မုန့်ဟင်းခါး ဆိုရင်တော့ ရန်ကုန် မုန့်ဟင်းခါး ဘဲ ကောင်းတယ်....၊ မန္တလေး မုန့်ဟင်းခါး (အညာ မုန့်ဟင်း ခါး) ဆိုရင်တော့ မကောင်း ဘို့များတယ်..၊ ကျနော် တို့ မန္တလေး ရဲ့ လမ်းထောင့် တွေမှာ တွန်းလှည်း လေးတွေ နဲ့ မုန့်ဟင်းခါး ရောင်းလေ့ ရှိတယ်...၊ အဲဒီ မုန့်ဟင်းခါး က ပဲမှုန့် တွေ ဖျော်ထည့် ထားတာ များတယ်..၊ စားလို့ မကောင်းဘူး..၊ ကျနော် လည်း မကြိုက်ဘူး..၊ ငယ်ငယ်က ရန်ကုန် သွားတော့ အမျိုး တွေက မုန့်ဟင်းခါး ချက်ကျွေးမယ် လို့ ပြောတယ်..။
ကျနော် မကြိုက်ဘူး လို့ ပြောတော့ ရန်ကုန် မုန့်ဟင်းခါး ချက် မှာ မန္တလေး မုန့်ဟင်းခါး နဲ့ တခြားစီ စားကြည့် အုန်းလို့ ပြောပြီး ချက်ကျွေးတယ်..၊ စားရတာတောင် နောက်ကြ သွားသေးတယ်.. တခါထဲ ကြိုက်သွား တာဘဲ...၊ ငံပြာရည် မွှေးမွှေး ငါး များများ ကြက်သွန်ဥ နိုင်နိုင် ငှက်ပျောအူဖတ် နုနုလေး တွေ နဲ့ စားလို့ ကောင်းလိုက်တာ...၊ မုန့်ဟင်းခါး ဆိုတာ အသဲစွဲ သွားတယ်..၊ ကျနော် တို့ အညာ မုန့်ဟင်းခါး ကတော့ သိတဲ့ အတိုင်းဘဲဗျာ...၊ ကောင်းပါတယ် ဆိုပြီး မန္တလေး ချစ်သူတွေ မငြင်း ကြနဲ့အုန်းနော်.. ကျနော် ပြောတာ အများစု က မကောင်းတာပါ ထူးချွန် ပြောင်မြောက်တဲ့ တချို့ ဆိုင်တွေတော့ ရှိကောင်း ရှိမှာ ပေါ့..၊ ကျနော် တော့ မစားဘူး ဘူး...။
မုန့်ဟင်းခါး ကြိုက်သွားတော့ ဘယ်မြို့ရောက်ရောက် မုန့်ဟင်းခါး စားကြည့် တယ်..၊ ရန်ကုန် မုန့်ဟင်းခါး ကို မှီတာတော့ မတွေ့ဘူးသေးဘူး..၊ ချစ်ချစ်ကြီး မော်လမြိုင်သွားတော့ မော်လမြိုင် မုန့်ဟင်းခါး စားခဲ့တယ်တဲ့ မုံဖတ် အကြီး တွေကို ချက်ခြင်း ကြိတ်ပြီး ရေထဲက ဆယ် ထဲ့ ပေးတယ် လို့ပြော တယ်...၊ရေစိမ် မုန့်ဟင်းခါး ပေါ့... ကျနော် တော့ မစားဘူးသေးဘူး.. (သွားသော နေရာက စားခဲ့ သော အစား အသောက် အကြောင်းကို အစီရင် မခံပါက ပြစ်မှု့ ကြီး ပါသည်)..၊ တောင်ငူ မုန့်ဟင်းခါး.. ဟင်္သာတ မုန့်ဟင်းခါး တွေလည်း ကောင်းပါတယ်...။
