Wednesday, May 25, 2011

ဇာတိဿရဉာဏ် နဲ့ ဗိုလ်ဘလောဂ်ဂါ ကျောက်

ချစ်သော စာဖတ်သူများ နဲ့ ဘလော့ဂ်ဂါ ချစ်မိတ်ဆွေ များကို ငြိမ်းချမ်းရာ နယ်မြေ ကနေ ရွှေစင်ဦး ပြန် ရောက်လာပါပြီ လို့ အရင်ဆုံး နှုတ်ဆက်လိုက်ပရစေ.... ဘာမှ မကြာလိုက် ပေမဲ့.. ပါရမီ မရင့်သန် သေးသူ ရွှေစင်ဦး အတွက် တော့ အကြာကြီးပါဘဲလို့...။

ရိပ်သာ ဝင်နေဆဲ ကာလများဟာ ကျနော် ထင်တာ ထက် အေးချမ်း ခဲ့ ပါတယ်... ထိုက်သင့်သလောက် လည်း အကျိုးရှိခဲ့ပါတယ်.... ဒါန နဲ့ သီလ သာ လုပ်နိုင်ခဲ့တဲ့ ကျနော့် အတွက် ဘာဝနာ နည်းနည်း ကို လုပ်နိုင်ခဲ့ပါတယ်.. အများကြီး ကျိုးစား ရအုန်းမှာပါ... တရားရိပ်သာ အကြောင်း နဲ့ ကျနော် သိနားလည် ခဲ့တာတွေ ကို နောက်တော့ ရေးပြပါမယ်.၊ အခုတော့ အကိုကြီး ကျောက် အကြောင်း ကိုရေးပါအုန်းမယ်..။

ကိုကြီးကျောက် ရဲ့ မွေးနေ့ ၂၂ ရက် ငါးလပိုင်း မှာ ကွယ်လွန်သူ ကိုကြီးကျောက် အတွက် ရည်စူးပြီး ရိပ်သာမှာ နေ့ဆွမ်း ကပ်လှူ ခဲ့ပါတယ် ..... အမေရိကန် နိုင်ငံ မှာ ဆောက်နေတဲ့ ချမ်းမြေ့ ရိပ်သာ သိမ်ကျောင်း အတွက်လည်း လှူဒါန်းခဲ့ပါတယ်..... အားလုံး သာဓု ခေါ်နိုင်အောင်ပါ...။

ကျနော် ရိပ်သာဝင်နေတဲ့ အချိန်မှာ ကိုကြီးကျောက် ရဲ့ အမကြီး  မြင်းခြံ ကနေ ဆိုင် ကို လာလည် ပါတယ်.. ကျနော် နဲ့ တွေ့ မသွားရတဲ့ အတွက် ချစ်ညီမ (စည်းစိမ်ရှင်) ကို ကိုကြီးကျောက် အကြောင်းတွေ ပြောပြ သွားပါတယ်.. ဒီနေ့ မနက်လည်း ဖုန်းဆက်ပြီး ကိုကြီးကျောက် အကြောင်းလေး တွေ ကျနော့် ကို ပြောပြပြီး ဒီအကြောင်းလေး တွေ ကို မိတ်ဆွေ တွေ သိစေချင်တဲ့ အကြောင်း နဲ့ မိသားစု အားလုံး ဟာလည်း ဆုံးရှုံးမှု့ အတွက် ကြေကွဲ မဆုံးဖြစ်ရပါတယ် ဆိုတာ ရေးပေးစေချင်တယ် လို့ ပြောတဲ့ အတွက် ကျနော် ရေးပေးပါ မယ်ဗျာ...။

ကိုကြီးကျောက် ဟာ  အခု ဘဝ မှာ ဇာတိဿရဉာဏ် လို့ ခေါ်တဲ့ မိမိဖြစ်ခဲ့ဖူးရာ ဘဝကို ပြန်လည် သိစွမ်းနိုင်သော ဉာဏ် တစ်မျိုး ကို ရသူဖြစ်ပါတယ်လို့ ပြောပါတယ်... ကိုကြီးကျောက် သိတတ်စ အရွယ်ရောက် တဲ့ အခါမှာ သူ့ ဘဝဟောင်း တွေ ကို ပြန်မှတ်မိပြီး ဘဝဟောင်း ရှိရာ အိမ်တွေ ကို လိုက်ပို့ ခိုင်းတယ် လို့ ပြောပါတယ်...။

