တခြားအလုပ် ကို ကျွန်တော့်အဖေက လိုက်ပြောပေးတာပေါ့။ ရေးဘက်မှာ ရှိတဲ့ ပလိုင်ကီးက ဆားလုပ်ငန်းရှင်၊ သူ့နာမည်က ဦးဟန်တင်လား... ကျွန်တော် သိပ်မမှတ်မိဘူး။ အဲဒီပုဂ္ဂိုလ်ကြီးကို သွားပြောပေးတာ။ အဲဒီပုဂ္ဂိုလ်ကြီးက ဆားတွေကို အကြွေးရောင်းပေးတယ်။ အဲဒါတွေ မန္တလေးကို တင်ပို့ ရတယ်။ တစ်ပိဿာကို "ဆယ်ပြား" လောက် မြတ်တယ်။ တစ်ခေါက် တစ်ခေါက်သွားရင် ပိဿာ သောင်းရှစ်ထောင်၊ နှစ်သောင်းလောက်ကို မီးရထားနဲ့ တင်ပို့တာရှိတယ်။ ကားနဲ့တင်ပို့တာရှိတယ်။ အမေ့ ကို အကူအညီပေး ခဲ့ဖူးတယ်။ နောက်ပိုင်း ကျ တော့လည်း မလုပ်ဖြစ်တော့ဘူး။ ဘာကြောင့်မှန်းတော့ ကျွန်တော်လည်း မမှတ်မိတော့ဘူး ဗျ။ သိပ်အလုပ် မဖြစ်တော့လို့ နေတယ်။ အမေနဲ့တော့ အဲဒါ လုပ်ဖူးပါတယ်။ကို ဆက်ဖတ်ရန် ...
စာတည်း။ ။ဆရာ... ဆရာနဲ့ ဦးဝင်းငြိမ်းတို့ ၁၉၇၇ ခုနှစ်က သိမ်ဖြူကွင်းမှာ ရုံသွင်းခဲ့တဲ့ ပလေးဘွိုင်းသန်းနိုင် စတိတ်ရှိုးပွဲအကြောင်း ဖတ်ဖူးပါတယ်။ အဲဒီအကြောင်းလေး ပြောပြပေးပါဦး ဆရာ။ ဆရာ မှတ်မိသလောက် ပြောပြပေးပါဦး။
ဆရာမျိုးမြင့်ညိမ်း။ ။အဲဒါက ကိုဝင်းငြိမ်းက၊ ဒီလိုဗျ... သူက ငယ်ငယ်ကတည်းက Music နဲ့ပတ်သက်ပြီး စိတ်ဝင်စားတယ်။ ကျွန်တော်တို့ လေးတန်းကျောင်းသားလောက်က ဖြစ်မယ်ထင်တယ်။ အဲဒီကာလမှာ သူ လည်း တက္ကသိုလ်တော့ မရောက်သေးဘူး။ ကျွန်တော်လည်း သုံးတန်း၊ လေးတန်းပေါ့။ ကျွန်တော်တို့ ဒိုင်အို ကျောင်းမှာ Fun Fair လုပ်တဲ့အခါမှာ သူက သီချင်းတောင်းတဲ့ အစီအစဉ်လေး လုပ်တယ်။ အဲဒီတုန်းက Recorder တွေက ပေါ်ခါစပဲရှိသေးတယ်။ Recorder အကြီးကြီးတွေ၊ "အကိုင်း" တို့ ဘာတို့ပေါ့။ ကျွန်တော် တို့ အဘိုးအိမ်မှာလည်း Recorder တစ်လုံးရှိတယ်။ အဲဒီ Recorder နှစ်လုံးနဲ့ သူက သီချင်းတောင်းတဲ့ အစီ အစဉ်ပေါ့။ The Charm ဆိုပြီးတော့ လက်မှတ်လေးတွေ ရောင်းတယ်။ လက်မှတ်တစ်စောင် တစ်မတ် (၂၅ ပြား)။ သီချင်းတစ်ပုဒ် တောင်းရင် တစ်မတ် (၂၅ ပြား) ပေါ့။ ဘယ်သူက ဘယ်သူ့အတွက် တောင်းတယ်။ ဘယ်သူက ဘယ်သူ့အတွက်ပေါ့။ ရေဒီယိုကလာတဲ့ သီချင်းလက်ဆောင်လို ကဏ္ဍမျိုးပေါ့။ ဘယ်သူကနေ ဘယ်သူ့ကို ဘာအတွက်ဆိုတာ ဒါလေးကို Announce လုပ်ပေးရတယ်။ ဆိုတော့... ခုန စလစ်လေးတွေ တစ်စောင် တစ်မတ်၊ တစ်စောင် တစ်မတ်နဲ့ရောင်း။
ရောင်းပြီးလို့ရှိရင် ဘယ်သူက ဘယ်သူ့အတွက် သီချင်း လက်ဆောင်ကဏ္ဍဆိုပြီး သူက အဲဒီလိုလုပ်ခဲ့တာ၊ ကျွန်တော် မှတ်မိတယ်။ သူ ပထမဆုံး လုပ်ခဲ့ဖူးတာ ကျွန် တော် မှတ်မိတယ်။ Recorder ကြီး ယူသွားပြီးတော့ ဘယ်သူက ဘယ်သူ့အတွက် တောင်းတဲ့သီချင်းတွေ ကို ဖွင့်ပေးတာ။ အထဲမှာ Reel တွေ ရှိတယ်။ Recorder က နှစ်လုံးမှာ တစ်လုံးက ပွင့်တယ်။ တစ်လုံးက သီချင်းရှာထားတယ်။ ပြီးတော့ ဒီအခွေကို ဒီမှာပြောင်းတယ်လိုက်တယ်။ ပြီးတော့ သီချင်းဖွင့်ပေါ့။ များသော အားဖြင့်တော့ သီချင်းအပုဒ် သုံးလေးရာလောက် ကိုင်ပြီး လုပ်ပုံရတယ်။ အဲဒါ ပထမဆုံး သူ့ရဲ့ဂီတနဲ့ပတ် သက်ပြီးတော့ စ ခဲ့တာပဲ။ အဲဒီအချိန်တုန်းက တခြားလူတွေ လုပ်တာတော့ ကျွန်တော် မတွေ့ဖူးဘူး။ တေး သရုပ်ဖော်တွေ၊ ဘာတွေလည်း မရှိသေးဘူး။ မပေါ်သေးဘူး။
နောက်... သူက ဂီတနဲ့ပတ်သက်ရင် တော်တော်လေးကို ထဲထဲဝင်ဝင် ရှိတယ်။ ရှိတယ်ဆိုတာ သီချင်းဆို တာ၊ ဂီတာတီးတာ မဟုတ်ဘူး။ သီချင်း နားထောင်တာ။ သူက သီချင်းတွေ အကုန်လုံးနီးပါး ရတယ်။ ဘယ် သီချင်းကို ဘယ်သူ ဆိုတာ စသဖြင့်ပေါ့။ ဘယ်သီချင်းက ဘယ်တီးဝိုင်းနဲ့ဆိုတာ။ ဘယ်သီချင်းရေးဆရာ က ရေးတယ်။ အဲဒါတွေကို ပြောနိုင်တဲ့အနေအထားထိ ရှိတယ်။ အဲဒီလောက်အထိ သီချင်းကို ဝါသနာ ပါတယ်။
အဲဒီလို နေလာတဲ့အခါ ပြီးတော့ ရန်ကုန်ရောက်ပြီး ၁၉၇၀ ကျော်လောက်မှာ အဲဒီတုန်းက တေး သရုပ်ဖော် တွေ ခေတ်စားလာပြီး နောက်ပိုင်း Music Concert လေးတွေ စတိတ်ရှိုး လို့ ခေါ်တာလေးတွေပေါ့။ ရပ်ကွက် အလိုက်၊ ရပ်ကွက်အလိုက် သီတင်းကျွတ်တို့၊ တန်ဆောင်တိုင်တို့မှာ လုပ်ကြတယ်။ နာမည်ကြီးတာတော့ ဖ.ဆ.ပ.လ မှာ နာမည်ကြီးတယ်။
နာမည်အကြီးဆုံးက ကြည့်မြင့်တိုင်နဲ့ ဖ.ဆ.ပ.လ ပဲ။ ကြည့်မြင်တိုင်မှာ ကိုစိုးပိုင်တို့ တီးတယ်။ ဖ.ဆ.ပ.လ မှာက ကိုကျော်မင်းတို့၊ ပလေးဘွိုင်းတို့ များတယ်။ Free Show ရပ်ကွက် ထဲက ပွဲတွေမို့ ပိုက်ဆံမရဘူး။ ပိုက်ဆံနဲ့လုပ်တဲ့ပွဲတွေ မဟုတ်ဘူး။ သီတင်းကျွတ်တို့ တန်ဆောင်တိုင်ပွဲတို့မှာ လုပ်တဲ့ပွဲတွေပေါ့။ အဓိကကတော့ သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်နှစ်ခုပဲ။ ရန်ကုန်မှာက သီတင်းကျွတ်ဆို ရင် ရန်ကုန်အရှေ့ပိုင်းမှာ လုပ်တယ်။ ဖ.ဆ.ပ.လ က အစည်ဆုံး။ တန်ဆောင်တိုင်ကျလို့ရှိရင် အနောက်ပိုင်း နဲ့ ကြည့်မြင်တိုင်က လုပ်တယ်။ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း အဲဒီလို ခွဲထားတယ်။ သီတင်းကျွတ်ကျရင် ရန်ကုန်အနောက်ပိုင်းတစ်ခုလုံး အရှေ့ပိုင်းကို လာတယ်။ တန်ဆောင်တိုင်ကျရင် အရှေ့ပိုင်းက လူတွေ အနောက်ပိုင်းကို သွားတယ်။ အရမ်းစည်တယ်။ အဲဒီမှာ Music Concert တွေစပြီး ပေါ်နေပြီ။ Music Concert လို့ စပြီး မသုံးကြသေးဘူး။ စတိတ်ရှိုးလို့ပဲသုံးတယ်။ စတိတ်ရှိုးဆိုတဲ့ အသုံးအနှုန်းကို ဘယ်သူက စသုံးသလဲတော့မသိဘူး။ အမှန်တော့ ဒီအသုံးအနှုန်းကြီးက မှားနေတယ်ဗျ။ အမှန်က Music Concert ဆိုမှ အမှန်။ ဒါတွေက ထားပါတော့။ စတိတ်ရှိုးဆိုမှလူတွေက နားလည်တာ။
အဲဒီလို လုပ်ကြတဲ့အခါကျတော့ ကျွန်တော်တို့လည်း ရပ်ကွက်ထဲမှာ ပွဲလေးတစ်ခု လုပ်တာပေါ့။ ကျွန်တော် တို့နေတဲ့ ဒီပုဇွန်တောင်၊ သီတာဆိပ် ရပ်ကွက်လေးမှာပေါ့။ စတိတ်ရှိုးလေး တစ်ခုလုပ်တယ်။ လုပ် တော့ ကျွန်တော်တို့နဲ့ သိတာ ဘယ်သူနဲ့ သိတာလဲဆိုတော့ မင်းမင်းလတ်ကို သိတယ်။ မင်းမင်းလတ်ကို တိုက်ရိုက်သိတာတော့ မဟုတ်ဘူး။ မင်းမင်းလတ်ရဲ့ ရည်းစားပေါ့။ အခု အနဂ္ဂတို့ အမေက ကျွန်တော်တို့ သူငယ်ချင်းတွေပေါ့။ သူတို့ နောင်နှမနဲ့ ကျွန်တော်တို့ မောင်နှမတွေက ရွယ်တူတွေပဲ။ သူတို့အဖေ၊ အမေနဲ့ ကျွန်တော်တို့ အဖေ၊ အမေက သူငယ်ချင်းတွေ။ တော်တော်ကြီး ရင်းနှီးတယ်။ သူ့နာမည်က ယမင်းကြိုင်။ ကျွန်တော်တို့က သူ့ကို ကုလားမလို့ခေါ်တယ်။ သူ့ရည်းစားက ယမင်းကြိုင်။ ကျွန်တော်တို့က သူ့ကို ကလားမလို့ ခေါ်မယ်ပေါ့။ သူ့ကို အကူအညီတောင်းတဲ့ အခါကျတော့ သူက ခေါ်ပေးမယ်ဆိုပြီး ခေါ်ပေး တယ်။
