"ခင်ဗျား ကျွန်တော် တို့ ရထားကို ဒီထက်ပိုပြီး ကြာကြာ ရပ်ခိုင်းထားလို့ မဖြစ်တော့ဘူး၊ အခုတော့ ထွက်ရ မယ့် အချိန် ထက် အများကြီး နောက်ကျနေပြီ"
ရထားကုမ္ပဏီ ကိုယ်စားလှယ်က အကြောက်အကန် စောဒက တက်သည်။
ရဲမှူးကြီးရစ်စီ ရှုံးနိမ့်မှုနှင့် ကြုံတွေ့ရပါပြီ။
ဤရထားသည် သည်ထက်ပိုပြီး ကြာကြာရပ်ခိုင်းထားရန်အတွက် သူ့တွင် ပြစရာ ဆင်ခြေ မရှိတော့ပါ။ သည်ထက် ပိုပြီးလည်း သူ့အတွက် လုပ်စရာ မရှိတော့ပါ။
သူ့ အတွက် စဉ်းစားလို့ရသည့် အချက်တစ်ချက်သာ ရှိတော့သည်။ သူခိုးသည် သူ ခိုးယူလိုက်သည့် ရတနာ များကို ညကပင် ရထားလမ်းဘေး၌ အသင့်စောင့်နေမည့် သူ့လူများထံ ပစ်ပေးခဲ့ပေလိမ့်မည်။
ဤအတိုင်း ဖြစ်နိုင်ပါသလော။ လမ်းဘေးကအချိန်ကိုက် နေရာကိုက် စောင့်နေဖို့ ဆိုသည်မှာ မဖြစ်နိုင်ပါ။ ရဲမှူးကြီး ပသို့မျှမတတ်နိုင်တော့သည့်အဆုံး လက်လျှောက်ရတော့သည်။
"ကဲ ... ရထားကို ထွက်ခွင့်ပေးလိုက်တော့"
"အရှေ့တိုင်း အမြန် ရထားကြီး" မီလန်ဘူတာမှ ဘီးလိမ့်ပြီး စတင်ထွက်သွားသည်ကို ရဲမှူးကြီး စိတ်ပျက် အားငယ်စွာ ကြည့်နေမိသည်။
ရထားပေါ်မှ နံနက်စာ စားပွဲဝိုင်းတိုင်းတွင် ပြောနေကြသည့် တစ်ခုတည်းသောအကြောင်းအရာမှာ ညက သူခိုး ခိုးမှုပင် ဖြစ်သည်။
မိန်းကလေး ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးက ပြောနေသည်။
"ကျွန်မအဖို့တော့ အခု လေးငါးနှစ်အတွင်း စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်ရပ်နဲ့ ကြုံရတာပဲ၊ ဟောဒီ ကျွန်မ လည်ပင်း က စိန် နဲ့ ရွှေဆွဲကြိုးလေး ပါမသွားတာဘဲ ကံကောင်းလှပါပြီ"
"ဟုတ်တာပေါ၊ သိပ် ကံကောင်းတာတော့ရှင်"
ထရေစီ က အလိုက်သင့် ထောက်ခံပေးလိုက်သည်။
စားသောက်ခန်းထဲသို့ အယ်ဘာတိုဖော်နာတီ ၀င်လာသောအခါ ထရေစီကို မြင်သွားပြီး သူမဆီ ခပ်သုတ်သုတ် လျှောက်လာသည်။
"ဒီရထားမှာ ဘာဖြစ်တယ်ဆိုတာတော့ မင်း သိပြီးရောပေါ့၊ ဒါပေမယ့် သူခိုး အခိုးခံလိုက်ရတဲ့ လူက ဖော်နာတီ ရဲ့ မိန်းမဆိုတာကော မင်း သိရဲ့လား"
"ဟင့်အင်း ... အဲဒါတော့ မသိဘူး"
"အမလေး ... ငါ့မိန်းမ အန္တရယ်ကြီးနဲ့ ကြုံတာ ... သူခိုးတွေ တို့အိပ်ခန်းထဲ ၀င်လာပြီး တို့ကို မေ့ဆေးနဲ့ လုပ်သွားတာလေ ...၊ ဖော်နာတီကို အိပ်နေတုန်း သတ်မိသွားတာတောင် ကံကောင်းတယ်"
"အို ... တကယ့်ကို ကြောက်စရာပါပဲလားရှင်"
"အင်းလေ ... အခုတော့ ငါ့မိန်းမအတွက် လက်ဝတ်ရတနာတွေ အစား ပြန်ဝယ်ပေးရတော့မှာပေါ့၊ အင်း ... ငါ့စည်းစိမ် ထဲကတော့ အတော့်ကို ထိတော့မှာပဲ"
"ရဲတွေက ရတနာတွေကို ရှာမတွေ့ဘူးလား"
"မတွေ့ပါဘူး၊ ဒါပေမယ့် သူခိုးတွေကို ဒီပစ္စည်းတွေကို ဘယ်လို လုပ်လိုက်တယ်ဆိုတာ ဖော်နာတီ သိပါတယ်"
"ဟုတ်လား ... ဘယ်လိုများ လုပ်လိုက်ပါလိမ့်ရှင်"
ဖော်နာတီက ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။
"သူခိုးတွေထဲက လူတစ်ယောက်ဟာ ညက တို့ ရထားဖြတ်သွားတဲ့ ဘူတာတစ်ခုခုကနေ စောင့်နေလိ့မ် မယ်၊ သူခိုးက ရတနာတွေကို အောက်က စောင့်နေတဲ့ သူ့လူကို ပစ်ပေးခဲ့လိမ့်မယ်၊ မဟုတ်ဘူးလား"
"အို ... ရှင် အတွေးအခေါ် သိပ်ကောင်းတာပဲ"
"ဗင်းနစ်မြို့မှာ တို့ ဆုံတွေ့ဖို့ကိစ္စကိုတော့ ရှင် မမေ့ပါဘူးနော်"
ဖော်နာတီက မျက်ခုံးကို ပင့်လိုက်ပြီး အဓိပ္ပာယ်ပါပါနှင့် မေးလိုက်သည်။
"ဖော်နာတီ က မင်းနဲ့တွေ့ဖို့ပဲ စိတ်စောနေတာပါ၊ အခုတော့ ငါ့မိန်းမကို သွားပြီး နှစ်သိမ့်လိုက်ဦးမယ်၊ သူ သိပ်ပြီး စိတ်ထိခိုက်နေတယ်"
ဗင်းနစ်မြို့မှ ဆန်တာလူစီယာ ဘူတာရုံသို့ "အရှေ့တိုင်း အမြန်ရထားကြီး" ဆိုက်လာသည်။
ရထားပေါ်မှ ပထမဆုံး ဆင်းလာကြသူများထဲတွင် ထရေစီလည်း ပါသည်။
ထရေစီသည် သူမ၏ ခရီးဆောင် သေတ္တာများကို ယူပြီး လေဆိပ်သို့ တစ်ခါတည်း တန်းသွားတော့သည်။
ထို့နောက် မီရာ လေယာဉ်ဖြင့် လန်ဒန်သို့ လိုက်ပါသွားတော့သည်။ သူမနှင့်အတူ အီတလီရုပ်ရှင်မင်းသမီး ဆေဗာနာလူဒီ၏ ရတနာများပါ ပါသွားသည်။
ဂန်သာဟာတာ့ တစ်ယောက်တော့ ၀မ်းမြောက် ပျော်မြူးရှာပေဦးတော့မည်။
ရထားကုမ္ပဏီ ကိုယ်စားလှယ်က အကြောက်အကန် စောဒက တက်သည်။
ရဲမှူးကြီးရစ်စီ ရှုံးနိမ့်မှုနှင့် ကြုံတွေ့ရပါပြီ။
ဤရထားသည် သည်ထက်ပိုပြီး ကြာကြာရပ်ခိုင်းထားရန်အတွက် သူ့တွင် ပြစရာ ဆင်ခြေ မရှိတော့ပါ။ သည်ထက် ပိုပြီးလည်း သူ့အတွက် လုပ်စရာ မရှိတော့ပါ။
သူ့ အတွက် စဉ်းစားလို့ရသည့် အချက်တစ်ချက်သာ ရှိတော့သည်။ သူခိုးသည် သူ ခိုးယူလိုက်သည့် ရတနာ များကို ညကပင် ရထားလမ်းဘေး၌ အသင့်စောင့်နေမည့် သူ့လူများထံ ပစ်ပေးခဲ့ပေလိမ့်မည်။
ဤအတိုင်း ဖြစ်နိုင်ပါသလော။ လမ်းဘေးကအချိန်ကိုက် နေရာကိုက် စောင့်နေဖို့ ဆိုသည်မှာ မဖြစ်နိုင်ပါ။ ရဲမှူးကြီး ပသို့မျှမတတ်နိုင်တော့သည့်အဆုံး လက်လျှောက်ရတော့သည်။
"ကဲ ... ရထားကို ထွက်ခွင့်ပေးလိုက်တော့"
"အရှေ့တိုင်း အမြန် ရထားကြီး" မီလန်ဘူတာမှ ဘီးလိမ့်ပြီး စတင်ထွက်သွားသည်ကို ရဲမှူးကြီး စိတ်ပျက် အားငယ်စွာ ကြည့်နေမိသည်။
