စာတွေဖတ်တဲ့အခါ ဘယ်အသက်အရွယ်မှာ ဘာစာတွေစဖတ်လည်း လို့မေးရင် ကျနော်ကလည်း ဖြေချင် ပါတယ်၊ စာမဖတ်တတ်ခင်ကထဲက တက္ကသိုလ် စာကြည့်တိုက် မှာ ကိုယ် ကြိုက်တဲ့စာအုပ်တွေ ရွေးပြီး ဖတ်ခဲ့ပါတယ်လို့။
ကျနော်ဘဝမှာ အဖေကို မကျေနပ်တာတွေ တော်တော်များများ ရှိခဲ့ပါတယ်၊ ဒါပေမဲ့ ဒါတွေအားလုံးကို ကျနော့်ကို စာဖတ်တတ်အောင် ပြုစုပျိုးထောင်ပေးခဲ့တာနဲ့တင် အားလုံးကို ချေဖျက်ပြစ်ခဲ့နိုင်ပါတယ်။ နောက်ပြီး ကျနော့်ဖေဖေပြောတဲ့ စကားတခွန်းကိုလည်း ကျနော် အမြဲတန်း မှတ်မိနေတယ်၊ တိုင်းပြည် တပြည်မှာ တနှစ်မှာ ဆရာဝန် ဘယ်နှစ်ယောက်၊ အင်ဂျင်နီယာ ဘယ်နှစ်ယောက်ဆိုပြီး မွေးထုတ်လို့ ရတယ်၊ စာရေးဆရာတို့ သတင်းစာဆရာတို့ ဆိုတာတော့ မွေးထုတ်လို့ မရဘူးပေါ့လေ၊ စာရေးဆရာတို့ သတင်းစာဆရာ တို့ ဆိုတာ တကယ့်ကို အထင်ကြီးစရာ၊ သိပ်တော်တဲ့ ကြီးကျယ်တဲ့ ပုဂ္ဂိုလ်တွေအဖြစ် မြင်အောင် ပြောဆိုခဲ့တဲ့ ကျနော် ဖေဖေရဲ့စကားတွေ ကလည်းမမေ့နိုင်စရာပါ၊ နောက်ပြီး ကျနော်က အဖေကိုသိပ်ချစ်တယ်လေ ကျနော်ဘဝမှာ ဖေဖေအထင်ကြီးတာလေး တခုတော့လည်း ဖြစ်ပြချင်တာ ပေါ့လေ။ ဒါပေမဲ့လည်း တကယ်မလွယ်ပါဘူး။
ကျနော်ငယ်ငယ် က ကျောင်းမနေခင်ကပေါ့ မေမေက နောက်ကလေးတယောက် နဲ့ အိမ်မှု့ ကိစ္စတွေနဲ့ ရှုတ်နေတော့ ကျနော်က ဖေဖေနဲ့ ကျောင်း(မန္တလေးတက္ကသိုလ်) ကိုအမြဲလိုက်သွားရပါတယ်၊၊ ကျောင်းရောက်ရင် တက္ကသိုလ် စာကြည့်တိုက် ကိုသွားပါတယ်၊ စာကြည့်တိုက်မှာ စာအုပ်ငှားကြပါတယ်၊ ဖေဖေက ဆရာဆိုတော့ စာအုပ်တွေထားတဲ့ အထဲထိဝင်ပြီး စာအုပ်ရှာလို့ ရပါတယ်၊ ကျနော်က စာမဖတ် တတ်သေးတဲ့ သူဆိုတော့ လူထုဦးလှရေးတဲ့ ပုံပြင်စာအုပ်တွေနားမှာ ပုံပြင်စာအုပ်တွေကို အရုပ်ကြည့် ပြီးရှာရပါတယ်။ ကျနော်ကြိုက်တဲ့ စာအုပ်တွေငှားပြီးမှ ကျနော်တို့ ဌာန ကဖေဖေအခန်းကိုသွားပါတယ်၊ အဲဒီမှာ ခဏလောက်နေပြီးရင်တော့ ထုံးစံအတိုင်းဘဲ ဖေဖေတပည့်မများ (သို့) ဖေဖေသူငယ်ချင်း ဆရာမအပျိုကြီးများ နဲ့ သစ္စာဆောင်တို့ ရွှေမန်းဆောင်တို့ မှာအလည်လိုက်ပြီး ဝါးတီးစခန်းဖွင့်ရပါတယ်။
