Tuesday, December 4, 2012

မသီတာ(စမ်းချောင်း) စမ်းချောင်း၊ အင်းစိန်၊ ဟားဘတ် ၏ သဘောထား နှင့် ရွှေစင်ဦး ရဲ့ တောင်းပန်လွှာ

    ကိုရွှေစင်ဦးသို့

ခုလို ခွင့်တောင်းတဲ့အတွက် ၀မ်းသာပါတယ်။ ထုံးတမ်းစဉ်လာအရ မူပိုင်ခွင့်က စာရေးသူမှာပဲ ရှိတာမို့ စာရေးသူရဲ့ ဆနနဲ့ ခွင့်ပြုချက် မပါဘဲ ဘယ်သူကမှ ကူးယူဖော်ပြမှု မလုပ်သင့်ပါဘူး။ ဒီစာသားတွေကို စာအုပ်ထဲမှာလည်း ဖော်ပြခဲ့ပါတယ်။ မသိလို့ တင်ခဲ့တာ မဟုတ်ဘူးလို့တော့ ထင်ပါတယ်။ ဘလော့ဂ်တွေ မှာ ငွေကြေးအမြတ်အစွန်းအတွက် မရည်ရွယ်ဘူးဆိုပေမယ့် ကျွန်မစာအုပ်ကို တာဝန်ယူထုတ်ဝေနေတဲ့ ငါတို့စာပေ ဟာ ဖြစ်လာမယ့် ပြသနာတွေကို သိသိနဲ့ တာဝန်ယူမယ်လို့ စိတ်ပိုင်းဖြတ်ပြီးမှ ထုတ်ခဲ့တာပါ။ အခု ဒုတိယ အကြိမ် ထုတ်နေဆဲလည်း ဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ်မှာ အလျင်စလို တင်တာကိုတော့ သည်းခံပေးစေ လိုပါတယ်။ နိုင်ငံတကာထုံးစံမှာလည်း အီးဘွတ်ခ်ဆိုတာ ပုံနှိပ်မူထွက်ပြီး ၁၈ လကြာမှ ထွက်ကြ တာပါ။ အဲလောက် အကြာကြီး စောင့်ပေးဖို့ မဆိုလိုပါဘူး။ ပုံနှိပ်အခြေအနေ တည်ငြိမ်သွားချိန်မှာ တင်ရင် ဖြစ် မှာပါ။ စာအုပ် နဲ့ ဝေးနေသူတွေအတွက် ရည်ရွယ်တာကို သဘောကျပါတယ်။ ဒါပေမယ့် တခြားစာအုပ်တွေနဲ့ ပတ်သက်ရင် လည်း ခုလိုပဲ ကာယကံရှင်စာရေးသူနဲ့ ထုတ်ဝေသူတို့ကို တရားဝင်ခွင့်အရင်တောင်းပြီးမှ အွန်လိုင်းတင် ဖို့ ပြောလိုပါတယ်။

    လေးစားစွာ
    မသီတာ-စမ်းချောင်း

မသီတာ (စမ်းချောင်း) နှင့် ဘလောဂ် စာဖတ်သူများသို့
ဆရာမ မသီတာ (စမ်းချောင်း) ရဲ့ သဘောထား ကို မူရင်း အတိုင်း တင်ပြပေးထားပါတယ် ... ဆရာမ ရဲ့ မသိလို့တင်ခဲ့တာ မဟုတ်ဘူးလို့တော့ ထင်ပါတယ် ဆိုတဲ့ သဘောထား အတွက် နည်းနည်း တော့ ရှင်းပြချင် ပါတယ် ... စာအုပ်ထွက်ပြီးတော့ ကျနော် ရာပြည့် စာအုပ်ဆိုင် မှာ သွားဝယ်ပါတယ် ... ကုန်သွားလို့ မရခဲ့ပါဘူး ...  စာအုပ်အငှားဆိုင်မှာ အဆင်ပြေသွားတာနဲ့ ငှားလာပါတယ် .. မနက် ၄ရာရီခွဲ အထိ  အပြီး ဖတ်ပါတယ် .. မနက်မှာ ကလေးတွေကို ရိုက်ခိုင်းလိုက်ပါတယ် ... ...  မသီတာ ဖော်ပြထားတဲ့ (ထုံးတမ်းစဉ်လာအရ မူပိုင်ခွင့်က စာရေးသူမှာပဲ ရှိတာမို့ စာရေးသူရဲ့ ဆနနဲ့ ခွင့်ပြုချက် မပါဘဲ ဘယ်သူကမှ ကူးယူဖော်ပြမှု မလုပ်သင့်ပါဘူး။) ဆိုတာကို  အခုထိ လုံးဝ မဖတ်မိသေးပါ ... အခုလို.... အလျှင်စလို တင်မိလိုက် တဲ့ အတွက် လုံးဝစိတ်မကောင်းပါကြောင်း နဲ့ တောင်းပန်ပါကြောင်း ... shwezinu.com မှ တရားဝင် တောင်းပန်ပါတယ် ... နောက်လည်း ဆရာမ မသီတာ (စမ်းချောင်း) ရဲ့ စာများကို ဆရာမ ရဲ့ ခွင့်ပြုချက် ... ထုတ်ဝေသူ ရဲ့ ခွင့်ပြုချက် မရဘဲ လုံးဝ ဖော်ပြမှာ မဟုတ်တဲ့ အကြောင်း လည်း ဂတိပေးပါတယ်...

