မနက် အိမ်က ထွက်လာတယ်..၊ ဆိုင်မှာ ဝင် .... စားသောက်ပြီး အိမ်ဘက်ထွက်လာတယ်..၊ ဆိုင် ကို တချက် ပြန်ကြည့်လိုက်တယ်..၊ စိတ်ထဲမှာ တမျိုးကြီး အရမ်းခြောက်သွေ့ ပြီး မသာယာ တဲ့ ခံစားချက် တမျိုး ကို ထူးထူး ခြားခြား ခံစား လိုက်ရတယ်...။
၃-၈-၁၉၉၄ (၁၁-၁၂ နာရီ)
အိမ်ရောက်တော့ မေ့မေ့ပျောက်ပျောက် ဟိုလုပ်ဒီလုပ် လုပ်နေတုန်း .. ယောက်က္ခမ အထီး ကြီး ရဲ့ သားကြီး ရေ ဆိုတဲ့ အသံကြားရတယ်...၊ ဖေဖေ အရင်ဦးအောင်ဆင်းသွားတယ်..၊ ကိုကြီး အပြင်ပြန်ထွက် သွားတယ်တဲ့..၊ အိမ်ရှေ့မှာဘဲ ယောက်က္ခမကြီး က ဖေဖေ ကို ဖက်ပြီး ကျနော် မိန်းမ မရှိတော့ ဘူး ကားမှောက်လို့ ဆုံးပြီတဲ့ လို့ ပြောရင်း မျက်ရည်ကြ ပါတယ်..။
အဲဒီမှာ ကျနော် လည်း ငိုပါတယ်...၊ နောက်ပြီး သူ့ ကို အိမ် ပြန်လွှတ်ရင်း ကျနော် ချစ်ချစ်ကြီး ကို ရှာပြီး လိုက်လာမယ် အိမ် က ဘဲ စောင့်ပါဆိုပြီး ပြန်ပို့ ပေးလိုက်ရပါတယ်...၊ နောက်တော့ တမြို့လုံး အနှံ သွားနေတဲ့ ချစ်ချစ်ကြီး ရှာပုံတော် ဖွင့်ရပါတယ်..၊ အိမ် ကို အရေးကြီးလို့ အမြန်လာပါဘဲ ပြောထား တယ်...၊ အားလုံး သွားတတ်တဲ့ နေရာတွေ ရှာဖွေပြီးတော့ အိမ်ကဘဲ ပြန်စောင့်ပါတယ်...။
ခဏနေ ချစ်ချစ်ကြီး ရောက်လာပါတယ်...၊ ကျနော် မပြောရက် ဘူး...မေမေ ကိုဘဲ ပြောခိုင်းရပါတယ်...၊ မေမေ ပြောလိုက်တယ်...၊ တည်တည် ငြိမ်ငြိမ် ပါဘဲ... ၊ ဖေဖေ စီသွားမယ်...၊ ဘာလုပ်ချင်လည်း တိုင်ပင် မယ် ပြောပြီး ကျနော်တို့ ၂ယောက် သူ့ ဖေဖေ စီသွားပြီး လိုက်ဘို့ရာ စီစဉ်ရပါတယ်...။
၃-၈-၁၉၉၄ (နေ့လည် ၂နာရီ)
ကား ငှားပြီး အားလုံး လိုက်သွားမယ်ဆိုပြီး ၂နာရီခွဲ လောက်မှာ မန္တလေး က စထွက်ပါတယ်.. လူ ၁၅-၂၀ လောက်ပါ တယ်..၊ ရှမ်းပြည် က အမျိုးတွေကလည်း ချက်ခြင်းထွက်လာမယ် တောင်ငူမှာ ဘဲ ဆုံကြ မယ်ပေါ့...။
ဘယ်လို ဖြစ်တာလည်း အကျိုးအကြောင်း ကို သေချာ မေးတော့ တောင်ငူအဝင် မှာ မိုးဖွဲဖွဲ ရွာနေတော့ သားအလတ်က ကားသမား မောင်းတာမြန်လို့ သူ မောင်းမယ်ဆိုပြီး မောင်းတယ်တဲ့ ဖြေးဖြေး ဘဲ မောင်းပါတယ် တဲ့ .. အဲဒီကြားထဲက ကားက စလစ်ဖြစ်ပြီး လဲသွားတယ် ပြောတယ်.. အားလုံး ကားပေါ်မှာ ၆ယောက် လောက် ပါတယ်.. ဘယ်သူမှ ဘာမှ မဖြစ်ပါဘူး.. ယောက်က္ခမကြီး တယောက်ဘဲ ဖြစ်သွား တာပါ.. သွေးတစက် မထွက်ပါဘူး နံရိုး ကျိုးပြီး အသဲမှာ စိုက်သွားတယ် ပြောတာဘဲ...၊ အပြင် ဒဏ်ရာ ဘာမှ မရှိပါဘူး...။
