မြန်မာပြည်ကြီး ကို ချစ်ခင်ကြသော ချစ်သော စာဖတ်သူများကို သတင်းကောင်း ပေးချင်တာကတော့ အခု နေရာ တော်တော် များများ မှာ မိုးတွေရွာလို့ လန်းသွား ကြပါပြီ....၊ ရေဒုက္ခ များလည်း နဲနဲ တော့ ကင်းဝေးသွား ကြပြီ လို့ ထင်ပါတယ်...။
တနိုင်ငံ လုံး ရေဒုက္ခ ရောက် ကြတာ ကို ဖတ်ရင်း ... ကျနော် ငယ်ငယ် က မန္တလေး နေ လူများစု ရဲ့ ရေ ဒုက္ခ ကို ပြန်သတိရလာပါတယ်... အဲဒီတုန်းက ရွှေစင်ဦး တို့ ရပ်ကွက် ရဲ့ ရေရယူရေး ဒုက္ခ အကြောင်း လေးကို ရေးပြချင် လာပါတယ်....။
ကျနော် တို့ ရပ်ကွက် က မန္တလေး ကျုံး နဲ့ တအားကြီး မဝေးလှဘူး.. နီးလည်း တအားမနီးဘူး.. ရေသုံး တော့ ကျုံးရေ ကိုဘဲ သုံးရပါတယ်..၊ တပြမှာ တတွင်း ရှိပါတယ်.... အစိုးရက တူးပေးထားတာ ထင်ပါ တယ်.. ရေချိုးချင် လျှော်ချင် ဖွတ်ချင်ရင် အဲဒီမှာ သွားပြီး ချိုးရ လျှော်ရပါတယ်..။
ဒါပေမဲ့ .. ကျနော် တို့လို ရေတွင်း သွား ချိုးဘို့ ခပ်ဘို့ အဆင်မပြေတဲ့ အိမ်မျိုး ဆိုရင်တော့ ရေစည် ငှားရ ပါတယ်...၊ ခင်ဗျားတို့ မြင်ဘူးမလားတော့ မသိဘူး .. ရေစည်ပိုင်း ကို တုံးလုံးလှဲ ထားပြီး.. တွန်းလှည်းပေါ် တင်ထား တာ.. ရှေ့မှာ ဆွဲရတဲ့ လက်တံရှည် သစ်သား၂ချောင်း ပါတယ်.. အခုထိ မန္တလေး က တချို့ နေရာတွေ မှာ သုံးနေတုန်းပါ...။
ရေစည်ငှား တဲ့ အခါမှာ လပေး နဲ့ လူတဦး တည်းကိုဘဲ အမြဲငှား ထားရပါတယ်..၊ တလ ဘယ်လောက် လည်း ဆိုတာတော့ မမှတ်မိတော့ ပါ.. တနေ့ တစည် ဘဲ ပေးပါတယ်... လိုအပ်ရင် အပိုကြေးပေးပြီး သူတို့ ကိုဘဲ ထပ်ခေါ်ရပါတယ်...၊ အဲဒီ အချိန်တုန်းက လည်း အခုလို နွေရာသီ မျိုးဆိုရင်ဒီလိုဘဲ ရေရှားတာ ပါဘဲ..။
ဒီလို ရေရှားရင် အဲဒီ ရေစည် သမား (ရိုရိုသေသေ ရေစည်ဆရာ လို့ ခေါ်ရပါတယ်) တွေက တအား ဈေးကိုင် ပါတယ်.. လပေးနဲ့ ထည့် နေကြ အိမ်တွေ ကိုလည်း မှန်မှန် မထဲ တော့ ဘဲ ဘေးပေါက် ရှာပါ တယ်.. ဘေးပေါက် က ဈေးပို ရတာကိုးဗျ.. နောက်ပြီး တအားပူတော့ လည်း သူတို့ လည်း ရေထဲ့ ရတာ အဆင် မပြေ တော့ ပျက်တော့ တာပေါ့...။