(တခြားစာအုပ်တွေနဲ့ ပတ်သက်ရင်လည်း ခုလိုပဲ ကာယကံရှင်စာရေးသူနဲ့ ထုတ်ဝေသူတို့ကို တရားဝင် ခွင့်အရင်တောင်းပြီးမှ အွန်လိုင်းတင်ဖို့ ပြောလိုပါတယ်။) ဆိုတဲ့ မသီတာ ရဲ့ အကြံပေးချက် ကတော့ မှန်ကန်ပေမဲ့ .. ကျနော့် အတွက် လိုက်နာဖို့ ခက်ခဲ နေပါတယ် ... လက်လှမ်းမှီသော စာရေးဆရာ များကိုတော့ ခွင့်တောင်းပါတယ် .. ခွင့်ပြုတဲ့ အတွက် တင်ဖြစ်ပါတယ် .. ထုတ်ဝေသူ ဆိုတာကို ခွင့်တောင်းဖို့ကတော့ အမှတ်မရမိပါဘူး ... မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရလာပြီး ... စာရေးဆရာ များ ထုတ်ဝေသူ များ အမှန်တကယ် အကျိုးရှိတဲ့ နိုင်ငံတကာ အဆင့်မှီ အွန်လိုင်း ဥပဒေ ဆိုတာ တိတိကျကျ ပေါ် ထွက်လာ ရင်တော့ .....  ဒီဘလော့ဂ် မှာ စာများ တင်တော့မှာ မဟုတ်ပါဘူး... အခုထိတော့ ကျနော် တင်တဲ့ စာတွေဟာ စာဖတ်သူ များ အတွက် အကျိုးရှိမယ်လို့ ယူဆတဲ့ အတွက် ... စာရေးဆရာ များ .. ထုတ်ဝေသူ များရဲ့ တရားဝင် တားမြစ်မှု့ မရှိသော စာများကို ဆက်လက် တင်မှာဖြစ်ပါကြောင်း အသိပေး အပ် ပါတယ် ....

အားလုံးအား လေးစားစွာဖြင့်
ရွှေစင်ဦး
.
စာအုပ်မှာ တင်ထားတဲ့ တားမြစ်ထား တဲ့ စာလေး ကို အခုမှ ရှာဖတ်မိပါတယ် ... သိပ်သေးပြီး ပုံနှိုတ်မှတ်တမ်း နဲ့ ရောထွေးနေ တဲ့ အတွက် မဖတ်မိ တာဖြစ်ပါတယ် ..


29 comments:

  1. ဒီလိုမပြောတဲ့ စာရေးဆရာတွေရဲ့စာတွေ ဆက်တင်ပေးပါ မရွှေစင်။
    ဆရာမောင်ထွန်းသူ၊ ဆရာဆင်ဖြူကျွန်းတို့စာတွေ၊ အခြား အခြား.... စာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ဒီလို အပင်ပန်းခံ ရိုက်တင်ပေးနေကြတာ အလွန်မွန်မြတ်တဲ့ စာပေဒါနပါ။ ဆက်ဖတ်ရဖို့လဲ စောင့်မျှော်နေပါတယ်။
    ဘလော့ကို အမြဲလာဖတ်နေပေမယ့် အခု တားတဲ့ ဆရာမရဲ့စာကိုတော့ ကျွန်တော် မဖတ်မိတော့ ပြန်တောင်းပန်ရမယ့်သူထဲမှာ ကျွန်တော်မပါဘူးထင်ပါတယ်။

    ReplyDelete
  2. ဆရာမ မသီတာလည်း တားတာဟာ သူ့လုပ်ပိုင်ခွင့်ဖြစ်တဲ့အတွက်၊ ရေးထားတဲ့စာဟာ သူ့မူပိုင်ခွင့် ဖြစ်တဲ့အတွက် မှားတယ်လို့ မထင်ပါဘူး။
    အစ်မရွှေစင်ဦးကလည်း စာရိုက်တင်တာဟာ ငွေကြေးအမြတ်အစွန်းကို မရည်ရွယ်ဘဲ ပြည်ပရောက်နေတဲ့ စာပေချစ်သူတွေအတွက် ရည်ရွယ်တာမို့ မှားတယ်လို့ မထင်ပါဘူး။
    တရားဝင်တားမြစ်ခြင်းနဲ့ တရားဝင်တောင်းပန်ခြင်းတို့ဟာလဲ ယဉ်ကျေးတဲ့ အပြုအမူတွေလို့ ယူဆပါတယ်။
    ဆက်တင်ပေးဦးမယ့် စာများကို မျှော်လင့်နေပါမယ်။
    လေးစားစွာဖြင့်
    မင်းအရိပ်

    ReplyDelete
  3. စာတွေ တကူးတက တင်ပေးနေတဲ့အတွက် ကွန်မန့်မပေးဖြစ်ပေမယ့် အမြဲကျေးဇူးတင်နေမိပါတယ်။
    မြန်မာတွေ တိုးတက်မှုအားကောင်းစေချင်ရင် စာများများ ဖတ်ဖြစ်အောင် ၀ိုင်းဝန်းဆောင်ရွက်ကြရမှာပါ။
    နောက်တစ်ခုက အွန်လိုင်းမှာ စာအုပ်ကို အခမဲ့ဖတ်ခွင့် တင်လိုက်ပေမယ့် စာအုပ်ရဲ့ရောင်းအားဟာ မထိခိုက်တဲ့အပြင် ပိုလို့ရောင်းအား ကောင်းလာတာကို တွေ့နိုင်ပါတယ်။ စာအုပ်ရောင်းအား မတိုးတက်လာရင်တောင်မှ စာရေးသူအတွက် မမြင်နိုင်တဲ့ရှုထောင့်များစွာမှာ အကျိုးအမြတ်များစွာ ရှိနေနိုင်ပါတယ်။
    တပင်တပမ်းရေးရတဲ့ မူရင်းစာရေးဆရာကိုတော့ လေးစားသမှုနဲ့ ခွင့်တောင်း/ခွင်ပြုကြရင်တော့ အကောင်းဆုံးပေါ့။ အဓိကက မြန်မာတွေ စာများများဖတ်ဖြစ်စေချင်တဲ့ စေတနာတွေ အားလုံးမှာ ရှိကြမှာပါ။
    ကိုတိုး

    ReplyDelete
  4. သြ........ပြောမယုံကြုံဖူးမှသိ....