အနီးစခမ်း မှာ လည်း ကျနော် တဆိုင်စားဖူးတယ်... တော်တော် ကောင်းတယ်.. ဘယ်လိုချက်လည်း ဆိုတော့.. ငါးကင်ပြီး... မြေပဲ နဲ့ ချက်တာလို့ ပြောပါတယ်...။ တချို့ ကတော့ ကုလားပဲ နဲ့ ချက်တယ်... အဲဒါလည်း ကောင်းပါတယ်.. ရန်ကုန်ချက်ကလည်း ကုလားပဲ ပြုတ် ထည့် တယ်ထင်တယ်..။
အနီးစခမ်း မှာ လည်း ကျနော် တဆိုင်စားဖူးတယ်... တော်တော် ကောင်းတယ်.. ဘယ်လိုချက်လည်း ဆိုတော့.. ငါးကင်ပြီး... မြေပဲ နဲ့ ချက်တာလို့ ပြောပါတယ်...။ တချို့ ကတော့ ကုလားပဲ နဲ့ ချက်တယ်... အဲဒါလည်း ကောင်းပါတယ်.. ရန်ကုန်ချက်ကလည်း ကုလားပဲ ပြုတ် ထည့် တယ်ထင်တယ်..။
အခုတော့ မန္တလေး မှာ ရောင်းတဲ့ ဆိုင်ကြီးတွေ က မုန့်ဟင်းခါး တွေကတော့ ရန်ကုန် စတိုင်ချက်တာတွေ များသွားပါပြီ..၊ ဒါပေမဲ့ သိပ်ကောင်းတဲ့ မုန့်ဟင်းခါး မရှိသေးဘူး.. ရန်ကုန်မှာတော့ ဘယ်ဆိုင်မှာ စားစား ကောင်းတာ များတယ်...။
ကျနော် နောက်ဆုံးတခေါက် ရန်ကုန်သွားတော့ ကျနော့် မောင်လေး က မနက်တိုင်း မုန့်ဟင်းခါး... ဝယ်ကျွေးတယ်..၊ ဒီနေ့ က ပြိုင်ပွဲ မှာ ပထမ ဆုရတဲ့ မုန့်ဟင်းခါး..၊ နောက် နေ့ ဒုတိယ ရတဲ့ မုန့်ဟင်းခါး.. နောက်နေ့ ကြတော့ ဒါက စမ်းချောင်း မှာ နာမည်ကြီး တဲ့ မုန့်ဟင်းခါး... ဆိုပြီး တလှည့်စီ ကျွေးတယ်...၊ နောက် တနေ့ကြတော့ မမရွှေစင် ရယ် နေ့တိုင်း မုန့်ဟင်းခါး ဖြစ်နေတာ အပြောင်းအလဲ ဘိတ် ကတ်ကြေးကိုက် လေး လိုက်ကျွေးမယ်နော် ဆိုပြီး သွားကြတယ်..။
ဟိုရောက်တော့ မောင်လေး က အမှိုက် မထည့် တာ တပွဲ.. အစုံ တပွဲ ဆိုပြီး မှာလိုက်တယ်... ကတ်ကြေး ကိုက် ထဲမှာ ပါတဲ့ ပဲပင်ပေါက် တို့ ပဲပြုတ် တို့ကို မောင်လေး က အမှိုက် လို့ ယူဆပါတယ်..၊ ကျနော် က အဲဒီ အချိန် တုန်းက အဲဒါကို မစားဘူး သေးဘူး... စာအုပ် တွေထဲ မှာ ဘဲ ဖတ်ဘူးတာ ဆိုတော့ အခုတော့ တကယ် စားရ တော့မယ် ဆိုပြီး ဝမ်းတွေ သာနေတယ်...၊ ခဏ နေတော့ အငွေ့တထောင်းထောင်း နဲ့ လာချ တယ်..။