ဘဝဟောင်း တွေ လို့ ပြောရခြင်း ဟာ နှစ်ဘဝ ပြန်လည် သတိရတဲ့ အတွက်ပါ... ပထမ ဘဝဟာ မန္တလေး မြို့မှာပါ... အဲဒီဘဝကိုလည်း အသေးစိတ်မှတ်မိပြီး အိမ်ကိုလိုက်ပို့ ခိုင်းတဲ့အတွက် လိုက်ပို့ ရတယ်လို့ ပြောပါတယ်.. ကလေး ဘဝ ၁ဝနှစ်ကျော် အရွယ်မှာ မိုးမိ လို့ ဖျားပြီး ကွယ်လွန်ခဲ့ရတယ်လို့ ပြောပါတယ်...။ ကိုကြီးကျောက် ရဲ့ အမကြီး မန္တလေး ကိုလာရခြင်းဟာလည်း အဲဒီ မန္တလေး သား ဘဝ က ကိုကြီးကျောက် ရဲ့ ညီမဖြစ်သူ အသက်၇ဝ ကျော် အရွယ် ကို ကိုကြီးကျောက် ကွယ်လွန်သွားတဲ့ သတင်း ကို လာပေးရင်း နဲ့ ကျနော့် စီကိုလည်း ဝင်လာတာ ဖြစ်ပါတယ်....။

ဒုတိယ ဘဝ ကတော့ ကျောက်မဲ မြို့ က ရှမ်းကလေး ဖြစ်ပါသတဲ့... ကျောက်မဲမြို့ က အိမ်ကို လည်း အသေးစိတ် မှတ်မိ တဲ့ အတွက် လိုက်ပို့ ရပါတယ်တဲ့... အဲဒီ ဘဝမှာလည်း ရေချိုးမှား ပြီး ဖျားလို့ ဆုံး သွားတာ ဖြစ်ပါတယ် လို့ ပြောပါတယ်.. အသက် ၁ဝ နှစ်ကျော် မှာပါဘဲ ဆုံး သွားတာပါ.....။

ရှမ်း ဘဝ ကတော့ တော်တော် နီးနီးကပ်ကပ် ဖြစ်တဲ့ အတွက် ရှမ်းမိဘ တွေ က မှတ်ပေးလိုက်တဲ့ အမှတ်ကြီး (ရှမ်းစာ နဲ့ ရေးပေးလိုက်တာ ပါ) .... ထင်ထင်ရှားရှား ပါ ပါတယ် လို့ပြောပါတယ် .. အဲဒီ အမှတ်ကြီး ပါသလို  ရှမ်းစကား တွေ ရှမ်းစာ တွေ ပါ မှတ်မိပါတယ် တဲ့.. အခုဘဝ မှာလည်း ရှမ်းအသင်းတွေ ဘာတွေ ဝင်ထားတယ် ပြောပါတယ်...။

ဒီဘဝ မှာတော့ ဖုန်းဆက်ပြီး ပြောပြသူတွေ ရဲ့ စကားအရ နေအိမ် ရေချိုးခန်းထဲမှာ ချော်လဲ ပြီး မေ့ သွားပါတယ် တဲ့..... သတိရတဲ့ အချိန်မှာ ဆေးရုံ အရေးပေါ်ကားကို ခေါ်ပြီး သူဘာသာ တက်လိုက်သွား ပါတယ် တဲ့.. အတူနေသူ တွေက ဘာဖြစ်လို့ လည်း မေးတော့ ရတယ် ဘာမှ မဖြစ်ဘူး နေခဲ့ပါ တယောက်ထဲ ဘဲ သွားမယ်ပြောပါတယ် ...  သူမိတ်ဆွေ တွေက နောက်ကနေ ကားနဲ့ လိုက်သွား ရပါတယ်...။