တောင်ငူ ဟိုဘက် မှာလည်း ရေကြီးနေတာပါ.. အဲဒီအချိန်က အညာဘက်မှာသာ မိုးမရွာပေမဲ့ အဲဒီဘက်မှာ ရေတွေကြီး မိုးတွေ တောက်လျှောက်ရွာ နေတာ ခရီးလမ်းပန်း မသာပါဘူး.. အဲဒါလည်း ကျနော်တို့ ရဲ့ ဗဟုသုတ နည်းမှု့ ပေါ့လေ...၊ နောက်ပိုင်းတော့ သူ့ သားငယ် ကတော့ သူ မသိလိုက်လို့ သူ သိရင် မေမေ မလိုက်လာရဘူး လမ်းခရီး မှ မသာယာ တာ ဆိုပြီး ပြောနေပါတယ်..။
ကျနော် တို့ သွားတဲ့ တလမ်းလုံးမှာ ချစ်ချစ်ကြီး ဟာ ကားပေါ်မှာ ထိုင်မနေနိုင်ပါဘူး.. စိတ်တအားစောပြီး .. ၊ ဟိုင်းလက် ကား နောက်ကနေ မတ်တပ်ရပ်လိုက်ပြီး ရှေ့ကိုဘဲ တောက်လျှောက် မျှော်ကြည့် လိုက်လာ ပါတယ်..၊ ထိုင်ခိုင်းလို့လည်း မရဘူး...၊ စကားလည်း မပြောပါဘူး..၊ ဖြစ်တဲ့ နေရာရောက်တော့ လည်း ကားကို ရပ်ခိုင်းပြီး လမ်းအနေအထား ကို သေချာ ကြည့်တယ်.. ၊ လမ်း ကဘယ်လို ဘဲ ဖြစ်ဖြစ်.... အားလုံး ဟာ ပြီးသွား ခဲ့ ပြီဘဲ....၊ အင်း .. စိတ်မကောင်း စရာတွေပါဘဲ...။
ကျနော် တို့ တောင်ငူမြို့ ကို ဝင်တော့ မိုးတော်တော် ချုပ်နေပါပြီ..၊ ဆေးရုံကိုဘဲ တန်းသွားပါတယ်...၊ ဆေးရုံ မှာ သားအလတ်နဲ့ သူ့သူငယ်ချင်းများက စောင့်နေပါတယ်...၊ ည ၁၂ နာရီလောက်ရှိ ပြီမို့ အိမ်ကို ဘဲ သွားကြရအောင် မနက်မှ ကြည့်တာပေါ့ လို့ ပြောပေမဲ့ အားလုံး က မြင်ချင်တယ် ဆိုတာနဲ့ ဆေးရုံ ရင်ခွဲတိုက် ကို ဖွင့်ပြီး ပြပါတယ်..။
တောင်ငူက မြို့ ကြီးပေမဲ့ အဲဒီအချိန်တုန်းက ရင်ခွဲရုံ လေးက သေးသေးလေးပါ.. ကျနော် တွေ့တဲ့ အတိုင်း ပြောရရင် .. ပထမဆုံး တံခါးဖွင့်လိုက်တော့ ရှေ့ဆုံး ကျောက်ခုံပေါ်မှာဘဲ အဝါရောင် ဝမ်းဆက် နဲ့ ပက်လက်ကလေး ကျနော့် ယောက်က္ခမကြီး ကိုတွေ့လိုက် တာပါဘဲ..၊ ဆံပင်တွေကလည်း ကျောက်ခုံ အောက်မှာ လွင့်နေပါတယ်..၊ အဲဒီကျောက်ခုံ ဘေး သမံသလင်း ခင်း ပေါ်မှာတော့ ယောက်ကျား ကြီး တယောက် တိုက်ပုံအဖြူနဲ့ .. ပက်လက် တလောင်း...၊ ဒုတိယ ကျောက်ခုံပေါ်မှာတော့ ကလေး လေး ၁၀ နှစ်လောက် ရှိမယ်ထင်တယ်...၊ အင်း မသာယာ စရာတွေပေါ့...။