စားရတော့မယ် ဟဲ့ ဆိုပြီး....တူလေး ကိုင်ကာ ရှိသေး.. မောင်လေး ရဲ့ အမှိုက်တွေ ဘာလို့ထည့် လာတာ လည်း သေချာ မှာရဲ့ သားနဲ့ ဆိုပြီး အော်လိုက်တဲ့ အသံထွက်လာတယ်.. ဆိုင်က လည်း ပြန်ကျော် ပေးပါမယ်.. ဘာညာ မပြောဘဲနဲ့ ဖယ်လိုက် ရင် ရတာဘဲ ဆိုပြီး မချေမငံ ပြန်ပြောတယ်.. မောင်လေး ရဲ့ ဒေါသမီး က တော်တော် ပေါက်ကွဲ ပြီး ပိုက်ဆံပစ် ချလိုက်ပြီး လာ မမရွှေစင် ဒါမျိုး ဆိုင် တသက်မစား နဲ့ ဆိုပြီး ဆွဲခေါ်သွားပါတယ်...၊ ကျနော့် မှာတော့ စားရခါနီးမှ.. ပုတ်ချ ခံလိုက်ရတဲ့ ကလေးလေး လို့..... မုန့် ပန်းကန်လေး လှည့်ကြည့် လှည့်ကြည့် နဲ့ ဟင့်..ဟင့်....ပြန်ပြောရင် ငိုချင်တယ်နော်..။
ကဲ.. ဟိုရေး ဒီရေး နဲ့ မုန့်ဟင်းခါး အကြောင်း က ပျောက်သွားပြီ.. မုန့်ဟင်းခါး ကိုတော့ ကောင်းကောင်း မချက်တတ်လို့ ပင်လယ်ပြာက မုန့်ဟင်းခါး အစို ထုတ် ဝယ်ပါတယ်... ငါးဖယ် (ပင်လယ်ပြာ ကဘဲ)..၊ ဘဲဥ.. နဲ့ ကြက်သွန်နီ ဥကြီးများ ငှက်ပျောအူ နုနုလေး များကို ထပ်မန် ဖြည့်စွက် ထားပါတယ်.. တော်တော် ကောင်းပါ တယ်... ပင်လယ်ပြာ ရန်ကုန် မုန့်ဟင်းခါး ပါ။
အောက်က အသုပ် ကတော့ စားဖူး တဲ့ သူ နဲ မယ် ထင်တယ်..၊ ငှက်ပျောဖူး သုပ်ပါ..၊ ငှက်ပျောဖူးကို ငှက်ပျောသီး သေးသေးလေး တွေ ပါတဲ့ အပိုင်းတွေ အားလုံးဖယ်ပစ် ပါတယ်..၊ နောက်ဆုံး ကျန်တာလေး ကိုမှ ဆားထဲ့ ထားတဲ့ ရေးအေး ထဲ ကို ပါးပါးလှီးထည့် ပြီး ခဏစိမ် ထားတယ်..၊ သုပ် ခါနီးမှ ရေ စင်အောင် ညှစ်ပြီး တခြား အသုပ် တွေ သုပ် တဲ့ အတိုင်း သုပ် ပါတယ်...၊ တော်တော် လေး ကို ကောင်းပါတယ်...၊ အချဉ်ကြိုက်ရင် သံပရာသီး လေး တစိတ်လောက် ညှစ်ထဲ့လိုက်ပါ.. ဆွေမျိုးမေ့ သွားပါ လိမ့်မယ်...။
အားလုံး စိတ်ကြိုက် စားတော် မူ ကြပါ....။
ငှက်ပျောဖူး ပုံအား ဓါတ်ပုံ ရိုက်မထားလိုက်ရတဲ့ အတွက် Google မှ ယူသုံးပါ၏။
အားလုံးအား လေးစားလျှက်
စာရေးသူ-ရွှေစင်ဦး
.