ဆရာဝန် ဘာပြောလည်း လို့ မိတ်ဆွေ တွေ ကို မေးတယ်တဲ့... သူမိတ်ဆွေ တွေ က မျှော်လင့်ချက်မရှိ တော့ ဘူးဆိုတာ သိနေပေမဲ့ ၂ရက် ၃ရက်လောက်တော့ ဆေးရုံတက်ရမယ် ပြောတယ် လို့ ပြောတော့ ရီ ပါသတဲ့... သူ သိနေပါတယ် .. ၂၈ ရက် တရက်လုံး မြန်မာပြည် ကိုဖုန်းခေါ်နေပါတယ်...  သူ့ အိမ်နဲ့ မိတ်ဆွေ တွေ စီ ကိုပါ... မြန်မာပြည် ဖုန်းတွေ အကြောင်း အားလုံးသိကြပါတယ်.. ဘယ်ဖုန်း မှ ခေါ်လို့ မရ ခဲ့ပါဘူး ..။

မြန်မာပြည် ဖုန်းတွေ က တော်တော် ဆိုးတာဘဲ လို့ပြောရင်း  ဘုန်းကြီး သင်္ကန်း ကပ်ချင်တယ် ပြောလို့ ဘုန်းကြီး ပင့်ပေးရပါတယ် တဲ့ ...သင်္ကန်း ကပ်လှူခွင့် ရသွားခဲ့ပါတယ်.... ၂၉ ရက် တရက်လုံး အမှတ်နဲ့ ဘဲနေပြီး စကားမပြောတော့ ပါဘူး .. တော်တော် ဆိုးလာပေမဲ့ သတိလစ် မသွားပါဘူးတဲ့... နာမည် ခေါ်သံကြားရင် မျက်လုံး ဖွင့် ပြ ပါတယ် လို့ ပြောပြပါတယ် ... ။

ကိုကြီးကျောက် ဟာ နှစ်ဘဝလုံး ငယ်ငယ်ရွယ်ရွယ် နဲ့ ဆုံးပါးသွားတဲ့ အတွက် ဒီဘဝ မှာ အဲလို မဖြစ်ရ အောင် အဖေ ဖြစ်သူ ဟာ ငယ်ကထဲ က တရား နဲ့ ထိတွေ့အောင် သင်ကြားပေးခဲ့ သလို မဆုံးခင် အထိ ဒုလ္လဘ ရဟန်း အဖြစ် ၂၇ ကြိမ်တိတိ ဝတ်ခဲ့ တယ်လို့ ပြောပါတယ်...ပျံလွန်တော် မူသွားပြီ ဖြစ်တဲ့ မြင်းခြံမြို့ က ပုဂ္ဂိုလ် ထူး အဖြစ် ကျော်ကြား တဲ့ ဆရာတော် နဲ့လည်း တပည်ရင်း ဆရာရင်း ဖြစ်ပါသတဲ့... ဆရာတော် ကို အတော်ပြုစု ခဲ့ ပါတယ် တဲ့.... အလှူအတန်း လည်း အရမ်းများပြီး အခုထိ သူလှူထား တဲ့ အသင်းအဖွဲ့ တွေ က အလှူငွေ လာရောက် ကောက်ခံနေသေးတယ် လို့ ပြောပါတယ်... ။

အမကြီး နဲ့ နှမ လုပ်သူ လည်း  ရေရှည်တော့ လှူနိုင်မယ် မထင်တော့ပါဘူး (ပြော တဲ့ စကားတွေ အရ ကျနော် ထင်တာပါ)... အမကြီး က အပျိုကြီး ဖြစ်သလို နှမ ဖြစ်သူကလည်း အပျိုကြီး အလယ်တန်းပြ ဆရာမ တယောက်သာ ဖြစ်တဲ့ အတွက်ပါ.... အကိုကြီး ရဲ့ အထောက်အပံ့ ကို မယူတာ လည်း သုံးနှစ်ကျော်ပါပြီတဲ့ ... ဒီမှာ အဆင်ပြေတယ် အကိုကြီး လှူချင်သလို လှူ လုပ်ချင်တာလုပ်ပါ ဆိုပြီး မယူခဲ့တာ ပါ လို့ ပြော ပါတယ်...။