ရထားပေါ်မှ နံနက်စာ စားပွဲဝိုင်းတိုင်းတွင် ပြောနေကြသည့် တစ်ခုတည်းသောအကြောင်းအရာမှာ ညက သူခိုး ခိုးမှုပင် ဖြစ်သည်။
မိန်းကလေး ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်ဆရာမကြီးက ပြောနေသည်။
"ကျွန်မအဖို့တော့ အခု လေးငါးနှစ်အတွင်း စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖြစ်ရပ်နဲ့ ကြုံရတာပဲ၊ ဟောဒီ ကျွန်မ လည်ပင်း က စိန် နဲ့ ရွှေဆွဲကြိုးလေး ပါမသွားတာဘဲ ကံကောင်းလှပါပြီ"
"ဟုတ်တာပေါ၊ သိပ် ကံကောင်းတာတော့ရှင်"
ထရေစီ က အလိုက်သင့် ထောက်ခံပေးလိုက်သည်။
စားသောက်ခန်းထဲသို့ အယ်ဘာတိုဖော်နာတီ ၀င်လာသောအခါ ထရေစီကို မြင်သွားပြီး သူမဆီ ခပ်သုတ်သုတ် လျှောက်လာသည်။
"ဒီရထားမှာ ဘာဖြစ်တယ်ဆိုတာတော့ မင်း သိပြီးရောပေါ့၊ ဒါပေမယ့် သူခိုး အခိုးခံလိုက်ရတဲ့ လူက ဖော်နာတီ ရဲ့ မိန်းမဆိုတာကော မင်း သိရဲ့လား"
"ဟင့်အင်း ... အဲဒါတော့ မသိဘူး"
"အမလေး ... ငါ့မိန်းမ အန္တရယ်ကြီးနဲ့ ကြုံတာ ... သူခိုးတွေ တို့အိပ်ခန်းထဲ ၀င်လာပြီး တို့ကို မေ့ဆေးနဲ့ လုပ်သွားတာလေ ...၊ ဖော်နာတီကို အိပ်နေတုန်း သတ်မိသွားတာတောင် ကံကောင်းတယ်"
"အို ... တကယ့်ကို ကြောက်စရာပါပဲလားရှင်"
"အင်းလေ ... အခုတော့ ငါ့မိန်းမအတွက် လက်ဝတ်ရတနာတွေ အစား ပြန်ဝယ်ပေးရတော့မှာပေါ့၊ အင်း ... ငါ့စည်းစိမ် ထဲကတော့ အတော့်ကို ထိတော့မှာပဲ"
"ရဲတွေက ရတနာတွေကို ရှာမတွေ့ဘူးလား"
"မတွေ့ပါဘူး၊ ဒါပေမယ့် သူခိုးတွေကို ဒီပစ္စည်းတွေကို ဘယ်လို လုပ်လိုက်တယ်ဆိုတာ ဖော်နာတီ သိပါတယ်"
"ဟုတ်လား ... ဘယ်လိုများ လုပ်လိုက်ပါလိမ့်ရှင်"
ဖော်နာတီက ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။
"သူခိုးတွေထဲက လူတစ်ယောက်ဟာ ညက တို့ ရထားဖြတ်သွားတဲ့ ဘူတာတစ်ခုခုကနေ စောင့်နေလိ့မ် မယ်၊ သူခိုးက ရတနာတွေကို အောက်က စောင့်နေတဲ့ သူ့လူကို ပစ်ပေးခဲ့လိမ့်မယ်၊ မဟုတ်ဘူးလား"
"အို ... ရှင် အတွေးအခေါ် သိပ်ကောင်းတာပဲ"
"ဗင်းနစ်မြို့မှာ တို့ ဆုံတွေ့ဖို့ကိစ္စကိုတော့ ရှင် မမေ့ပါဘူးနော်"
ဖော်နာတီက မျက်ခုံးကို ပင့်လိုက်ပြီး အဓိပ္ပာယ်ပါပါနှင့် မေးလိုက်သည်။
"ဖော်နာတီ က မင်းနဲ့တွေ့ဖို့ပဲ စိတ်စောနေတာပါ၊ အခုတော့ ငါ့မိန်းမကို သွားပြီး နှစ်သိမ့်လိုက်ဦးမယ်၊ သူ သိပ်ပြီး စိတ်ထိခိုက်နေတယ်"
ဗင်းနစ်မြို့မှ ဆန်တာလူစီယာ ဘူတာရုံသို့ "အရှေ့တိုင်း အမြန်ရထားကြီး" ဆိုက်လာသည်။
ရထားပေါ်မှ ပထမဆုံး ဆင်းလာကြသူများထဲတွင် ထရေစီလည်း ပါသည်။
ထရေစီသည် သူမ၏ ခရီးဆောင် သေတ္တာများကို ယူပြီး လေဆိပ်သို့ တစ်ခါတည်း တန်းသွားတော့သည်။
ထို့နောက် မီရာ လေယာဉ်ဖြင့် လန်ဒန်သို့ လိုက်ပါသွားတော့သည်။ သူမနှင့်အတူ အီတလီရုပ်ရှင်မင်းသမီး ဆေဗာနာလူဒီ၏ ရတနာများပါ ပါသွားသည်။
ဂန်သာဟာတာ့ တစ်ယောက်တော့ ၀မ်းမြောက် ပျော်မြူးရှာပေဦးတော့မည်။
(၂၃)
"အင်တာပို" ဟု အတိုကောက်ခေါ်သော နိုင်ငံတကာ ရာဇ၀တ်မှု နှိမ်နင်းရေးအဖွဲ့၏ အထပ်ခုနှစ်ထပ်ရှိ ဌာန ချုပ် အဆောက်အအုံသည် ပါရီမြို့ အနောက်ဘက် ခြောက်မိုင်ခန့်ရှိ အမှတ် ၂၆-အာမင်ဂတ်တွင် ရှိသည်။
အစိမ်းရောင် မြင့်မားသော ၀င်းထရံများနှင့် အဖြူရောင် ကျောက်တုံး နံရံများနောက်တွင် မသိမသာ ဖုံးကွယ် တည်ရှိနေသည်။
လမ်းမကြီးဘက်မှ အ၀င်ဝ ဂိတ်ပေါက်ကို ၂၄နာရီစလုံး ပိတ်ထားသည်။ ဧည့်သည်များကို ရုပ်မြင်သံကြား ဖြင့် အနီးကပ် ရိုက်ကူးကြည့်ရှု စစ်ဆေးပြီးမှ ၀င်ခွင့်ပေးသည်။
အဆောက်အအုံကြီး၏ အထဲတွင် အထပ်တိုင်း အထပ်တိုင်း၏ လှေကားထိပ်၌ အဖြူရောင် သံမဏိတံခါး ဂိတ်ပေါက်များ ရှိပြီး ညပိုင်းတွင် အထပ်တိုင်း သော့ခတ်ပိတ်ထားသည်။
အထပ်တိုင်း တွင်ပင် တစ်ထပ်နှင့်တစ်ထပ် မတူသော သီးခြား အချက်ပေးစနစ်များနှင့် ရုပ်မြင်သံကြား ကင်မရာ များ တပ်ဆင်ထားသည်။
ထိုအဆောက်အအုံကြီးထဲတွင် ကမ္ဘာတစ်ဝန်းမှ ပြစ်မှု ကျူးလွန်ဖူးသူပေါင်း လူနှစ်သန်းခွဲ၏ ကိုယ်ရေး ရာဇ၀တ် ဖိုင်တွဲ များ ထားရှိသဖြင့် လုံခြုံရေးကို အထူးစီစဉ်ထားခြင်း ဖ်ြစသည်။
အင်တာပိုသည် ၇၀ - နိုင်ငံမှ ရဲအဖွဲ့ ၁၂၆-ဖွဲ့တို့အကြား သတင်း အချက်အလက်များ ဖလှယ်ပေးသည်။
ထို့အပြင် လိမ်လည်မှုများ၊ ငွေအတုဂိုဏ်းများ၊ မူးယစ်ဆေးဝါး မှောင်ခိုသူများ၊ သူခိုးများနှင့် လူသတ် သမားများကို ကမ္ဘာတစ်ဝန်း နှိမ်နင်းရာတွင် အင်တာပိုက ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးသည်။
မေလ၏ နေ့တစ်နေ့၊ နံနက်စောစောတွင် အင်တာပို ဌာနချုပ် တာဝန်ခံ ရဲမှူးကြီး အင်ဒရေ ထရစ်နန့်က ဦးဆောင်ပြီး ဌာနချုပ်ရှိ သူ၏ရုံးခန်း၌ အစည်းအဝေး ပြုလုပ်သည်။
သူ့အခန်းမှ လှမ်းမျှော်ကြည့်လိုက်လျှင် အရှေ့ဘက် ခပ်ဝေးဝေး၌ အီဖယ်မျှော်စင်ကြီးကို မြင်ရသည်။