နောက်တစ်ခါ ကျွန်တော်တို့ထဲမှာ နေတဲ့ သူငယ်ချင်းတစ်ယောက်က အောင်ကိုလတ်ကို ခေါ်ပေး မယ်ဆိုပြီး ခေါ်ပေးတယ်။ အဲဒီလိုတွေ လုပ်ကြတာပေါ့။ ဟိုလူ ခေါ်၊ ဒီလူ ခေါ်ပေးမယ်ဆိုပြီး ခေါ်ပေးတယ်။ အဲဒီလိုတွေ လုပ်ကြတာပေါ့။ ဟိုလူ ခေါ်၊ ဒီလူ ခေါ် လုပ်ကြရင်း ဘိုဘိုဟန်ကို ခေါ်ပေးမယ်။ တစ်ယောက်က ဂျင်မီဂျက်ကို ခေါ်ပေးမယ်။ အဲဒီလို လုပ်ကြတာပေါ့။ အဲဒီလိုနဲ့ မင်းမင်းလတ်၊ အောင်ကိုလတ်တို့နဲ့ ဒီလေး ယောက်လောက် ရထားပြီး လုပ်တယ်။ အဲဒီတုန်းက သူတို့က စတားတွေ။ သူတို့က ခဏပါ။ တစ်ပုဒ်၊ နှစ်ပုဒ် လောက်ဆိုပြီး ပြန်သွားတယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲက သူငယ်ချင်းတွေကပဲ တီးကြတယ်။ အဲဒါတွေကို အဲဒီလို လုပ်တဲ့အခါကျတော့ သဘောကျကြတယ်။ ကျွန်တော်တို့က ဒီ အဆိုတော်တွေ နာမည်ပြပြီး လက်မှတ်လည်းရောင်းတယ်။ အလှူငွေပေါ့လေ။ အဲဒါ ရတယ်။ ရတဲ့အခါ ကျတော့ ဒီဟာကို နည်းနည်းစိတ် ဝင်စားသွားတယ်။
အဲဒီကာလတွေ မတိုင်ခင်ကတည်းက လက်ဝှေ့ပွဲတွေကို ကျွန်တော်တို့က ငယ်ငယ်လေးကတည်း ကလုပ်ခဲ့ရတကိုး။ လက်ဝှေ့ပွဲ ရုံသွင်းကိစ္စတွေပေါ့။ ကျွန်တော်တို့ အဖေ မြန်မာ့လက်ဝှေ့ပွဲတွေ အကောင် အထည်ဖော်တဲ့အခါကျတော့ အား/ကာ ကနေပြီးတော့ ဒီဟာနဲ့ ပတ်သက်ပြီး ကိုယ့်ဟာကိုယ်လုပ်ဆိုပြီး Authority အပြည့်ပေးထားတယ်။ လက်ဝှေ့သမားလည်း ကိုယ့်ဟာကိုယ် ခေါ်၊ ရုံကိုယ့်ဟာကိုယ် ဆောက်၊ ပွဲကိုယ့်ဟာကိုယ် သွင်း။ ရတဲ့ ပိုက်ဆံ ကိုယ့်ဟာကိုယ်ယူဆိုပြီး Authority အပြည့်ပေးထားတယ်။ အမှန် တော့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဆိုပြီး ဖွဲ့ထားတဲ့အဖွဲ့က အားကစားနဲ့ ကာယပညာဦးစီးရဲ့ လက်အောက်မှာ မရှိဘူး။ ဒါက အစိုးရအဖွဲ့ကနေပြီးတော့ ဒီဟာနဲ့ ပတ်သက်ပြီး ကိုယ့်ဟာကိုယ်လုပ်ဆိုပြီး Authority အပြည့်ပေးထားတယ်။ လက်ဝှေ့သမားလည်း ကိုယ့်ဟာကိုယ်ခေါ်၊ ရုံ ကိုယ့်ဟာကိုယ် ဆောက်၊ ပွဲ ကိုယ့်ဟာကိုယ်သွင်း။ ရတဲ့ပိုက်ဆံ ကိုယ့်ဟာကိုယ်ယူဆိုပြီး Authority အပြည့်ပေးထားတယ်။ အမှန်တော့ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်ဆိုပြီး ဆွဲ့ထားတဲ့အဖွဲ့က အားကစားနဲ့ ကာယပညာဦးစီးရဲ့ လက်အောက် မှာ မရှိဘူး။ ဒါက အစိုးရအဖွဲ့ကနေပြီးတော့ ကျွန်တော့်အဖေကို တိုက်ရိုက် တာဝန်ပေးထား တာ။
အဲဒီတုန်းက အကူအညီပေးတာက ဗိုလ်မှူးချုပ် တင်ဖေတို့၊ ဦးဇော်ဝိတ်တို့ပေါ့။ သူတို့က တာဝန်ပေး ထားတယ်။ ကျွန်တော်တို့အဖေက လုပ်ရတယ်။ ဒါဟာ ဘတ်ဂျက်အနေနဲ့ မပါဘူးဗျ။ နိုင်ငံတော်က ခွင့်ပြု ထားတဲ့အထဲမှာ မြန်မာ့ရိုးရာ လက်ဝှေ့အတွက် ဘတ်ဂျက် မပါဘူး။ အဲဒီတော့ ကျွန်တော့်အဖေကို Full Authority ပေးထားတယ်။ သူတို့ပစ္စည်းတို့ ဘာတို့တော့ ထောက်ပံ့တယ်။ အားကစားရုံ သုံးလို့ရတယ်။ အား ကစားကွင်းမှာ နေလို့ရတယ်။ တည်းခိုလို့ရတယ်။ ရုံဆောက်ဖို့ပေးတယ် စသဖြင့်ပေါ့လေ။ ကျန်တဲ့ Facilities ဖြည့်ပေးတယ်။ ငွေရေးကြေးရေး အပိုင်းကိုတော့ မပေးဘူး။ ကျွန်တော့်အဖေက ကိုယ့်ဟာကိုယ် လုပ်ရတယ်။ ပထမပိုင်းမှာတော့ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေက Fund ငွေ နည်းနည်းထည့်ပေးတာရှိ တယ်။ ဆရာကြီး ဥိးဇော်ဝိတ်က Fund ငွေ နည်းနည်းထည့်ပေးတာ ရှိတယ်။
နောက်ပိုင်းကျတော့ ကျွန်တော့်တို့အဖေ ကိုယ့်ဟာကိုယ် လုပ်ရတယ်။ လုပ်တဲ့အခါကျတော့ ကျွန်တော်တို့က ရုံဆောက်တဲ့ ကိစ္စတို့၊ ရုံသွင်းတဲ့ ကိစ္စတို့၊ ပွဲကြီးတစ်ပွဲကို ဘယ်လို တည်ဆောက်မလဲ၊ ဖန်တီးမလဲဆိုတာ နားလည်တယ်။ နားလည်တဲ့အခါကျတော့ ဒီဟာအပေါ်မှာ အတွေ့အကြုံရှိနေတော့ စောစောက ပြောတဲ့ စိတိတ်ရှိုး လုပ် မယ်ဆိုရင် လုပ်နိုင်တယ် ဆိုတာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ယုံကြည်တယ်။ ဆိုတော့ ... နောက်တစ် ဆင့် တက်လိုက်တာပေါ့။ ရပ်ကွက်ထဲက Music Concert လေး လုပ်နေရာကနေ ရုံပွဲ လုပ်မယ်ပေါ့။ ခုန Music Concert တွေက လမ်းဘေးမှာချည်းပဲရှိတာ။ ရုံပွဲမရှိဘူး။ ရုံသွင်းတာ မရှိဘူး။ အဲဒီတုန်းက လမ်း ဘေးမှာ ခဏခဏ ရိုက်တယ်။ ဆေးခြောက်ရှူတဲ့ လူနဲ့၊ ဆံပင် ရှည်ကြီးတွေနဲ့။ အောက်က ကြည့်တဲ့ လူချင်း ရိုက်ကြတာ။ ရေကျော်မှာ ဆိုလို့ရှိရင် ချိန်းချိန်းပြီး ရိုက်ကြတာကိုး။ ဆိုတဲ့လူက ဆိုနေ၊ အောက်မှာ ရိုက်တဲ့ လူတွေက ရိုက်ကြပေါ့။ နောက်ပိုင်းကျတော့ ပြဿနာတွေ အများကြီး ရှိလာတယ်။
ဆိုတော့ ... ဒီ Music Concert၊ စတိတ်ရှိုးဆိုရင် လမ်းသရဲတွေ၊ လမ်းသရဲတွေရဲ့ပွဲလို့ သတ်မှတ် ကြတယ်။ ရန်ဖြစ်မှာပဲ၊ ပွဲသွားရင် လမ်းသရဲတွေ တွေ့မှာပဲလို့ ထင်ကြတယ်။ တချို့တွေကလည်း သွားမကြည့် ချင်ကြဘူး။ မိသားစုကိုလည်း မလွှတ်ဘူးပေါ့။ အဲဒီမှာ ကျွန်တော်တို့ သိမ်ဖြူကွင်းမှာ လုပ်ပါ တယ်။ ပထမဆုံး ရုံသွင်းတဲ့ ပွဲပေါ့။ အဲဒီမှာ ကျွန်တော်တို့ သိမ်ဖြူကွင်းမှာ လုပ်ပါတယ်။ ပထမဆုံး ရုံသွင်းတဲ့ပွဲ ပေါ့။ စတီရီယို အဆိုကျော်တွေ နဲ့ ရုံသွင်းတဲ့ပွဲ။ ပထမဆုံး စပြီး ဆိုဖြစ် တီးဖြစ်တဲ့ လွတ်လပ်ရေးနေ့၊ သိမ်ဖြူ ကွင်းမှာ ဆိုတဲ့ပွဲပါ။ ပလေးဘွိုင်းအဖွဲ့နဲ့ပါ။ ပလေးဘွိုင်းကိုသန်းနိုင် ပါတယ်။ တော်မီကျော်နိုင်၊ ပုလဲ၊ သိန်းတန် (မြန်မာပြည်)၊ ဧပရယ်ချစ်ခင်၊ ဘိုဘိုဟန် ပါတယ်။ ပထမဦးဆုံး ပါပဲ။ မြန်မာပြည်မှာ ပထမဦးဆုံး လို့ ပြောလို့ရတဲ့ စတိတ်ရှိုး ရုံသွင်းပွဲပါ။
စာတည်း။ ။ ဆရာ အသက် ၂၇၊ ၂၈ မှာ စာပေနယ်ထဲမှာ ကျင်လည်နေတယ်လို့ အင်တာဗျူးထဲမှာ ဖတ် လိုက်ရပါတယ်။ စာပေနယ်ထဲကို မဝင်ခင်တုန်းက တခြား အသက်မွေးဝမ်းကျောင်း အလုပ်တွေ ဘာတွေ လုပ်ခဲ့သေးလဲ ဆရာ။
ဆရာမြင့်ညိမ်း။ ။ ကျွန်တာ် မလုပ်ဖူးဘူး။ အခုအချိန်အထိလည်း မလုပ်ဖူးဘူး။ အမေ့ကို ဆားအရောင်း အဝယ်လုပ်တုန်းက အကူအညီပေးဖူးတယ်။ ကျန်တာတော့ ဘာမှ မလုပ်ဖူးဘူး။
စာတည်း။ ။ ဟုတ်ကဲ့ပါ ဆရာ။ ဆရာ စစ်ပြန်မဂ္ဂဇင်းမှာ အလုပ်သင်အယ်ဒီတာဘဝနဲ့ စခဲ့တုန်းက ဒရဝမ် အဆင့်က စခဲ့ရတယ်လို့ ဆရာ့ရဲ့ မဟေသီမဂ္ဂဇင်း အင်တာဗျူးထဲမှာ ကျွန်တော် ဖတ်ခဲ့ရပါတယ်။ စစ်ပြန် အဖွဲ့က လူတွေ ရုံးဆင်းချိန် မဂ္ဂဇင်းတိုက်ကို ရောက်လာတဲ့အခါ ဆရာတို့က စက်ပိုင်းနေရာကို သွား၊ စာစီ တာတွေ၊ ဒမ်မီ ချတာတွေ လေ့လာ၊ လေ့လာပြီးတော့မှ အယ်ဒီတာပညာတွေ သိလာတယ် ဆိုတော့ အယ်ဒီ တာ တစ်ယောက် လေ့လာရမယ့် ပညာရပ်တွေ ဆရာ သိသလောက် ပြောပြပါဦး ဆရာ။