အဲဒီလို အချိန်မျိုး ဆိုရင် ရွှေစင်ဦး တို့အိမ် မှာ ရေပြဿနာ တော်တော် တက်ပါတယ်.. ရေ လာထည့် ချိန်တန် လို့ မထည့်ရင် ရေတွင်း တွေ သွားပြီး ရေစည် ဆရာကို စောင့် ခေါ်ရပါတယ်...၊ ကျနော် တို့ အိမ်မှာ ရေလာမထည့် ရင် ကျနော် ဘဲ အမြဲတမ်း သွားခေါ်ရပါတယ်... ။
နွေရာသီ မှာ ကျနော် တို့ ရပ်ကွက် ထဲ မှာ မျက်နှာ အပွင့် ဆုံးကတော့ အဲဒီ ရေစည် ဆရာတွေပါဘဲ...၊ သူတို့ ကို ဆိုရင် ဟိုအိမ်က မျက်နှာ ချိုသွေးရ.. ဒီအိမ် က မုံ့ခေါ်ကြွေးရဆိုတော့ ဈေးကိုင် တော့ တာပေါ့...၊ နောက်ပြီး ကျုံးတွင်း ခြင်း အတူတူ နွေရာသီ မှာ မလာတဲ့ တွင်း က မလာ ဆိုတော့ သူတို့လည်း တော်တော် ဝေးဝေး ကို သွားခပ် ရတော့ ပိုဆိုးတာပေါ့....။
အဲဒီ ရေစည် ဆရာ တွေကလည်း တော်တော် ကို အပေါက်ဆိုး ပါတယ်. ... သွားခေါ်ရင် မကြားချင်ရောင် ဆောင်တာတို့... စကားပြန်မပြော တာတို့ နဲ့ မလေးမစား လုပ်ပါတယ်...၊ ဖေဖေ သွားခေါ်ရင် တော့ ဘယ်တော့ မှ ဒေါသ မဖြစ်ဘဲ ပြန်လာတာ မရှိပါဘူး..၊ မေမေ သွားခေါ်ရင် တော့ မေမေ က ချော့ ချော့ မော့ မော့ ပြောတတ်တော့ စကားပြန်တော့ ရပါတယ်.. ညနေ လာမယ်.. မနက် ကြ လာခဲ့ မယ် တို့ပေါ့...။
ရွှေစင်ဦး လေး သွားခေါ်ရင်တော့ ရေစည် ဘေးကနေ တတွတ်တွတ် နဲ့ ကိုကြိုင် (ရေစည် ဆရာနံမည် ပါ ) အခု လာဗျာ .. ရေ က တကယ် ကို မရှိတော့ဘူး.. အခု နော် အခု လာခဲ့ ဆိုပြီး တတွတ်တွတ် နဲ့ ဘေးက လိုက် ပြော ပါတယ်... ချစ်ချစ်ကြီး စိတ်ဆိုးရင် ချော့ ရတာထက်တောင် ပိုပါလိမ့်မယ်...၊ အဲဒီအခါ ကိုကြိုင် လည်း နားညည်း မှ သက်သာ စေတော့ ဆိုပြီး လိုက်လာပါတယ်....။
ဒါပေမဲ့ သိပ်ပြီး ရေရှားလာတဲ့ အချိန်မျိုး ဆိုရင်တော့ မရတော့ ပါဘူး.. သူတို့ကိုယ်တိုင်တောင် တစည်ရဘို့ ကျုံး နားထိ အဝေးကြီး သွားရတာပါ... အဲဒီလို အချိန်ဆိုရင် ကျနော် တို့ က ပုဏ္ဏား ကုန်း ထဲက ရေတွင်း တွေမှာ သွားချိုးရပါတယ်...၊ ၇၂-၇၃-၇၄ ကြား ၃၆ နဲ့ ၃၄ ကြားထဲမှာ ရှိတဲ့ အိမ်တွေ ဟာ အများစုက ပုဏ္ဏား လူမျိုး တွေ ဘဲ နေကြလို့ ပုဏ္ဏားကုန်း လို့ ခေါ်ကြပါတယ်.. ဘုရင် လက်ထက် က ထဲက ဗေဒင် ဆရာ တို့ ခြေသဲ လက်သဲ .. တို့ နား ကလော် တာ တို့ကို အများစုက လုပ်ကိုင်ကြပါတယ် (အခုထိ ဘဲ အဲဒီလို အသက် မွေးတုန်းပါဘဲ... )...။
