မန္တလေးသား တွေက အစုံ စားတယ်.. အခုလို မိုးတွင်းဆို ဖားသားတွေ ပေါပြီ... ကျနော်တို့ အိမ်နား က မင်္ဂလာ ဈေးထဲမှာ တောတန်း လေး ဆိုတာ သီးသန့်ရှိတယ် အရင် တုန်းက ပါ.. ဈေးသစ် မဆောက်ခင် ကပေါ့... အဲဒီ ဈေးတန်းထဲမှာ တောစာ လေးတွေ ရတယ် .. လယ်ပုဇွန်လုံး လတ်လတ် လေးတွေ တချို့ဆို တွားတောင် သွားနေသေးတယ်... နောက်တခါ ... စားဖားတွေ ... ငါးရံလုံးလေးတွေ ... လယ်ငါးခူပေါက် လေး တွေ .... ကန်စွန်းရွက် နဲ့ ချဉ်ရေ ကြိုရင်ကြို ဒါမှ မဟုတ် အကောင်လိုက် ကျွပ်နေအောင်ကြော် ကောင်းမှ ကောင်း....။
နောက် အသီး အနှံ လေးတွေ ကလည်း ဆန်းဆန်းပြားပြား ...... မိုးဦးကျ မှ ပေါ်လာတဲ့ ပေါ်ဦးပေါ်ဖျား မှို နဲ့ အင်ဥလေး တွေလည်း တွေ့ရတယ်.. လယ်ကန်စွန်း သင်ပြီးသားလေးတွေ .. ဇရစ်ရိုး ..ဂုံမင်း .. မျှစ်.. ဋကောက်.. မကျီးသီးစိမ်းနုနုလေး တွေ နဲ့ တခြား အရွက် တွေ အသီးတွေ လည်း တွေ့ပါ.. အင်း ဒါမျိုးကြ ရွှေစင်ဦး ကသိပ်မကျွမ်းဘူး....။
သြ ... ကျနော် က ဖားတို့ ဘာတို့ တော့ မစားရဲဘူး မောင်လေး တွေ နဲ့ မေမေ စားတယ်... ဒါပေမဲ့ မေမေ လက်ရာ ဖားကျွပ်ကျွပ် ကြော် လေးတွေ ဆိုရင်တော့ နဲနဲ ပါးပါး စားပါတယ်...၊ တနေ့ ကတောင် အိမ်ရောက်သွားလို့ မေမေ က ဖားသားချက် အကြောင်းပြောလိုက်သေးတယ်... ဖားသားဆူဆူ တွေ ကို ကလီစာ တွေ ထုတ်ပြီး အရေ မစုတ် ပဲ နဲ့ ဆီပြန်ငရုပ်သီးစပ်စပ်ချက်... ချခါ နီးတော့ မန်ကျီးရွက် နုနု ကလေး အုပ်လိုက် ရင် စားလို့ သိပ်ကောင်း တယ် ပြောလို့ တံထွေးတောင် မျိုချရသေး.... ။
ကျနော် တို့ အိမ်က မန်ကျီးပင် သက်ကြီးပု လေးတွေ က အမြဲတန်း မန်ကျီးရွက်နု ရတယ်.... အခုတော့ အဲဒီ အပင်ပုလေးတွေ မရှိတော့ပါဘူးဗျာ.. ခုတ်တဲ့ထဲ ပါသွားပါပြီ..... အပင်တွေ အတွက် နေရာ မပေးနိုင် လောက် အောင် ကို မြေနေရာတွေက ရှားပါး လာတော့ အပင်တွေ လည်း ဘဝပြောင်း ကုန်ကြ ရော.... ။
ကျနော် တို့ အိမ်က မန်ကျီးပင် သက်ကြီးပု လေးတွေ က အမြဲတန်း မန်ကျီးရွက်နု ရတယ်.... အခုတော့ အဲဒီ အပင်ပုလေးတွေ မရှိတော့ပါဘူးဗျာ.. ခုတ်တဲ့ထဲ ပါသွားပါပြီ..... အပင်တွေ အတွက် နေရာ မပေးနိုင် လောက် အောင် ကို မြေနေရာတွေက ရှားပါး လာတော့ အပင်တွေ လည်း ဘဝပြောင်း ကုန်ကြ ရော.... ။
နောက်တခါ ငှက်သား .. ငုံး .. ဂျိုး .. ဇရက်... စာကလေး တို့ များဆို ပေါမှပေါ...  စာကလေး များဆို အကုန် အမွှေးနှုတ်ပြီး ဒုတ်တံလေး နဲ့ ၁ဝကောင် တချောင်း ထိုးထားတာ .. အဲဒါလေးတွေ ကျွပ်ကျွပ်ကြော်ပြီး ဂျင်း ကြက်သွန်ဖြူ လေး အုပ်လိုက်ရင် မွှေးနေတာဘဲ.... အဲဒါကြောင့် လည်း ဒေါ်ပတ္တမြားခင် ရေးတဲ့ ဆောင်းပါးထဲ မှာ မန္တလေး က အစားအစာ တွေ အကြောင်းပြောတဲ့ အထဲမှာ ဒီငှက်ကလေး တွေ ကို စားတယ် ပြောတော့ နိုင်ငံခြားသား တွေက မင်းတို့ တတွေက ဒီလောက် ချစ်စရာကောင်း တဲ့  အပြစ်ကင်း တဲ့  ငှက်ကလေး တွေ ကို စားရသလား လို့မေးတယ် တဲ့ ... ။
