Tuesday, December 7, 2010

ပုံရိပ်ဟောင်းများ




မကေ က ပုံရိပ်ဟောင်းများ ကို တဂ် လာလို့ ပိုစ့် လေး ရေးပါတယ်.. ကျနော့် အတွက် ပုံရိပ် တွေက မဟောင်းသေး ပါဘူး... မနေ့တနေ့ က လိုဘဲ ထင်နေပါတယ်...

ကျနော် ငယ်ငယ် က ထဲက မန္တလေး တက္ကသိုလ် ထဲမှာ ဘဲ ကြီးပြင်းခဲ့ တယ် ....ပညာရှာခဲ့တယ် .... အချစ် နဲ့ တွေ့ခဲ့တယ်... 

ကျနော် တက္ကသိုလ် တက်တုန်းက သူငယ်ချင်း တွေ နဲ့ ပျော်ခဲ့ကြတာ သိပ်မရှိပါဘူး .. ရီးစားထားရ.. စီးပွားရှာရ... အိမ်က မောင်နှမ တွေ ထိန်းရ...... ကျောင်းတက်ရ.. စာမေးပွဲ တွေ ခဏခဏကျ ....  ဆိုတော့ သူငယ်ချင်း တွေ နဲ့ ပျော်ရတဲ့ အချိန် သိပ်နည်းပါတယ်...... ချစ်ချစ်ကြီး အတွက် ပေးရတဲ့ အချိန် ဟာ အများဆုံးဖြစ်တဲ့ အတွက် ချစ်ချစ်ကြီး နဲ့ ပုံရိပ်ဟောင်း များဘဲ တင်ပေးလိုက်ပါတယ်....

မန္တလေး တက္ကသိုလ် ကြီး ဟာ ကျနော့် အတွက် အကောင်းဆုံး ငယ်ပေါင်း ပါ..  ဒီ တက္ကသိုလ် ကြီး က ဘယ်လို ဘဲ စိမ်းစိမ်း....  မယိမ်းယိုင် သော မေတ္တာနဲ့ ချစ်မြဲချစ်လျှက်ပါ...

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

25 comments:

  1. ချစ်ချစ်ကြီးက ခန့်တယ်နော် နှုတ်ခမ်းမွှေးနဲ့ ဆိုတော့ .. ဟီးးး
    မရွှေစင်က ချောတယ် ..
    နှစ်ယောက်ပေါင်းတော့ ခန့်ချောကြီးပေါ့ ...

    ပုံ
    နက်ဖန် စာမေးပွဲဖြေရမည့်သူ :)

    ReplyDelete
  2. မမရွှေစင်က ချစ်စရာလေး မျက်မှန်အကြီးကြီးတွေ ခုဒီမှာ ပြန်ခေတ်စားနေပြန်ပြီ မြန်မာပြည်မှာရော ခေတ်ပြန်စားနေပြီလားဟင် မမ

    မမရွှေစင်က အရပ်ရှည်မယ့်ပုံပဲနော်

    ReplyDelete
  3. ချစ်ချစ်ကြီး ရော..ချစ်ချစ်လေး ရော.. မိုက်တယ်ကွာ..
    ခေတ်ကို မှန်းမိ ပြီ။
    မန်းလေး တက္ကသိုလ်ကြီးကို တခါပဲ ရောက်ဖူးတယ်..

    မန်းလေးသူ စစ်စစ် မရွှေစင်ဦးရေ..ခုလို ခင်မင်စွာ ရေးပေးတဲ့ အတွက်..ကျေးဇူးအထူးတင်ပါတယ်။

း)

    ReplyDelete
  4. အောင်မော်December 7, 2010 at 8:40 AM

    မရွှေစင်နဲ့ချစ်ချစ်ကြီးတို့က တွံတေးတန့်ဒန် အဲ sorry
    စံရွှေမြင့်တို့ခေတ်က ဘဲကိုး.....
    ဟဲဟဲ

    ReplyDelete
  5. Wowww..

    Nice Pictures.(I mean the style of you and your Chit Chit Gyi as well. :) )

    Thanks for sharing.