အားလုံး ဟာ အိမ်က ထွက်သွားတာမှ တည နဲ့ တနေ့ ဘဲ ရှိသေးတယ်.. ဒီလိုမျိုး တွေ့ လိုက်ရတော့ အားလုံး ရင်ကွဲ ပက်လက် ပါဘဲ....၊ သနပ်ခါး တွေကလည်း ဖွေးလို့ပါဘဲ.. ခြေသဲနီလက်သဲနီ တွေ ကလည်း တစက် မပျက်သေးပါဘူး...၊ သွေး တစ မမြင်ရပါဘူး.. အပြင်က တိုက်လာတဲ့ လေအေး လေးကြောင့် ဆံပင်တွေ လွင့် သွားတာ မြင်ရတဲ့ အခါ အခုဘဲ ထလာတော့ မလိုလို တောင်ထင် ရပါတယ်.. ကျနော် ဆံပင်တွေ ပြန်သိမ်း ပေးပါတယ်...။
နောက်ဆုံးတော့ လည်း သူတခါ မှ မသိတဲ့ အသက်မရှိတဲ့ သူတွေကြားထဲမှာ နေခဲ့ ရတာပါဘဲလား..၊ ချစ်ချစ်ကြီး တို့ မိသားစု ရဲ့ ဘုရင်မ သား၃ယောက် သမီး ၁ယောက် မွေးထား ပြီး...၊ သားတွေ ကလည်း လိမ္မာ လိုက်ကြတာ သူတို့ မေမေ ကို ချစ်လိုက်ကြတာ.. သမီး က လည်း တယောက် ထဲ မွေးထားလို့ ဆိုးလိမ့်မယ် မထင်ပါနဲ့ အမေ ကို မျက်နှာ တချက် အညိုမခံပါဘူး..။
ယောက်ကျား ကဆိုရင်ကော နှစ်ပေါင်း ၄၀ လောက် ပေါင်းလာတဲ့ အိမ်ထောင် သက်မှာ သူ့ မိန်းမ စိတ်ညိုညင် အောင် တခါမှ ကို မလုပ်ခဲ့ဘူး... ကျနော် တို့ သိသလောက်တော့ ချစ်လိုက်တာ တုံနေ တာပါဘဲ...၊ အားလုံး ဟာ သူ့အမိန့် အတိုင်း လှုတ်ရှား နေခဲ့ကြတာ... အခုတော့ ဘာတွေ ဘယ်လို စီစဉ် ရမ လည်း ဆိုတာ ပြောမပေးနိုင် တော့ဘူး လား.. သြ... လောက.. လောက ဘ၀ စာမျက်နှာတွေ ဟာ ဒီလိုဘဲ ... တမျက်နှာပြီး တမျက်နှာ လှန် ရင်း နိဂုံး ကို ရောက် သွားရမှာ ပါလား...။
မိတ်ဆွေ သူငယ်ချင်း နဲ့ ဓလေ့ထုံးစံ တွေ အကြောင်း နဲနဲ ပြောချင်ပါတယ်...၊ ဒီလို ကား accident ဖြစ်ပြီး တဲ့ အချိန် မှာ သူ့ သားအလတ်ဟာ တကယ့် တစိမ်းတရံ မြို့ ကြီး မှာ ဖြစ်နေတာပါ.. သူ့မှာ ဘာအားကိုး ရာမှ မရှိတော့ သူ ပြန်စဉ်းစားလိုက်တော့ သူနဲ့ အတူ မော်လမြိုင် တက္ကသိုလ် (အဏ္ဏာဝါ ဇီဝဗေဒ ပထမ အသုတ်) မှာ အတူတူ တက်ခဲ့တဲ့ သူငယ်ချင်း တယောက် ကို သွားသတိရလိုက်တယ် တဲ့..။
သစ်စက် ထောင်တာ အမှတ်ရတယ်... အဲဒါနဲ့ မေးစမ်း ကြည့်ပြီး သူငယ်ချင်း နဲ့ ဆက်မိသွားတယ်.. ၊ သူငယ်ချင်း နဲ့ မိဘ မောင်နှမ တစု ဟာ လိုလေသေး မရှိ ကူညီ ခဲ့ ကြပါတယ်.. သူတို့ အိမ်မှာ ဘဲ အားလုံး တည်းခိုစေကာ accident ဖြစ်တဲ့ ကားကိုလည်း သူတို့ အိမ်ဝန်းထဲမှာဘဲ တောက်လျှောက် ထားခဲ့ ပါတယ်..။
