Monday, May 3, 2010

ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၄)


ဒီနေ့ ကျနော် တခြားစာတပုဒ်ရေး ပြီး တင်မလို့ပါ..၊ ဒါပေမဲ့ ဆိုင်က ကလေး တယောက်ရဲ့ အမေ ပခုက္ကူ က လာလို့ နှမ်းဖတ်ချဉ် လတ်လတ် လေးတွေ ယူလာပါတယ် .... အဲဒါနဲ့ အိမ်မှာ နှမ်းဖတ်ချဉ် သုတ် ပါတယ်.. မိတ်ဆွေ များကို လည်း သတိရသွား တဲ့ အတွက် ဒီနေ့ ချက်တဲ့ အညာစာဟင်းလေး တချို့ ကို နှမ်းဖတ်ချဉ် နဲ့ တွဲ တင်ပေး လိုက် ပါတယ်။

နှမ်းဖတ်ချဉ် ကတော့ ကျနော် တို့ အညာဘက် ကဘဲ အစားများမယ်ထင်တယ်.. တချို့က ကြော် စားတယ်.. တချို့က သုတ်စားတယ်.. ၂မျိုးစလုံး ကောင်းပါတယ်..၊ အိမ်မှာတော့ မေမေ က နှမ်းဖတ်ချဉ် သုတ်ရင် ငါးဖမ်းမ ကို ကြော်ပေးတယ်..၊ နောက်ပြီး ဟင်းရွက်စုံ ဟင်းရည်ချက်တယ်..၊ အခုတော့ ငါးဖမ်းမ မရခဲ့ တဲ့ အတွက် ငါးဥချက် ဘဲ ချက်လိုက်ရတယ်... ငါးဖမ်းမ က ချက်ခြင်းကြော်ရင် ကျနော်တို့ က သိပ်မစားပါဘူး... ဒီနေ့ ဝယ်တယ်ဆိုရင် သူ့ ကို ဘိုက်ခွဲ ပြီး အထဲက ဟာတွေထုတ်.. ပြီး ဆားသိပ် ထားပါတယ်..၊ နောက်နေ့မှ ဆားတွေ စင်အောင် ဆေးပြီး ကြော်ပါတယ်.. ဘိုက်နားလေးက အဆီ ပါတဲ့ အပိုင်း လေး က စားအကောင်းဆုံးပါ...။

ကဲ ဒီနေ့ ဟင်းလေး တွေ ချက်ရအောင်... နှမ်းဖတ်ချဉ် ကို ကြက်သွန်နီ၊ဖြူ ပါးပါးလှီး.. နံနံပင်.. ရှောက်ရွက် ပါးပါးလှီး ပြီး ဆား အချိုမှုံ နဲနဲ နဲ့ ဆီများများ နဲ့ သုတ်ထား တဲ့ နှမ်းဖတ်ချဉ် သုတ် ကတခွက်ပါ.။

ငါးဥချက် ကတော့ ငါးဥတွေ ကို ရေနွေး ပွက်ပွက်ဆူ ထဲ ထည့် ပြီး မာသွားအောင် လုပ်.... ပြီးမှ အတုံး လေးတွေ တုံးပြီး... ဂျင်း ကြက်သွန်ဖြူ/ နီ ဆီသတ်ပြီး ချက်ပါတယ်...၊ စိမ့်စိမ့် လေး နဲ့ ကောင်းတဲ့ ငါးဥ ချက် က လေး ပါ...။

နောက် တခွက်ကတော့ ဟင်းရွက်စုံ ဟင်းရည်ပါ..၊ ဟင်းရွက် ကတော့ စုံသလား မမေးနဲ့ ကျနော် သိသလောက် ပြောပြရရင် ဆူးပုတ်ကလေး.. ဂုံရွက်.. ပြည်ပန်းညို.. နွားရှာကြီးရွက်.. ဂွေးထောက်ရွက်... သဖန်းရွက်.. ရဲယိုရွက် ..သနပ်ရွက်.. နဲ့ တခြား ကျနော် မသိတဲ့ အရွက်တွေလည်း ပါပါ တယ်...။