    Ray

    ReplyDelete
  6. I've been there 82-84 n was SHWEMANNTHU.E.major 2/3 batch.Thanks for all u posted ANYAR flavour n fragrance.Looking at lovely couple n missing old days.Gyidaw

    ReplyDelete
  7. အကိုရော အခု မျက်မှန်နဲ့လား အမ .... :P

    ReplyDelete
  8. ကျောင်းကြီးကိုပြန်မြင်တော့ ရင်ခုန်သွားတယ်
    အစ်မတို့၂ယောက်က ကျောင်းကတည်းက အတော်ချစ်ကြတယ်နော်
    ပုံမြင်တာနဲ့ သိသာတယ်..
    အင်း ဒါကြောင့်လည်း သူရချစ်ချစ်ကြီးဘွဲ့ တွင်ပေတာကိုး
    အားကျစရာကြီး
    ကျောင်းရှေ့က ပုံတွေကတော့ မျက်နှာစိမ်းတွေဖြစ်ကုန်တယ်နော်း)
    မြီးရှည်စားရအောင် မန်းလေးရောက်လို့ကတော့ လာဖြစ်အောင်လာဦးမှာ

    ReplyDelete
  9. နုစဉ်ဘဝက ချစ်ချစ်ကြီးကတော့ နှုတ်ခမ်းမွှေးနဲ့ပါလား
    မန်းသူများ ဝင်းဦးကြိုက်တာတော့ သိသာတယ်..

    ReplyDelete
  10. ပုံရိပ်ဟောင်းမှာတော့နှစ်ယောက်စလုံးပိန်ပိန်လေးတွေနော်။
    အခုရောဒီဆိုက်ပဲလားသိချင်ပါတယ်မမရွှေစင်ရေ)း
    ခင်မင်စွာဖြင့်
    စိတ်၏ဖြေရာ

    ReplyDelete
  11. ဘာတဲ့. . .
    မန္တလေး တက္ကသိုလ်ထဲမှဘဲ ကြီးပြင်းခဲ့တယ်...
    ပညာရှာခဲ့တယ် ... အချစ်နဲ့ တွေ့ခဲ့တယ်...တဲ့။
    ကတောက်....အသိ နောက်ကျသဗျာ။
    ဒီလိုမှန်း သိရင် ကိုဇော်တို့ ပညာကို သေချာ ရှာပါတယ် ဟဲဟဲဟဲ။
    ကျနော့် ဖေဖေတို့ ခေတ်နှောင်းပိုင်းက အဝတ်အစားလေးတွေပဲဗျ။ သူတို့ ဓါတ်ပုံတွေမှာ မြင်ဖူးတယ်။

    ReplyDelete
  12. မမရွှေစင်..

    ဓါတ်ပုံတိုင်း ချစ်စရာလေး။

    မမက မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ ဆုနဲ့ ပြည့်စုံနေတာပဲ..

    ReplyDelete
  13. မမရွှေစင် ငယ်ငယ်ကချစ်စရာလေးနော် အခုပုံလည်းကြည့်ချင်ပါတယ်။

    ReplyDelete
  14. ဂျာကင် ဆင်တူလေးနဲ့
    မိုက်သကွာ
    အားကျ..ကျ..ကျ

    ReplyDelete
  15. ချစ်ချစ်ကြီးက မင်းသားဝင်းဦးလိုလိုနဲ့
    မိုက်သကွာ..း))
    မမဥဥလေးလဲ ချစ်စရာရယ်..

