Monday, September 20, 2010

မိန်းမ... မိန်းမ..

အလုပ်ရှုတ်နေတာနဲ့ စာမရေးဖြစ်တာကြာသွားပြီ.. ကော်နက်ရှင်ကလည်း မကောင်းတော့ စာတင်တာကို မနဲ တင်နေရတယ်.. ဒီနေ့မနက်တော့ ကိုကြီးကျောက် ရဲ့ တရားရုံးပိုစ့် လေးဖတ်ပြီး ရေးစရာ အကြောင်း လေး သတိရလာလို့ လို့ ရေးပါတယ်....။

ကျနော်တို့ မြန်မာလူမျိုးတွေ ဟာ ရုံးရောက် ဂတ်ရောက် ဆိုတာကို အင်မတန် ကြောက်ပါတယ်... ကျနော့် အဖွားဆိုရင် သက်သေပါရမှာတောင် ကြောက်လို့ တခုခု ဖြစ်ရင် သက်သေ မလိုက်ရအောင် ဝေးဝေးက ရှောင်ပါသတဲ့....၊ ကျနော့် ဖေဖေ ကတော့ အဲလိုဆိုရင် ကိုယ် တခုခုဖြစ်ရင်လည်း အားလုံး ဒီလို ကြောက်နေရင် သက်သေ တောင် လိုက်သူ မရှိဖြစ်မှာပေါ့ အမ ရဲ့ လို့ .. အမြဲပြောပါတယ်.... ဖေဖေ က သူ့ အမေ ကို အမ ဒါမှမဟုတ် နံမည် အတိုင်း တင့်တင့် ဘဲခေါ်ပါတယ်.. ။

ကျနော့် အဖွားကတော့ သက်သေ လိုက်ရမှာတောင် ကြောက်ပေမဲ့ ကျနော့် ကတော့ တရားရုံးကို  သူများ ကိစ္စနဲ့ ၂ကြိမ်တိတိ ရောက်ဖူး ပါတယ်... အဲဒီထဲက တခုကို ရေးပြပါမယ်....၊ ကျနော့် နဲ့ အမ အရင်း ကဲ့သို့ ချစ်ခင်ရသော အမကြီးတယောက် ဘဲ ထားပါတော့ အမည်တော့ မပြောတော့ပါဘူး... အဲဒီ အမကြီးဟာ ယောက်ကျား ဆုံးသွား လို့ ကလေး၂ယောက် နဲ့ ကျန်ရစ် ပါတယ်....ကလေး တွေ ငယ်ငယ် ကထဲက ဆုံးတာပါ....။

ကလေး လေး၂ယောက် နဲနဲလောက် ကြီးလာရင်ဘဲ နောက်ထပ် အမျိုးသား တယောက်နဲ့ ကြိုက်ကြ ပါတယ်..၊ အဲဒီ အမျိုးသားကလည်း ရုံးတရုံးမှာ အလုပ် လုပ်ပြီး အဆောင်နေသူဖြစ်ပါတယ်...၊ ရုံးမှာ အလုပ် လုပ်သူ ဆိုတော့ ပိုက်ဆံ မရှိပါဘူး.. အဲဒီအမကြီး ကတော့ အတော်ပိုက်ဆံရှိပါတယ်... အဲဒီခေတ် က ခေတ်စားတဲ့ ဆန်နီ အမိုးဖွင့်အဖြူလေး ကိုယ်တိုင်မောင်းပါတယ်... ဒါပေမဲ့ ပွေပွေ ရှုတ်ရှုတ် လုံးဝ မရှိပါဘူး....။

အဲဒီ ယောက်ကျား နဲ့ ချိန်းတဲ့ နေ့များဆို သနပ်ခါးတွေ ခြေဆုံးခေါင်းဆုံးလိမ်းပြီး မွှေးကြိုင် လှပ နေပါတယ်.. အချစ်ကို ရှာဖွေ တွေ့ရှိခြင်းပေါ့.... ကားလေး ကိုယ်တိုင် မောင်းပြီး အဲဒီ လူ ကိုတင်တင် ခေါ်သွား ပါတယ်... အဲဒီလိုတွဲနေတာ တနှစ်လောက် ကြာပါတယ်... ။

တနေ့တော့ ..ရွှေစင်ဦး ခဏလောက် အဖော်လိုက်ခဲ့ပါဆိုပြီး လာခေါ်ပါတယ်.. ကျနော်လည်း လိုက်သွား ပါတယ်...၊ အဆောင်မှာ နေတဲ့ သူ့လူ နဲ့ ရှင်းမလို့ လို့ပြောပါတယ်... အဲဒီလူ ကို လက်ထပ် ဘို့ ပြောတော့ ကလေး ၂ယောက် အမေ ကိုမယူနိုင်ပါဘူးလို့ ငြင်းလိုက်ပါတယ် လို့ပြောပြီး တော်တော် စိတ်ထိခိုက် နေပါတယ်....။

ကဲ အဲဒါနဲ့ အဆောင်ရောက်သွားပြီး အဲဒီလူ ကို ဆိုင်တဆိုင် မှာ လိုက်ခဲ့ဘို့မှာပြီး သွားစောင့် နေရပါတယ်... အဲဒီဆိုင်မှာ သူ့ကို ယူမှာလား မယူဘူးလား ဆိုတာ နောက်ဆုံး မေးပါတယ်... မယူဘူးလို့ ဟိုလူကပြောပါတယ်.. သူ့မိဘတွေ စိတ်ထိခိုက်မှာ စိုးလို့ ဒီလိုဘဲနေကြရအောင်ပါလို့ ပြောပါတယ်... အချောင်သမား ယောက်ကျား တယောက်ပေါ့... ။

