Saturday, October 30, 2010

ရွှေစင်ဦး နှင့် ခါတော်မှီ အင်တာဗျူး (၁)

မီဒီယာ တခုခု က ရွှေစင်ဦး ကို အင်တာဗျူး လာတဲ့ အခါ ဖြေဆို ဘို့ရာ အစမ်းလေ့ကျင့် ပါတယ်ခင်ဗျာ.. ကျေးဇူးပြုပြီး ပေးစရာ အကြံ (အကျန် မဟုတ်) လေးများ ရှိရင် ဖြည့်စွက်ပေးကြပါ..။

အင်တာဗျူရာ... ဟလို အန်တီ ရေ ........ သတင်းဌာန က ပါ....  မြန်မာပြည်က ဘလော့ဂါ တယောက် ဖြစ်တဲ့   အန်တီ နဲ့ အင်တာဗျူး လေး လုပ်ချင်လို့ပါ....။

ရွှေ....... ရပါတယ် ညီမ ရယ် ... ညီမ ကြိုက်တာမေးပါနော်... အင်း ဒါပေမဲ့ နိုင်ငံရေး တော့ မမေးနဲ့.... အမ က ကိုယ့် နိုင်ငံ အရေး မပြောဘူး ..သူများ နိုင်ငံ အရေးဘဲ ပြောတယ် .........။
အထူးမှတ်ချက်.... (သူ ဘယ်လိုဘဲ အန်တီ ခေါ်ခေါ် အမ နဲ့ ညီမ လို့ဘဲ သုံးမယ် စိတ်ကူးထား ပါတယ်)။

 အင်တာဗျူရာ .....  ဘယ်လိုသဘောထားကြောင့်လည်း  အမ...............။

ရွှေ..................... ဘာရယ် မဟုတ်ပါဘူး .. ကိုယ့် နိုင်ငံအရေး ဆို အကောင်းဘဲပြောမယ်.. သူများ နိုင်ငံ အရေး ဆို မကောင်း ဘဲ ပြောမယ် ဆိုတဲ့... မွေးရာပါ ဗီဇ ကြောင့်ပါ.... အမ က အကောင်းဘဲပြောရင် ဝေဖန်မဲ့ သူတွေ ရှိနေတော့ အမ ကိုယ့်နိုင်ငံအရေး ကို မပြောတာ အကောင်းဆုံး ဘဲလို့ ထင်လို့ပါ...။

 အင်တာဗျူရာ..... သြ... အန်တီ အဲ အမ ရေ နိုင်ငံအရေး ကို မမေးနဲ့ ဆိုတော့ ဘာမေးရမလည်း ဟင်. ... ။

ရွှေ................အမ ဘလော့ဂ် ထဲ က ချစ်ချစ်ကြီး အကြောင်းတို့ အမ ချက်တဲ့ အညာဟင်း လေးတွေ အကြောင်း တို့ မေးပါလားဟင်...။

အင်တာဗျူရာ...... အမ က ချစ်ချစ်ကြီး အကြောင်း မေးဆိုလို့ တကယ်မေး မယ်နော် အမ ဖြေရမယ်... ချစ်ချစ်ကြီး က လာမဲ့ ရွေးကောက်ပွဲ မှာ ဘယ် ပါတီ နိုင်မှာလည်း လို့ ခန့်မှန်းပါသလည်း ... ဘယ်ပါတီ ကို မဲပေးမှာလည်း.. အားပေးမှာလည်း ဆိုတာလည်း သိချင်ပါတယ်.......။

ရွှေ.................. အမယ်လေး မှားပါပြီဗျာ.... ချစ်ချစ်ကြီး က .... ဒါဟာ အင်မတန် သေချာပြီးသား ကိစ္စ အဲ မေးစရာ မလိုတဲ့ မေးခွန်းလို့ ပြောပါတယ် ညီမ...။

အင်တာဗျူရာ.... ချစ်ချစ်ကြီး ဘယ်ပါတီ ကိုရည်ရွယ် ပြီး ပြောသလဲ ဆိုတာ သိချင်ပါတယ်...။