အင်း အခုလည်း မင်းတို့ မန္တလေး သူတွေ ဒီလောက် အစားကြမ်းကြ သလား မေးနေကြ အုန်းမယ် .. စားကြ တာပါဘဲ ... ဆောင်းတွင်း များဆို ရင် ပုရစ်ကြော် များဆို စားလို့ ကို မဝဘူး... ဓလေ့ပေါ့လေ .. အားလုံး စားကြတာကိုး ပုရစ်ပေါ်ချိန်များဆို ၇၃လမ်း တလျှောက် ပုရစ် ကြော်နံ တွေ ကိုမွှေးလို့... ဆိုက်ကားဆရာ ကလည်း ဆိုက်ကား ရပ်ဝယ်သလို... ကားပေါ်က လည်း ဆင်းဝယ်တာဘဲ.. ဟော ဆိုင်ကယ် နဲ့ သမီး ရီးစား စုံတွဲ တွေကရော မဝယ်ဘဲ မနေကြပေါင်ဗျာ.... တမြို့လုံး ကြိုက်ကြတယ်...။
ကျနော်များဆိုရင် ပုရစ် ဆို ဥလေး တွေနဲ့ အမ မှကြိုက်တာ... နောက် တော့ ဒဂုန်ခင်ခင်လေး ဖတ်ရင်း နဲ့ ရှေး က ဘုရင်တွေ လက်ထက်မှာ ပုရစ်ဥပြောင်းကြော် ဆိုတာ ရှိတယ်တဲ့ နန်းတွင်း ထဲမှာ စားတာပေါ့လေ... ပုရစ်မှာ အထီး နဲ့ အမ ရှိတယ်... အထီးက အကောင်ပိုကြီးတယ် .. ဖမ်း မိတဲ့ အခါ အဂါၤစုံတယ်... အမ က အကောင် သေးတယ် ဖမ်းမိတဲ့ အခါ..  အင်္ဂါမစုံတာများတယ်... ဒါပေမဲ့ ဥ တွေက အပြည့် အဲဒီ ဥလေး တွေက စားကောင်းတာ... အကောင်လည်း လှ စားလည်း ကောင်းအောင်... အမထဲက ဥ ကို အထီး ထဲ ပြောင်းထဲ့ ပြီး ဂျင်း ကြက်သွန်ဖြူ နဲ့ ကြော်တာပေါ့ လေ .. အဲဒါကို ဥပြောင်းကြော် တဲ့.. အင်း ဒို့မြန်မာ တွေလည်း ကိုရီးယား ကားတွေ ထဲက စားတော်ကဲ တွေ နဲ့ ယှဉ် နိုင်သားဟလို့ တွေးမိပါရဲ့...။
ဘာရေးရမှန်း မသိလို့... ဟိုရောက်.. ဒီရောက် ရေးလိုက်တာပါ... အညာဟင်း လေးတွေ ချက်ဘို့ရာ က လည်း ရွှေစင်ဦး က ပျင်းပျင်း နဲ့ ..... အင်း....  စောင့်စားတဲ့သူတွေ တော့ သနားပါ့ဗျာ...။
သြ.. ဒါနဲ့ အပေါ်က ဟာ အမြီး လုပ်မလို့လားလို့ အထင်မလွဲလိုက်နဲ့အုန်း... ရွှေစင်ဦး လေး မှာ ပျင်းဖို့ အချိန် မရှိအောင် ကို အလုပ်ရှုတ်နေပါသေးတယ် ...နောက်မှ နောက်မှ အတိုးနဲ့....... အခုတော့ ညီမ ချော ရဲ့ ရေနွေးကြမ်း .... လသာညရဲ့ ကော်ဖီ ...... ဝေဖန်ရေး သမားတွေ အရက် နဲ့  စိမ်သောက်ဖို့  ရယ် (ဂျူး လိုများ နာမည်ကြီး မလား လို့)  ရှိတာလေး... ကောက်ထည့် ပေးလိုက်ပါတယ်....။
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
ငှက်ပုံလေး၊ပုဇွန်ပုံလေးတွေကို ဂူးဂဲလ် ကယူတယ်... ကျန်တာတော့ ရွှေစင်ဦး လက်ရာပုံလေးတွေပါ..