သူသည် အသက် ၄၅နှစ်ခန့် ရှိသည်။ ဥပဓိရုပ် ကောင်းပြီး သြဇာတိက္ကမ ရှိသည့်အသွင် ဖြစ်သည်။ ဆံပင် အနက် မျက်လုံးအညိုရောင် ရှိပြီး မျက်မှန် တပ်ထားသည်။
ရဲမှူးကြီး အင်ဒရေထရစ်နန့်၏ ရုံးခန်းထဲတွင် အင်္ဂလန်၊ ဘယ်ဂျီယံ၊ ပြင်သစ်နှင့် အီတလီနိုင်ငံတို့မှ အင်တာပို သို့ တွဲဖက် စေလွှတ်ထားသော စုံထောက်များ ရောက်နေသည်။ ရဲမှူးကြီး ထရစ်နန့်က စပြောလိုက်သည်။
"လူကြီးမင်းများ ခင်ဗျား ... ဥရောပ တစ်ဝန်းမှာ အခုတလော ဖြစ်ပျက်နေတဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်လို့ သတင်း အချက်အလက်တွေ ပေးဖို့ ခင်ဗျားတို့ရဲ့ နိုင်ငံတွေက ကျွန်တော်ဆီကို မေတ္တာရပ်ခံ လာပါတယ်၊ လိမ်လည်မှုနဲ့ ခိုးဝှက်မှုတွေရဲ့ဒဏ်ကို ခြောက်နိုင်ငံလောက် ခံနေရတယ်၊ အမှုတွေမှာ တူညီတဲ့အချက်တွေ အချက်တွေ ရှိနေတယ်၊ အလိမ်ခံရတဲ့လူတွေ၊ အခိုးခံရတဲ့လူတွေဟာ နာမည်ပျက်ရှိသူတွေ၊ သတင်းပုပ်သူ တွေ ဖြစ်နေပြီး၊ ပြစ်မှု ကျူးလွန်သူတွေကတော့ အမျိုးသမီးတွေချည်း ဖြစ်နေတယ်၊ ဒီတော့ နိုင်ငံတကာ အမျိုးသမီး လူဆိုး ဂိုဏ်းတစ်ဂိုဏ်း ပေါ်နေတယ်လို့ ကောက်ချက် စွဲလို့ ရလာတယ်"
"အလိမ်ခံ အခိုးခံရတဲ့လူတွေ မတော်တဆ လျှပ်တပြက် တွေ့လိုက်ရတဲ့ မျက်မြင်သက်သေတွေရဲ့ ပြောပြ ချက်တွေ အရ အဲဒီ လူဆိုး အမျိုးသမီးတွေရဲ့ ပုံပန်းကို မှန်းပြီး ဆွဲထားတဲ့ မှန်းဆရုပ်ပုံများတော့ ရှိပါတယ်။ ဒါပေမယ့် အဲဒီပုံတွေထဲက အမျိုးသမီးတွေဟာ တစ်ယောက်နဲ့တစ်ယောက် လုံးဝ မတူကြဘူး၊ တချို့က အသားဖြူဖြူ၊ ရွှေရောင်ဆံပင် နဲ့၊ တချို့ကတော့ အသားညိုချောတွေ၊ ဆံပင်အနက်တွေ၊ အဲဒီ အမျိုးသမီး တွေဟာ အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ အမေရိကန်မလေးတွေလို့ သတင်းရထားတယ်"
ရဲမှူးကြီး ထရစ်နန့် က မှန်းဆပုံတူများကို ဆလိုက်ထိုး ပြသသည်။
သူပြောသလိုပင် ပုံပန်းအမျိုးမျိုး၊ အရွယ်အစား၊ လူမျိုး အသီးသီးတို့ ဖြစ်သည်ကို စုံထောက်များ တွေ့ရသည်။
"ဒီဂိုဏ်းခေါင်းဆောင်သော ဘယ်သူဆိုတာရယ်၊ သူတို့ဌာနချုပ်၊ ဘယ်မှာ ရှိတယ်ဆိုတာရယ်တော့ ကျွန်တော် တို့ မှန်းဆလို့ မရသေးဘူး၊ သူတို့ကလဲ ဘယ်တော့မှ သဲလွန်စ ချန်မထားခဲ့ဘူး၊ ဒါပေမယ့် အနှေး နဲ့ အမြန်ဆိုသလို သူတို့ထဲက တစ်ယောက်ယောက်တော့ စမိမှာပဲ၊ အဲ တစ်ယောက်မိရင်တော့ တစ်ဂိုဏ်းလုံး ပေါ်လာမှာပဲ၊ အခု လောလောဆယ်မှာတော့ ကျွန်တော်တို့ဟာ တစ်ဖက်ပိတ်လမ်းဆုံးကို ရောက်နေပြီ၊ ဒီတော့ ခင်ဗျားတို့လဲ ကျွန်တော်တို့နဲ့ ပူးပေါင်းကြိုးစားစမ်းပါဦးဗျာ"
ဒင်နရယ်ကူးပါး စီးနင်းလိုက်ပါလာသော လေယာဉ် ပါရီ ချားလ်ဒီဗဂါ လေဆိပ်သို့ ဆိုက်ရောက်လာသော အခါ အင်တာပိုမှ ရဲမှူးကြီး ထရစ်နန့်၏ လက်ထောက် ရဲအရာရှိတစ်ဦးက ကူးပါးကို လာကြိုပြီး မင်းသား ဒီဂေါဟိုတယ်သို့ ကားဖြင့် လိုက်ပို့ပေးသည်။
"မနက်ဖြန်ကျရင် ရဲမှူးကြီး ထရစ်နန့်နဲ့ ခင်ဗျား တွေ့ဖို့ စီစဉ်ထားပါတယ်၊ မနက် ရှစ်နာရီဆယ့်ငါးမိနစ်မှာ ကျွန်တော် လာခေါ်မယ်"
ရဲအရာရှိက ထိုသို့ ပြောပြီး ပြန်သွားသည်။
ခင်နရယ်ကူးပါးသည် ဥရောပသို့ ယခုလို ခရီးထွက်လာရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ယခု ရောက်လာသောအခါ အလုပ်တာဝန်ကို အမြန်ဆုံးပြီးအောင် လုပ်ပြီး၊ ပြီးပြီးချင်း ပြန်မည်ဟု ဆုံးဖြတ် လိုက်သည်။
ပါရီ၏ လှိုင်ဘုံမြနန်းများအကြောင်း သူ ကောင်းကောင်း သိသည်။
သို့သော် ဤအပျော်အပါးမျိုး သူဝါသနာ မပါချေ။
နောက်တစ်နေ့နံနက် ၈နာရီတါင် ဒင်နရယ်ကူးပါးသည် အင်တာပို ဌာနချုပ်၌ ရဲမှူးကြီး ထရစ်နန့်နှင့် တွေ့ရ သည်။
"ကျွန်တော် ခင်ဗျားကို တစ်ခု အသိပေးရဦးမယ် မစ္စတာကူးပါး ခင်ဗျားရဲ့ ဒီမှာ ရပ်တည်ချက်ဟာ တော်တော်ကို ထူးခြားနေတယ်၊ ခင်ဗျားဟာ ရဲတပ်ဖွဲ့ တစ်ခုခုရဲ့ အဖွဲ့ဝင်လဲ မဟုတ်ဘူး၊ ဒီတော့ ခင်ဗျား ဒီမှာ ရောက်ရှိ ရပ်တည်နေရခြင်းဟာ တရားဝင် မဟုတ်ဘူး၊ ဒါပေမယ့် ဥရောပနိုင်ငံ အများအပြားမှာ ရှိတဲ့ ရဲဌာချုပ် တွေက ကျွန်တော်တို့ဘက်က ပူးပေါင်းကူညီပါလု့ မေတ္တာရပ်ခံထားတယ်"
ထရစ်နန့်ကသာ ပြောနေသည်။ ကူးပါးက ဘာတစ်လုံးမဆ ၀င်မပြော၊ ငြိမ်နားထောင်နေသည်။
"ကျွန်တော် နားလည်ထားတာကတော့ ခင်ဗျားဟာ အာမခံကုမ္ပဏီတွေ စုပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံတကာ အာမခံကုမ္ပဏီများ အကာအကွယ်ပေးရေး အသင်းရဲ့ စုံစမ်းရေးမှူးတစ်ယောက်ပဲ"
"ဥရောပ က ကျွန်တော်တို့ရဲ့ အာမခံကုမ္ပဏီတချို့ဟာ အခိုးခံရတဲ့ ပစ္စည်းတွေ၊ အလိမ်ခံရတဲ့ ပစ္စည်းတွေ အတွက် အာမခံလျော်ကြေးတွေ ပေးရလို့ အတော့်ကို ဆုံးရှုံး နစ်နာနေပြီ၊ ဒါပေမယ့် အဲဒီအမှုတွေ အတွက် ဘာသဲလွန်စ မှ မကျန်ခဲ့ဘူးလို့ သိရတယ်"
ကူးပါးက ပထမဆုံးအကြိမ် ၀င်ပြောသည်။
ရဲမှူး ထရစ်နန့်က သက်ပြင်းကြီး ချလိုက်ပြီး ပြန်ပြောသည်။
"သိပ်ကို လိမ္မာပါးနပ်တဲ့ အမျိုးသမီးတွေပါတဲ့ ဂိုဏ်းတစ်ဂိုဏ်းနဲ့ ကျွန်တော်တို့ ရင်ဆိုင်ကြုံတွေ့နေရတယ်၊ ဒါပေမယ့် သူတို့ ..."