ရွှေ............... မေးရဲပါဘူး ဗျာ .. ချစ်ချစ်ကြီး က လက်သီးဆုတ်လိုက် လက်ဝါးဖြန့်လိုက်.. ပုဆိုး မလိုက် လုပ်နေပါတယ်...။

အင်တာဗျူရာ.....ဟုတ်ကဲ့ ကျေးဇူးပါ... ဒါနဲ့ အန်တီ ..အဲ... အမ ရော ဘယ်ပါတီ ကို မဲပေးမှာ လည်း ဟင်... 

ရွှေ................ သြ ညီမ ရယ် အမ တို့ မဲပေးတဲ့ နေရာ မှာတောင် လှို့ဝှက် မဲပေးရတယ်လေ.... ညီမ ကို ပြောလိုက်ရင် အားလုံး သိသွားမယ်.. ပြီးတော့ အမ က ဟိုပါတီ ကို ပေးမယ် .... ဒီပါတီ ကို ပေးမယ် ဆိုပြီး ရသမျှ အခွင့် အရေးကို လက်မလွှတ်တန်း ယူထားတာ ဆိုတော့ ညီမ ကို ပြောလို့ မဖြစ်ဘူးထင်တယ်... တော်ကြာ အမ ကို အမတ် လောင်း တွေက အညှိုးထား နေလို့ ... အမ လေ ရွေးကောက်ပွဲ ပြီးရင် ဟိုဟာလေ ... ဟိုဟာ... မလုပ်ရဘဲ နေလိမ့်မယ်....။

အင်တာဗျူရာ.... အမ ကလည်း ရှင်းရှင်းပြောပါ...ဘာမလုပ်ရဘဲ နေမှာလည်း...။

ရွှေ........ ဆိတ် ရဲ့ .........ဟိုဟာ ပါ (အမ က အဲဒီအတိုင်း သာ ကျင့်သုံးတာ ပြောရမှာတော့ ရှက်ပါတယ်.. ညီမ မသိသေးရင် ဟင်းလေး ပေးမယ် အဲ hint လေး ပေးမယ်လေ... ဆိတ်ကလေး သွားရင် ဟိုဘက် ပေါင် ကပ်လိုက်.. ဒီဘက်ပေါင် ကပ်လိုက်..)

အင်တာဗျူရာ......မှတ်သားလောက်ပါပေတယ် အမ ရေ.... ဒါနဲ့ အမ က ဘလော့ထဲမှာ အညာဟင်း ဆိုပြီး ဟင်းကောင်းကောင်းလေး တွေ ချက်ရေးတယ် နော်....။

အမ တို့ ဆီ မှာ ဒီလိုဘဲ အမြဲတန်း စားနေတယ် ဆိုတော့ ညီမ တို့ ကြားနေရတာတွေက ကောလဟလ တွေပေါ့နော်...။

ရွှေ.......... အင်း ညီမ ရေ ကောလဟလ တွေကို မယုံပါနဲ့.. အမ တို့ စားတဲ့ အစားအစာ တွေကို အမ အညာဟင်း လေးတွေ ဆိုပြီး ချက်ရေးတာ သက်သေ  ရှိပါတယ်..... ။

 အင်တာဗျူရာ..... အမ နေ့တိုင်း အဲလိုချက်စားတယ်ပေါ့နော်....။

ရွှေ...................... အင်း တနှစ် မှာ ၂ခါလောက် တော့ အဲဒီ အတိုင်း ချက်ပါတယ်...။

အင်တာဗျူးရာ.....  မှတ်လောက် သားလောက်သော အဆီတထပ် အသားတထပ် အင်တာဗျူး အတွက် ကျေးဇူးတင်တယ် အမ ရေ...တာ တာ... ။

ရွှေ......... အမ ကလည်း ညီမ ကို ကျေးဇူးအထူး တင်ပါတယ်.... တာ တာ...။

ဤတွင် အချိန်စေ့ ၍ အင်တာဗျူး ပြီး၏။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