    ReplyDelete
  5. နှစ်ဦးနှစ်ဖက်လုံး စာဖတ်ပရိသတ်ကို စာပေမျှဝေချင်တဲ့ စေတနာခံယူချက်ခြင်း တူညီကြပေမဲ့ ခံယူပုံခြင်း မတူညီကြလို့ တစ်ခါတစ်ခါမှာ အခုလို ဖြစ်တတ်ကြပါတယ်။

    အမရွှေစင်..
    စာပေကောင်းများကို ဆက်လက်ဖြန့်ဖြူးနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  6. မတင်တော့မဖတ်ရဘူးပေါ့..
    မဖတ်ရတော့ ဘာတွေဖြစ်လည်းမသိရဘူးပေါ့ဗျာ...
    ဒီကိစ္စတွေကိုလူတွေ သိစေချင် လို့ ရေးသားကြ၊ထုတ်ဝေကြတာ မဟုတ်လား။
    များများသိလေ၊ကောင်းလေ ဒီလိုမဟုတ်ဘူးလား။
    ငွေရေးကြေးရေးအမြတ်အစွန်းအတွက်ထောင်တွင်းဇတ်လမ်းတွေကို ရေးသား ထုတ်ဝေနေကြတာဆိုရင်တော့ ဘာမှမပြောလိုပါ...
    ထောင်ထဲမှာ စာဖတ်ခွင့်ပိတ်ပင်ထားလို့  စာဖတ် ချင်လွန်းလို့  ဆေးလိပ်တိုအပိုင်းအစ ကလေးဖြဲပြီး ရှာဖွေဖတ်ရှုကြရတယ်လို့ ကြား ဖူးတယ်။
    တယောက်နဲ့ တယောက် ကိုယ်သိတဲ့အသိဥာဏ်
    ၊ဗဟုသုတ၊ဖတ်ဖူးတဲ့စာပေ နုတ်နဲ့ ပြောဆိုဝေငှကြတယ် ကြားဖူးတယ်။
    စာအုပ်တအုပ်တလေအောက်လမ်းနဲ့  ခိုးဝှက်ဝင်လာရင်များ ရတနာထုပ်ရသလို တယောက်တရွက်ဖြဲဆုတ်ဖတ်ခဲ့ကြရတဲ့ ဇတ်လမ်းတွေကြားဖူးတယ်။
    စာဖတ်ဖို့ အခွင့်အရေးအတွက်ကျောနဲ့ ရင်းသွားတဲ့ အတွေ့ အကြုံတွေ ဖတ်ဖူးတယ်။ကြားဖူးတယ်။

    အဲဒီလိုထောင်ထဲကထွက်လာတဲ့ထောင်ထွက်စာရေး
    ဆရာမတယောက်ရဲ့ 
    မဝေမျှနိုင်တဲ့ စာကို ဖတ်ခွင့်ကြုံ လည်း မဖတ်ချင်တော့ပါဘူး...

    shwezinoo ကနေကူးပြီး ကျနော့်ဘလော့မှာ တင်ထားတဲ့မသီတာ(စမ်းချောင်း)ရဲ့ စာတွေ ပြန်ဖြုတ် လိုက်ပါတယ်။


    ReplyDelete
  7. အပေါ်က ပြောသွားသလိုပါပဲ။ အစ်မရိုက်တင်ပေးလို့ ဖတ်တဲ့သူများရင် သူသိစေချင်တဲ့ အကြောင်းအရာ တွေကို လူပိုသိတာပဲမဟုတ်လား။ တကယ်တော့ အစ်မရဲ့ ဘလော့မှာလာဖတ်နေတဲ့ သူတော်တော် များများကလဲ ပြည်ပရောက်ပြီး စာဖတ်ချင်နေတဲ့သူတွေများမယ်နဲ့တူပါတယ်။ အစ်မ တင်ပေးလိုက်လို့လဲ ပြည်တွင်းမှာ စာအုပ်ရောင်းအားကျသွားစရာမရှိပါဘူး။
    စလုံး၊ မလေး မှာနေတဲ့သူတွေကလွဲရင် တခြားနိုင်ငံတွေမှာ ဗမာစာအုပ်တွေဝယ်ဖို့ မလွယ်ပါဘူး။ ပိုက်ဆံထက်စာရင် အလုပ်ရှုပ်လို့ အရမ်းကြိုက်လို့ သိမ်းထားချင်တဲ့ စာအုပ်လောက်ပဲ မှာဖြစ်တယ်။ ဒါကလဲ အစ်မဆီမှာ လာဖတ်ရင်းနဲ့ သိမ်းထားချင်တဲ့ စာအုပ်ဆို တကူးတက အိမ်ကိုမှာပြီး ပို့ခိုင်းရတယ်။ တကယ်က သူ့စာအုပ်ကို အစ်မဆီမှာပထမဆုံးလာဖတ်ရင်း ၀ယ်ရရင်ကောင်းမယ်တောင် စဉ်းစားနေတာ။ အခုတော့ တော်ပါပြီ။ ကြုံရင်တောင် မဖတ်တော့ဘူး။ အဲလိုမျိုး ရိသလိုလို ထေ့သလိုလိုနဲ့ မသိလို့တင်ခဲ့တာ မဟုတ်ဘူးလို့ ထင်ပါတယ် ဘာညာနဲ့ ရေးပုံမျိုးကိုမကြိုက်လို့။

