Thursday, April 29, 2010

ရွှေစင်ဦး ဘယ်လဲ

ဒီနေ့တော့ ပျင်းနေတာ နဲ့ ဘလော့တွေ လိုက်ဖတ်ရင်း နဲ့ ကိုယ့် ဘလော့ ကိုယ်လည်း ဝေဖန်သုံးသပ် မှု့ ကလေး လုပ်မိတယ်...၊ ကျနော် တင်တဲ့ ပိုစ့် တွေ မှာ ချစ်ကိုယ်တွေ့ ရယ် စားစရာ တွေ အကြောင်းရယ် ဆို ရင် လူကြိုက် များတယ်ဗျ....၊ ကျနော် လည်း မန့် တာလေး တွေ ပြန်ဖတ်ရင်း အင်း ငါ ရှိတဲ့ အလုပ်ကလေး ပြစ်ထားပြီး နိုင်ငံခြား သွား အညာဟင်း ချက် ရောင်းအုန်း မှ လို့ လည်း စိတ်ကူးပေါ်မိတယ်...။

စာဖတ်သူ များ စိတ်ကြိုက် ကျနော် ချက်ကျွေးချင် ပါတယ်.... ၊ ချက်ကျွေး မယ် လုပ်ရင်း ကျနော့် ဖေဖေ မှတ်ချက် ကလေး လည်း သတိရသွားတယ်...၊ ရွှေစင်ဦး က ဟင်းချက်လည်း ကောင်း တယ်.. စားလို့ လည်း ကောင်းတယ်... ဒါပေမဲ့ တနှစ် တခါလောက် ချက်တော့ ဘယ်နဲ့ လုပ်မလည်း တဲ့...။

အခုလည်း ကျနော် ဟာ စိတ်ပါ မှ ဟင်းချက် တတ်ပေမဲ့....ကျနော် ရဲ့ စာဖတ်သူများ အတွက် တော့ မကြာ မကြာ ကျိုးစားချက် ကျွေးပါမယ်..၊ ကျနော့် ချစ်တဲ့ သူများ ဆိုတော့. ချက်ကျွေးရမှာပေါ့ လေ..(ကျနော့် စာလေး ဖတ်တာ လည်း ဒီလူတွေဘဲ ရှိတာ ဆိုတော့ အဟဲ....) အဲဒီတော့ အညာစာ စားချင်တဲ့ စာဖတ်သူ များ အတွက် ချက်မဲ့ အစီအစဉ် ရှိပါတယ်ဗျာ...။

နောက်တခါ ချစ်ကိုယ်တွေ့ အဲဒါကတော့ ကျနော့် မှာ ရှားရှား ပါးပါး တဦးတည်းသော ရီးစား နဲ့ တဦးတည်း သော ယောက်ကျား ချစ်ချစ်ကြီး ဘဲ ရှိတာဆိုတော့ အခက်သား..၊ ချစ်ချစ်ကြီး နဲ့ ပတ်သက်တာ လည်း တော်တော် ရေးပြီး သွားပြီဆိုတော့... အင်း ပရိတ်သတ်ကြီး အတွက် အသစ်ကလေး ရှာမှပါ....။

ကဲ.. ဟိုရောက်..ဒီရောက် ပြောရင်း နဲ့ မကေ ရဲ့ အတင်း ပိုစ့်လေး သွားဖတ်မိတယ်...၊ စာရေးတာလေး က ကောင်းလိုက်တာ ပါးပါးလေး နဲ့ တင်ပြပုံ လှလိုက်တာ... ကျနော် တောင် ဖတ်ရင်း နဲ့ အဲဒီထဲ က အတုံး လိုက် အတစ်လိုက် ပြောတဲ့ ဘလော့ဂ် အတင်း ကို ပြောတော့ ကျနော့် များ ပြောလေသလားလို့.. အဟီး ရွှေစင်ဦး ကလည်း ရေးလိုက်ရင် အတုံးလိုက် အတစ်လိုက် ဆိုတော့ စိုးရိမ်မိတယ်..၊ ကျနော် ရေးတာတွေ က ဟုတ်ရဲ့လား လို့လည်း စိတ်ထဲလည်း ခံစား သွားမိတယ်.. အိုးမလုံ အုံပွင့် ဆိုတာ ဒါမျိုးနေမှာ..။