အသုဘ ကိစ္စ တွေကိုလည်း ရက်လည် ဆွမ်းသွတ်တဲ့ အထိ .. ၊ အဲဒီအိမ် ကနေဘဲ အကုန် စီစဉ်ပေး ခဲ့ပါတယ်..၊ တော်ရုံ မြန်မာ လူမျိုးတွေ ဆိုရင် မဟုတ်တဲ့ အယူအဆ တွေကြောင့် အပူသည် မိသားစု တစုဟာ မျက်နှာစိမ်း မြို့ တမြို့မှာ တော်တော် ဒုက္ခရောက်မှာပါ.. အခုတော့ သူတို့ ကိုယ်တိုင်လည်း ဒီလို အစွဲ တွေ မရှိဘဲ တကယ့် ကိုယ်ချင်းစာ တရားနဲ့ လုပ်ကိုင်ပေးခဲ့ကြပါတယ်.. ၊ တကယ့် ကို ရှားပါး မိသားစု တွေပါဘဲ...။
ချစ်ချစ်ကြီး ရဲ့ ဖေဖေ ကလည်း ကျေးဇူးတင်လွန်းလို့ ဒီမိသားစု တစု လုံး ကို ကျေးဇူးရှင် များ အဖြစ် သတ်မှတ် ထားပါ.. သူငယ်ချင်း မိဘ များကိုလည်း မိဘ နဲ့ တဂိုဏ်းထဲ ထားပါဆိုပြီး သေချာ ဆုံးမ ခဲ့ပါတယ်...၊ အခုထိ လည်း ကျနော် တို့ အားလုံး ဟာ သူတို့ ကျေဇူးတရား ကို မမေ့လျှော့ခဲ့ပါဘူး.. ။
၅-၈-၁၉၉၄ (၁၁ နာရီ)
ဆွေမျိုးတွေ အားလုံးစုံပြီဖြစ်တဲ့ အတွက် ဖြစ်ပြီး ၂ ရက်ကြာ တဲ့ အချိန် မှာ ဘဲ အသုဘ ချဘို့ ပြင်ဆင် ပါတယ်..၊ တောင်ငူ ဆည်မြှောင်းရုံးက မိသားစု တွေအားလုံးနဲ့ ကျေးဇူးရှင်မိသားစု မျက်နှာ နဲ့ အားလုံးဟာ စည်စည် ကားကား သိုက်သိုက်ဝန်းဝန်း ပါဘဲ..၊ ဂူသွင်း မလား မီး သင်္ဂြုလ် မလား.. ချစ်ချစ်ကြီး ကဘဲ ဆုံးဖြတ် ပေး လိုက်ပါတယ်.. အားလုံး အစွဲအလန်း တွေဖြစ်နေမှာ စိုးလို့ မီးသင်္ဂြုလ် ပြီး ထားခဲ့ ကြပါတော့ တဲ့ မေမေ ဆိုတာ မရှိတော့ ပါဘူး...၊ အားလုံး မစွဲလန်း ပါတော့ နဲ့ ဆိုပြီး ကျနော် တို့ အားလုံး ဟာ ချစ်သော မိသားစု ဝင် တဦး ကို တစိမ်းမြေ မှာ ထားခဲ့ ရပါပေါ့....။
အားလုံး အတွက် ပန်ကြားချက်
ကျနော် နဲ့ ချစ်ချစ်ကြီး မှာ သားသမီး အရင်း မရှိပါဘူး သားသမီး မယူတာပါ ကျနော် တို့ ၂ယောက် ရဲ့ တူညီသော အယူအဆ တခုကြောင့်ပါ.. ကျနော် တို့ ကိုယ်တိုင်တောင် ဒုက္ခသစ္စာ တခု ကတောင် မလွတ် မြောက်နိုင် သေးတဲ့ အတွက် လူဖြစ် ရတဲ့ ဆင်းရဲ ခြင်းတွေ ကို ရင်ဆိုင်နေရတဲ့ အချိန်မှာ .....၊ ကျနော် တို့ ၂ယောက် ရဲ့ ပယောဂကြောင့် ရလာမဲ့ သားသမီး တွေ နောက်ထပ် သံသရာ (ဝဋ်ဆင်းရဲခြင်း) တပတ် မလည် စေချင် လို့ပါဘဲ.. ၊ ဒါက ကျနော် တို့ ရဲ့ အယူအဆ ပါ.. အားလုံးဘဲ ကိုယ့်စိတ်ကြိုက် ယူဆနိုင်ပါတယ်.. ကြိုက်သလို ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်...။