"သတင်းပေးတွေ ဆီကရော သတင်းမရဘူးလား"
"ဟင့်အင်း ... ဘာမှ မရဘူး"
"အဲဒါ ထူးဆန်းနေတယ်လို့ ခင်ဗျား မထင်မိဘူးလား"
"ခင်ဗျား ဘာဆိုလိုချင်တာလဲ မွန်စီယာ"
ရဲမှူးထရစ်နန့်က သဘောမပေါက်သဖြင့် မေးလိုက်သည်။ ကူးပါးကလည်း စိတ်မရှည်နိုင်တော့သဖြင့် သူ့အမြင်ကို ထုတ်ပြောလိုက်သည်။
"ဂိုဏ်းတစ်ဂိုဏ်းသား ပါဝင် ပတ်သက်နေမယ်ဆိုရင် ... အဲဒီဂိုဏ်းဝင်တွေထဲမှာ စကားများများပြောတဲ့ သူတွေ၊ အရက်များများ သောက်ပြီး များများမူးတဲ့သူတွေ၊ ငွေများမျးသုံးတဲ့ သူတွေ အမြဲရှိနေမှာပဲ၊ ဂိုဏ်း တစ်ဂိုဏ်းမှာပါတဲ့ လူအများကြီးကို အားလုံးပါးစပ်ပိတ်အောင် လုပ်ထားဖို့ဆိုတာ မဖြစ်နိုင်ဘူးဗျ၊ အဲဒီဂိုဏ်းနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ မှတ်တမ်းဖိုင်တွေကို ကျွန်တော် ပေးလိုက် ဖြစ်မလား"
ရဲမှူးကြီးက မပေးဘဲ ငြင်းဆန်ရန်ပင် စိတ်ကူးလိုက်သေးသည်။
သူတွေ့ဖူးသမျှ လူတွေထဲတွင် ဒင်နရယ်ကူးပါးသည် ဥပဓိရုပ်အခေဆုံးသူ ဖြစ်သည်။ ၀င့်ဝါးလွန်းလှသည်။
သို့ရာတွင် သူ့အား အပြည့်အ၀ ပူးပေါင်းကူညီရန် အထက်က အမိန့်ပေးထားသည် မဟုတ်ပါလား။
"ခင်ဗျားအတွက် မှတ်တမ်းဖိုင်တွေကို မိတ္တူတစ်စုံ လုပ်ပေးပါ့မယ်"
ရဲမှူးကြီးထရစ်နန့်က ဌာနတွင်းပြော တယ်လီဖုန်းဖြင့် မိတ္တူဖိုင်ကူးပေးရန် လှမ်းအမိန့်ပေးလိုက်သည်။
မိတ္တူကူးနေသည်ကို စောင့်နေခိုက်တွင် ထရစ်နန့်က ပြောစရာ စကားရှာပြီး ပြောလိုက်သည်။
"စိတ်ဝင်စားစရာကောင်းတဲ့ အစီရင်ခံစာတစ်စောင့် ခုနလေးကပဲ ကျွန်တော့်ဆီ ရောက်လာလို့ အပေါ်တင် ပေးလိုက်တယ်၊ အရှေ့တိုင်း အမြန်ရထားကြီးပေါ်မှာ အဖိုးတန်ရတနာတွေ အခိုးခံရပြီး ..."
"အဲဒီအကြောင်း ကျွန်တော် ဖတ်ပြီးပါပြီ၊ သူခိုးက အီတလီရဲတွေကို အရူးလုပ်သွားတယ်လေ"
"အဲဒီခိုးမှုကို ဘယ်လို အောင်မြင်အောင် လုပ်သွားတယ်ဆိုတာ ဘယ်သူမှ တွေးမရအောင် ဖြစ်နေတာပဲဗျာ"
"ဒါကတော့ ရှင်းပါတယ်၊ သာမန် ရိုးရိုးယုတ္တိဗေဒနည်းနဲ့တောင် တွက်လို့ရပါတယ်"
ရဲမှူးကြီးထရစ်နန့်သည် မျက်မှန်ပေါ်မှ ကျော်ပြီး အံ့အားသင့်စွာဖြင့် ကူးပါးကို ကြည့်လိုက်သည်။
လူရုပ်ကသာ နှစ်ပြားမတန်သည်။ ပြောလိုက်သည့် စကားကတော့ အပေါ်စီးကချည်းပဲဟု စိတ်ထဲက ကူးပါး အား အချဉ်ပေါက်နေသည်။
"အဲဒီကိစ္စမျာတော့ ခင်ဗျား ယုတ္တိဗေဒကလဲ ဘာမှ ကူညီနိုင်မှာ မဟုတ်ဘူး၊ ရထားတစ်စီးလုံးကို နေရာလပ် တလက်မ မကျန်အောင် ရှာထားတာဗျ၊ အမှုထမ်းအားလုံး၊ ခရီးသည်အားလုံးနဲ့ ၀န်စည်စလယ် အားလုံး ကိုပါ တစ်ခုမကျန် ရှာကြတာ ဘာမှ မတွေ့ဘူး"
"မဟုတ်ပါဘူး"
ကူးပါးက ဆန့်ကျင်ဘက် စောဒကတက်လိုက်သည်။
"ဘာမဟုတ်တာလဲဗျ"
"ရီးဆောင်သေတ္တာတွေ အားလုံးကို သူတို့ မရှာပါဘူး"
"ရဲဘက်က အစီရင်ခံစာကို ကျွန်တော်ကိုယ်တိုင် ဖတ်ခဲ့ရတာ၊ ခရီးဆောင်သေတ္တာအားလုံး ဖွင့်ရှာတယ်တဲ့"
"ရတနာ တွေ အခိုးခံရတဲ့ မိန်းမက ဆေဗနာလူဒီနော် ..."