    ReplyDelete
  8. စာရေးသူ ဆရာမ မသီတာရဲ့ခံယူချက်သဘောထားကိုလည်း နားလည်ပေးပါတယ်။ ဆရာမရဲ့ စာအုပ်မှာတော့ သူ့သဘောထားအတိုင်း လုပ်ပေးရမှာပေါ့။ စာအုပ်အသစ် ထွက် ထွက် ချင်းမို့ မတင်စေချင်တာလဲ ဖြစ်နိုင်ပါတယ်။

    အစ်မ မရွှေစင်ရေ... အစ်မရဲ့ စေတနာကို နားလည်ပြီး တချိန်လုံး ကျေးဇူးတင်မိပါတယ်။ တချို့ အစ်မ ပြန်တင်ပေးတဲ့ စာအုပ်တွေဆို ငယ်ငယ်က ဖတ်ဖူးပြီး ပြန်ရှာမတွေ့တော့လို့ အီးဘုတ်ခ် အနေနဲ့ သိမ်းရတယ်။ တချို့လည်း နာမည်ကြားဖူးပြီး အစ်မ တင်ပေးလို့သာ ဖတ်ဖြစ်တော့တယ်။ စာအုပ်သစ် တွေဆိုလည်း စာရေးဆရာ မိတ်ဆက်အနေနဲ့ သိသွားတယ်။ ဒါပေမယ့် အီးဘုတ်ခ်တွေ ရှိတိုင်း စာအုပ် မ၀ယ်ဖြစ်တော့ဘူးလို့ ယူဆလို့ မရပါဘူး။ စုချစ်ဆို မြန်မာပြည် တစ်ခါပြန်ရင် ကြိုက်တဲ့ စာအုပ်တွေ ပြန်ထုတ်တဲ့ စာအုပ်တွေ သိမ်းကြုံး ၀ယ်တာပဲ။ အိမ်မှာ အကြွယ်ဝဆုံး ဟာ စာအုပ်တွေပါပဲ။

    အွန်လိုင်းမှာတင်တဲ့ စာအုပ်တွေကို ဖတ်နိုင်သူတွေဟာ များသောအားဖြင့် နိုင်ငံခြားက သူတွေ လို့ ထားပါတော့နော်...
    တချို့ကလေးတွေကျတော့ နိုင်ငံခြားမှာ အလုပ်လုပ်နေကြပေမယ့် စာအုပ်တွေ ၀ယ်ဖတ်နိုင်လောက်အောင် ၀င်ငွေ ကောင်းကြတာ မှုတ်ဘူး။ ဒီတော့ အွန်လိုင်းက အစ်မတို့လို တင်ပေးတဲ့ စာအုပ်ကောင်းလေးတွေကို စောင့်ဖတ်ပြီး အာသာဖြေကြရတာရယ်။ တချို့လည်း စာကောင်းပေကောင်း ဘာရွေးဖတ်ရမှန်း သိတာ မှုတ်ဘူး။ ဒီလို တင်ပေးထားတဲ့ ဆိုဒ်ကနေ အပျင်းပြေ ပဲ ဖြစ်ဖြစ် စိတ်ဝင်စားလို့ ပဲ ဖြစ်ဖြစ် ဖတ်မိသွားရင်း စာကောင်းပေကောင်း ဆိုတာ ဘာလဲ ဆိုတာ နားလည် သွားကြတဲ့သူတွေလည်း ရှိမှာပဲ။

    အစ်မရေ... စေတနာကောင်းနဲ့ လုပ်တာမို့ အစ်မ ရွှေစင်ပြောသလို
    ''စာဖတ်သူ များ အတွက် အကျိုးရှိမယ်လို့ ယူဆတဲ့ အတွက် ... စာရေးဆရာ များ .. ထုတ်ဝေသူ များရဲ့ တရားဝင် တားမြစ်မှု မရှိသော စာများကို ဆက်လက် တင်မှာဖြစ်ပါကြောင်း အသိပေး အပ် ပါတယ် .... "
    ဆိုတာကို ကျေးဇူးတင်စွာဖြင့် သဘောတူညီပါကြောင်း...

    စုချစ်ကတော့ စာအုပ်သစ်တွေထက် စာအုပ်ဟောင်းတွေကို ပိုမျှော်လင့်မိပါကြောင်း...

    အစ်မရွှေစင်တို့ မိသားစု အားလုံး စိတ်ချမ်းမြေ့ သာယာ ပျော်ရွှင်ပါစေ...

