Wednesday, December 2, 2009

အဖေလား တစ္ဆေလား အခန်း (၂)

ဒီည မှ မိုးကပိုမှောင်နေသလိုဘဲ ..၊ နောက်ပြီး မိုးလည်းရွာတော့ မယ်ထင်တယ်..၊ အမေ ကလည်း အခုအချိန်ကျမှ အဖွားအိမ်ကို သွားခိုင်းနေတယ်..၊ ကျနော် မသွားချင်ဘူး...၊ အဖေ နဲ့ လည်း မတွေ့ချင်ဘူး၊ ဒါပေမဲ့....အဖေ က ကျနော့် ကိုတွေ့ မှာ..၊ အမေ..အမေ မသိဘူးလား..၊ အဖေ ကကျနော်ကိုတွေ့ရင်..။

အမေ ကျနော် မသွားချင်ဘူး..၊ အဖေ ကကျနော့် ကို တွေ့ရင်..၊ နင့် အဒေါ်တွေ နင့်အဖွားတွေ လျှောက်ပြောနေတာ အဟုတ်မှတ်ပြီး လျှောက်ပြော မနေနဲ့ သွား တဲ့ .. အမေ က အမေက..သွားခိုင်းတာ၊ နင့် အဖေ တစ္ဆေက နင့်ကို ဘာလုပ် နိုင်မှာလည်း တဲ့..၊ အမေ မသိပါဘူး..၊ အဖေ က တစ္ဆေလည်း မဟုတ်ပါဘူး..၊ ဒါပေမဲ့ ကျနော် ကြောက်တယ် အမေ ရယ် ကျနော် တကယ်ကို မသွားချင်တာပါ။

အရင်တုန်းက ကျနော် တို့နေခဲ့ တဲ့ အဖွားအိမ်ထောင့် က မန်းကျီးပင် အကြီးကြီး မှာ အဖေ နေတယ်တဲ့။ အားလုံးက ပြောနေကြတာဘဲ၊ အဲဒီ အပင်ကြီးမှာ အဖေ ကတစ္ဆေ ဖြစ်နေတာတဲ့၊ ညီလေး ကတော့ အဖေ နဲ့ တွေ့ချင်တာတဲ့၊ ကျနော် အဖွားအိမ်သွားရင် အမြဲတန်း လိုက်ချင်တယ်၊ ဒါပေမဲ့ ညီလေး ကိုတော့ အမေ တို့က မလိုက်ရဘူးတဲ့၊ ညီလေးက ငယ်သေးတယ်တဲ့။

ကျနော် နဲ့ ညီလေး က ၂နှစ်ဘဲ ကွာတာပါအမေရယ်၊ ဒါပေမဲ့ ညီလေး ကထွားမှ မထွားတာ ပိန်သေးသေး လေးဘဲ၊ ကျနော် ကတော့ အရပ်ရှည်တာကိုး အမေ ရဲ့၊ ကျနော်လည်း ငယ်သေးတာဘဲ၊ ကျနော် လည်းကြောက်တာဘဲ အမေရယ်၊ နောက်ပြီး အဖေ က...အဖေ က...၊

အဖေက ကျနော့် ကိုတွေ့ရင် ...ကျနော့် က အဖေ ဖြစ်သွားတယ်တဲ့.. ၊ အမေ မသိဘူးလား..၊ အဲဒါတွေ အဖေ..က ကျနော် ဖြစ်သွားပြီး......၊ သူ ပြောချင်တာတွေ ပြောသွားတယ်တဲ့၊ အမေ့ ကိုလည်း စိတ်ဆိုး တယ်တဲ့...၊ အမေ နောက်ယောက်ကျား ယူသွားလို့လေ...၊ အဖေ မရှိမှ အမေက နောက်ယောက်ကျား ယူတာမဟုတ်ဘူး..၊ အဖေ ရှိကထဲက ယူတာဆို...၊ ဟုတ်လား အမေ.......အမေ..။

အမေ.. အမေ ကြောင့် အဖေက..အဖေက..သူကိုယ်သူ........။ ဟုတ်လား အမေ...အမေ..။

အဖေ ကသေသွား ပြီ ဘဲ..၊ ကျနော် အဖေကို ချစ်ပါတယ် ၊ ဒါပေမဲ့ ကျနော် ကြောက်တယ် အဖေ ရယ်...။ အဖေ စိတ်မဆိုးနဲ့ နော်..၊ ကျနော့် သူငယ်ချင်းတွေက ကျနော့်ကို တွေ့ရင် သရဲကြီးသားလာပြီ၊ သစ္ဆေကြီးသား လာပြီတဲ့ အဖေရယ်..၊ မင်းအဖေ ဘိုက်စာနေတယ်..၊ သွားကျွေးလိုက်အုန်း ဆိုပြီး စကြတယ်...၊ ကျနော် ငိုချင်တယ် အဖေ ရယ်...။ အဖေ စိတ်မဆိုးရင် ကျနော် တခုပြောချင်တယ်..၊ အဖေ သွား..သွားပါတော့ အဖေရယ်..၊ ကျနော် တို့နဲ့ဝေးရာကို ..........အဖေ..။

အခန်း(၃)မျှော်




1 comment:

  1. တကယ့်အပြင်ကဇတ်လမ်းလားဗျာ
    ကောင်းသလိုနဲ့ကျွန်တော့်အတွက်ကောင်းဝူး
    ဝမ်းနည်းစရာကြီး ကောင်လေးတွေကိုသနားတယ်

    ReplyDelete

thank you to say so