Thursday, October 27, 2011

ရွှေစင်ဦး ရဲ့ ချစ်ဖေဖေ အတွက် (angiogram ပုံများ ပါဝင်ပါသည်)

ချစ်မိတ်ဆွေ စာဖတ်သူ များနဲ့ ချစ်မိတ်ဆွေ ဘလော့ဂါ များသို့


(ဖေဖေ မှာ သွေးတိုး ဆီချို ကျောက်ကပ် မည်သည့် ရောဂါ မရှိပါ)
မကောင်းတဲ့ ကိုလက်စ်ထရော LDL ဟာ သာမန်ထက်တောင် နဲနေပါသေးတယ်
အခုလည်း မောလည်း မမော ရင်ဘတ်လည်း မနာပါ ဆေးရုံတက်ရက် များအတွင်း မှာ အတင်း ထ ထ နေလို့ မနဲတားနေရပါတယ်

မရှင်း လင်းတဲ့ ပုံများ ရှိရင် ပြန်တင်ပေးပါမယ်

အကြံပေးကြတဲ့ မိတ်ဆွေ အားလုံးအား အထူးကျေးဇူးတင်ပါတယ်... ရွှေစင်ဦး အတွက် အများကြီး အကျိုးရှိပါတယ် စဉ်းစားစရာတွေ အများကြီး ရပါတယ် ဆက်လက်ပြီး တတ်နိုင်သလောက် ပြောပြကြပါအုန်း အခုညနေ မှာတော့ ဖေဖေ ကို stent ထဲ့ဘို့ အဆင်မပြေ တဲ့ နေရာမှာ ပိတ်နေတဲ့ အတွက် မထဲ့ဖြစ်သေးဘူးလို့ ပြောထားပါတယ် နောက်နေ့ မှ ဆရာဝန်ကြီး ကအသေးစိတ် ရှင်းပြမယ် လို့ ပြောထားပါတယ်

ရွှေစင်ဦး ရဲ့ ချစ်ဖေဖေ ဟာ   နှလုံးသွေးကြောပိတ်သွား တဲ့ အတွက် ဒီနေ့ မနက် မန္တလေး ဆေးရုံကြီးမှာ angiogram ရိုက်ပြီး ဆေးကုသမှု့ ခံယူပါတယ်.. ဒါပေမဲ့ သွေးကြောအားလုံး ပိတ်နေပြီး သွေးကြောတခု ထဲသာ အနည်းငယ် ပွင့်နေ ပါတယ် ဒါကြောင့် stent ဆိုတဲ့ ဇကာပြွန် ကရိယာ လေး လည်း ထဲ့ လို့ မရ တော့ပါ.. ဆေးရုံက သမားတော်ကြီး က ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ မှာ သွားကုဖို့ လွှဲစာရေးပေးပါတယ်... by pass လုပ်ရပါတော့ မယ်... သွေးကြော လေးနေရာ ကို ဖြတ်ဆက်ရပါမယ်..

ဖေဖေ ဟာ အသက် ၇၁ နှစ်ရှိပါပြီ....  အခု stent လေးထဲ့ဖို့တောင် တော်တော် ရှင်းပြရပါတယ် .... by pass လုပ်ဖို့ မပြောရသေးပါဘူး... ရွှေစင်ဦး တို့ မောင်နှမ အားလုံးဟာ ချစ်ဖေဖေ ကို ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ကြာကြာ နေနိုင်အောင် ... အသက်ရှင် အောင် ကုသ ပေးချင်ပါတယ်.... အဲဒီအတွက် ဖေဖေ ကုသ ချင်တဲ့ နေရာမှာ ကုသနိုင်ဖို့ အတွက် မင်္ဂလာဒုံ စစ်ဆေးရုံ .. ပန်းလှိုင် ဆေးရုံကြီး... စင်ကာပူ ဆေးရုံ ... ထိုင်း ဆေးရုံ  တနေရာရာ မှာ ကုသ ပေးချင်ပါတယ်... မနက်ဖြန် သဘက်ခါ လောက်ဆိုရင် ဖေဖေ ကို ဖွင့်ပြောပြီး ဖေဖေ ကုမယ် ဆိုရင် ကြိုက်တဲ့ နေရာမှာ ကုသမှု့ ခံယူဖို့ အချက်အလက် တွေ စု နေပါတယ်... 