ဆရာမျိုးမြင့်ညိမ်း။ ။ အယ်ဒီတာ တစ်ယောက်အနေနဲ့ ဘာကို မားလည်ရမလဲဆိုရင် အဓိကအနေန့ စာကို နားလည်ဖို့ လိုတာပေါ့။ စာဆိုတာ ဘာလဲ၊ ဘယ်လို စာလဲ၊ ဘယ်လို စံလဲ၊ နားလည်ဖို့ လိုတယ်။ စာတွေ့သမျှ ဒီဟာက ငါတို့နဲ့ ဆိုင်တယ်၊ မဆိုင်ဘူး ခွဲခြားဖို့တော့ လိုတာပေါ့။ စာဖတ်ဖို့က အဓိက၊ ဒီစာဟာ ငါတို့နဲ့ ဆိုင်လား ... မဆိုင်ဘူးလား၊ ဒီစာက စာဖတ်သူအတွက် အကျိုးရှိမလား၊ မရှိဘူးလား။ ဒီစာဟာ ငါတို့ စာဖတ်သူတွေအတွက် တူသလား၊ တန်သလား ဆိုတာတွေ အထိအောင် စဉ်းစားရတယ်။ ကျွန်တော်တို့ မဂ္ဂဇင်း အယ်ဒီတာတွေ မှတ်ချက်မှာ ရေးလေ့ရှိပါတယ်။ ဒီစာမူဟာ ဥပမာ ပေဖူးလွှာမှာ ဆိုပါတော့၊ ဒီစာမူ ဟာ ရွှေအမြုတေမဂ္ဂဇင်းနဲ့ မသင့်လျော်ပါ၊ မဆီလျော်ပါ။ ကျွန်တာ်တို့ ဒီလို ရေးရတဲ့ မှတ်ချက်တွေ ရှိတယ်။ အဲဒီလို ရေးလိုက်လို့ရှိရင် စာရေးသူက ကြားသွားတဲ့အခါ စိတ်မကောင်းဖြစ်ရင် ဖြစ်နေမယ်။ ပြောမယ်ဆိုရင် ဒီဟာက အဆင့်မမီဘူး၊ အဲဒီလိုဟာမျိုးပေါ့။
ပြောမယ်ဆိုရင် ကိုယ့်မဂ္ဂဇင်းက ဘယ်တန်းမှာ သွားနေသလဲ ဆိုတာ၊ ကိုယ့် Audience က ဘာလဲဆိုတာ သိရမယ်။ ကိုယ့်စာဖတ်သူရဲ့ တန်း၊ သူ့တန်းကို ကျွန်တော်တို့ ကြည့်ရတယ်။ ရွှေအမြုတေ ဖတ်နေတဲ့ စာဖတ်ပရိသတ်ရဲ့တန်းက ဘယ်လောက် ရှိသလဲ။ ကျွန်တော်တို့ သိထားရတယ်။ ကိုယ် လုပ်နေတဲ့မဂ္ဂဇင်း၊ ကိုယ့်စာဖတ်ပရိသတ် ဘယ်တန်းမှာရှိသလဲ ကျွန်တော်တို့ သိထား ရတယ်။ အဲဒီအတွက် ကျွန်တော်တို့ စာဖတ်ရတယ်။ စာအများကြီး ကျွန်တော်တို့ ဖတ်ရတယ်။ ကိုယ့်ဆီ ရောက် လာတဲ့ စာမူဟာ သိပ်မြင့်နေလို့ရှိရင်၊ တစ်ခါတလေကျရင် ကိုယ် လိုက်မမီတာ မျိုး ဖြစ်သွား တတ်တယ်။ အဲဒီအတွက် ကျွန်တော်တို့က စာကို ဖတ်ရတယ်။ အဓိကက စာအစုံ ဖတ်ဖို့ပါ။ စာအစုံဖတ်ဖို့ အရေးကြီးပါတယ်။
နောက်တစ်ဆင့်က ဘာလဲဆိုတော့ အဲဒီစာရေးနေတဲ့ သူတွေကို သိနေဖို့လိုတယ်။ စာရေးဆရာတွေပါ။ တချို့ကစာကိုဖတ်နေတယ်။ ဒီစာရေးဆရာကိုမသိဘူး။ မသိတဲ့အတွက် နည်းနည်းလေး ဆက်ဆံရေးတို့ ဘာတို့မှာ အခက်အခဲဖြစ်သွားတယ်။ ဒါဟာကျွန်တော်ကြုံဖူးပါတယ်။ နောက်တော့ ကျွန်တော်ပြောပြ မယ်။ ဆိုတော့ ဒီစာရေးဆရာကိုလည်း သိနေရမယ်။ ဒီစာရေးဆရာကိုလည်း သိနေရမယ်။ ဒီ စာရေးဆရာ Character ကိုလည်း သိနေရမယ်။ စာရေးဆရာရဲ့ Type ကိုလည်း သိနေဖို့လိုတယ်။ အယ်ဒီ တာတစ်ယောက်အနေနဲ့ပေါ့။
နောက်တစ်ခုက ကိုယ် လုပ်နေတဲ့၊ ကိုယ် သွားနေတဲ့ Trend ဟာ ဘယ်သွားနေတာလဲ။ မူပေါ့။ ကိုယ့်မဂ္ဂဇင်းရဲ့ မူက ဘာလဲ။ နောက် ကိုယ့်မဂ္ဂဇင်းရဲ့ ပေါ်လစီပေါ့။ ကိုယ်က ဘာအတွက် လုပ်မှာလဲ။ ဘယ်သူ့ အတွက် လုပ်မှာလဲ။ ဒီအပိုင်းတွေတော့ လေ့လာထားဖို့ လိုပါတယ်။ ပထမဦးဆုံးကတော့ စာအစုံ ဖတ်ရမယ်။ စာဖတ်ထားမှ ကိုယ့်ဆီ ရောက်လာတဲ့ စာမူရဲ့ အနေအထားကို ကိုယ် ခန့်မှန်းလို့ ရတယ်။ နောက်တစ်ခုက ကိုယ့်စာရေးဆရာတွေကို ကိုယ်သိနေရမယ်။ နောက်တစ်ခုက ကိုယ် ပေးလိုက်တဲ့ ဟာ ဘယ်လောက်ထိအောင် ရောက်သလဲ ... မရောက်သလဲ ကိုယ် ပေးလိုက်တဲ့ဟာ ဘယ်လောက် ထိအောင် ရောက်သလဲ ... မရောက်သလဲ ကိုယ် စောင့်ကြည့်နေရမယ်။ ဒီဟာတွေကို အဓိက ထားရ ပါမယ်။ ပြောချင် တာက စာဖတ်ပါ။ စာအစုံဖတ်ပါ။ စာအစုံဆိုလို့ ဒီပြည်တွင်းကစာ ကွက်ကွက်လေး ဖတ်ပြီးတော့ ငါတို့ စာဖတ်တာပဲဆိုတဲ့ တချို့ အဟောင်းတွေကို ကြွပ်ကြွပ်ဝါး ထားတာတွေ ရှိတယ်။
အဲဒါဟာ အယ်ဒီတာ တစ်ယောက်ရဲ့ အရည်အချင်းတော့ မဟုတ်ဘူး။ စာအဟောင်းတွေ ကျေညက်ရုံနဲ့ အယ်ဒီတာ တစ်ယောက်ရဲ့ အရည်အချင်းလို့ သတ်မှတ်လို့မရပါဘူး။ အယ်ဒီတာကောင်းပါလို့ ပြောလို့ မရပါဘူး။ စာတွေတော့ ကြွပ်ကြွပ် မြည်အောင် ဝါးထားပါရဲ့။ဒါပေမဲ့ အယ်ဒီတာရဲ့ တခြား အတတ်ပညာတွေ အများကြီး ရှိသေးတာ ကိုး။ ကျွန်တော်ခုနက ပြောတဲ့ စာဖတ်ပါ ဆိုတာ အဓိကအပိုင်း ကို ပြောတာ။ ကျန်တဲ့အပိုင်းတွေ မပါဘူးလား ဆိုတော့ ပါတာပေါ့။ စာရေးဆရာတွေကို သိနေမယ်။ စာရေးဆရာနဲ့ ပေါင်းသင်းဆက်ဆံရေး။ စည်းရုံးနိုင် ရမယ်။ ဆိုပါတော့ ... ကျွန်တော်တို့ ရှုမဝတိုက်က ဆရာဦးကျော်တို့ဆိုရင် ကျွန်တော်တို့ မီခဲ့ပါတယ်။ မီခဲ့ တယ်ဆိုတာ ခပ်လှမ်းလှမ်းကပဲ ကြည့်ခဲ့ဖူးတာပါ။ တကယ်တော့ ကျွန်တော်က ကိုဆွေတင့်တို့နဲ့ပဲ Familiar ဖြစ်တယ်။ မောင်မြင့်မြတ်တို့ကို Familiar ဖြစ် ပါတယ်။
ဆရာ ဦးကျော်ကို ကျွန်တော်တို့က အဝေးကပဲ ကြည့်ခဲ့ရတာ။ ဒါပေမဲ့ အစဉ်အလာအရ ဒီဆရာကြီးတွေဟာ စာရေးဆရာတွေကို ညီအစ်ကိုတွေလို၊ သူငယ်ချင်းတွေလို၊ သားတပည့်တွေလို သံယောဇဉ်ရှိတယ်။ အဲဒီစာရေးဆရာကြီးတွေကလည်း ဦးကျော်ကို မိဘလို၊ ဆရာသမားလို၊ ဦလေးလို သံယောဇဉ် ရှိတယ်။ ခေါ်တာတောင် ဦးလေးကျော်ပဲ ခေါ်တာ များတယ်။ အဲဒီလောက်ထိအောင် စာပေလောကသား နဲ့ အယ်ဒီတာနဲ့ဟာ Familiar ဖြစ်တာ။ အဲဒီတော့ ဘာဖြစ်လာသလဲဆိုတော့ စာရေးဆရာ က မိဘကို လုပ်ကျွေးပြုစုသလိုပဲ၊ အယ်ဒီတာကလည်း သားသမီး ကို ပြုစုစောင့်ရှောက် သလိုပဲ လေးစားမှု၊ အပြန်အလှန် ဆက်ဆံမှု ရှိကြတယ်။ အဲဒီလိုကြောင့် ဒီမဂ္ဂဇင်းတွေ ဟာ ရေရှည်၊ နှစ်ပေါင်းများစွာ ရပ်တည်သွားကြတယ်။ အဲဒါဟာလည်း အယ်ဒီတာရဲ့ ရှိသင့် ရှိထိုက်တဲ့ အရည်အချင်းတစ်ရပ်ပဲ။ ကိုယ့်ရဲ့ စာရေးဆရာတွေအပေါ်မှာ သားတပည့်လို၊ ညီအစ်ကို မောင်နှမလို သဘောထားဖို့လိုတယ်။
တချို့က ပိုက်ဆံပေးတာပဲဆိုပြီး ပိုက်ဆံထုပ် ကိုင်လာပြီး ခင်ဗျားစာမူလိုတယ်၊ ပိုက်ဆံ ဘယ်လောက် ပေး ရ မလဲ ဆိုပြီး စာမူ ဝယ်တာပေါ့။ အယ်ဒီတာကောင်း တစ်ယောက်အနေနဲ့ ဘယ်တော့မှ မလုပ်သင့်ဘူး။ ကျွန်တော်တို့ ဒီအသက်အရွယ်ထိ တစ်ခါမှ မလုပ်ခဲ့ဘူး။ ကျွန်တော့်ဆရာတွေ လည်း မလုပ်ခဲ့ဘူး။ ကျွန်တော့် လုပ်ဖော်ကိုင်ဖက် ဆရာတွေလည်း တစ်ခါမှ မလုပ်ခဲ့ဘူး။ ဒါဟာ စာမူ ဝယ်တာ။ သာမန်ထုတ်ဝေသူတွေ လုပ်တဲ့ အလုပ်။ ဆရာ့စာမူ လိုချင်တယ်။ စာမူခ ဘယ်လောက်ပေး ရမလဲ။ သူများက ဘယ်လောက် ပေး သလဲ။ ကျွန်တော် ပိုပေးမယ်ဆိုတာ Publisher လုပ်တဲ့ အလုပ်။ Publisher နဲ့ အယ်ဒီတာကွာတယ်။ သိပ် ကွာပါတယ်။ Publisher ဆိုတာ အောင်မြင်တဲ့ သူရဲ့စာကို ထုတ်တာ စာအုပ် ထုတ်ဝေသူ။ တန်ရာတန်ကြေး စာရေးဆရာ ကို ပေးပြီး ထုတ်တာ။ အယ်ဒီတာက ဒီလို မဟုတ်ဘူး။
