အားလုံးသော ဧရာဝတီချစ်သူများ သို့
ဧရာဝတီ ကို မြန်မာပြည်သူ များ အားလုံး ချစ်ကြမယ် ထင်ပါတယ်... ဧရာဝတီ ကို မချစ်သူ အသင်ဘယ်သူ လည်း ဆိုတာတော့ အားလုံး သိကြမှာပါ...
သားသမီး အားလုံး ဟာ မိခင် ကို ချစ်ကြတယ် .. မြတ်နိုးကြတယ်.. တွယ်တာကြတယ်.. မိခင် ကို အဘယ် လူသား မှ မသတ်သလို... သတ်ဖို့ ကြံသူ ငမိုက်သား ကိုလည်း ငရဲ က ခွင့်မလွှတ်ပါဘူး...
အမိဧရာဝတီ ကို လည်း အဘယ် လူသားက မှ ဖျက်စီး ဖို့ ကြံရွယ် မှာ မဟုတ်ပါဘူး... ကြံရွယ်သူများ ကို လောကပါလ တရား က ခွင့်လွှတ်မယ် မထင်ပါဘူး..
ကျနော့် တို့ ရဲ့ အမေ ဧရာဝတီ ဟာ နှိပ်စက် ညှင်းပန်းခြင်း ကို စတင် ခံစားနေရပါပြီ.... မကြာခင် မှာ ဘဲ ကျနော် တို့ သားသမီး များ ကယ်တင်လို့ မရနိုင်တော့ တဲ့ အခြေအနေ ကို ရောက်သွားပါတော့မယ် ...
ဒါကြောင့် မိခင်ဧရာဝတီ အသက်ဆက်လက် ရှင်သန် ဘို့ မြန်မာပြည်သူ ပြည်သား တိုင်း
ဧရာဝတီ ဆည် တည်ဆောက်ရေး စီမံကိန်း ကို
ကန့်ကွက်ကြပါ... ရှုံ့ချ ကြပါ.....
မိမိ ကျရာ နေရာ က နေပြီး ဧရာဝတီ ကို ကာကွယ်ကြပါ...
အခု ကျနော် မြန်မာနိုင်ငံ အတွင်း မှာ နေပါတယ်... ဧရာဝတီ ရဲ့ အဖြစ်မှန် ကိုမသိသူ တွေ ... အများကြီး ရှိပါတယ်... ကျနော် တို့မှာ ရှင်းပြ ရမဲ့ တာဝန်တွေ အများကြီးရှိပါတယ်... အမေ့ ရဲ့ သားသမီး တွေဟာ.... အမေ့ အရိပ် ကို ခိုနေပေမဲ့ ... အမေ ကို သတ်ဖြတ်နှိပ်စက် တော့ မှာ သူတို့ မသိကြပါဘူး.. အားလုံး ဟာ မိမိဘဝ စားဝတ်နေရေး အတွက် ပင်ပန်းတကြီး အားထုတ် နေကြတဲ့ အတွက်ဖြစ်ပါတယ်....
ဒါကြောင့် အင်တာနက် သုံးတဲ့ သူတွေ ဆိုရင် ဧရာဝတီ နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ ... သတင်း တွေ အားလုံး ကို ဖောဝပ်မေးလ် ပို့ကြပါ...
အင်တာနက် မသုံး တဲ့ သူတွေ အတွက်လည်း.. မိမိသိသမျှ ကို လက်လှန်းမှီသလောက် တယောက် တတ် နိုင် ရင် တယောက် ရှင်းပြဖို့ အားထုတ် ကြပါ...ဧရာဝတီ ကို ကယ်တင်ကြပါ....
ဧရာဝတီ ဟာ အစိုးရ တခုထဲရဲ့အရေး မဟုတ်ပါဘူး... မြန်မာပြည်သူ တွေ နဲ့ ဆိုင်တဲ့
အမျိုးသားရေးပါ....
အားလုံး ဘဲ အမျိုးသားရေးတာဝန် ကို ကျရာနေရာ က ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်....
အားလုံး သော အသိပညာရှင်.. အတတ်ပညာရှင်... အနုပညာရှင် များနည်းတူ... ဘလောဂ့်ဂါ အားလုံး ဟာ လည်း ကိုယ်ပိုင် ဘလောဂ့် ပေါ်ကနေ ဧရာဝတီ ဆည် တည်ဆောက်ရေး ကို ကန့်ကွက် တဲ့ အကြောင်း ဆောင်းပါးတွေ .. သတင်းတွေ ရေးကြ ဖော်ပြကြ ပါတယ်....
