Monday, May 31, 2010

ရွှေစင်ဦး လည်း ခေတ်မှီချင်တယ် (၂)

ဘာရယ် မဟုတ်ပါဘူး တိုက်ပွဲ ခေါ်သံက နဲနဲများ ပြင်းထန် လာလေ သလားလို့ပါ
 

ဒါကတော့ ထက်ထက် နဲ့ အင်တာဗျူး ထားတဲ့ လင့်ခ် လေးပါ

သတင်း တွေ ဖတ်ပြီး တင်ချင်လာတာ နဲ့ ပိုစ့် လေးတင်လိုက်ပါတယ်.. မူရင်း source များကိုလည်း ဖော်ပြထားပါတယ် ခွင့်ပေးလိမ့်မယ်လို့ ထင်ပါတယ်

လေးစားစွာဖြင့်
ရွှေစင်ဦး
.

18 comments:

  1. ကျေးဇူးပဲ။
    တင်ပေးသိရတာ ဒီအကြောင်းတွေ ..
    စာလည်းဖတ်နားလည်း ထောင်လိုက်တယ် ။
    အင်း ... ဘာမှ မဝေဖန်တော့ ပါဘူး ...

    ReplyDelete
  2. လူကြမ်းMay 31, 2010 at 11:12 AM

    ဒီလို ဂုဏ်သိက္ခာကို ထိပါးတဲ့ မေးခွန်းမျိုးက ယောက်ျားသွားမေးရင် ဆွဲထိုးခံရမယ်၊ မိန်းမသွားမေးရင် ပါးရိုက်ခံရမယ်ဆိုတဲ့ မေးခွန်းမျိုးပဲ။

    လက်တွေ့ ပါးရိုက်ခံရတဲ့အထိ ဖြစ်သွားတာ သတင်းထောက်မလေးကို ကိုယ်ချင်းစာတယ်။ ဒါပေမယ့် သူကိုယ်တိုင်လဲ ဒီလို အမေးခံရရင် ခံနိုင်မလား။ မေးတဲ့သူရော ဖြေတဲ့သူရော ရဟန္တာတွေ မဟုတ်တာ ဘဝတူပဲ။ သူများကိုသာ ဒီလိုသွားမေးပေမယ့် သူလဲ အာသဝေါကုန်နေသေးတာမှ မဟုတ်တာ။ ဒီတစ်သက် ရည်းစားမစား၊ ယောက်ျားမယူ၊ ဟိုဟာလဲ လုံးဝမလုပ်ပါဘူးလို့ သူ ကျမ်းကျိန်နိုင်မှ ဒါမျိုး မေးသင့်တယ်။

    ReplyDelete
  3. ကျွန်တော့်အမြင်ကတော့ ရှင်းတယ်။ ဒီနေရာမှာ အမေးခံရတာ ထက်ထက်မိုးဦး မဟုတ်ဘဲ ပဲပြုတ်သည် ဒေါ်ပု ဖြစ်ချင်ဖြစ်မယ်။ ဆိုက်ကားဆရာ ကိုပိန် ဖြစ်ချင်ဖြစ်မယ်။ ဘယ်သူ့ဖြစ်ဖြစ် ငါ သတင်းထောက်ဆိုပြီး လူသားတစ်ယောက်ကို ဒီလို စော်ကားလို့ မရဘူး။ လူတိုင်းမှာ သိက္ခာ ရှိတယ်။ ဥပမာ--နေကောင်းရဲ့လား မေးတာနဲ့ မသေသေးဘူးလား မေးတာ အဓိပ္ပာယ်တူဦးတော့ စေတနာ ကွာတယ်။