ဒေါ်ရွှေစင်ဦး...လုပ်ပါဗျာ နှိပ်စက်ပါ... ကျုပ်တို့က ခင်ဗျားနှိပ်စက်သရွေ့ ခံနေရတာ...ကျလာတဲ့ သွားရည်တွေက လူမြင်လို့မကောင်းဘူး...ပြန်ပြီဗျာ..(အိမ်က အစ်မကို မုန့်ဟင်းခါး ချက်ကျွေးဖို့ ရန်ရှာလိုက်ဦးမယ် ....) :P
ReplyDeleteချစ်ညီမလေး
မင်္ဂလာပါ..
ReplyDeleteဗိုက်စာနေတာနဲ့ ဒီပို့စ်နဲ့ ကွက်တိဖြစ်နေတယ်။
ဗိုက်ထဲကလဲ တကွီကွီ နဲ့ ဗျို့။
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)
ama,i like toooooooooooo much.
ReplyDeleteYangon, Molemine, Ayarwady division, Taung goo, i love and like.
But i don't like 'anyar mont-hin-gar' . hee hee. I never eat after I ate one time in Kyauk padaung.
MN
ချားမယ်
ReplyDeleteAMA
ReplyDeleteI wanna eat now, so hungry . .
ဟာဗျာ ဒီနေရာရောက်တိုင်း ဗိုက်ဆာနေတာနဲ့ တိုးတယ်။ သဇင်တို့ ရန်ကုန်သူတွေကတော့ မုန့် ဟင်းခါးဆို ထမင်းလွတ် တနေကုန်တွယ်တာပေါ့။
ReplyDeleteစားချင်လိုက်တာ။ အနံ့ လေးတောင်မွှေးလာသလိုပဲ။
ဥပုသ်စောင့်ထားလို့ ၁၂ နာရီ မထိုးခင် ကမန်းကတန်း လာစားသွားတယ်။ :P
ReplyDeleteမမရွှေစင်ရယ် ခက်တာပဲ မန်းလေးသူရဲ့....၊ ဒေါ်ရှူဘီ မုန့်ဟင်းခါး သွားစားကြည့် မန်းလေးမှာ အကောင်းဆုံး၊ အုန်းနို့ခေါက်ဆွဲလည်း အဲဒီမှာပဲစားကြည့်၊ အရမ်းကောင်း....တို့ မန်းလေးရောက်တိုင်း စားနေကျ....:)
ReplyDeleteအွန်လိုင်းမှာ အစားအသောက်တွေနဲ့ နှိပ်စက်တဲ့ ပိုစ့်လေးတွေ များလာတော့ ဗိုက်ပြဿ လျှာပြဿနာဖြစ်တော့တာပေါ့။ ရှလွတ်...ငမ်းသွားတယ်။
ReplyDeleteဝင်း ထဲက ဒေါ်ရူုဘီ မုံဟင်းငါး လည်း မကြာမကြာ သွားစားပါတယ်ဗျာ
ReplyDeleteရွှေစင်
မန္တလေးမုန့်တီလုပ်ရင်ပြောနော်..သိပ်ကြိုက်တာ...
ReplyDeleteမုန့်ဟင်းခါးကိုဆန်လှော်လေးနဲ့ အရည်ကျဲကျဲလေး ချက်တာမျိုးကြိုက်တယ်:)
ရန်ကုန်မုန့်ဟင်းခါးကြိုက်တယ်..
ReplyDeleteငယ်တုန်းက..(မေမြိဲု့)
ကျောင်းမှာရောင်းတဲ့ ပဲမှုန့်မုန့်ဟင်းခါးလဲကြိုက်တယ်..
အညာမုန့်ဟင်းခါးပေါ့..
မုန့်ဟင်းခါးဆို ထမင်းလွတ်တောင်စားတတ်တယ်..
ဟင်းချိုမှုန့်..ဟင်းခတ်မှုန့်တွေများတဲ့မုန့်ဟင်းခါးဆို
ရေနွေးရောသောက်တယ်...။
စိုးစိုးမုန့်တီသုတ်လဲ လွမ်းတယ်..