ဒါအပြင် ကျနော့် နဲ့ ဘလောဂ့်ဂါ မိတ်ဆွေ များဟာ အခုလာမဲ့ ၂၃ ရက်၊ သောက်ကြာနေ့၊ စက်တင်ဘာလ၊ နှစ်ထောင့်ဆယ့်တစ် မှာ မိမိတို့ ရဲ့ ကိုယ်ပိုင် ဘလောဂ့် လေးများက နေပြီး ဧရာဝတီ စီမံကိန်း ကို ကန့်ကွက်ကြောင်း ဆောင်းပါးများ သတင်းများ ကို ဖော်ပြပေးဘို့ .. ရေးပြီးသား သူများ ကလည်း အသစ် ရေးတင်နိုင်ရင် ရေးပေးကြဘို့ နဲ့ .. မရေးနိုင် ရင်လည်း အဟောင်းကို ဘဲ ပြန်လည် ဖော်ပြပေး ဘို့ ဆုံးဖြတ် ထား ကြပါတယ်...
ဘလောဂ့်ဂါ အားလုံး ရေးဖို့ အဆင့်သင့် မဖြစ်ရင်လည်း ဧရာဝတီမြစ်ဆုံ ဆည် တည်ဆောက်ရေး ကို ကန့်ကွက်ပါတယ် ဆိုတဲ့ တကြောင်းလေး ကိုဘဲ ဖြစ်ဖြစ် ရေးပေးကြပါလို့ မေတ္တာရပ်ခံပါတယ်...
ကျနော် တို့ မြန်မာဘလောဂ့်ဂါ များ အားလုံး ဧရာဝတီ ကို ချစ်သူများဖြစ်ပါတယ်... ဧရာဝတီမြစ်ဆုံ ဆည် တည်ဆောက်ရေး ကို ကန့်ကွက် ပါတယ် ဆိုတာ အလေးအနက် ထားပြီး ..
ချစ်မိတ်ဆွေ မြန်မာဘလောဂ့်ဂါ များအားလုံး
၂၃ရက် (သောက်ကြာ) နေ့ မှာ
ဧရာဝတီ မြစ်ဆုံ ဆည် တည်ဆောက်ရေး ကို ကန့်ကွက်ပါတယ်
ဆိုတဲ့ အကြောင်း ...
အနဲဆုံး တကြောင်းဘဲ ဖြစ်ဖြစ်.... ဘလောဂ့် ပေါ် မှာ တင်ကြဖို့..
ဘလောဂ့် မောင်းထု
လို့ ရွှေစင်ဦး က ကြော်ငြာလိုက်ပရစေ....
ချစ်သော ဘလောဂ့်ဂါ အားလုံး ညီစေနော်.....
ချစ်သော စာဖတ်သူ အားလုံး ညီစေနော်.... အလှည့်ကျ မနွဲ့ ကျစတမ်း..
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
Bloggers for Ayeyarwady မှာ လည်း ဝင်ရောက်ဖတ်ရှု့ နိုင်ပါတယ်
.
အားလုံးသောဘလော့ဂါများ ညီညွတ်စွာနဲ့ ကလောင်ကိုစွဲလို့ အမိဧရာဝတီ ရှင်သန်နိုင်ဖို့ အတွက် တာဝန်ကျေနိုင်ကြပါစေ။
ReplyDeleteချစ်တဲ့
ညီမသဒ္ဓါ
ိဟုတ်ပါတယ်....ဧရာဝတီနဲ့ပတ်သက်လို့ လောလောဆယ်ဖြစ်ပျက်နေတဲ့ အဖြစ်မှန်တွေနဲ့ သတင်းတွေကို သေသေချာချာ မသိသေးတဲ့သူတွေ တော်တော်များများရှိနေပါသေးတယ်။
ReplyDeleteအားလုံးကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်အောင် ကူညီပေးဖို့၊ အမိဧရာဝတီကို အချိန်မီကယ်တင်နိုင်ဖို့ တစ်တပ်တစ်အား ပါဝင်ကြပါစို့လား....။
ဘလော့ဂါ မောင်နှမများတင်မက အားလုံးသော မြန်မာပြည်သူပြည်သားများလည်း မိခင်ဧရာဝတီအတွက် တစ်စိတ်တစ်ဝမ်းတည်း ရှိနိုင်ကြပါစေ....။
အင်ကြင်းသန့်
အဝေးမှနေပြီး စားလည်း ဒီစိတ် ၊သွားလည်း ဒီစိတ်၊ စိတ်၏ဆင်းရဲခြင်းကို ခံစားနေရသူတယောက် အနေနဲ့ ၊ အနီးကပ် မျက်မြင် ကိုယ်တွေ့ ဒုက္ခများစွာ ကိုယ်တိုင်ခံစားသူများ အားလုံး ကို ကိုယ်ချင်းစာမိပါတယ် ။
ReplyDeleteဧရာဝတီ ကယ်တင်ရေးဟာ အမျိုးသားအရေးကြီး ဖြစ်တဲ့အတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့်  ကန့်ကွက်ကြဖို့ သဘောတူပါတယ်။
အရိုးကျေကျေ အရေခမ်းခမ်း ၊ဘယ်သူခွဲခွဲ တို့မကွဲ ပေါ့ မရွှေစင်ရေ.... ။
ကိကိ
ဟုတ်..