ကျနော်တို့ ၂ယောက် ဟာ အဲဒီ အယူအဆကြောင့် သားသမီး မယူခဲ့ပေမဲ့ .. ယောက်က္ခမကြီး ကတော့ တအား မြေးယူချင်ပါတယ်.. ကျနော် တို့ သူ့ ဆန္ဒကို မဖြည့်နိုင်ခဲ့ပါဘူး... ချစ်ချစ်ကြီး ရဲ့ ညီအလတ် ဟာ သူ့ မေမေ ဆုံးပြီး မှ မင်္ဂလာ ဆောင်ပါတယ် .. ယောက်ကျားလေး မြေးဦး လေး မွေးဖွားပါတယ်..။
ကျနော် နဲ့ ချစ်ချစ်ကြီး ရဲ့ အသဲကျော်ပါ.. ကျနော့် မွေးစားသားလေး ပေါ့ ...၁၁ ရက်သား ကလေး ကထဲက နို့ဘူး လေး နဲ့ ကျနော် သွားလေရာ ကို ခေါ်သွားပါတယ်... အခုတော့ လူပျိုပေါက်စ လေး ဖြစ်နေ ပါပြီ.. (ခေါ်ချင်သူများ ကျနော်အား ယောက်က္ခမ ကြီး ခေါ်နိုင်ပါတယ်) ၊ သူ ဟာ သူ့အဖွား အကြောင်း တွေ မသိပါဘူး.. သူ့အဖွားသာ ရှိခဲ့ရင်တော့ သူ့ကို ချစ်လို့ ဝမှာ မဟုတ်ပါဘူး..။
ဒါကြောင့် ကျနော် တတ်နိုင်သလောက် သူ့အဖွား အကြောင်းတွေ သိစေချင်လို့လည်း ဒီပို့စ် လေးကို ရေးခဲ့တာပါ...၊ တကယ်လို့ များ စာဖတ်သူများ စိတ်နှလုံး မချမ်းမြေ့ဘူး ဆိုရင်တော့ ခွင့်လွှတ်ပါ.... အားလုံး ကို ကျေးဇူးတင်ပါတယ်....။
အားလုံးအားလေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
ဘဝဆိုတာ ဒီလိုပါပဲ ရွှေစင်ရယ်...။ ကလေးမယူတဲ့ အိုင်ဒီယာက ဒါ့ကြောင့်လား...အင်း ကောင်းပါရဲ့...တို့က မရလို့ မယူရင်းက ခုတော့ မရတာပဲ ခပ်ကောင်းကောင်း ဖြစ်သွားတာ....:)
ReplyDeleteဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်။
ReplyDeleteမိသားစုဝင်တွေ ပိုလို့သာ ဖြစ်မှာပါ။
သတ္တဝါတခု ကံတခုပါပဲ။
ဝမ်းနည်း ဝမ်းသာ နဲ့ တွေ့ ကြုံဆုံကွဲ ဖြစ်မြဲ ဓမ္မတာ ဆိုတယ် မို့ လား။ သင်္ခါရ .. သင်္ခါရ ။
ReplyDeleteသားသမီးဆိုတာလည်း ရတနာတမျိုးပါပဲ ယောက္ခမကြီး ..အဲ့လေ ..ခမည်းခမက်ကြီး မရွှေစင်ရေ ... သူလာချင်ရင်တော့လည်း ခေါ်လိုက်တာပေါ့ နော် ။
သံယောဇဉ်တွေ ဖြတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့ ။ .
