ်ပြည်လို နေနေရတဲ့ ရိပ်သာလေးကနေ လူ့ဘောင်လောကထဲ ပြန်သွားရပါတော့တယ်။ လာမဲ့ ဧပရယ်လမှာ နတ်ပြည်သွားဖို့ အစီအစဉ်ရှိသူများ စာရင်းပေးထားဖို့ ကြေငြာမောင်းခတ်လိုက်ရပါကြောင်း သူတော်ကောင်းအပေါင်းတို့။

လေးစားလျှက်
စည်းစိမ်ရှင်
.
5 comments:
နောက်တခေါက်လောက် ကျိုးစားပါအုန်းမယ်
အအတော်
အအတော်တာတော့ မလုပ်ပါနဲ့
အမတော်ရယ်......
ချစ်ညီမ
တိုက်ဆိုင်နေတဲ့အချိန်လေးမှာ ဖတ်ဖြစ်သွားတယ် စစရေ။ ဖြစ်ပျက်ကိုများများကျင့်ကြံပွားများ အားထုတ်နိုင်တာနဲ့အမျှ သမာဓိအားကောင်းလာလေပေါ့။
ကျွန်တော်လည်း လာရောက်ဖတ်ရှုလေ့လာသွားပါတယ်နော်....
ama, thanks for sharing your experience. plz share more. exp, paining.
thanks.
MN
Post a Comment