ReplyDeleteရေးမယ်..မကြီးရေ...
ဟုတ်..
ReplyDeleteရေးမယ်..မကြီးရေ...
တစ်တပ်တအား ပါဝင်ပါ့မယ် အစ်မ
ReplyDeleteကျွန်မတို့မှာ တာဝန်ရှိပါတယ်။ ကိုယ့်တိုင်းပြည် ဒုက္ခမရောက်ဖို့၊ တတ်နိုင်တဲ့ဘက်က ကာကွယ်ဖို့၊ မြန်မာပြည်သားမှန်ရင် တာဝန်ရှိပါတယ်။
အားလုံးသိအောင် အသိပေးလှုံ့ဆော်တဲ့အတွက် ကျေးဇူးတင်ပါတယ်။
ပြည်သူပြည်သားတွေ အကျိုးများမှာမဟုတ်ဘဲ လူတစ်စုသာ အကျိုးရှိမဲ့ မြစ်ဆုံဆည်တည်ဆောက်ရေးကို အလေးအနက် ကန့်ကွက်ပါတယ်။
ညီညာစွာကန့်ကွတ်မယ်ဆိုရင်မကြာခင်ရင်အေးရတော့မှာပါ။ ခုတောင်စီမံကိန်းအစီအစဉ်ကိုပြန်လည်သုံးသပ်ဖို့ပြင်ဆင်နေ တယ်လို့ကြားသိရပါတယ်။ကျနော်တို့အားလုံးညီညွတ်ကြဖို့အချိန် အမှန်တကယ်ရောက်လာပြီမို့တတ်နိုင်သလောက်ပါဝင်မယ်ဆိုတာ ကတိပြုပါတယ်။အားလုံးကိုလေးစားလျက်(KMC)
ReplyDeleteအရမ်းကောင်းတဲ့အစီစဉ်လေးအတွက် ရွေစင်ဦးတို့စိတ်ဓာတ်ကို လေးစားသွားပါတယ်ဗျာ... ရွေစင်ဦးပြောသလိုပဲ.၂၃ ရက်နေ့မှာ ဧရာဝတီနဲ့ပတ်သက်ပြီးတော့ မိမိအပါအ၀င်ပေါ့...ဘလော့ဂါအားလုံးရဲ့ ပေါက်ကွဲသံစဉ်ကို ဆက်ဆက်နားဆင်နေပါ့မယ်...
ReplyDeleteချမ်းမြေ့ပါစေ
ချယ်ရီမြေ
I protest Irrawaddy dam project.You protest that project.We all Burmese,Myanmar(all tribes)and people who lived,lives in this country protest that project except brainless,blind and deaf......people:(
ReplyDeleteWE LOVE IRRAWADDY FOR OUR MOTHERLAND AND OUR NEXT GENERATION.
LONG LIVE IRRAWADDY!
