Thursday, December 17, 2009

ဆရာကြီး အီကြာကွေး

 ဂုရုကွေး အသက်၂၀၀၀
နိုင်ငံကျော် ဟာသ စာရေးဆရာကြီး အီကြာကွေး
ကဗျာဆရာကြီး ဓနုဖြူ ကျော်ထွန်း
၁၉၃၈-၂၀၀၉

မြန်မာပြည် မဂ္ဂဇင်း များတွင် ဟာသ ဆောင်းပါးများ၊ သရော်စာများ၊ ဟာသ ဝတ္ထုတိုများ၊ ကဗျာများ လစဉ် ရေးသား ခြင်းဖြင့် စာဖတ်သူများအပေါ်တွင် စာပေ ဝတ္တရားကျေပွန်စွာ ထမ်းဆောင် ခဲ့ ပြီး တသက်တာလုံး စာရေးခြင်း သက်သက် ဖြင့် အသက် မွေးဝမ်းကြောင်း ပြုခဲ့သော အသက် ၂၀၀၀ ဂုရုကွေး ကြီး ကွယ်လွန်သွားကြောင်း ဂုရုကွေး ပရိသတ် များအား ဝမ်းနဲကြေကွဲစွာ ဖြင့် အသိပေး အကြောင်းကြား အပ်ပါသည်။


၁၉၅၄ ခု နှစ်မှ စ၍ မကွယ်လွန် မှီ အချိန်ထိ ဓနုဖြူ ကျော်ထွန်း အမည်နဲ့ ကဗျာပေါင်း ၁၂၀၀ ကျော်၊ ဝတ္ထုတို ၈၀ ကျော်၊ ဝတ္ထုရှည် ၃ ပုဒ် အပါအဝင် အီကြာကွေး အမည် နဲ့ လုံးချင်းစာအုပ် ၂၀ ကျော်ရေးသားခဲ့ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားတာ ဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပြီဖြစ်ပါတယ်။ ဆရာ့ ရဲ့ ဈာပန အခန်းအနားကို ဒီနေ့ ရေဝေး သုဿန် မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

တကိုယ်တည်း လူပျိုကြီး ဘဝဖြင့် အသက် ၂၀၀၀ မနေခဲ့ရသော ဆရာကြီးကွေး အတွက် အထူးဝမ်းနဲ ကျေကွဲမိကြောင်း မှတ်တမ်း တင်အပ် ပါသည်။

.

3 comments:

  1. စိတ်မကောင်းစရာပါပဲ ..
    စာပျော်ပျော်တွေ ရေးတတ်တဲ့ ဂုရုကြီး တစ်ယောက် လျော့သွားတာ အမှန် နမြောစရာပါ ..

    ReplyDelete
  2. စိတ်မကောင်းစရာပာပဲ။ ကျွန်တှောငယ်ငယ်ကတည်းက သူ့ရဲ့ ဟာသာဝတဿထုတွေနဲ့ ကြီးပြင်းလာခဲ့ရတာ။

    ReplyDelete

thank you to say so