    ချစ်ခင်စွာ... စုချစ်

    ReplyDelete
  9. စေတနာ မှ ဝေဒနာ သို့ ..... ဒီအတွက် စိတ်မကောင်းပါဘူး။ လကာင်္ပြောသွားသလို.. မတင်တော့ မဖတ်ဖူးရဘူးပေါ့ နော် ..
    သူ့ ဖက်ကကြည့်တော့ လက်ဖဝါး ၊ ကိုယ့်ဖက်ကကြည့်တော့ လက်ဖမိုး ဆိုတဲ့ သဘောတရား လို့ ပဲ ယူဆပါတယ် ။


    (( မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရလာပြီး ... စာရေးဆရာ များ ထုတ်ဝေသူ များ အမှန်တကယ် အကျိုးရှိတဲ့ နိုင်ငံတကာ အဆင့်မှီ အွန်လိုင်း ဥပဒေ ဆိုတာ တိတိကျကျ ပေါ် ထွက်လာ ရင်တော့ ))... အဲဒီအချိန် အမြန်ဆုံး ရောက်လာပါစေ.... လို့  မုဒိတာ ပွားရင်း.. အားပေးရင်း..

    အွန်လိုင်းစာပေများကိုသာ ဖတ်ခွင့်ရှိနေတဲ့
    ဖွားကိ..

    ReplyDelete
  10. I am a silent reader of your blog..I was very happy to see when you post that book as I wanted to read it so much, however, that thought certainly passed my head that I hope the author will not flip out. And certainly it happens..oh..well...End of the day we are all human beings and we all like that thing called "money".......

    ReplyDelete
  11. မမရွှေစင်

    မမစုချစ်ပြောသလိုပါပဲ....အွန်လိုင်းမှာ တင်လိုက်လို့တော့ ပြည်တွင်းဈေးကွက်ရေ (စာသာ တကယ်ကောင်းရင် ပြည်ပဈေးကွက်ပါ) မထိခိုက်နိုင်ဘူးလို့ ပူးတေထင်ပါတယ်... ဘာလလို့ ပြည်တွင်းဈေးကွက် မထိခိုက်သလဲဆိုရင် မြန်မာပြည်က မြန်နှုန်းမြင့် အင်တာနက်နဲ့ ဖတ်မယ့်အစား စာအုပ်ပဲ ဝယ်လိုက်ကြမယ်ဆိုတာ ၇၀ ရာခိုင်နှုန်းက သေချာနေလို့ပါပဲ... ဒီလို အင်တာနက်နှေးနှေးလေးကြားကနေ စာတွေ စိတ်ရှည်လက်ရှည် ရိုက်တင်ပေးနေတဲ့ မမရွှေစင်နဲ့ စာကူရိုက်ပေးကြတဲ့ အစ်ကို အစ်မတွေကို ကျေးဇူးတင်ပါတယ်လို့ အရင်ကလဲ ပြောဖူးပါတယ်... ခုလဲ ထပ်ပြောပါရစေ... ဆရာမ မသီတာအနေနဲ့ ဆရာမရဲ့စာတွေကို အွန်လိုင်း မတင်စေချင်ရင် မတင်ရုံပဲရှိတာပေါ့လေ....ဒါမယ့် မြန်မာပြည်မှာက ပုံနှိပ်ထုတ်ဝေသူတွေ အွန်လိုင်းကစာတွေ ဘာသာပြန်တွေကို ခရက်ဒစ်မပေးပဲ ကူးချတာကျတော့ ပြဿနာ မဟုတ်သလိုဖြစ်နေကြပြီးတော့ ပုံနှိပ်ထုတ်ဝေထားပြီးသား စာအုပ်တအုပ်ကို အများဖတ်စေချင်တဲ့ စေတနာနဲ့ ခရက်ဒစ်ပေးပြီး တင်တာကျတော့ ပြဿနာကြီး တခုလို ဖြစ်နေတယ်ဆိုရင်တော့ နှစ်ဖက် အဆင်မပြေပြန်ဘူးးးး ဘာပဲပြောပြော မမရွှေစင် ပြောသလိုပဲ
    မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရလာပြီး ... စာရေးဆရာ များ ထုတ်ဝေသူ များ အမှန်တကယ် အကျိုးရှိတဲ့ နိုင်ငံတကာ အဆင့်မှီ အွန်လိုင်း ဥပဒေ အမြန်ဆုံးပေါ်ပေါက်လာမှပဲ ဒီပြဿနာတွေက ရပ်မယ်ထင်ပါတယ်...
    ဒီ့မတိုင်ခင်တော့ ဆရာမအနေနဲ့ တခြားစာရေးဆရာတွေရဲ့ စာတွေကိုလဲ မတင်ပါနဲ့လို့ ပြောရမယ့် အချိန်မရောက်သေးဘူးထင်တယ်... ဆရာမစာတွေ မဖတ်ဖူးပါ... မမရွှေစင်တင်လိုက်တဲ့ ဆရာမရဲ့ စာလဲ မဖတ်လိုက်ရပါ...
    ဘယ်သူ့ကိုမှ ဘက်လိုက်ပုဂ္ဂိုလ်ရေး ထိခိုက်ပြီး မန့်ခြင်းမဟုတ်ပါလို့

    အွန်လိုင်းရော ပုံနှိပ်ရော (ပုံနှိပ်ဆိုတာ ပြည်ပရောက် မြန်မာတွေအတွက် လက်လှမ်းမှီမှ ဝယ်ခွင့် ဖတ်ခွင့်ရကြတာပါ။ တခါတလေ ပိုက်ဆံတတ်နိုင်ရဲ့သားနဲ့ ဝယ်ချင်ရဲ့သားနဲ့ ဝယ်ဖို့ အဆင်မပြေလို့ ဖတ်ခွင့်မရတဲ့ စာချစ်သူတွေ အများကြီးပါ) အဆင်ပြေသလို ကြိုက်ရင် ကြိုက်သလို ဖတ်နေသော စာဖတ်ဝါသနာပါသူ (ပူးတေ)

    ReplyDelete
  12. အမရေ...
    ဘာပြောရမှန်းတောင်မသိဘူး..