Gyidaw
မရွှေစင်ရေ .. မနွဲ့တော့ပါဘူး။
ReplyDeleteနည်းပညာပိုင်းတွေတော့ သေချာနားမလည်ဘူး။ စာတွေအကုန်လိုက်ဖတ်နေတာ။ ဧရာဝတီကို ချစ်တဲ့ စိတ်နဲ့ နိုင်သလောက်တာဝန်ယူပါ့မယ်။ ၂၃ ရက်နေ့ တိတိ ရေးတတ်သလိုလေးတော့ရေးပါ့မယ်။
ချစ်တဲ့
pp
မရွှေစင်ဦးရေ ပြည်တွင်းက ဘလော့ဂါတဦးအနေနဲ့ အခုလို Initiate လုပ်ပြီး ဆော်အောတာ ၀မ်းသာပါတယ်။ ဧရာဝတီအကြောင်းကိုတော့ ပို့စ်တခု တင်ချင်နေတာတော့ ကြာပြီ။ ဒါပေမဲ့ မအားလို့ ဘလော့ဂ် မရေးဖြစ်တာလည်း ကြာပြီ။ မအားဆို ဘလော့ဂ်ဒေးအတွက် tag တာကိုတောင် ရေးမယ်လို့ ပြောပြီးမှ လုံးဝ အချိန်မရခဲ့လို့ မရေးလိုက်ရဘူး။ ဧရာဝတီနဲ့ ပတ်သက်တဲ့ သတင်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးသတင်းတွေတော့ ဖတ်ဖြစ်ပြီး ကိုယ်တိုင်ရေးမအားပေမဲ့ သဘောကျတဲ့ပို့စ်တွေကို ပြန်ဖေါ်ပြတာပဲ လောလောဆယ်မှာ လုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့ကျရင်တော့ ရေးဖြစ်အောင် ကြိုးစားမယ်။
ReplyDeleteအမရေ
ReplyDeleteစောစောရောက်ပြီးပြီဗျ
စီဘောက်မှာ ထပ်တွေ့လို့ ထပ်လာတယ်ဗျို့
၂၃ ရက်နေ့ အတွက် ကြိုးစားပြီးရေးကြည့်ပါ့မယ်ဗျာ
ငွေလမင်း
This comment has been removed by the author.
ReplyDeleteရေးမယ်အမ ဧရာဝတီ မြစ်ကြီးကိုထာဝရရှင်သန်စေချင်ပါတယ်။
ReplyDeleteအိုကေ၊ အစ်မရွှေစင်။
ReplyDeleteအမရွှေစင်ရေ
ReplyDeleteစာရေးဖို့အဆင်မပြေလို့ ကဗျာတော့ရေး
တင်ထားတယ်...ရေးပြီးသာတင်ရတယ်
အားမရပါဘူး....
ထပ်ရေးပါဦးမယ်...
ချစ်ခင်တဲ့ jasmine
ဆရာမရေ.. ၂၃ ရက်နေ့အတွက် ဘလော့ဂါတွေအားဝိုင်း တက်ညီလက်ညီနဲ့ ဝိုင်းဝန်းကန့်ကွက်တဲ့ ပို့စ်တွေ တင်လိုက်ကြရအောင်ဗျာ. ကျွန်တော်လည်း အဲဒီနေ့အတွက် ကြိုးစားပြီး တစ်ပုဒ်လောက်ထပ်ရေးမယ်ဗျာ...
ReplyDeleteခင်မင်စွာဖြင့်
ကိုဇော်သိင်္ခ
ရေးပြီးနေပြီ အစ်မ...
ReplyDeleteသောကြာနေ့ ကို စောင့်နေတာ...
အစ်မတို့ လို သတ္တိရှိရှိ ဦးဆောင်သူတွေ ရှိနေမှတော့ ဒီအရေးတော်ပုံ အောင်မှာပါ... ကျွန်တော် ယုံကြည်တယ်။
အမကြီးရယ်..
ReplyDeleteအမပိုစ့် လေးနဲ့အတူ
ဘလောက်ဒ်ဂါတွေရဲ့ ညီညွှတ် မှု့ကိုတွေ့ရတော့
စာဖတ်နေရင်းနဲ့ မျက်ရည်တောင် ၀ဲရတယ်ဗျာ
ကျွန်တော်တို့ ဘလောက်ဒ်ဂါ တွေညီ သလို
ပြည်သူလူထု တစ်ရပ်လုံးကပါ အဲလိုညီလိုက်ရင်
ဘယ်လောက်များ သူတို့ခံနိုင်မလည်း
ကျွန်တော် ရေးပါ့မယ် အမကြီး။
အင်း...
