ကျနော် အလုပ်တွေလုပ်ခဲ့ရပါတယ်၊ ဘဝမှာ ဘာအရေးကြီးဆုံးလည်း ဆိုတာ ဘဝပေး အသိရသိခဲ့ ရပါတယ်။ လူအမျိုးမျိုးနဲ့ ဆက်ဆံ ခဲ့ရတော့ လူတွေအကြောင်း ကိုနားလည်ခဲ့ပါတယ်။
ကျနော် အလုပ် လုပ်တော့ စာတိုက်ကြီးနဲ့ စာပို့သမား က တော်တော် အရေးပါ ပါတယ်။ စာတိုက် မှာ ငွေ သွားသွား ထုတ်ရတာကိုးဗျ။ စာပို့သမား ကလည်း စာတွေယူလာပေး၊ ငွေပို့လွှာတွေ ယူလာပေးဆိုတော့ သူလာမဲ့ အချိန်ကိုမျှော်ပြီး အလုပ် လုပ်ရတယ်။ ပြန်စာတွေကိုလည်း သူနဲ့ဘဲ ပြန်ထည့်ပေးရတာကိုး။
ဒါပေမဲ့ သူစာပို့ရတာ ကျနော်တို့ တအိမ်ထဲမှ မဟုတ်တာ၊ အဲဒီတော့ ကျနော်တို့အိမ်ကို နေမြင့်မှ ရောက်လာ ပါတယ်။ ကျနော်တို့ အခြေအနေအရ တခါတလေ အဲဒီအချိန်ထိမစောင့်နိုင်ပ ါဘူး။ ငွေပို့လွှာ ရောက်လာရင် သူ့စီကယူပြီးတော့ စာတိုက်ကြီးမှာ သွားထုတ်ရတာကိုး။ နောက်ကြနေရင် အဆင်မပြေ ပါဘူး။
အဲဒီမှာ ဖေဖေက ပြောခိုင်းပါတယ်။ စာတိုက် စာရေးမကို ငွေပို့လွှာ တစောင်ကို ၃ကျပ်ပေးမယ်။ အမြန်အကြောင်းကြားပေး၊ အဆင်ပြေအောင်လုပ်ပေးပါပေါ့ ။ ကျနော်က မပြောရဲပါဘူး၊ ဖေဖေ က နင်ပိုက်ဆံပေး မှာကို ဘယ်သူမှ ရိုက်မထုတ်ဘူး ပြောကြည့်လို့ပြောတယ်။
နောက်တော့ ကျနော် အရဲစွန့်ပြီးပြောကြည့်ရတယ် ။ တုံတုံရင်ရင် နဲ့ပေါ့၊ အဲဒီမှာ အားလုံးအဆင်ပြေသွား ပါတော့တယ်။ စာရေးမက ဒီနေ့ငွေပို့လွှာ ၁၀ စောင်ရောက်တယ်၊ ၅ စောင်ရောက်တယ်ပေါ့။ ဖုန်းဆက် အကြောင်းကြားပါတယ်။ ကျနော် သွားထုတ်ရတာ အဆင်ပြေသွားတာပေါ့။
ဖေဖေ က ကျနော်စာတိုက်က ပြန်လာတော့ နင့်ကို ပိုက်ဆံပေးလို့ စာရေးမက စိတ်ဆိုးနေလားလို့ စပါတယ်၊ စာပို့သမားတို့ ဘာတို့ကြတော့ ပေးရဲပါတယ်၊ စာရေးမလိုမျိုး ကိုယ်နဲ့ မရင်းနှီးတဲ့ သူစိမ်းသက်သက် ကိုကြ ပြောရတာ တမျိုးကြီးပေါ့၊ကျနော်လည်း အဲဒီကစပြီးတော့ အပေးအယူ လုပ်တာတွေကို တော်တော် နားလည်သွားပါတယ်။ ကျနော် အဖေက ဂိုဏ်းချုပ်ကြီးလေ။