27 comments:

  1. ခု .. ဆိတ်ကလေးက တဇိ ပဲ ရှိတော့ လို့  တဖက်ပဲ ကပ်နေရ ရှာတယ် အန်တီရေ..အဲ့ လေ..မမမမမမမ ရေ....
    `အညာ´ ဆိတ် ကို နူးအောင် `ပေါင်း´စားးး အရိုး မစူး တော့ ဘူး ပေါ့ ..အဟဲ

    ReplyDelete
  2. မေးရဲပါဘူး ဗျာ .. ချစ်ချစ်ကြီး က လက်သီးဆုတ်လိုက် လက်ဝါးဖြန့်လိုက်.. ပုဆိုး မလိုက် လုပ်နေပါတယ်...။

    Hee Hee Hee.

    Thanks.

    Ray

    ReplyDelete
  3. မှတ်သားလောက်ပါပေတယ် ဆရာမရယ်
    အဆီတစ်ထပ် အသားတစ်ထပ် အင်တာဗျူးတဲ့
    အခေါက်လေးပါပါရင် အင်တာဗျူးအင်္ဂါရပ်တွေနဲ့ ပြည့်စုံသွားမယ်နဲ့ တူတယ်..။
    အင်း... အင်တာဗျူးဖြေမယ့်သူများ မှတ်သားလိုက်နာစရာ နော် ဆရာမ .. :P

    ReplyDelete
  4. မမကီကလဲ ..
    hintကလေးပါ ၊ ရှင်းနေတာပဲဟာ..
    အဲ့ ဒီဟင်းပဲ နောက်တစ်ခါတင်ပေးပါလား..။
    မရဲတရဲ လုပ်မနေနဲ့ ၊ တကယ်လွတ်လပ်ရေး ရတော့ မှာ။
    နောက်လေးနှစ်မှာ ဝင်ရွေးကြမယ်လေ၊
    ကျွန်တော်ရယ်၊မမကီရယ်၊ မမရွှီစင်...ရယ်လေ။

    ReplyDelete
  5. အမ....
    ဖတ်သာဖတ်ရ။ သိပ်နားမလည်ဘူး။ မီးမီးကထုံတယ်

    မြတ်နိုး

    ReplyDelete
  6. ရီရလွန်းလို့ ပါးတောင် ညောင်းသွားတယ်
    အစ်မရယ် ရေးလဲရေးတတ်ပါ့
    လက်ဝါးဖြန့်ပြလိုက်၊လက်သီးဆုတ်ပြလိုက်၊ ပုဆိုးမလိုက် လုပ်နေတာ ဟိုတစ်ယောက်နဲ့ တူတယ်နော်.. ဟိုတစ်ယောက်လေ ဟိုတစ်ယောက်
    အဟီး နံမည်မေ့သွားပြီး)
    ဒီပုံအတိုင်းဆို အစ်မကို တကယ်တောင် လာဗျူးတော့မလားမသိဘူးနော်။
    အင်တာဗျူးက တကယ်ကို ရယ်ဖို့ကောင်းတယ်း)

    ReplyDelete
  7. ရီရလွန်းလို့ ပါးတောင် ညောင်းသွားတယ်
    အစ်မရယ် ရေးလဲရေးတတ်ပါ့
    လက်ဝါးဖြန့်ပြလိုက်၊လက်သီးဆုတ်ပြလိုက်၊ ပုဆိုးမလိုက် လုပ်နေတာ ဟိုတစ်ယောက်နဲ့ တူတယ်နော်.. ဟိုတစ်ယောက်လေ ဟိုတစ်ယောက်
    အဟီး နံမည်မေ့သွားပြီး)
    ဒီပုံအတိုင်းဆို အစ်မကို တကယ်တောင် လာဗျူးတော့မလားမသိဘူးနော်။
    အင်တာဗျူးက တကယ်ကို ရယ်ဖို့ကောင်းတယ်း)

