အညာဟင်း အညာဟင်း နဲ့ မလွယ်ဘူးဗျ.. နေ့တိုင်း ဗမာပြည် နေ ပြီး ကိုယ်ကြိုက်တာ ဈေးထဲ ဝယ်ချက် တာတောင် ဟင်းစပ် မတည့်ရင် စားကောင်းတာ မဟုတ်ဘူး...၊ ရာသီပေါ်လေး တွေ လည်းဖြစ်.. ရာသီဥတု အခြေအနေ နဲ့ လည်း ကိုက်မှ စားလို့ ကောင်းတာ..၊ ဒီနေ့တော့ အိမ်က ဂွေးတောက် ရွက်တွေအများကြီး လာပို့ တယ် (အဖူးတွေလည်း အများကြီးဘဲ).. အိမ်ရှေ့ ဗန်ဒါပင် မှာ နှစ်ပေါင်းများစွာ တွယ်ကပ်ပေါက် နေတဲ့ ဂွေးတောက် နွယ်တွေက စားချင်တဲ့ အချိန် စား တခါချက်တော့ ရတယ်.. ဒါပေမဲ့ ဒီလို နုတဲ့ အချိန် ဆိုရင်တော့ အိမ်တွေ လိုက်ဝေ လောက်အောင်ရတယ်..။
ကျနော် တို့ ငယ်ငယ်ကတော့ အိမ်ဝန်း ထဲမှာ ကို ဂွေးတောက်ရုံကြီး ရှိတယ်.၊ စားချင်တဲ့ အချိန် ခူးစားရုံဘဲ..၊ ဘယာကြော် နဲ့ ကြော်..၊ ကြက်ရိုး ဝက်ရိုး နဲ့ ဟင်းရေ ချက် ကောင်းသလားမမေးနဲ့...။
အခု ဂွေးတောက်ရွက်ကြော် ကတော့ ပုဇွန်ခြောက် ကြက်သွန်ဖြူ နီ ခရမ်းချဉ်သီး နဲ့ ကြော်ပါတယ်..၊ မကြော်ခင် ဂွေးတောက်ရွက် သင်ပြီးတဲ့ အချိန်မှာ ရေနွေး နဲ့ ပြုတ်လိုက်ပါသေးတယ်..၊ အခါးပေါ့ အောင်လို့ လို့ ပြောပါတယ် (ချစ်သမီးက) ကျနော် ကြော်ရင်တော့ ခါးချင်လို့ ဂွေးတောက်စားပါတယ်ဆို တော့ မပြုတ်တော့ ပါဘူး..။
နောက်တခွက် ကတော့ ငါးခြောက်ချက်ပါဘဲ.. ဒီနှစ် ဗမာပြည်မှာ ခရမ်းချဉ်သီး တွေ ပေါလိုက်တာ..၊ တပိသာ မှ ၂၀၀ လောက်ဘဲရှိမယ်ထင်တယ်..၊ ဟိုနေ့က ဧည့်သည်တွေ ဝယ်လာပေးတယ်.. အများကြီးဘဲ.. အမှည့်ခံထားစားတာ.. တပတ်လောက်ရှိပြီ.. မကုန်သေးဘူး..၊ အခု ငါးခြောက်ကတော့ အိမ်မှာ ဝယ်ထား တဲ့ ငါးခြောက်ကို တုံးတစ်ပြီး အငံပေါ့အောင် ရေစိမ်ထားတယ်..၊ ခုနက ခရမ်းချဉ်သီးတွေ အများကြီး နဲ့ ကြက်သွန်ဖြူနီ နဲ့ အနှစ်ကို ကြေနေအောင် ဆီသပ်ပြီး မှ ငါးခြောက်ထဲ့..ရေထည်ပြီး ချက်တယ်..၊ ကျက်ခါနီးမှ ငရုပ်သီး စိမ်း အုပ်တယ်.. အနံမွှေးအောင်လို့...။
သရက်သီးကင်း လေးတွေနဲ့ တို့တယ်..၊ ဝ အောင်စားသွားပါနော်..။
ညီမ မိုမိဂျိ ချက် ခိုင်းတဲ့ မန်ကျီးသီးစိမ်း ငါးပိချက်က မန်ကျီးသီး ကြက်ဆူချိန်မှ ချက်လို့ကောင်းတယ်.. အဲဒီကြရင် ချက်ကြွေးမယ်နော်...။
သရက်ကင်း လေးက ရေစိမ်ထားတယ်.. အစီးတွေ ထွက်သွားအောင်လို့..... စားသာစား အားမနာနဲ့.. ဒီနေ့ ဟင်းရေတော့ မချက်လိုက်ရဘူး.. ရေနွေးလေးနဲ့သာ မြောချသွားတော့နော်.. တကယ့် ရွှေဖီမိုးလွတ် လဘက်ခြောက်လေးခပ်ထားပါတယ်..။ ဟင်းစပ်က သိပ်တော့ မလိုက်ဘူး.. နောက်မှ လိုက်ဖက်ညီစွာ ချက်ကျွေးပါမယ်ဗျာ....။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.
