ဘာပြောတယ်..ဘာပြောလိုက်တယ်.. ငါ့ အဖေက တစ္ဆေ ..ဘာ...သရဲ..၊ မဟုတ်ဘူး..ငါ့ အဖေ က သရဲ လည်း မဟုတ်ဘူး..တစ္ဆေ လည်း မဟုတ်ဘူး။ ငါ့ အဖေက ငါ့ အဖေ ဘဲ..၊ ငါ သေချာမှတ်မိတယ်၊ ငါကို သိပ်ချစ်တယ်၊ ငါ တွေ့ဘူးတဲ့ ငါ့ သူငယ်ချင်း အဖေ တွေနဲ့ နဲနဲ လေးမှ မတူတဲ့ အဖေ၊ အဖေ ကရုပ်လည်း ချောတယ်၊ ပညာလည်း တတ်တယ်၊ အဖွား ပြောတာကတော့ အင်ဂျင်နီယာကြီးတဲ့။
အဖွား ပြောစမ်းပါ၊ အဖေ က ဘာဖြစ်တာလည်း၊ သား တို့ ကိုမချစ်လို့ အဖေ သေသွားတာလား၊ အဖွားဘဲ ပြောတယ် မဟုတ်လား၊ သားတို့ညီအကိုက အဖေ နဲ့ သိပ်တူပြီး သိပ်ချစ်စရာကောင်းတယ်ဆို။ သား တို့ညီအကို ကချစ်စရာ ကောင်းတယ်ဆိုရင် အဖေ ကဘာလို့ ထားသွားတာလည်း။
အဖွားကို သူအမြဲတန်း မေးတဲ့ မေးခွန်းတွေ။ အဖွား ပြန်ပြောတာက သား ကြီးလာတော့ သိမှာပါတဲ့။ ကျနော် ကြီးလာပါပြီ အဖွား ရဲ့၊ သိလည်းသိပါပြီ၊ ဒါပေမဲ့ သိလည်းမသိဘူး အဖွားရယ်။ ပြောကြစမ်းပါ၊ အဖေ ကဘာဖြစ် သွားတာလည်း။
သူ တယောက်ထဲ အိပ်ယာ ထဲမှာ မျက်လုံးစုံမှိတ်ပြီး သူတိုးတိုးလေး ပြောနေကြ၊ မျက်ရေ လား ကျတာပေါ့....အဖေ..အဖေ ပြန်လာပါ အဖေ ရယ်၊ အဖေ ဘာဖြစ်လို့ သားတို့ကို ထားသွားရတာလည်း၊ အခုလို ဘာလို့ဖြစ်နေတာလည်း။ အကို ကလည်း ဘာဖြစ်လို့ ဒီလိုဖြစ်တာလည်း၊ သူ ဉာဏ်မမှီတော့ဘူး၊ သူ သိတာက အဖေ ပြန်မလာနိုင်တော့ ဘူးဆိုရင်လည်း နေပါစေတော့၊ အကို ဒီလို ဖြစ်နေတာတော့ သူမကြိုက်ဘူး၊ အကို ကလည်းဘာဖြစ်နေတာလည်း.....ဘာလို့ အဖေအကြောင်းတွေ လျှောက်ပြော နေတာလည်း။
သူ ငယ်ငယ် က အဖွားတို့နဲ့ အတူနေတာဘဲ။ အကို ရော အဖေ ရောပေါ့၊ အင်း အမေ လည်းပါပါတယ်။ ဒါပေမဲ့ မနက် ကျနော် အိပ်ယာထ တဲ့ အချိန်ဆိုရင် အမေ မရှိတော့ဘူး၊ ဈေး ရောင်းသွားပြီ၊ ကျနော် တို့ ညီအကို နဲ့ အဖေ နဲ့ အဖွားဘဲကျန်တယ်၊ အကို ကို လည်း ခဏနေ အဖေ က ကျောင်းလိုက်ပို့တယ်။ ကျနော် လား ကျနော် က ကျောင်းမနေရသေးဘူးလေ၊ အဲဒီတုန်းက ငယ်သေးတယ်။ ကျနော် ကျောင်းနေတော့ ကျနော် တို့ညီအကို ၂ယောက်စလုံးကို အဖေ က ကျောင်းလိုက်ပို့တယ်။
ကျနော် က မူကြို ကျောင်းလည်း မနေဘူးဘူး၊ အမေ ပြောသံတော့ ကြားဘူးတယ်၊ နင် က ဘယ်မူကြို ကျောင်းမှ တက်မနေနဲ့၊ နင့် အဖေ ပညာတတ်ကြီးက သင်ပေးလိမ့်မယ်၊ ကကြီးခကွေးတဲ့..ဟင်း..ဟင်း တဲ့။ အမေ ရီသံကလည်း တမျိုး၊ အဖေ ကို မကျေနပ်တဲ့ ပုံ၊ ဘာဘဲပြောပြော အဖေ သင်ပေးလို့ ကျနော် က ကျောင်း တက်တော့ အတန်းထဲမှာ လက်ရေးလည်း အလှဆုံး၊ စာလည်း အတော်ဆုံး၊ အဖေ ကစာသင်တာ တော်တယ် ထင်တယ်။