    စာဖတ်ပရိသတ်တယောက်အနေနဲ့ အမ အခုလို အချိန်ကုန် လူကုန် လက်ညောင်းခံပီး ရိုက်ပေးတာ အထူး အထူး ကျေးဇူးတင်ပါတယ်...

    အမဖော်ပြပေးတဲ့ အကြောင်းအရာ တော်တော်များများမှာ ကိုယ်တိုင်မသိတဲ့ စာရေးဆရာတွေရေးတဲ့ စာအုပ်တွေကနေ ဗဟုသုတများစွာရခဲ့ပါတယ်။ နောင်လည်းရနေဦးမယ်လို့ မျော်လင့်ပါတယ်....

    အမရေ...အမှန်ဆိုရင် အခုမသီတာ စာအုပ်က လူငယ်တိုင်း သိသင့် ဖတ်သင့်တဲ့ စာအုပ်မျိုးပါအမ...

    ဒါပေမဲ့ ကာယကံရှင်တွေက ခွင့်မပြုဘူးဆိုတော့လဲ.........ဘယ်တတ်နိုင်မလဲ..အမရယ်... စာအုပ်ရေးရခြင်း ရည်ရွယ်ချက် အထူးသဖြင့် အဲ့ဒီစာအုပ်ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်စေချင်တာလဲ ..... တွေးရင်း သက်ပြင်းချမိတယ်..အမ။
    အဲ့ဒီတော့လည်း ညီမတို့ မဖတ်ယုံပေါ့ အမရယ်... မဖတ်ရတော့ တကဲ့သမိုင်း မသိရတော့ဘူးပေါ့...

    အမရေ.... အခြားသော စာရေးဆရာများရဲ့ လက်ရာကောင်းများကိုပဲ အမဆီကတဆင့် စောင့်မျှော်ဖတ်ပါတော့မယ် အမရေ...

    အဲဒီအတွက်လည်း စိတ်ထဲ ဘာမှ မဖြစ်ပါနဲ့နော်...

    အမစေတနာကို ညီမတို့လို စာဖတ်ပရိတ်သတ်တိုင်းက နားလည်ကြပါတယ်...

    အမ ..စာကောင်းပေမွန်များကို ဆက်လက် ဖြန့်ဝေပေးနိုင်ပါစေ...လို့...


    ဂျပန်မှ ညီမ

    ReplyDelete
  13. ကိုဇော်သက်ထွေး စာအုပ်က အရမ်းကောင်းတယ်ဗျာ
    ကျေူးးတင်ပါတယ်

    ReplyDelete
  14. ငါတို့စာပေက ...ငါတို့အတွက်ပဲရည်ရွယ်တာ.... အများအတွက် မရည်ရွယ်ဘူးဆိုတာ ... သဘောပေါက်သွားသလို့ပဲ.. စစ်မှန်ပြီးတိကျတဲ့ ဥပဒေတွေအတိုင်း ကျင့်သုံးနေမယ်ဆိုရင် .... ဟဲဟဲ.. ဆရာမတယောက် အင်းစိန်အတွေ့ အကြုံလေးတွေ ဝေမျှနိုင်မယ်မထင်ပါဘူး.....စာပေတွင်သာမဟုတ်ပဲ အရာရာ (နိုင်ငံတကာ ထုံးစံကို ကျင့်သုံးနိုင်တဲ့ အမိမြန်ပြည်ကြီး ဖြစ်စေဖို့ ဆုတောင်းပါတယ်...)

    ဟုတ်ကဲ့....ဟုတ်ကဲ့ မတင်တော့ မဖတ်ရယုံပေါ့လေ....


    ReplyDelete
  15. အစ်မဆီမှာဖြစ်ဖြစ်၊တစ်ခြားအွန်လိုင်းပေါ်မှာဖြစ်ဖြစ်
    စာကောင်းလေးတွေဖတ်ရရင် မြန်မာပြည်ပြန်ရောက်တဲ့
    အခါ အဲ့စာအုပ်ကိုဝယ်ပြီးသိမ်းထားဖို့ တေးမှတ်ထားမိ
    တယ်...၊ပြောရရင် ကျွန်တော့်အတွက်တော့ အွန်လိုင်း
    ပေါ်မှာဖတ်ရတာကို စာအုပ်နဲ့ဖတ်ရတာလောက် အာ
    သာ မတွေ့တာအမှန်ပါပဲ၊ဒါပေမယ့် မြန်မာစာအုပ်တွေနဲ့
    ဝေးကွာနေရတဲ့အခြေအနေတစ်ရပ်မှာ အစ်မနဲ့တစ်ကွ
    အွန်လိုင်းပေါ်မှာ စာအုပ်တွေကို တစ်တန်တစ်က တင်ပေး
    နေကြတဲ့သူတွေကို ကျေးဇူးတင်ရပါတယ်။စာကောင်း
    ပေမွန်လေးတွေကို ထိုင်ရမထဖတ်ရတဲ့အတွက်လည်း
    အားကိုးရပါရဲ့...၊ကျွန်တော်တို့အနေနဲ့ကတော့
    တစ်ဆင့် ကူးယူဖြန့်ဝေတာဖြစ်ပေမယ့် အစ်မတို့ကို
    စာကြည့်တိုက်တစ်တိုက်လိုပဲ သဘောထားပါတယ်..။
    တကယ်လည်း စာကြည့်တိုက်တစ်ခုပါပဲ...၊အင်း....
    နောက်ဆုံးတော့ အခြားသူတွေပြောသလိုပဲ သူ့စာတွေ
    တင်ခွင့်မရတော့လည်း မဖတ်ရုံပေါ့ဗျာ...၊ကျွန်တော်တို့
    အတွက်တော့ ဝယ်ဖတ်ဖို့ အခြေအနေမှမပေးပဲဗျာ...
    နော့...။စိတ်လည်းမကောင်းဖြစ်မနေနဲ့ပါနဲ့ အစ်မရယ်...နော့.....၊

    ReplyDelete
  16. ၇ိုက်တင်ပေးတာ ကျေးဇူးတင်ပါတယ် အစ်မကြီး ..