အဲဒီ မှာ ဟိုး နှစ်ပေါင်း များစွာက တူးထားတဲ့ အတောင် ၄-၅၀ လောက် နက်တဲ့ အဝိစိ တွင်း တွေ ရှိပါတယ်..၊ နွေနေပူပူ မှာ အဲဒီ တွင်းတွေ က ရတဲ့ စိမ့် နေတဲ့ ရေလေး ကို ချိုးလိုက်ရရင် တကယ်ကို အမော ပြေသွားပါတယ်.. ဒါပေမဲ့ အဲဒီ တွင်း ရေတွေကလည်း ရေစီး တွေများပါတယ်..၊ ဆပ်ပြာ တိုက်ရင် တော်တော် နဲ့ မပြောင်ပါဘူး...၊ တချို့ တွင်းတွေ လည်း ရေချို ရတယ် ထင်ပါတယ်...၊ ကျနော် တို့ မန်းလေး က အများ စုကတော့ ကျုံး နဲ့ ဝေးသွားရင် စိမ့်တွင်းတွေ ဘာတွေ တူးလို့ မရပါဘူး အတောင် ၄၀ - ၅၀ ရောက် မှ ရေထွက် တာ များပါတယ်.. ဒါကြောင့် မန္တလေး က ရေရှားပါတယ်...။
အဲဒီ အဝိစိ တွင်း တွေကလည်း သွားချိုးချင်တိုင်း ချိုးလို့ မရပါဘူး ကိုယ် နဲ့ ခင်တဲ့ ပုဏ္ဏား အသိတွေ ရှိမှ သူတို့ ဆီ က စက်သီး ကြိုး တွေ ဘာတွေ ငှားပြီး .. ချိုးရတာပါ.. နောက်ပြီး ကျနော် တို့ လို့ အကျင့် မရှိတဲ့ သူတွေ အတွက် ရေခပ်ရတာ အတော် ပင်ပန်းပါတယ်...။
နောက် ကျနော် နဲနဲ ကြီးလာတော့ ရပ်ကွက်ထဲ မှာ ရေတွင်းတူးပြီး မော်တာ နဲ့ ရေတင်... ရေစည်လှည်း လည်း ငှား ရေလည်း တစည် ဘယ်လောက် ဆိုပြီး ရောင်းတဲ့ အိမ်တွေ ပေါ်လာပါတယ်...၊ အဲဒီအိမ်တွေ မှာ ရေလည်း ချိုးလို့ ရပါတယ်.. ဒါပေမဲ့ ရေစည်ဆရာ တွေကတော့ ပန်းပန်လျှက် ဘဲနော်... အဲဒီ အိမ်တွေက ရေဘဲ သွားချိုးလို့ ရတာ.. သုံးဘို့ ကျတော့ ရေစည်ဆရာ ဘဲခေါ်ရတာကိုးဗျ...။
နဲနဲ ကြီးလာတော့ ရေစည်ခေါ်ရင် ငယ်ငယ် တုန်း က လို စိတ်ဆိုး နေတဲ့ ရီးစား ချော့ ရသလို သူတို့ ကို မချော့ချင် တော့ပါဘူး..၊ သူတို့ စီက စကားပြန် ကောင်းကောင်းမရရင် ဒေါသ ဖြစ်ပြီ...၊ အဲဒီတော့ ဘယ်လို ရေပြဿနာ ကို ရှင်းမလည်းပေါ့...၊ ကျနော် တို့ အိမ် အနီးဝန်းကျင်ကတော့ လူပျိုလူရွယ် သန်သန်မာမာ ရှိတဲ့ အိမ်မျိုးဆိုရင် ညဘက်ကို အဲဒီ ရေပေးတဲ့ အိမ်က ရေစည် ငှားပြီး တခါထဲ ရေဖြည့် အိမ်ကို တွန်းယူပြီး ရေ ဖြည့် ထားတော့ ရေစည် သမား တွေကို ဂရုစိုက်စရာ မလိုတော့ ပါဘူး..၊ ကျနော် ကလည်း အဲဒါကို အားကျ ပါတယ်...။