ကိုကြီးကျောက် ဟာ ငယ်ငယ် ကထဲ က မိဘ ကို အရမ်းဂရုစိုက်ခဲ့ပါတယ် လို့ ပြောပါတယ်.. အမေ့ အဝတ်အစား ကို လျှော်ပေးတယ်.. သနပ်ခါးသွေးပေးတယ် လိမ်းပေးတယ် တဲ့.. ဒီမှာ နေစဉ် နဲ့ နိုင်ငံခြား က ပြန်လာတဲ့ အချိန်တွေ (အမေ မဆုံးခင်ထိ) အဲဒီအတိုင်း ပြုစုခဲ့ တယ်လို့ ပြောပါတယ်...။

ကိုကြီးကျောက် ဟာ အင်မတန် ဉာဏ် ကောင်းသလို ငယ်ကထဲ က ပုံလေး တွေ ဆွဲပြီး စာရေးသတဲ့.. အဲဒါလေးတွေ ကို စာအုပ်လေး တွေ အဖြစ်ချုပ်ထားပြီး ဧည့်သည်လာရင် ဖတ်ခိုင်းပါသတဲ့... အဲဒီ စာအုပ်လေး တွေ လည်း အခုထိ ရှိပါသေးတယ်တဲ့.. (ကျနော် ရရင် တင်ပေးပါမယ်) ...။

ငယ်တုန်းကလည်း အိမ်သာ ထဲမှာ စာတွေ ရေးပြီး ကပ်ထားတယ်တဲ့.. သူ ရေးတဲ့ စာတွေ ဖတ်ကောင်းလို့ ဆွေမျိုးတွေက အိမ်သာတက်ချင်ရင် စာဖတ်ရင်း တက်ဖို့ သူတို့ အိမ်က အိမ်သာ ကို လာတက်ကြ ပါသတဲ့... ၊ ဒါတွေက ..... သူ့ အမကြီး က မှတ်မိတာလေးတွေ ကို ဟိုရောက်ဒီရောက် ပြောသွားတာပါ.... ကျနော် ကလည်း မှတ်မိတာလေး တွေ ဟိုရောက်ဒီရောက် ရေးပြသွားတာပါ....  လိုတာ ပိုတာလေး တွေ ရှိရင် ကျနော့် တာဝန် သာဖြစ်ပါတယ်ဗျာ...။


သူ့အမ တွေ နှမ တွေ နဲ့ နောက်ဆုံး ဖုန်းပြောခွင့် ရတဲ့ အချိန်က လည်း ပြောသွားပါသေး တယ် တဲ့...... နိုင်ငံခြား မှာ ကျောင်းတွေ သိပ်ကောင်းတယ်... ဗိုလ်မကြီး ဗိုက် ထဲ ဝင်စားပြီး လူဖြူလေးအဖြစ် ကျောင်းတွေ တက် လိုက်အုန်းမယ် တဲ့... ။

တကယ်လို့ ကိုကြီးကျောက် တယောက် ... နောက်ဘဝမှာလည်း ဇာတိဿရဉာဏ် သာ ရခဲ့ရင် ဗိုလ်ဘလော့ဂါ ကျောက် အဖြစ် ပြန်လာနေအုန်းမယ် လို့ ထင်မိသလို မျှော်လည်း မျှော်လင့် နေပါတယ်....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

30 comments:

  1. ကိုကိုမောင်(ပန်းရနံ့)May 25, 2011 at 4:08 AM

    ဒါကြောင့် ဘကျောက်က ဒီလောက် စုံနေတာကိုး။ သူ့ရဲ့ ဘ၀က 3 IN 1 ကိုး။ အခုလောက်ဆို လူဖြူပူတူတူလေး သူများဗိုက်ထဲ ရောက်နေလောက်ပြီ။

    အမရွှေစင်လဲ တရားအရသာလေးတွေ သိလာတယ်ဆိုလို့ ၀မ်းသာဂုဏ်ယူမိပါတယ်။

    ခင်မင်လျက်

    ReplyDelete
  2. အစ်မရေ.. တရားဓမ္မရဲ့ ချမ်းမြေ့မှုတွေကို ရခဲ့တယ်ဆိုတဲ့အတွက် ၀မ်းသာပါတယ်။
    ကိုကြီးကျောက်အကြောင်းတွေ ဖတ်ရတော့ စိတ်မကောင်းဖြစ်ရသလို သူ့အလှူဒါနတွေအတွက်တော့ ၀မ်းမြောက်မိပါတယ်။
    စာရေးကောင်းသူမို့ ငယ်တုန်းက လက်ရာလေးတွေလည်း ဖတ်လို့ကောင်းမယ်ဆိုတာ သိသာပါတယ်။ ပြန်ဖတ်ခွင့်ရမယ်ဆိုရင်တော့ သိပ်ကောင်းတာပါဘဲ အစ်မရေ။ ကိုကြီးကျောက် ငြိမ်းချမ်းရာ နေရာဌာနကို ရောက်ပါစေ လို့ဆုတောင်းပေးပါတယ်