ReplyDeleteဖတ်ရင်းနဲ့  စိတ်မကောင်းဘူးဗျာ..။
ဒုသမ္မတနဲ့ အဖွဲ့ က ဆက်လုပ်ချင်ပြီး
သမ္မတနဲ့ အဖွဲ့ ကတော့  စဉ်းစားချင်နေတယ်
လို့ သိရတယ်၊ လွှတ်တော်မှာ မဲခွဲမဲ့ သဘော
ရှိတယ်တဲ့ ။ ခက်တာက ပြိုင်တူခေါင်းညိတ်၊
ခေါင်းခါ လုပ်နေကြတဲ့ ကြံ့ ဖွတ်အုပ်စုက
ကြီးစိုးနေတော့  ခက်တယ်ဗျာ..။
ရင်ထဲမှာ တုန်နေအောင် “ နာ ” တတ်ပါ
တယ်ဗျာ..။ ဧရာဝတီက မြန်မာပြည်ရဲ့ 
အသဲနှလုံးပါပဲ။ ဒီပွဲက တရုပ်ဆန့် ကျင်ရေး
ပွဲလည်းဖြစ်ပါမယ်။ ကျွန်တော်လည်းပါမယ်ဗျာ။
ခင်တဲ့ 
အဖြေးလူ..။
အဲဒီအစီအစဉ် ကောင်းပါတယ် မမ..
ReplyDeleteဘာပြောကောင်းလဲအစ်မရယ်..
ReplyDeleteကြာသလားလို့.ရေးမယ်အစ်မရေ
တတ်စွမ်းသမျှပေါ့။
အဖော်ကောင်းရင်ငရဲပြည်တောင်အလည်သွားရသွားရ :D
ခေါင်းစဉ်တွေပါတူရင်..မကောင်းဘူးလားအစ်မရယ်
တညီတညွတ်တည်းဆိုတော့..
တွဲလက်ညီညီ.ဆက်လက်ချီတက်ကြပါစို့ရှင်။
မမရေ
ReplyDeleteလုပ်စရာရှိတာသာလုပ် နောက်ကနေတန်းစီပြီ လိုက်တာပေါ့ တစ်ပျော်တစ်ပါကြီးအားရစရာပဲ။
ဗျို့....................
ဧရာဝတီရှင်သန်ဖို့က အရေးအကြီးဆုံးပါပဲ။ နှမ်းတစေ့နဲ့ ဆီမဖြစ်နိုင်ပေမယ့် နှမ်းစေ့လေးတွေအားလုံးစုပေါင်းလိုက်ရင်တော့ ဆီတစက်ရလဲမနည်းပါဘူးမရွှေစင်ရေ။
ReplyDeleteရေးတာတော့ ရေးပေးပါ့မယ် အစ်မရာ။ ကျနော် အွန်လိုင်း မဝင်ဖြစ်တာ အတော် ကြာနေပြီ။ အခုတောင်မှ ခဏဝင်လာတာ။
ReplyDeleteပြီးတော့ ကျနော် ဒီနေ့ နောက်ဆုံး အွန်လိုင်း ဝင်တာ ဖြစ်နေတယ်။ အဆင်ပြေရင်တော့ လကုန်လောက် ပြန်လာရင်း ရေးပေးပါ့မယ်။ မဟုတ်ရင်တော့ နည်းနည်း ကြာဦးမယ်။ အတိုင်းအတာလေး တစ်ခု အထိ ခဏတော့ စောင့်ပေးပါ အစ်မ။
ဖြစ်ရလေဗျာ။ တိုက်ဆိုင်သွားတယ်။
ဆိုရေးရှိက ဆိုအပ်စွ...ဆိုတာလို....အရေးကြီးရင် သွေးနှီးကြတာပေါ့...ဒီမြစ်ထဲ အကြိမ်ကြိမ် လက်ပစ်ကူးခဲ့..ဒီမြစ်လည်က ရေကိုခပ်သောက်ခဲ့၊ ဒီမြစ်ထဲ ငါးဖမ်းဝမ်းကျောင်းဖူးတဲ့ကိုယ်က ဒီမြစ်ကြီး ဆုံးရှုံးရမှာကို မလိုလားတာ သစ္စာပါ။
ReplyDeleteညီစေဗျ နော်
ReplyDeleteမြန်မာပြည်ဘွားတို့ရဲ့ အားထားရာ ချစ်သောဧရာဝတီ အမြဲအဓွန့်ရှည်ပါစေ။
ReplyDelete၂၃ရက်နေ့အတွက် ကြိုးစားမယ် ညီမရေ။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမရေ။ ချစ်သော အမေဧရာအတွက် ကြိုးစားလက်တွဲ ကာကွယ်ပါ့မယ်။ တတ်နိုင်သလောက် တိုက်နိုင်ဖို့ ကြိုးစားပါ့မယ့် မမ။
ReplyDeleteဧရာဝတီနဲ့မြန်မာပြည်ဟာ
ReplyDeleteသမိုင်းအဆက်ဆက် ရေးမှတ်ထားတဲ့ 
စာမျက်နှာတွေပါ..