အဲဒီအမ က တော်တော် ဒေါသဖြစ်သွားပြီး... အေး နင် ငါကို့ မယူနိုင်ဘဲ စော်ကားတာ ငါမခံဘူး ငါ့ကိုဘယ်လို မိန်းမ မှတ်လည်း နင့်မိဘ စိတ်ညစ်မှာ စိုးလို့ ငါ့ကို မယူရင် နင်ထောင်ကျရင်ရော.. နင့်မိဘ စိတ်မညစ်ဘူးလား .. ငါရုံး တိုင်မယ်ပြောပါတယ်....။

တကယ်လည်း တိုင်ပါတယ်... ဆွေမျိုး အသိုင်းအဝိုင်း အားလုံးက. ဝိုင်းဖျက်ကြပါတယ်.. မရဘူးဗျ. ဒီလို ကောင် မှတ်သွား အောင်.. သူများသားသမီး ကို မစော်ကားရဲအောင် လုပ်မယ် ဆိုပြီး.. ရုံးတိုင် ပါတယ်ဗျာ.... ၊ အဲဒီမှာ ကျနော့် ကို ရုံးချိန်း တိုင်း အဖော်ခေါ်ပါတယ်... ကျနော် လည်း ဒီလိုအမှု့ မျိုးကို အမှန် အတိုင်း ပြောရရင် လိုက်ရမှာ... ရှက်ပါတယ်... ဒါပေမဲ့ ကိုယ့် အမ ကဲ့သို့ ရင်းနှီးတာရယ်... နောက်ပြီး မိန်းမ တယောက်ကို စော်ကား တဲ့ ယောက်ကျားတယောက် ကို အပြစ်ရစေချင်တဲ့အတွက် ရယ် ... တရားရုံးကို မငြီးမညူ လိုက်ပေး ပါတယ်....။

အင်း  စာဖတ်သူများ ရေ... အမှန်တရား အတွက် တရားရုံးကို မရဲတရဲချီ ရပေမဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာ မလွယ် ပါဘူး.. ရှေ့နေ တွေ တရားသူကြီး တွေ သက်သေ တွေနဲ့ အမေးအဖြေလုပ်ကြတာတွေဟာ... နားမထောင်ရဲစရာ တွေပါ... ကျနော့် မှာလည်း မျက်နှာပူပူ နဲ့ ဘယ်သူ့ မျက်နှာ မှ ရဲရဲ မကြည့်ဝံ့သလို ... တရားလို က တရားခံ ဖြစ်ရပါတယ်... တကယ်တန်း တရားခံ ကတော့ ခပ်တည်တည်ပါဘဲ... မိန်းမ နဲ့ ယောက်ကျား နောက်ပြီး မြန်မာ လူမျိုးတွေကိုး......။

နောက်တခု လိုက်ရတဲ့ အကြောင်းရင်း ကို ပြောဘို့ ကျန်နေပါတယ်... ကျနော် အကြိုက်ဆုံး ၃၇လမ်း မုန့်တီဆိုင် က ရုံးချိန်ဆိုရင် အဲဒီရုံးထဲ မှာ ဆိုင်ထွက်ပါတယ်... အင်း ကျနော်လည်း ရှေ့နေ တွေနဲ့ အပြိုင် စားရတာပေါ့ဗျာ....အမကြီး ငှား ထားတဲ့ ရှေ့နေ ဆိုရင် မုံတီ စား ... လဘက်ရည် လည်း ခဏ..ခဏ သောက်တာဗျာ... နောက်ပြီး ငါးသုံးလုံး တဗူး တဗူး ကို ရုံးချိန်းတိုင်း ပေးရတယ်....။ 

တရားစွဲတဲ့ ပုဒ်မကတော့ မှတ်မိတော့ဘူးဗျာ ... မိန်းမ တယောက်ကို လက်ထပ်မယ်လို့ ပြောပြီး ကာမ ကို လိမ်လည် ယူတဲ့ အမှု့ မြန်မာ့ဓလေ့ထုံးတမ်း အနေနဲ့ကော ရာဇသတ်ကြီး အနေနဲ့ကော လို့ဘဲ ဆိုပါတော့ ... အဲဒီမှာ ဗျာ... စစ်ကိုင်း တည်းခိုခန်း က ဧည့်တိုင်တဲ့ မှတ်တမ်း စာအုပ်ကြီး သက်သေယူရ.. တည်းခိုခန်းက မန်နေဂျာ တွေ စာရေးတွေ သက်သေခေါ်ရ နဲ့ မြန်မာ အမျိုးသမီး တယောက် အတွက် ဆိုရင် တော်တော့် ကို ရှက်စရာ ကောင်း ပါတယ်...  ဒီလို ရှက်တတ် လို့ ငြိမ်ခံနေကြလို့ ဒီလို ယောက်ကျား တွေ က အနိုင်ကျင့် လာကြတယ် ထင်ပါတယ်.......။

တရားရုံးမှာ... ပေးရ ကျွေးရတာ တွေလည်း ပြောမနေပါနဲ့တော့ ပိုက်ဆံရှိလို့သာ တော်ပါတော့တယ်... ကျနော် လည်း... ရှေ့နေ တွေ တရားရုံး တွေ အကြောင်း တော်တော် သိသွားပါတယ်...အင်း ဒီတသက် တော့ အမှု့မဖြစ်အောင် နေမှ မှန် တဲ့ တရား အတွက် ရော... မမှန် တဲ့ မတရား အတွက် ရော ..  မမေဓါဝီ စကားနဲ့ ပြောရရင်... ရဲရဲ မချီနဲ့... အခြေအနေ ကြည့်ချီ... ဆိုတဲ့ ဆုံးဖြတ်ချက် ကြီးကိုလည်း ရဲရဲတောက်... ချမှတ်လိုက်ပါတယ်.. ။