    ReplyDelete
  8. သူငယ်နာကင်းတယ် ဆိုလို့ ငယ်ငယ်ကထဲက စားပြီးပြီ..
    ခု.....ကပ်စရာ မရှိ တော့လို့ တဲ့....
    ရွှေစင်ရေ....အညာဟင်းထဲက
    ဇောင်ချမ်းချဉ်ဟင်း စားချင်လိုက်တာ..
    အာသာပြေ ပုံလေးလောက်တော့ တင်ပေးပါအုန်း...ရာသီချိန်မဟုတ်တော့လို့ ဈေးထဲရှိချင်မှရှိတော့မယ်..

    ReplyDelete
  9. အညာဟင်းလေးတွေ ထပ်ချက်စားရင်ပြောနော်
    ဘေးကငေးရအောင်လို့ 
    အင်တာဗျုးက မပြီးသေးဘူးနော် ...
    ခုမှ အင်ထရိုလောက်ပဲရှိသေးတာ ...
    ဟုတ်တယ်ဟုတ် :D

    ReplyDelete
  10. မမရွှေစင်..
    အင်တာပျူးပါရစေ..
    မပျူးခင် ဟင်းလေးပေးပါးD

    မမရွှေစင်ရဲ့ ဟာသဥာဏ်ကတော့ တကယ်လက်ဖျားခါတယ်။ လက်ခုပ်တီးမယ် လက်ခုပ်တီးမယ်.. :DD

    ReplyDelete
  11. စာဖတ်ပြီး သဘောကျပါတယ် အင်တာဗျုး တကယ်လာရင် ထပ်ပြီး ပိုစ့်တင်ပေးအုန်း

    ReplyDelete
  12. မ‌ရွှေစင်ချစ်ချစ်ကြီးကလက်သီးဆုပ်လိုက်၊လက်ဝါးဖြန့်
    လိုက်လုပ်တယ်ဆို‌တော့....မဟုတ်မှလွဲ‌ရောမ‌ဟော်သ
    ဓာနဲ့အမရာကိုအားကျလို့နဲ့တူတယ်...အဲ...ပုဆိုးမ,တာက‌တော့...ဟီး..‌ပြောတတ်‌တော့ဘူး...။

    ReplyDelete
  13. ဟယ်....မမရွှေစင် လူဇိုးပါလား...ရီလို့ကောင်းတုန်းရှိသေး...အင်တာဗျူးက ပြီးသွားပြီ....။ လုပ်ပါဦး နောက်ဆက်တွဲအင်တာဗျုးကလေး....

    ချစ်ညီမလေး

    ReplyDelete
  14. ချစ်ချစ်ကြီးအကြောင်းဘယ်သူမှ မမေးရဘူးဆိုပြီး ထရိုက်လိုက်တာမဟုတ်ဘူး၊
    ဒါမှ ကမ္ဘာတလွှမ်း မြန်မာမီဒီယာတွေအလုပ်ရမှာ၊
    ပြီးမှ အိုးကြီးနပ်ချက် ချက်ကျွေးလိုက်ပေါ့၊
    ပုဆိုးမတာက မတာအကျင့်ပါနေလို့ဖြစ်မှာပါ။
    :D

    ReplyDelete
  15. ရွှေစင်ေ၇ ကားအပြာကြီး စောင့်နေတယ်

    ReplyDelete
  16. အယ်.. ဒီမှာ ဗျူးကုန်ကြပြီပဲ
    တစ်နှစ် မှာ ၂ ခါလောက် ချက်၊ ချက်သောနေ့မှာ ပုဆိုးမ ပါ၏ :)

    ReplyDelete
  17. မရွှေစင်ရေ ...
    ဒါမျိုးလေးတွေဖတ်ချင်နေတာ ...
    မိုက်တယ် ... (မလိမ္မာဘူး) ဟီးးး
    တကယ် တကယ် ... အမကြီးရဲ့ လက်ရာလေးတွေ ဒါကြောင့် မဖတ်ရ မနေနိုင်အောင် စွဲနေတာ...တာ ... တာ .. တာ့တာ .... :P