.
ဆရာမရေ ကျွန်တော်ကတော့ ဆရာမချက်သမျှဟင်းဆို ကြိုက်ပြီးသားပဲ အဟဲ ဖားလည်းကြိုက်တယ် ငှက်လည်းကြိုက်တယ် ပုရစ် ဆိုတာတော့ ပြောမနေနဲ့တော့ဗျာ လေးဗူးလောက်ကို တစ်ထိုင်တည်း စားပစ်တာ အဲဂလို ပြောရင်းနဲ့တောင် ရှလွတ်......
ReplyDeleteကျွန်တော်တို့မှာ မိဝေးဖဝေးဆိုတော့ အမေ့ဟင်းကိုသတိရတိုင်း ဆရာမဟင်းကိုချည်းလာလာ မြည်းနေရတာ ဘယ်တော့များဟင်းအသစ်တင်မလည်းလို့ ဆရာမက အနုပညာလည်းဆန်တယ်နော် ဟင်းလေးတွေကို ဟိုတယ်လို လှအောင်လည်းဆင်တတ်တယ် ကျွန်တော်က ဟင်းဆိုလှလှလေးနဲ့ ကောင်းကောင်းလေးမှကြိုက် တာ အဟီး သိပ်မအရှာဘူးနော်...
ဗိုက်ဝသွားပြီ ကျေးဂျူးကမ္ဘာဆိုင် ဆရာမရေ
ခင်မင်လျှက်
ကိုကိုးအိမ်
မန္တလေး ကတော့  အမြဲ ပူ တတ်ပေမဲ့ 
ReplyDeleteအစားအသောက် တို့ က တကယ်ကောင်းပါဗျာ..။
အခု တင်ထားတဲ့  အစားအသောက် တွေကို
မြင်ရပြီး ကျွဲဆည်ကန် ထိပ် က ကျွန်းစားပွဲ ကြီးနဲ့ 
လ္ဘက်ရည်ဆိုင်က အဲ့ ဒီလို အကျော်အလှော် တွေ ကို
သွားသတိရမိတယ်၊ မန္တလေး မှာက လဘက်ရည် ဆိုင်
ဆိုရင် ပါချီပါချက် မဟုတ်တော့ ဘူး ၊
ရှယ်တွေပါပဲ။ ဖြစ်သလို ဖွင့် တဲ့  ဆိုင် မရှိ သလောက်ပါ။
တောစာတွေကို စားရတာ နည်းနည်းတော့ အူယားတယ်ဗျာ..း)).. နို့ပေမယ့် ဖားသားတော့ ကြိုက်တယ်.. ချက်စားစား..ကြော်စားစားပေါ့....း))) ဒါနဲ့ အပေါ်က ပထမဆုံးပုံက စာကလေးတွေက ဘာလုပ်ဖို့???... :D
ReplyDeleteခင်မင်တဲ့
နေ၀သန်
ပုရစ်ကြော်တို့ ဖားကြော်တို့က တစ်မျိုးတစ်မည်စိတ်ဝင်စားစရာလေးတွေဘဲ။ အကြိုက်ကြီးမဟုတ်ပေမဲ့ နဲနဲတော့ မြီးစမ်းကြည့်ချင်သေးတယ်။
ReplyDeleteအမရွှေစင်လက်ရာဆိုရင်တော့ ကောင်းပြီးသားဖြစ်မှာပါ။
ဆရာမရေ.. ဟင်းပွဲလေးတွေရော ပုဇစ်ကြော်လေးတွေရော မြီးဖို့ မသွားတယ်နော်.... သိပ်မများပါဘူး.. တစ်ဝိုင်းစာလောက်ပါ... ဆရာမလည်း အလုပ်တွေရှုပ်နေလို့ အမောပြေလေး တစ်ဝိုင်းလောက် ဝိုင်းလိုက်ပါလားဟင်.....