ဒီလိုနဲ့ နောက်ဆုံး အမိန့် ချမဲ့ ရက်ရောက်ပါတော့မယ်.. ထုံးစံအတိုင်း တရားသူကြီးကိုလည်း ပေးကျွေး ထားတယ်.. နောက်ပြီး အမှု့ကလည်း လူမှု့ရေး... အမှု့မှန်ဖြစ်နေတဲ့ အတွက် တရားသူကြီး က တရားလို  အမကြီး ကို အိမ်ခေါ်ပြီး အရင် မေးပါတယ်.. ထောင်ဒဏ် နှစ်နှစ်ထိ ပေးလို့ရတယ်.. ဒဏ်ငွေ လည်း ပေးလို့ ရတယ်... ဘယ်လို လုပ်ချင် လည်းပေါ့... အမှန်တော့ တရားသူကြီး ကလည်း ရုံးချိန်းရက် တွေ မှာ အမကြီး ရဲ့ သဘောထားကို ရိပ်မိလို့ နေမှာပါ......။

ကျနော် ကြည့်သလောက်တော့  ရုံးချိန်း ရက်တွေ မှာ ဆိုရင် အဲဒီလူဟာ ဟန်မပျက်ဗျ.. အမကြီး ကိုလည်း လှည့်မကြည့်ဘူး... အမကြီးကသာ တကြည့်ကြည့် နဲ့... တရားစစွဲတုန်းက အချုပ်ထဲမှာ တောင် အာမခံမရခင် ခဏလောက် နေလိုက်ရသေးတယ်ထင်တယ်... အဲဒါကို အမကြီးက မျက်ရည် နဲ့ မျက်ခွက်.. အဲဒီလူသာ သူ့ကို ယူမယ် လို့များ ပြန်ပြင်ပြောခဲ့ရင် တယုတယ ပြန်ခေါ်သွားမဲ့ပုံ.....။

တရားသူကြီး ကို အမကြီးက စဉ်းစားအုန်းမယ်.. ပြီးမှ အကြောင်းပြန်ပါမယ် တဲ့ဗျာ... ငွေ အစွမ်းထက် ပုံ ကတော့ ... ကျနော် ကတော့ ဒီ လောက် ငွေကုန်ခံ အချိန်ကုန်ခံ အရှက်ကွဲ ခံပြီး လုပ်ထားတဲ့ ကိစ္စ ဗျာ မှတ်လောက်အောင် ချခိုင်းလိုက်စမ်းပါ .... လို့ တွန်းပေးပါတယ်...။

နောက်ဆုံးတော့ အမကြီး က အကြိမ်ကြိမ် စဉ်းစားပြီး ... မျက်ရည် စက်လက် နဲ့ တရားသူကြီးမင်း ကို အနိမ့်ဆုံး အပြစ်ဒဏ်သာ ပေးပေးပါတော့ တဲ့ဗျာ.....။

အဲဒါနဲ့... ဒဏ်ငွေလောက်နဲ့ ပြီးသွားပါတယ်. အင်း... မိန်းမ .. မိန်းမ....

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
ပိုစ့် အတွက် မေးမြန်းသည် များကို ဖြေကြားပေးသော ကိုးကိုးအိမ် နှင့် ပိုစ့် ထဲတွင် နံမည် ယူသုံး ထားသော ကိုကြီးကျောက် ... မမေဓါဝီ တို့အား ကျေးဇူး အထူးတင်ပါသည်...  ။
.

40 comments:

  1. Anonymous said...

    Innnnnnnn.

    Life is like that or love is like that.??? I don't know which one is more suitable for this event. :D

    Thank you very much for your post.

    Ray

    ReplyDelete
  2. အမရွှေစင်တို့လဲ ရုံးရောက် ဂတ်ရောက်ဖြစ်ခဲ့ကြသေးသကိုး။ အဲဒီရုံးမှာ တရားခံ၊ တရားလိုနှင့်သက်သေတွေကို မေးတဲ့ ဗျူးခန်းလေးကိုပါ ထည့်ပေးပါလားမမရွှေစင်။ ဗဟုသုတရတာပေါ့။ အတွေ့အကြုံတွေကို ပိုစိတ်ဝင်စားလွန်းလို့ပါ။

    ပျော်ရွှင်ပါစေ အမ။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  3. ဒလောက် အကွက်ရှဲခံ တိုင်ပြီးမှပဲ တရားလို အစ်မကြီးရယ်...

    ဟိုတလောကြားလိုက်ရတဲ့ ပန်းဖြူအမှုတောင် သတိရမိသေး..။

    ReplyDelete
  4. ဒဏ်ငွေလောက်နဲ့ ပြီးစေချင်မှဖြင့် အစတည်းက အရှက်ကွဲခံပြီး တရားစွဲမနေပါနဲ့တော့လား အစ်မကြီးရယ်.. ဖြစ်မှဖြစ်ရလေ.. မှတ်လောက် သားလောက်အောင် လုပ်ရမှာ..

    ReplyDelete
  5. ဆရာမရေ ခုခေတ်က ငါးသုံးလုံးဘူးနဲ့မရတော့ဘူးဗျ။ အနည်းဆုံးဝမ်းတေဘယ်လ်မှရတာ (အဲထဲတော့ ကိုးမပါဘူးနော်.. တူးတေဘယ်လ်မှ ဟီးဟီ.) နောက်ပြီး အဲလိုမျိုးဆိုရင် တရားရုံးကိုမလာချင်ကြတာ က တရားရုံးမှာက နှိုက်နှိုက်ချွတ်ချွတ်မေးတာလေ။ မုဒိမ်းမှူ့မျိုးဆိုပိုဆိုးတယ်။ အကုန် တစ်ခုမကျန်လိုက်မေးတာကိုး။ အဲလိုမေးပြီဆို ယောင်္ကျား မိန်းမမဟူ အကုန်အတွင်းကျကျပြောရတာ ပါ။ တော်တော်ရှက်စရာကောင်းတာပါ။ ကိုး အလုပ်သင်ဘ၀တုန်းကလည်း အဲလိုအမှူ့မျိုးဆို စိတ်ဝင်စားလို့အမြဲသွားနားထောင်တယ်။ တစ်ချို့ အလုပ်သင်ရှေ့နေသူငယ်ချင်းကောင်မလေးတွေ ဆိုနားမထောင်ရဲကြလို့ ထွက်ထွက်သွားကြတာ။ အဲဒါကြောင့်လည်း မကြားဝံ့ရှေ့နေ မမြင်ဝံ့ဆေးသမားလို့ဆိုကြတာပေါ့။ တကယ်တမ်းမှာ အဲလိုမျိုးအမှူ့တွေဟာ ရုံးကိုရောက်ကိုရောက်ရမှာ ပြစ်ဒဏ်ကြီးကြီးလေး လေးချရမှာ။ ဒါပေမယ့် ငွေဒဏ်နဲ့ထောင်ဒဏ်နဲ့ ပေါင်းမှ နှစ်နှစ်နဲ့ ငွေဒဏ်ပဲ ဖြစ်နေသေးတာ ခက်တယ်။ ဒီထက်ပိုချဖို့ကလည်း စီရင်ထုံးမှာက ပိုချထားဖူးတာမတွေ့တော့ ခက်တယ်ဗျာ။ ဒီထက်ပိုကျသင့်တယ်။ ပျော့ညံ့တဲ့မိန်းကလေးတွေ လည်းအလွန်ပါတယ်ဗျ..