    ReplyDelete
  3. An Asian Tour OperatorMay 25, 2011 at 5:09 AM

    အစ်မရွှေစင်..တရားထူး တော်တော်ရပုံပဲ :)
    ကိုကြီးကျောက် ကထူးခြားတဲ့လူတစ်ယောက်ဆိုတာတော့ သတိထားမိတယ်။ ကောင်းရာမွန်ရာ ဘ၀သစ်တစ်ခုကို ရောက်မှာပါလေ..။

    ReplyDelete
  4.ွမမရေ ဖတ်ခွင့်ရတဲ့ အတွက် ကျေးဇူးပါလို့..
    ကောင်းသောနေ့လေး ဖြစ်ပါစေလို့
    ဆန္ဒပြုလျှက်...

    ReplyDelete
  5. ကိုကြီးကျောက်အကြောင်းသိခွင့်ရတာ...ကျေးဇူးအစ်မရေ။
    ကိုကြီးကျောက်က အတော်ထူးခြားတယ်ပြောရမယ်နော်...။

    ReplyDelete
  6. You are welcome ဗိုလ်ကျောက်ရေ တစ်နည်းနည်းနဲ့ပြန်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဗျာ .........

    ReplyDelete
  7. ပြန်လာရင်တော့ ပျော်စရာဘဲ။
    မျှော်လင့်လျှက်
    လရိပ်အိမ်

    ReplyDelete
  8. ဘယ်လိုကြီး ခံစားရ မှန်းလည်း မသိဘူး..မရွှေစင်း(

    ReplyDelete
  9. ကိုကြီးကျောက်က ဒီလို အဖြစ်တွေ ရှိခဲ့တာကိုး။ ဒါကြောင့်လည်း တစ်ခါတစ်ခါ သူပြောပြတာတွေ ဆန်းနေသလို ထင်နေတာ။ ဘုရား တရားဖက်လို့လည်း ဒီလောက် အသက်ရှည်ရှည် ထပ်နေနိုင်တာ ထင်ပါတယ်။ ငယ်ငယ်ကတည်းက ဘာသာတရား နဲ့ ထိတွေ့နေတဲ့ လူ ဆိုတော့ ကိုကြီးကျောက် ပြောသလို ဖြစ်ချင်လည်း ဖြစ်နိုင်ခွင့် ရှိဦးမှာပါ။

    အစ်မရဲ့ တရား သဘော အသိ အမြင်လေးတွေလည်း လုပ်ပါဦး။

    ReplyDelete
  10. အမဇင်ရေ ပြုသမျှ ကုသိုလ်အားလုံးအတွက် သာဓု သာဓု သာဓုပါ အမ...။ ကိုကြီးကျောက် အကြောင်းတွေ သိရတာ စိတ်ထဲ တမျိုးကြီးပါပဲ။ ဝမ်းနည်း ဝမ်းသာကြီး....။ သူ အခု ဘယ်များ ရောက်နေပါလိမ့်နော်...။ သိရသလောက် တင်ပေးပါဦးအမဇင်ရေ.....

    ReplyDelete
  11. မမ.. ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ဗိုလ်ဘလော့ဂါ ကျောက် အဖြစ် ပြန်လာမယ်ဆိုရင် သိပ်ကောင်းမှာပါပဲ..

    ReplyDelete
  12. ကိုအောင်(ပျူနိုင်ငံ)May 25, 2011 at 7:47 AM

    ရေးပေးတာ ကျေးဇူး အမ၊ အမပြောတဲ့
    ဇာတိဿရဥာဏ်ဆိုတာမျိုးနဲ့ ပက်သက်ပြီး
    သိသလောက် ရေးကြည့်အုံးမယ်၊ ကိုကြီးကျောက်အတွက် ဆုတောင်းပါတယ် အမရေ ...