    ကျွန်တော် အိမ်ထောင်ပြုရင်လဲ တစ်သက်မှာ တစ်ကြိမ်ပဲ ယူပါ့မယ်လို့ အာမမခံနိုင်ဘူး။ ယူတုန်းတော့ တစ်သက်လုံးပေါင်းဖို့ ယူမှာပဲ။ ဒါမယ့် ကံမကောင်းလို့ ကွဲရင် အရွယ်ရှိသေးရင် ကိုယ်လဲ နောက်တစ်ယောက် ယူတန် ယူမှာပဲ။ တောထွက်ပါ့မယ်လဲ ကတိမပေးနိုင်ဘူး။ ကျွန်တော်သာဆို ကိုယ်တောမထွက်ရသေးပဲနဲ့ သူများကို ဒီလို မမေးဘူး။

    ReplyDelete
  4. ရွှေစင်ဦးတို့ခေတ်မီတယ်ဆိုလို့ ဓါတ်ပုံထဲကထက်ထက်လို
    ရှေ့ပိုင်း ဖောင်းနေပြီလားလို့...

    ReplyDelete
  5. စာနယ်ဇင်းသမားအချင်းချင်း ကူညီရိုင်းပင်းကြလေသတည်း ပါဘဲ..
    မေးတဲ့ကာယကံရှင်ကလည်း ဒီလိုမေးခွန်းများ
    အမေးခံရရင် ဘယ်လိုများနေမလဲလို့ ပြန်မေးကြည့်ချင်ပါတယ်..

    ReplyDelete
  6. ထက်ထက်ကိုတော့ သနားတယ်။

    ကိုယ့်ကိုသာ ဒီလိုဗျူးရင် ဘယ်လို ပြန်တုံ့ပြန်ကြမလဲ ဒါကို အရင် စဉ်းစားပေးသင့်တယ်။

    ( ဟိ အသံဖိုင်လေး ယူပြီး တင်ပေးမယ်နော်။ မမရွှေစင် နာမည်နဲ့ . .)

    ReplyDelete
  7. အစ်မရွှေစင်
    သတင်းလေးကို ခေတ်မှီမှီတင်ပေးတာ ကျေးဇူးတင်ပါတယ်..
    ကြေငြာချက် နံပါတ် ၃ က စကားလုံးတွေက ပြင်းထန်လှချည်လားနော်..

    ReplyDelete
  8. ကိုကြီးကျောက်

    သူများက အပျိုကြီးလေ ဘာလဲ တရားစွဲ ခံချင်လို့လား သတိထားပါ ဟင်း..ဟင်း

    ReplyDelete
  9. အမ.. သူတို့တွေလဲ ဓာတ်ကူးသွားလို့ စာထုတ်တာဆိုတော့.. သူတို့လဲ ခေတ်မှီတယ်အမ။ မနေ့က အဲဒီစာဖတ်ပီး အဲလိုတွေးမိသွားတာ။ဟီးဟီး

    မြန်မာပြည်မှာ ..ဘာတွေဖြစ်မလဲ
    စာတွေထုတ်ကာ ရှုတ်ချပစ်မယ်
    ဘာဖြစ်လဲ ဘာဖြစ်လဲ
    အဲဒါ..ဘာဖြစ်လဲ။

    သြော်..ငါ့အမက ကလေးကြီးနဲ့ အပျိုကြီးကိုးးးး


    မြတ်နိုး

    ReplyDelete
  10. မမရွှေစင်ရေ...ပြည့်စုံအောင် တင်ပြပေးတာ ကျေးဇူးပါနော်...

    ReplyDelete
  11. ဆော်ပလော်တီးကုန်ကြပြီ
    တားတော့ပါချင်ဝူးးး

    ReplyDelete
  12. ရွှေပြည်အေး တရားတော့ မဟောတော့ဘူးနော
    နောက်ဆုံးသတင်းဖော်ပြပေးတဲ့ သားကြီး or (ချစ်ချစ်ကြီး)ရဲ့ အပျိုကြီးမမကို ကျေးဇူး

    ချစ်ညီမ

    ReplyDelete
  13. မပြောတော့ပါဘူး။ အတူတူပါပဲလေ
    မရွှေစင်ဦးတို့ တကယ်ခေတ်မှီတာနော်း))

    ReplyDelete
  14. အဟမ်း နဲနဲမန့်လိုက်ချင်သေး ခေတ်မှီအောင်ပါ့..