    ခင်မင်လျှက်
    ကိုကိုးအိမ်

    ReplyDelete
  6. အနည်းဆုံးတော့ ဟုတ်ပါပြီ၊ အစ်မကြီးကနောက်တော့ ပြတ်ရောပြတ်ရဲ့လား၊ အင်း... မိန်းမ .. မိန်းမ....

    ReplyDelete
  7. အင်း အနဲဆုံး အပြစ်ဒဏ်ပေမဲ့ အစိုးရဝန်ထမ်း ဆိုတာ အလုပ်ထွက်ရတယ် ပြောတာဘဲ..

    အဲဒီလူလည်း အလုပ်ကထွက်သွားရတယ် အခုတော့ နိုင်ငံခြားရောက်နေတယ် ပြောတာဘဲ

    အမကြီး ကိုလည်း မဆက်သွယ်ပါဘူးဗျာ.. အမကြီးကတော့ ဘယ်ပြတ်ချင်ပါ့မလည်း

    ရွှေစင်ဦး

    ReplyDelete
  8. This comment has been removed by the author.

    ReplyDelete
  9. ဟီးး အပေါ်မှာရေးတာ မှားသွားလို့ ပြန်ဖျက်လိုက်ရတယ်။
    မျက်စိကလဲ မျက်မှန်မပါတော့ မမြင်ဘူး မရွှေစင်ရေ။
    မှုန်တ၀ါးဝါးနဲ့။
    ခုမှတွေ့တယ်။
    အင်း မိန်းမ မိန်းမ မျက်မှန်မပါရင် စာမဖတ်နဲ့လို့ စကားပုံ တိုးရမလို ဖြစ်နေပြိ။ ဟီးးး

    ReplyDelete
  10. အင်း..ခက်တာပဲ။
    တကယ်ဆိုရင် ဖြစ်သင့်ဖြစ်ထိုက်တာ ဖြစ်သင့်ပါတယ်လေ။ ဒါပေမဲ့ ယောက်ျားလေးတွေ ဘက်က ပြန်ပြီး ဝင်စဉ်းစားမယ်ဗျာ။ ယောက်ျားလေးတွေ ဘက်က ဆိုရင်ရော.....ကဲ..။

    ReplyDelete
  11. အော် ..မိန်းမ မိန်းမ
    အော်ဒုက္ခဆိုတာပေါ့။
    အမကြီးကလည်း သံယောဇဉ်မပြတ်လို့
    ထင်ပါ့။ သူက မုန်းလို့လုပ်တာမှမဟုတ်ပဲလေ။
    ဒါပေမယ့် အခွင့်အရေးယူသူ ဒီလိုလူမျိုးတွေက
    မှတ်လောက်သားလောက် ပညာပေးမှ။။

    ReplyDelete
  12. အင်း ...
    ဖတ်ပြီးတော့  ရင်ထဲ ဟာ သွား တယ်ဗျာ..၊
    တကယ်တော့  မိန်းမ တွေ ဟာ ယောင်္ကျား တွေ ထက်
    ပို ချစ်တတ် ပါတယ် ဆို တာ ကို ဒီ ပို့ (စ) လေး က
    ပြ လိုက်သလို ပါပဲ။ တကယ် ချစ် ခဲ့  လို့  ရင်နာနာ နဲ့ 
    ခွင့် လွှတ် ခဲ့ တာနေမှာ ..၊
    ချစ်မိ ပြီ ဆိုရင် သူ နဲ့  ပတ် သက်တဲ့  အရာရာ အားလုံး
    ကို ကျေကျေ နပ်နပ် လက္ခံ တတ် သွားတာကိုး .။
    ဟိုအကောင့်  ကိုတော့  ... တော်ပြီဗျာ..

    ReplyDelete
  13. မမရွှေစင်ရေ....ဖတ်ပြီးစိတ်ထဲမှာ ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ သြော်....မိန်းမတွေရဲ့ဘ၀က ချစ်ရတာ အရှုံးချည်းထင်ပါရဲ့.....


    မမရွှေစင်ရဲ့
    ချစ်ညီမလေး

    ReplyDelete
  14. “ ချစ်မိသူဆိုတာ လောကမှာ စစ်အရှူံးဆုံးသူပါ ”တဲ့ တာ
    ရာမင်းဝေ ရေးခဲ့တာပြောပါတယ်..။
    ကျားဖြစ်ဖြစ်၊မဖြစ်ဖြစ် ချစ်မိသူဆိုတာကတော့...!