    ReplyDelete
  13. ဆရာမရေ... ဆရာမ ပြုလုပ်ခဲ့သော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေရော ကိုကြီးကျောက်အတွက် ရည်စူးပြီး လှူဒါန်းခဲ့သော ကုသိုလ်အားလုံးအတွက် ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်သွားပါတယ်ဗျာ။ ကိုကြီးကျောက် ရဲ့ အရင်ဘဝနဲ့အခုဘဝတွေ အကြောင်းကို ဖတ်လိုက်ရလို့လည်း စိတ်ထဲ တစ်မျိုးကြီး ခံစားရပါတယ်။ ကိုကြီးကျောက်လည်း နောင်ဘဝမှာ အကောင်းဆုံးဘုံဌာန မြင့်မြတ်ဆုံးနေရာ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    ဗိုလ် ဘလော့ဂါလေး ဖြစ်နေမယ်ဆိုရင်တော့ သူ့ရဲ့ဘလော့လိပ်စာလေး ပေးအုံးနော် စာတွေ သွားဖတ်ချင်လို့ပါ။

    ReplyDelete
  14. အင်း..
    ဖြစ်နိုင်တယ်၊ ကျွန်တော်လက်ခံပါတယ်။
    ဒါကြောင့် သူ ပျော်ပျော်ပဲ ရင်ဆိုင်သွား
    တာကိုး..။ မမရွှေင်ပြောမှပဲ အသစ် ပြန်ဖြစ်
    ရပြန်တယ်။ သူ့  အိမ်ရောက်တော့ လည်း
    ဟာတာတာပါပဲဗျာ...။
    မမရွှေစင် တစ်ခုခု တော့  ရခဲ့ မှာပါ။
    နောက်ထပ်မသွားချင်တလား..။
    ကြုံတိုင်း သွားချင်နေသေးတာလား...။

    ReplyDelete
  15. ကိုကြီးကျောက် သတင်းလေး သိရတော့ အလွမ်းပြေမိသလို ပိုလည်း သတိရမိတာပါပဲ။ အလှူအတန်းတွေနဲ့ မွေ့လျော်ခဲ့သလို နောက်ဆုံးချိန်ထိ သင်္ကန်းကပ်လှူသွားတဲ့ အကျိုးကြောင့် ကောင်းသော ဘုံဘဝကို ရောက်မှာပါ။
    အစ်မရွှေစင်လည်း တရားဓမ္မအေးရိပ်မှာ ခိုလှုံခဲ့ရတာ သိပ်ကောင်းတဲ့ လုပ်ဆောင်မှု တစ်ခုပါပဲ။ အားကျမိပါတယ်။

    ReplyDelete
  16. ဘိုဘလော့ဂါကျောက် ဖြစ်လာရင် မြန်မာစာ မြန်မာစကားတွေကို မှတ်မိနေလေဦးမလား...

    အမရွှေစင်ရေ တရားအသိနဲ့နေခဲ့တဲ့ အချိန်တွေအတွက် အားကျ လေးစားမိပါတယ်။

    ReplyDelete
  17. အဖြူရောင်နတ်သမီးMay 25, 2011 at 10:19 AM

    ဘာလိုလိုနဲ့ ဘကျောက်ကွယ်လွန်သွားတာ (၁)လတောင်ပြည့်တော့မယ်နော်..
    ဘကျောက်တစ်ယောက် ကောင်းရာဘုံကိုရောက်ရှိပါစေ...။
    ဘကျောက်ရဲ့အကြောင်းလေးကိုဖတ်ပြီး ပိုသတိရသွားတယ် မကြီးရေ...။

    ReplyDelete
  18. ဟား...ဒီလိုဆိုရင် ကိုကြီးကျောက်သေးသေးလေး ဘလော့နိုင်ငံပြန်ရောက်လာဦးမှာပေါ့...ညီလေးကျောက်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုရမယ်ဗျာ...အင်း အဲဒီအခါရောက်ရင်တော့ ကိုယ်တို့က ဘဘတွေ ဖြစ်ကုန်ရောပေါ့လေ...