သရက်သီးစိမ်း..
ReplyDeleteအမဆိုင်သီးအနေတော်ဆျို အတော်ကျွတ်မှာ ဂွပ်.. ဂွပ်..
ငါးပိရည်နြ့တို့စားလိုက်တယ်..စိတ်ကူးထဲ..
ငါးခြောက်က ဟင်းချက်ရင်ကြိုက်ဖူး။ ဂွေးတောက်ရွက်ကခါးလို့ စားဖူး။
ဂွေးတောက်ရွက်ဟင်းချိုပူပူလေးကို မခါးအောင်ချက်ကျွေးရင်စားမယ်။
ဂွေးတောက်ပင်က အပင်ကြီးဟုတ်ဖူးလားအမ..အနွယ်လား..
ဒီနေ့  သက်သတ်လွတ် စားပါတယ် ဆိုမှ ဟင်းတွေကြည့်ရင်း သွားရည်ကျလာပြီ ..
ReplyDeleteငါးခြောက် ခရမ်းချဉ်သီး ဟင်းခွက် ကြည့်ပြီး ဗိုက်ထဲ တဂြီဂြီပဲ ..
ဂွေးတောက်.. ရွက် လို့  ဘာကြောင့်ခေါ်တာလည်း ..သိလား ..နောက် အသီးလည်းရှိသေးတယ် ..း))
အိမ်က ဖေကြီးကိုတောင် သတိရတယ် ..
ReplyDeleteဖေကြီးလည်း
ဂွေးထောက်ရွက် ဆို အ၇မ်းကြိုက်တာ ...
စာလာဖတ်တဲ့ ဘလော့ဗြမ္မာတွေတော့ မသိဘူး စည်းစိမ်ကတော့ အမကြီးချက်ကျွေးတဲ့ ဟင်းစားပြီး စဉ်းစားမိတယ် ဘ၀ဆိုတာ ချဉ်လိုက် ခါးလိုက် စပ်လိုက် ပါဗျာ အစပ်ပြေ ရေနွေးလေးသောက်တော့လည်း ပူ ဘ၀ဆိုတာ အမကြီးရွှေစင်ဟင်းစားရသလိုပါလားနော်
ReplyDeleteချစ်ညီမ
seesein
မကြီးရွှေစင်ရေ.....
ReplyDeleteနှိပ်စက်နိုင်လိုက်ထှာနော်..........
(ဒါဘဲပြောနိုင်တော့သည်.......း))
ခင်မင်တဲ့
ဏီလင်းညို
ဂွေးတောက်ရွက်ကြော် ကြိုက်တယ်။ မအယ်တို့က မကျဉ်းရွက်နဲ့ ချဉ်ရည် ချက်တယ်။ တခါတလေ ငပိကျက်လိုမျိုး မန်းကျဉ်းရွက်နဲ့ ငပိနဲ့ ငရုတ်သီးစပ်စပ်လေး ကြော်ချက်ကလေး လုပ်တယ်။ သီးစုံပဲကုလားဟင်းနဲ့ဆို လိုက်တယ်။
ReplyDeleteကြက်သာ ဂွေးတောက်ရွက်လည်း အရည်လေး ချက်စား ကောင်းတယ်။
ငါးခြောက် ခရမ်းချဉ်သီးတော့ တအားကြိုက်ပေါ့။ ဂျီတော်ရယ်
ငါးခြောက်နဲ့ ခရးမ်ချဉ်သီးချက်ရယ်
ReplyDeleteသရက်သီးရယ် မြင်တာနဲ့ လုံလောက်ပြီ.
ကျန်တာ ဘာမှမလိုတော့ဘူး..
၃ပန်းကန်တော့ အသာလေးဘဲ
ဟွန့်... မကျေနပ်ဘူး
မနက်ဖန် ခရမ်းချဉ်သီး ငပိချက်ချက်စားဦးမယ်
ငပိတောင် ရှိမရှိ မသေချာသေးဘူး
မနက်ဖန်မှ ရှာကြည့်ရတော့မယ်
ဒီနေ့တော့ အပီအပြင် စိတ်ကူးယဉ်ထားပြီ..
Mama Shwezin,you make me fatter and fatter,I wanna eat all,I am in a hurry now ,to the kitchen!
ReplyDeleteYours lovingly,Watma(Jasmine)
မမရွှေစင်..