အဲဒီတော့ ကျနော့် အကြောင်းတော့ နဲနဲ ဝန်ခံမှ ဖြစ်မယ်.. ကျနော် ကတော့ ပြောရရင် ငယ်ငယ်လေး ကထဲက တော်တော် ဒုံးဝေးတယ်..၊ တော်ရုံ ပြောရင် နားမလည် တတ်သလို အမှန် အတိုင်း  ဗွင်းဗွင်း ကြီး ပြော တတ်တယ်...၊ ကျနော့် ကို  အိမ် က လူတွေက ညောင်တုန်း သူမကြီး တဲ့ ...၊ အဲဒီ ပုံပြင်တော့ ခင်ဗျား တို့ သိမှာပါနော်..၊ မှန်တာ တွေ ပြောလွန်းတာ အပြင် ရန်လို တတ်တဲ့ အပြောအဆိုတွေ အတွက်  ရွာပြင် ထုတ်ထား တဲ့ မိန်းမကြီး ပေါ့ ဗျာ..၊ ကျနော် နဲနဲ လောက် ပြန်နွေး ပေးပါမယ်...။

တနေ့တော့ ခရီးသွားတယောက် က ရွာပြင်မှာ တယောက် ထဲ နေတဲ့ အဖွားကြီး ကို သနားပြီး အဖွား ရယ် မှန်တာတွေ ပြောတာနဲ့ ဒီလို ရွာပြင်ထုတ်ထား တယ် ဆိုတော့ ရွာသူရွာသား တွေ လွန်ပါတယ် ဘာ ညာ ဆိုပြီး အဲဒီ ညောင်တုန်း သူကြီးဘက်က လိုက်ပြီး ပြောပေး တယ်...။

ညောင်တုန်း သူအဖွားကြီး ကလည်း ဝမ်းတွေ သာလို့ပေါ့ သူ့ဘက်က လိုက်ပြောပေးလို့ပေါ့... ရေတွေ တိုက် ဆေးလိပ် တွေ တိုက် နဲ့ ဧည့်ခံ လို့ပေါ့..၊ ခဏနေတော့ .. သူလည်း နှုတ်ဆက် ပြီး ခရီးဆက်သွား ပါရော..၊ နဲနဲ သွားမိတော့ နောက်ကနေ ခေါ်သံ ကြားတယ် တဲ့ ... ဟေ့ဟေ့.. မျက်စေ့ တဘက်လပ် နဲ့ သူငယ်လေး မီးခြစ် ကျန်ခဲ့ တယ်တဲ့..၊ အဲဒါနဲ့ ခရီးသွား ကလည်း ရွာပြင်ထုတ်ခံ ရတာတောင် နည်းသေး တခါထဲ ငရဲပြည် ပို့လိုက် ရမှာတဲ့....။

ကျနော် က အဲလို အမှန် တွေ ပြောတတ် သလို .. သူများ တွေ ပြောရင်လည်း အမှန်အတိုင်း  ပြောတာဘဲ လို့ ထင်တယ်..၊ ဖေဖေ ကလည်း ငယ်ငယ် ကထဲက မလိမ် ဘို့ကို အဓိက ထား သင်ထား တယ်... ၊ ဖေဖေ ကိုယ် တိုင်လည်း လိမ်မပြောဘူး.. ညစ်ညမ်း တဲ့ စကားတွေ ဆဲ တာတွေ မပြောဘူး... ကျနော့် တို့ ညီမ တွေ ကိုတောင် စိတ်ဆိုး လွန်း မှ အရင့် သီးဆုံး စကား ခွေးမ လို့ ပြောတာဘဲ ကြားဘူးတယ်... ဒါတောင် တခါ နှစ်ခါ ပါဘဲ... ငယ်ငယ်တုန်းက..။

ကဲ ပြောချင်တာက တော့ ကျနော် ဟာ ရိုးရိုး ကြီး ဘွင်းဘွင်း ပြောတတ်သလို စာဖတ်ရင်လည်း  ရိုးရှင်း တဲ့ အရေး အသား များကို ဘဲ နှစ်ခြိုက်ပါတယ်... အခု ခေတ်ပေါ် မော်ဒန် များ ပိုစ့် မော်ဒန် များကို ဖတ်ရင် လည်း နားမလည် တတ်ပါ...၊ နောက် တချို့ ကဗျာ များ ဆိုလည်း  နားမလည်တာ ထက် မခံစား တတ်ပါ.. အရိပ် ပြ လို့လည်း အကောင် မထင်တတ်ပါ..၊ အဲဒါ တွေ ကတော့ ရွှေစင်ဦး လေး ရဲ့ စာပေ အရည် အချင်း တွေပါဘဲ...။