    ReplyDelete
  17. စာပေလောက အီးဘွတ်စတိုးမှာ မြန်မာ့စီးပွားရေးဘဏ် ခရက်ဒစ်ကဒ်နဲ့ အွန်လိုင်းပေါ်ကနေ ဝယ်လို့ရမယ့် နေ့ကို စောင့်မျှော်နေလျက်ပါ…။
    ခုတော့ ထောင်မင်းသား ဦးဖိုးထော်ပဲ ပြန်ဖတ်ရတော့မယ်။

    ReplyDelete
  18. I am one of your regular readers,ama. I just want to say thank you for your valuable effort and time taken to type each words for us to read. I really respect your admirable intention,ama. You know try to brownse your blog every moment I spare during the day, even busy at work. Your blog is precious for us who live in other countries in hunger of Myanmar good novels those you had contributed. I REALLY respect you, ama.

    ReplyDelete
  19. nothing to say except sorry...
    really thnx to you 4 every post..
    let it be...
    we all love you..
    **one of ur reader..
    Anne

    ReplyDelete
  20. မမရေ

    ဆရာမ မသီတာရဲ့စာကတော့ ဆရာမရဲ့သဘောထား အတိုင်းပေါ့ မမ မ၇ယ်။ နေပါစေတော့။ သံဃောဇဉ် ဖြတ်လိုက်ပါတယ်။

    မမပြောဖူးတယ်လေ၊ အချိန်ကုန်၊ ငွေကုန်ခံတင်ပေးနေမိတာ ကျွန်တော်လို စာချစ်သူတွေကို စာဖတ်စေချင်လို့ပါ ဆိုတဲ့ စေတနာ စကားလေး၊ ညီမတို့ကတော့ မမအချိန်ပေးတင်ပေးသမျှ ဖတ်ခွင့်ရှိသမျှ စာများကို စောင့်မျှော် အားပေးနေဦးမှာပါ။

    ချစ်ခင်လေးစားလျှက်

    လသာည

    ReplyDelete
  21. ကိုအောင်(ပျူ)December 5, 2012 at 1:05 PM

    ကောင်းပါတယ် ...

    ReplyDelete
  22. စာရေးသူရဲ့ စာဖတ်သူတွေအပေါ်ထားတဲ့ သဘော ထားနဲ့ပတ်သတ်ပီး ဘာမှကိုမဝေဖန်လိုတော့ပါဘူး
    အမရွှေစင်ရေ ... အမကိုသာ ကြားထဲက အားနာမိတာ ပါပဲ ... ဘာပဲဖြစ်ဖြစ် ကိုယ်စိတ်ရင်းကမှန်တာပဲ အမ
    ရယ် ဘယ်သူ ဆရာကြီးလုပ်ပီးဘာပဲပြောပြော အမ တင်ပေးနေကျအတိုင်း ခွင့်ပြုနားလည်နိုင်တဲ့ ဆရာ/ ဆရာမတွေရဲ့စာလေးတွေကိုတော့ ဆက်လက်တင်
    ပေးပါအုန်းလို့ တောင်းဆိုပါရစေ အမရွှေစင်ရေ
    အမရွှေစင်နဲ့ စာရိုက်သူမောင်ညီမလေးများအားလုံးကို အထူပဲကျေးဇူးတင်ပါတယ်

    ReplyDelete
  23. သစ်တပင်ခုတ် ထောင်သုံးနှစ်...တတောလုံးခုတ်တော့ အိုကေတာပေါ့ဗျာ....တနေ့နည်းနည်းချင်း လေးတင်နေတာ ပြည်တွင်းက စာဖတ်သူတွေဆိုရင် စာအုပ်စဖတ်မိတာနဲ့ဒီဘလော့ပေါ် အချိန်ကုန်ခံ ငွေကုန်ခံ နက်နှုန်းနှေးတာနဲ့ နက်ကနေံမဖတ်ပါဘူး ....ဆိုင်ကနေ အမြန်ဆုံးပြေးဝယ်ဖတ်၊ ငှားဖတ်မယ့်သူကြီ့းပါ....မမရွှေစင်နဲ့စာရိုက်ပေးသူသမီးတော်များကို အထူးကျေးဇူးတင်ပါတယ်.... စာကောင်းပေမွန်တွေ ဆက်လက်တင်ပေးနိုင်ပါစေ

    ReplyDelete
  24. အမရေ.
    ကျွန်မလဲအမြဲတမ်းလာဖတ်သူပါ. အချို့ စာအုပ်လေးတွေကအမတင်မှဖတ်ဖူးတာပါ။
    အမြဲအားပေးလျှက်..
    မေ

    ReplyDelete
  25. ကိုရွှေစင်ဦး
    မရွှေစင်ဦးကိစ္စ
    အခုထိရှင်းနေရတုန်းဘဲလားအစ်မး)

