ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ ဆိုတဲ့ ရန်သူမျိုး ၅ ပါး (ဘေး ၅မျိုး) ထဲမှာ ဘယ်ထဲမှာမှ မပါတဲ့ သရဲ ဘေး ကြောင့် မန္ထလေး ပြန်ရောက်ခဲ့ရ ပေမဲ့ သိပ်တော့ မပြန်ချင်သေးဘူးဗျ..၊ အလုပ် Tension တွေ Stress တွေနဲ့ ဝေးဝေး နေရတာ ဘယ်လောက် ဇိမ်ကျ တယ်ဆိုတာ နေဘူးမှသိတယ်..။
လာပါပြီဗျာ...ဒါပေမဲ့..၊ ဒါပေမဲ့ ကတော့ မန္တလေး ပြန်ရောက်တဲ့ အချိန်မှာ မထင်မှတ်တဲ့ ဒုက္ခ က စောင့်နေတာပါဘဲ..၊ ကျနော် ရဲ့ လုပ်ဖော်ကိုင်ဖက် အလုပ်လက်မဲ့ လေးတွေပေါ့..၊ ကျနော် ထွက်ပြီး တယောက်ပြီး တယောက် လိုက် ထွက်လိုက်ကြတာ သင်တန်း တခုလုံး သင်မဲ့ Lecturer မရှိ Instructor မရှိနဲ့ သင်တန်းလည်း တပတ်လောက် ပိတ်လိုက် ရတယ်ပြောတယ်..။
ကျနော် အလုပ်ထွက်မယ် လို့ MD ကို ပြောပြီး တဲ့ နောက် သူတို့ကို တခါထဲ ပြောထား ပြီးသားပါ.. အခုကိစ္စက ကျနော်နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ကိစ္စ၊ တခြားလူ တွေနဲ့ လည်း မဆိုင်ဘူး ကျနော် လည်း ဆက်မလုပ်ချင်တော့လို့ အလုပ် ထွက်တာပါ..၊ အားလုံးဘဲ အဆင်ပြေ သလောက် ဆက်လုပ်ကြပါလို့ သေချာပြောထားတာပါ..၊ ဒီကြား ထဲက ဖြစ်သွားတာတွေပါ..။
ကျနော် က ကိစ္စမရှိဘူးဗျ..ကျွေးမယ့် ချစ်ချစ်ကြီး ရှိတယ်..၊ ကျနော် ရတဲ့ လစာက ကျနော့် အတွက် ဒီလောက် အရေးမပါဘူး.၊ ဒါပေမဲ့ ကျနော့် ဝန်ထမ်း တွေထဲမှာတော့ အရေးပါတဲ့ သူတွေ အများကြီး ရှိတယ်..၊ တချို့ က မာစတာ တက်ပြီး အဆောင်နေ အလုပ် လုပ်နေတာ..၊ တချို့ကလည်း နယ်ကနေ ဒီအလုပ်တခု အမှီပြုပြီး အဆောင်နေ စားသောက်နေတာ..၊ တချို့ကလည်း မိသားစု အဆင်မပြေဘူး ဒီလခကို အမှီပြုနေတာ...၊ ကျနော် က လစာလည်း အဲဒီအချိန် က ဝန်ထမ်း အားလုံး အဆင် ပြေအောင် ဆုံးဖြတ် ပေးထားတာဆိုတော့ တခြား အလုပ်တွေထက် စာရင် များတယ် လို့ ပြောလို့ ရတယ်ဗျ..၊ နောက်ပြီး အဆင်မပြေ တဲ့ ဝန်ထမ်း ဆိုရင်လည်း Special User သင်ဖို့ ထပ်ပေးထားတာ ဆိုတော့ လစာက က များတယ် လို့ ကို ပြောလို့ရပါတယ်..။
