အခန်း ၄.၁
ဒီနေ့ သားကြီးကို သူ့အဖွားအိမ် သွားခိုင်းလိုက်တယ်၊ သားကြီးက မသွားချင်ဘူး၊ စိတ်တော့ မကောင်းဘူး ဒါပေမဲ့ အတင်းသွားခိုင်းလိုက်တယ်၊ ဒီလိုပျော့ညံတာတွေကို မကြိုက်ဘူး၊ သူ့အဖေ နဲ့ တပုံစံထဲ ဖြစ်နေတယ်..။ သူ့ အဖေ ကလည်း ဘာတွေ ဖြစ်နေတာလည်း....နားမလည်နိုင်အောင် ဖြစ်နေတယ်။
ကျနော့် ဘဝ တလျှောက်လုံး စိတ်ကူးယဉ်တာ ဆိုလို့ ဒီယောက်ကျားနဲ့ ယူမိတာဘဲ ရှိတယ်..၊ ဒါလည်း ကျနော့် ကသူ့ကို ချစ်လွန်းလို့ တော့ မဟုတ်ဘူး၊ သူကချစ်လွန်းလို့ ဒီလိုဖြစ်သွားခဲ့ရတယ်။ မတူညီတဲ့ ဘဝ ၂ ခုကို ပေါင်းစီးချင်တဲ့ သူ့ အပြစ်လား၊ အစကထဲက မဖြစ်နိုင်မှန်း သိရက်နဲ့ ပေါင်းစည်းဖို့ ဆုံးဖြတ်ချက် ချခဲ့တဲ့ ကျနော့် အပြစ်လား။
ကျနော် က ငယ်ငယ်လေး ကထဲက ပါးပါး နဲ့ လိုက်ပြီး ဈေးထဲမှာ ဈေးရောင်းရတယ်၊ အမေ က ဘယ်တော့ မှ မလိုက်ဘူး၊ အိမ်မှာဘဲ ထမင်းဟင်းချက်တယ်၊ နောက်ပြီး ကျနော် တို့မှာ ညီမ ၂ ယောက်ထဲဘဲ ရှိတာဆိုတော့ ကျနော် မှ ပါးပါး ကို မကူရင် ဘယ်သူ ကူမှာလည်း။ အမေကလည်း တအားအေးတယ်၊ ညီမ ကြတော့လည်း ကျနော် လို ပညာတပိုင်းတစ ဖြစ်မှာ စိုးလို့ ပညာလည်းထူးချွန်လို့ ကျနော် ဘဲ ဈေးရောင်းခဲ့တာပါ။
ကျနော် အဖေ ကတရုပ်စပ်တယ်၊ အမေ က ရခိုင်၊မြန်မာ၊ အဲဒီတော့ ကျနော် က သိပ်လှတာပေါ့၊ ကိုယ် ကို ကိုယ် သိပ်လှတယ် လို့လည်း မပြောချင်ပါဘူး၊ ကျနော် ဘဝ မှာ လှနေလို့ နုနေလို့မှ မရတာ၊ ဒါတွေ ကို သူနားမလည်ဘူး၊ ကျနော် နေရတဲ့ ဘဝ က ကြမ်းတမ်းတယ်၊ သူ လည်းသိတယ်၊ ဒါကို သက်သက်မဲ့ ရှေ့တိုးခဲ့တာ၊ ရှေ့တိုးရင်လည်း သေချာတိုးပေါ့၊ အခုတော့ ယောက်ကျား တယောက် မဟုတ်တဲ့ အတိုင်းဘဲ၊ လုပ်သွားလိုက်တာ၊ကျနော် ကတော့ မုန်းတယ်၊.. ဒီလို ဘဝ ကိုအရှုံးပေးသွားတဲ့ ယောက်ကျား တယောက်ကိုမုန်းတယ်။
ကျနော် က ဈေးချိုထဲမှာ ဈေးရောင်းတာ၊ လပြည့်လကွယ် ဈေးပိတ်တယ်၊ သြ ဈေးချို ထဲမှာ ဈေးရောင်းတာ ဆိုလို့ တကယ့် သူဌေး ဈေးဆိုင်ခန်း တွေ မြင်ပြီး အထင်ကြီးမသွားနဲ့ အုန်း၊ ကျနော် ရောင်းတာက ဝက်သား၊ ဆိုင်ခန်း နဲ့ ရောင်းတဲ့ အကြီးစား အသား သည်ကြီးတွေ မဟုတ်ဘူး၊ သူတို့ စီက တဆင့် ပိသာ ၃၀ဆို ၃၀ ၊ ပိသာ ၂၀ ဆို ၂၀ တဆင့် ခံရောင်းရတဲ့ တဆင့်ခံဈေးသည်ပါ။