    ReplyDelete
  15. အခြေအနေ မတူတဲ့ ဘဝတွေဆိုတော့ ချစ်ပေမဲ့လည်း ပေါင်းဖက်ဖို့ တော့ ခက်မယ်ထင်တယ်နော်... တကယ်တမ်း ပေါင်းဖက်လို့ မဖြစ်မှန်း သိရင် ယောက်ျားလေး ဘက်က လည်း ကြိုတင် နောက်ဆုတ်သွားသင့်တာပေါ့... အခုတော့ နောက်မဆုတ်ပဲ ဆက်ပြီး အတူနေသွားတယ်ဆိုတာကတော့ တစ်ဖက်လူ ရဲ့ အချစ်ကို စော်ကားတဲ့ အတွက် ပြစ်မှု ကြီးကြီး ချသင့်တယ်လို့ ထင်ပါတယ်....
    ဒါပေမဲ့... အော်.. မိန်းမ .. မိန်းမ

    ခင်မင်စွာဖြင့်
    ဇော်သိင်္ခ

    ReplyDelete
  16. မမရေ...ညီမလေးလဲ ရုံးမှာစွဲထားတဲ့ ယုံကြည်မှုအပ်နှံခြင်းကို အလွဲသုံးစားပြုတဲ့ ပုဒ်မ406 အတွက် သက်သေလိုက်ရဖို့ရှိနေတယ်... ဒီပို့စ်လေးလာဖတ်ဖြစ်တာ...နည်းနည်းစိတ်သက်သာသလိုလိုနဲ့ ကြောက်လဲ ကြောက်နေတယ်...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  17. ဒီလောက် အရှက်ကွဲခံပီး တိုင်ပီးမှ ထောင်ကျပစေပေါ့..ခက်ပါ့အဲဒီအမကြီးရယ်.. ခက်ပ။
    ကျနော်သာဆို ထောင် အပြင် ၀ဋ်ပါလည်ပါစေလို့.. ဆုတောင် တောင်းလိုက်ဥိးမှာ။ ဒီလောက်မတ်ရိုင်း စုတ်ပဲ့တဲ့ ကောင်ကိုများ။

    ကိုယ့်မှာလဲ အရှက်တကွဲ အကျိုးနည်းဖြစ်ရသေး လူလဲကဲ့ရဲ့ခံရသေး တာများ.. ကျပစေပေါ့။ တရားသူကြီးကလဲ လာများမေးနေရသေးတယ်။ (ငွေမျက်နှာနဲ့နေမှာ..) ချပစ်လိုက်ပေါ့ ထောင် ဒဏ်


    မျိုးနပ်

    ReplyDelete
  18. ပိုက်ဆံလဲကုန်၊ အရှက်လဲကွဲ၊ လူသိရှင်ကြားလည်းဖြစ်
    မိန်းမဘ၀ ဘာများကောင်းသေးလို့တုန်း
    ထောင်ချလိုက်တာကမှ ကုန်ခံရကျိုးနပ်ဦးမယ်..
    ကိုယ့်ကိုမချစ်မှတော့ ကိုယ်ကလဲ ပြန်ရက်စက်နိုင်တဲ့ စိတ်မျိုးထားသင့်ပါတယ်..
    အင်းနော်....... ခက်တာက မိန်းမဆိုတဲ့အတိုင်း သနားတတ်တဲ့စိတ်၊ ချစ်တတ်တဲ့စိတ်တွေကြောင့်ဘဲ သူတို့တွေက အနိုင်ယူသွားကြတာဖြစ်မယ်..

    ReplyDelete
  19. This comment has been removed by the author.

    ReplyDelete
  20. အော် မိန်းမ မိန်းမ ... အဲလို မိန်းမတွေ ရှိနေတော့လဲ...

    အနော်တို့လို ယောက်ျားတွေလဲ...

    သူမို့လို့စဉ်းစားမိတယ် နင့်မိဘစိတ်ညစ်အောင် တရားရုံးတိုင်မယ်တဲ့ ... ငွေကုန် အချိန်ဆုံး လူမော အရှက်ကွဲ ...... ကောင်းလိုက်တဲ့ဦးနှောက်

    တကယ်ဆို အဲဒီကောင် လည်ပင်းကို ငှက်ကြီးတောင် ဓါးလေးနဲ့ ဖြည့်ဖြည့်းချင်း လှီးပြီး၊ ဟိုဒင်းကို မီးရှို့ရမယ် (ပြတ်သွားတဲ့ခေါင်းကိုပြောတာ) ရုပ်မြင်နေရင် စိတ်မကောင်းဖြစ်မှာစိုးလို့

    ReplyDelete
  21. စိတ်ထဲမှာ ပိုင်းပိုင်း မပြတ်ပဲနဲ့ ရုံးတက်တာကို၊
    အတွေ့အကြုံတွေပေါ့ အမရယ်။

    ReplyDelete
  22. အစမှာတော်တော်သတ္တိရှိတဲံ့အမကြီးဘဲလို့အထင်ကြီး
    နေတာ..အဖျားရှုးသွားတာကိုး။
    နောက်မိန်းခလေးတွေထပ်မစော်ကားရဲအောင် မှတ်လောက်သားလောက်အောင်ထောင်ချသင့်တာပေါ့နော်။
    အော်..အချစ်..အချစ်။

    ReplyDelete
  23. ကာမကို ပေးတယ်ဆိုတာ အစ်မကြီး ကိုယ်တိုင်က သဘောတူပြီး ပေးခဲ့တာဆိုရင်တော့ တစ်ဦးထဲအပြစ် ပြောလို့ ခက်လားလို့။
    မုဒိန်းကျင့်တယ်၊ သွေးဆောင်ဖျားယောင်းတယ်ဆိုရင်တော့ တစ်မျိုးပေါ့နော်။ သဘောတူပြီး မွေ့လျော်ခဲ့တာဆိုရင်တော့ ... အဲ ကျွန်မလဲ ဘာပြောရမှန်း သိတော့ဘူး။
    မိန်းကလေးတွေကို အိမ်ထောင်မကျခင် အချစ်နယ်မလွန်စေနဲ့၊ ချစ်သူကို အလိုမလိုက်နဲ့လို့ လူကြီးတွေ တားကြတာပဲ။ ဒီအစ်မကတော့ ကလေးနှစ်ယောက်လဲ တော်တော်ကြီးမှ နောက်ချစ်သူ တွေ့တာဆိုတော့ မသိနားမလည် အရွယ်လေးတော့ ဟုတ်ဘူးထင်တယ်။