ပေါက်
ဘူးကြော်၊ ပဲကြော်၊ ဘဲဥ၊ ငါးဖယ်နှင့် တစ်ပွဲပေးပါဗျို့။ ဟင်းရည်ထပ်မတောင်းဘူး၊
ReplyDeleteမရွှေစင် တော်တော်ရက်စက်တာပဲ။ မုန့်ဟင်းခါး ဆို အသေကြိုက်။
ReplyDeleteမန်းလေးမုန့်တီသုတ်တို့ ဆန်ပြားသုတ် ဂျုံပြားသုတ်လည်း ရှယ်ပါပဲ။ အညာကတော့ မုန့်ဟင်းခါး မကောင်းဘူး။
မြောင်းမြ ဈေးထဲက မုန့်ဟင်းခါး ပုသိမ်မုန့်ဟင်းခါး အင်မတန် ကောင်း စားဖူးသမျှထဲ အကြိုက်ဆုံးပဲ။
ဗိုက်ဆာတာ မရွှေစင်ရာ
မအယ်
မမရွှေဇင်တို့က လုပ်ပြီ..
ReplyDeleteပုံမြင်တာနဲ့ စားချင်လိုက်တာ..
အဟင့် နှိပ်စက်တယ်..
မရွှေစင်ဦး ကတော့ စားကောင်းတဲ့ မုန့်ဟင်းခါး အကြောင်း ရေးထားပြန်ပြီ။
ReplyDeleteကျွန်တော် ၂ ပွဲလာစားသွားတယ်။ အခု ဗိုက်ဝ လို့  ကဘူး က အိမ်မှာ အိပ်ပြီဗျာ။
ခင်မင်သော
မောင်မောင်
I just woke up and saw your post. Thank you for yummy food. Especially, "ငှက်ပျောဖူး သုပ်" I had them before but I don't know how to make it. I think, tiny baby bananas are bitter.
ReplyDeleteဪ... ဘလော့ လည်ရတာ၊ လူ လည်း ပြိတ္တာလေး ကိုဖြစ်လို့ ပါလား ကွယ်ရို့ ..
ReplyDeleteမြင်သာမြင်ရ မစားရ၍ တောကပြိတ္တာ ဖြစ်မည်တည်းးးးး
ဟင့် .. စားချင်လိုက်တာ ..
ဒီမှာ တော့ မုန့်ဟင်းခါး မည်ကာမတ္တ တွေ ရှိပါတယ် ။ တရုပ်ဗမာ ချစ်ကြည်ရေး မုန့် ဟင်းခါးပေါ့လေ.။ မုန့်ဖတ်က ညှပ်ခေါက်ဆွဲဖတ်နဲ့ ပဲ ။ ရန်ကုန်လို မျှင်မျှင် ချဉ်စုပ်စုပ် မုန့်ဖတ် လေးတွေ တော့ မရှိပါ ။
ရှိတာလေး နဲ့  အာသာ ဖြေရသပေါ့လေ ....း))
မုန့်ဟင်းခါးဆို ဆိုင်မှာစားတာထက် အိမ်မှာစိတ်ကြိုက်ချက်တဲ့
ReplyDeleteလက်ရာကိုပိုကြိုက်တယ်...
ခုလို ဘဲဥငါးဖယ်နှိုင်းချင်းနဲ့ဆို ပိုကြိုက်..
ဗိုက်ဆာတာနဲ့ ညသန်းကောင်
ထပြီးလာစားသွားပါတယ်.. ယောက္ခမကြီးရေ..
၃ပန်းကန်နော်..
မုန့်ဟင်းခါးအတွက်နဲ့ ယောက္ခကိုဖားဖို့ ကျောက်စိမ်းဆွဲကြိုးတစ်ကုံး ဘလော့ပေါ်က ဖြုတ်ပြီး
ထားသွားပေးပြီနော်....း)
ငါ့အမတွေ မကောင်းဘူး...
ReplyDeleteလူကို ငတ်နေပါတယ် ဆိုမှ ဒါတွေ ပြပြပြီး သွားရည်ကျအောင် လုပ်တယ် . . . ရှလွှတ်. .