အလုပ်မရှိရင် သူတို့ ဒုက္ခက စတော့မယ်..၊ အဲဒီ ဒုက္ခက ကျနော် နဲ့ သက်ဆိုင်နေတာ ဆိုတော့ အလုပ် ထွက်ရတာ ထက်တောင် စိတ်ညစ်ပါသေးတယ်ဗျာ..၊ အလုပ်ထွက်တဲ့ အထဲမှာ ခေါင်းဆောင်ကြီး ကျနော့် ကို အတော် ယုံကြည် ကြတဲ့ သူဌေး ဘော်ဘော် တွေလည်း ပါတယ်ဗျ....၊ သူတို့က ကျနော် တို့ စုပြီး သင်တန်း တခု ဖွင့် မယ်ပေါ့..။
မပြီးနိုင်တဲ့ ဒါပေမဲ့ တွေက စပြီဗျ..ဘယ်မှာလည်း ကျနော့်မှာ အစုရှယ်ရာ ထဲ့ ဘို့ပိုက်ဆံ..ချစ်ချစ်ကြီး တောင် အရင်းပြုတ်လို့ ဆိုင်ကယ်လေး ဖွတ်ချက် ဖွတ်ချက် လုပ်နေတာ..၊ ကျနော့် ကို ယုံကြည်တဲ့ အတွက် ကျေးဇူးတင်ပါတယ်..၊ ဒါပေမဲ့ ကျနော် တို့ ကွန်ပျူတာ သင်တန်း ဆိုတာ အရင်း အရမ်းကြီးပါတယ်..၊ ခင်ဗျား တို့ တတ်နိုင်ပေမဲ့ ကျနော် မတတ်နိုင်ပါဘူး..နောက်ပြီး ကျနော်ဟာ တရုပ်သူဌေး ပိုက်ဆံနဲ့ တော့ သတ္တိ ရှိတယ်ဗျ..ကျနော် ဘော်ဒါတွေ ပိုက်ဆံနဲ့ တော့ သတ္တိမရှိဘူး.. မတော်တဆများ အရှုံးပေါ်ခဲ့ရင် ကျနော် ဘော်ဒါတွေကို အရှုံး မခံစေချင်ဘူး..အဲဒါကြောင့် ကျနော် ကို ယုံကြည်မှု့ အပြည့် ရှိတဲ့ ကျနော့် ရဲ့ ဘော်ဘော် တွေကို ငြင်းဆန်ခဲ့ ပါတယ်..၊ ငြင်းဆန် ရတဲ့ အတွက် ကျနော့် ရဲ့ ခံစားချက်.. ကလည်း ပြင်းထန် ပါတယ်..၊ ကျနော် သတ္တိ နဲ ခဲ့ တာလည်းဝန်ခံပါတယ်...။
ကျနော် တို့ မြန်မာတွေချမ်းသာ တယ်ဆိုတာ သိတဲ့အတိုင်းဘဲ လွယ်လွယ် ရထားတာတွေတခုမှ မပါဘူး..၊ ပိုက်ဆံ ကတန်ဘိုးရှိတယ်..၊ နောက်ပြီး သူတို့ သိမထားတဲ့ ကုန်ကျစရိတ် တွေ အခက်အခဲတွေ ကျနော် အကုန်သိတယ်..။ သူတို့ စုလုပ်မဲ့ ပိုက်ဆံလောက်နဲ့ လည်း မဖြစ်နိုင်ဘူး.. ဖြစ်အောင်လုပ်ရင်တော့ ရမယ်..ဒါပေမဲ့ အဆင့် မမှီဘူးပေါ့ ဗျာ.. အဲဒီမှာ ကျနော် စိတ်ညစ်ညစ် နဲ့ ငြင်းခဲ့ ရတဲ့ ဒုက္ခ ကလည်း ကြီးပါတယ်..။ ဒါက ပိုက်ဆံ ရှိတဲ့ ကျနော့် ဘော်ဘော် တွေ အတွက် ဒုက္ခ..။
နောက် ဒုက္ခ တခုက ငွေ မရှိဘဲ နဲ့ ကျနော့် ကို ခင်မင်ယုံကြည်လွန်းလို့ အလုပ်လက်မဲ့ ဖြစ်သွားတဲ့ ဘော်ဘော် တွေအတွက် ဘယ်လို လုပ်ရမလည်း ဆိုတဲ့ ဒုက္ခ ..၊ အဲဒီ ဒုက္ခ နှစ်ဘက်..နဲ့ အိပ် ရတာ၊ ည ည သရဲ ခြောက်မှာ ကြောက် ပြီး အိပ်ရတဲ့ ဒုက္ခထက်တောင် ပိုပါသေးတယ်ဗျာ..။