အယ်ဒီတာ ရဲ့ လုပ်ရည်ကိုင်ရည်ပေါ် မူတည်ပြီးတော့၊ ဒီမဂ္ဂဇင်း ဘယ်လောက် အောင်မြင်သလဲ ဆိုတဲ့ အပေါ် မူတည်ပြီးတော့ စာရေးလိုသူများက လာရေးတာ။ လာရေးတဲ့အခါမှာ ကိုယ်က ကြိုက်မှသုံးပြီး မကြိုက်ရင် ပြန်ပေးလို့ရတယ်။ ကိုယ့်မှာ ရွေးချယ်ခွင့်ရှိတယ်၊ ငြင်းပယ်ခွင့်ရှိတယ်။ ထုတ်ဝေသူမှာ အဲဒီ အခွင့်အရေးမရှိ ဘူး။ အယ်ဒီတာမှာ ရှိတယ်။ အဲဒါအပြင် အယ်ဒီတာမှာ တည်းဖြတ်ခွင့်ရှိတယ်။ ဒါပေမဲ့ ငါ့မှာ လုပ်ပိုင်ခွင့် အပြည့်အ၀ ရှိတယ်ဆိုပြီးတော့ လုပ်ချင်တာ လုပ်ခွင့်တော့ မရှိဘူး။ အလွန် အကျွံတွေ ဖြစ်သွားတဲ့အခါ စာရေးဆရာနဲ့ အယ်ဒီတာတို့ရဲ့ ဆက်ဆံရေးတွေ ပျက်ပြားသွား တတ်ပါတယ်။ အဲဒီတော့ ပဋိပက္ခတွေဖြစ် ကြ။ သူ့ဘက်ကိုယ့်ဘက်တွေ ဖြစ်ကြမယ်။ ကျွန်တော် ပြောချင်တာ ဘာလဲဆိုတော့ စာရေးဆရာနဲ့ အယ်ဒီ တာကြားမှာ သီးခြား ဆက်ဆံရေးတစ်ခု ရှိရမယ်။ အဲဒီတော့ အယ်ဒီတာတစ်ယောက်ရဲ့ အရည်အချင်းကို ပြန်ပြောမယ်ဆိုရင် စာဖတ်ပါ။ စာရေးဆရာ နဲ့အတူ စာပေနယ်ပယ် ထဲမှာ ကိုယ့်ရဲ့ သံယောဇဉ်တစ်ခုရှိနေအောင် ကြိုးစားပါ။ ဒါလေး နှစ်ခု အဓိကထား ပြီးတော့ လုပ်စေချင်ပါတယ်။
စာတည်း။ ။ ဟုတ်ကဲ့ပါ ဆရာ။ ဆရာ့ရဲ့ မဟေသီ အင်တာဗျူးထဲမှာ ဆရာ ပေဖူးလွှာကို ဝင်လုပ်တဲ့ အချိန်။ ဒီ ဒုတိယအကြိမ် ပြန်ထုတ်တဲ့အချိန်မှာ ၁၉၈၀၊ ဇွန်လလို့ ဆရာ ပြောထားပါတယ်။ ကျွန်တော် လေ့လာကြည့်တော့ ၁၉၈၁၊ ဇွန်လလို့ တွေ့ရပါတယ်။ ကျွန်တော် သိချင်တာက ပေဖူးလွှာမှာ ဆရာ တာဝန်ယူခဲ့ရတဲ့ အခန်းကဏ္ဍလေးတွေ ပြောပြပေးပါဦး ဆရာ။
ဆရာမျိုးမြင့်ညိမ်း။ ။ ဟုတ်တယ်ဗျ။ ၁၉၈၁ ဇွန်လက အမှန်။ ကျွန်တော် မှားသွားတာ ပါ။ ပေဖူးလွှာမှာက ပေဖူးလွှာကို မရောက်ခင် စစ်ပြန်မှာ။ စစ်ပြန်ကနေစပြီး ကျွန်တော် ပြောပြပါ့မယ်။ စစ်ပြန် မှာကတည်းက ခုနက ပြောပြီးသားပါ။ တံမြက်စည်းလှည်း၊ ရေခပ်၊ သောက်ရေအိုး ရေဖြည့်၊ လက်ဖက်ရည် ဝယ်၊ ကျွန်တော်တို့ စခဲ့ရတာ။ မှတ်မှတ်ရရ ကိုဝဏ ္ဏနဲ့ ကျွန်တော် ခဏခဏ ပြောပါတယ်။ ကျွန်တော် စစ်ပြန် မှာ ရှိနေတဲ့ ကာလတုန်းက စာရေးဆရာ မောင်ဝဏ္ဏ လာလိမ့်မယ်၊ မင်း အဲဒါ သူ့ကို ကြိုဆိုပြီးတော့ လိုအပ် တာအားလုံး လုပ်ပေးလိုက်ပါ ဆိုပြီး ကျွန်တော့်ဆီ ဆရာ ဦးမြလှိုင်က လှမ်း ဖုန်းဆက်တယ်။ ကျွန်တော်က မဂ္ဂဇင်းတိုက်မှာ ရှိနေတယ်။ ဟုတ်ကဲ့ ... ဆိုပြီး မကြာခင် မောင်ဝဏ္ဏက မဂ္ဂဇင်းတိုက် ကို ရောက်လာတယ်။ ဆေးပေါ့လိပ်နဲ့။ ဟာ ... ဆရာ လာပါ၊ ထိုင်ပါပေါ့။ ဆရာ ဘာလုပ်ပေးရ မလဲပေါ့။ ရတယ်၊ စာရေးဖို့ လာတာတဲ့။ သူ စာရေးတော့ ဘေးနားကနေ အရိပ်အခြည် ကြည့်နေရတယ်။ သူ ဆေးပေါ့လိပ် ကိုင်လိုက်တာနဲ့ ကျွန်တော်က ပြေးပြီး မီးညှိပေးရတယ်။ ဒိုင်းခနဲပေါ့။
ဒါက ကိုယ့်ဘက်က လုပ်တာပါ။ သူ့ဘက်က အဲဒါကို လက်မခံပါဘူး။ ရတယ်၊ ရတယ်၊ ရတယ်တဲ့။ သူက ဆေးပေါ့လိပ် ချတယ်။ စာရေးတယ်။ ဆေးလိပ် သောက်လိုက်၊ စာရေးလိုက်ပေါ့။ သူက ဟိုအိတ် စမ်းလိုက်၊ ဒီအိတ်စမ်းလိုက်၊ လွယ်အိတ်ထဲ စမ်းလိုက်၊ တိုက်ပုံအင်္ကျီထဲ စမ်းလိုက်ဆိုရင် ဆရာ ဘာလဲ၊ ဆေးလိပ်လား၊ ဟုတ်တယ် ဆေးလိပ်ဆိုရင်၊ ဘာဆေးလိပ်လဲ ဆရာ၊ ခြင်္သေ့ သုံးကောင်လား၊ ဟုတ်ပြီ ကျွန်တော် သွားဝယ်မယ်။ ကျွန်တော်တို့ အဲဒီလို အပြေးအလွှား လုပ်ခဲ့ရဖူးတယ်။ လက်ဖက်ရည် ချိန်ကျရင် ဆရာ လက်ဖက်ရည် ဘာသောက်လဲ၊ ချိုပေါ့၊ ချိုပေါ့ကို လက်ဖက်ရည် ချိုင့်ဆွဲပြီး ပြေးဝယ်ပေး ရတယ်။ လက်ဖက်ရည် ခွက်နဲ့ ငှဲ့ပေး၊ ပြီးရင် ရေနွေးသောက်မလား၊ သောက်မယ်ဆိုရင် ရေနွေးအိုး တည်ပေး၊ အဲဒီလို ကျွန်တော်တို့ နေခဲ့ရတယ်။ အဲဒါ ကိုဝဏ္ဏ။ ကျွန်တော် ပြန်ပြောတော့ ရယ်တယ်။ သူ မမှတ်မိဘူး။
အဲဒီတုန်းက ဆွေလှိုင်ဦးခေတ်ပေါ့ဗျာ။ ဆွေလှိုင်ဦး ဝေါခနဲ ကားထိုးဆိုက်လာတာနဲ့ ကျွန်တော် တို့က အဆင်သင့် လုပ်ထားရတယ်။ ဆွေလှိုင်ဦးက အဲဒီတုန်းက ကျွန်တော် တို့ဆီမှာ ကြောင်ရိုင်း သုံးဆယ် ရေးနေတာ။ အခန်းဆက်ပါ။ ကိုသုမောင်က အချစ်သစ်ပင် အခန်းဆက်၊ ကိုဝဏ္ဏကလည်း အခန်းဆက် ပဲ။ ကျွန်တော် မမှတ်မိဘူး။ ထားပါ။ ဆိုတော့ ... ဆွေလှိုင်ဦးလာတော့ အဲဒီတုန်း က ဆွေလှိုင်ဦး လာရင် " ဖယ်မလီယာ" တက္ကစီနဲ့ဗျ။ တစ်နာရီ ၇ ကျပ် ပေးရတယ်။ ဖယ်မလီယာ ကားအစိမ်းဗျ။ ကျွန်တော် မှတ်မိတယ်။ သူ လာပြီဆိုရင် ဂျိမ်းစဘွန်းလိုပဲ ကားက ဝေါခနဲ မောင်းချပြီး ဒိုင်းခနဲ ထိုးဆိုက်လိုက်တယ်။ ကားနောက်မှာ ဖုန်တွေက လုံးထွေးပြီး လိုက် လာတယ်။ အဲဒီမှာ သူ့နောက်က ကုလားတစ်ယောက် အမြဲတမ်း ပါတယ်ဗျ။ ဖြူဖွေး ဆိုတဲ့ ကုလား အမြဲပါတယ်။ သူက ကမန်းကတန်း ပြေးဆင်းပြီးတော့ ကားတံခါး ကို ဆွဲဖွင့်ပေးရတယ်။ ဆွဲဖွင့်ပေးတော့မှ ဆွေလှိုင်ဦးက အပေါ်ဖြူ၊ အောက်ဖြူ တက်ထရွန်နဲ့ ဝင်းဦး ဝတ်တဲ့ ဟာမျိုး။ တိမ်လွှာမို့မို့လွင်မှာ ဝင်းဦးဝတ်တဲ့ ယူနီဖောင်းမျိုးနဲ့ ဆင်းလာတာ။ ဆင်းလာပြီး နောက်ကားတံခါး ပိတ်လိုက် လို့ရှိရင် ဘောင်းဘီအိတ်ထဲမှာ ပစ္စတို တွေ့ရတယ်။
အဲဒီတုန်းက "အတက်ချီကေ့စ်" ကိုလူတိုင်း မကိုင်နိုင်သေးဘူး။ သူ ကိုင်တယ်။ ခုနက ဖြူဖွေးက တံခါးပိတ်ပြီးရင် "အတက်ချီကေ့စ်" ကိုဆွဲထုတ်ပြီး အထဲက စီးကရက်ဘူးကို ထုတ်ပေးတယ်။ စီးကရက် ဘူးထဲက ဆေးလိပ်တစ်လိပ် ထွက်လာအောင် လုပ်ပြီး ဆရာ့ကို ပေးတယ်။ ဆရာက ဆေးလိပ်ကို ယူတယ်။ ညာဘက်လက်က ဘောင်းဘီနောက်အိတ်ကပ်ထဲက ပစ္စတိုကို ဆွဲထုတ်ပြီး ထောက်ထောက် ... ဆို မီးညှိတာ။ သေနတ်မီးခြစ်ပေါ့ဗျာ။ အဲဒီလိုဗျ။ ဆွေလှိုင်ဦးက အဲဒီလို လာတာ။ အဲဒီလို လုပ်ထားတာ။ နောက်က ဖြူဖွေးဆိုတဲ့ ကုလားလေးကလည်း အဆင်သင့် လုပ်ထားတာ။ ဝင်လာတာ နဲ့ ဒေါင်း၊ ဒေါင်း၊ ဒေါင်း ဆိုပြီး အသံတွေ မြည်ပြီး ရောက်လာတာဗျ။ စာရေးဆရာတွေ အဲဒီလို ခမ်းနားခဲ့ဖူး တယ်။ ကျွန်တော်တို့က ငချွတ်တွေလေ။ ဆွေလှိုင်ဦး လာတယ်ဆိုရင်လည်း ကျွန်တော်တို့မှာ ပျာနေရတယ်။
မောင်ဝဏ္ဏ လာတယ်ဆိုရင်လည်း ကျွန်တော်တို့မှာ ပျာနေရတယ်။ သုမောင် လာတယ်ဆိုရင်လည်း ပျာနေ ရတယ်။ ကျွန်တော်တို့ အဲဒီလို နေခဲ့ရဖူးတယ်။ အဲဒါတွေက ကျွန်တော်တို့ကို တစ်ခါတည်း စာရေးဆရာတွေ ကို ဘယ်လို ဆက်ဆံရမလဲဆိုတာ သင်ပေးထားတာ။ ကိုယ်က အယ်ဒီတာဆိုပေမယ့် အယ်ဒီတာပေါက်စ ပေါ့ဗျာ။ ထင်ရှားကျော်ကြားတဲ့ စာရေးဆရာတွေကို ရိုကျိုးသွားအောင် ကျွန်တော်တို့ကို တစ်ခါတည်း လုပ်ပေးထားတာ။ ကျွန်တော်တို့က ဒီစာရေးဆရာတွေကို အင်မတန်ကို ရိုကျိုးပြီး နေရမယ် ဆိုတာ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပုံစံသွင်းပြီးသားဖြစ်သွားတယ်။ ဒါကြောင့်မို့ စာရေးဆရာတွေနဲ့ ဆက်ဆံ တဲ့အခါမှာ ကျွန်တော်တို့က ရိုရိုကျိုးကျိုး ဆက်ဆံတယ်။ လေးလေးစားစား ဆက်ဆံတဲ့ အနေအထားတစ်ခု ရလာတယ်။ ကိုယ့်ထက် အသက်အရွယ် ငယ်ပေမယ့်လည်း ဒီလူတွေကို ဆရာလို့ပဲ ကျွန်တော်တို့ ခေါ်ရတယ်။ စာရေးဆရာတွေအဖြစ် လေးလေးစားစား ဆက်ဆံတယ်။