ဒီနေ့.. ရွှေစင်ဦး ဘယ်လဲ ဆိုတာနဲ့ အဆုံးသတ် ပါမယ်.. အခုခေတ်မှာ ဗျာ .. သုံးကြ လွန်းလို့ ဟိုဟာ..  ဘာလဲ..ဘယ်လဲ.. ဒီဟာ ဘာလဲ...ဘယ်လဲ .. ဆိုတော့ ရွှေစင်ဦး လေးလည်း ကိုယ့် အဆင့် နဲ ကိုယ် ရွှေစင်ဦး ဘယ်လဲ ဆိုတာ လေး သတိရသွားလို့ပါ...။

ကျနော် ငယ်ငယ် က ကျနော် တို့ အိမ် မှာ ကား ရှိဘူး ပါတယ်.. ကျနော် နဲ့ ဖေဖေ နဲ့ မောင်း ပါတယ်.. ဖေဖေ မောင်းရင် ကျနော် အဖော်လိုက်ပြီး သူ ပျင်းရင် မောင်းပေးတာပါ.. ၊ အဲဒီတုန်းက  ကျနော် အသက် မပြည့် သေးတဲ့ အတွက် လိုင်စင် မရှိပါဘူး.. မောင်းတာလည်း မကျွမ်းကျင် သေးတဲ့ အချိန် ပေါ့ သင်မောင်း လေး ပေါ့..။

တနေ့တော့ အဲလို မောင်းရင်းနဲ့ လမ်းအချိုး တခုမှာ ကွေ့ လိုက်တာ.. ဟိုဘက်က ထွက်လာ တဲ့ ဆိုက်ကား နဲ့ တိုက်မိ ပါလေရော ဗျာ..၊ လူတွေ က လည်း ချက်ခြင်း ဝိုင်းလာကြတယ်..၊ ဆိုက်ကားလည်း ဘာဖြစ် သွားမှန်း မသိဘူး... ၊ ကျနော် လည်း ဘရိတ်အုပ် လိုက်ပြီး  ရုတ်တရက် ဆိုတော့ ဘာဆက် လုပ်ရမှန်း မသိ ဖြစ်ပြီး ကားပေါ် ကနေ ခုန်ဆင်းလိုက် တယ်..။

အဟဲ... နောက်ကနေ ကျနော့် ဖေဖေ က လှမ်းဆွဲ လိုက်တယ်.. ပါးစပ် ကလည်း အော်လိုက်တယ်.. ရွှေစင်ဦး ဘယ်လဲ တဲ့.. ကျနော်လည်း အဲဒီကြ မှ ဟုတ်ပါဘူး အောက်ဆင်းကြည့် မလို့ပါ လို့... အမှန်တော့ လစ်ရင် လူအုပ်ထဲ ဝင်ရှောင် မလားလို့ ပါ.. ကြောက်တာကိုးဗျ... ဘာဖြစ် သွားမှန်း လည်း မသိ ဆိုတော့... နောက်ပြီး... ကျနော့် မှာ လိုင်စင် ရှိသေးဘူးလေ.. ငယ်သေး တယ် မဟုတ်လား ...၊ ဖေဖေ များ ကျနော် အစား ဝင်ပြီး ကျနော် မောင်းပါတယ် ဆိုရင် ကောင်းမှာ လို့... ရပါဘူးဗျာ.. ၊ သမီး မောင်းပါတယ်.. လိုင်စင်လည်း မရှိပါဘူး တဲ့... အဟင်း သူမြှောက် ပေးတုန်း က မြှောက် ပေးပြီး...။

(နောက်ဆက်တွဲ.. တော်ပါသေးတယ်.. ဘယ်သူ မှ ဘာမှ မဖြစ်လို့.... ဟိုဘက်ကလည်း ကလေး လေး က လည်း သင်နင်း နင်း လာလို့ ..... ဘဲစား ဘဲချေ ပေါ့..)

အားလုံးအား လေးစားလျှက်
စာရေးသူ-ရွှေစင်ဦး
.
ပုံအား Google မှယူပါ၏။
.