ကျနော့် တို့ အတန်းထဲက ဆရာမတောင် အဖေ လောက် မသင်တတ်ဘူး ထင်တာဘဲ။ အတန်းထဲ က ကောင်တွေ ရေးတဲ့ ဝလုံးက ကျနော် လောက်မဝိုင်းဘူး၊ ကကြီးခကွေးလည်း ကျနော် ရေးသလို မဟုတ်ဘူး။ အဖေ သင်တာ တော်လို့ ကျနော် တော်တာပေါ့။ အဲဒီလို ဘဲ အတန်းတိုင်းမှာ ကျနော် တော်နေတာ အိမ်မှာ အဖေ ကစာသင်ပေးလို့ပေါ့။
ကျနော် ကျောင်းတက်မိတာ မှားပါတယ်။ ကျနော် ကျောင်းမတက်ရင် အဖေ နဲ့ အမေ ရန်ဖြစ်ချင်မှ ဖြစ်မှာ၊ အခုတော့ ကျနော့် အသက်က ကျောင်းတက်လို့ ရပြီဆိုပြီး အမေ ကအတင်း ကျောင်းကြီးမှာ လိုက်အပ်တယ်။ အဖေ ကိုလည်း ကလေး ဘမ်းပြပြီး အိမ်မှာနေပြီး အပျင်းထူဘို့ စဉ်းစားမနေနဲ့ အလုပ်လေး ဘာလေး ထွက်လုပ်အုန်းတဲ့။ အဲဒီနောက်ပိုင်း ကျနော် ကျောင်းစတက်တဲ့ အချိန် ကစပြီးတော့ အဖေ နဲ့ အမေ ရဲ့ ရန်ဖြစ်သံတွေက ညတိုင်းပါဘဲ။
အမေ ဈေးကပြန်လာပြီး၊ ရေမိုးချိုး အဖေ နဲ့ အဖွား ချက်ပြုတ်ထားတာတွေ စားပြီးရင် အမေ့ ရဲ့ ကျနော်တို့ ညီအကို ဒါမှမဟုတ် အဖေ တယောက်ယောက် ကိုတော့ အမေ က လှည့်ပြိး ရန်ရှာနေတာပါဘဲ၊..၊ ဘယ်သူ နဲ့ ဘဲဖြစ်ဖြစ် နောက်ဆုံးတော့ အဖေ နဲ့ အဆုံးသတ် တော့တာဘဲ။ အဖေ ကို အတင်း အလုပ် လုပ်ခိုင်းတယ်၊ သူတယောက် ထဲ မရှာနိုင်ဘူးတဲ့၊ အလုပ် မလုပ်ရင် ရှင့်မိဘ အိမ်ပြန်နေတဲ့။ ရှင် သွားရင် ရှင့် နဲ့ မွေးထားတဲ့ ၂ယောက်စလုံးကိုပါခေါ်သွားတဲ့။
အဖေ ကလည်း ငါသွားမှာပါ။ မပူပါနဲ့ တဲ့၊ ငါ့ သားလေး တွေနဲ့ ဝအောင်နေ နေတာ မင်းကို သိပ်ချစ် နေတယ်လို့ မထင်နဲ့ တဲ့..၊ အမေ က ဝအောင်နေချင် မနေနဲ့ တခါထဲသာ ခေါ်သွားတဲ့။ အဖေ က ရန်ဖြစ်တိုင်း အမေ ကို ဒီလိုသာ ပြန်ပြောတာ၊ အဖေ တအား စိတ်ညစ်နေတာ သားသိပါတယ်။ သား တို့ ကို ကျောင်းလိုက်ပို့ရင် အခါတိုင်းဆို အဖေ ကစကားတွေ တအားပြောတာ၊ အဲဒီ လို ရန်ဖြစ်တဲ့နေ့ ဆိုရင် အဖေ ဘာစကားမှ တောင် မပြောနိုင်ဘူး၊ အဲဒီလိုပါဘဲ အမေ ဈေးသွားနောက်ကြရင် အဖေ ကို ရန်လုပ် လုပ်ပြီးမှ သွားတာ၊ အမေ ပြောသွားတိုင်းလည်း အဖေ ကအဲဒီလို တခွန်းနှစ်ခွန်း ပြန်ပြောပြီး ငူငူကြီး ဖြစ်ဖြစ်သွားတာ တနေ့ကုန် ဘဲ။