ရွှေစင်ဦး လည်း ကုန်ကျစရိတ်တွေ နဲ့ လုပ်နည်းလုပ်ဟန် တွေ အားလုံး ကို သိချင်ပါတယ်.... စာဖတ်သူ မိတ်ဆွေများ သိသမျှ အချက်အလက် များကို ရွှေစင်ဦး ကိုပေးကြပါလို့ မေတ္တာရပ်ခံပါတယ်.... ချစ်မိတ်ဆွေ ဘလော့ဂါ မကိ ကလည်း ဖေ့စ်ဘွတ်မှာ data collect လုပ်နေပါတယ်

အခုလောလောဆယ်ဆယ် အလုပ်ရှုတ်နေတဲ့ အတွက် စာဖတ်သူများသည်းခံပေးကြဖို့ နဲ့ ရွှေစင်ဦး ရဲ့ ချစ်ဖေဖေ အတွက် မေတ္တာပို့ပေးကြဖို့ ဒီပိုစ့် လေး ကိုရေးပါတယ်.....

angiogram ရိုက်တဲ့ ဓါတ်မှန်များကိုလည်း ညကြရင် တင်ထားပေးပါမယ်... အားလုံး ဆီက သိသမျှ အကြံဥာဏ် များလိုချင် ပါတယ် ... ကူညီကြပါ...

လေးစားစွာဖြင့်
ရွှေစင်ဦး
.

44 comments:

  1. ဟောဗျာ..အစ်မရွှေစင့် ဖေဖေ အမြန်ဆုံးသက်သာပျောက်
    ကင်းပါစေအစ်မရေ.....၊

    ReplyDelete
  2. ကွန်နက်ရှင်တွေ တစ်မနက်လုံးကျနေလို့ ..။
    အခုတက်တက်ချင်း အစ်မဆိုက်ကို ၀င်ဖတ်ရင်း အစ်မဖေဖေရဲ့ ကျန်းမာရေးကို သိလိုက်ရတာ။ အစ်မရွှေစင်ရဲ့အပူကို ကိုယ်ချင်းစာနာမိပါတယ် အစ်မရေ..။
    အစ်မဖေဖေ အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေလို့ ဆုတောင်းပေးနေပါ့မယ်ရှင်..။

    ReplyDelete
  3. ကိုကိုမောင်(ပန်းရနံ့)October 27, 2011 at 4:41 AM

    အမရွှေစင် အဖေ.. ရောဂါမှ အမြန်ဆုံးသက်သာပြီး ကျန်းမာချမ်းသာ အသက်ရာကျော်ရှည်ကြာ နေနိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

    ကုသဖို့ ဖြေရှင်းပေးမဲ့ နည်းလမ်းကောင်းလေးလဲ အမြန်ဆုံး ရနိုင်ပါစေလို့ ထပ်ဆင့်ဆုတောင်းပေးပါတယ်။

    ခင်မင်လျှက်

    ReplyDelete
  4. အမရေ ....
    အမရဲ့ ဖေဖေ အမြန်ဆုံး ကျန်းမာပါစေ
    အစစ အရာရာလည်း အဆင်ပြေပါစေ
    ဆုတောင်းပေးနေပါ့မယ်။

    ReplyDelete
  5. I pray for your father is getting well soon. My aunty had same by-pass operation like that. The doctors took the veins from her legs and substitute in her heart. (I don't know in details). She lives healthy now. Your father will be fine too, sis.

    ReplyDelete
  6. အစ်မရေ
    ညီမလည်း အဲဒီကိစ္စနဲ့ ပတ်သက်ရင် အတွေ့အကြံဗဟုသုတ သိပ်မရှိပါဘူး
    ဒါကြောင့် ဆုတောင်းပေးရုံဘဲ တတ်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။
    သိတတ် နားလည်သူများလည်း အစ်မသိလိုတာတွေကို ကူညီ ပြောပြပေးကြဖို့ မျှော်လင့်ပါတယ်။
    အစ်မဖေဖေ အမြန်ဆုံး အဆင်ပြေစွာနဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပါစေလို့ ဆုတောင်းမေတ္တာပို့သပါတယ်နော်

    ReplyDelete
  7. ကြားရတာ စိတ်မကောင်းပါဘူး အမရွှေစင်ဦးရေ..၊ ဒီဆေးရုံကြီးတွေနဲ့ ဒီလို ခွဲစိတ်မှုအကြောင်းကတော့ သေသေချာချာ မသိလို့ စိတ်မကောင်းစွာနဲ့ ထိထိရောက်ရောက် မပြောပြနိုင် ပါဘူးဗျာ၊ ဒါပေမယ့် အမရဲ့ အဖေ အမြန်ဆုံး ပြန်လည်ကျန်းမာလာဖို့ ဆုတောင်းပေး ပါတယ်၊ အားလုံး အဆင်ပြေမယ့် နည်းလမ်းတစ်ခုကိုလည်း အမြန်ဆုံး တွေ့ပါစေဗျာ...။