ဒါလည်း ကျွန်တော်တို့ ဆရာတွေက သင်ပေးခဲ့တဲ့ အယ်ဒီတာ အတတ်ပညာတစ်ခုပါပဲ။ အခု ကြားကြားနေ ရတာပဲ။ စာရေးဆရာကို စာရေးဆရာ မှန်းမသိ။ စာမူခ သွားထုတ်တော့ မရှိဘူး ပြော လိုပြော။ စာအုပ် လက်ဆောင်မပေး။ ဒါတွေက ကျွန်တော်တို့ ဆရာတွေက လေ့ကျင့်ပေးခဲ့ပြီးသား။ ဘယ်အချိန်မှာ ဘာလုပ်ရမယ်၊ ဘယ်အချိန် ဘာလုပ်ဆိုပြီး။ ကျွန်တော်တို့ ကျင်လည်ခဲ့တဲ့ ဧရိယာတွေမှာ ဘယ်တော့ မှ အဲဒီလို ပြဿနာမျိုးတွေ မရှိဘး။ မေတ္တာလက် ဆောင်နဲ့ ပတ်သက်လို့ မရှိဘူး။ စာမူခနဲ့ ပတ်သက်လို့ မရှိဘူး။

နောက်ဆုံးဗျာ ... စာမူ ပယ်တယ်လို့တောင် ကျွန်တော်တို့ ဘယ်တော့မှ မသုံးဘူး။ ဆရာ ဒါလေး ပြန်ယူသွား၊ မသုံးဖြစ်လို့ပါ၊ ဆရာ နောက်တစ်ပုဒ် လောက် ပေးပါဦး၊ ဒါ အင်မတန် ယဉ်ကျေးစွာ တုံ့ပြန်ရတဲ့ အယ်ဒိတာတစ်ယောက်ရဲ့ ကျင့်ဝတ်။ စာရေး ဆရာကို လေးစားစွာ အသိအမှတ်ပြုပြီးတော့ အယ်ဒီတာ က ဒီလို တုံ့ပြန်ရတယ်။ ဆရာ ဒီစာမူလေးတော့ မသုံးဖြစ်ဘူး။ နောက်တစ်ပုဒ် ပေးပါဦး။ ဒီလို ပြောရပါတယ်။ ဒါတွေက ကျွန်တော်တို့ ဆရာတွေက ကျွန်တော်တို့ကို သင်ပေးခဲ့ပြီးသား။ အင်မတန် အပိုးကျိုးအောင် လုပ်ပြီးတော့ ဒီဆရာတွေကို ဒီလို ဆက်ဆံ ရတယ်လို့ သင်ပေးခဲ့တာပါ။ ဒါကြောင့်မို့ လည်း အခု စာရေးဆရာတွေက ဘယ်မဂ္ဂဇင်းကတော့ ဘာဖြစ်လို့၊ ဘယ်ပန်းချီဆရာကတော့ ဘယ်မဂ္ဂဇင်း ဆို မရေးဘူးကွ၊ ကြွေးကြော်သံတွေ၊ ကဗျာဆရာတွေက ဘယ်မဂ္ဂဇင်းဆို မရေးဘူးကွ ...။
ဒါတွေက အယ်ဒီတာတွေနဲ့ အပြန်အလှန် ဆက်ဆံရေးတွေ မရှိလို့ ဒီလို ပြဿနာတွေ ပေါ်လာတာ။ အဲဒီတော့ စောစောက မေးတဲ့ မေးခွန်းက ပေဖူးလွှာမဂ္ဂဇင်းမှာ ကျွန်တော် တာဝန်ယူရတဲ့ အပိုင်းကို ပြောပါဆိုရင် စဝင်လာကတည်းက အယ်ဒီတာချုပ်က ဦးမြလှိုင်၊ နာယက က ဗိုလ်မှူးကြီး စောမြင့် (မှူးသမိန်)၊ နောက် တာ်ဝန်ခံအယ်ဒီတာက ဦးခင်မောင်မြင့်၊ အယ်ဒီတာအဖွဲ့မှာ ဦးအောင်မြင့်၊ မောင်သုခနဲ့ ကျွန်တော်။ ဒီခြောက်ယောက်နဲ့ လုပ်တာ။ ကျွန်တော်တို့ဆီမှာ အုပ်ချုပ်ရေးမှူး တစ်ယောက် ရှိတယ်။ ဦးဝင်းနိုင်။ နောက်တစ်ခါ ပုံနှိပ်လုပ်ငန်းပိုင်ရှင် ဦးမြတ်ကျော် ရှိတယ်။ ဒီရှစ်ယောက်က မဂ္ဂဇင်းကို အဓိက လည်ပတ်အောင် လုပ်ရတာ။ အဲဒီကာလတုန်းက ပုဂ္ဂလိကမဂ္ဂဇင်းက မရှိသလောက် ရှားပါတယ်။ စန္ဒာမဂ္ဂဇင်း ရှိတယ်။ ရှုမဝ၊ မြဝတီ၊ ငွေတာရီတို့ရှိတယ်။ အဲဒီကနေပြီးတော့ ပုဂ္ဂလိကမဂ္ဂဇင်း ပေဖူးလွှာကို ထုတ်ဝေခွင့်စပြီး ပေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဦးမြလှိုင်က စာပေစိစစ်ရေးကနေ အနားယူ တော့မယ်ဆိုတော့ အနားယူရင် စာအုပ် လုပ်ချင်တယ် ဆိုတဲ့အတွက် ဦးမြလှိုင်က မြဝတီမဂ္ဂဇင်း တည်ထောင်တဲ့ Founder ထဲမှာ ပါပါတယ်။ ပြီးတော့ တစ်လျှောက်လုံးကလည်း စာပေသမားအဖြစ်ပဲ နေခဲ့ တယ်။ ဆိုတော့ သူ့ကို ဒါ ထုတ်ဝေခွင့်ပေးပါဆိုပြီးတော့ တောင်းတယ်။ သူက အရင်တုန်းကလည်း ပေဖူးလွှာ မဂ္ဂဇင်းကို ၁၉၅၇ ခုနှစ်က ထုတ်ခဲ့ဖူးတယ်။ အရှုံးဒဏ် မခံနိုင်တဲ့အတွက် သူက ဒီမဂ္ဂဇင်းကို ၁၉၅၇ ခုနှစ်က ထုတ်ခဲ့ဖူးတယ်။ အရှုံးဒဏ် မခံနိုင်တဲ့အတွက် သူက ဒီမဂ္ဂဇင်းကို ပြန်အပ်ခဲ့တာ။ ဘယ်လို ခေါ်မလဲ။ ဆိုင်းငံ့ထားလိုက်တာ။ ပိတ်ထားတာ မဟုတ်ဘူး။ သူ တကယ်လို့ ပြန်ထုတ်မယ်ဆိုရင် ပြန်ထုတ် ခွင့်ရအောင် တင်ခဲ့တာ။ သူ ပြန်တင်တော့ သူ ရတယ်။ အဲဒီအချိန်တုန်းက ဦးမြလှိုင်က ၃ လ ခွင့်နဲ့ ပင်စင် မယူခင် သွားနေတဲ့ ကာလ။ အဲဒီမှာ ကျွန်တော်တို့ စလုပ်ဖြစ်တာပါ။ ခုန အယ်ဒီတာတွေကလည်း ဒီလိုပဲ။ ကျွန်တော် စတာဝန်ယူရတာက ဘာလဲဆိုတော့ အဓိကက ကျွန်တော်က ပုံနှိပ်လုပ်ငန်းကို တာဝန်ယူရ တယ်။ တာဝန်ခံအယ်ဒီတာကို တွဲပြီး လုပ်ပေးရတယ်။
အဲဒီအချိန်တုန်းက မဂ္ဂဇင်းတိုက်မှာ အချိန်ပြည့် တာဝန်ခံတာက ဦးမြလှိုင်နဲ့ ဗိုလ်မှူးကြီး စောမြင့်နဲ့ .. ကျွန်တော်နဲ့ ကိုသုခပဲ ရှိတယ်။ အချိန်ပြည့် ထိုင်ကြ တာပါ။ ဦးခင်မောင်မြင့်နဲ့ ဦးအောင်မြင့်က Part Time ပဲ ထိုင်ကြတယ်။ ဘယ်လောက်အထိလဲဆိုတော့ သူတို့ ၁၉၈၃ အထိအောင် Part Time ပဲ ထိုင်ကြတယ်။ ဦးခင်မောင်မြင့်က တောင်သူလယ်သမား ဂျာနယ်မှာ အယ်ဒီတာ လုပ်တယ်။ ဦးအောင်မြင့်က အသေးစား ချေးငွေလုပ်ငန်း (ဗဟန်း)မှာ လုပ်ရတယ်။ သူက ၃ နာရီလောက်မှာ လာတယ်။ ဦးခင်မောင်မြင့်က ၄ နာရီ၊ ၄ နာရီခွဲ ရုံးဆင်းချိန်လောက်မှာ လာတယ်။ သူတို့မရှိတဲ့ အချိန်တွေမှာ ကျွန်တော်တို့က လိုအပ်တာတွေ အကုန်လုပ်ထားရတယ်။ နောက်နေ့ လုပ်မယ့် အလုပ်တွေ အားလုံးကို သူတို့က ဘာတွေ ဘာတွေ လုပ်ဆိုပြီး ကျွန်တော်တို့ကို Assignment တွေ ပေးခဲ့တာ ပေါ့။ ပုံနှိပ်ဖို့၊ ဒီမဂ္ဂဇင်းထုတ်ဝေရေးအပိုင်းကို ကျွန်တော်က ဦးခင်မောင်မြင့်ကို Assist လုပ်ပေးရ တယ်။ ပန်းချီအပ်ရတာမျိုး၊ စာမူဖတ်ပြီး မှတ်ချက် ရေးပေးရတာမျိုး၊ စာဖောင်စစ်ပေးရတာမျိုး၊ စာစီချပေးရ တာမျိုး စသဖြင့် ဒီမဂ္ဂဇင်းနဲ့ ပတ်သက်တဲ့ အားလုံးကို ကျွန်တော် လုပ်ရတယ်။ အဓိကက ဦးခင်မောင်မြင့်ကို ကန်တော် Assist လုပ်ပေးရတယ်။
ကျွန်တော်က တာဝန်ခံအယ်ဒီတာကို Assist လုပ်ပေးရတဲ့အတွက် တိုက်ထိုင်အယ်ဒီတာ ပဲ ပြော ပြော၊ ဖောင်ကိုင်အယ်ဒီတာပဲ ပြောပြော ပြောလို့ရတယ်။ ဒီစာအုပ်တစ်အုပ်လုံး လည်ပတ်ဖို့ အတွက် တာဝန် ယူပေးရပါတယ်။ အဲဒီအတွက် ကျွန်တော်က စာရေးဆရာတွေနဲ့ အထိအတွေ့ ပိုများတယ်။ ပန်းချီဆရာတွေနဲ့ အထိအတွေ့များတယ်။ ဒီလောကသားတွေနဲ့ အထိအတွေ့များတယ်။
စာတည်း။ ။ဟုတ်ကဲ့ ဆရာ၊ ဆရာ့ရဲ့ အိမ်ထောင်ရေးနဲ့ ဆရာ့ရဲ့ မိသားစု အကြောင်းလေး ပြောပြပေး ပါ ဦး ဆရာ။
ဆရာမျိုးမြင့်ညိမ်း။ ။ ကျွန်တော် ၇၄ ခုနှစ်မှာပဲ အိမ်ထောင်ကျတယ်။ ကျွန်တော့် ဇနီးနာမည် က ဒေါ်ဝင်းဌေးပါ။ အိမ်ထောင်ကျတော့ အမျိုးသမီးက တခြား စီးပွားရေးလုပ်ငန်း မလုပ်ဘူး။ အိမ်ထောင်ကျခါစ ကျွန်တော် အလုပ်မရှိသေးဘူး။ စစ်ပြန်မှာ တစ်လ ၁၅၀ ရခါစက အမျိုးသမီးက အိမ်မှာ စက်ချုပ် တယ်။ နှစ်နှစ်၊ သုံးနှစ်လောက် စက်ချုပ်ဆိုင်ဖွင့်ပြီး အဲဒီအလုပ် မလုပ်တော့ဘူး။ ကျွန်တော် ပဲ တောက်လျှောက် မဂ္ဂဇင်းအယ်ဒီတာ လုပ်ရင်း တစ်လ ၁၅၀ ရတာနဲ့ နေခဲ့ရဖူးတယ်။ ကျန်တာတော့ ညီအစ်ကိုတွေက ကျွန်တော့်ကို ထောက်ပံ့ပါတယ်။
သားသမီးသုံးယောက်ရတယ်။ အကြီးဆုံးသားက ဇာနည်မျိုးမြင့်ညိမ်း၊ ဒုတိယက ဒါလီမျိုးမြင့်ညိမ်း၊ အငယ်ဆုံးသား က ဘိုမျိုးမြင့်ညိမ်း။ သားအကြီးက အိမ်ထောင်ကျပြီးတော့ မြေး ဟန်နီညိမ်းဆိုတာ ရှိတယ်။ အငယ်ဆုံးသားက အိမ်ထောင်ကျပြီးတော့ မြေး ဂျူနိုက်ဆိုတာ ရှိတယ်။ သမီးက အိမ်ထောင်တော့ ကျနေပြီ။ သားသမီး မရသေးဘူး။