ဟင်းရွက်စုံ ဟင်းရည် ချက်တာက တော့ ရေနွေးထဲမှာ ငံပြာရည်..ပုဇွန်ခြောက် .. ကြက်သွန်နီ ပါးပါးလှီး ကြက်သွန်ဖြူ များများ မညက်အောင် ထောင်းထည့် ပါတယ်.. အဲဒါ ကို ဆူအောင် ဟင်းရည်အိုး ကျအောင် တည်ထားပါတယ်.. ပွက်ပွက်ဆူ မှ ဟင်းရွက်တွေ ကို ခပ်ပါတယ်.. ခဏလေး ဘဲ ထားပြီး ပြန်ဆည် ထားပါတယ်.. စားခါနီး မှ ဟင်းရွက်တွေကို ပန်းကန်ထဲ အရင်ထည့် အပေါ်က ဟင်းရည်ပူပူ ကို လောင်းထည့် ပါတယ်.. ဘယ်အချိန်စားစား ဟင်းရွက် နူးသွားမှာ မပူ ရတော့ပါဘူး.. ကဲ ဟင်းရွက်စုံ ဟင်းရည်လေး သောက်လိုက်ကြအုန်းနော်...။

နောက်တခွက် ကတော့ ပိန္နဲသီး နုနုလေး တွေကို ချက်ထားပါတယ်.. ခင်ဗျား တို့တော့ ကြိုက်လား မသိဘူး.. ကျနော် တော့ အရမ်းကြိုက်ပါတယ်.. အာလူး နဲနဲ လေး နဲ့ အသားဟင်း ချက်သလိုဘဲ ချက်ရပါ တယ်... ၊ ကျမ်းမာရေး အတွက် လည်းကောင်းသလို အရသာလည်း ရှိပါတယ်...။

ဟင်းက သိပ် မစုံတော့ စားလို့မှ ကောင်း ရဲ့လား မသိဘူး... ကဲ စားပြီးရင်လည်း .. လက်ဆေးအုန်း လို့ ပြောမလို့ပါ.. ဟင်းဘိုး မတောင်းတော့ပါဘူး..။

လေးစားစွာဖြင့်
ရွှေစင်ဦး
.

26 comments:

  1. အညာဟင်းလေးတွေကို ရွှေစင်ဦးတင်မဟုတ် စူနွယ်လေးလည်း အရမ်းကြိုက်ပါတယ်...ပြောရရင် ဒီနေ့တင်တဲ့ဟင်းတွေ အကုန်ကြိုက်ပါတယ်
    ဟင်းရွက်စုံဟင်းရည်နဲ့ ဝေးခဲ့တာကြာပေါ့...
    နှမ်းဖတ်ချဉ်အစစ်က မဲမဲလေးနော်..များသောအား ဖြင့်တော့ဈေးသွားရင် ပဲဖတ်ချဉ်တွေပဲတွေ့ရတာ များတယ်..အရောင်ဖြူတယ်လေ..အညာမှာတော့ အစစ်ရမယ်ထင်တယ်...
    ငါးဥလည်း ကြိုက်တာပဲ..
    အိမ်မှာလည်း ငါးဖန်းမငပိကောင် စားတယ်.. ကြော်ပြီးအိုးကပ် ချက်စားလည်း ကောင်းတယ်...
    ပိန္နဲသီးဟင်းချက်ရင်အမေက ဆူးပုတ်ရွက်နဲ့ ချက်တယ်...
    ဒါနဲ့ အဲဒီမှာ မန်ကျည်းဖူးလေးတွေကို ၀ါဝါရောင် အလုံးကလေးတွေ လုံးထားတာမျိုး ရောင်းသေးလားဟင်...ပုစွန်ခြောက်ငပိနဲ့ ကြော်စားရတာ သိပ်ကြိုက်တာပဲ:)

    ReplyDelete
  2. စားချင်စဖွယ်ပေပဲ.... တကယ် သရေကျသဗျ...

    ReplyDelete
  3. Ama,

    I like so much hnan bat chin
    :D. I like all your curries.

    Ama yar, you make me hungry always.

    YG

    ReplyDelete
  4. ရက်စက်သူကြီး မရွှေစင်ရဲ့  ဗြဲ

    ReplyDelete
  5. မင်္ဂလာပါ ..

    နှမ်းဖတ်ချဉ် မစားရတာ ကြာပြီ။ ငယ်ငယ်တုန်းကတော့ အညာမှာ နေ့စဉ်နီးပါး စားရတယ်။

    ပြောရင်းနဲ့ ပါးစပ်ထဲ ချဉ်တင်တင်။

    ခင်မင်စွာဖြင့်
    ကိုမျိုး (အညာမြေ)

    ReplyDelete
  6. နှမ်းဖတ်ချဉ်လဲအရမ်းကြိုက်တယ်..
    ပိန်းနှဲသီးချက်လား..တွေ့သလိုဘဲ...အဲဒါလဲကြိုက်တယ်..
    အညာစာဆိုအကုန်ကြိုက်တယ်..