    ဒီလို အလိုတူ မွေ့လျော်ပြီးမှ မယူလို့ တရားစွဲမယ့်အစား လက်မထပ်ခင် လူကို မပေးတာက ပိုကောင်းမလားလို့။

    ReplyDelete
  24. မိန်းမ ဆိုတဲ့ သဘာဝက ကိုယ်ကချစ်ကြည်ဖြူပြီဆိုရင်
    အသွေးယူယူ အသားယူယူ အကုန်ပေးချင်တတ်တာမျိုး..
    တဖက်က ရေလာမြောင်းပေးနေတာလဲ ယောင်္ကျားဆိုတာ သဘောပေါက်ပြီးသား..
    အင်း..ကျွေးတိုင်းစားနေရင် တိရစ္ဆာန်နဲ့ တယ်မထူးတာမို့..
    ကိုကြီးကျောက်တော့ ယူမယ်လို့ ပိုင်းဖြတ်မှပဲ စားတယ်..
    နဖူးစာမင်ရေကြဲလို့ လွဲခဲ့တာတော့ မတတ်နိုင်ဘူးလေ..

    ReplyDelete
  25. ကျန်းမာပါစေမင်္ဂလာပါရွေစင်ဦးလေးရေ---
    တကယ်တမ်းအမိန့် ချတော့မယ်ဆိုတော့သူကလည်း
    မိန်းမသဘာဝကျင်နာတတ်တာသဘာဝဘဲလေ-
    ဒီပိုစ်ကိုဖတ်ပြီးစိတ်ထဲမှာမတင်မကျအဖြစ်ဆုံးကတော့-
    မန်းတလေးမုန့် တီ စားချင်သွားတာပါဘဲဗျာ-
    သူအရေးကောင်းတာနဲ့  မန်းတလေးကိုဘဲလာစားရတော့
    မလိုလို-အင်း-----
    ချစ်တတ်တဲ့မိန်းမအကြောင်းကိုစဉ်းစားရင်း----နဲ့ 
    မန်းတလေးမုန့်တီစားချင်တာလဲသားရည်ယိုရင်းနဲ့ ဘဲ-

    ReplyDelete
  26. ဂယ်ဆိုရင် ရှေ့နေတစ်ယောက်ဖြစ်သွားသော ရွှေစင်ဦးလေး ပေါ့ အပြိုင် ၀ါးတီးဆွဲလွန်းလို့ပါ သူ့ခေတ်သူ့အခါ ၅၅၅ နဲ့ မုံ့တီ ဘာပြောပြော အရင်တုန်းက တော်သေးတယ် အောက်မေ့ရပေါ့ အမှန်တရားဆီ ရဲရဲမချီ နဲ့ ကြည့်ချီပါမယ့်ဗျာ
    အမှားက အမှန် အမှန်က အမှား လော့ဂျစ်သင်ရသလို ဖြစ်မှာပေါ့ အဲဒီလိုဘဲ ပြောင်းပြန်တွေး ပြောင်းပြန်တွက်မှဘဲ အဆင်ပြေမယ်

    ချစ်ညီမ

    ReplyDelete
  27. မရွှေစင်ဦးရေ
    ဖြစ်တဲ့ တဲ့ သဘာဝလေးတွေ ပါပဲဗျာ။
    မပြောတတ်တော့ဘူး။

    ReplyDelete
  28. အဲဒီအစ်မကလဲ ဒီလောက် လူသိရှင်ကြား အရှက်ကွဲ ငွေကုန်ခံပြီးကာမှ နော်...(အားမလို အားမရလေသံနဲ့ ညည်းတွားခြင်း)

    ဒါပေမယ့် ဒီအမက တွေးတာတွေများသွားတာလဲ ဖြစ်နိုင်မယ်ထင်တယ်နော်... မုဆိုးမ ဆိုတော့ တရားစဆွဲခါစကတော့ ဒေါသနဲ့ မခံချင်စိတ်နဲ့ တရားစွဲမိပေမယ့် နောက်ပိုင်း တဖြည်းဖြည်းစဉ်းစားမိပြီး ဒီလူထောင်ကျသွားရင် အဲဒီလူရဲ့ ဆွေမျိုးအသိုင်းဝိုင်းတွေက သူ့ကို အညှိုးထားပြီး ဒုက္ခများပေးမလား၊ ဒါမှမဟုတ် ဒီလူ ထောင်က ထွက်လာရင် သူ့ကိုများ အန္တရာယ်များပြုမလားဆိုပြီး အမုန်းတွေ အငြိုးတွေ ဆက်မထားချင်တော့လို့များ အဖျားရှူးလိုက်ရတာများလားလို့ တွေးပေးမိတယ်.....

    သူစိတ်လျော့လိုက်တာလဲ ဖြစ်ချင်ဖြစ်မှာပေါ့နော်...

    ဘာပဲပြောပြော သူ့တရား သူစီရင်သွားပါလိမ့်မယ်လေ...