    ReplyDelete
  19. အစ်မ ရွှေစင်ရေးသလို သူ့ပေါင်မှာ တော်ရုံဘယ်လိုလူမှာမှ မရှိတဲ့ စာလိုလို အမွှေးတွေနဲ့အမှတ်အကြီးကြီးရှိတယ်။
    ငယ်ငယ်ကတည်းက ရှက်လို့ဘယ်သူ့မှ သိပ်ပြတာမဟုတ်ဘူး
    ကျွန်တော်အရင်နှစ် သူ့မွေးနေ့က သူ့အတွက် မွေးနေ့လက်ဆောင်ဆိုပြီ www.mgnaipe.com လေး ဝယ်ပေးထားပါတယ်။
    အဲဒီဒိုမိန်းကို ဘလော့နဲ့ချိတ်ပြီး သုံးပါလို့ ၂ ခါတိတိကျွန်တော်တိုက်တွန်းလို့ လုပ်ပါတယ်။
    သိတဲ့အတိုင်း ဒိုမိန်းနဲ့ဘလော့ချိတ်ရင် တခါတလေ ၁ ရက် ၂ ရက်စောင့်ရတာ မစောင့်နိုင်ဘူးဗျာ
    ဘာပြောတယ်ထင်လဲ ငါ့ဘလော့ကာသူငယ်ချင်းတွေ ငါ့ပို့စ်အသစ်တွေဖတ်မရတော့ဘူး ငါ့ဘလော့ဝင်မရတော့ဘူး အီးမေးတွေပို့နေတယ်ကွ ဆိုပြီး သူဆုံးသွားတဲ့တိုင် ဒီဒိုမိန်းကို သုံးမသွားရှာဘူး။အဲလောက်ထိ ဘလော့ကသူငယ်ချင်းတွေကို သံယောဇဉ်ကြီးတာ။ ကျွန်တော့်မှာ သူဘန်ကောက်နေသွားစဉ် ( ၉၀ ပြည့်လွန်နှစ်တွေက ) သူ့ဓာတ်ပုံအဟောင်းတွေရှိပါတယ်။ ကျွန်တော်အားမှ scan ဆွဲပြီး အမှတ်တရ ကျွန်တော့်ဘလော့မှာဖြစ်ဖြစ် တင်ပေးပါ့မယ်။

    ReplyDelete
  20. အဲဒီအချိန်ကျရင်တော့ ဘကျောက်က ကျွန်တော့ကို ဘခနွဲ လို့များ ခေါ်မလား မသိ။ ဘကျောက် ကျွန်တော့ကို တစ်ခါပြောဖူးတယ်။ ဟိုးငယ်ငယ်လေးကတည်းက မိတ်ဆွေတွေက အစ မှတ်မိတယ်တဲ့။ အခုမှ သိရတာက အရင်ဘ၀တွေပါ မှတ်မိနေတာကိုး။ ဘကျောက်ကို လွမ်းမိသဗျာ။

    ReplyDelete
  21. အမရွှေစင်..
    အေးချမ်းမှုတွေရခဲ့တယ်လို့သိရတဲ့အတွက် ပီတိဖြစ်ရပါတယ်..
    ကိုကြီကျောက်အကြောင်းဖတ်ရတဲ့အတွက်..နဲနဲတော့အလွမ်းပြေသလိုလိုပါပဲ...
    သူ့သတင်းလေးတွေကြားရရင်..တင်ပေးပါအုံး...အလွမ်းပြေပေါ့အမရာ...

    ReplyDelete
  22. နောင်ဘဝမှာ မြန်မလိုပြောတတ်ရေးတတ်ရင်ကောင်းမယ်ဗျာ...။ အကုန်ဖတ်လို့ ရအောင်။

    ReplyDelete
  23. THADU,THADU,THADU.......little sis Shwezin and Sa Sa.
    I noticed Ko Gyi Kyauk's strange and well noted memory when he asked me any of my sons have curly hair like their dad(his old pal not seeing over 30 years).We won't forget him :(
    He tried and promised to visit us.But......:(:(
    Gyidaw

    ReplyDelete
  24. စော(အဝါရောင်မြေ)May 26, 2011 at 3:30 AM

    နောက် ဘဝမှ ဗိုလ်အိမ်မှာ ဝင်းစားတာတော့ ဟုပ်ပါပြီ။ ဗုဓ္ဒဘာသာအိမ် မဟုပ်ရင် သူ့ ကို အသက်ရှည်အောင် ဘယ်သူက သင်ကန်းစည်းပေးမလဲနော်။

    ReplyDelete
  25. အင်္ဂါဟူးMay 26, 2011 at 3:39 AM

    အော....ဘကျောက်ရဲ့ ဘ၀က ဒီလိုကိုး..