ReplyDeleteလက်ဖက်ရည်ဝိုင်းအတွက် အမြီးပြောတာနော်..
:):)
ကိုနေဝသန်
ReplyDeleteအင်း ငှက်ကလေး တွေ ထဲ့ထားတာက အဲလို လှပတဲ့ အပြစ်မရှိတဲ့ ငှက်ကလေး တွေလည်း စားတာဘဲ ဆိုတာ ပြထားတာပါဗျ... ဟားဟား
ရွှေစင်ဦး
ဖတ်ရင်းနဲ့ စားချင်လာပြီး ပုရစ် ဆိုရင် ခြေထောက်ပေါင်မှကြိုက်တယ်၊
ReplyDeleteဖားကျွပ်ကျွပ် ကြော် ကတစ်ခါနှစ်ခါစားဘူးတာ စားလို့ကောင်းပါတယ်
အညာက အမကြီး နော်..
ReplyDeleteလူကို ဟိုဟာတွေ ပြ ဒီဟာတွေပြနဲ့.. မကြိုက်ဘူး..။ တကယ်လဲ.. သူများ မစားရပါပဲနဲ့.. ချိတ်ချိုးတွားဒဒဒဒဒဒဒဒဒယ်...။
မဗေဒါ (၈၈)
အစ်မရွှေစင် စာကလေးကြော်က စားချင်စရာလေး..
ReplyDeleteညီမမြင်ဖူးတဲ့ စာကလေးကြော်ကျတော့ ခေါင်းတုံးပြောင်နဲ့ လည်တိုင်ရှည်ပါ ထည့်သီထားတော့ (ငှက်ကလေးတွေကို သနားလို့မဟုတ်ပဲ) မစားရဲတော့ ခုထိစာကလေးကြော်မစားဖူးသေးဘူး
sdl
မကြီးရွှေစင်ရေ့......
ReplyDeleteစားစရာလေးတွေငေးသွားတယ်....။
စာလေးဖတ်ရင်း.....ပြုံးနေမိတယ်....။
တံတွေးဘယ်နှစ်ခါမျိုချသလဲလာမမေးနဲ့......။
သတ်ချင်သတ်ပစ်လိုက်......မပြောပေါင်ဗျာ......း)))
ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို
အင်း..အစ်မစာလေး ဖတ်ရတော့ အိမ်နားက တောတန်းလေးဈေးကို သွားသတိရမိတယ်..။
ReplyDeleteဟုတ်တယ်..အဲလိုဈေးတန်းမျိုးတွေမှာမှ တောစာ လေးတွေ
အစုံရတတ်တာကလား..။တောဝက်သား၊ယုန်သား၊ချေ
သား၊တစ်ခါတစ်လေ တိုးတိုးသားတောင်ပါသေး...။
ခုလိုမိုးတွင်းဆို အစ်မပြောသလို စားဖားတွေ ရပြီပေါ့။
ပြောရင်းနဲ့တောင် စားချင်လာပြီခင်ဗျ..။
မရွှေစင်ရေ
ReplyDeleteကျမလည်းအညာသူဆိုတော့အညာဟင်းတွေကိုလွမ်းတိုင်း
အမဆီလာပြီးမွှေနှောက်ရှာဖွေအလွမ်းဖြေရတယ်။
ဖြစ်နိုင်ရင်အညာစာဟင်းလေးတွေမကြာမကြာတင်ပေးစေ
ချင်ပါတယ်။အမြဲရောက်နေပေမဲ့ခုမှရေးဖြစ်တာ။
အညာကိုလည်းလွမ်း၊အညာစာတွေကိုလည်းလွမ်းနေတယ်။
ငွေစန္ဒာ
ဂလု.. တံတွေးတွေ ခဏခဏ မျိုချနေရတယ်..။
ReplyDeleteမန်ကျည်းရွက်ချဉ်ရည်ဆိုတုန်းက တခါ..