ReplyDeleteအညာထမင်းဟင်း လေးက ခဏခဏ တင်ပေးနေသလောက်
ခစခဏ ပဲ သတိရနေတော့ တာလေ။ အညာလေ ကို
တဝကြီးရှု ရင်းနဲ့ ပေါ့ ၊ ပြန်ပြောင်း ချင်သော ပုံရိပ်
များပါပဲ။
ဆက်သွယ်မှုဧရိယာအပြင်ဘက်ရောက်နေလို့ 
နောက်ကျသွားတယ်နော်....။
တမာဖူးလေးတွေပေါ်ပြီလား..
ReplyDeleteသတိရလို့
မမရွှေစင်...
ReplyDeleteငါးခြောက်ချက်နဲ့ သရက်သီးစိမ်းလေး တို့ စားရလို့ ကတော့ ...
thank you, more pls :D!!!!!!!
ReplyDeleteမန်ကျည်းသီးစိမ်း ငါးပိချက်ကို သရက်သီးစိမ်းနဲ့ တို့စားရမှာလား ဟင်.. ချဉ်ရည်ဟင်း လေး ဘာလေး ထပ်ချက်ပါဦးလား.. :P
ReplyDeleteကျေးဇူးပဲ မမရွှေစင်...ဒီမှာ ထမင်းစားချိန် ဒီက အစားအစာတွေ သွားဝယ်လာတာ တစ်စက်မှ စားမကောင်းလို့ အပေါ်က ဓါတ်ပုံလေးတွေကို ကြည့်ကြည့်ပြီးတော့ပဲ မျိုချလိုက်ရပါတယ်... :D
ReplyDeleteချစ်ညီမလေး
ပဲနီလေးဟင်းချို၊ ရခိုင်ငရုတ်သီးထောင်းနဲ့ တမာနုခါးခါး ရေနွေးဖျောလေးတမ်းတမိတယ်ဗျာ။ သင်္ကြန်ပြီးရင်တော့ တမာနုတွေထွက်လောက်ပြီနော်။
ReplyDeleteဟင်းတွေကစားချင်စရာ၊ ဂွေးတောက်ရွက် ထဲ ဘယာကြော် ထည့်ရင် ပိုကြိုက်၊
ReplyDeleteဘာလို့  အညာဟင်းလို့ ခေါ်တာလဲ၊ တူတူပဲ မဟုတ်လား၊
လာတာ နောက်ကျသွားလို့ သူများတွေစားလိုက်တာ ကုန်ပြီထင်တယ်။ ကျမက အခါးကြိုက်တော့ ခွေးတောက်ရွက် ကြိုက်တယ်။ ဒါပေမဲ့ အရည်နဲ့ပဲ ချက်စားဖူးတယ်။ ကြက်သားနဲ့ ခွေးတောက်ရွက်က အရက်ချိုးကျတယ်ဆိုလားပဲ။ ကြားဖူးတယ်။ ခွေးတောက်ရွက်ကို မရွှေစင်လို ကြော်မစားဖူးဘူး။ သရက်သီးစိမ်းလေးတွေကလဲ စားချင်စရာ။ ငါးခြောက်ချက်လဲ ကြိုက်တယ်။ စောစောစီးစီး ဗိုက်ထဲကဂွီနေပြီ မရွှေစင်ရေ ... ဒါနဲ့ အောက်ဆုံးက ဖန်ခွက်က ရေနွေးကြမ်း ဟုတ်ရဲ့လား။ ဘာလိုလို ညာလိုလို ဖြစ်နေလို့ :)
ReplyDeleteမင်္ဂလာပါ ရွှေစင်..
ReplyDeleteငပိစိမ်းထောင်းလေးနဲ့ အညာပဲလှော်လေးများ ထပ်ပိုးလိုက်လို့ကတော့.... ဆွေးမျိုးမေ့သွားမယ်...
ခင်မင်စွာဖြင့်
ကိုမျိုး
သရက်သီးစိမ်းလေးတကိုက် ကိုက်ပြီး ငပိရည်နဲ့ တို့စားလိုက်ရရင်တော့ဗျာ
ReplyDeleteပြောရင်းနဲ့ သရေယို ချင်ပြီ ။ မြန်မာပြည်ကလူ တွေက မြန်မာဟင်းလေးတွေ ချက်ပြတိုင်း အဝေးရောက်နေရတဲ့သူတွေ သရေယိုရတာ တအား သနားဖို့ကောင်းတယ်နော်။
ညီမလည်း အညာသူဆိုတော့ စာဖတ်ပြီး အိမ်လွမ်းသွားတယ်..ဟင့်..။ ငါးပိရည်နဲ့ သရက်သီးစိမ်းတို့
ReplyDeleteပြီး ခွေးတောက်ရွက် ဟင်းချိုကို ပူပူလေးလုပ်သောက်လိုက်ရရင် ဆွေမျိုးမေ့ပဲ..:D