ကိုယ့်အိမ် ကို ကြည့်လိုက်တော့လည်း ရေစည် ဆွဲ မဲ့ သူက ကိုယ့်အပြင် ဘယ်သူမှ မရှိဘူး.. တခြား မိန်းခလေး အပျိုပေါက်စ တွေ ဆိုရင်တော့ ဘယ်သူမှ ရေစည် ဆွဲဘို့ကို စဉ်းစားမှာ မဟုတ်ပါဘူး.. မသကာ ရေအိုးလေး ရွက်တယ်ဆို သဘာဝကျသေး ..၊ ဒါပေမဲ့ ရွှေစင်ဦး တို့က တအိုးလောက် တော့ ပျင်းတယ်.. တစည်လုံးမှ လိုချင်တာ ဆိုတော့ ဆွဲ ဟဲ့ ရေစည်လှည်း ဆိုပြီး.. ကိုယ် ကို ကိုယ် အားပေးမိပါတယ်...၊ နောက်ပြီး အဲဒီအချိန် တုံးကလည်း ရွှေစင်ဦး မှာ ရှက်တတ် ကြောက်တတ် တဲ့ အပျိုပေါက် စိတ် မရှိဘဲ.. ငါလုပ်ရင် ဘာမဆို ဖြစ်တယ် ဆိုတဲ့ လူပျိုပေါက် စိတ်ဘဲ ရှိပါတယ်...။
ရေစည် ဆွဲရတာ ကလည်း လွယ်တာတော့ မဟုတ်ပါဘူး.... ရေစည်ပိုင်း ကြီး တလုံး လုံး ရဲ့ အလေးချိန် ကို အဲဒီ လက်တန်း ၂ခုနဲ့ ထိန်း ထားတာဆိုတော့ အတော် ကျင့်သား ရမှ ရတာပါ..၊ ကျင့်သား မရသေးတဲ့ အချိန်မှာ နောက်ကလည်း ထိန်းတွန်း လေး လိုက် တွန်း ပေးပါမှ ဆွဲ နေမကျတဲ့ သူ အတွက် အဆင်ပြေ ပါတယ်..၊ ကျနော် က ရေစည် မဆွဲခင်ကထဲက အိမ်နီးနားခြင်း တွေ ဆွဲတာကို ကူပေးရင်း နဲ့ နဲနဲတော့ ကျင့်ပြီးသားပါ...၊ နောက်ပြီး တသက်လုံး ကလည်း ဒီရေစည် နဲ့ အိမ်မှာနေ့စဉ် ရေဖြည့်နေတာ ဆိုတော့ မျက်စေ့ ကတော့ ယဉ်ပြီးသားပါ...။
ကဲ မေမေ ရေ .. ရေစည် ဆရာ ကို ရီးစားချော့ သလို မချော့ နိုင်တော့ဘူး.. အဲဒီတော့ ညဘက်ကို ရွှေစင်ဦး ဘဲ ရေစည်ဆွဲပေးမယ် ဆိုတော့ မေမေ က စဉ်းစားပြီး ကဲ ဖေဖေ လမ်းလျှောက်ထွက် တဲ့ အချိန် ဆွဲချင်ဆွဲ ဖေဖေ မြင်ရင်တော့ ဆူမှာဘဲ တဲ့...၊ အဲဒါနဲ့ ညဘက် မှာ စီမံကိန်း ကြီး စပါပြီ... မောင်အကြီး နဲ့ အလတ် ၂ယောက် က တော့ အကူပေါ့.. အားကိုးချင်စရာ သူတို့ ကလည်း ကလေး လေး တွေ ရှိပါသေးတယ်.. နဲနဲ လောက် လူလေး ခွေးခန့် အောင်သာ ခေါ်လာတာပါ.. တကယ်တန်း တော့ ခေါင်းဆောင်ကြီး က ရွှေစင်ဦး ဘဲပေါ့....။