    ReplyDelete
  8. ကြားရတဲ့ သတင်းစကားအတွက် စိတ်မကောင်း ဖြစ်မိပါတယ် အစ်မ...
    အစ်မ အဖေအတွက်လဲ တကယ် စိတ်ပူမိပါတယ်...
    အမြန်ဆုံး ကျန်းမာလာဖို့ ကိုလဲ ဆုတောင်းပေးလိုက်ပါတယ်...
    အစ်မရွှေစင် အဖေ အမြန်ဆုံး သက်သာပြီး ကျန်းမာ လာပါစေ...

    ReplyDelete
  9. မရွှေစင်ရေ... ပန်းလှိုင်မှာတော့ အဆင့်မြင့်ကိရိယာတွေအကုန်ရှိတယ်... ဒါပေမဲ့ ဆရာဝန်ရွေးရခက်တဲ့အပြင် ကိုယ်လိုချင်တဲ့ဆရာဝန်နဲ့ ရက်ချိန်းကယူရသေးတယ်... အရေးပေါ်အတွက် သိပ်အားကိုးလို့မရပါဘူး... ဘန်ကောက်မှာဆေးကုသမယ်ဆိုရင် အကြံဥာဏ်ပေးနိုင်တဲ့ သူငယ်ချင်းဆရာဝန်တစ်ယောက်တော့ ရန်ကုန်မှာရှိပါတယ်... ဆက်သွယ်မယ်ဆိုရင် သူ့ဖုန်းနံပါတ်ကို ဖေ့ဘွတ်ကနေ message ပို့ပေးပါမယ်

    ReplyDelete
  10. ကိုအောင်(ပျူနိုင်ငံ)October 27, 2011 at 5:37 AM

    လိုက် မေးကြည့်ပေးမယ် အမ ...

    ReplyDelete
  11. နားလည်သူတွေကို မေးကြည့်ပေးမယ် အမရွှေစင်။
    ကြားရတာ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ကုသနိုင်မယ့် နည်းလမ်းတော့ ရှိမှာပါ။ စိတ်မပူနဲ့နော် ... ။
    ညီမတို့လည်း အမရွှေစင် ဖေဖေအတွက် အထူးမေတ္တာပို့ပေးပါမယ် ... ။

    ReplyDelete
  12. အမြန်ဆုံး နေကောင်းပါစေဆုတောင်းပေးပါတယ်။
    အချက်အလက်တော့ ဖတ်ကြည့်လိုက်ဦးမယ်နော်။
    ညီမလည်း သိပ်မသိဘူးရယ်။
    ခွဲစိတ်ကုသမှုအားလုံးအဆင်ပြေပါစေ။

    ReplyDelete
  13. အစ်မရွှေစင်ဖေဖေ
    အမြန်နေကောင်းကျန်းမာပါစေ
    ဆုတောင်းပေးပါတယ်ရှင်
    ချစ်ခင်စွာဖြင့်
    မိစံ

    ReplyDelete
  14. အမဇင် စလုံးမှာ လာကုမယ်ဆိုရင် မေးမြန်းစုံစမ်းပေး မယ် ဘိုင်ပတ်စ်က ဒီမှာ အဆင်ပြေအောင်မြင်တဲ့ ကုသမှုပါ အမဇင်၊ စိတ်မပူနဲ့။ အချက်အလက်တွေ ရသလောက် အမြန်ပို့ပေးမယ်။ ဖြစ်နိုင်ရင် အမဇင် အဖေရဲ့ ဆရာဝန် ဆေးမှတ်တမ်းလေး ညီမဆီ မေးလ်ပို့လိုက်ပါ။

    ReplyDelete
  15. ရန်ကုန်မှာလည်း medical tourism လုပ်ပေးနေတဲ့ အဖွဲ့ရှိတယ် အမဇင်။ သူတို့က ဆရာဝန်ရက်ချိန်းရော၊ လူနာတည်းခိုဖို့ပါ စီစဉ်ပေးတယ် ကြားဖူးတယ်အမ။ ဈေးတော့ နဲနဲကြီးတယ် ပြောတယ်။ အမဇင် စိတ်ဝင်စားရင် အဲဒါလည်း မေးပေးပါမယ်...