နောက်တော့လည်း ကျနော့် ညီမ လုပ်တဲ့ သူမျက်နှာ..၊ ကျနော် ကို ချစ်ခင်ကြတဲ့ မိတ်ဆွေများ မျက်နှာ ကြောင့် အလုပ်လက်မဲ့ လေးများကို တလ အတွင်းမှာဘဲ ဟို ၂ယောက် ဒီ၁ယောက် နဲ့ အားလုံးကို အလုပ်ရှာ ပေးလိုက်နိုင်ပါတယ်..။
ကျနော် လည်း တသက်စာ နောင်တ ရပြီး ငါ ဟာဖြင့် မည်သူ့ အလုပ် နဲ့ မှ မတန် ဘယ်အလုပ် နဲ့ မှ လည်း ဟန်မှာ မဟုတ် ဒါကြောင့် Company အလုပ် ဆိုတာကြီး ကို သက်ဆုံးတိုင် Good Bye သာလုပ် ဟဲ့ လို့ အကြိမ်ကြိမ် ရွတ်ဖတ်ရင်း ဒီဘဝ သည်မျှသာ ဆိုပြီး တာ..တာ ပြခဲ့ ပါတယ်ခင်ဗျား..။
(ဒါဟာ ဒုတိယ အကြိမ် နဲ့ နောက်ဆုံး အကြိမ် ကျနော် လုပ်ခဲ့တဲ့ အလုပ်တခုပါ..)
ကျနော်တို့ အလုပ်ထွက် သွားပြီးတဲ့ နောက်မှာ MD ကကွန်ပျူတာ တက္ကသိုလ်ဆင်း တွေကို ခေါ်ပြီး သင်တန်း ကိုဆက်ဖွင့် ခဲ့ပါတယ်..။
ကျနော်လည်း နဲနဲ မှကို စိတ်မဝင်စားတော့ ပါဘူး....ဒါပေမဲ့ ကျနော် စိတ်ဝင်စားတဲ့ အချိန်မှာတော့.....
( နောက်ဆက်တွဲ အနေနဲ့ အလုပ် ၂ ခုလုပ်ခဲ့ တဲ့ အတွေ့အကြုံ တွေ ပေါ်မှာ သိခဲ့ ရတဲ့ အသိ တွေကို နဲနဲလောက် ပြောချင်တဲ့ အတွက် အပိုင်း (၄) ကို ဆက်ချင်ပါသေးတယ်.. ကျနော့် အသိက နဲနဲ လေးပါ ဒါပေမဲ့ ဒီဘလော့ လေး မှာ ကျနော် ကြုံခဲ့ ရတာတွေကို မှတ်တမ်းသဘွယ် ထားချင်လို့ ရေးခွင့်ပြုပါ.. ကျေးဇူးတင်ပါတယ်....)
အပိုင်း (၄) မှာ ဆက်ရအောင်
.
အပိုင်းလေးကို စောင့်ဖတ်ပါမည်။
ReplyDeleteရေးပါ..ရေးပါ...
ReplyDeleteရေးသမျှဖတ်မယ်...
သံယောဇဉ်ပေါ့ဟယ်...ရွှေစင် အလုပ် ပြန်ရှာ ပေးလိုက်တယ် ဆိုတော့ ကုသိုလ်ရပါတယ်...
ReplyDeleteReally amazing.
ReplyDeleteThat is one of the reasons why i am impressed of your attitude.
waiting for ---------
Ray
Really amazing.
ReplyDeleteThat is one of the reasons why i am impressed of your attitude.
waiting for ---------
Ray
"ဘယ်သူသေသေ ငတေမာရင်ပြီးရော" ဆိုတဲ့ စိတ်မျိုးမထားနိုင်တဲ့သူတွေအဖို့ရာမှာ ဒီလိုပဲခံစားရတတ်ပါတယ်။
ReplyDeleteချစ်ညီမလေး