ရေရှားချက် ကတော့ ညဘက်မှာ အဲဒီလို ရေလှည်း နဲ့ ရေဆွဲ နိုင်ဘို့ ကို ရေပေးတဲ့ အိမ် ကို ညနေပိုင်း ကထဲက ကြိုတင်ဘွတ်ကင် လုပ်ထားရပါတယ်...၊ ဒါတောင် ပိုက်ဆံ မယူလိုက်သေး ဘဲနဲ လက်ခံထား လိုက်တာပါ..၊ ရောက်ပါပြီ.. ညဘက်.. ရွှေစင်ဦး တို့ မောင်နှမ ၃ယောက်လည်း တက်ကြွစွာ ချီတက် သွားကြ ပါတယ်..၊ ရေစည်လှည်း ကို ပိုက်အောက် သွင်းပြီး ရေဖြည့် ခပ်တည်တည် နဲ့ အိမ်ဘက် လှည့် တွန်း .. အဆင်ပြေပါတယ်... ။
ရေပေး တဲ့ အိမ်နဲ့ ကျနော် တို့ အိမ်နဲ့က သိပ်မဝေး ပါဘူး.. အိမ်ထိ ဖြေးဖြေး ခြင်း ထိန်းတွန်းသွား ပါတယ်...၊ အိမ်ရှေ့ မှာတော့ ချစ်မေမေ ရဲ့ ရှိသမျှ ခွက် တွေ ပုံးတွေ နဲ့ ရေခံ ဘို့ အားကျိုးမာန်တက် စောင့်နေဟန် ကို တွေ့လိုက် တော့ ပိုပြီး အားတွေတက် ပြီး ဆွဲ ကောင်းကောင်း .. နောက်ကလည်း မောင်လေး တွေက လည်း တွန်းကောင်းကောင်း နဲ့ အိမ်ရှေ့ လည်း ရောက်ရော ရေစည်လှည်း ဖင်ထောင် သွားပြီး ရှိသမျှ ရေတွေ လည်း ဝေါ ကနဲဘဲ ... ကုန်ပါလေရော....။
(အဲဒီ တခါဘဲ.. အဟောသိကံ ဖြစ်သွားပါတယ်.. နောက်ပိုင်းမှာတော့ အားလုံး အဆင်ပြေ သွားပြီး... လိုအပ်ရင် ဘယ်သူမှ ချော့မနေ ကိုယ်တိုင်ဘဲ ချဲပါတော့တယ်..)
နောက်ပိုင်း နှစ်များ မှာတော့ မန္တလေး မြို့ ရဲ့ ရေပေးရေး စီမံကိန်း ကြီး ကြောင့် ပိုက်ကလေး ဖွင့် ဝေါကနဲ ရေကျပြီး အားလုံး အိုကေ သွားပါတယ် (ရွှေစင်ဦး တို့ အစိုးရ ရဲ့ ကောင်းမှု့ ပေါ့ဗျာ.... ဘယ်သူ တွေ လည်းဗျ.. အမြဲတန်း မကောင်း ပြောနေတာ...) .. အခု ထိတော့ ရေပေးရေး စီမံကိန်း ကြီးကြောင့် ရွှေစင်ဦး တို့ အိမ်မှာတော့ အဆင်ပြေနေတုန်းပါဘဲ... ။
ဒါပေမဲ့ ကျနော် တို့ အိမ်က ဒေါင်းတောင်း ထဲမှာ ရှိလို့သာ ရေမှန်မှန် ရပါ တယ်တဲ့... တခြား မြို့သစ် တွေ မှာတော့ ရေပေးရေး က မော်တာ နဲ့ စုတ်တင် တာတောင် ကောင်းကောင်း မရလို့ ... အရပ်ထဲက ရေရောင်း စားတဲ့ အိမ်များကိုသာ အခုထိ အားကိုး နေရပါ သေးတယ် လို့ ပြောရင်း ... ကျနော် ငယ်စဉ်က ရေ သုံးစွဲရပုံ နဲ့ ရေစည်ဆရာ ဘဝ ရောက်ခဲ့ရ ရွှေစင်ဦး ဘဝ ကလေးကို အဆုံးသတ် လိုက်ပရစေဗျာ...။
(ပုံ ကို Google မှ ယူပါ၏)
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

Very interesting.