    ReplyDelete
  7. စားချင်လိုက်တာ .. ဗိုက်ဆာ နေတုံး ဝင်ကြည့်မိတာ .. ပို ဆာ လာ ပြီ .. ဟင့်။
    နှမ်းဖတ်ချဉ် သုတ်တော့ အရမ်းကြိုက်တယ် ။ လျှောက်ရွက်ကလေး ပါးပါးလှီးထဲ့ လည်း ကောင်းတယ် ။
    ငါးဖမ်းမ ဆိုတာ တော့ ခုမှ ကြားဖူးတယ် ။ မသိလို့  မေးချင်တာ ။။ ငါးဖမ်းမ ဆိုတော့ ငါးဖမ်းထီး ရော ရှိသလား....း))

    ReplyDelete
  8. နှမ်းဖတ်ချဉ် မစားရတာ ကြာပြီ။ တောင့်တလိုက်ရတာ၊ ဒီနေ့ အကြိုက်နှစ်မျိုးပါတယ်၊
    နှမ်းဖတ်ချဉ် နှင့် ပိန္နဲသီး နုနုချက်၊ စားချင်လာပြီ၊ ကျေးဇူးပဲ အမရေ။

    ReplyDelete
  9. မမကီး က လဲ.. ရန်ကင်းသား ချင်း တူ နေတာကနေ
    နှမ်း ဖတ်ချဉ် ကြိုက် တာ လဲ လိုက်တူ နေပြီ။

    မရွှေစင် ရေ ..၊
    သူ လာရင် ဖွက် ထား ဗျ၊ အဲ့ ဒီ နှမ်းဖတ်ချဉ်ကို..။

    ReplyDelete
  10. နှမ်းဖတ်ချဉ်နဲ BEစစ်စစ် မန်းတလေးဆေးကျောင်းနားက အမိန်.ရအရက်ဆိုင်မှာ.......
    သူငယ်ချင်းတွေနဲ.....
    လွမ်းသဗျာ....

    ReplyDelete
  11. မိုးစက်ပွင့်May 3, 2010 at 8:23 AM

    အညာစာတော်တော်များများ ကြိုက်ပေမယ့် ဆီပေါတဲ့ ဒေသပီပီ ဆိုင်ချက်တွေက နည်းနည်းဆီများတယ် ထင်ပါတယ်.. မရွှေစင်ရဲ့ ဟင်းတွေကတော့ ဆီမများဘဲ အရသာရှိမယ့်ပုံဘဲ .... ကြည့်ရင်းနဲ့ ကို ဗိုက်ဆာလာတာ ... ဂွီ

    ReplyDelete
  12. မစားဘူးတဲ့ဟင်းတွေဖြစ်ပေမယ့် သရေကျမိတာတော့အမှန်
    ပဲ။း))) ချက်ထားတာတွေကြည့်ရတာလည်း စားချင်စရာ..

    ReplyDelete
  13. ငါးဖမ်းမ တဲ့ စားဖူးဖို့ နေနေသာသာ ကြားတောင်မှ ကြားဖူးဖူးရယ်. .
    လွှတ်စားချင်ချက်ဗျာ . . . ငတ်နေတာ ကျနေတာပဲးP

    ReplyDelete
  14. ဒီလိုဒီလိုလေးတွေ ချက်ကောင်းတယ်ဆိုလို့
    ယောက္ခမတော်ချင်လာတာပေါ့
    လက်ရာကောင်းလေးများ စားရမလားလို့လေ..
    စားလို့ကောင်းတဲ့ဟင်းမှန်သမျှ
    အညာဟင်း၊အထက်ဟင်း၊ အောက်ဟင်း
    အကုန်ကြိုက်..
    ဘာချက်ချက် ကောင်းတယ်
    အားပေးတယ်.. :)

    ReplyDelete
  15.့် ပိန္နဲသီး ဟင်းအရမ်းကြိုက်ပါတယ်။
    နှမ်းဖတ်ချဉ်တော့မစားဖူးဘူး။

    ReplyDelete
  16. နှမ်းဖတ်ချဉ်တွေ ကြည့်ရင်းနဲ့ စားချင်လိုက်တာ။

    ReplyDelete
  17. အမရေ..