"ဟုတ်ပါတယ်"
"အဲဒီ မိန်းမက သူ့ရတနာတွေကို တစ်ညစာပစ္စည်းတွေ ထည့်ထားတဲ့ သေတ္တာထဲမှာ ထားရာက အခိုးခံရ တာနော်"
"မှန်ပါတယ်"
"ဒါဖြင့် ရဲတွေက ဆေဗာနာလူဒီရဲ့ ခရီးဆောင်သေတ္တာကြီးကိုရော ရှာသေးသလား"
"တစ်ညစာသုံးတဲ့ သေတ္တာကလေးကိုပဲ ရှာတာပေါ့၊ အဲဒီထဲက ရတနာတွေ မရှိတော့ဘူး။ သူက ပစ္စည်း အခိုးခံရတဲ့လူ၊ ဘာကြောင့် သူ့ရဲ ခရီးဆောင်သေတ္တာကြီးကို ဆက်ရှာဖို့ လိုဦးမှာလဲ"
"ကျွန်တော် ပြောတဲ့ ယုတ္တိဗေဒက အဲဒါပဲပေါ့ဗျာ ... သူခိုးက တစ်ညစာ သေတ္တာလေးထဲက ရတနာတွေ ခိုးထုတ်ပြီး တခြား သေတ္တာကြီးရဲ့ အောက်ဆုံးမှာ အသာပြောင်းထားလိုက်မှာပေါ့၊ ယုတ္တိဗေဒနည်းအရ တွက်ကြည်ရင် ရဲတွေ မရှာမယ့် နေရာက အဲဒီနေရာပဲ ပစ္စည်း ပျောက်တဲ့သူ့ရဲ့ သေတ္တာတွေကိုတော့ ဘယ်ရှာပါတော့မလဲ၊ သူခိုးမှာ အဲဒီ မင်းသမီးရဲ့သေတ္တာကြီးနဲ့ အရွယ်တူ ပုံတူ သေတ္တာ တစ်လုံး ပါလာလိမ့် မယ်၊ ဗင်းနစ်ဘူတာမှာ ပစ္စည်းသေတ္တာတွေအားလုံး စုပုံချကြမှာပဲ အဲဒီမှာ သူခိုးက သူ့သေတ္တာနဲ့ မင်းသမီး သေတ္တာကို ရောချပြီး လဲယူသွားမှာပေါ့၊ ကဲ ခင်ဗျားဆီက အစီရင်ခံစာဖိုင်တွေရရင် သွားတော့မယ်ဗျာ"
ဒင်ရနယ်ကူးပါး ရဲမှူးကြီးထရစ်နန့်အခန်းမှ ထွက်သွားသည်။
ထို့နောက် နာရီဝက်ခန့်အကြာတွင် ထရစ်နန့်သည် ဗင်းနစ်မြို့ရှိ အယ်ဘာတိုဖော်နာတီ ထံသို့ တယ်လီဖုန်း လှမ်းဆက်သည်။
"မွန်စီယာ ... ကျွန်တော်တစ်ခု စုံစမ်းချင်လို့ပါ၊ ခင်ဗျားတို့ ဗင်းနစ်ကိုရောက်တော့ ခင်ဗျား မိန်းမရဲ့ ခရီးဆောင် သေတ္တာတွေမှာ အမှားအယွင်းများ ဖြစ်သေးသလား"
ထရစ်နန့် မေးသည်။
"ဟာဗျာ ... အသုံးမကျတဲ့ အမှုထမ်းတွေ ... ကျွန်တော့်မိန်းမ သေတ္တာကို တခြားလူ သေတ္တာတွေနဲ့ ရောသွားပုံရတယ်နဲ့ တူတယ်၊ ကျွန်တော့် မိန်းမက ဟိုတယ်ရောက်လို့ သူ့သေတ္တာကိုလဲ ဖွင့်လိုက်ရော အထဲ မှာ မဂ္ဂဇင်း အဟောင်းတွေကလွဲပြီး ဘာမှ မပါဘူး၊ သေတ္တာချင်း မှားလာတာ ဖြစ်ရမယ်၊ ကျွန်တော် ရထား ကုမ္ပဏီ ကိုလဲ အကြောင်းကြားထားတယ်၊ ပြန်များ တွေ့မလားဗျာ"
ဖော်နာတီ က မျှော်လင့်တကြီး မေးသည်။
"မတွေ့သေးပါဘူးဗျာ"
ရဲမှူးကြီး က တယ်လီဖုန်း ချလိုက်သည်။ ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင် ပြန်ရဖို့ မျှော်လင့်နေမှာ မဟုတ်တော့ဘူးဟု စိတ်ထဲမှ ပြောလိုက်သည်။
ရဲမှူးကြီး သည် ကုလားထိုင်တွင် နောက်မှီ ထိုင်ပြီး တွေးနေသည်။
ဒင်နရယ်ကူးပါး ဆိုသူသည် တကယ့် အံ့သြစရာကောင်းလောက်အောင် ဥာဏ်သွားသူ ကွက်ကျော်မြင်သူ အဖြစ် ရဲမှူးကြီးထရစ်နန့် အသိအမှတ် ပြုလိုက်သည်။
(၂၄)
အီတန်ရပ်ကွက်ရှိ ထရေစီ၏ အိမ်သည် နတ်ဘုံနတ်နန်းတမျှ ခမ်းနား ထည်ဝါလှသည်။
ထိုရပ်ကွက်သည် လန်ဒန်မြို့၏ အစည်ကားဆုံး ရပ်ကွက်ထဲတွင် တစ်ခု အပါအ၀င် ဖြစ်သည်။
လန်ဒန်၏ ရေပေါ်ဆီ လူ့မလိုင်အလွှာတွင် ထရေစီတစ်ယောက် ရေပန်းစား နေချေပြီ။
ထရေစီသည် လှူသင့် လှူထိုက်သည့် အဖွဲ့အစည်းများအား လှူဒန်းပြီး တွေ့သင့် တွေ့ထိုက်သူများနှင့် တွေ့သည်။
မြို့စား ရွာစားကြီများနှင့် ချိန်းဆိုကာ နေ့လယ်စာ စားသည်။ ညစာ စားသည်။
ထရေစီအား လက်ထပ်ခွင့်ရရန် အဆိုပြုလာသော ဂုဏ်သရေရှိ မင်းယောက်ျား အများအပြား ပေါ်လာ သည်။
ထရေစီသည် ငယ်သည်။
ချောသည်။
ချမ်းသာသည်။
သို့သော် ...
ထီးမရှိသော ဘုရား၊ လင်မရှိသော မိန်းမ မတင့်တယ်ဆိုသလို ဖြစ်နေသည်။
ထရေစီဘ၀တွင် နေရေးထိုင်ရေး ငွေရေးကြေးရေးနှင့် ပတ်သက်၍မူ ပြည့်စုံကုန်လုံနေချေပြီ။
ဥရောပ တစ်ဝန်းလုံးရှိ အာမခံ သေတ္တာများနှင့် လန်ဒန်အိမ်တို့တွင် ငွေများ ခွဲထားသည်။
သူမတွင် လိုတရ ချမ်းသာကြွယ်ဝနေပြီ ဖြစ်သော်လည်း ထိုချမ်းသာမှုကို မျှဝေ ခံစားမည့်သူ မရှိဘဲ ဖြစ်နေ သည်။
ထရေစီသည် လင်နှင့် သားနှင့် ဖြစ်လုနီးပါး ရှိခဲ့သည့် တစ်ချိန်ကဘ၀ကို ပြန်လည် စဉ်းစားမိသည်။
မိမိဘ၀တွင် ထိုသို့ ပြန်ဖြစ်လာနိုင်ပါသေးသလော။
မိမိ၏ အဖြစ်မှန်ကို ဘ၀မှန်များကို ယောက်ျားတစ်ယောက်အား မည်သည့်အခါမျှ ထုတ်ပြော၍ ဖြစ်နိုင်လိမ့် မည် မဟုတ်ပါ။
မိမိ၏လင်ယောက်ျားအား မိမိ၏အတိတ်ဘ၀ဇာတ်ကြောင်းကို ဖုံးကွယ်ပြီး တစ်သက်လုံး နေ၍လည်း ဖြစ်နိုင် မည် မဟုတ်ပါ။
ထရေစီ သည် ဘ၀အမျိုးမျိုးတွင် ကျင်လည်ခဲ့ရပြီ။
ထို့ကြောင့် မိမိ၏ ဘ၀မှန်မှာ မည်သူမည်ဝါ ဖြစ်သည်ကိုပင် ကိုယ့်ကိုယ်ကို မဝေခွဲတတ်လောက်အောင် ဖြစ်နေသည်။