ကျွန်တော်လည် မတက်တ၀က်နဲ့ 
ဧရာဝတီအတွက် ကဗျာစပ်ပါရစေ..
အဲဒီနေ့ ရောက်ရင်ပေါ့ ......
ခပ်ပေါပေါ ရေးနေကျဆိုတော့ ခပ်တည်တည်ရေးလိုက်ရင် ခပ်ပေါပေါဘဲ ထင်ပြီး ခပ်တည်တည်ရေးမှန်းမသိကြရင် ခပ်တည်တည်ရေးရကျိုးမနပ်ဘဲ ခပ်ပေါပေါအနေနဲ့ မြင်သွားမှာကို ခပ်တည်တည်နဲ့ စိုးရိမ်မိတယ်။း))
ReplyDeleteအမရွှေစင် အမစစ..
သူကြီးမင်းလဲ ဧရာဝတီကြီး ရေမခမ်းစေချင်ဘူးးးးးးး။
ခင်မင်လျှက်
မိခင် သတို့သမီးအတွက် လူတိုင်းကိုယ်စီ နိုင်ရာဝန်ထမ်းကြရမှာပေါ့။
ReplyDeleteကလောင်ကိုင်စွဲတို့တိုက်ပွဲ အဘယ်မအောင်ရှိအံ့နည်း... မေ့သားဇာနည် ကလောင်ချီလို့ တိုက်ပွဲဝင်မည်... အမေကြည်မြောက်ပါစေသား....
ReplyDeleteခင်မင်စွာဖြင့်
ကိုကိုးအိမ်(မန္တလေး)
အမရွှေစင်
ReplyDeleteသတိယနေတယ်.. အပြေးအလွှားရောက်လာပါတယ်..။ ကိုယ့်ဘလော့လည်း လှည့်မကြည့်ဖြစ်လောက်အောင်ကို ဖြစ်နေလေရဲ့.. စာမရေးဖြစ်တာကြာသလို ခင်မင်ရတဲ့ ဘလော့ဂါများကိုလည်း အထူးသတိယနေလေရဲ့..။ ရေးချင်တာတွေမရေးရလို့ စိတ်မကောင်းလည်း ဖြစ်နေတယ်..။ အမပြောသလို တကြောင်းတော့ဖြစ်ဖြစ် ရအောင်ရေးပါ့မယ်အမ..။ လာလင့်ပေးတာလည်း ကျေးဇူးးးးးးးးးးးးးးနော်..။ အားလုံးကိုလည်း သတိတယဖြင့်..
စိန်ဗေဒါ (၈၈) အော် နာမည်ပြောင်းမလားလို့အမ.. စိန်ဧရာ လို့.. အဟီး နောက်တာ..
ဧရာဝတီကို အစဉ်ချစ်ကြမည်..
အစ်မ ရွှေစင်ဦး မှတဆင့်...
ReplyDeleteသို့...
ရွေးကောက်ပွဲတွင် တယောက်တည်းလိုလိုပြိုင် တယောက်တည်းနိုင်သည်ဟု အစိုး(ဆိုး)ရ ဆိုပြီး ကိုယ်ဘာသာ ခပ်တည်တည် အုပ်ချုပ်နေသော ဒုတိယ မင်းခွေးချေးများ ခင်ဗျာ..
ဧရာဝတီ မြစ်ဆုံ စီမံကိန်း အား နိုင်ငံသားတစ်ယေက်ဖြစ်သော ကျွန်တော်လည်းပဲ
လုံးဝ(လုံးဝ)ပိုဆိုးပက်စက် ကြီးကို ကန့်ကွက် ပါတယ်..
အရမ်း တတ်လွန်း တော်လွန်းသော သင်တို့အား ဒုတိယ နရသီဟပတေ့(တရုတ်ပြေးမင်း) ဘွဲ့ကိုပေးချင်သူ..
နယုန်မိုး(malaysia)
ဟုတ်ကဲ.
ReplyDelete.............
လေးစားစွာဖြင့်ကျေးဇူးတင်ပါတယ်...
ကျွန်တော်လည်းအားပေးထောက်ခံပါသည်...
အမိဧရာဝတီ၏...အလှအပများကိုဖျက်စီးမည့်သူများအား
ဝိုင်းဝန်းတိုက်ခိုက်ကြပါစို. ....
htun...