    ReplyDelete
  16. အမဇင် လုံးမှာ လာကုမယ်ဆိုရင် မေးမြန်းစုံစမ်းပေး မယ် ဘိုင်ပတ်စ်က ဒီမှာ အဆင်ပြေအောင်မြင်တဲ့ ကုသမှုပါ အမဇင်၊ စစိတ်မပူနဲ့။ အချက်အလက်တွေ ရသလောက် အမြန်ပို့ပေးမယ်။ ဖြစ်နိုင်ရင် အမဇင် အဖေရဲ့ ဆရာဝန် ဆေးမှတ်တမ်းလေး ညီမဆီ မေးလ်ပို့လိုက်ပါ။

    ReplyDelete
  17. အမဇင် **စလုံးမှာ** လာကုမယ်ဆိုရင် စိတ်မပူနဲ့။
    ဘိုင်ပတ်စ်က ဒီမှာ အဆင်ပြေအောင်မြင်တဲ့ ကုသမှုပါ
    ဖြစ်နိုင်ရင် အမဇင် အဖေရဲ့ ဆရာဝန် ဆေးမှတ်တမ်းလေး ညီမဆီ မေးလ်ပို့လိုက်ပါ
    အချက်အလက်တွေ ရသလောက် အမြန်ပို့ပေးမယ်။

    ReplyDelete
  18. အစ်မရွှေစင်
    စင်ကာပူမှာ လာကုပါလို့ အကြံပေးပါရစေ
    ကျွန်တော်အဖေလည်း အစ်မအဖေလို
    နှလုံးသွေးကြောပိတ်လို့ စတန့် လ်ထည်ထားရသူပါ
    အရမ်းကောင်းပါတယ်
    ခွဲစိတ်တာ တစ်ရက်ပဲကြာတယ်
    ဆေးရုံမှာ လေးရက်လောက်ပဲနေရပါတယ်
    ထပ်ဆင့်အကြံပေးချင်တာကတော့
    စင်ကာပူမှာဘိုင်ပတ်စ် ကအောင်မြင်တဲ့ 
    ခွဲစိတ်မှုတရပ်ဖြစ်နေပါပြီ

    ReplyDelete
  19. ကြားရတာ စိတ်မကောင်းပါလား မမရွှေစင်ရယ်....စိတ်ချ မမရွှေစင်ရဲ့ ဖေဖေအမြန်ဆုံးနေကောင်းကျန်းမာလာပါစေလို့ ဆုတောင်းပေးနေမယ်နော်....ညီမလေးနဲ့အတူတူနေတဲ့အစ်မက ဒီက NUH မှာ သူနာပြုလုပ်နေတာ....အခုညတော့ ဂျူတီကျနေလို့ ပြောဖို့အဆင်မပြေဘူး....သူ မနက်ဖြန် ဂျူတီက ထွက်လာရင် သူ့ကိုပြကြည့် မေးကြည့်ပြီး သူတို့ဆေးရုံမှာ စုံစမ်းကြည့်ခိုင်းပေးမယ်....ဆရာဝန်စစ်ချက်လေးတွေ မိတ္တူဖြစ်ဖြစ်ကြည့်လို့ရရင် ပြောရတာပိုကောင်းမယ် ထင်တယ် မမ....

    ချစ်ညီမလေး

    ReplyDelete
  20. မရွှေစင် ဖေဖေ အတွက် ဆုမွန်ကောင်းတောင်းပေး အကြံဥာဏ်ပေးကြသူများ အားပေးစကားများကြောင့် အရေးကြီးရင် သွေးနီးကြတယ် ဆိုတဲ့ စကားကို ပိုပြီး ယုံကြည်မိပါတယ် ။
    ခုခေတ်ကြီးမှာ ဆေးပညာတွေလည်း အံ့မခန်း တိုးတက်နေပြီဖြစ်လို့  မရွှေစင်ဖေဖေ အမြန်ဆုံးကျန်းမာ နေကောင်းလာမယ်လို့ လည်း ယုံကြည်ပါတယ်။
    လူနာအတွက် ပင်ပန်းခံ ပြုစုပေးရမဲ့ မရွှေစင်ကိုယ်တိုင်လဲ ကျန်းမာရေးဂရုစိုက်ပါ လို့  ပြောပါရစေ ။

    ခင်မင်စွာဖြင့် မကိ ။

    ReplyDelete
  21. အစ်မ ရွှေဇင်ရဲ့အဖေအမြန်နေကောင်းစေဖို့ဆုတောင်းပေးပါတယ်

    ReplyDelete
  22. Dear Ma Shwe Zin,

    I am reader of your blog. My name is Tin Htut Aung staying in Singapore. I had same problem like your father in 2009. My both arties were blocked. left side 95% and right side 50% and also some of small blood vessels supplyng the blood to the heart muscel were also blocked. The Singapore doctors recommended only by-pass can solve my problem.
    I have done CABG (Cardio Artry By Pass Graft) with pump in Glaneagles Hospital. Singapore on 09-Apr-2009. Stayed in Hospital about 7 days. BY pass operation in Singapore is almost no risk. only 1%. My total hospital bill is about 35000 Singapore $. Now i am living very well. i need to rest only one month home after by-pass and resumed my work. If you need more details; my email below: tin.aung1969@gmail.com