သို့သော် မိမိတစ်ချိန်က ရင်ဆိုင်ခဲ့ရသည့် နုံချာစုတ်ပဲ့လှသော ဘ၀မျိုးသို့ ဘယ်တော့မှ ပြန်အရောက် မခံတော့ဟု သန္နိဋ္ဌာန်ချထားသည်။
ကမ္ဘာတွင် တစ်ကိုယ်တော် အထီးကျန်သမားများ ဒုနဲ့ဒေး ရှိနေသေးသည် မဟုတ်ပါလား။
ထရေစီ သည် မိမိ၏တစ်ကိုယ်တော် အဖော်မဲ့ဘ၀ကို ဤသို့ပင် အားတင်းလိုက်သည်။
ထရေစီသည် နောက်တစ်နေ့ ညနေတွင် သူမ၏ အိမ်ဂေဟာကြီး၌ အရက်မျိုးစုံ တိုက်ကျွေး ဧည့်ခံသော "ကြက်မြီး" ပါတီပွဲ ကျင်းပသည်။
ဗင်းနစ်မြို့မှ ပြန်လာပြီးနောက် ပထမဆုံး ကျင်းပသောသပွဲ ဖြစ်သည်။
လန်ဒန်အထက်တန်းလွှာ အသိုင်းအ၀န်းတွင် ထရေစီ၏ ဧည့်ခံပွဲသည် ထိပ်တန်း ဧည့်ခံပွဲ ဖြစ်သည်။
ဧည့်ခံပွဲ သို့ ဖိတ်ကြားခံရသူတိုင်းလိုလို လာရောက်ကြသည်။
ထို့အပြင် ထရေစီ ကြိုတင် မှန်းဆမထားသော ဧည့်သည် တစ်ယောက်ပင် ပါသည်။ မှူးမတ် မျိုးရိုးထဲမှ အမွေစား အမွေခံ တစ်ဦး ဖြစ်ပြီး ငယ်ရွယ်၍ ချောမောလှပသူ တစ်ဦးဖြစ်သော ဟိုဝပ်ဆိုသူ အမျိုးသမီးကို ထရေစီ က သူမ၏ ဧည့်ခံပွဲသို့ ဖိတ်ခဲ့သည်။
ထိုအမျိုးသမီး ရောက်လာသောအခါ ထရေစီက ခရီးဦးကြိုပြု နှုတ်ဆက်ရန် သူမထံ လျှောက်သွားသည်။
သို့သော အနားရောက်သောအခါ နှုတ်ဆက်မည့် စကားများက အံ့အားသင့်ပြီး ပျောက်သွားသည်။ ဧည့်သည် အမျိုးသမီး နှင့် အတူ ထရေစီ မထင်မှတ်သော ဂျက်စတီဗင် ပါလာသည်။
"ထရေစီ ... ဟောဒီက မစ္စတာစတီဗင်ကို မင်း သိနေတယ် ဆိုတာကိုတော့ မယုံကြည်နိုင်လောက်အောင် ဖြစ်နေပြီကွာ၊ ဂျက် ... ဟောဒါ မစ္စက် ထရေစီ ၀ှစ်တနေ၊ ဒီဧည့်ခံပွဲရဲ့ အိမ်ရှင်ပေါ့"
ဂျက် က ထရေစီနှင့် လက်ဆွဲ နှုတ်ဆက်သည်။
ထိုသို့ နှုတ်ဆက်ရာတွင် သူမလက်ကို လိုအပ်သည်ထက် ပိုပြီး ကြာကြာကိုင်ထားကာ မသိမသာ ဖျစ်ညှစ် လိုက်သည်။
"သြော် ... မစ္စက်ထရေစီ ၀ှစ်တနေ ပါလား၊ ကျွန်တော် ဟာ ခင်ဗျားခင်ပွန်းရဲ့ မိတ်ဆွေ ဖြစ်ခဲ့ဖူးပါတယ်။ အိန္ဒိယ မှာ ကျွန်တော်တို့အတူတူ နေခဲ့ဖူးသေးတယ်"
ဂျက်က ပြောလိုက်သည်။
"အို ... တကယ် စိတ်ဝင်စားစရာပါပဲလား"
ဟိုဝပ်က ၀င်ပြောသည်။
"ထူး တော့ ထူးဆန်းသား၊ ကျွန်မယောက်ျားက ရှင်နာမည် တစ်ခါမှ ထည့်ပြောမသွားခဲ့ဖူးဘူး။
ထရေစီ က အေးတိအေးစက်ပင် ပြန်ပြောသည်။
"သူ တကယ်ပဲ ပြောမသွားဘူးလား၊ ကျွန်တော့်အဖို့တော့ အံ့သြစရာ ဖြစ်ရတာပါပဲ၊ တကယ် စိတ်ဝင် စားစရာ ကောင်းတဲ့လူပါ၊ သူဖြစ်ခဲ့ရတဲ့ အဖြစ်ကတော့ တကယ် သနားစရာပါပဲ"
"အို ... ဘာဖြစ်လို့လဲဟင် ..."
ဟိုဝပ်က ၀င်မေးသည်။
"ဘာမှ မဟုတ်ပါဘူး၊ အလကားပါ"
ထရေစီက ၀င်ပြောသည်။
"ဘာမှ မဟုတ်ပါဘူး ဟုတ်လား၊ အဲ ... ကျွန်တော့် အမှတ်သညာသာ မမှားဘူးဆိုရင် သူအိန္ဒိယမှာ ကြိုးပေး အသတ်ခံခဲ့ရတယ် မဟုတ်လား"
"အိန္ဒိယမှာ မဟုတ်ပါဘး ပါကစ္စတန်မှာ၊ အဲ ... ကျွန်မ အခုမှ သတိရတယ်၊ ကျွန်မ ယောက်ျားက ရှင့် အကြောင်း တစ်ခါ ပြောသွားဖူးတယ်၊ ရှင့် မိန်းမကော ... အခု ဘယ်မှာလဲ၊ နေကောင်းရဲ့လား"
ထရေစီ က ခပ်တည်တည် ပြန်ပြောလိုက်သည်။
"ရှင် လက်ထပ်တဲ့အကြောင်း ကျွန်မကို တစ်ခါမှ မပြောဘူးပါလား ဂျက်"
ဟိုဝပ်က ဂျက်ကို လှည့်ပြီး ပြောလိုက်သည်။
"စီစီလီနဲ့ ကျွန်တော်နဲ့က ကွာရှင်းပြတ်စဲပြီးပါပြီ"
"ကျွန်မပြောတက ရို့စ်ကို ပြောတာ"
ထရေစီ ခပ်ပြုံးပြုံးပင် ပြောလိုက်သည်။
"သြော် ... အဲဒီမိန်းမလား"
"ရှင် နှစ်ခါတောင် လက်ထပ်ခဲ့တယ် ဟုတ်လား"
"စီစီလီနဲ့သာ တစ်ခါပဲ လက်ထပ်ခဲ့တာပါ၊ ရို့စ်နဲ့ ကျွန်တော်နဲ့ကတော့ ဖျက်သိမ်းလိုက်ကြတာပါ၊ အဲဒီတုန်း က ကျွန်တော်တို့ သိပ် ငယ်ကြသေးတယ်လေ ..."
ဂျက်က ပြန်ဖြေရင်း တခြား တစ်နေရာသို့ ရှောင်သွားဟန် ဟန်ပြင်လိုက်သည်။
"ဒါပေမယ့် သူနဲ့ ကလေး အမြွာပူးရခဲ့သေးတယ် မဟုတ်လား"
ထရေစီက မေးလိုက်သည်။
"ကလေး အမြွာရှိတယ် ဟုတ်လား"
ဟိုဝပ်က တအံ့တသြ မေးလိုက်သည်။
"အဲဒီအမြွာက သူတို့အမေနဲ့ပဲ နေကြတာပါ"
ဂျက်က ဟိုဝပ်ကို ဖြေလိုက်သည်။ ထို့နောက် ထရေစီကို လှမ်းကြည့်ပြီး ပြောလိုက်ပြန်သည်။
"ခင်ဗျားနဲ့ အခုလို စကားပြောရတာ ကောင်းပါတယ်ဗျာ၊ ဒါပေမယ့် ခင်ဗျားမှာလဲ တခြားဧည့်ခံစရာ ဧည့်သည်တွေ ရှိဦးမှာဆိုတော့ ကျွန်တော်တို့က အလိုက်သိမှ ဖြစ်မယ်"
ဂျက်က ဟိုဝပ်၏ လက်မောင်းလှလှလေးကို ဖွဖွလေး ကိုင်ပြီး တခြားစကားဝိုင်း တစ်ဝိုင်းသို့ ခေါ်သွားသည်။
နောက်တစ်နေ့ နံနက်တွင် ထရေစီ သည် ဟာရော့ကုန်ပဒေသာ တိုက်ကြီးသို့ ဈေးဝယ်သွားရာ ဂျက်နှင့် ဓာတ်လှေကား ထဲ၌ သွားဆုံသည်။
ဆိုင်တွင် ဈေးဝယ်သူများက စည်ကား များပြားလှသည်။