စိတ်မကောင်းပါဘူး မရွှေစင်ရယ်။
ReplyDeleteကျမရဲ့ ဦးလေးဝမ်းကွဲ တယောက်လဲ တောင်ငူနားမှာပဲ ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်ပြီး ဆုံးသွားတယ်။ သူ့အသက် ၄၀ ကျော်လောက်ပဲ ရှိအုံးမယ်ထင်တယ်။ သူ့ကံပါလာတော့လဲ ဒီလိုပဲပေါ့နော်။ ဘယ်လောက်ပဲ ပြည့်စုံပေမဲ့ ဒီခရီးကို သွားရမယ့် သူချည်းပါပဲ။ ဘယ်နည်းနဲ့ သွားရမယ်ဆိုတာသာ မသိတာလေ ... ။
ဖတ်ပြီး စိတ်မကောင်းလဲ ဖြစ်မိတယ်။ တရားလဲ ကျမိတယ်။
ကလေးမယူတဲ့ ကိစ္စမှာ ကျမ အမတွေလဲ မရွှေစင်နဲ့ အတူတူပဲ။ သံယောဇဉ်အနှောင်အဖွဲ့တွေ မထားချင်လို့ ကလေး မယူကြဘူး။ တချို့ကလဲ ကိုယ့်ဂျန်နရေးရှင်းအတွက် ယူစေချင်ကြတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့် အယူအဆနဲ့ ကိုယ်ပေါ့နော်။
အမ.. အထုံတို့ ရေစက်တို့ဆိုတာ..ရှောင်လို့မရတာပဲနော်..။
ReplyDeleteသနားဖို့ကောင်းတယ်။ စိတ်မကောင်းပါဘူး။ ဒါပေမဲ့အမရယ်..လူဆိုတာ.. သေရမှာ တနေ့။
ဘယ်လိုသေမလဲသာ မသိတာ။ ဒါပေမဲ့ ရွေးချယ်ခွင့်ရခဲ့ရင် ... အဲလိုမျိုးမသေချင်သလို နှစ်ရှည်လများဝေဒနာလည်းမခံစားချင်ဘူး။
အမရဲ့ကလေးမယူတဲ့အိုင်ဒီယာကလည်း...တမျိုးပဲ။
မြတ်နိုး
ယောက္ခမကြီး
ReplyDeleteဟီးဟီး
ခေါ်သူဦးသွားပြီလား
စရံသတ်ထားပြီနော်..
မန်းလေးလာရင်မုန့်ဝယ်လာမယ်နော်..
သူများမဦးစေနဲ့သိလား
ယောက္ခမကြီးကို ကျောက်စိမ်းတုံးကြီးလက်ဆောင်ပေးပါ့မယ်..
ဖောက်ပြီး လည်ပင်းမှာကြိုးနဲ့ဆွဲထားဖို့
၁၀ပိဿအတုံးကြီး စီစဉ်ထားပြီးပါပြီ..း)
လက်ခံပါနော်..
ိဟိဟိ
ခင်တဲ့ ချော
မျှော်လင့် ထားပြီးမှ ခွဲခွာ သွားရခြင်းနဲ့ 
ReplyDeleteမမျှော် လင့် ပဲနဲ့  ရုတ်တရက် ခွဲ ခွာ လိုက်ရခြင်း က
ဘယ် ဟာ က ပို ခံသာပါသလဲ၊ ပို ဖြေသာပါသလဲ၊
အင်း .. အတူတူ ပဲ နေမှာ၊ တစ်ခု က မခွဲရခင် ကတဲက
တမြေ့ မြေ့  နဲ့  တင်ကျို ကြေကွဲနေရတာ။
တစ်ခုက တော့  ရုတရက် အရှိုက် ကို အထိုး ခံ လိုက်ရသလို
ဖြစ်သွားတာ။
အမြဲတန်း ပဲ နှလုံးသွင်း နေရ မယ်လို့  ဒီပို့ (စ) လေး
ဖတ်ပြီး ထပ်မံ သတိ ပြု မိခဲ့ ပါတယ်။
တစ်နေ့ ကိုယ်တွေလည်းဒီလိုပဲ ကြုံရမှာပါလားဆိုတဲ့ သတိလေးကိုရစေပါတယ်အစ်မရေ...ယောက္ခမကြီး လို့တော့ခေါ်လို့မရဘူး ဟီး..တူမတွေတော့ရှိတယ်ဗျ :)
ReplyDeleteကိုယ်ပါဒီလို အချိန်မရွေး ဖြစ်နိုင်တယ်၊ တစ်နေ့လဲ ကြုံရမယ်ဆိုတာ တွေးမိတယ်။
ReplyDeleteမရွှေစင်ချစ်ချစ်ကြီးအမေလိုပဲ ကိုယ်လဲဒီလိုပဲ ရေမိုးချိုး ဖီးလိမ်းပြီး လတ်တလော လူမှုဘဝတွေ ဦးစားပေး သွားလာနစ်မြုပ်နေရင်း မထင်မှတ်တဲ့ဧည့်သည် ရောက်လာခဲ့ရင်....