    ReplyDelete
  16. ချစ်ချစ်ကြီး ရှုးက ကက်ဂလို့ထင်တယ်၊
    နှုတ်ခမ်းမွေးထားတာက ဆရာ စိုင်းခမ်းလိတ်ကို သဘောကြလို့ဖြစ်မယ်၊
    ပုံတွေကြည့်ပြီး ကိုယ်ဟာကိုယ်တွေးသွားသည်။

    ReplyDelete
  17. နှစ်ယောက်စလုံးချစ်ချာကောင်းတယ်....
    မမရွှေစင် မျက်မှန်ကြိုက်တယ်....အဲဒါမီးမီးတို့ မေမေငယ်ငယ်ကခေတ်ဝတ်တဲ့ ဒီဇိုင်းပဲ...မိုက်တယ် ခုပြန်ခေတ်စားနေပြီ သိမ်းထားတာရှိရင် ပြန်ထုတ်ဝတ်..။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  18. ဟိုအဒေါ်ကြီးတွေမျက်နှာမှာ သစ်ရွက်တွေကပ်နေတယ်။ ပြင်သစ်စတိုင်လ် ထင်တယ်နော်..။ နှုတ်ခမ်းမွှေးကြီးနဲ့ ခန့်ချောကြီးကိုတော့ အားကျသွားပြီဗျို့။

    ReplyDelete
  19. သူရချစ်ချစ်ကြီးက တချိန်က လျှန်းလျှန်းတောက်မယ့်ပုံ..။
    အစ်မရွေစင်ကတော့ တည်တည်ငြိမ်ငြိမ်၊အေးအေးဆေး
    ဆေးရှိမယ့်ပုံ..။ဟီး ခန့်မှန်းကြည့်တာ..လွဲရင်လည်း
    စိတ်မဆိုးနဲ့နော်..။

    ReplyDelete
  20. ဟားဟား..
    အော် ..သူ့ ခင်မျာ ချစ်ရှာတော့ လဲ
    ဒေါက်ဖိနပ်ဝတ်ပေးခဲ့ ရရျာတာကိုး။
    ကျွန်တော်ချီးကြူး အားကျမိပါတယ်ဗျာ..ချစ်ကြီးကို၊
    ရွှီး တာမဟုတ်ဘူးနော်၊
    မှန်တာကိုမှန်တဲ့ အတိုင်း ပြောတတ်ပါတယ်။

    ReplyDelete
  21. အမရွှေစင်..
    အမပုံစံက အခုထက်ထိ ဓါတ်ပုံထဲကအတိုင်းဘဲလား။ အတော်လေးမိုက်တယ်။ ဒါကြောင့် အမရွှေစင်ချစ်ချစ်ကြီးက အရူးအမူးဖြစ်ခဲ့တာကိုး။ ဖြစ်လောက်ပါတယ်။ အမက ချောတာကိုး။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  22. အမရွှေစင်က ချစ်စရာလေးတော့....၊ ချစ်ချစ်ကြီးပုံစံကတော့ ဂေါ်လီပဲ မိုက်တယ်...

    ReplyDelete
  23. စံရွှေမြင့်တို့ ခေတ် ပေါ်ဆန်းမွှေးတို့ ခေတ် ကြံ့ဗဟုံးတို့ ခေတ် ငတက်ဖြားတို့ ခေတ် ၀င်းပြောင်တို့ ခေတ်
    လှည်းဘီးမျက်မှန်နဲ့ ခင်သန်းနု တို့ခေတ်..

    အမ လာငေးသွားသည်။ လာရင် အညာဟင်းချက်ကျွေး ပါ ဆိုင်မှာလိုက်မကျွေးကြေးနော်

    ReplyDelete
  24. အားလုံးထဲမှာ အနော်က အသာဆုံး
    ပုံရိပ်ဟောင်းများရော
    ပုံရိပ်အသစ်များရော တွေ့ဖူးတယ်မြင်ဖူးတယ် ဟေးဟေး

    ငယ်ဘဝများပျော်စရာ ဆွေးစရာပါလားနော်

    ReplyDelete
  25. ကိုယ့်အမသည်..ခေသူမဟုတ်။
    ခေသူမဟုတ်သည်.. ကိုယ့်အမ မဟုတ်..ဟီးဟီး..


    အမက အခုအရွယ်မှာ အရင်ကထက်စာရင် ပိုလှလာတယ်နော်။ ၀လဲမလာဘူးထင်တယ်။ အမချစ်ချစ်ကြီးရော ..ခုဝသွားပီလားဟင်။

    ReplyDelete

thank you to say so