ပါးပါး ရှိတုန်းကတော့ အတူတူ ရောင်းတာပေါ့၊ ပါးပါး ဆုံးသွားတော့ ကျနော် တယောက်ထဲ ရောင်းရတာ၊ အမေ နဲ့ ညီမ ကတော့ အကုသိုလ် များပါတယ် သမီးရယ် တခြားဟာဘဲ ပြောင်းရောင်းရအောင်ပါတဲ့၊ တသက်လုံး ကျနော် က ဒါဘဲ ရောင်းလာတာ ဆိုတော့ တခြားဟာ တခုခု ပြောင်းမယ်ဆိုတော့ ဘာပြောင်းရမှန်း မသိဘူး၊ ဒါနဲ့ ဘဲ ဆက်ရောင်းဖြစ်သွားတာ။
အခန်း ၄.၂
ကျနော် က ဘဲ ကုသိုလ် မကောင်းတာလား၊ သူကဘဲ ကြမ္မာ ငင်ချင်တာလားတော့ မသိဘူး၊ ကျနော်တို့ ဈေးပိတ်ရက် နဲ့ ဆက်ပြီး တော့ ကျိုက်ထီးရိုး ဘုရားဖူး ထွက်ကြတယ်၊ ဈေးရုံထဲက သူငယ်ချင်း တွေနဲ့ ကျနော့် ကျောင်းနေဘက် သူငယ်ချင်း ဟောင်းတွေနဲ့ဆို အယောက် ၂၀ လောက် ရှိတယ်၊ ရွယ်တူတန်းတူ အချောအလှ တွေကြီးဘဲ ဆိုတော့ ရထားတတွဲ လုံးက ငေးနေတော့တာပေါ့။
အဲဒီထဲကမှ ကျွန်တော် တယောက်ထဲ ကိုဘဲ ရွေးငေးနေတဲ့ သူကို စပြီးတွေဆုံခဲ့တော့တာပါဘဲ၊ သူက ရန်ကုန်မှာ ကျောင်းသွားတက် မဲ့ စက်မှု့တက္ကသိုလ် ကျောင်းသားတဲ့၊ အဲဒီက စပြီးတော့ ကျောင်းတောင် မဝင်နိုင်ဘဲ ကျနော် တို့ ဘုရားဖူးသွားတဲ့နောက် တောက်လျှောက် လိုက်လာတော့တာဘဲ။
ကျနော်လည်း စစခြင်းတော့ ဈေးချိုမှာ ဈေးရောင်းတာဘဲ သူသိတာဆိုတော့ အသေးစိတ် တော့ မပြောမိဘူးပေါ့၊ ဒါပေမဲ့ နောက်ဆုံး ကျနော်တို့ မန္တလေး ပြန်မယ်လုပ်တော့ သူ နောက်ဆုတ်ချင်ရင် နောက်ဆုတ် လို့ရအောင် ပြောခဲ့ပါတယ်။ အဲဒါ မှန်သော သစ္စာပါ၊ သူ ဘာသာ သူ ပြောမရဆိုမရ အတင်း ရှေ့ဆက်တိုးခဲ့တာပါ။ သူ ရှာကျွေးမယ်တဲ့၊ ဘာဈေးမှ မရောင်းရဘူးတဲ့၊ သူ့ ကိုသာ အချိန်ပေးပါဆိုပြီး ပြောခဲ့တာပါ။
နောက်တော့ မန္တလေး တလ တခေါက်လောက် ပြန်လာပြီး အခြေပျက်လွန်း တဲ့ သူ့ကို ကြည့်ပြီး သူ့မိဘ တွေ သိသွားတော့တာဘဲ၊ ကျနော် နဲ့လား ဘယ်သဘောတူပါ့ မလည်း။ သူတို့ကလည်း မချမ်း သာပါဘူးတဲ့၊ ဒါပေမဲ့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့ သူနဲ့ဆိုရင် တော့ ရပါတယ်တဲ့၊ ကျနော်လို အသားသည် နဲ့တော့ သဘောမတူဘူးပေါ့။