ဖားကြော်ကြွပ်ကြွပ်လေးလေးဆိုတာနဲ့ ဂျင်းကြက်သွန်ဖြူနဲ့ ငရုပ်သီးစပ်စပ် ဆီပြန်ချက်ပြီးဆိုပြီး တွေးရင်တခါ..
ပရစ်ကြော်ဆိုတဲ့ အသံကြားတော့ စားဖူးချင်တယ်(ပရစ်ကြော်တော့ မစားဖူးဘူး ပါးစပ်ထဲရောက်မှ ကိုယ့်လျှာကို သူကိုက်နေမှာ ကြောက်နေသလိုလိုမို့ပါ။
စာကလေးကြော်ကို အကောင်လိုက် မဟုတ်ပဲ နှုတ်နှုတ်ဆင်းကြော်ထားတာဆိုရင် ကော်ဖီလေးနဲ့ မြည်းလိုက်ရလို့ကတော့ သိပ်ကောင်းမယ်လို့ တွေးနေချိန် တံတွေးက ၂ခါလောက်တောင် မျိုချမိနေတာ..း)))
မမရွှေစင်....စာကလေးတွေကြည့်ပြီးအူယားလိုက်တာ။
ReplyDeleteစားစရာတွေအကြောင်းဖတ်ပြီး ဈာန်ဝင်သွားတာ အနံ့က ဒီအထိတောင်လာမွှေးနေသလိုပဲ....း))
ခဏခဏကြော်ကျွေးနိုင်ပါစေတော်။
ချစ်ညီမလေး
တောင်တောရယ်သာ မာလာက ငုံဖူး
ReplyDeleteတစ်နှစ်ကို တစ်ခါငတ်တယ် နောက်တခါ မလာဘူး....
အပြောလေးနဲ့ နှိပ်စက်တာပါ ဓါတ်ပုံလေးနဲ့ နှိပ်စက်တာပါ မရေးပါနဲ့လို့တော့ မပြောလိုပါ
များများဖတ်ရင် အလွမ်းရယ်ပြေနိုး ကြည့်ကာမှ ပိုလို့ဆိုး....
အမကြီးရွှေစင် အဝေးရောက်သော သူတွေကို စိတ်ညစ်အောင်မလုပ်နဲ့လေ ခဏနေကြရင် ပရော်ကျစ်ပုံလေးတွေပါ တင်ပြအုံးတော့မှာပေါ့
ချစ်ညီမ
မစားရဲဘူးးးးး
ReplyDeleteဒီနေ့ဟင်းတွေ စားရဲဘူး..ကြောက်တယ်..
ငိုပီးပြန်သွားတယ်..ဟင်းမကောင်းလို့
မြတ်နိုး
ရေနွေးကြမ်း တည်နေလို့ နောက်ကျသွားတယ် အစ်မရေ.. ညီမတို့နယ်မှာလည်း အစုံစားတယ်..
ReplyDeleteမြွေသား၊ တောဝက်သားတို့ကအစ
ဆတ်သား၊ ဖြူသား၊ ဂျီသား အိုး အစုံဘဲအစ်မရေ..
တောတောင်နဲ့နီးတော့ တောကောင်တွေလဲ အစုံပါဘဲ... အစ်မရေးထားတာတွေက တကယ်မမြင်ရဘဲနဲ့ သွားရေကျအောင်ရေးတတ်တယ်..
ငယ်ငယ်ကတော့ ဖား၊ပုရစ် အစုံစားတယ်.. ခုတော့ မစားရတာကြာတော့ မေ့တေ့တေ့ဖြစ်သွားတယ်..
အဲ...ဒီမှာတော့ ဘာပေါလဲဆိုတော့ ခရုလေ... သိပ်ပေါတာဘဲ... လိပ်ရယ်.. အဲဒါတော့ မစားရဲဘူး... မရွှေစင်တို့ လာလည်မယ်ဆို ခေါ်သွားပြီး ကျွေးဦးမှား)
သတိအရဆုံးက စာကလေးကြော်တွေပါပဲ မရွှေစင်ရေ...ပုံလေးတွေပဲမြင်ရတော့ စားချင်လိုက်တာအရမ်းပဲ..ဒီတခါရောက်ရင်စားဖြစ်အောင်ကိုရှာစားဦးမယ်..အရိုးတွေပါကြွပ်ကြွပ်ဝါးစားတဲ့ထိကို ကြိုက်တယ်.. ဖားဆိုရင်တော့ အကောင်မမြင်ရပဲဂျင်းများများနဲ့အကြွပ်ကြော်ထားတာမျိုးဆိုရင်ကြိုက်တယ်..ပြီးတော့မန်ကျည်းရွက်နုလေးတွေနဲ့ဗမာဘရာကြော်နဲ့(မတ်ပဲကြော်)ရောသုပ်ထားတာမျိုး...