    အခုတော့သူဖြစ်ချင်တဲ့ ဘ၀မျိုးဖြစ်ပါစေလို့ ဆန္ဒပြုပါသည်။

    အစ်မရွှေစင်လဲ တရားရပ်သာက ပြန်လာပြီပဲ။

    သာဓု သာဓု သာဓု

    ReplyDelete
  26. ကိုကျောက် ရဲ့ အကြောင်းတွေ ဖတ်ရတာ ကျေးဇူးပါ ..

    ReplyDelete
  27. မဗေဒါ (၈၈)May 27, 2011 at 2:33 AM

    မရွေစင် ကြီးးးးးးးးးးးး..

    ဘကျောက်... နော်ဝေးမှာ ရောက်နေပြီ... ကုလားလို ပြန်ပြောပြနေဒယ်.... `` မိရွေစင် ကိုကြီးအကြောင်း ရေးနေပြီတဲ့ ``.... ။ သာဓု ပါတဲ့..။

    အော် မိဘ အပေါ်လည်း သိတက်ခဲ့သူ
    အလှူတန်းတွေလဲ အများကြီး လုပ်ခဲ့သူ
    လူတွေကို ပျော်တက်အောင် ပြောတက်ခဲ့သူ
    ရှေးဘဝတွေနဲ့ နီးစပ်ခဲ့သူ
    ရောက်လေရာမှာ ပျော်တက်ခဲ့သူ....... ကိုကြီးကျောက် တကယ်တော့ ပျောက်သေးဖူးပဲ..။ ပြန်ပေါ်လာတော့မယ် .............။

    အမရဲ့ ကုသိုလ်တွေကိုလည်း သာဓုခေါ်ပါတယ် အမ..အားလည်း ကျလေသတည်းးးးးးးးးးးးးးးး... ။

    ခင်မင်မှုများစွာဖြင့်
    မဗေဒါ (၈၈)

    ReplyDelete
  28. သစ္စာလေးပါးတရားတော်ကို ကျင့်ကြံနေသူ ကိုကြီးကျောက်တစ်ယောက်
    ကောင်းရာမွန်ရာကို ရောက်ရှိပြီး နောက်ဘဝမှာ ဒီသံသရာကလွတ်မြောက်နိုင်သူဖြစ်ပါစေ။

    ReplyDelete
  29. ထူးသလောက် ဆန်းပေတဲ့ ဘကျောက် ပါပဲ ... ရှေ့  ၂ ဘဝ က ၁၀ နှစ်သား ၊ ခုဘဝ ၅၀ ကျော်သွားတော့ နောင် ဘိုဘိုကျောက် ဖြစ်ရင် သက် ရာကျော်ရှည် ဘိုးဘိုး ဘိုကျောက် ပေါ့..

    မရွှေစင် လည်း ကုသိုလ်ထူးလို့  ထူး တဲ့ သူတွေ နဲ့ မိတ်ဆွေဖြစ်ရတာ နော်..နောင်ထူးတာလေးတွေ ရေးပေးပါအုံး ၊

    တရားရိပ် ရဲ့  အေးချမ်းမှု လေး တွေအကြောင်း လည်း သိချင်ပါသေးတယ် ...
    ခင်မင်စွာဖြင့်
    ကိကိ ။

    ReplyDelete
  30. မမရွှေစင် ရိပ်သာဝင်တာ သိရလို့ သာဓု သာဓု သာဓုပါ။ မမရွှေစင်ရဲ့ ကောင်းမှုကုသိုယ်တွေအတွက် သာဓုခေါ်ရသလို ဘကျောက်အကြောင်းသိရတာလည်း ၀မ်းသာ ၀မ်းနည်းကြီး။ လူဝင်စားလေးပြန်ဖြစ်ရင် ကောင်းမယ်နော်....။

    ချစ်ညီမလေး

    ReplyDelete

thank you to say so