ReplyDeleteIt was raining there!
Glad to hear about that.
Make me relieve.
Ray
ဗျို့  ရေစည်ဆရာ။.. အဲ.. အဲ... အမရွှေစင်။
ReplyDeleteမိုးတွေ မြန်မာနိုင်ငံအနှံ့ရွာနေပြီလို့ သိရတဲ့အတွက် အလွန်ဘဲ ၀မ်းသာမိပါတယ်။
ပျော်ရွှင်ကြည်နူးနိုင်ပါစေ။
အစ်မရွှေစင်ရဲ့ “ငါလုပ်ရင် ဘာမဆို ဖြစ်တယ် ဆိုတဲ့ လူပျိုပေါက် စိတ်”ကို တကယ်သဘောကျသွားပါတယ် :D။
ReplyDeleteညီမတို့အိမ်တော့ ဟိုရေမရလို့ စက်တွင်းတူးထားရတယ်။ အဲဒါ နွေဆိုရင် ရေက တော်တော်ခန်းပြီး ရေမလိုက်လို့ အကြာကြီး စက်နဲ့ စုပ်ရတယ်လေ..
ကိုရွှေ (ရေစည် ဆရာ လူပျိုပေါက်ရွှေစင်ဦးကို ခေါ်တာပါ ) အခု လာဗျာ .. ရေ က တကယ် ကို မရှိတော့ဘူး.. အခု နော် အခု လာခဲ့ ...:D
ReplyDeleteချစ်ညီမလေး
ဟင်း...ခုမိုးရွာနေပြီ..သိတ်ဈေးကိုင်မနေနဲ့..ရေစည်ဆရာ...
ReplyDeleteလူပြိုပေါက်လေး ရွှေစင်ဦး ရဲ့  ဦးဆုံး အတွေ့ အကြုံ က အဟောသိကံ .. ဝေါကနဲ ပဲ တဲ့လား.. အဟဲ ..တော်သေးတာ ပေါ့ နော် ..အိုးလေးကွဲသွားပြီ သီချင်း မဆိုလိုက်ရတာ ..
ReplyDeleteဆရာ“ ကြိုင်” နဲ့ ရေစက်ပါတယ်ထင်ပါ့ ..ခုထိ ဒီနာမယ်ကြီး အောက်က မလွတ်နိုင်သေးပါလား..ဟားဟား ...
များ ဘာမှ ဘယ်သူ့ မကောင်းကြောင်းမှ မပြော သွားပါဘူးနော် ...း))
ရေတွေ လျှံစေသတည်း( လိုသလောက်ပဲ အနေတော်လေး လျှံစေရန် ပါ ) ..
အားလုံး လန်းစေသတည်း..
ခင်မင်လျှက်
ကိကိ
မရွှေစင် ရေအိုးလေးနဲ့ ခပ်ပါလား။
ReplyDeleteအိုးလေး လှုပ်ပါအုံး ရေအိုးလေး လှုပ်ပါအုံး။
မဦး . . . ရေလေးတစ်စည်စာလောက် လိုချင်လို့. .
ReplyDeleteညနေပို့ပေးနော်. .ပထမတစ်ခေါက် ဆိုပြီး အဟောသိကံတော့ မလုပ်လိုက်ပါနဲ့ :P
အဲ . . ဒါနဲ့ ရေစည်လှည်းက ဖင်ထောင်တယ် ဆိုတော့ မဦးက ရှေ့က ဆွဲတာ ဆိုတော့ လက်ကိုင်းကို ကိုင်ထားရင် မြောက်မတတ်သွားဘူးလား။
ဒါကြောင့် အဟောသိကံ ဖြစ်သွားတာ နေမယ် ထင်တယ်။ တော်သေးတယ် ရေစည်မို့ အိုးဆို ရေလည်းဆုံး အိုးလည်း ဆုံးမှာ . .။
ရေစည် ဆရာတောင် ဘေးပေါက်ကြိုက်တယ်နော် ......))))) ငရဲမင်းကြီးတွင်းမှာ သွားပြီးရေချိုးရတယ်လား
ReplyDeleteချစ်ညီမ
ခုရွာတဲ့မိုးက အပမှီတဲ့မိုး (မုန်တိုင်းကြောင့်)၊ ဂျွန်လဆန်း လလယ်မှာ အပူလျှော့ပြီး မိုးပုံမှန်ရွာပါစေ။
ReplyDeleteအမရေ.. (ရေတွေ ရနေပြီပေါ့..) ကြည်နူးစရာပဲပေါ့..။
ReplyDeleteအော်.. မကောင်းဘူးလို့ ပြောတဲ့သူတွေထဲမှာ များ ပါဘူး.. ဒါပေမဲ့လေ.. မကောင်းတာကို မကောင်းဘူးလို့ ပြောတာကို စိတ်မစိုးရဘူးနော်.. များတို့ဆို အကောင်းပဲပြောတယ်.. တိုင်းပြည်အတွက် လုပ်တယ်ဆိုတာ တော်ရုံစေတနာနဲ့ မှမရတာရယ်.. (ဟုတ်ဘူးလား..ထောက်ခံစေချင်တဲ့ဘက်ကနေ ရေးတာ.. ထောက်ခံပါ..ဒါပါပဲ..ထောက်ခံပါ..။ ) ။
အမြန်အဆုံးသတ်မှ ရေစည်ဆရာမ မရွေစင် .. နို့မို့ဆိုရင်.. ကြေကွဲစရာတွေ ဖတ်ချင်တော့ဘူး..။
မြန်မာပြည်က သူငယ်ချင်းကလည်း ပြောပါ့.. သူငယ်ချင်းရေ ရေရောင်းတဲ့သူတွေကို ကြောက်နေရတယ်ဆိုပဲ..။ ဟင်း ကောင်းလိုက်တဲ့ ရယ်စရာမကောင်းတဲ့ ဟင်းချရတဲ့ ပျက်လုံး..။
သနားစရာ သူငယ်ချင်းနဲ့ ဘဝတူများကို အမြန်လေး အစဉ်ပြေစေချင်ပါတယ်.. (ပြေနေသူတွေတော့ မပါဘူးပေါ့နော်.. )
မဗေဒါ (၈၈)
မိုးရွာပြီဆိုတော့ ၀မ်းသာစရာ
ReplyDeleteမဟုတ်ရင် မရွှေစင်ကိုယ်တိုင်ရေစည်တွန်း
ထွက်ရပြန်ဦးမယ်ထင်တယ်နော်..
မိုးရွာတာ ကျေးဇူးတင်လိုက်တာ...
ဒီတစ်ခါလဲ ဖင်ထောင်သွားရင် ဒုက္ခ
ရေက ရှားကရှားသနဲ့..
ဖတ်ပြီး ပြုံးပြုံးနဲ့ သဘောကျမိသွားတယ်..
မျက်စိထဲမြင်ယောင်မိလို့ပါ.
မရေ
ReplyDeleteသတင်းကောင်းပေးတာကျေးဇူးနော်
ပျော်သွားတယ်
:)
မန်းကို ငယ်ငယ်တုန်းကရောက်တာ့ေ၇စည်တွေဝယ်သုံးရ တာတွေ့တယ်နွေမှာလေ အခုနွေတော့ မရှိသလောက်ပဲ
ReplyDeleteမတွေ့ရဖူး အဲ လမ်းဆုံတွင်းတွေမှာ ရေစုချိုးနေတာတော့ အထူးဆန်းလိုမြင်ရတာ အခုတော့ မိုးရွာနေပြီ စိတ်ချမ်းသာပြီလေး)
အရင်ကတည်းကလည်းဒီလို အခုလည်းဒီလို ဒီလောက်နည်းပညာတွေတိုးတက်နေတဲ့ ခေတ်ကြီးမှာဗျာ ရေတောင်ရှားနေသေးတယ်လို့... တကယ်ကိုပဲမဖြစ်သင့်ပါဘူး...
ReplyDeleteလေးစားလျက်.............