အဖွားပြောတာတော့ မင်းအဖေ က မင်းအမေ ကိုသိပ်ချစ်တာတဲ့၊ ဒါကြောင့် သူ့မိဘတွေနဲ့ အမွေပြတ်ခံပြီး၊ မင်းအမေ နောက်လိုက်နေတာ တဲ့၊ အဲဒါဆို အဖေက ဘာလို့ အလုပ် မလုပ်ဘဲ အိမ်မှာ နေတာလည်း လို့ ကျနော်က မေးတော့... အဖွားက ဒါကတော့ သူ့ အကြောင်းနဲ့သူ ပေါ့ကွယ် ငါ့မြေး တို့ကို ချစ်တာလည်း ပါပါတယ်။ အရင် တုန်းကတော့ လုပ်ပါသေးတယ် တဲ့။ ငါ့ မြေးကြီးလာတော့ အားလုံး သိမှာပါတဲ့။
ကျနော် အဲဒီနေ့ ကိုတော့ သိပါတယ်၊ ကျနော် တို့ ညီအကို အတွက် ကမ္ဘာပျက်တဲ့ နေ့..၊ ကျနော် မမေ့နိုင်တဲ့ နေ့တနေ့ ပေါ့..၊ အဲဒီနေ့ မနက်ဘက် အဖေ က ကျနော်တို့ ညီအကို ၂ယောက်ကို ကျောင်းလိုက်ပို့ တဲ့ အခါ စကားတခွန်းမှ မပြောဘူး..၊ အရင်ကဆိုရင် ကျောင်းပို့ရင်း နဲ့ အဖေက စကားတွေ အများကြီးပြောတာ၊ အဲဒီနေ့ ကတော့ ကျောင်းပေါက်ဝ နားရောက်တော့ မှ စက်ဘီး ပေါ်က ချပေးရင်း ငါ့သား ၂ယောက် လိမ်လိမ်မာမာ နေကြတဲ့..၊ အဖေ ငါ့သားတွေကို သိပ်ချစ်တယ်လို့ ပြောပြီး စက်ဘီးလှည့်စီး ပြီးပြန်ထွက်သွားတာ.၊ အခါတိုင်းဆိုရင် ကျနော် တို့ ကျောင်းထဲရောက်မှ အဖေ ပြန်တာ၊ အခုတော့ ပြောင်းပြန်..၊ ကျနော် တို့ ညီအကို က အဖေ ကိုငေးကြည့် ရင်းနဲ့ အဖေ့ ကိုမမြင်ရတော့ မှ ကျောင်းထဲ ဝင်ကြတာ..။
အကို လည်းတမျိုးခံစားရတယ်ထင်တယ်၊ အခါတိုင်းလို့ ကျောင်းထဲတောင် ပြေးဝင်မသွားဘဲ နဲ့ ကျနော့်ကို လှည့်ကြည့်၊ လှည့်ကြည့် နဲ့ အတန်းထဲဝင်သွားတယ်။ ကျနော် ပြောဖို့ မေ့သွားတယ်၊ အဲဒီ အချိန်က ကျနော်က ၃တန်း ရောက်ပြီ၊ အကို က ၅တန်းတက်နေတာ။ ကျနော် တို့ အခန်းနဲ့ အကို့ အခန်းက မျက်နှာချင်းဆိုင်..။
ကျနော် လည်း အတန်းထဲရောက်တော့ စာတွေသင်ရင်း သူငယ်ချင်းတွေနဲ့ စကားပြောရင်း ..ဆရာမ ကျနော့် နံမည် ခေါ်လိုက်မှ ရောင်ရောင်ကန်းကန်း နဲ့ ဆရာမကို ကြည့်မိတယ်..။ ဆရာမ ဘေးနားမှာ မျက်နှာ ငယ်လေးနဲ့ ရပ်နေတဲ့ အကို ကိုလည်းတွေ့လိုက်တော့ ကျနော် ဘာဖြစ်မှန်း မသိဘဲနဲကို မျက်ရေတွေကျလာတယ်။
ဆရာမ ရဲ့ သားပစ္စည်းတွေ သိမ်းပြီးတော့ လွယ်အိပ် ယူခဲ့ ...အိမ်ပြန်ရမယ် ဆိုတဲ့ စကားကို ကျနော် ဆုံးအောင်တောင် နားမထောင်မိဘူး ထင်တယ်..၊ လွယ်အိပ် လည်းမယူမိဘူး..၊ အကို ကိုပြေးဖက်ရင်း အကို အဖေ ဘာဖြစ်လို့ လည်းလို့ မေးလိုက်မိတယ်။
ကျနော့် ဘဝ အတွက် အဖေ ကအရေးကြီးဆုံး..၊ ကျနော် ဘဝရဲ့ အားအကိုး ရဆုံး နောက်ပြီး ကျနော် အချစ်ဆုံး အဖေ လေ၊ အဖေ..အဖေ..ဘာဖြစ်တာလည်း..။
အခန်း (၂) ဆက်ရန်
အခန်း (၂) ဆက်ရန်
ဝမ်းနည်းစရာကြီးဗျာ
ReplyDelete