မရဘူး. . .တကယ် ချက်ကျွေးရမယ် အပြင်မှာ. .။
ရှလွှတ်.. . .ရှလွှတ်. . . .
ReplyDeleteရွှေစင်ဦးရေ--ကျုတ်ကတော့ရန်ကုန်မုန့်ဟင်းခါးရော-
ReplyDeleteပဲနဲ့ ချက်ထားတဲ့အညာမုန့် ဟင်းခါးရောအကုန်ကြိုက်ပါ
တယ်ဗျာ-ခင်ဗျားလုပ်တာနဲ့မနက်လင်းတာနဲ့ မုန့် ဟင်းခါး
ဆိုင်ကိုပြေးရတော့မယ်ထင်ပါရဲ့ ဗျာ-
လုပ်ပုံကိုကစာရေးကလည်းကောင်း
ဓါတ်ပုံထဲကလည်းမုန့် ဟင်းခါးကနံနံပင်တွေနိုင်းခြင်း-
ကြက်ဥတွေကြက်သွန်ဥတွေနဲ့---
ဟာဗျာ-စားချင်လာပြီ
ဘယ်မုန့်ဟင်းခါးမှမကြိုက်လို့..မလွမ်းပါ..
ReplyDeleteမုန့်ဟင်းခါး၊ ကြာဇံဟင်းခါး၊ရခိုင်မုန့်တီကို မိန်းမ ၁၀၀%ကြိုက်ပြီး ယောကျာင်္း ၄၀% ခန့်ကသာကြိုက်ပါသည်
မုန့်ဟင်းခါးတွေထဲမှာ ရန်ကုန်မုန့်ဟင်းခါး အကောင်းဆုံးဆိုတာ ၀င်ထောက်ခံသွားပါသည်။
ReplyDeleteအညာကဆွေမျိုးတွေကို ရန်ကုန်မုန့်ဟင်းခါး ချက်ကျွေးဘူးတဲ့
တီတီဆွိ
မုန့်ဟင်းခါးလာစားတာ..
ReplyDeleteအဲလိုနံနံပင်တွေနဲ့ မစားရတာ ကြာပေါ့ :'(
စားချင်တယ်။ အတွေးနဲ့ အများကြီးစားသွားပါတယ်းP။
ရွှေစင်ရေ.. မုန့်ဟင်းခါးဆို ဘာဘဲဖြစ်ဖြစ်ကြိုက်တယ်။
ReplyDeleteမှတ်မှတ်ရရလေ.. ဧရာဝတီတိုင်း မြောင်းမြရောက်တုန်းက စားဖူးတဲ့မုန့်ဟင်းခါး အရမ်းကောင်းတာ.. ချက်တဲ့သူက ယောက်ျားကြီး.. ငါးသလောက်နဲ့ချက်တာတဲ့.. ဘယ်လိုချက်လဲတော့မသိအရသာလေးပီးး အရမ်းးး ကိုစားကောင်းတာ မှတ်မိသေးတယ်။
နံနံပင်လေးတွေ့တော့လွမ်းမိတယ်.. မစားရတာ ကြာပီ။ ကိုယ်စိုက်ထားတဲ့အပင်လေးတွေလဲ ခရီးထွက်ပီးပြန်လာတိုင်းပိန်လှီပီး သေနေပီး(
ဆရာမရေ ခဏခဏစားရလွန်းလို့အားတောင်နာလာပြီဗျ
ReplyDeleteကိုကိုးအိမ်
မုန့်ဟင်းခါး မွှေးမွှေးလေးစားသွာပါတယ်ရှင် ။
ReplyDeleteမြသွေးကတော့ ညှပ်ခေါက်ဆွဲဖတ်နဲ့ စားရတာကို ပိုနှစ်သက်ပါတယ်။ ဓာတ်ပုံလေးတွေက ဆွဲဆောင်မှု အား အရမ်းကောင်းလို့ သွားရည်တောက်တောက် ယိုချင်လာပါတယ်။
Sis
ReplyDeletePls write more အစား အသောက် အကြောင်း & အညာဟင်း.