    ဒီနေရာမှာ တခုပဲပြောချင်တာကတော့ ကျွန်မတို့ မြန်မာပြည်သားများ ဟာ ဒိုင်ယာလော့ ယဉ်ကျေးမှု မရှိသေး လို့ ဟု ယူဆပါတယ်.. ဒီတော့ကား.. မြည်မားနိုင်ငံးးးးးးးးး.. သားးးးးးးများးးးးးးး.. ဆက်မပြောတက်တော့ဘူး.. ( ထောက်ခံမဲ့သူ မရှိတာ သိသွားလို့ ..။ )

    အမရေ.. အနံဟင်း တွေ ချက်မိလို့ ရဲစခန်းက မဆက်သွယ်လာသေးတာ ကံကောင်းနေတုန်းပဲ.. ဟဲ..။
    နောက်တခါဆို ခေတ်မှီဟင်းတွေပဲ ချက်စားတော့မယ်နော်.. ဟဲ..။

    ခင်တဲ့

    မဗေဒါ (၈၈)

    ReplyDelete
  15. အော်...ငါ့အစ်မခေတ်မီချင်တယ်ဆိုလို့ ဘယ်သူ့ကိုများ ဆံပင်မွေးဆွဲ ပါးရိုက်လိုက်တာပါလိမ့်လို့ :D
    ဝေဖန်ရမှာတွေကို ကြောက်လို့ မဝေဖန်ရဲပါဘူး....(တော်ကြာ အမြင်မတူရင် ကိုယ်ပါ ပါးရိုက်ခံနေရမှာစိုးလို့) :)))

    ဝေမျှပေးတဲ့ ငါ့အစ်မကိုတော့ ကျေးဇူးစ်

    ချစ်ညီမလေး

    ReplyDelete
  16. နှစ်ဦးနှစ်ဖက်ပြေပြေလည်လည်ဖြစ်စေချင်ပါတယ်ဗျာ....ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ တွေပဲဟာ

    ReplyDelete
  17. ဒိုင်ယာလော့ ယဉ်ကျေးမှုက မြန်မာပြည်မှာ ရှင်ဒီသာပါမောက္ခခေတ်ထဲက ရှိပြီးသားပါ။ ဒါပေမယ့် ခုလို သေးသိမ်တဲ့မေးခွန်းမျိုးနဲ့ ဟုတ်ဘူးလေ။ ဒီလိုသာ အတင်းအဖျင်းတွေ လာပြောရင် ဒိုင်ယာလော့ဖြစ်ဖို့ မပြောနဲ့၊ လက်ခံနားထောင်ပေးမှာကို မဟုတ်ဘူး။ ကူဗလိုင်ခန်ဘုရင်ဆီ ဒိုင်ယာလော့အတွက် နရသီဟပတေ့မင်းက သံတမန်လွှတ်တော့ အဆင့်ရှိတဲ့ ရှင်ဒိသာပါမောက္ခကို ရွေးလွှတ်လို့ပေါ့။ အသင်မင်းကြီး၊ မိန်းမဘယ်နှစ်ယောက်ရှိလဲ၊ ချောရဲ့လား ဖြောင့်ရဲ့လား သွားမေးမယ့် ပါးစပ်မျိုးနဲ့ဆို ကူဗလိုင်ခန် ဘယ်ပြန် ဒိုင်ယာလော့ လုပ်မလဲ။

    ReplyDelete
  18. ….သတင်းတွေ ကိုယ်ကြားနေတယ်၊ ကိုယ့်မှာမယုံနိုင်ပါ…
    …..သီချင်းလေးလိုကွယ်၊… မင်းသဏ္ဍာန်တူလွန်းပါတယ်….
    …. အများတကာ ရင်ခွင်ထဲမှာကွယ်…
    မှုန်ရွှေရည်
    …မင်းဘဝ ဇာတ်လမ်းရယ်……
    …မင်းအတွက်ရင်လေးတယ်……

    ReplyDelete

thank you to say so