ဒုတိယ အထပ်အရောက်တွင် ဓာတ်လှေကား ရပ်သွားပြီး တံခါးပွင့်သွးသည်။
ဓာတ်လှေကားထဲမှ လူတချို့က ထွက်ကြပြီး တချို့က ၀င်ကြသည်။
ထရေစီက ဓာတ်လှေကားထဲမှ ရုတ်တရက် ထွက်လိုက်သည်။
ဓာတ်လှေကားထဲတွင် ကျန်နေသော ဂျက်ကို လှည့်ကြည့်ပြီး အော်ပြောလိုက်သည်။
"ဒါနဲ့ စကားမစပ် ... ရှင့်ကို စွဲထားတဲ့ စာရိတ္တပျက်မှုတွေက ရှင် ဘယ်လိုလုပ် လွတ်လာတာလဲဟင်"
ဓာတ်လှေကား တံခါးက ပြန်ပိတ်သွားသည်။ ဓာတ်လေကာုထဲမှ လူးများက ဂျက်အား မနှစ်မြို့သည့် အကြည့်များဖြင့် ၀ိုင်းကြည့်ကြသည်။ ဂျက် လှလှပပကလေး ခံလိုက်ရသည်။
ထိုညက ထရေစီသည် အိပ်ရာထဲ၌ ဂျက်အကြောင်း စဉ်းစားရင်း တစ်ယောက်တည်း တခစ်ခစ် ရယ်မိသည်။
ဂျက် သည် အရပ်အမောင်းကောင်းပြီး တကယ်တော့ ရုပ်ရည်ချောမောသူ ဖြစ်သည်။
ဂျက်နှင့် မိမိသည် ဘ၀တူများဖြစ်ကြောင်း ထရေစီ စဉ်းစားမိသည်။
ဘယ်သောအခါမျှ အိုးအိမ်နှင့် မိသားစုနှင့် အတည်တကျ ရှိမည့်သူများ မဟုတ်ပါချေ။
ထရေစီသည် သူ့အတွေးကို ပြောင်းလိုက်သည်။
ပြင်သစ်တောင်ပိုင်းတွင် သူလုပ်မည့် အလုပ်ကို စဉ်းစားလိုက်သည်။
တကယ်ကို စွန့်စားရမည့်အလုပ် ဖြစ်သည်။
ရဲက အမျိုးသမီးဂိုဏ်းတစ်ဂိုဏ်းကို လိုက်နေကြောင်း ဂန်သာက ပြောပြထားသည်။
ထရေစီ အိပ်ပျော်သွားသောအခါ သူမ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးစကလေး တွဲခိုနေသည်။
ဒင်နရယ်ကူးပါးသည် ပါရီရှီ သူတည်းခိုသော ဟိုတယ်အခန်းထဲတွင် ရဲမှူးကြီး ထရစ်နန့် ပေးလိုက်သော အမှုတွဲများကို ဖတ်နေသည်မှာ နံနက် ၄နာရီပင် ထိုးချေပြီ။
ဖတ်ရှုခဲ့သမျှသော ခိုးမှုနှင့် လိမ်လည်မှုများကို ပြန်လည် ဆန်းစစ် သုံးသပ်သည်။
တချို့သော ခိုးပုံ လိမ်ပုံများမှာ ကူးပါး သိပြီး နည်းများ ဖြစ်သည်။ သို့သော် တချို့မှာ သူ မသိဘူး မကြာဘူး သော နည်းသစ် နည်းဆန်းများ ဖြစ်နေသည်။
အခိုးခံရသူ အလိမ်ခံရသူအားလုံးသည် သတင်းပုပ်သူများ၊ မတရား စီးပွားရှာ ကြီးပွားနေသူများ ဖြစ်ကြောင်း ရဲမှူးကြီး ထရစ်နန့်က ပြောပြခဲ့သည်။
ထိုအမျိုးသမီးဂိုဏ်းသည် သူတို့ကိုယ်သူတို့ "ရော်ဘင်ဟု" လို့ပင် ထင်နေပုံရသည်ဟု ကူးပါး တွေးမိသည်။
အမှုတွဲသုံးတွဲသာ ဖတ်ဖို့ ကျန်တော့သည်။
အမှုတွဲ တစ်တွဲ၏ထိပ်တွင် "ဘရပ်ဆယ်"ဟု စာတန်း ထိုးထားသည်။ ကူးပါးက ဖိုင်ကို ဖွင့်လိုက်င်္ပြီး အစီရင် ခံစာကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ဘယ်ဂျီယံအမျိုးသား စတော့ရှယ်ယာ အရောင်းအ၀ယ်ပွဲစား မစ္စတာဗန်ရိုဆင်၏ အိမ်ရှိ နံရံမြှုပ် မီးခံ သေတ္တာထဲမှ ရတနာမျိုးစုံ နှစ်သန်းဖိုး အခိုးခံရသည့်အမှု ဖြစ်သည်။
ကူးပါးက အမှုသွား အမှုလာ ဖြစ်ပျက်ပုံကို ဆက်ဖတ်လိုက်သ်ည။
အိမ်ရှင် မစ္စတာ ဗန်ရိုင်ဆင်သည် အပန်းဖြေခရီးထွက်နေရာ အိမ်တွင် မည်သူမျှ မရှိပေ။
ခိုးယူသည့်အချိန်တွင် လျှို့ဝှက်ဆက်သွယ်ထားသော အချက်ပေးခေါင်းလောင်းသံ ရဲဌာနတွင် သွားမြည် သည်။
ရဲများ ထိုအိမ်သို့ ရောက်သွားသောအခါ ပါးလွှာသော ည၀တ်စုံ ၀တ်ထားသည့် အမျိုးသမီးတစ်ဦးက ဆီးကြို နေသည်။ သူမ၏ဆံပင်များကို ဆံပင်ကောက် ခေါင်းဆောင်ဦးထုပ်ဖြင့် အုပ်ထားသည်။ မျက်နှာတွင် ထူထဲသော မိတ်ကပ်မျာက ကျိုးတိုးကျဲတဲ ရှိနေသည်။
သူမသည် မစ္စတာဗန်ရိုင်ဆင်အိမ်မှ ဧည့်သည်ဖြစ်ကြောင်း ရဲများကို ပြောပြသည်။
ရဲများက သူမပြောစကားကို ယုံပြီး ပြန်လာကြသည်။ ရဲစခန်း ပြန်ရောက်လာပြီး ခရီးထွက်နေသော အိမ်ရှင် နှင့် ဆက်သွယ် စစ်ဆေးလိုက်သောအခါ မဟုတ်မှန်း သိလာသည်.
သို့သော် ထိုအချိန်တွင် ဧည့်သည်ဆိုသူ အမျိုးသမီးနှင့် မီးခံသေတ္တာထဲမှ ရတနာများ ပျောက်ခြင်းမလှ ပျောက်သွား ပါချေပြီ။
ကူးပါးသည် အစီရင်ခံစာကို ဘေးချပြီး ထွေးလိုက်သည်။ သူ့အတွေးထဲတွင် ဖြစ်ရပ်ဟောင်းတစ်ခုက တရေးရေး ပေါ်လာသည်။
ရဲမှူးကြီးထရစ်နန့် စိတ်မရှည်နိုင်ပါတော့ချေ။
"ခင်ဗျား မှားနေပြီ၊ ဒီအမှုတွေအားလုံးကို ကျူးလွန်တဲ့သူဟာ အမျိုးသမီးတစ်ယောက်တည်းလို့ ခင်ဗျား ပြောတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"အဲဒါကို စစ်ဆေးလို့ရတဲ့နည်း ရှိပါတယ်"
ဒင်နရယ်ကူးပါးက ခပ်အေးအေးင် ပြန်ပြောသည်။
"ဘယ်လိုစစ်မလဲ"
"ဒီ စာရင်းထဲမှာပါတဲ့ နောက်ဆုံးဖြစ်ခဲ့တဲ့ ခိုးမှုနဲ့ လိမ်လည်မှုဖြစ်တဲ့ ရက်စွဲတွေရယ်၊ နေရာတွေရယ်ကို ကွန်ပျူတာမှာ ပြန်ကြည့်ချင်တယ်"
"ဒါ လွယ်ပါတယ်၊ ဒါပေမယ့် ..."