တွေးမိတော့ ကိုယ်တိုင်လဲ ထွက်ရမယ့်ခရီး၊ ထားခဲ့ရမယ့် ဘဝအတွက် သေချာ မပြင်ဆင်ရသေးပါလား။
ခွဲခွာမှု ဆိုတာ ဘယ်လိုနည်းနဲ့မှ ကောင်းလှတယ်တော့ မဟုတ်ပါဘူး။
ReplyDeleteအားလုံးလည်း ခံစားဖူးကြပါတယ်. . .
သားသမီး ယူတာနဲ့ ပတ်သတ်ပြီးတော့ တော့ မပြောတတ်ပါ။
ခုခေတ်လူတွေများ..ကလေးတယောက်တောင်အဖြစ်ရှိအောင်
ReplyDeleteမမွေးနိုင်ဘူး...အံ့ပါ့ဗျာ...
စိတ်မကောင်းဘူး.ရယ်..။ တိုက်ဆိုင်မှုရှိသူမို့ အဲလိုမျိုးကို မခံစားနိုင်ဘူး...
ReplyDeleteအခုမှ အပိုင်း (၁) ရော အပိုင်း (၂)ရော ပေါင်းဖတ်လိုက်တော့ သူများတွေလိုတော့ ဆက်တငံ့ငံ့ မဖြစ်တော့ပါဘူး... လောကမှာ ကြုံတွေ့ရလေ့ရှိတဲ့ အဖြစ်အပျက်တွေပါပဲ...
ReplyDeleteဒါနဲ့ ယောက္ခမကြီး လို့ခေါ်မလို့ဟာ အပေါ်မှာ ဒေါ်ချောက ဦးသွားတယ်...ညီမလေးမှာ သူ့လိုတော့ ကျောက်စိမ်းတုံးနဲ့ အင်အားပြစရာမရှိဘူး ဆိုတော့ မမရွှေစင်ရဲ့ အဆုံးအဖြတ်အတိုင်းပါပဲ... ခွိခွိ :)))))
ချစ်ညီမလေး
အစရှာမရဘူး
ReplyDeleteဇာတ်သိမ်းပိုင်းကစပြီးပြောင်းပြန်ကြီးဖတ်ရမလားမပြောတတ်ဘူး
ကယ်ပါ....
စိတ်မကောင်းဖြစ်ရပါတယ်၊
ReplyDeleteမွေးစားသားလေး၊ သူ့အဖွား အကြောင်းတွေ သိနိုင်ပါစေ၊
ဆရာမရေ.. မအားတာနဲ့ စာလာမဖတ်ဖြစ်ဘူးဗျ. အခု ရောက်တုန်းလေး ဖတ်သွားပါတယ်. စိတ်မကောင်းပါဘူးဗျာ.. ဆရာမရဲ့ ယောက္ခကြီးအကြောင်းရေးထားတာ ဖတ်နေရင်းနဲ့ ကျွန်တော်လည်း အဖေ့ကို သတိရပြီး ၀မ်းနည်း သလို ခံစားရတယ်ဗျ... ပြီးတော့ ဆရာမရဲ့ မွေးစားသားလေး က သူ့အဖွားအကြောင်း မသိလိုက်သလို.. ကျွန်တော်ရဲ့ အကိုက မွေးတဲ့ တူမလေး လည်း.. အခုမှ ၂ လ သမီးလေး ပေါ့ဗျာ.. သူလည်း အဖေ့ရဲ့ မြေးဦးလေးပေါ့.. ဒါပေမယ့် အဖေဟာ မြေးအရင်းတွေကို ချစ်မသွားလိုက်ရတာကိုလည်း စိတ်မကောင်းမိဘူးဗျ... အဖေကလည်း ကလေးတွေဆိုအရမ်းချစ်တက်တဲ့ အတွက်ကြောင့်ပါ.....။
ReplyDeleteဒါပေမယ့် ဒီလမ်းက တစ်ရက်တော့ လူတိုင်း သွားရမယ်ဆိုတာ ကို သတိကပ်ပြီး ပြန်လည် ဖြေသိမ့်ရတာ့ ပေါ့ဗျာ...
ခင်မင်စွာဖြင့်
ဇော်သိင်္ခ