စာတည်း။ ။ ဆရာ ... ဆရာတို့ လက်ထက်မှာ ပေဖူးလွှာမဂ္ဂဇင်းဟာ ၁၉၈၁ ဇွန်လကနေ ၁၉၉၁၊ သြဂုတ်လ အမှတ် ၁၁၈ ထိ ထုတ်ခဲ့တယ်။ ထုတ်ပြီးတော့ ရပ်ဆိုင်းလိုက်တယ်။ အဲဒီလို ထုတ်နေရင်းနဲ့ ရပ်ဆိုင်းသွားတဲ့ အခြေအနေရယ်၊ နောက် လူတွေကို တစ်လတာ လွဲှဖြစ်ပြီး သူတို့လည်း ရပ်သွားတယ်။ ဒါဟာ ခေတ်ကို မျက်ခြည်ပြတ်သွားလို့လား၊ ခေတ်ရဲ့ လိုအပ်မှုကို မသိတော့လို့လား၊ ကံကြမ္မာတွေ စုပြုံ သွား လို့လား ဆိုတာ ဆရာ မြင်တာလေး ပြောပြပေးပါဦး။ ပထမဆုံးက ဆရာ့ အင်တာဗျူးကို မဟေသီမဂ္ဂဇင်းမှာ ကျွန်တော် ဖတ်ခဲ့မိတုန်းက မဂ္ဂဇင်းတစ်ခုကို လုပ်တာ ခေတ်ရဲ့ လိုအပ်ချက်ကိုသိလို့။ အဲဒီတုန်းက စန္ဒာမဂ္ဂဇင်းက ခေတ်ရဲ့ လိုအပ်ချက်ကို မသိတော့တဲ့အတွက် အခြေအနေတစ်မျိုး ဖြစ်သွား တယ်ပေါ့။ ဆရာတို့က ခေတ်ရဲ့ လိုအပ်ချက်ကို နားလည်လို့ တစ်ခါတည်း တစ်ဟုန်ထိုး စောင်ရေ သောင်း ကျော်တဲ့အထိ အောင်မြင်သွားတယ်ပေါ့။ အဲဒီတော့ ကျဆုံးသွားတဲ့ အခါ ခေတ်ရဲ့ လိုအပ်ချက်ကို မသိလို့လား၊ ကံကြမ္မာတွေ စုပြုံသွားလို့လားဆိုတာ ဆရာ့ရဲ့ အမြင်လေး ပြောပြပေးပါဦးဆရာ။
ဆရာမျိုးမြင့်ညိမ်း။ ။ အဲဒါတွေ ပြောရင် တချို့ဟာတွေမှာ အတွင်းရေးတော့ နည်းနည်းပါ လိမ့်မယ်။ ပါပေမယ့် ဘယ်သူ့ကိုမှ နစ်နာစေလိုတာ မဟုတ်ဘဲ ကျွန်တော် မှန်တဲ့အတိုင်း ပြောရမယ်။ ကျွန်တော် တို့ ပေဖူးလွှာလုပ်နေရင်း မဟေသီမဂ္ဂဇင်းကို တွဲပြီး လုပ်ခဲ့ဖူးတယ်။ မဟေသီမဂ္ဂဇင်း ၆ လလောက် လုပ်ပြီးတဲ့ အခါကျတော့ ပေဖူးလွှာက စောင်ရေကျပြီး မဟေသီ က စောင်ရေတက် သွားတယ်။ ပေဖူးလွှာ က သောင်းနှစ် ထောင်ကနေ ရှစ်ထောင်လောက် ရော့သွားပြီ။ မဟေသီ က ခြောက်ထောင်ကနေ သောင်းနှစ်ထောင်လောက် ရောက်သွားတယ်။ Balance က အဲဒီလို ကွာ ထွက်သွားတယ်။ အဲဒီမှာ ဘာဖြစ် တာလဲဆိုတော့ မဟေသီမှာ ပါတဲ့ အကြောင်းအရာတွေက ပိုပြီးတော့ Pop များလာတယ်။ ပိုပြီးတော့ Celebrity တွေရဲ့ News တွေ၊ Pop ဆောင်းပါးတွေ ပိုပြီးတော့ ပါတယ်။
ဦးခင်မောင်မြင့် ကိုယ်တိုင်က စာပေထက်စာရင် Celebrity News တွေ ပိုပြီးတော့ စိတ်ဝင်စားတယ်။ အဖုံးရိုက်တာက အစ သူကိုယ်တိုင် လိုက်ပြီးတော့ ကြည့်တာမျိုး လုပ်တယ်။ သူက ဒီအပေါ်မှာ ပိုပြီးအာရုံစိုက်တဲ့အခါကျတော့ ဦးမြလှိုင်က နည်းနည်းလေး စိတ်အနှောင့်အယှက် ဖြစ်လာတယ်။ တကယ်တမ်း ကျတော့ မဟေသီမဂ္ဂဇင်းကလည်း ဦးမြလှိုင် ပိုက်ဆံနဲ့ပဲ စပြီးတော့ ထူထောင်တာပါ။ ဦးမြလှိုင် က အရင်းစိုက်ပေးထားတယ်။ ငွေချေစရာရှိတာ စိုက်ချေပေး တယ်။ နောက်တော့ ပြန်ရှင်းပေး ပါတယ်။ မဟေသီကို စခဲ့တုန်းက ဦးမြလှိုင်ရဲ့ အကူအညီတွေ အများကြီး ပါပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်လာတဲ့အခါ ဦးမြလှိုင်က ဒီအပေါ်မှာ နည်းနည်းလေး လက်မခံတဲ့ အပိုင်းတွေ ဖြစ်လာတယ်။ ဘယ်လိုလဲ ဆိုတော့ အိမ်ကြီးပေါ် အိမ်ငယ် ဆောက်သလို ဖြစ်လာတယ်။ ဒီတော့ လုပ်ငန်းခွဲမယ်ဆိုပြီး ခွဲကြတယ်။ ပေဖူးလွှာ က တစ်တိုက်ဖြစ်ပြီး မဟေသီက တစ်တိုက်ဖြစ်သွား တယ်။
အဲဒီအချိန်မှာ ဗိုလ်မှူးကြီး စောမြင့်က သူ့ဟာသူ လည်ပတ်လို့ ရသွားပြီ။ နံပါတ် ၆ မှာ ခွဲလိုက်ပြီး ၇ မှာ သူ့ဟာသူ ရပ်တည်လို့ ရသွားပြီ။ အဲဒီအချိန် ဦးခင်မောင်မြင့်က တာဝန်ခံအယ်ဒီတာဆိုတော့ ဟိုဘက်မှာ လည်း ထိုင်၊ ဒီဘက်မှာလည်း ခွဲထိုင်ပေါ့။ အဲဒါကို ဦးမြလှိုင်က ရွေးချယ်ခိုင်းတယ်။ ဟိုဘက်မှာ ထိုင်မလား၊ ဒီဘက်မှာ ထိုင်မလားပေါ့။ စဉ်းစားဦးမယ်လို့ သူက ပြောတယ်။ ဒါကို စဉ်းစားမနေနဲ့တော့၊ တစ်ခါတည်း ထွက်တော့ဆိုပြီး ဦးခင်မောင်မြင့် ကို စာပို့ပြီး ထွက်ခိုင်းလိုက် တယ်။ ပေဖူးလွှာ ကနေပြီးတော့ တစ်ခါတည်း အနားယူခွင့်ပေးလိုက်တယ်။ အဲဒါနဲ့ ဦးခင်မောင်မြင့်က ဟိုဘက် ရောက် သွားတယ်။
အဲဒီတော့ ကျွန်တော်တို့ ဒီဘက်မှာ လုပ်ရတယ်။ နဂိုကလည်း ကျွန်တော်တို့ဆီမှာ Team Work ရှိတယ်။ တစ်ယောက်တည်း တော်လို့၊ တစ်ယောက်တည်း ကောင်းလို့ မဟုတ်ဘူး။ ကျွန်တော်တို့မှာ Team ရှိတယ်။ အားလုံးက လူငယ်မျိုးဆက်သစ်တွေချည်းပဲ။ အောင်မြင်ကျော်ကြားတဲ့သူ တစ်ယောက်မှ မပါဘူး။ ဆိုပါတော့ ဦးခင်မောင်မြင့်၊ ကိုအောင်မြင့်၊ ကိုသုခ၊ ကျွန်တော်၊ ကိုဝင်းငြိမ်း၊ ဓတ်ပုံဆရာ တက္ကသိုလ် အေးမြင့်နဲ့ သူ့မိန်းမ နုနုယဉ်၊ မိတ်ကပ်ဆရာ အကြိုင်၊ ဓာတ်ပုံဆရာ စိုင်းဘုဏ်းထူး၊ စာရေးဆရာမ မြနှောင်းညို၊ ဒီဇိုင်းပန်းချီဆရာ မြင့်မောင်ကျော်တို့ ရှိကြတယ်။ အဲဒီလို New Blood တွေချည်းပဲ ဒီမှာ လာစုနေကြ တာ။ Team ရှိတယ်။ New Idea နဲ့ လုပ်နေကြတယ်။ အဲဒီအထဲက တစ်ယောက် ကျွန်တော်တို့ထဲက ပဲ့ ထွက်သွားတယ်။ ဦးခင်မောင်မြင့်။ အိုကေ ... ကိစ္စမရှိဘူး။
ဒါကို ဆက်လုပ်မယ်ဆိုတော့ လုပ်ကြတယ်။ ဒီစောင်ရေက အတူတူ ပြန်ဖြစ်ပါတယ်။ ဖြစ်ပြီးတော့ ဘာဖြစ်လာသလဲ ဆိုရင် ၁၉၈၅ ကနေ ၈၅၊ ၈၆၊ ၈၇ တွေမှာ ပေဖူးလွှာဟာ အင်မတန်ကို စောင့်ဖတ်ရတဲ့ အခြေအနေ ထိ ဖြစ်လာတယ်။ သခင်အောင်ကြီး (ပေါင်းတည်)ရဲ့ "ကျွန်တော် အညာသားပါ" ဆိုတဲ့ ဆောင်းပါးရှိတယ်။ ဒေါ်ခင်ကြည်ရဲ့ ကျန်းမာရေး ကိစ္စတွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိသားစုကိစ္စတွေ ပါတယ်။ တော်ဘုရားလေးအောင်ဇေရဲ့ နန်းစဉ်ရတနာတို့ ဒါမျိုးတွေပါနေ တယ်။ ပြောရမယ် ဆိုလို့ရှိရင် ပေဖူးလွှာက နိုင်ငံရေး၊ နိုင်ငံရေး Scene တွေ ပါတယ်။ အဲဒီကာလမှာ ပြန်ကြည့်မယ်ဆိုရင် အစိုးရ မျက်မုန်းကျိုးတဲ့၊ အစိုးရ မကြိုက်တဲ့ ဆောင်းပါး တွေ ကျွန်တော် တို့မှာ ပါနေတယ်။ အစိုးရနဲ့ တစ်သားတည်းမကျတဲ့ လူတွေက ပေဖူးလွှာမှာ ပါတယ်။
ပြန်ပြီးတော့ ကြည့်ရင် သခင်အောင်ကြီး၊ တော်ဘုရားလေးအောင်ဇေ၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ မသီတာ (စမ်းချောင်း)၊ မောင်သော်က၊ မောင်ကိုယု၊ လင်းယုန်မောင်မောင်၊ အထောက်တော်လှအောင်၊ ဒီနာမည်တွေ ကြည့်လိုက်လို့ရှိရင် ဘယ်လိုလူတွေဆိုတာ သိပါတယ်။ သမိုင်းကြောင်းတွေရှိတယ်။ အဲဒါတွေက ပေဖူးလွှာမှာပဲရှိတယ်။ တခြား မဂ္ဂဇင်းတွေမှာ မရှိဘူး။ ဒါတွေကို ကြည့်။ တချို့က သမိုင်းကြောင်းတွေ ကို မှိန်ပစ်လိုက်ချင်ကြတယ်။ အဲဒီတုန်းက နိုင်ငံရေး စိတ်ဓာတ် နိုးကြား တက်ကြွအောင် လုပ်တာ ပေဖူးလွှာမဂ္ဂဇင်းပဲ ရှိတယ်။ ဘယ်မဂ္ဂဇင်း မှ မရှိဘူး။ ပြန်လှန်ကြည့်လို့ရတယ်။ ကျွန်တော် ပြောတာ မဟုတ်ဘူးဆိုရင် သက်သေပြလို့ရတယ်။ ကျွန်တော် အဲဒါကို အသေ အချာ ပြောချင်တယ်။
၁၉၈၈ ကာလမှာ မြန်မာနိုင်ငံက စာဖတ်ပရိသတ်တွေကို နိုင်ငံရေးစိတ်ဓာတ်နိုးကြားတက်ကြွအောင် လုပ်တာ ပေဖူးလွှာမဂ္ဂဇင်းပဲရှိတယ်။