    ReplyDelete
  26. ကိုရွှေစင်ဦး
    မရွှေစင်ဦးကိစ္စ
    အခုထိရှင်းနေရတုန်းဘဲလားအစ်မး)

    ReplyDelete
  27. ကိုရွှေစင်ဦး
    မရွှေစင်ဦးကိစ္စ
    အခုထိရှင်းနေရတုန်းဘဲလားအစ်မး)

    ReplyDelete
  28. တစ်ဖက်က ပြဿနာရှာပုံက ရိုးသားမှု နည်းနည်းလိုနေလားလို့။
    ငါတို့စာပေက မရွှေစင်ဦးကိုဆက်သွယ်လာတဲ့စာကို ဖတ်ကြည့်တော့ ''
    ဆရာမမသီတာကို ထိုကဲ့သို့ တင်မယ် လို့ ကြိုတင်အကြောင်းကြားခြင်း မရှိဘူးလို့ကြားသိရပါတယ်'' လို့ ပါတယ်။
    ဒါဆိုရင် မရွှေစင်ဦးဘလော့မှာ ရိုက်တင်နေတဲ့ကိစ္စကိုမသီတာနဲ့ ထုတ်ဝေသူ နှစ်ယောက်ပြောဆိုဆွေးနွေးပြီးလို့ ဘာဆက်ပြောမယ်ဆိုတာ အဖြေက ထွက်နေပြီးသား ကိစ္စပဲ။
    မတင်ပါနဲ့၊ မသီတာက မကြိုက်ဘူးပြောတယ်..လို့ ရိုးရိုးရှင်းရှင်း ပြောလိုက်ရင် မရွှေစင်ဦးကလဲ အဓမ္မကြီးဆက်တင်နေမှာမဟုတ်ဘူး။ ဒီလိုပြောလာမယ် မထင်လို့ပါဗျာ၊ ဆောရီးဆိုပြီး ချက်ချင်း ရပ်လိုက်မှာပဲ။
    ဒီလိုမပြောဘဲ ..ခင်ဗျား မသီတာကိုပြောပြီးမှတင်ရင် မသီတာကလဲ ကြည်ကြည်ဖြူဖြူ ခွင့်ပြုမှာပါ၊ ပြောပါ...ဆိုပြီး (သွားပြောရင် ရန်လုပ်လွှတ်ဖို့ စောင့်နေတယ်ဆိုတာ ထုတ်မပြောဘဲ) ပရိယာယ်နဲ့ မသီတာဆီ ဆက်သွယ်ခိုင်းတယ်။ မရွှေစင် ငအကြီးက အဟုတ်မှတ်ပြီး ယဉ်ယဉ်ကျေးကျေး လှမ်းဆက်သွယ်တော့ ရန်လုပ်ဖို့ ကြိုစောင့်နေတဲ့သူနဲ့ တွေ့ပြီး အပြောခံလိုက်ရတယ်။

    ရှင် ကျွန်မစာတွေ ဒီလို အခမဲ့ လိုက်မဖြန့်နဲ့၊ အခုရပ်လို့ စကတည်းက တိုက်ရိုက် ပြောလိုက်ရင်၊ ထုတ်ဝေသူကတစ်ဆင့်မှ ပြောခိုင်းချင်သပဆိုလဲ စာရေးသူက ဒီလိုပြောခိုင်းလို့ပါ၊ ရပ်ပေးပါလို့ ရိုးရိုးသားသား ပြောခဲ့ရင် ဒီလို အဖုအထစ် ဖြစ်စရာ မရှိဘူး။

    ReplyDelete
  29. မင်းဒင်ရဲ့သက်ခိုင်စာအုပ်တုန်းကတော့ ပြည်တွင်းကလူတွေ ဖတ်ချင်လွန်းလို့ ထွန့်ထွန့်လူးနေတာ....ဆရာ့စာအုပ်ထွက်လိုက်တော့ ၀ယ်လိုက်တာ ၀က်ဝက်ကွဲလို့....အခုထိရော ဆရာ့စာအုပ်တွေ ရောင်းကောင်းနေဆဲပါပဲ....ရန်ကုန်မှာဆို ကော်ပီတွေ ၀ယ်လို့ရတယ်ဆိုတော့ ပျော်လိုက်တာဗျာ.ဘာဖြစ်လဲဗျာ လူတွေလက်ထဲရောက်ကုန်တယ် ..အဓိက ပြည်သူတွေ အမှန်တရားသိဖို့ အတွက်ပဲ......ဒီစာအုပ်ကလဲ လင်္ကာပြောသလို ငွေကြေးအရ..ထောင်တွင်းအတွေ့အကြုံရေးတယ်ဆိုရင်တော့ မပြောလိုပါဘူး ..ဘဘဦးဝင်းတင်ရဲ့ ဘာလဲဟဲ့လူ့ငရဲဆို တခါထဲ ဒေါင်းလုပ်ဆွဲပြီးတောင် ဖတ်လို့ရသေး.....ဖတ်ချင်တဲ့သူများအတွက် လင့်ပေးပါမယ်......လူမသိသူမသိအဲလိုလေးလုပ်ပေးလိုက်တော့လဲ ဘယ်ထုတ်ဝေသူကများ တားခွင့်ရမှာကြလို့....
    မမရွှေစင် စာကောင်းပေမွန်များ ဒီထက်ပိုမိုပြီး ဆက်လက်တင်ပေးနိုင်ပါစေ....

    ReplyDelete

thank you to say so