အခုဆို ချစ်ချစ်ကြီးနဲ့ ရေစည်ဆွဲလို့ရပြီပေါ့။ ချစ်ချစ်ကြီးကို တစ်ခါလောက် ပညာပေးလိုက်ပါလား။။
ReplyDeleteရေစည်လှည်း လည်း ဆွဲဖူးသွားတာပေါ့.. :)
ReplyDeleteရေပြဿနာ ကလည်း တကယ့် စိတ်ညစ်စရာ တစ်ခုပဲနော်..
ဟယ်..ရေစည်ကြီးတောင်ဆွဲနိုင်တယ်... တော်လိုက်တာ... အားကိုးချင်စရာကြီး :P
ReplyDeleteမမရွှေစင်က မထသပဲဗျ...အစုံရသကိုး....ရေစည်လှည်း ဆွဲနေပုံလေး မြင်ယောင် ကြည့်သွားတယ်...:)တယ်လှ...
ReplyDeleteဟိဟိ ဒို့မမရေစည်ဆွဲနေတာကို မြင်ယောင်ပြီး ရယ်ချင်သွားတယ်..ဟုတ်တယ်နော်..ဘယ်သူတုန်းကွ..ဒို့အစိုးရမကောင်းဘူးပြောတာ..ကောင်းတာလေးတွေ ရှိတယ်နော့်...ကြောက်လိုက်တာ ဘယ်သူလာကစ်မလဲ မသိဝူး မမရေ..လစ်ပီ:P
ReplyDeleteမရွှေစင်ရေ ကိုဧရာလည်း ကျနော်ရေစည်ဆရာ ဖြစ်ဖူးပါသတဲ့...
ReplyDeleteမရွှေစင်လိုပဲ...အဟောသိကံတွေလည်း ဖြစ်ဖူးပါသတဲ့း)
အမရေ.. ခရီးသွားနေလို့ပါ။ ခုမှပြန်ရောက်ပီး
ReplyDeleteဟော်တယ်မှာ အဆင်မပြေလို့ ၂ရက်စာပေါင်းပီး အိပ်နေတာ။
အမစာတွေအားလုံးဖတ်ပီးပါပီ။
အမရေ.. ကျနော်တို့လည်း ငယ်ငယ်က အမလို လှည်းတွန်းဘူးတယ်။ အဲ့အချိန်က ရေကို ပိုက်တွေနဲ့လိုက်မထည့်ပေးသေးဘူးလေ။ ပီးတော့ အစိုးရဆီကလာတဲ့ ရေပိုက်ကလဲ ချူချာတယ်လေ။ မီးတွေပျက်ရင် ဒုက္ခရောက်တယ်။
ဖေဖေရယ် မောင်နှမတွေရယ်တွန်းကြတာ။ သိပ်အဆင်မပြေပါဘူး။ မလုပ်တတ်ကြလို့။
အမ..ဟုတ်ပ ရေသည်တွေက အဲသည်လိုပဲနော်။ အမြဲ ရေပိုက်တွေနဲ့လိုက်ပေးကြတော့ ..အခုကျတော့ သူတို့စီးပွါးရေးပျက်ကုန်ပီပေါ့။ ကျနော်တောင် အိမ်မှာ ရေပိုက်နဲ့ရေပေးတဲ့စီးပွါးရေးလုပ်ချင်တာ ဦးစီးပီးလုပ်ပေးမဲ့သူမရှိတာနဲ့..။ အတော်ကိုက်တဲ့ စီးပွါးရေး..အမရ။ ဟီး..။
ကျွန်တော်တို့ ဆီမှာရေစည် ကိုတွန်းလှည်းနဲ့တွန်းတာ ခင်ဗျ။
ReplyDeleteမမတို့ က ဆွဲရတယ်
ReplyDeleteကျွန်တော်တို့ ရန်ကုန်မှာက တွန်းရပါတယ်ဗျာ...
အခုထက်ထိတောင် တစ်ခါတစ်လေ မီးပြတ်၊ ရေပြတ်ယင်
တွန်းရတုံး...( ရက်များစွာ ဆက်တိုက်မီးပြတ်ရေပြတ်တာ
ပါ...) ပုံမှန်ကတော့ ....ပြတ်နေတာပါပဲ...