မဟေသီ မှာက ဆန်းထွန်း(မန်းတက္ကသိုလ်)ပါမယ်။ ရုပ်ရှင်မင်းသမီးတွေရဲ့ တစ်နေ့တာ ပါမယ်။ ဘာသာရေး အကြောင်း ပါမယ်။ သူ့မူက အဲဒီလို သွားတာ။ ခွဲထွက်သွားတယ်။ အဲဒီမှာ ဘာဖြစ်လဲ ဆိုတော့ ခုနက Popularity ကြိုက်တဲ့သူတွေက မဟေသီဖတ်တယ်။ အဲဒီအချိန်က မဟေသီ မှာ ကောင်းတာ ဘာလဲ ဆိုတော့ စာအိုးရဲ့ စာအုပ်ဝေဖန်ချက်တွေပါတယ်။ နောက် အတိုဆုံး ဝတ္ထုလေးတွေ ပါတယ်။ သူ့မှာလည်း ကောင်းတာလေးတွေပါတယ်။ အခန်းဆက်တွေပါတယ်။ ဒါပေမဲ့ သူ့မှာ တစ်ဝက်လောက်က Pop တွေ များတယ်။ ပေဖူးလွှာမှာ အဲဒါတွေ အင်မတန် နည်းပါတယ်။ စာမျက်နှာ ၆၀ လောက် ပေးထားတယ်။ စီးရီး အညွှန်းလို ဟာမျိုးပါမယ်။ ရုပ်ရှင် အကြောင်းပါမယ်။ ပေဖူးလွှာမှာက နိုင်ငံရေးနဲ့နွှယ်တဲ့ ဆောင်းပါးတွေများ တယ်။ နိုင်ငံရေး နိုးကြား တက်ကြွအောင် လုပ်တာတွေပါတယ်။
ဦးမြလှိုင်ရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုလို့ရှိ ရင် ဦးမြလှိုင်ဟာ ငယ်စဉ် ကျောင်းသား ဘဝကတည်းက တော်လှန်ရေး စိတ်ဓာတ်ရှိတယ်။ ဖျာပုံမြို့မှာ ဂျပန်ကို တော်လှန်တော့မယ် ဆိုကတည်း က ရန်ပုံငွေရှာတဲ့အခါ တစ်မြို့လုံးကို ဝင်ဓားပြတိုက်ပြီး သူ့အိမ်ကို တောင် သူ ပြန်ဓားပြတိုက်ပြီး ရန်ပုံငွေရှာတဲ့ လူမျိုး။ ဦးမြလှိုင်ဆိုတာ အဲဒီလိုလူ။ သူ့သမိုင်းကြောင်းက အဲဒီလို ရှိပါတယ်။ တိုင်းပြည်ကို တကယ် ချစ်တယ်။ သူ့အစ်ကိုက ဗိုလ်လက်ျာ၊ သူ့အစ်ကိုအကြီးဆံးက ဒေါက်တာလှရွှေ ... အာဏာရှင်လှရွှေ၊ တော်လှန်ရေးမှာ အဲဒီလို တစ်မိသားစုလုံးပါတယ်။ တိုင်းပြည်အပေါ်မှာ အဲဒီလောက် ထိအောင် သံယောဇဉ်ရှိတဲ့လူတွေ၊ အကြိမ်ပေါင်းများစွာ ထောင်ကျ၊ အဖမ်းခံ၊ ဒုက္ခခံ။ သူ့အစ်ကိုတွေဆို တိုက်ပွဲမှာကျ၊ တစ်ယောက်ဆိုရင် လေယာဉ်ပျက်ကျ၊ ဒီလို ပုဂ္ဂိုလ်တွေ။ တိုင်းပြည်အပေါ်မှာ တကယ် သံယောဇဉ်ရှိတဲ့လူတွေ။
အဲဒီတော့ ဒီအချိန်မှာ အချိန်တစ်ခု ရောက်လာပြီ။ တိုင်းပြည်အတွက် တစ်ခုခု လုပ်ရတော့မယ် ဆိုတဲ့အချိန် မှာ စာပေအရ လူထုကို အသိပေး လှုံ့ဆော်မှုတွေ လုပ်ခဲ့တာ ဖြစ်တယ်။ ပြန်ဖတ်ကြည့်ပါ။ သခင်အောင်ကြီး (ပေါင်းတည်)ဆိုတာ ၁၉၈၈ ခုနှစ်မတိုင်မီက တိုင်းပြည်မှာ အင်မတန် စိတ်ဝင်စား စရာကောင်းတဲ့ ခေါင်းဆောင် တစ်ယောက်ပါ။ လူထုလှုပ်ရှားမှုမှာ တကယ် ဦးဆောင်၊ တယ်လှုံ့ ဆော် ခဲ့တဲ့ လူတစ်ယောက်ပါ။ သူ့ဆောင်းပါးတွေအားလုံး၊ သူ ရေးခဲ့တာတွေ အားလုံးက ကျွန်တော် တို့ ပေဖူးလွှာမှာ အရင်ပါတာပါ။ ကျွန်တော်ကိုယ်တိုင် သွားစောင့်ပြီး ယူပြီးတော့ ထည့်ရတာ။ သခင်အောင်ကြီး စာတွေမှာ ဖော်ပြခွင့် မရတာတွေ၊ အပယ်ခံရတာတွေ၊ အဖြတ်ခံရတာတွေ အများကြီး ပဲ။ ပေဖူးလွှာ ပေါ်မှာ ကျတော့ နိုင်ငံရေး စိတ်ဝင်စားတဲ့ သူတွေက ပေဖူးလွှာကို စိတ်ဝင်စားတယ်။
သာမန်စာပဲ ဖတ်မယ်ဆိုတဲ့ သူတွေကတော့ မဟေသီကို ဖတ်ကြတာများပါတယ်။ ဒီနှစ်ခုဟာ နည်းနည်းတော့ ကွာခြားမှုရှိတယ်။ အဲဒီ အချိန်မှာပဲ ကလျာတို့၊ ချယ်ရီတို့၊ ဒဂုန်တို့၊ စံပယ်ဖြူတို့၊ နွယ်နီတို့ ထွက်နေပါပြီ။ အဲဒီမဂ္ဂဇင်းတွေ ပြန်ကြည့်လည်း အဲဒါမျိုး မပါဘူး။ မယုံရင် ပြန်ကြည့်ပါ။ မပါဘူး။ ချယ်ရီ မှာလည်း မပါဘူး။ ဘာဖြစ်လို့လဲဆို တော့ ဗိုလ်မှူးကြီးမြတ်ထန်၊ တပ်ထွက်တွေ လုပ်တာ။ မဟေသီက ဗိုလ်မှူးကြီးစောမြင့်၊ တပ်ထွက်ပုဂ္ဂိုလ်တွေ လုပ်တာ။ သိပ္ပံ၊ ဗိုလ်မှူးကြီးတင်မောင်၊ တပ်ထွက်ပုဂ္ဂိုလ်တွေ လုပ်တာ။ လုံမလေး၊ ဘာသာရေးဆိုင်ရာ အမျိုးသမီးစာရေးဆရာမ မလေးလုံလုပ်တာ။ သူတို့ က နိုင်ငံရေး နဲ့ပတ်သက်လို့ရှိရင် ကင်းတယ်။
ဦးမြလှိုင်ကတော့ တစ်သက်လုံး နိုင်ငံရေးအရ ရပ်တည်လာတဲ့သူဖြစ်တယ်။ နိုင်ငံရေးအရ နေလာခဲ့ တယ်။ အနုပညာလုပ်ငန်းတွေ လုပ်ရင်လည်း နိုင်ငံရေးနွှယ်တဲ့အနုပညာပါလာတယ်။ တစ်ခုရှိတယ်။ ကွန်မြူနစ်နဲ့ ပတ်သက်တာ၊ ဒီအပေါ်မှာ ကွန်မြူနစ်ဇင်နဲ့ ပတ်သက်တာ မြှောက်ထိုးပင့်ကော် လုပ်တာတော့ မပါဘူး။ အဲဒီတော့ ခုန မေးလိုက်တဲ့ မေးခွန်းဘာလို့ ကျသွားလဲ။ ဟုတ်လား ... အမှန်တကယ် ကျသွားတာ မဟုတ်ဘူးဗျ။ မကျဘူး။ ဆိုပါတော့ ... ၈၈ ဖြစ်တယ်။ ၈၈ အထိအောင်။ ဒီနှစ်ုက အပြိုင်ပဲ။ ရှစ်ထောင် ... ရှစ်ထောင် ရှိတယ်။ မဟေသီက ရှစ်ထောင်၊ ပေဖူးလွှာက ရှစ်ထောင် အဲဒီလို သွားနေတယ်။ သွားနေရင်းနဲ့ ဘာလို့ ပြိုကွဲသွားတယ်။ ပေဖူးလွှာမှာ ပြိုကွဲသွားတယ်။ ၈၈ မတိုင်ခင် ကတည်းက ကျွန်တော်တို့ ပေဖူးလွှာ စားပွဲဟာ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးပွဲတွေ အမြဲလုပ်လေ့ရှိတယ်။
ကျွန်တော်တို့စားပွဲမှာ ဘယ်သူတွေ ရှိသလဲဆိုရင် စာရေးဆရာမောင်သော်က ရှိတယ်။ လေထီး ဦးအုန်းမောင်ရှိတယ်။ အထောက်တော်လှအောင် ရှိတယ်။ လင်းယုန်မောင်မောင် ရှိတယ်။ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ရှိတယ်။ ကျွန်တော်တို့က ဒီမှာ ညနေ အလုပ်သိမ်းပြီဆိုရင် စကားဝိုင်းလေးတွေ၊ အယ်ဒီတာ စားပွဲဝိုင်းမှာရှိတယ်။ အဲဒီလိုပဲ လောကနတ်မှာလည်း ရှိတယ်။ အဲဒီလိုပဲ ၃၇ လမ်းက ဆရာအထောက်တော်လှအောင်ရဲ့ သတင်းမဂ္ဂဇင်းမှာလည်း နိုင်ငံရေးဆွေး နွေးပွဲတွေရှိတယ်။ ကျွန်တော်က အဲဒီအချိန်က သတင်းမဂ္ဂဇင်းမှာ ညပိုင်း အယ်ဒီတာ လုပ်ရတယ်။ ဆိုတော့ ... ဒီဟာလေး က သူ့ဟာသူ စီးမျောနေတာပေါ့။ ခုနက ဒီစားပွဲဝိုင်းမှာ စကားပြောကြားတဲ့အထဲက မောင်သော်က ကနေပြီးတော့ လောကနတ် မှာ ရှိတဲ့ တပ်မှူးဟောင်းတွေရဲ့ စကားဝိုင်းကို ရောက်တယ်။ အဲဒီမှာ ဆွေးနွေးကြတယ်။ အဲဒီလိုပဲ မောင်သော်က ကနေပြီးတော့ အဲဒီစကားဝိုင်းက ဟာတွေ ဘယ်ယူသွားသလဲ ဆိုတော့ အထောက်တော်လှအောင်ရဲ့ ၃၇ လမ်းက သတင်းမဂ္ဂဇင်းတိုက် ကို ရောက်တယ်။ သတင်းမဂ္ဂဇင်း တိုက်မှာ ဘယ်သူတွေ ရှိသလဲဆိုရင် ဆရာဦးဝင်းတင်ရှိတယ်။ ဆရာ ဦးဖေသိန်း ရှိတယ်။ ဆရာလင်းယုန် မောင်မောင်ရှိတယ်။ ဆရာမောင်ကိုယုရှိတယ်။ ဆရာတင်မောင်မြင့် ရှိတယ်။ ဆရာမြတ်ငြိမ်းရှိတယ်။ မောင် အောင်မွန်ရှိတယ်။ သူတို့တွေ ရှိကြတယ်။ ဆိုတော့ ဒီဟာတွေက အမြဲ လုပ်နေတယ်။ ဒီ Discussion တွေက အမြဲ လည်နေတယ်။ ဒါ လူမသိတဲ့ကိစ္စ၊ ကျွန်တော်တို့ပဲ သိတဲ့ကိစ္စ။