အဲဒီမှာ မောင်မင်းကြီးသားက တစခန်း ထတော့တာပါဘဲ၊ ဈေးမရောင်းနဲ့တော့ပေါ့၊ ကျနော်လည်း သဘောမတူ ဘူးဆိုကထည်းက ဒေါသဖြစ်နေတာဆိုတော့ ရောင်းမှာဘဲ၊ ခင်ဗျား နဲ့လည်းပြတ်တယ်ဗျာ လို့ပြောတော့ ငိုယိုပြီး၊ တထစ်လျှော့လာတယ်၊ တခြား ဟာရောင်းပါတဲ့၊ ကျနော်လည်း တခြားဟာ ရောင်းဘို့ ဘယ်မှာလည်း ဈေးရင်း၊ နောက်ပြီး ကျနော်က ဒါဘဲရောင်းတတ်တာလို့၊ နောက်တော့ ခင်ဗျား ရှာကျွေးရင် မရောင်းတော့ဘူးလို့ တထစ်လျှော့လိုက်တော့လည်း သူ့မိဘ တွေက သဘောထား ပြောင်းမလာဘူး၊ ဒါနဲ့ ကျနော်လည်း သူ့မိဘတွေ အမြင်ကတ် တာနဲ့ နှစ်ဦးသဘောတူ ရုံးတက်လက်ထပ် လိုက်တယ်။
အခန်း ၄.၃
သူ လား ဘယ်ကျောင်းပြီးသေးမှာလည်း၊ ကျောင်းပြီးဘို့၂နှစ်လို သေးတယ်၊ ကျနော် ထားပေးရတာပေါ့၊ အဲဒါကို စိတ်ကူးယဉ်သေးတာ ကျောင်းဆက်မတက်တော့ဘူး၊ သူလုပ်ကျွေးမယ်ပေါ့၊ ရီချင်လိုက်တာဗျာ၊ သူက ဘာလုပ်နိုင်မှာလည်း ဘာလုပ်တတ်မှာလည်း၊ အဲဒါနဲ့ သိပ်စိတ်ကူးယဉ် မနေနဲ့ လို့ ကျနော် တယောက်ထဲတင် ခင်ဗျားလုပ်ကျွေးရမှာ မဟုတ်ဘူး။
ကျနော့် အမေလည်း လုပ်ကျွေးရအုန်းမှာ၊ ကျနော့် ညီမလည်း ကျောင်းထားပေးရအုန်းမှာ။ နောက်ပြီး ကျနော့် ဘိုက်ထဲမှာလည်း တယောက်ရှိနေပြီဆိုမှ ပိုဆိုးသွားတယ်၊ လုံးဝ ကျောင်းမတက်နိုင်တော့ဘူးတဲ့၊ အဲဒီမှာ ကျနော်နဲ့ အကြီးအကျယ် ရန်ဖြစ်ကြတာပေါ့၊ ကျနော် ကလည်း ကိုယ်နဲ့ရမှ သူတို့သား ကျောင်းမပြီးပါဘူးဆိုတာကို အဖြစ်မခံနိုင်တာ၊ နောက်ဆုံး ကျနော် အမျိုးမျုးိ အကြပ်ကိုင်မှ ကျောင်းသွား တက်တော်မူတယ်။
သူကျောင်းပြီးတော့ သားကြီးတောင် တနှစ်သားရှိနေပြီ၊ အဲဒီမှာ တခါ တစခန်းထ ပြန်တယ်၊ ဈေးမရောင်း နဲ့တော့တဲ့၊ အဲဒီအချိန်မှာ ကျနော်လည်း သားငယ် ကလည်းဘိုက်ထဲမှာ ရှိနေပြီ၊ ညီမကလည်း ကျောင်းပြီးသွားပြီဆိုတော့ ကျနော်တို့မိသားစုနဲ့ အမေတယောက်ကိုတော့ သူလုပ်ကျွေးနိုင်မယ် ထင်တာပေါ့၊ နောက်ပြီး သားငယ် ကိုယ်ဝန်ရှိတဲ့ အချိန်မှာ ကျနော့် ကျန်းမာရေးလည်း သိပ်မကောင်းဘူး၊ ဒါနဲ့ သူလည်းအလုပ်ရ ဆိုတော့ ကျနော် လည်းဈေးရောင်းတာ လုံးဝ နားပြစ်လိုက်ပါတယ်။