    ReplyDelete
  18. အင်တာဗျူး ဖြေရှင်းချက်များမှာ....
    ၁။ လက်သီးဆုပ်တာက --- လက်ရုံးရည် ရှိပါကြောင်း။
    ၂။ လက်ဝါးဖြန့်တာက --- ဘာကိုမှ ဆုပ်ကိုင် မထားပါကြောင်း။
    ၃။ ပုဆိုးလှန်ပြတာက --- နှလုံးရည်နဲ့လည်း ပြည့်ဝပါကြောင်း။
    ၄။ ဆိတ်ရဲ့ xxx ဆိုတာက --- အင်္ဂလိပ်လို ဖိုက်တင်းဘော လို့ ခေါ်တာ ဆိုတဲ့ အတွက် ဖိုက်တင်ပလေး..အဲ..သိတော့ဝူးဂျာ။

    ReplyDelete
  19. ဟဝှာ နီးလာလို့ ကိုးနက်ရှင်တွေမကောင်းဘူးဆိုကာမှ
    အစ်မရွေစင်က လုပ်ပြီ...:)။တော်ကြာ လုံးလုံးကို မရဘူး
    ဖြစ်သွားလို့ ဟုတ်ပေ့ နေဦးမယ်...။

    ReplyDelete
  20. အစ်မရေ.. အင်တာဗျူးဖတ်ပြီး အစ်မပုံစံကို သိချင်လိုက်တာ.. မင်းသမီးတွေလို မျက်စတွေ မျက်နတွေ ပစ်နေမလားလို့လေ.. ဟိဟိ

    ReplyDelete
  21. Great interview n clever presentation.Thanks for myaseinpyar n witty interview.BTW i also like fried zaungchanchin.After reading ur anyarhin i called to my mom n share about all the curries u posted.Gyidaw

    ReplyDelete
  22. ဟီး အရမ်း ရီရတယ် တီတီရွှေစင် အဲ မမရွှေစင်

    ဒီနေ့မှ ရောက်တယ်... မနေ့က အိမ်မှာ အရှုပ်တွေလုပ်နေ အဲ မွှားတွားရို့ အလုပ်တွေရှုပ်နေလို့ ကွန်ပျူတာနားကို မကပ်လိုက်ရဘူး.....


    :)

    ReplyDelete
  23. အစ်မရွှေစင်
    အရမ်းအတင့်ရဲတာပဲ။
    တော်ကြာ တန်ပြန်တွေလာလိမ့်မယ်နော်။

    အဲဒီဆိတ် ဟိုဒင်းလေးက တကယ်စားကြတယ်မို့လား။

    ဇောင်းခြမ်းချဉ် အကြော် (အပေါ်မှာရေးထားတာ) စားဘူးတယ်အစ်မ။

    အဆင်ပြေရင် ဟင်းပေးပါဦးနော်။

    ReplyDelete
  24. ဗျူးပွဲကို နောက်ဆုံးမှရောက်လာပြီး အားပေးသွားတယ် မကြီးရေ...
    အမှန်တွေ သိပ်မပြောနဲ့...
း)

    ReplyDelete
  25. ကောင်းတယ်အစ်မ အခုမှ လာဖတ်ဖြစ်လို့
    နံပါတ် ၂ လေး ဆက်ဖတ်လိုက်အုံးမယ်

    (မြစ်ကျိုးအင်း)

    ReplyDelete
  26. မအားလို့ မမရွှေစင်ရေ ခုမှ လာဖတ်ရတယ်၊ ရယ်ရတယ်ဗျိုးးး)

    ReplyDelete
  27. မရွေစင်

    ကြိုက်ပါသည်.. သို့သော် ဒုတိယ ဗျူးခြင်းကို အ ကြိုက် ပိုပါကြောင်း..။

    ပန်းဗေဒါ

    ReplyDelete

thank you to say so