အိမ်ပြန်ရောက်ရင်တော့ ကျနော်ရဲ့ စာဖတ်ချင် တဲ့ ချင်ခြင်း ကစပါပြီ၊ ကျနော်တို့ အိမ်မှာ မေမေကိုကူဘို့ ရွာကခေါ်ထားတဲ့ မမိုးရီ ဆိုတဲ့ အမကြီးတယောက်ရှိပါတယ်၊ သူကစာတော့ဖတ်တတ်တယ်၊ ကျနော်က ကျနော်ငှား လာတဲ့ပုံပြင်စာအုပ်တွေကို ချက်ခြင်းဖတ်ခိုင်းပါတယ်။ ကျနော်ဖေဖေရဲ့ အမိန့်ကလည်း ရှိတယ်လေ၊ အိမ်အလုပ်တွေမလုပ်ရင်ရတယ် ကလေးတွေကိုစာဖတ်ပြရင်တော်ပြီ လို့ ပြောထားတာကိုး၊ အဲ ဒီမှာ မမိုးရီ ကလည်းအကြိုက်ပေါ့ သူကလည်း စာတွေကို စိတ်ရှည်လက်ရှည်ဖတ်ပြပါတယ်။ ကျနော် ကလည်း အခွာမခံပါဘူး၊ အိမ်ကလူတွေကတော့ မခိုင်းရတော့ဘူးပေါ့။ အဲဒီမှာ ပေါက်ကွဲ သံစဉ်တွေလေ မေမေကတော့ ဘာမှမပြောပါဘူး၊ မေမေကြီး ဒေါ်တင့်တင့်နဲ့ ကျနော်အဒေါ်တွေပေါ့၊ ခိုင်းစရာ ရှိတာ မခိုင်းရဘူး ဒီစာဘဲ ဖတ်ပြနေရတယ်ပေါ့၊ ကျနော်ကလည်း ဘာရမလည်း ဖေဖေ ကပြော ထားတယ်၊ စာဖတ်ပြ ရမယ်ပေါ့၊ အဲဒီမှာ တိုက်ပွဲကတော့ ခဏခဏပေါ့။
နောက်တော့ မေမေကြီးဒေါ်တင့်တင့်ကပြောတယ် `မောင်လှမြင့် တို့ကသူသမီးကို စာတော်ဖတ် တွေနဲ့ဘာတွေနဲ့ ထားတာပေါ့` အရွဲတိုက်ပြီးတော့ ပြောတာလေ၊ ရှေးတုန်းက နန်းတွင်းထဲမှာ တော့ စာတော်ဖတ် တွေဘာတွေရှိတာကိုး၊ နောက်တော့ မမိုးရီ ကိုလည်း စာတော်ဖတ်ခင်ခင် လို့ဘဲ ခေါ်တော့ တယ်။ ကျနော့် ကတော့ ကိုယ်စာဖတ်ပြဘို့ တခုဘဲ သိတာ ကျန်တာဘာသိမှာလည်း။ ဖေဖေ ကျေးဇူးကြီး ပါတယ်။ နောက်တော့ ကျနော်စာဖတ်တတ်သွားတော့ ကျနော်နဲ့တော့ ပြသာနာပြီးသွားပေမဲ့၊ ညီမလေး တွေ မောင်လေး တွေနဲ့ နောက် စာတော်ဖတ်တွေ တယောက်ပြီးတယောက် နဲ့ ပေါ့။
ဖေဖေက လစဉ်၊ အပတ်စဉ် ကျနော်တို့ အတွက် စာအုပ်တွေအမြဲတန်း ဝယ်ပေးတယ်လေ၊ ကျနော် မှတ်မိ သလောက် ရွှေသွေး၊ တေဇ၊ ရွှင်ပြုံး၊ လူရည်မွန်၊ မြဝတီ၊ ငွေတာရီ နဲ့ နေ့စဉ်သတင်းစာ တွေယူတယ်ပေါ့၊ ဗုဒ္ဓဟူးနေ့မှာ ရွှင်ပြုံး၊ သောက်ကြာနေ့ မှာ လူရည်မွန်၊ စနေနေ့မှာ ရွှေသွေး၊ တနင်္ဂနွေမှာ တေဇ လာတယ်ထင်တယ် (ထွက်ရက်များမသေချာပါ)၊ ကာတွန်းထွက်တဲ့နေ့ သတင်းစာသမား လာတဲ့ အချိန် ဆိုရင် အိမ်ရှေ့ မှာထွက်ပြီး ကာတွန်းမျှော်ရတာ အလုပ်တခုလေ၊ နောက်တော့ ကျနော် မောင်လေးနဲ့ ညီမလေး လည်း စာဖတ်တတ်လာတယ်၊ ကျနော်တို့ ၃ ယောက်အတူတူမျှော်ရတာပေါ့၊ အဲဒီအချိန်မှာ ကျနော်က ဆရာကြီးလေ ဘယ်သူအရင်ရရ `မမရွှေစင်ဦးပြီးရင်ဒို့`ဆိုပြီး လာပေးရတယ်လေ ဟဲ ဟဲ၊ အခု အချိန်ထိ ကျနော်ကို ဗိုလ်ကြတယ် ဆိုပြီး အမှတ်ရတိုင်း ပြောပြောနေကြတယ်၊ ကျနော်ပြန်စဉ်းစားတော့ ကျနော်က စာတော်တော်ဖတ်တတ် နေပြီဆိုတော့ ကျနော်အရင်ဖတ်တာ တရားပါတယ်၊ သူတို့က စာလုံး ပေါင်းဖတ်နေတာ ကျနော်က ဘယ်စောင့်နိုင်မှာလဲနော်။
နောက်တော့ ကျနော်ရဲ့ စာဖတ်တဲ့ အကျင့်ကဘိမ်းစွဲ သလိုဖြစ်သွားပြီး စာမဖတ်ရရင်မနေနိုင်တော့ဘူး၊ ဖြစ်သွားတယ်၊ နောက်တော့ တပတ် မှ ၂အုပ်၃အုပ် ဖတ်ရတဲ့ ကာတွန်းတွေနဲ့ လည်း မရတောဘူး၊ ကျနော် တို့ အ.ထ.က ၁၆ မှာ အဲဒီတုန်းက စာကြည့်တိုက်လေးရှိဘူးတယ် ထင်တယ်၊ အဲဒီထဲ ကစာအုပ်တွေလည်း အကုန်ဖတ်ပြီးသွားပြီ၊ စာအုပ်ဆိုင် ကလည်း အဲဒီအချိန်တုန်းက ရှားလိုက်တာ၊ ကျနော်သိလောက်တော့ ကျနော်တို့ ပတ်ဝန်းကျင်မှာ ၂ဆိုင်လောက် ဘဲရှိတယ် ထင်တယ်၊ အဲဒီဆိုင်က စာအုပ်တွေ ကို တောက်လျှောက် ငှားဖတ်တော့တာဘဲ၊ မုံ့ဘိုးဆိုတာမရှိဘူး စာအုပ်ဘိုးဘဲ ရှိတော့တယ်၊ အခုတော့ အင်တာနက် ဘိုး ပေါ့နော်။
စာအုပ်ပြန်အပ်ရမယ့် အချိန်မှာ ပိုက်ဆံမရှိလို့ စာအုပ်ပြန် မအပ်နိုင်တာတို့ စာအုပ်ရှာမတွေ့လို့ မအပ်လိုက် ရဘဲ ရက်လွန်သွားတာ တို့ ဆိုတာကျနော့် ဘဝရဲ့နေ့စဉ် ဖြစ်စဉ်တွေလေ၊ စာအုပ်ပျောက်လို့ ရော်ရတာတွေ ကတော့ မရေတွက်နိုင်အောင်ပါဘဲ။ ကျနော်ငယ်စဉ် ဘဝတွေကတော့ စာ စားရင်းကြီးပြင်း လာတယ်ပေါ့၊ တခါမှာတော့ ကျနော့် ဖေဖေကို သနားသွားလောက်အောင်ဖြစ်ခဲ့ဘူးပါတယ်၊ စာအုပ်ဆိုင် တဆိုင်က စာအုပ်ကငှားပြီး ပျောက်သွားတယ်၊ ကျနော်လည်း ဘယ်လိုမှ အဲဒီအချိန်က ရော်ပေးဘို့ ပိုက်ဆံက ရှာမရဘူး၊ အဲဒါနဲ့ ဒီအတိုင်းဘဲ နေလိုက်ရတာပေါ့၊ ရင်ထဲမှာတော့ အမြဲတန်းတထိတ်ထိတ်ပေါ့ ဘယ်တော့ လာတောင်း မလည်းပေါ့၊ အဲဒီစာအုပ်ဆိုင်က ကလည်း တော့ တော့ကိုအပေါက်ဆိုးတာ၊ ကျနော်လည်း အိမ်မှာ နေသာနေနေ ရတာ အဲဒီအချိန်တုန်း ဧည်သည့် လာတိုင်း စိတ်တထင့်ထင့်နဲ့ပေါ့၊ လာမဲ့ လာတော့ လည်းတကယ့် အချိန်ကောင်း လကုန်ခါနီး၊ ကျနော့်ဖေဖေ ကျောင်းသွားတော့မဲ့အချိန်၊ စာအုပ်ဘိုး ရယ် ရက်လွန်ကြေး တွေရယ်ဆိုတော့ အများကြီးပေါ့၊ ကျနော် မျက်နှာလည်း ဇီးရွက်လောက် ရှိတော့တာပေါ့၊ ကျနော်အဖေ ကလည်း ကလေးတယောက် စာအုပ်ဘိုး ရော်ရတာများ လွန်းတော့ မျက်စိ မျက်နှာ ပျက်လို့ ပေါ့၊ နောက်တော့ အရော်ပေးလိုက်တယ်၊ စာအုပ်ဆိုင်ကိုလည်းပြောလိုက်တယ် ဒီကလေး လေး စာအုပ်လာငှားရင်းမငှားဘို့ပေါ့၊ နောက်ပြီး ကျနော်ကိုလည်းပြောတယ်၊ လကုန်ခါနီး ပိုက်ဆံလည်း မရှိတော့ဘူး ကျောင်းသွားရင်တောင် အိတ်ထဲမှာ ပိုက်ဆံမပါတော့ဘူးဆိုတော့ ကျနော် ဖေဖေကိုအရမ်း သနား သွားတယ်၊ အဲဒီနောက်မှာတော့ စည်းကမ်း တော်တော်ရှိသွားတယ်။
စာအုပ်တွေနဲ့ ပတ်သက်ရင် ဒုတိယပြုစုပျိုးထောင်ပေးသူကတော့ ကျနော်တို့အခေါ် ဦးအုန်း (အုန်းမြင့်လှိုင်) ပါဘဲ၊ ကျနော် ၆တန်း လောက်က ဦးအုန်း ကျူရှင်မှာ အင်္ဂလိပ်စာ တက်ရတယ်၊ ဦးအုန်းက ပန်းသတင်း ဆိုတဲ့ စာအုပ်ဆိုင်လေး တဆိုင်ဖွင့်ထားတယ်။ ကျနော်တို့ ကဦးအုန်းကျူရှင်မှာ တက်ရတာဆိုတော့ ပန်းသတင်းနဲ့ ကျနော်တို့ က ခွဲမရအောင်ပါဘဲ၊ အဲဒီအချိန်တုန်းက ကျနော်ဖတ်တတ်တာ ခင်နှင်းယု ၊ ခင်ဆွေဦး၊ မဝင်းမြင့်တို့ ခင်စိန်လှိုင်တို့ အဆင့်ဘဲ၊ ဘာသာပြန်တွေဘာတွေလည်း ဘယ်ဖတ်နိုင်သေးမလဲ၊ အဲဒီအချိန်မှာ ဦးအုန်း က စာအုပ်တွေရွေးပေးတော့တာဘဲ ဂေါ်ကီ ရဲ့ ဘာသာပြန်တွေ၊ နောက် တခြား ဘာသာပြန် စာအုပ်တွေ၊ တအုပ်ပြီးတအုပ် ရွေးပေးတယ်၊ ရက်လွန်ကြေးဘယ်တော့မှ မယူဘူး၊ အငှားခ လည်း ယူမယ်မထင်ဘူး၊ ကျေးဇူးတင်ပါတယ် ဦးအုန်း၊ ဦးအုန်း ရေးစေချင်တဲ့ စာတွေကို ကိုယ်ပိုင် ဘလော့ ထဲမှာ ကိုယ်တိုင်စာရေးဆရာ၊ ကိုယ်တိုင် အယ်ဒီတာလုပ်ပြီး စရေးနေပါပြီ၊ ဟဲ ဟဲ မိုက်တယ်နော်။