10 comments:

  1. ဟ ဟ ဟ ဟ ဟ . . . .
    ဖြစ်မှ ဖြစ်ရလေ. . .
    သင်မောင်းချင်း ငြိကြတဲ့ ပွဲပေါ့. . .
    ဒါနဲ့ မရွှေစင်ဦး ဘယ်လဲ. . ။
    ( ပြေးမလို့လား မေးတာ )

    ReplyDelete
  2. စာတွေ လာဖတ်တယ် အမ၊ အရေးအသားတွေ မိုက်တယ်။

    ReplyDelete
  3. အင်း..အင်းး တော်သေးတယ်။
    ရွှေစင်ဦး ဘာလဲ ...ဘာ မှ မလဲ ဘူး ။
    ရွှေစင်ဦး ဘယ်လဲ ... ဘယ်ရော ညာရော လဲတာ ။
    ဘယ်ရှောင်ရှောင် ၊ ညာရှောင်ရှောင် မလွတ်ပါဘူး ...လာခဲ့ မိပြီ ။
    မင်းဘယ်ပြေးမလည်း မိချိုသည်း ..း))

    ReplyDelete
  4. ဘာလဲဆိုလို့..ဘာများလဲလို့
    ကားပေါ်ကဆင်းကြည့်တာ..ဘာမှမလဲပါလား။။ဆိုက်ကားလဲထောင်လို့..

    ReplyDelete
  5. ကျနော် က အဲလို အမှန် တွေ ပြောတတ် သလို .. သူများ တွေ ပြောရင်လည်း အမှန်အတိုင်း ပြောတာဘဲ လို့ ထင်တယ်..၊ ဖေဖေ ကလည်း ငယ်ငယ် ကထဲက မလိမ် ဘို့ကို အဓိက ထား သင်ထား တယ်... ၊ ဖေဖေ ကိုယ် တိုင်လည်း လိမ်မပြောဘူး.. ညစ်ညမ်း တဲ့ စကားတွေ ဆဲ တာတွေ မပြောဘူး... ကျနော့် တို့ ညီမ တွေ ကိုတောင် စိတ်ဆိုး လွန်း မှ အရင့် သီးဆုံး စကား ခွေးမ လို့ ပြောတာဘဲ ကြားဘူးတယ်... ဒါတောင် တခါ နှစ်ခါ ပါဘဲ... ငယ်ငယ်တုန်းက..။"

    အမ.. တူတူပဲ အဲ့ဒါတွေကြောင့်ာရေးသူအချို့ကြောင့် အခုအချိန်မှာခံလိုက်ရတာတွေတောင်လက်၅ချောင်းပြည့်တော့မယ်။ ကိုယ်ကတော့ ကိုယ့်လိုပဲထင်မိတာကိုး။
    ကျနော်က ဟန်ဆောင်တာလဲ မကြိုက်ဘူး။ အမ။ မသိမခင်ရင် ပြုံးမပြချင်သလို အပေါ်ယံစကားတွေလည်း စိတ်မပါရင်ဘာမှမပြောချင်ဘူး။ ရှင်.. ရှင့်တို့လည်း ဘယ်တိုန်းကမှ အလဟသ မသုံးတတ်ဘူး။

    တော်မှ..အမရေ..ဟီးးး


    မြတ်နိုး

    ReplyDelete
  6. ဏီလင်းညိုApril 29, 2010 at 8:12 PM

    မကြီးရွှေဇင်ရေ........
    အလုပ်က ပြန်ရောက်ရောက်ချင်းလာဖတ်တာ.....လန်းသွားတာပဲ......း))
    မှန်တိုင်းလည်း..... မကောင်းဘူးဆိုတာ.......ဟုတ်ပ....။
    ဥပမာ.....ခဲမှန်တာမျိုးနေမှာနော်မကြီး........း))
    (ရူးချင်ယောင်ဆောင်ရေးသွားသည်.......း))

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  7. ရွှေစင်ဦး ဘယ်လဲဆိုလို့
    အစ်မ ဘယ်များသွားတော့မလို့လဲ လို့
    အမြန်လာဖတ်တာ..
    တကယ်တမ်းက ကားပေါ်က ထွက်ပြေးမလို့ကိုး
    ဘာမှ မဖြစ်သွားတာဘဲ တော်သေးတာပေါ့နော်..
    ယောက္ခမကြီးကို စိတ်ပူသွားတယ်..း)

    ReplyDelete
  8. Ha Haaaaaaaa
    :D :D

    Thank you for this post.

    Waiting for new onessssssssssssssssssssssssssssssssss


    Ray

    ReplyDelete
  9. ဟုတ်ပ ဘယ်ကိုများသွားတာပါလိမ့်လို့ ...ပျောက်နေတော့လေ...မတွေ့တာဖြင့် ကြာပေါ့...ဟင့် :(((

    (တွေ့ရင် ရန်တွေ့စရာ ရှိဒယ်...ဒါဗြဲ)

    ချစ်ညီမလေး

    ReplyDelete
  10. ရီလိုက်ရတာ အစ်မရယ်
    :D

    ReplyDelete

thank you to say so