ReplyDeleteစူးနွယ်လေး
မြင်သာမြင်ရ...မကြင်ရဆိုတာ
ReplyDeleteဒါမျိုးနေမယ်....သူများတွေကို
တံတွေးမျိုမျိုချရအောင်လုပ်နေတယ်။း)း)
ပုရစ်ကြော်တော့မစားဖူးဝူး....။
ဖားကြော်တော့..သတိရတယ်..မိုတွင်းရောက်ပြီ
ဆိုတော့..မျှစ်တွေ၊မှိုတွေ၊မန်ကျည်းရွက်နုတွေ။
ချဉ်ပေါင်ရွက်နုတွေ....မန်ကျည်းသီးနုတွေ
အစုံပါပဲ။..မစားရတာကြာပေါ့..။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
ပုံတွေကြည့်ပြီးဗိုက်ဆာလာပြီ..
ReplyDeleteစာဖတ်ပြီး ပိုတောင်ဆာသွားပြီ..
ချစ်တဲ့
ယွန်း
မမရွှေစင် ကြောက်ချာကြီး ဖားသားလဲစားရဲဘူး..... ပရစ်လဲ မီးမီးကြောက်ကြောက်... ပဲခူးဘက်ကို ဘုရားဖူးသွားရင်တော့ စာကလေးကြော်တို့ ငုံးကြော်တို့ စနိုက်ကြော်တို့တော့ စားဖုးတယ်.... :)
ReplyDeleteငှက် ကြော်စားတဲ့ အလေ့အကျင့် မြန်မာပြည် မှာ ဘယ်တော့ မှပျောက် မယ် မသိဘူးနော်။ အဲဒီငှက် တွေထဲမှာ Endemic Species (မြန်မာပြည် မှာဘဲရှိ ပြီး တခြားဘယ် နေရာမှာမှ မရှိတဲ့မျိုးစိတ်တွေ။ Engender Species (မျိုးတုန်းအန္တရာယ် ရင်ဆိုင်နေရ တဲ့ မျိုးစိတ်) တွေပါနိုင်တယ်။ ဘဲခေါင်းပန်းရောင် (Pink-headed Duck) ဟာ ဒီနည်းနဲ့ မြန်မာ့မြေပေါ် က ၀မ်းနည်းဖွယ်ရာ ပျောက်ကွယ် သွားခဲ့ရတယ်။
ReplyDeleteမမရွှေစင်..
ReplyDeleteဖားတို့ပုရစ်တို့ကိုမစားရဲဘူး..။ဒါနဲ့ပဲ ပုဇွန်သုပ်ထားတဲ့
ပုဂံကိုယူပြီးအကုန်စားလိုက်တယ်..။
ပုဇွန်ဆိုအရမ်းကြိုက်..နောက်လည်းကျွေးအုံးနော်..
ချစ်တဲ့
သဒ္ဓါ
dear shwe zin u,
ReplyDeleteremember your grand father is a vegetarian!
if he reads this article that you are eating all sorts of things such as
locusts,frogs, snakes etc. he will be very sorry!
from Fantastic with love
hla myint
ငယ်ငယ်ကတော့ မိုးဦးကျမှာ စားဖားလေးတွေကို နုတ်နုတ်စင်း ပြီး စပ်စပ်လေး အကြွပ်ကြော်တာ စားဖူးတယ်။ အသက်ကြီးလာတော့ အဲဒီလိုတွေ စားဖို့ မရဲတော့ဘူး။
ReplyDeleteအမရေ..ဖားသားတော့စားရဲဘူး။
ReplyDeleteဂျင်းကြက်သွန်ဖြူနံ့သင်းတဲ့ပုရစ်ကြော်လေး
တော့ကြိုက်တယ်။