"နောက်တစ်ချက်ကတော့ ... အဲဒီအမှုဖြစ်တဲ့ မြို့တွေမှာ အဲဒီ အမှုတွေ ဖြစ်ပွားနေတဲ့အချိန်မှာပဲ ရောက်ရှိ နေတဲ့ အမေရိကန် ကမ္ဘာလှည့် အမျိုးသမီးတွေရဲ့ အကြာင်းအချက်တွေကို လူဝင်မှု ကြီးကြပ်ရေးကနေ တောင်းယူချင်တယ်။ အဲဒီ အမျိုးသမီးဟာ နာမည်အတု၊ နိုင်ငံကူး လက်မှတ်အတုတွေကို သုံးဖို့ များတယ်၊ ဒါပေမယ် တစ်ခါတစ်လမှာ သူ့ရဲ့နာမည်အမှန် နိုင်ငံကူးလက်မှတ်အစစ်ကို သုံးကောင်း သုံးနိုင်တယ်"
"ခင်ဗျား တွေးတောကြံဆပုံကို ကျွန်တော် မြင်လာပြီ၊ ကောင်းပြီလေ ... ခင်ဗျားလိုချင်တာကို ဖြစ်အောင် ကျွန်တော် ခုပဲ စလုပ်ပေးမယ်"
ရဲမှူးကြီး ထရစ်နန့်က ကူးပါး စိတ်ကူးမှားလိမ့်မည်ဟု ယုံကြည်ထားပြီး သူပြောသလို လက်တွေ့စစ်ဆေး သည်။
ပထမဆုံး ခိုးမှု ဖြစ်ပွားသည့် နေရာမှာ စတော့ဟုမ်းမြို့ ဖြစ်သည်။
ထိုအမှုဖြစ်ပွားစသ် ရက်သတ္တအပတ်အတွင်း စသော ဟုမ်းသို့ ရောက်လာသော အမေရိကန် ကမ္ဘာလှည့် အမျိုးသမီးများ စာရင်းနှင့် အချက်အလက်များကို စတော့ဟုမ်းရှိ အင်တာပိုဌာနခွဲမှ တစ်ဆင့် လှမ်းတောင်း လိုက်သည်။ ထိုအချက်လက်အများကို ကွန်ပျူတာထဲ ထည့်လိုက်သည်။
ဒုတိယ အမှုဖြစ်ပွားသည့်မြို့မှာ အီတလီနိုင်ငံ မီလန်မြို့ ဖြစ်သည်။
ထိုအချိန်က ထိုမြို့တွင် ရောက်နေသော အမေရိကန် ကမ္ဘာလှည့် အမျိုးသမီးများစာရင်းနှင့် ပထမစာရင်း တို့ကို ကွန်ပျူတာဖြင့် တိုက်ဆိုင် စစ်ဆေးလိုက်သည်။ အားလုံးပေါင်း လူ ၅၀ ရှိသည်။
ထို့နောက် အိုင်ယာလန်တွင် လိမ်လည်မှု ဖြစ်ပွားစဉ်က ရောက်ရှိနေသော အမေရိကန် ကမ္ဘာလှည့် အမျိုးသမီးများ၏ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးလိုက်သောအခါ အမျိုးသမီး ၁၅ဦးသာ ကျန်တော့သည်။
ထိုအမျိုးသမီး ၁၅ဦး၏ စာရင်းကို ရဲမှူးကြီး ထရစ်နန့်က ဒင်နီရယ်ကူးပါးအား လှမ်းပေးလိုက်သည်။
"ဒီနာမည်တွေကို ဘာလင်မှာ လိမ်လည်မှု ဖြစ်တုန်းက ရောက်နေ သူတွေရဲ့ နာမည်နဲ့ တိုက်ဆိုင်ပြီး ထပ်စစ် ထုတ်လိုက်ဦးမယ်"
ထရစ်နန့်က ပြောသည်။
"မလိုတော့ပါဘူးဗျာ ... အဖြေပေါ်ပါပြီ"
ဒင်နရယ်ကူးပါးက ပြောလိုက်သည်။
သူ့လက်ထဲမှ လူစာရင်းတွင် ထိပ်ဆုံးမှ နာမည်မှာ ထရေစီဝှစ်တနေ" ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
နိုင်ငံတကာ ရဲတပ်ဖွဲ့ "အင်တာပို" က စတင် လှုပ်ရှားလိုက်သည်။
ထိပ်ဆုံး ဦးစားပေးအဆင့်ဖြစ်သော "အနီရောင်" ဖြန့်ဝေစာကို အဖွဲ့ဝင်နိုင်ငံများအားလုံးသို့ ဖြန့်ဝေ တပ်လှန့် လိုက်သည်။
ထရေစီဝှစ်တနေ အား သတိထား စောင့်ကြည့်နေရန် အချက်ပေးလိုက်ခြင်း ဖြစ်သည်။
"အစိမ်းရောင် သတိပေးချက်ကိုလဲ ကျွန်တော်တို့ တယ်လီတိုက်နဲ့ အကြောင်းကြားထားပါတယ်"
"အစိမ်းရောင် သတိပေးချက် ဟုတ်လား ... ဘာလဲဗျ" ကူးပါးက မေးသည်။
"ကျွန်တော်တို့ အင်တာပိုမှာ စကားဝှက်ကို အရောင်နဲ့ ပြောပြီး သုံးတယ်၊ အနီရောင် ဖြန့်ဝေစာဟာ ထိပ်ဆုံး ဦးစားပေး အဆင့်ပဲ၊ အပြာရောင်ကတော့ သံသယရှိတဲ့ လူကို စုံစမ်းဖို့ အကြောင်းကြားတာပဲ၊ အစိမ်းရောင် သတိပေးချက် ကတော့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေအနေနဲ့ ကျွန်တော်တို့ ပြောတဲ့ လူဟာ သံသယရှိဖို့ ကောင်းတယ်၊ စောင့်ကြည့်နေဖို့ လိုတယ်လို့ ဆိုတာပဲ။
"အဲဒီအပြင် အက်စ်-ဒီလို့ အချက်ပြလိုက်ရင် အထူးအမြန်၊ ဒီ-ဆိုရင် အလျင်အမြန်လို့ အဓိပ္ပာယ် ရတယ်။
"အခု အခြေအနေမှာတော့ မစ္စ၀ှစ်တနေဟာ ဘယ်နိုင်ငံကိုပဲ ရောက်နေပါစေ၊ သူ အဲဒီနိုင်ငံကို ၀င်လာတာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့က သူ့ကို စောင့်ကြည့်ပြီး ဖြစ်နေမှာပါ"
နောက်တစ်နေ့တွင်ပင် ထရေစီဝှစ်တနေအား အမျိုးသမီးထောင်၌ ရိုက်ကူး မှတ်တမ်းတင်ခဲ့သော ဓာတ်ပုံ မူပွားများကို အင်တာပိုက် ရရှိလိုက်သည်။
ဒင်နရယ်ကူးပါးသည် သူ့လုပ်ငန်းမှ အကြီးအကဲ ဂျေဂျေရေနော၏ အမေရိကန်မှ အိမ်သို့ ပြင်သစ် ဟိုတယ် တယ်လီဖုန်း လှမ်းဆက်သည်။
တယ်လီဖုန်းအသံ အကြိမ်တစ်ဒါဇင်ခန့် မြည်ပြီးမှ ရေနောက အိပ်ချင်မူးတူးဖြင့် ကောက်ကိုင်ပြီး ဖြေလိုက် သည်။
"ဟဲလို ..."
"ကျွန်တော် နောက်ကြောင်း သတင်းအချက်အလက် တချို့ လိုချင်လို့ ..."
"အခု ဆက်နေတာ ကူးပါး မဟုတ်လား၊ အလို ဘုရားရေ ... အခု မနက်လေးနာရီ ရှိနေပြီ၊ ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် ..."
"ဒီမှာ ထရေစီဝှစ်တနေအနေဲ့ ပတ်သက်တဲ့ နောက်ကြောင်း အချက်အလက်အားလုံး ရှိသမျှ ပို့လိုက်ဗျာ၊ သတင်းစာဖြတ်ပိုင်း တွေရော၊ ဗွီဒီယိုတိပ် တွေရော ရှိသမျှ အားလုံးပေါ့"
"အဲဒီမှာ ခင်ဗျား ဘာတွေဖြစ် ..."
သူ့စကားမဆုံးမီမှာပင် ကူးပါးက တယ်လီဖုန်း ချသွားသည်။
တစ်နေ့တော့ ဒီခွေးမသား ကို ငါ သတ်ဖြတ်မိလိမ့်မယ်ဟု ရေနောက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
စောစောပိုင်းကမူ ဒင်နရယ်ကူးပါးသည် ထရေစီအား သာမန်မျှသာ စိတ်ဝင်စားခဲ့သည်။
ယခုမူ သူမသ်ည သူ၏ လုပ်ငန်း စက်ဝိုင်းအတွင်း ရောက်ရှိနေချေပြီ။
ထရေစီ၏ ဓာတ်ပုံများကို သူ တည်းခိုသော ပြင်သစ် ဟိုတယ်၏ အခန်းနံရံများတွင် ကပ်ထားလိုက်သည်။
ထရေစီနှင့် ပတ်သက်သော သတင်းစာ ဖြတ်ပိုင်းများ အားလုံးကို သူ ပြန်ဖတ်သည်။
ဗွီဒီယိုပြစက်ကို သွားငှားပြီး ထရေစီအား ရုံးတော်မှ အပြစ်ချလိုက်ပြီးနောက် ရိုက်ကူးထားသည့် ဖလင် အခွေ များ၊ ထောင်မှ လွှတ်လိုက် ပြီးသည့်နောက် ရိုက်ကူးထားသည့် ဖခင်အခွေများ အားလုံးကို တစိမ့်စိမ့် ပြန်ကြည့်သည်။
ကူးပါးသည် သူ၏ အခန်းထဲတွင် မှောင်ချပြီး ထိုဗွီဒီယို တိပ်ခွေများကို နာရီပေါင်းများစွာ ကြည့်ရှုအကဲခတ် နေသည်။ စောစောပိုင်းက ရှိခဲ့သော သံသယများသည် ယခုအခအတွင်မူ သေချာလာပြီ ဖြစ်သည်။
"အမျိုးသမီး တွေရဲ့ ဂိုဏ်းဆိုတာ မင်းပဲ မစ္စ၀ှစ်တနေ"
ဒင်နရယ်ကူးပါး က ကျယ်လောင်အားရစွာ အော်ဟစ်လိုက်သည်။ ထို့နောက် ဗွီဒယိုတိပ်ခွေကို တစ်ပတ် ပြန်ကြည့် လိုက်သည်။
ဆက်ရန်
.
No comments:
Post a Comment
thank you to say so