    ReplyDelete
  29. ဘယ်လိုအခြေအနေ ဖြစ်ဖြစ် သူ့အကြောင်းနဲ့ သူတော့ ရှိမယ်ထင်ပါတယ် ဘယ်သူ့ဘယ်သူ့မှ အပြစ်မတင်ချင်ဘူး အမရေ။

    ReplyDelete
  30. အနော့်ဘော်ဒါတယောက်ကတော့ မယူနိုင်ဘူးငြင်းလို့ ထောင်ကျသွားတယ်ဗျ။ မိန်းမဆိုပေမယ့် အပျော့၊အမာမတူတာတွေ အများကြီးရှိမယ်ထင်တယ်။ အော်..မိန်းမ..မိန်းမ။

    ReplyDelete
  31. ချစ်မိသူကတော့ အမြဲရှုံးနေမှာပဲနော်မမရွှေစင်.။ ဟူးးးးး
    ဒါကိုအခွင့်ကောင်းယူတဲ့သူနဲ့ မတွေ့ဖို့ အရေးကြီးပါတယ်။
    ချစ်တဲ့
    ညီမသဒ္ဓါ

    ReplyDelete
  32. Hi,

    Just reading second time..

    :):)

    Ray

    ReplyDelete
  33. ကျနော့်အမြင်ပြောရရင်တော့ ဒီ “ကာမကို လိမ်လည်လှည့်ဖြားယူခြင်း” ဆိုတဲ့ ဥပဒေကြီးက မြန်မာပြည်မှာ မရှိသင့်တော့ဘူးထင်တာပဲ။

    အရွယ်ရောက်ပြီး မိန်းမနဲ့ ယောက်ျား အလိုတူအလိုပါ နေကြပြီးမှ လက်မထပ်နိုင်တော့တဲ့အခါ စွဲချက်တင်တယ်ဆိုတာ ယောက်ျားသားတွေအဖို့ တော်တော် မတရားတဲ့ ဥပဒေကြီးပဲ။

    အလိုမတူဘဲ မုဒိန်းကျင့်တာတို့၊ အရွယ်မရောက်သေးတဲ့သူကို ဖြားယောင်းတဲ့ အမှုတွေအနေနဲ့တော့ တရားစွဲဆို၊ စီရင်ချက်ချသင့်ပါတယ်။

    သို့သော် အလိုတူအလိုပါ ကိစ္စတွေအတွက်တော့ ဒီ ဥပဒေ ကြီးဟာ အင်မတန်မှ ခေတ်နောက်ပြန်ဆွဲတဲ့၊ ယောက်ျားတွေအပေါ်မှာ မတရားသဖြင့် စီးပိုးနေတဲ့ ဥပဒေကြီးလို့ မြင်ပါတယ်။

    ReplyDelete
  34. ကောင်းမွန်ဝင်းSeptember 21, 2010 at 8:09 AM

    အစ်မရေ
    ကိုယ်တိုင်ရေးဖတ်ရတာ
    ကြိုက်တယ်။

    ဥပဒေတွေအကြောင်းသိရတာ စိတ်ဝင်စားစရာပဲနော်။

    မုန့်တီကိုတော့ စိတ်အ၀င်စားဆုံးပဲ အစ်မရေ။

    ReplyDelete
  35. "အရွယ်ရောက်ပြီး မိန်းမနဲ့ ယောက်ျား အလိုတူအလိုပါ နေကြပြီးမှ လက်မထပ်နိုင်တော့တဲ့အခါ စွဲချက်တင်တယ်ဆိုတာ ယောက်ျားသားတွေအဖို့ တော်တော် မတရားတဲ့ ဥပဒေကြီးပဲ။"

    But, under section 417 of Penal Code and according to Myanmar Customary Law, the most important point is that " whether the man promised to marry the girl." If the man promised and later changed his mind, it is a kind of breach of promise to marry.
    On the other hand, if the man did not promise to marry and even they live as husband and wife with mutual consent, there will be no breach of promise to marry. And nothing of Section 417 will concern with this event.

    Just sharing my knowledge.

    Ray

    ReplyDelete
  36. ကျွန်တော်တို့ မြန်မာနိုင်ငံဥပဒေမှာ အိမ်ယာထောင်ခြင်း ကိစ္စတွေအတွက် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေဆိုပြီးရှိ ပါတယ်။ အဲ အိမ်ယာထောင်ခြင်းနဲ့ပတ်သက်တဲ့ပြစ်မှူ့ တွေအတွက်တော့ ပြစ်မှူ့ဥပဒေလို့ခေါ်ကြတဲ့ ရာဇသတ်ကြီးဥပဒေမှာ ပြဌာန်းထားတာတွေရှိပါတယ်။ အဲထဲမှာမှ လိမ်လည်ခြင်းနဲ့ပတ်သက်လို့ ဥပဒေပုဒ်မ သုံးခုရှိပါတယ်။ ၄၀၆ - ၄၁၇ -၄၂၀ ဆိုပြီးတော့ပါ။ အဲထဲက လိမ်လည်ပြီးကာမကိုရယူခြင်း ဆိုတာကတော့ ၄၁၇ နဲ့အစပ်ဆိုင်ဆုံးပါ။ နောက်ထပ်တစ်ခု ထင်ယောင် ထင်မှားဖြစ်ကြတာလည်းရှိပါတယ်။ ဘာလဲဆိုတော့ ၄၁၇ ဆိုတာ ကာမကိုလိမ်လည်ရယူခြင်းတင်မ ဟုတ်ပါဘူး။ ငွေကြေးပစ္စည်းတို့ကို ပြန်လည်ပေးအပ် မည်ဟု လိမ်လည်ရယူပြီး ပြန်မပေးဆပ်ခြင်းလည်း ၄၁၇ နဲ့အကျုံးဝင်ပါတယ်။ နောက်ပြီး ၄၁၇ ဟာ ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတစ်ချို့မှာသာ အာမခံရ ပါတယ်။ အခုလိုကိစ္စမျိုးမှာ အာမခံရတာနည်းပါတယ်။ အခုပို့စ်မှာ ပါတဲ့သူက တော့ဘယ်လိုနည်းနဲ့လုပ်လိုက်လို့ အာမခံရသလဲ တော့ကျွန်တော်မသိပါဘူး။

    ကျွန်တော်သိသလောက်သာရေးထားခြင်းဖြစ်ပါတယ်။ အမှားအယွင်းရှိခဲ့ပါက ကျွန်တော့်တာဝန်သာဖြစ်ပါသည်။