    ReplyDelete
  23. In addition to my previous, I recommended Singapore is the best in SE Asia for this kind of By Pass operation as from my own experiance. You do not need to contact to Singapore health agents in Myanmar. You might have end up paying extra agent fees.
    All you have to do take visa, fly to SG and meet your desire Cardiologist and follow his instruction as simple as that. Don't forgot to bring along all the medical history including latest Angiogram CD.

    ReplyDelete
  24. မရွှေစင်ဦးရေ.. လာမဲ့ လထဲ (နိုဝင်ဘာလ ၂၀၁၁) ထဲ နိုင်ငံပေါင်းစုံက နှလုံးအထူးကု အဖွဲ့ လေးဖွဲ့ မြန်မာပြည်လာမယ် ကြားပါတယ် ရန်ကုန်ဆေးရုံကြီး၊ နေပြည်တော်၊ မန္တလေး နဲ့ မင်္ဂလာဒုံ စစ်ဆေးရုံ ပါတဲ့။ လေးဖွဲ့ ခွဲဝင်ပြီး အခမဲ့ ခွဲစိတ် ကုသပေး ပြီး လျှင် သီတကူ ဆရာတော်ဘုရား၏ ဝါးချပ် ဆေးရုံတွင် အားလုံးစု ကာ တခါ ကုသပေးကြပါလိမ့် ဦးမည်။ ဖြစ်နိုင်လျှင်တော့ မြန်မာပြည် ရန်ကုန်ဆေးရုံကြီး မှာသာ ကုသစေချင်ပါသည်။ Success Rate သည်တခြား အာရှနိုင်ငံ များနှင့် မကွာခြားလှပါ။ ကျွမ်းကျင်ဆရာဝန်၊ ဆရာမ ရှိခြင်း၊ ပစ္စည်းကိရိယာ စုံလင်ခြင်းတို့သည် ရန်ကုန် ဆေးရုံကြီး၏ အားသာချက်ဖြစ်ပါသည်။ ဆရာဝန်ကြီးများမှာ ပြင်ပဆေးခန်းတွင် ထိုင်သော်လည်း အထူးကုဆေးခန်းများသည် ပစ္စည်ကိရိယာ မစုံလင်ခြင်း၊ အတွေ့အကြုံနည်းသော ဆရာမ များသာရှိခြင်း နှင့် ထို အထူးကုဆေးခန်းများမှာ မနိုင်လျှင် ဆေးရုံကြီး သို့သာပြေးကြရမြဲ ဖြစ်ပါသည်။ ပြင်ပအထူးကုဆေးခန်းများ တွင် တလမှ တခါလောက်သာ ထိုကဲ့သို့ ကေ့စ်များ ရှိသော်လည်း၊ ဆေးရုံကြီးမှာမူ နေ့တိုင်း နီးပါး ကိုင်တွယ်နေရသော ကေ့စ်များဖြစ်သည်။ ၎င်းမှာ Open Surgery ဖြစ်၍ တခြားနိုင်ငံများတွင် ကုသလျှင် ခန္ဓာကိုယ် အတွင်းမှ Spare Organ များ အတွက် စိတ်မချရပါ။ ခွဲစိတ်မှုသည် တခေါက်တည်း နှင့် ပြီးပြတ်မည် မဟုတ်ပါ.. follow up ဆက်ပြနေရပါ လိမ့်ဦးမည်။ လူနာ နှင့် တကွ အစ/အဆုံး ပြုစု လုပ်ကိုင် ပေးမည့်သူပါ လိုပါသည်။ ယိုးဒယား တွင် မြန်မာ ဘာသာ ပြန်ရှိသော် လည်း အနည်း နှင့် အများတော့ ဘာသာစကား အခက် တွေ့ကြရသည်။ ဘန်ကောက် တွင် ကုမည် ဆိုလျှင် အကြမ်း အား ဖြင့် သိန်း ၂၀၀ ဝန်း ကျင်လောက် ကုန် ပါမည် (ခွဲစိတ်ခသာ)။

    ReplyDelete
  25. mama, I will ask a fri who had studied in Thailand a year n some other in Spore.

    ReplyDelete
  26. အမ မရွှေဇင်... ပထမဆုံး ပြောချင်တာက ဒီကုသမှုဟာ အဆင်ပြေ အောင်မြင်တဲ့ ကုသမှုတခု ဖြစ်တယ် ဆိုတဲ့ အကြောင်းပါ
    ဒုတိယတခုက စလုံးကိုလာရင် အမတို့ ကို ကူညီမယ့် မောင်နှမတွေ ရှိတယ်ဆိုတဲ့ အကြောင်းပါ
    ခန့် မှန်းချေ အထွေထွေကုန်ကျစရိတ် ဆရာဝန်တွေ ရက်ချိန်းနဲ့ အတူ နေရေးထိုင်ရေးပါ လိုအပ်ရင် စီစဉ်ပေးနိုင်တဲ့ ရန်ကုန်မြို့  ဟယ်လပင်လမ်းမှာရှိတဲ့ Mascot ကို ဆက်သွယ်ပြီး သိချင်တာတွေကို မေးမြန်း စုံစမ်းလို့ ရပါတယ်
    ညီမ အမျိုးသားရှိတဲ့ ဆေးရုံမှာဆို (သူရဲ့  speciality နဲ့  မတူသော်လည်း) လိုအပ်တာ တွေ အနည်းနဲ့  အများတော့ ကူညီိနိုင်ပါလိမ့်မယ်
    စိတ်အေးအေးထားပြီး အကောင်းဆုံးဖြစ်အောင် စီစဉ်နိုင်ပါစေလို့  ဆုတောင်းနေပါတယ်
    ညီမရဲ့  ဘလော့ဂ်အီးမေးလ် thetwai.blog@gmail.com ကို ကြိုက်တဲ့ အချိန် ဆက်သွယ်နိုင်ပါတယ် အမရေ

    ReplyDelete
  27. ဗီဇာအဆင်ပြေမယ်ဆိုရင် စလုံးလာပြီး ဆေးရုံမှာ တိုက်ရိုက်ဝင်တွေ့၊ ရက်ချိန်းယူလို့ရပါတယ်။ စတန်းထည့်လို့ရမရ၊ ဘိုင်ပတ်လုပ်သင့်မလုပ်သင့် စစ်ဆေးပေးပါတယ်။ အသက် သိတ်ကြီးနေတော့ ဘိုင်ပတ်လုပ်ပေးမယ်လို့ သိတ်မထင်ပါဘူး။ စတန်းထည့်မဲ့ ပရိုစီဂျာတခုလုံးအတွက်က စလုံး ၂၀၀၀၀ကျော်ပါ။ စတန်းထည့်တာက တချောင်းကို စလုံး ၂၅၀၀ပါ။ ဘယ်နှစ်ချောင်းထည့်ရမယ်ဆိုတာက သူတို့အရင်မဆုံးဖြတ်ပါဘူး။ ပေါင်က တဆင့် ဆေးထည့်ကြည့်ပြီးမှ ဘယ်နှစ်ချောင်းထည့်သင့်တယ်ဆိုတာ ဆုံးဖြတ်တာပါ။ အဲ့ဒီအချိန်မှာ ထည့်မယ် မထည့်ဘူး ကိုယ်က ပြောလို့မရတော့ပါဘူး။ သူတို့ဘာသာ ဆုံးဖြတ်ပြီး လုပ်သွားမှာပါ။ ထိုင်းနဲ့ ပန်းလှိုင်မှာလဲ လုပ်လို့ရပါတယ်။ ဒါပေမဲ့ နောက်ဆုံးဈေးကတော့ မကွာပါဘူး။ စလုံးမှာတော့ ဖောလိုးအပ်လုပ်ဖို့အတွက် နေရေးရှိပါသေးတယ်။ ဆေးရုံတက်ရက်ကတော့ ၂ရက် ၃ရက်ပါပဲ။ အဆင်ပြေကျမ်းမာပါစေဗျာ။

    ReplyDelete
  28. ခုမှသိရတယ်မမရွှေစင်.။ အဖေတယောက် ကျန်းမာရေးတခုခုဖြစ်လာပြီဆို သားသမီးတယောက်ရဲ့ ရင်ထဲမှာ အပူလုံးဆို့ရတယ်ဆိုတာ ကိုယ်ချင်းစာနားလည်ပါတယ်.။ အတွေ့အကြုံရှိတဲ့ မိတ်ဆွေတွေက မမကိုပြောပြထားလို့ ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားလို့ရတာပေါ့နော်မမ.။ သေချာကုလိုက်မယ်ဆို
    ပြန်ကောင်းမှာပါမမရယ်၊ အရမ်းစိတ်မပူနဲ့နော်မမ.၊ မမဘေးနားမှာ ဘာမဆို ပြောပြတိုင်ပင်လို့ရတဲ့ ညီအမတွေ ရှိနေတယ်ဆိုတာ သတိရနော်မမ.. မမဖေဖေ အမြန်ဆုံး ဆေးကုသပြီး ပြန်လည်ကျန်းမာ လာပါစေလို့ မေတ္တာပို့ပြီး ဆုတောင်းပေးနေပါမယ်..။
    ချစ်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  29. ကျန်းမာပါစေမင်္ဂလာပါ ရွှေစင်ဦး ရေ--
    စင်္ကာပူကိုလာပြီးကုသဖြစ်ရင်တော့ကျနော်တတ်နိုင်တာကူညီပါရစေခင်ဗျာ-ဖုန်းနံပါတ် ၉၁၀၇ ၅၉၆၈ ပါ။
    အိမ်မှာလာတည်းခိုမည်ဆိုလည်းလာခဲ့ပါခင်ဗျာ-
    အမြန်ဆုံးသက်သာပြောက်ကင်းပါစေလို့ လည်း
    ဆုမွန် ကောင်းတောင်းနေလျက်ပါ။

    ReplyDelete
  30. မြတ်မွန်October 27, 2011 at 9:34 AM

    မမရွှေစဉ်ဖေဖေ မြန်မြန်နေကောင်းပါစေ။
    အားလုံးအဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။

    ReplyDelete
  31. ကျန်တာတွေတော့ မသိလို့ ရှင်းမပြတတ်ဘူး အစ်မရယ် ဘဘကြီး အမြန်ဆုံးသက်သာပျောက်ကင်းပါစေဗျာာ။

    ReplyDelete
  32. အခု ဖတ်ဖတ်ပီးချင်းပဲ..သစ္စာဆို ဆုတောင်းပေးလိုက်ပါတယ်..မရွှေစင် ရယ်..

    ReplyDelete
  33. အစ်မကြီးရေ...
    အားလုံးအဆင်ပြေချောမွေ့ စွာနဲ့ အောင်အောင်မြင်မြင်
    ဖြစ်ပါစေဗျာ...

    ReplyDelete
  34. အမရွှေစင်ရဲ့ဖေဖေ
    အမြန်ဆုံးပြန်နေကောင်းပါစေလို့
    ပစ်ပစ် ဆုတောင်းပေးပါတယ်နော်..

    ReplyDelete
  35. သေချာတိကျပြီး ငွေကုန်ရကျိုး နပ်တဲ့ နေရာမှာ ကုသစေချင်တယ် အစ်မရေ။ အစ်မ ဖေဖေ အမြန်ဆုံး သက်သာပျောက်ကင်းပါစေဗျာ။

    ReplyDelete
  36. မရွှေစင်ဦး ရဲ့  ချစ်ဖေဖေ ဆေးရုံတက်နေရတာကိုး ..
    အင်း အမြန်သက်သာပျောက်ကင်းပါစေ။
    စကားမစပ် တလောက ညီမ၀မ်းကွဲ တစ်ယောက်တော့
    မင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ နှလုံးခွဲခဲ့တယ်။ သူကတော့
    သွေးကြောကျဉ်းတာလား နှလုံးသွေးကြောပိတ်တာလား
    တော့မသိဘူး။ အခုကျန်းကျန်းမာမာပဲ မရွှေစင်..
    နောက်နေ့ ဖုန်းဆက်မေးပေးထားမယ်။
    သက်သာပျောက်ကင်းမယ်ဆိုယင် တော့ လဲပဲ ကိုယ့်ပြည်တွင်းမှာကတော့ ပိုအဆင်ပြေမယ်ထင်ပါတယ်။ ညီမ၀မ်းကွဲတုန်းကတော့
    သိန်း အစိတ် လောက်တော့ ကုန်တယ်လို့ သတင်းကြားမိတယ်။
    မရွှေစင်ဦးရဲ့ ချစ်သောဖခင်ကြီး အမြန်ဆုံးသက်သာ
    ပျောက်ကင်းပါစေဗျာ။

    ReplyDelete
  37. အမရွှေစင် အဖေ ရောဂါအမြန်ဆုံးသက်သာပျောက်ကင်းပါစေ၊
    အတွေးကမ္ဘာ ပြောတာ စိတ်ဝင်စားစရာကောင်းပါတယ်၊
    CABG လုပ်မယ်ဆိုရင် သေချာ စကမ်းလုပ်ကြည့်ပါဦး၊ စလုံး ပါရာဂွမ်က စက်တွေလိုဟာမျိုး ပန်းလှိုင်မှာရှိတယ်ကြားပါတယ်၊ အထိုင်အထ သတိထားပါ။

