ကျနော်တို့ အိမ်ဝန်းမှာ အနည်းငယ် ကျယ်ပါတယ်၊ သြဇာပင်များ တခြံလုံးပတ်စိုက်ထားတယ်၊ သရက်ပင် ၃/ ၄ပင်လောက်လည်း ပါသေးတယ်..၊ အရင်တုံးက နာမည်ကြိး သရက်တွေ ဖြစ်တဲ့ အောင်ဒင်၊ သုံးလုံးတတောင်၊ ပန်းဆွဲ စတဲ့ နာမည်ကြီး သရက်တွေ ဖြစ်ပါတယ်။ သက်တန်း ရင့် ဂွေးထောက်ရုံကြီး ကလည်းရှိသေးတယ်၊ ကျနော်တို့ အိမ်တောင်ဘက် အပေါက်နားမှာ ဇီးပင်ပျိုကလေး တပင်လည်းရှိတယ်၊ ဇီးသီး ဝါဝါကလေး တွေက မချိုမချဉ် နှင့် ပြွတ်နေအောင်သီးကြတယ်၊ ကျနော်တို့ ကလေးတွေ အတွက်တော့ ရတနာပင်ပေါ့ ၊ လူကြိးတွေ လစ်ရင်လစ်သလို နည်းမျိုးစုံ နှင့် ခူးစားကြပါတယ်၊ လူကြီးတွေက ချောင်းဆိုး ရင်ကျပ်ဖြစ်မှာ စိုး၍ မစားစေချင်လေ ကျနော်တို့ က စားချင်လေပေါ့၊ နောက်ဆုံး ဘယ်သူမှ မနိုင်တဲ့ ကျနော်ကတော့ အဖိုးရိုက်မှဘဲ ထွက်ပြေးတော့ တာပါဘဲ။
နောက်ပြီး ကျနော် ငယ်ငယ်တုံး က ပိုက်ဆံ ဘယ်တော့မှ မရှား၊ ပိုက်ဆံ လိုတဲ့ အချိန် ကျနော်အဖိုး အကြိုက် ဘုရားစာ တပုဒ် လောက်ကျက်လိုက်လျှင် မုံဘိုးပေးမြဲ၊ ကျနော်တို့က ရပြီးသားလည်း ပြန်ကျက်ချင်ရောင် ဆောင်ပြီး မုံဘိုးတောင်းနေကြ၊ ဘဘကြီး ကတော့ ဘုရားစာ အလွတ်ပြန်တဲ့ အချိန်မှာ မသိချင်ရောင် ဆောင်ပြီး မုံဘိုးပေးမြဲ၊ ကျနော် ရဲ့ ဘုရားစာ အလွတ်ကျက်တဲ့ အကျင့် ကနောက်ပိုင်းထိ အကျင့်ပါသွားပြီး မေတ္တာသုဒ် အနက်နှင့်တကွ အလွတ်ရ တဲ့ အပြင် ၂၄ ပစ္စည်းအကျယ် ပါ အလွတ် ကျက်နိုင်ပါ တယ်၊ အခုတော့ မရွတ်တာကြာလို့ ပြန်မေ့သွားပြီဗျာ၊ ဒါတွေက ကျနော်အဖိုးနဲ့ ကျနော်ရဲ့ငယ်ဘဝတွေပေါ့။
နောက် ကျနော် ရ တန်းအရောက်မှာတော့ ကျနော်အဖိုးကမန္တလေးမှာ သိတ်မနေတော့ပါ၊ ပြည်မှာရှိတဲ့ ကျနော်ဒေါ်ကြီး နဲ့လိုက်နေပါတယ်၊ ပြည်မြို မာန်အောင်တောရကျောင်းမှာ သီတင်းသုံးပါတယ်၊ အဲဒိ နှစ်မှာဘဲ ကျနော့် ဖေဖေက နိုင်ငံခြား (England) ပညာတော်သင် သွားရပါတယ်၊ လက်ထောက်ကထိက ဘဝနဲ့ပေါ့၊ မန္တလေး မှာ မေမေ နဲ့ ကျနော်တို့ မောင်နုမ (၅) ယောက်ကျန်ခဲ့ ကြပါတယ်၊ မေမေကြီး ဒေါ်တင့်တင့်ကလည်း ပြည်မှာဘဲ ဒေါ်ကြီးနဲ့ အတူနေပါတယ်၊ မေမေ နဲ့ အတူနေဘို့ မေမေ အဖေ ဘဘ၀၀ကြီး က လာနေပေးပါတယ်၊ အဲဒီ အချိန်မှာ ကျနော်ဖေဖေလစာက လ/ထကထိက လစာ ၄၅၀ ကျပ်ရပါတယ်၊ အဲဒီ ပိုက်ဆံ ကို မေမေ ထုတ်သုံး ရပါတယ်။
မေမေ အိမ်ထောင်ထိမ်းသိမ်းမှု တော်တာလား တော့မသိ ဘယ်တော့မှ ပိုက်ဆံ လောက်သည် မရှိ၊ အကြွေးတောင်တင်ပါ သေးတယ်၊ ကျနော်အတွက်တော့ ကျနော်ဘဘကြီးက ကျူရှင်တက်ဖို့ နဲ့ မုန့်ဘိုးဆိုပြီး တလ ၃၀ လား ၅၀ လား မမှတ်မိတော့ ပို့ ပေးပါတယ်၊ ပိုက်ဆံပို့ တိုင်းလည်းအိမ်ကိုဘယ်တော့ မှမပို့ ကျောင်းလိပ်စာ နှင့်သာအမြဲပို့ပါတယ်၊ ကျနော် ပြန်စဉ်းစားကြည့်တော့ ကျနော်မသုံးရမှာ စိုးရိမ်လို့ထင်ပါရဲ့။
ကျနော်ကို ချစ်တာတွေလေ၊ ကျနော်အဖိုးက ပင်စင်ယူတဲ့ အချိန်မှာ အိမ်ဝယ်လိုက်တာ ပင်စင်လစာ တဝက်ရောင်းပြီး ဝယ်လိုက်တာတဲ့၊ အဲဒီတော့ ဘဘကြီးထုတ်ရ တဲ့ ပင်စင်လစာကမှ တလ ၈၀ လောက်ရတာ၊ ဒါပေမဲ့ ဘဘကြီးမှာ ပိုက်ဆံသုံးစရာဆိုတာ ကျနော်သိသလောက်တော့ လှူဘို့ဘဲ ရှိတာ။
ကျနော့် ဒေါ်ကြီးက ပြည်မှာတာဝန်ကြတယ်၊ နောက်တော့ ရွှေတောင်မှာပြောင်းရတယ် ဆေးရုံတရုံလုံးမှ ဆရာဝန် ၁ ယောက် ဘဲ ရှိတာဆိုတော့ စဉ်းစားကြည့်ပေါ့ဗျာ၊ အပြင်ဆေးခန်းဖွင့် တာလည်းတမြို့ လုံးမှာမှ အဲဒီအချိန်က ဒေါ်ကြီးတယောက်ဘဲ ရှိတာ ဆိုတော့ ဘဘကြီးအတွက် ဘာမှ ပူစရာမရှိပါဘူး။ ကျနော်အတွက်ကလည်း ကျူရှင်လခက တလမှ ၁၅ ကျပ်လောက်ဘဲ ရှိတာဆိုတော့ ပူစရာမရှိဘူးပေါ့။
အဖိုးကို လွမ်းလိုက်တာဗျာ.....

.
No comments:
Post a Comment
thank you to say so