ကျနော် ဖေဖေ တို့ကတော့ မြစ်ကြီးနားနဲ့ မန္တလေး လာလိုက်၊ ပြန်လိုက် ပေါ့။ ကျနော်နဲ့ ဒီအလုပ်တွေနဲ့ မောင်နှမတစုနဲ့ ဂတ်ဂတ်ကြီးနဲ့ ပြသ၁နာပေါင်း ၁၆၀၀၀ နဲ့ ဘဝ ဇာတ်ခုံ မှာ နှစ်တော်တော်များများ ကပြခဲ့ပါတယ်။ကျနော့် ကျောင်းလည်း ကျနော် တက်ရပါသေးတယ်။ ပညာ ပါရမီပါတဲ့ သူဆိုတော့ ပထမ နှစ် နဲ့ ဒုတိယ နှစ်မှာ ၂ နှစ်စီနေခဲ့ရပါတယ်။
ပညာရေးနဲ့ ပတ်သက်လို့ အကြောင်းဆက်စပ်မိလို့ ကျနော်ပြောပြချင်သေးတယ်။ ကျနော်တက္ကသိုလ် မှာ M.Sc (Qualify)၊ Part II ထိတက်ခဲ့ပါတယ်။ ကျနော် Part II ရောက်တော့ အိမ်ထောင်ပြု ပြီးသွားပါပြီ။ နောက်ပြီး အဲဒီနှစ်က ငွေစက္ကူ တွေသုံးစွဲခွင့် ပိတ်ပြီး အရေးအခင်း တွေဖြစ်ပြီးမှ ပြန်ဖွင့်တဲ့ ပထမဆုံး နှစ်ပါ၊ ၃လ နဲ့ စာတွေအပြီးသင်ပြီး စာမေးပွဲ စစ်ပါတယ်၊
ကျနော် brain ကလုံးဝအလုပ်မလုပ်ပါဘူး။ ဘယ်လိုမှ အချိန်တိုတို အတွင်း မမှတ်နိုင်ပါဘူး၊ စာမေးပွဲ လုံး၀ မဖြေနိုင် တဲ့ အတွက် ကျပါတယ်။ ပြန်ပြီး ဖြေဆိုခွင့်လည်း မရှိတော့တဲ့ အတွက် ပညာရေးနဲ့ ကျနော်နဲ့ လက်ဆွဲ နှုတ်ဆက်ခဲ့ရပါတယ် (good bye ပေါ့)။ အဲဒီ နှစ်က စပြီးတော့ မြန်မာပြည် မှာ တက္ကသိုလ် စာမေးပွဲတွေမှာ ခိုးပွဲကြီးစတင်ခဲ့တာ ထင်ပါတယ်။ (သုတေသန ပြုသူတွေရှိနေရင် မှတ်လို့ရအောင်ပါ ဟဲ..ဟဲ) ဆရာတွေကလည်း စာသင်ရက်မရှိတဲ့ အတွက် ကျောင်းသားတွေကို ညှာတာခဲ့တာလည်း ပါပါတယ်၊ နောက်ပြီး ကျောင်းသား တွေကလည်း ဘယ်လိုမှ မကျက်နိုင်တော့ ခိုးရတော့တာပေါ့။
အဲဒီမှာ ကျနော်ရဲ့ လူရည် မလည်တာလား၊ အတာလား တော့ မသိပါဘူး၊ ဘယ်သူမှ ပြောရရင် စာတွေ ကောင်းကောင်း မလုပ်နိုင်ကြပါဘူး၊ ဒီလိုဘဲ အောင်မှတ်တော့ ရအောင်ယူသွားကြတာပါဘဲ။ ကျနော့် မှာဘဲ ဘယ်သူထဲက မှဘယ်လိုမှ မကြည့်တတ်ပါဘူး။
ကျနော့် ရဲ တဘက်စီက ကျနော့် ကိုကျော်ပြီး အပုဒ်ခြင်းလဲ ပြီး ကူးယူသွားကြတာဘဲ။ ကျနော် လည်းကြည့်တော့ ကြည့်တာဘဲ ဒါပေမဲ့ မမြင်ရဘူး၊ ဒီလောက် မျက်မှန်ကြီးတတ် ပြီး ကြည့်နေတာ တောင်မမြင်ရဘူး ဆိုတော့ ကျတာတောင် နဲပါသေးတယ်၊ ဟဲ..ဟဲ တကယ်ဆို ဂုဏ်ထူး နဲ့ကျရမှာ။