ကျနော်ငယ်ငယ်က ပျော်ရွှင်ခဲ့ဘူးတဲ့ ဦးအုန်းရဲ့ကျူရှင်အကြောင်းတော့ နဲနဲ ပြောလိုက်ချင်သေးတယ်၊ ဦးအုန်းရဲ့ မိဘများလက်ထက်ကထဲက အခုနေရာမှာ လှိုင်ခေတ်မှှီ ဆိုတဲ့ ကိုယ်ပိုင်ကျောင်း ဖွင့်ထားတဲ့ နေရာဘဲ၊ ပုဂ္ဂလိကပိုင်ကျောင်းတွေ ဖွင့်ခွင့် မရတဲ့အချိန်မှာ အဲဒီကျောင်းကြီးကျန်နေတာဘဲ၊ အဲဒီထဲမှာ အရင်ကျောင်းတုံးက အကြွင်းအကျန် ကစားစရာဒါန်းတွေ ဆီးဆော်တွေကလည်း ကျန်သေးတယ်၊ ကျနော်တို့ မန္တလေး အခေါ် တပြလောက်ကျယ်တယ်။ တကယ်ကို အကျယ်ကြီးပါဘဲ၊ အဲဒီခြံထဲမှာ အပင် တွေ ကလည်း စုံနေတာဘဲ၊ကျနော်တို့လို စာအုပ်ဘိုးနဲ့ ဘိုင်အမြဲတန်းကျနေတဲ့ သူတွေအဖို့တော့ ခြံထဲက ဘန်ဒါပင် တွေ၊ မာလကာပင်တွေ၊ သရက်ပင်တွေ ဟာ ကျနော်တို့ မုံ့ပင် တွေဘဲပေါ့။
ကျနော် ဘယ်လောက်ထိပျော်ခဲ့ သလည်းဆိုတာ ဦးအုန်းနဲ့ စာသင်ခဲ့တာကို သိပ်မမှတ်မိဘူး၊ ခြံထဲမှာ ကစားခဲ့တာနဲ့ စာအုပ်ဆိုင်အကြောင်းဘဲ မှတ်မိတော့တယ်။ နောက်ပြီး ဦးအုန်းက စာအုပ်တွေ ကျနော်တို့ကို ပေးငှားပြီးရင် ပြန်အပ်တဲ့ အချိန်မှာ ငှားထားတဲ့ စာအုပ်အကြောင်းမေးလေ့ရှိတယ်၊ ကျနော်တို့ တကယ် ဖတ်မဖတ် နဲ့ ကျနော်တို့ ရဲ့ စာ နားလည်နိုင်မှု့ စွမ်းရည်ကို သိချင်လို့ နဲ့တူပါတယ်။ ဒီလို့ နဲ့ ကျနော် စာကောင်း ပေကောင်းတွေ ရွေးချယ် ဖတ်တဲ့အကျင့် ရှိလာခဲ့ပါတယ်။ ဘဝအတွက် မမေ့နိုင်စရာ ကျေးဇူး တွေပါ။
နဲနဲ ကြီးလာတဲ့အခါမှာတော့ စာရေးတဲ့ အကျင့် နဲ့ ဘာသာပြန်တဲ့ အကျင့်ကိုဦးအုန်း က အင်္ဂလိပ်စာ သင်ရင်း လေ့ကျင့်ပေး သွားပါတယ်၊ စာတပုဒ် ကို ဦးအုန်းနဲ့ အတူတူ ဖတ်ရပါတယ်၊ ပြီးရင် အိမ်ကနေ အဲဒီစာပုဒ် လေးကို ဘာသာပြန်ရေးရပါတယ်၊ ပြီးရင် ဦးအုန်းကသေချာဖတ်ပေးပါတယ်၊ ကျနော်တို့လည်း ဖတ်တဲ့သူက သေချာဖတ်ပေးတာဆိုတော့ သေချာရေးရတော့တာပေါ့၊ ဒါတွေက သိတ်တော့မကြာခဲ့ပါဘူး၊ နောက်တော့ ဘဝတွေ အမျိုးမျိုး ပြောင်းသွားတာဆိုတော့ ကျနော်တို့ အနေဝေးသွားကြပါတယ်၊ ဦးအုန်း လည်း ကျောင်းဆရာ၊ စာအုပ်ဆိုင်ရှင် ဘဝကနေ လက်ဘက်ရည်ဆိုင်ရှင်ဘဝနဲ့ လက်ဘက်ရည်တွေ ဖျော်နေရသေး တယ်နော်၊ ဦးအုန်းရဲ့ အများနဲ့မတူ တမူခွဲထွက်ခဲ့ တဲ့ ရွှေတြိဂံ ဆိုတဲ့ လက်ဘက်ရည် ဆိုင်လေး ကိုလည်း လွမ်းမိပါတယ်။
ဒီလိုနဲ့ ကျနော် ဘဝတလျှောက် ဦးအုန်း နဲ့ တွေ့တိုင်း စာတွေဖတ်ဖြစ်လား၊ စာတွေရေးဖြစ်လား ဆိုတာကို မမေ့မလျော့ အမြဲမေးလေ့ရှိပါတယ်၊ ကျနော် စာရေးဖြစ်တယ်၊ သိတ်တော့ မများပေမဲ့ နဲနဲတော့ ရှိတယ်ပေါ့၊ ၂ ပုဒ်လောက်တော့ မဂ္ဂဇင်းထဲမှာ ပါဘူးတယ်လို့ ပြောတော့ ဦးအုန်း က အရမ်း ဝမ်းသာ နေတယ်၊ ကျနော် ဘာဘွဲ့တွေရလည်း၊ ဘာစီးပွားတွေ လုပ်နေလည်း ဆိုတာ ဦးအုန်းစိတ်မဝင်စားဘူး၊ ကျနော် စာဖတ်ဖြစ်တယ် စာရေးဖြစ်တယ် ဆိုရင် ဘဝမှာ တိုးတက်တယ်ပေါ့၊ ဘဝရဲ့တိုးတက်မှု့ ကို စာဖတ်ခြင်း စာရေးခြင်း နဲ့သာတိုင်းတာလေ့ ရှိတဲ့ ငယ်ဆရာတယောက် ရှိခြင်းဟာ ကံကောင်းခြင်း တခုပါဘဲ။ ကျနော် ဆရာ ဦးအုန်းဟာ အရေးအခင်းတခုမှာ ကိုးကိုးကျွန်းပို့ ခံရပါတယ်။
ကျနော်တို့ကို စာသင်တဲ့အချိန်မှာ ကိုးကိုးကျွန်း ကပြန်ခါစထင်ပါတယ်၊ နောက်တော့ ၈လေးလုံး အရေးအခင်း မှာ တခါ ထောင်ထဲကို ဝင်ရပါတယ်၊ အဲဒီက ပြန်လာတဲ့ အချိန်မှာ တော့ ဦးအုန်းတော်တော် စိတ်ဓာတ် ကျ သွားတယ်ထင်ပါတယ်၊ အရက်တွေတော်တော်သောက်လာပါတယ်၊ ကျန်းမာရေးလည်း သိတ်မကောင်း တော့ ပါဘူး၊ ကဗျာဆရာ တယောက် နဲ့ နောက်ဆုံးတခေါက် အိမ်ကိုလာလည်သွားတဲ့ အချိန်က ကျနော်တို့ နောက်ဆုံးတွေ့ လိုက်ပါတယ်၊ နောက်တော့ လူကြုံ့ နဲ့ ဦးအုန်းအတွက် စာတစောင် ပါးပေး လိုက်ပါတယ်။
ဦးအုန်းက စာဖတ်ပြီးတော့ မျက်ရည်ကျတယ် လို့ ပြောပါတယ်၊ နောက်ပြီးတော့ စာရေးဘို့စာဖတ်ဘို့ မှာလိုက်ပါတယ်။ ဦးအုန်း ရဲ့ တပည့်က သေမှဘဲ စာမဖတ်တော့မှာပါ၊ စိတ်ချပါ ဦးအုန်း။ မဂ္ဂဇင်း တွေပေါ်မှာ တော့ အခြေအနေပေးရင် တပည့် ရဲ့စာတွေ တွေ့ရမှာပါ၊ ဦးအုန်းရဲ့ ကဗျာလေး တွေကိုတော့ မဂ္ဂဇင်းတွေထဲမှာ တွေ့တိုင်း ဝမ်းသာအားရ ဖတ်ဖြစ်ပါတယ်။
အုန်း (အုန်းမြင့်လှိုင်) ကျန်းမာ ပါစေ၊ အသက်ရှည်ပါစေ။
.

ကျွန်တော် ဆရာအုန်းဆီမှာ အင်္ဂလိပ်စာ အဖတ်သင်တန်းကို သုံးလလောက် တက်ဖူးတယ်။
ReplyDelete- ဧရာ
"စာဖတ်ဖြစ်တယ် စာရေးဖြစ်တယ် ဆိုရင် ဘ၀မှာ တိုးတက်တယ်ပေါ့၊ ဘ၀ရဲ့တိုးတက်မှု့ ကို စာဖတ်ခြင်း စာရေးခြင်း နဲ့သာတိုင်းတာလေ့ ရှိတဲ့ ဆရာတစ်ယောက်..."
ReplyDeleteမှတ်သားစရာပါပဲ။