အဲဒီလို နိုင်ငံရေး ဆွေးနွေးပွဲတွေက အမြဲရှိတယ်။ နိုင်ငံရေး အခြေအနေသုံးသပ်တာရှိတယ်။ နိုင်ငံရေး အခြေအနေ ရှေ့အလားအလာတွေကို အဲဒီအချိန်တွေတုန်းက ဘာဖြစ်နိုင်တယ်။ ဘာဖြစ်မယ် ဆိုတာ မျက်မမြင် ဆင်စမ်း ပြောကြတုန်းပဲရှိတယ်။ ဘယ်အချိန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင် သေးဘူး။ ဟိုမှာ တပ်မှူးကြီးဟောင်းများမှာလည်း တပ်မှူးကြီးတွေ ပါတာကိုး။ ဓမ္မိကဦးဘသန်းတို့ရှိတယ်။ သူတို့ဆီက သတင်းတွေက အထောက်တော်လှအောင်တို့ဆီရောက်၊ အထောက်တော်လှအောင်တို့ဆီက သတင်းတွေက ကျွန်တော်တို့ဆီရောက်၊ ကျွန်တော်တို့ဆီက သတင်းတွေက လောကနတ်ဆီရောက်။ ဆိုတော့ ... ပေဖူးလွှာရယ်၊ သတင်းမဂ္ဂဇင်း ရယ်၊ လောကနတ် ရယ် ဒီသုံးခုက ဒီလိုမျိုး လည်နေတာ။ အဲဒီလို သွားနေကြရင်းနဲ့ ဘာဖြစ်တာလဲ ဆိုတော့ ၈၈ ဖြစ်ခါနီးမှာ ကျွန်တော်တို့ဆီက ပိုပြီးတော့ Movement တွေ များလာတယ်။
ပေဖူးလွှာကနေပြီးတော့ လှုံ့ဆော်တဲ့ စာတွေ အများကြီး ထွက်ခဲ့ဖူးတယ်။ ဆရာမောင်သော်ကကိုယ်တိုင် ဒီဟာတွေ ကို Slogan ရေးတယ်၊ ထုတ်တယ်၊ ဖြန့်တယ်။ ဒီဟာတွေ ကျွန်တော်တို့ လုပ်ခဲ့ကြတယ်။ ၈၈ စတော့ စာပေနဲ့ အနုပညာရှင်များအဖွဲ့ကို ကျွန်တော်တို့ပဲ ပထမဆုံး စဖွဲ့တယ်။ ဘကြီးမိုး (မောင်မိုးသူ)၊ မောင်သော်က၊ ဦးတင်စိုး၊ ဦးဝင်းတင် စသဖြင့် ဦးဆောင်ပေါ့။ ကျွန်တော်တို့ပဲ စပြီး Run ကြတယ်။ စံပယ်ဦး ဦးတင်စိုးဆီမှာ ဘေ့စ် Base လုပ်ပြီးတော့ ကျွန်တော်တို့စပြီး လက်မှတ်ထိုးကြတယ်။ စာရေးဆရာတွေ လူထုလှုပ်ရှားမှုကို ဖော်ဆောင်ဖို့ဆိုပြီး ကျွန်တော်တို့ စပြီး စာထုတ်ကြတယ်။ အဲဒါ ၁၉၈၈၊ သြဂုတ်လ ၁၁ ရက်နေ့မှာ ကြေညာချက်ထုတ်တယ်။ ၉ ရက်နေ့မှာ ထုတ်တာ က ဒေါက်တာခင်ဆင့်တို့ ဆရာဝန်များအသင်းက ထုတ်တယ်။ ၁၀ ရက်နေ့မှာ ရှေ့နေများအသင်းက ထုတ်တယ်။ ၁၁ ရက်နေ့မှာ ကျွန်တော်တို့ စာပေအနုပညာရှင်များအဖွဲ့က ထုတ်တယ်။
ဆိုတော့ ... အဲဒီ Movement ထဲမှာ ကျွန်တော်တို့ အကုန်ပါသွားတယ်။ ပေဖူးလွှာမှာ ဘယ်သူတွေ ကျန်ခဲ့သလဲ ဆိုတော့ ဆရာမောင်မြင့်မြတ် ကျန်ခဲ့တယ်။ ဖျာပုံနီလုံဦး (ဦးအောင်မြင့်) ကျန်တယ်။ မောင်သုခ ကျန်တယ်။ ကျန်တဲ့ အယ်ဒိတာ တစ်ယောက် ကျန်တယ်။ ကျွန်တော် မရှိဘူး။ ကျွန်တော် မရှိတော့ ဘာဖြစ် သလဲဆိုတဲ့အခါကျတော့ ကျွန်တော် အဲဒီအချိန်မှာ NLD မှာ ပြန်ကြားရေးဌာန မျတ်တမ်းလွှာအဖွဲ့မှာ အုပ် ချုပ်ရေးတာဝန်ခံ လုပ်နေတယ်။ Volunteer ပေါ့။ ကျွန်တော်နဲ့အတူ ဆရာမ မသီတာရှိတယ်။ တက္ကသိုလ် အေးမြင့်၊ မြင့်မောင်ကျော်ရှိတယ်။ ကိုမြားနီ ရှိတယ်။ အားလုံးပေါင်း ၁၇ ယောက်ပေါ့။ စာပေနဲ့ အနုပညာရှင် အဖွဲ့က ဝင်လုပ်ကြတယ်။ ၈၈ မှာ စုပေါင်းလှုပ်ရှား ရုန်းကန်ခဲ့တဲ့ စာပေနဲ့ အနုပညာရှင်အဖွဲ့က ၁၇ ယောက် အဲဒီမှာ သွားပြီး အလုပ်လုပ်တယ်။
ဆိုတော့ ... လကုန်တဲ့အခါကျတော့ ကျွန်တော် တိုက်မှာ သွားပြီး လခ ထုတ်တယ်။ လခ မရဘူး။ လခ မရဘူး ဆိုရင်တော့ မဖြစ်ဘူး။ ကျွန်တော် လခရမှ ဖြစ်မယ်။ ကျွန်တော် ဒါက တာဝန်အနေနဲ့ သွားတာ။ ပေဖူးလွှာ က တာဝန်အနေနဲ့ သွားတာပေါ့။ နောက်တော့ လခပေးလိုက်ပါတယ်။ အဲဒီတုန်းက အန်ကယ်ဦးမြလှိုင် မရှိဘူး။ အမေရိက သွားနေတယ်။ နောက် အန်ကယ် ဦးမြလှိုင် ပြန်ရောက် လာတယ်။ ရောက်တော့ ကျွန်တော့်ကို ခေါ်တယ်။ မင်း ပါတီထဲမှာ အလုပ်လုပ်နေတာလားတဲ့။ ဟုတ်တယ်။ ကျွန်တော် လုပ်နေတယ်။ မင်း နိုင်ငံရေး မလုပ်ပါနဲ့တဲ့။ ကျွန်တော် အံ့သြသွားတယ်။ မင်း NLD မှာ လုပ်နေတယ်။ နိုင်ငံရေး မလုပ်ပါနဲ့တဲ့။ ဘာဖြစ်လို့လဲ အန်ကယ်လို့ မေးတော့ မင်း နိုင်ငံရေး မလုပ်ပါနဲ့၊ မင်း ဒုက္ခရောက် မယ်တဲ့။ ကျွန်တော် အရမ်းအံ့သြသွားတယ်။ ကျွန်တော်က တစ်လျှောက်လုံး မှာ ရန်ကုန်ဘဆွေ၊ အန်ကယ် ဦးမြလှိုင်တို့ရဲ့ နိုင်ငံရေးစာအုပ်တွေ ဖတ်လာတာ။ ဆရာ ဦးမြလှိုင်ဆိုရင် ''တော်လှန်ရေး ဝတ္ထုတို့ရဲ့ နိုင်ငံရေး စာအုပ်တွေ ဖတ်လာတာ။ ဆရာ ဦးမြလှိုင်ဆိုရင် ''တော်လှန်ရေး ဝတ္ထုတိုများ''ဆိုပြီး အမျိုးသား စာပေဆုရခဲ့တာ။
''ဘဝနေဝင်ချိန်''ဆိုရင် ကျွန်တော်တို့ အမြဲ ဖတ်ခဲ့တာ။ ကျွန်တော်ကိုယ်တိုင်ပဲ ရှုမဝကို စာမူသွား သွားပေးရတာ။ ကျွန်တော်ဖတ်ပြီးမှ အယ်ဒီတာအဖွဲ့ ဖတ်ရသလိုမျိုး။ သူကိုယ်တိုင်လည်း နိုင်ငံရေး ဆိုတာ လုပ်ကိုလုပ်ရမယ့် အလုပ်အဖြစ် မြိန်ရေရှက်ရေ အသိပညာပေးခဲ့ပြီးပြီး။ ရန်ကုန်ဘဆွေ ဆိုရင် ''တိုက်ယူရတဲ့ မျက်ရည်တစ်ပေါက်''တို့၊ ''သေသော်မှာတည့် သြော် ကောင်း၏'' တို့၊ ဒါတွေ ကျွန်တော်တို့ ဖတ်ခဲ့ရတာတွေ အများကြီးပဲ။ အဲဒီတော့ ကျွန်တော် အံ့သြသွားတယ်။ ကျွန်တော် အဲဒါတွေ ဖတ်ပြီးမှ နိုင်ငံရေးလုပ်တာ။ အေး၊ မင်းဖတ်တော့ ဖတ်ပါ၊ နိုင်ငံရေးတော့ မလုပ်ပါနဲပါနဲ့တဲ့။ သူ့ဆီ ပြန်လာတဲ့။ ကျွန်တော် ချက်ချင်းမဖြေဘဲ စဉ်းတော့ စဉ်းစားသေးတယ်။ ကျွန်တော် လုပ်လက် စတွေမပြတ်သေး ဘူးဆိုပြီး ပြန်လာခဲ့တယ်။ ကျွန်တော် သူ့ဆီ မပြန်ပါဘူး။
ကျွန်တော် NLD က ကိစ္စတွေ ဆက် လုပ်တယ်။ တစ်ရက်ကျတော့ ကျွန်တော့်ကို ခေါ်တယ်။ ပြီးတော့ မင်း ပြန်လာမှာလားတဲ့။ ဒီမှာ အလုပ်လုပ် ရတာ အဆင်မပြေဘူးတဲ့။ ဆိုတော့ ... ကျွန်တော် ပြန်လာမယ်၊ အဲဒီက တာဝန်ခံအယ်ဒီတာ ကိုမြင့်မြတ်နဲ့ အုပ်ချုပ်ရေးမှူး ကိုဝင်းနိုင်ကို ထုတ်ပေး ရင် ပြန်လာမယ်။ ကြားထဲမှာ ဆက်ဆံရေးအဆင်မပြေတာလေးတွေ ရှိတာကိုး။ သူတို့ကို ထုတ်ပေး၊ ပြန်လာမယ်လို့ ကျွန်တော် တောင်းဆိုလိုက်တယ်။ အေး ... ကိုယ် Meeting ခေါ်လိုက်မယ်တဲ့။ ကျွန်တော် မပါဘဲ သူတို့ Meeting ခေါ်ပြီးတော့ ကန့်ကွက်သူမရှိ၊ ကျွန်တော် မပါလည်း လုပ်လို့ရတယ် ဆိုပြီး ကျွန်တော့်ကို ဖြုတ်ချလိုက်တယ်။ ကျွန်တော့်ဆီ အကြောင်းကြားစာ ရောက်လာတယ်။ ကျွန်တော့် ကို အလုပ်က အနားပေးပြီဆိုတဲ့စာ။
အဲဒီမှာ တဖြည်းဖြည်းနဲ့ ပြုတ်ကျလာတယ်။ ဆိုတော့ ... ကျွန်တော် တစ်ယောက်တည်းကြောင့် တော့ မဟုတ်ဘူး။ ကျွန်တော် မရှိတော့တဲ့အခါ ကျွန်တော်နဲ့ ဆက်နွယ်ပြီး ရေးနေကြတဲ့၊ ပင်တိုင်ရေးနေတဲ့ စာရေးဆရာတွေ ကို ပညာပြတယ်။ စာမူ ဘယ်နေ့ ပေးရမယ်တို့ ဘာတို့ ပြောလာတယ်။ အမှန်က ပညာပြ တာတော့ မဟုတ်ဘူး။ သူတို့ မကိုင်တွယ်တတ်တော့ဘူး။ စာရေးဆရာတွေ ကတော့ ပြောတာပေါ့။ သူတို့ကို ပညာပြတယ်ပေါ့။ အမှန်တော့ ဒီဥစ္စာကို သူတို့ မလုပ်တတ်တော့ဘူး။ ဒီအတတ်ပညာ ကို သူတို့ မလုပ်တတ် ဘူး။ အဲဒါတွေ တစ်လျှောက်လုံးက ကျွန်တော် ပဲ ဖောင်ကိုင်လာခဲ့တဲ့ အခါကျတော့ ကျွန်တော့်အောက်မှာ '' ကိုမြင့်အောင်'' ဆိုတာ တစ်ယောက် ရှိပါတယ်။ သူက ကျွန်တော့်လောက် မလှည့်တတ်ဘူး။ မကိုင်တတ်ဘူး။ ဆိုပါတော့ဗျာ .... ဒါ မရရင် ဟိုဟာ၊ ဟိုဟာ မရရင် ဒီဟာ ဆိုပြီး ကျွန်တော်တို့မှာ ထိန်းထားရတာတွေရှိတယ်။ စာစီ၊ ပုံနှိပ်သမားကို ထိန်းထား တာ ရှိတယ်။ ပုံနှိပ်စက် အမြဲ လည်နေအောင်။
ဆက်ရန်
.

စိန်ခေါ်ထားကြောင်း လာပြောတာ အမ။း)
ReplyDelete