အခုတော့ ကျနော်ရဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေက တက္ကသိုလ်က ကထိကကြီးတွေ၊ ဒေါက်တာ ကြီးတွေဖြစ်နေကြပါပြီ၊ ကျနော်စီ လာလည်ရင်းနဲ့ ကျနော်နဲ့ ကျောင်းနေဘက်တွေ လို့ပြောကြတာပေါ့ဗျာ၊ သူတို့ အခြင်းခြင်း လည်းပြောကြတာပေါ့။ ဒါပေမဲ့ သူတို့အခြင်းခြင်းကျ တက်တဲ့ နှစ်တွေ မတူကြဘူးဖြစ်နေလို့ ကျနော်က ရှင်းပြပေးရတာပါ၊ ကျနော် က ပထမနှစ်နဲ့ဒုတိယနှစ်မှာ ၂နှစ်စီနေခဲ့ရတဲ့ အတွက် တော်တော်များများ ကျနော့် ကျောင်းနေဘက် သူငယ်ချင်းဖြစ်ခဲ့ကြပါတယ်လ ို့၊ သူငယ်ချင်းတို့ မငြင်းကြနဲ့နော် အားလုံး ဒို့အပြစ်တွေပါ...ဟား..ဟား။
ကျနော် ဒီအကြောင်းတွေ ရေးရတာ အားနာပါတယ်၊ ဒါပေမဲ့ ဘဝဆိုတာ အမြဲတန်း အဆင်ပြေ ချောမွေ့ခဲ့တာ မဟုတ်ကြပါဘူး။ လူတိုင်း ဒီလိုပါဘဲ၊ ကျနော်လည်း ကျနော့် ဘဝ မှာ ကျနော် လုပ်ခဲ့တာ လေးတွေကို (မိဘနဲ့မောင်နှမတွေ မပြောနဲ့) ကျနော်ကိုယ်တိုင် ကို မေ့သွားမှာစိုးလို့ ကျနော် ဘာသာ မှတ်တန်း သဘောမျိုး ရေးချင်တာနဲ့ ရေးထားတာပါ။ ထူးခြားလှတယ် တော့မဟုတ်ပါဘူး။
ပြောရင်းနဲ့ ကျနော်ကျန်သွားပြန်ပြီဗျာ၊ ကျနော့် မှာ ပြသ၁နာ ပေါင်းစုံနဲ့ ရုန်းကန် နေရတဲ့ အချိန်မှာ မေမေ့ရဲ့ မောင်အငယ် ဦးလေး တယောက်က သူ့ပြသ၁နာတွေကို တင်ပြရင်း အမျိုးစုံ ငြီးညူ ပြနေတာဆိုတော့ ကျနော်လည်း စိတ်မရှည်ချင်တော့ ဘဲ လူတိုင်းမှာကိုယ့်အပူနဲ့ကိ ုယ်ဘဲ၊ အားလုံးက ကိုယ့် အပူဘဲ အကြီးဆုံးထင်ကြတာလို့ ပြန်ပြောမိလိုက်တယ်။ အဲဒီမှာ စိတ်တအားဆိုးသွားပြီး ကျနော့်ကို ၅ နှစ်လောက် စကားမပြောဘဲ နေပါတယ်။ (လေကုန် သက်သာ သွားတာပေါ့နော်)၊ နောက်တကြိမ် စိတ်ဆိုးသွား အုန်းမယ်၊ ဒီစကားဒီတင်ရပ်မှ ဟဲ...ဟဲ။
နောက် post တွေမှ ကျနော်နဲ့ ချစ်ချစ်ကြီးရဲ့ ၁၁ နှစ် သမီးရည်းစားသက်တမ်း အကြောင်းကို ရင် သိမ့် တုံ ဖော်ပြပေးပါမယ်။ စောင့်မျှော် သည်းခံအားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
ဟားဟား....အေးလေ သူစကားမပြောတော့ လေကုန်သက်သာတာပေါ့.... :D
ReplyDeleteချစ်ညီမလေး
ဘဝအမော အတန်ငယ်ပြေသွားပါတယ် အန်တီရွှေစင် ကျေးဇူးပါ
ReplyDelete