အဲဒီမှာ သားငယ် မွေးပြီးတဲ့ အချိန်ထိ သူ လခနဲ့စားလာတာ၊ ကျနော် တသက်လုံး ရှာထားသမျှ ပြောင်ပါရော၊ ကျနော့် ရှိသမျှ ရွှေတွေလည်းကုန်တာပါဘဲ၊ ပြောရင် ယုံမှာ မဟုတ်ဘူး၊ သူ့လခ က ကျနော် ဈေးရောင်း တဲ့ တနေ့ဝင်ငွေ မမှီဘူး၊ အဲဒီတော့ ကျနော်လည်း ဒီလိုနေလို့ တော့ မဖြစ်ဘူး ကျနော့် မှာလည်း သား၂ယောက်ရှိလာပြီဆိုတော့ ကျနော် ဈေးပြန်ရောင်းမယ်ပြောတော့၊ လုံးဝလက်မခံဘူး၊ သူ့ သား ၂ ယောက်ကို ကျနော်လို မဖြစ်ရဘူးတဲ့၊ ကဲကြည့်အုန်း ကျနော် တို့လည်း နေ့တိုင်းရန်ဖြစ်တာပေါ့၊ နောက်တော့ သူက ကျနော်သုံးလောက်အောင် သူခိုးလည်းမလုပ်နိုင်ဘူးတဲ့၊ ဓါးမြလည်း မလုပ်နိုင်ဘူးတဲ့၊ မင်းဈေးရောင်းရင်တော့ ငါ အလုပ်ထွက်ပြစ်မှာတဲ့၊ ကျနော်လည်း ထွက်ပေါ့။
အဲဒီမှာ ကျနော်တို့ နှစ်ယောက်ရဲ့ ဇာတ်သိမ်းခန်းစတော့တာပါဘဲ၊ ကျနော်လည်း အရင်းကလည်း နဲ၊ ပိုက်ဆံကလည်း တအားရချင်တော့ အကုန်လုပ်တော့တာပါဘဲ။ အဲဒီမှာ သူကလည်း အရွဲ့တိုက်ပြီး ဘာမှ မလုပ်ဘဲ အိမ်မှာဘဲနေတော့တာဘဲ၊ သားတွေကိစ္စတော့ လုပ်တာပေါ့နော် သားတွေစာသင်တာနဲ့ ကျောင်းပို့တာတို့ ဘာတို့ပေါ့၊ အဲဒါကြောင့် သား၂ယောက်က သူနဲ့တူပြီး အရမ်းပျော့ညံနေတာ။
သူ့ကိုကျနော် အလုပ် လုပ်စေချင်တာကလည်း သူ့ပိုက်ဆံမက်လို့ မဟုတ်ပါဘူး၊ သားတွေ ဂုဏ်ရှိအောင်ပါ၊ ဒါလည်း နားမလည်ဘဲနဲ ကျနော် ဈေးရောင်းတာဘဲ ရမယ်ရှာ နေတော့ တာဘဲ၊ ရန်ဖြစ်ရတာလည်း နေ့တိုင်း၊ နောက်တော့ ကျနော် အခုယူထားတဲ့ ကျနော့် နဲ့ အလုပ်အတူ လုပ်နေတဲ့ တယောက်နဲ့ စွပ်စွဲ တော့တာပါဘဲ။ ကျနော် လည်းကိုယ်မှ မဟုတ်တာ နဲနဲလေးမှ မဆင်ချင်ပါဘူး၊ အဲဒီမှာ သူ ဒီလိုလုပ်သွားတော့တာဘဲ..။
နောက်တော့ သူ့ ဒိုင်ယာရီ ကိုကျနော် ဖတ်ရတယ်............၊ အဲဒီမှာ..............။
အခန်း (၅) ဆက်ရန်
ီ

No comments:
Post a Comment
thank you to say so