    ခင်မင်လျှက်
    ကိုကိုးအိမ်(မန္တလေး)

    ReplyDelete
  37. ကိုပေါ

    မြန်မာပြည် မှာ ယောက်ကျား တွေ အခွင့်အရေး ဆုံးရှုံးနေတယ် ထင်ရင်... မြန်မာပြည် ဥပဒေကို ပြင်ဆင်ဘို့ရာ ယောက်ကျားအခွင့်အရေး ရဘို့ရာ ယောက်ကျား တယောက် ဖြစ်တဲ့ ကိုပေါ တောင်းဆို နိုင်ပါတယ်

    ကျနော် နားလည်တဲ့ သိတဲ့ မြန်မာ အမျိုးသမီး တွေက တော့ လက်မထပ်ဘဲ သွေးသား အတွက် ယောက်ကျား တယောက်နဲ့ အတူနေတဲ့ ဆက်ဆံတဲ့ မိန်းမ တွေ ရှားမယ် ထင်ပါတယ်.. အခြေအနေ တခု မှာ လက်ထပ်ဘို့ ရည်ရွယ် ပြီးသားဘဲ ဆိုပြီး မထူးဇာတ်ခင်းလိုက်ရတဲ့ သူတွေ ဘဲရှိမယ် ထင်ပါတယ်..

    ဒါပေမဲ့ တကယ်တန်း လက်ထပ်ဘို့ ပြောလာတော့ ရှောင်ပြေးတဲ့ ယောက်ကျား တွေကို ဘယ်လို သဘောထားသင့် သလည်း ဆိုတာ စဉ်းစားကြည့်ပါ..

    အဲဒီအမကြီး ရဲ့ ရီးစားစာ တွေထဲမှာ သူတို့ လက်ထပ်ရင် လက်ထပ်ပြီးရင် ဆိုတဲ့ အထောက်အထား တွေ အများကြီးပါ ပါတယ်..

    အဲဒီတော့ ဒီယောက်ကျားက လက်ထပ်မယ်လို့ ညာခဲ့တာ မဟုတ်ဘူးလား ဘယ်မြန်မာ အမျိုးသမီး မှ နင့်ကို ငါမယူနိုင်ဘူး လို့ စောစောက ပြောထားရင် နောက်ဆုံးအဆင့် အထိ အရောက်ခံ မယ် မထင်ပါဘူး..

    အဲဒီတော့ သူဟာ လိမ်ညာ ပြီးတော့ ကာမ ကို ယူတယ် ဆိုတာ ထင်ရှားပါတယ်...

    အလိုတူအလိုပါ ကိစ္စ ဆိုပြီး တာဝန်မယူတဲ့ ယောက်ကျားတွေနဲ့ ယောက်ကျားတကာ နဲ့ အလိုတူ အလိုပါ ဆက်ဆံတဲ့ မိန်းမ များကို ကျနော် မဆိုလိုပါဘူး..

    အမြင်တခု အတွက်ကျေးဇူးတင်စွာဖြင့်
    ရွှေစင်ဦး

    ReplyDelete
  38. မရွှေစင်ရေ...
    ရုံးရောက်ဂါတ်ရောက်ဆို ဘာမှမကောင်းပါလားနော်..။
    အခုလိုကိစ္စမျိုးကြတော့ ပိုဆိုးပြီပေါ့..။
    သူငယ်ချင်းအတွက် မရွှေစင်ရဲ့ ခံစားချက်ကို စာနာမိတယ်။
    ယောကျာ်းတွေ စာနာစိတ်ရှိဖို့လိုတယ်ထင်တယ်။
    မဟုတ်ရင် ဒီလိုမျိုးတွေက ဖြစ်နေမှာပဲထင်ရဲ့။

    ReplyDelete
  39. အဲ့အစ်မကြီး တော်တော်ချစ်တတ်တာပါလား။ သူတရားစွဲတဲ့သဘောထားကလည်း အစက ကိုယ့်ကို တကယ်ယူအောင် စကားလုံးနဲ့ “တရားစွဲမယ်”လို့ ကြိမ်းဝါးကြည့်တာနေမှာပါ။ ဟိုဘက်က လက်မခံတော့မှ မထူးတော့ဘူးဆိုပြီး တကယ်တရားစွဲတဲ့အထိ လုပ်ချလိုက်တာနေမှာပေါ့..။ စိတ်မကောင်းစရာပဲနော်။

    ညီမရဲ့သူငယ်ချင်းတစ်ယောက်တုန်းက သူ့ကောင်လေးနဲ့ ခိုးရာလိုက်ပြေးတယ်။ နောက်တော့မိဘတွေက မိသွားတော့ ခွဲလိုက်ကြတယ်။ ခွဲပြီးတော့ ကောင်လေးက တခြားမြို့ကို ပြောင်းမယ်လုပ်တော့ ကောင်မလေးက ကားဂိတ်ထိ လိုက်ပြိး ဒီလိုပြောတယ်..

    “နင် ငါ့ကို တကယ်ခွဲနိုင်လို့လား။ နင် ငါမရှိပဲ နေနိုင်လို့လား ဟင်။ နင် ငိုနေမှာ ငါမကြည့်ရက်ဘူး”တဲ့..
    မျက်ရည်နဲ့ ပြောနေပြီး နင်ငိုနေမှာ မကြည့်ရက်ဘူးဆိုပဲ..။

    အဲဒါ မိန်းမတစ်ယောက်ရဲ့အတွေး...လေ။ အဲလိုတွေးတာကပဲ မိန်းမတွေရဲ့ အားနည်းချက်ဖြစ်ရပြန်ရော...။

    ခက်ပါတယ် အစ်မရာ..။ လွယ်ဘူးလွယ်ဘူး..
    ♪အချစ်ဆိုတာ ဆားလိုပဲ များများစားရင် သွေးတိုးမယ်

    ReplyDelete

thank you to say so