I want to eat about အညာဟင်း
Thank you.
ပလွတ်...ပလွတ်..ရွှတ်..ရွှတ်..ငယ်ငယ်တုန်းက မုန့်ရောင်းတန်း ကစားကြသလို စားသွားပါတယ်။ ခရီးသွားနေလို့ အစ်မရယ်။ နောက်ကျသွားတယ်။
ReplyDeleteငါတို့ မန္တလေးသားတွေကတော့ မန္တလေး မုန့်ဟင်းခါး (အညာ မုန့်ဟင်း ခါး)ကို ပိုကြိုက်တယ်။ အညာသားဆိုတော့ ပဲကြိုက်တယ်။ မုန်ဟင်းခါးလဲ ပဲမုန့်ဟင်းခါးဘဲကြိုက်တယ်။ ပဲမုန့်ဟင်းခါး အဲလို ပဲရည်ပျစ်ပျစ်လေးဆို ပိုကြိုက်တယ်။ မိန်းထဲက ရူဘီမှာ အဲလို ပဲမုန့်ဟင်းခါးရတယ်။ ကောင်းတယ်။ ရန်ကုန်မုန့်ဟင်းခါးက ငါးညှီစော်နံတယ် မကြိုက်ဘူး။ ဒါပေမဲ့ မန္တလေးသားတွေက မုန့်ဟင်းခါး ကြိုက်တယ်ဆိုတာရှားတယ်။ မုန့်ဟင်းခါးနဲ့ ရှမ်း ဘာစားမလဲဆိုရင် ရှမ်းခေါက်ဆွဲဘဲစားမှာ သေချာတယ်
ReplyDeleteအမ မန်းလေး မုန့် ဟင်းခါးကို ငါးခူထပ်ထဲ့ ငံပြာရည် ထပ်ထဲ့ မြေပဲလှော်မှုန့် ထပ်ထဲ့ ရင် ရန်ကုန်မုန့် ဟင်းခါး ဖြစ်တာဘဲ။ ကျောက်ပန်းတောင်းမုန့် ဟင်းခါး ဆိုပြီး ကြက်သားနဲ့ ချက်တဲ့ မုန့် ဟင်းခါး စားခဲ့ရဘူးတယ်။ သူငယ်ချင်းအမျိုးကျွေးတာ ခေါ်သွားလို့ စားဖူးတာ။ မပြောရင် မသိဘူး ငံပြာရည် အနံ့  ဖုံးနေလို့ ရန်ကုန်မုန့် ဟင်းခါးဘဲ ထင်နေတာ။ ပြောရအုန်းမယ် သူငယ်ချင်းက သူ့ အိမ်ခေါ်ကျွေးတဲ့ ထမင်းက ဟင်းကျန် ပဲပင်ပေါက်ကြော်နဲ့ ဟင်းကျန် ပုစွန်ဆိတ်ကြော်လေ။ သူများကျွေးတဲ့ သူ့ အမျိုးအိမ် မှာ စားရတာမှ ကောင်းသေး ။ အဲဒီကတည်းက သူ့ အိမ် ထမင်းကျွေးရင် မသွားတော့ ဘူး။ မြန်မာပြည်ပြန်ရောက် တုန်း ရက်နဲနဲမှာ စားချင်တာ စားရမဲ့ဟာ သူကျွေးတဲ့ အရသာ မရှိတဲ့ ဟင်းကျန် နဲ့ ထမင်း စားရလို့  တနပ်စာ လျော့ သွားတာ အတော် စိတ်နာ သွား တယ်။
ReplyDeletehin tha da mont hin gar is the better.
ReplyDeleteဘိတ်ကတ်ကြေးကိုက်ပုံလေးများရှိရင် တင်ပေးပါလားဗျာ.
ReplyDelete