    လိုက်ပြီး လုပ်စားကြည့်ချင်လာပြီ..။

    မဗေဒါမှာက အရည်အချင်းကလဲ အပြည့်ပဲ..။

    မဗေဒါ

    ReplyDelete
  18. တီလဲ ကြိုက်တယ်
    ဟင်းရည် ကြိုက်တယ် အရွက်စုံပါလို့
    ပြီးတော့ ပိန္နဲသီး ဟင်း
    မေမေက ငယ်ငယ်က ဆို သက်သတ်လွတ်ကြက်သားဆိုပြီး ချက်ချက်ကျွေးလေ့ရှိတယ်
    သတိရလိုက်တာ ပြီးတော့ ရှမ်းပြည်ကအဖွားကလဲ ခဏခဏ ချက်ကျွေးလို့ ပိန္နဲသီး ဟင်းရည် ပဲပုပ်နဲ့ ကို ငယ်ငယ်ကတည်းက အရမ်းကြိုက်
    ခုတော့ ဒီမှာ သိပ်ရှာမရလို့ မချက်ဖြစ်
    တလောက မဲစောက်သွားတုံးကတောင် ရလာလို့ ချက်စားသေးတယ်

    ReplyDelete
  19. ပခုက္ကူမှာ..ဆွမ်းဟင်းခွက်ကြည့်လိုက်ရင်..နှမ်းဖတ်ချဉ်တွေ ချည့်ပဲ..ကန်တော့ဟင်းပါတကာမကြီးရယ်..

    ReplyDelete
  20. အမ... နှမ်းဖတ်ချဉ်စားဖူးဘူး..မြင်လဲမြင်ဘူးဘူး

    ဒါပေမဲ့ ပိနဲသီးဟင်းတော့ကြိုက်တယ်.. ဘ၀မှာ ၃ခါကြီးများတောင်စားဖူးတယ်။
    ဟင်းရွက်စုံဟင်းရည်လဲကြိုက်တယ်။ အမလို နောက်မှ ချက်ကြည့်မယ်..ဟင်းရွက်မနွမ်းအောင်ချက်နည်းကမိုက်တယ်။

    မြတ်နိုး

    ReplyDelete
  21. ဝေဒနာပေးမယ့် အရာတွေ...
    မရဲတရဲပဲ ကြည့်မိတယ်။

    ReplyDelete
  22. နှမ်းဖတ်ချဉ် အရမ်းကြိုက်တယ်...
    စား........အုံး.........မှာ....

    ReplyDelete
  23. သွားရည် တောက်တောက်ယိုတယ်။ တကယ်..။
    နှမ်းဖတ်ချဉ်သုတ် နဲ့ ပိန္နဲသီးဟင်း မစားဖူးဘူး။ တော်တော့ကိုကောင်းမှာ ။
    ရှလွတ်..။

    ReplyDelete
  24. ညီမလေးက နှမ်းဖတ်ချဉ်မကြိုက်ပါ... နှမ်းဖတ်ချဉ်အကြောင်းဖတ်ရတော့ ငယ်ငယ်တုန်းက ဖတ်ဘူးတဲ့ အရမ်းလည်း သဘောကျတဲ့ “နှမ်းဖတ်ချဉ်သည်နဲ့ သူဌေးကြီး” ပုံပြင်လေးကို သွားသတိရတယ်... :)))

    ချစ်ညီမလေး

    ReplyDelete
  25. နှမ်းဖတ်ချဉ်ဆိုလို့မရယ်
    ခုမှပဲသုပ်နည်းအမှန်သိတော့တယ်
    ဒီတခါပြန်မှအပီသုပ်စားဦးမယ်

    ဟိုမှာတုံးက အမြဲဈေးမှာတွေ့လို့
    တအားစားချင်စိတ်ပေါက်တာလေ
    အဲဒါနဲ့ဝယ်လာတာ မေကလည်းမလုပ်တတ်ဘူး
    ညီမတို့ ဒီတိုင်းကြီးစားတာ ခစ်
    မကောင်းဘူးပေါ့ နော် အဲလိုထင်တာ
    ခုတော့ ငပိတုံးကိုက်သလိုဖြစ်သွားတာ ခုမှသိတယ် :D
    ငါးဖမ်းမလည်းသိပ်ကြိုက်တာ ပဲဟင်းချိုလေးနဲ့သိပ်မြိန်တာ ညီမတို့ကတော့ ငါးