Wednesday, June 29, 2011

ရွှေစင်ဦး ရဲ့ ဘလော့ဂ်ဂါ ထမင်းဝိုင်း


ငါးမြင်းငါးပိတစ်ချက် ကို မကျီးမှည့် လေး အုပ်ချက်ထားတယ်
အဲဒါ နွားနို့ချက်လေ မွှေးနေတာဘဲ
ဒါက ကညွတ်ကြော်

ပုဇွန်ဆိတ် သေးသေးလေး တွေနဲ့ မကျီးသီးစိမ်းထောင်း ပြီးကြော်ထားတယ်

ဇွန်းလေး နဲ့ခတ် နေတဲ့ စိမ်းစိမ်းလေး က ဟင်းရွက်စုံ ဟင်းရည် လေ
အဲဒါလေး လည်း မိုက်တယ်


ရွှေစင်ဦး ကိုယ်တိုင် ဘဲ ချက်ကျွေးဖြစ်တယ် ... အခုစားဖြစ်တာ.. ဘလော့ဂ်ဂါ ၆ယောက် ပေါ့ ၂ယောက် မလာနိုင်ဘူး.. ပုံတွေ သိပ်မရှိလို့ ရှိတာဘဲ တင်လိုက်တယ် အားလုံးဘဲ သာသည်နာသည် မတွက်ကြပါနဲ့  အချိုပွဲ တွေ အချဉ်ပွဲ တွေ ပုလင်း တွေ တော့ မပါတော့ဘူး မမြင်အောင် ဖွက်ထားတယ် ၆နာရီ က စတာ ၉နာရီခွဲ မှာ ပွဲသိမ်းတယ်......

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

40 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. အလုပ်သွားခါနီး အချိန်မှီလေး ဝင်ဆွဲသွားတယ်..
    ဘယ်ရမလဲ..ဟိ
    ရှလွတ်...ပလပ်..ပလပ်...

    ReplyDelete
  3. အားလုံး ကြိုက်တယ်။ဟင်းတွေကိုပြောတာ။။။။ :P
    မြင်သာမြင် မကြင်ရ သွားရည် ကျသဗျ။
    တို့မမကတော့ ဟန်ဆောင်ခြင်း အလျှင်းမရှိ ကြိတ်နေ၏။။။။
    ခင်တဲ့ .... အနော်

    ReplyDelete
  4. This is the good time to read "ANYAR HIN "Shwezin ye.3:30 in the evening here.Booking for own cooking when i come back.Though i'm not a blogger,i can join the table.Can't i?I'll ask for"YES"vote from Sa Sa:D
    Gyidaw

    ReplyDelete
  5. ဘာမှမကျန်တော့ပါလား။ အမြန်လေးတော့ ဝင်စားသွားလိုက်တယ်မမရွှေစင်။ အချိုပွဲကို
    ရှာပြီး စားသွားတယ်။
    ချစ်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  6. ကိုအောင်(ပျူနိုင်ငံ)June 29, 2011 at 8:48 AM

    စားနိုင်သူတွေမို့ စားကြပါ ... စားကြပါ ....

    ReplyDelete
  7. ဟင်းတွေအကုန်ကြိုက်တယ် ... မန်ကျည်းသီးစိမ်းထောင်းကြော်ကိုတော့ အကြိုက်ဆုံး .... ။ နောက်ပြီး တို့စရာထဲက ဓညင်းသီးတွေ ... စားချင်လိုက်တာနော် ... ဒါတောင် ခုပဲ ထမင်းစားပြီးတာ။
    အဲဒီ ဘလော့ဂါ ၆ ယောက်ကို မနာလိုလိုက်တာ ဟီးးး
    ဖွက်ထားတဲ့ ပုလင်းတွေကိုလဲ စိတ်ဝင်စား၏။

    ReplyDelete
  8. ဆရာမရေ..
    အဲဒီနေ့က ပုဇွန်ဆိတ်နဲ့ မန်ကျီးသီးစိမ်းလေးနဲ့ ချက်ထားတာကို အရမ်းသတိရနေတယ်။ စားကောင်းလွန်းလို့ နှစ်ပန်းကန်တောင် ကုန်သွားတယ်။
    နောက်လည်း ဘလော့ခ်ဂါ ဧည့်သည်တွေလာရင် ချက်ကျွေးတဲ့ အခါ ဖိတ်အုံးနော်. အဲဒါမျိုးလေးတွေ စားချင်လို့ ... :)

    ခင်မင်စွာဖြင့်...
    ဇော်သိင်္ခ

    ReplyDelete
  9. အောင်မလေးဗျာ....အားရပါးရကိုကြိတ်နေကြတာ...
    စားချင်ထှာ...ငါးမြင်းကို မန်ကျီးမှည့်လေးအုပ်ချက်ထားတာ
    လေးကို တီးလိုက်ရရင်တော့....သုံးပန်ကန်တော့အသာ
    လေးပဲ...၊

    ReplyDelete
  10. စားချင်လိုက်တာကွာ

    ReplyDelete
  11. ၀က်တားဟင်း...ငချုပ်ဟင်း...ဒညင်းတီး... ဟင့်ဟင့်... အဝေးကြီးရောက်နေတာ နာသဗျာ။

    ReplyDelete
  12. မမရွှေစင်ရေ
    စားချင်စရာတွေချည်းပဲ
    :D
    ဒီမှာ ၀က်အရေခွံပါတာမရောင်းတာများလို့ မတွေ့ရတာတောင်ကြာပေါ့
    ခုတော့မရမကလိုက်ရှာဖို့ဆုံးဖြတ်ပလိုက်ပီ
    :))

    ReplyDelete
  13. အေားးးးးးးးးးး
    ဒီလိုလား..၊
    ဒါပဲနော်..၊
    မရဘူး၊
    ကျွန်တော်လာရင် ပဲကြီးနှပ် ချက်ကြွေး..၊
    ကျွန်တော်က အသဲအမြစ်ပြန်ချက်ကြွေးမယ်၊
    မမ က ဝယ်လေ...၊ ဒါပဲ။

    ReplyDelete
  14. ကိုကိုမောင်(ပန်းရနံ့)June 29, 2011 at 9:56 AM

    တုံးဖလားအလည်ပြန်တဲ့အခါ ၀င်လာစားဦးမယ်။ လက်ရာတွေက အားလုံး ဂယ်ရွှတ်တွေ ချည်းဘဲ။း ))

    ခင်မင်လျက်

    ReplyDelete
  15. ချော(အစိမ်းရောင်လွင်ပြင်)June 29, 2011 at 10:07 AM

    ဟိုတစ်ယောက်လေ ဟိုတစ်ယောက်
    ဂျင်းစုတ် ပါးကိုဖောင်းနေတာဘဲ တီးနေလိုက်တာ
    ဘယ်လောက်တောင် မနာလိုစရာကောင်းတယ်ဆိုတာ
    အစ်မနော်.. ညီမတို့လာတော့ ဆိုင်မှာကျွေးတယ် သူများတွေကျတော့ ကိုယ်တိုင်ချက်ကျွေးတယ် မကျေနပ်ဘူး လုံးဝဘဲ
    ဒီတော့ မကျေပွဲအနေနဲ့ အစ်မချစ်နဲ့ ချိန်းပြီးနောက်တစ်ခေါက် လာဦးမှာ
    ဒီတစ်ခါတော့ အစ်မကိုယ်တိုင် မချက်ကျွေးရင် မပြန်ဘူး ဟိ...

    ReplyDelete
  16. Thanks for (sooooo muchhhhh) delicious Myanmar food.

    But still badly interesting in those hidden bottles!! :)

    Ray

    ReplyDelete
  17. စားနေကြတာ တက်ညီလက်ညီနဲ့ တကယ့်ကို တပျော်တပါးကြီးပါလား..၊ ဟင်းတွေကလည်း တကယ့်ကို ရှယ်တွေချည်းပဲ၊ သွားရည်ကျပြီး ပြန်သွား ပါတယ်ဗျာ...။

    ReplyDelete
  18. တားတားအိမ်ပြန်တွားလို့ စားလိုက်ရဘူး.. ၀မ်းနည်းတယ်.. နောက်တစ်ခါကျရင်တော့ ဘယ်မှသွားတော့ဘူး.. ဟိဟိ.. စကားခေါ်ထားတာ.. နောက်တစ်ခါဘယ်တော့လဲဟင်..


    ခင်မင်လျှက်
    ကိုကိုးအိမ်

    ReplyDelete
  19. ညီမလေး လဲ....စားချင်လယ် မမ..:):)
    နောက်တစ်ခါ ကျရင် ခေါ်နော်..:P

    ReplyDelete
  20. ဟင်းတွေ ဖွယ်ဖွယ်ရာရာနဲ့ ပျော်စရာကြီးပါလား...း)

    ReplyDelete
  21. မမရွှေစင်နဲ့ စစတို့ရဲ့ စေတနာတွေ...

    ReplyDelete
  22. yes, i vote for Gyidaw, warmly welcome.

    with loves,
    seesein

    ReplyDelete
  23. Love all the dishes Ma Ma Shwe Zin, I wish I could eat those yummy dishes.
    Mon Petit Avatar

    ReplyDelete
  24. အမလေး ကုန်ပါပြီ
    အဖြူလေးတို့ လရိပ်အိမ်တို့ကစောစောစီးစီး
    ရောက်မှတော့ကုန်ပြီပေါ့...
    ကျန်တဲ့ မကျည်းသီးထောင်းကြော်လေးနဲ့
    ကညွတ်လေးပဲ ချိုင့်နဲ့ထဲ့သွားပါတယ်
    ချမ်းမြေ့ပါစေရှင်။

    ReplyDelete
  25. kyi pee tot thwar: yay tg kya tal ma ma yal..

    ReplyDelete
  26. အို ဟင်းရွက်စုံ ဟင်းချိုလေးနဲ့ မန်ကျည်းသီးထောင်းချက် ကလေးနဲ့ တို့စရာနဲ့ စားချင်လိုက်တာ။ မန္တလေးက ဟင်းရွက်စုံကိုတော့ အမြဲသတိရတယ်။ အရမ်းကြိုက်လို့...

    ReplyDelete
  27. အစ်မရွှေစင် နဲ့ စစ
    ရက်စက်တယ်။

    စားချင်တာပေါ့။
    အဲလို ၀က်ခေါက်နဲ့ ၀က်သားတုံးကို အရမ်းကြိုက်တယ်။ ဒီမှာ လွယ်လွယ်နဲ့ ၀ယ်မရဘူး။

    အင်း ဘာပဲဖြစ်ဖြစ်လေ ရက်စက်တယ်လို့ ဆိုလိုက်မိပေမယ့် ကျေးဇူးတင်ပါတယ်။

    ဓါတ်ပုံတွေနဲ့ တင် အရမ်းကို ကောင်းလှပါတယ်။

    ReplyDelete
  28. ညီမရေ
    ဇူလိုင်ကုန်လောက် မန္တလေးရောက်လို့ ဆုံကြတဲ့အခါ ထမင်းဝိုင်းလေး နောက်တစ်ဝိုင်း လုပ်ဖြစ်အုံးမလားး)
    လက်ရာလေးကောင်းတယ်ဆိုတာ ယုံလိုက်ချင်လို့ပါကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  29. ဟယ်...လာတာ နောက်ကျလို့လား မသိဘူး..ပန်းကန်ထဲကလက်ကျန်တွေတောင် မမြင်လိုက်ရဘူး....
    မကျည်းသီးထောင်းကြော်တာလေး စားချင်ပါ့။
    ရေးထားပုံများအရတော့ အတော်စားကောင်းမဲ့ ပုံတွေပါပဲ...
    အဲ့လို ချက်ကျွေးမယ်ဆိုရင်တော့ လာဖြစ်အောင်ကို လာတွေ့ အုံးမှာ..နော်..

    အပြတ်ဆွဲမဲ့ ...မကဲ.. အဲ့..မကိ..း))

    ReplyDelete
  30. မမရေ..
    စားစရာတွေ တကယ်ရှယ်ပဲနော်။
    လာမယ်ပြောပြီး မလာဖြစ် ဖြစ်တွားတာ ခွင့်လွှတ်ပါလို့။ နောက်တခါမှ ပိုစားမယ်..ရလား?

    ReplyDelete
  31. အမဇင်ရေ...ဘလော့ဂ်နဲ့ဝေးနေတာ နဲနဲကြာသွားလို့ ခုမှရောက်တယ်။

    မကြေနပ်ပါဘူး၊ သူများတို့လာတုန်းကတော့ အဲလို ချက်မကျွေးဘူး၊ ချောပြောသလိုပဲ နောက်တခေါက်မကျေပွဲလာဦးမယ် ဟွန်းးး၊
    အမက ဂျင်းစုတ်ကို ပိုချစ်တဲ့ သဘော....၊ ထားပါတော့လေ...မတိုင်ခင်တရက်က အမ ဖျားနေခဲ့တာ သတိရသွားလို့ ခွင့်လွှတ်လိုက်ပါမယ်....:)

    ReplyDelete
  32. ဖျားဖျား....ဂျင်းစုတ်ကို မနာလိုသူတွေတော်များနေပါလား....ကိုယ်တောင်သူ့ကိုမနာလိုချင်တော့ဘူး.... တိန်!!!!:D

    မမကြီးကိုကျေးဇူးအများကြီးတင်ပါတယ်။ အာဘွားအကြိမ်တစ်ထောင်ပေးသွားတယ်နော်။(ချစ်ချစ်ကြီးမမြင်စေနဲ့ဦး)
    ချစ်ညီမလေး

    ReplyDelete
  33. အမ်မလေးဗျာ လွဲမှလွဲတတ်ပလေ
    ဂလုဂလု
    ထမင်းဝိုင်းနဲ့လွဲပြီဗျာ့
    နောက်တခါလက်တော့တို့ပါအုံး
    နေပြည်တော်နဲ့မန်းလေး သိပ်မဝေးပါဖူး လာခဲ့ပါ့မယ်
    ဟင့်
    ဂလုဂလု

    မောင်ဘကြိုင်
    နေပြည်တော်မှာလာဂလုသည်

    ReplyDelete
  34. ကြည့်ဦး ဒီပို့စ်ကိုဘာကြောင့်များကျော်သွားမိပါလိမ့်..။ မမရွှေစင်နဲ့ မန်းလာရင် လာတွေ့မယ် အဲဒီလိုတကယ်ချက်ကျွေးပါ ဒါပဲ...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  35. ဒညင်းသီးနဲ့ ဖန်ခါးသီးလေးတွေပါတဲ့ အတို့အမြုပ် ပန်းကန်ကို သိမ်းထားမိခဲ့တယ် သတိရရင် အလွမ်းပြေကြည့်ဘို့
    အိပ်မက်ထဲတောင်ထည့်မက်တယ်

    ကျနော်မြန်မာပြည်ပြန်ရောက်ရင် ငါးပိတစ်ချက်နဲ့ အဲဒီအတို့ကို ပထမဆုံးစားမှာ ပြည်ပန်းညိုရွက် ဆူးပုပ်ကလေးရွက် ကင်းပုံရွက် အစုံအစုံပါတဲ့ ဟင်းချိုလည်းသောက်ဦးမှာ

    နွားနို့ခဲချက်လည်းစားဦးမှာ
    ဂေါ်ရခါးညွန့်ကြော်လည်းစားဦးမှာ
    ပဲချဉ်ပေါင်ရွက်သုပ်လည်းစားဦးမှာ

    သြော်.....အညာ....အညာ....ပြီးတော့
    ချစ်ရတဲ့ မြန်မာပြည်ကြီး

    ReplyDelete
  36. အမ
    ကျနော့်ကိုလည်းခွင့်လွှတ်ပါ
    ဓညင်းသီးပါတဲ့ အတို့ပန်းကန်ကို
    အိမ်လွမ်းရင် (အမှန်က အစားအသောက်ငတ်ရင်)
    ကြည့်ဘို့သိမ်းခဲ့မိ....အိ...ဟီး....ဟီး
    ဗျစ်...။ ရွှတ်...။

    ReplyDelete
  37. hi, I want to know how to do nwar noe chat.please tell me sis.I miss a lot nwae noe chat (not means nwar noe kae).Thanks sis.

    ReplyDelete
  38. နွားနို့ချက်တာက ကြက်သွန်ဖြူနီဆီချက်ပြီး နွားနို့ ကို ဖြည်းခြည်းခြင်းထဲပြီး ရေခန်းသွားရင် နွားနို့ချက် ဖြစ်သွားတာဘဲ အရင်ဆုံး နဲနဲချက်ကြည့်ပါ

    ခင်မင်တဲ့
    ရွှေစင်ဦး

    ReplyDelete
  39. dear sis, last day I cooked nwar noe chat.Very nice tase and thanks for sharing.Be healthy and wealthy sis.

    ReplyDelete
  40. ချက်တာ အဆင်ပြေတဲ့ အတွက်ဝမ်းသာပါတယ် ညီမရေ
    ညီမလည်း ကျမ်းမာချမ်းသာပါစေ

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete

thank you to say so