    ReplyDelete
  38. အစ်မရေ
    ကြားရတာစိတ်မကောင်းဖြစ်စိတ်ပူမိပေမယ့်
    ခွဲစိတ်လိုက်ရင်အောင်မြင်မယ်လို့ယုံကြည်ပါတယ်။
    ကျွန်မလည်းဒီအကြောင်းကို သိပ်မသိဘူးအစ်မရယ်။
    စကားမစပ် ရန်ကုန်မှာမေမေလည်း ပြီးခဲ့တဲ့အပါတ်က ရုတ်တရက်ဆေးရုံတက်ရပြီး တပါတ်လောက်နေလိုက်ရတယ်။
    အစ်မစိတ်ပူနေမယ်ဆိုတာ ကိုယ်ချင်းစာမိတယ်။

    ReplyDelete
  39. အမရေ ယိုဒယားမှာ ရေကြီးနေပြီးတော့ လေယာဉ်ကွင်းပါ ရေမြုပ်နေတာမို့  ထိုင်းမှာ ဆေးကုတာကိုတော့ ပယ်လိုက်ပါ။

    မြန်မာပြည်မှာ ဆိုရင်တော့ မြန်မာလိုပဲ မေးမြန်းနိုင်၊ သိနိုင်မယ်။ စရိတ်ကတော့ ဘယ်လိုရှိမယ် မသိဘူး။ သိပ်တော့ ကွာလှမယ် မထင်ပါဘူး။

    စလုံးမှာ ဆိုရင်တော့ စကားပြောက စလာဘီ။ မြန်မာဆရာဝန်ကြီးတွေ ရှိရင်တော့ အဆင်ပြေနိုင်တယ်။ အပေါ်က တစ်ယောက်ပြောသလို သူတို့  ခေါ်တိုင်းထပ်သွားရမှာတွေလည်း ရှိသေးတယ်။ လူကြီးဆိုတော့ သူခံနိုင်ရည် ရှိဘို့ လည်း ထည့်စဉ်းစားရဦးမယ်။

    အမရေ ကျန်တာတော့ မပြောတတ်တော့ဘူး။ အမ့ ဖေဖေ မြန်မြန် သက်သာ ပျောက်ကင်းပြီ၊ ကျမ္မာပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  40. မကြီးရေ ခုမှသည်သတင်းကိုဖတ်မိတယ်
    တကယ်စိတ်မကောင်းဘူး
    မကြီးလဲစိတ်ပူနေမှာပဲနော်
    ဘဘမြန်မြန်သက်သာပျောက်ကင်းပါစေလို့ဆုတောင်းပေးပါတယ်.
    ဖြစ်နိုင်ရင်တော့စလုံးကိုပဲ အမြန်လာကုစေချင်ပါတယ် .
    စလုံးမှာက ကိရိယာဆေးဝါးနည်းပညာအကုန်စုံတယ်လေ
    ဘန်ကောက်ကိုတော့ခုလောလောဆယ် မရွေးပါနဲ့
    အမြန်ဆုံးကုသမှု့ခံယူနိုင်ပါစေ
    ပျောက်ကင်းပါစေ

    ReplyDelete
  41. အဆင်ပြေဖို့ ဆုတောင်းပေးနေပါ့မယ်အစ်မရေ...

    ReplyDelete
  42. အစ်မရွှေစင်ရဲ့ဖေဖေ အမြန်ဆုံးသက်သာ ပျောက်ကင်းပါစေလို့ ဆုတောင်းပေးပါတယ်။
    အစစအရာရာ အဆင်ပြေပါစေနော်။

    ReplyDelete
  43. မမရွှေစင်ဆိုဒ်ကို ခုတလောဖွင့်မရဘူး ဒီနေ့မှဖတ်ကြည့်လိုရမှ သိရတယ်
    ဆေးပညာနဲ့ကုသတဲ့ ပညာရပ်ပိုင်းဆိုင်ရာတွေနားမလည်ပေမဲ့
    ဖေဖေ အစစအရာရာအဆင်ပြေချောမွေ့စွာ ခွဲစိတ်ကုသနိုင်ပြီး အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလျှက်
    ညီမငယ်

    ReplyDelete
  44. ဘလော့တွေနဲ့အဆက်အသွယ်ပျက်နေလို့ ခုမှ တွေ့မိတယ်အစ်မရယ်။
    အစ်မဖေဖေ အမြန်ဆုံးသက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပါတယ်နော်....

    ReplyDelete

thank you to say so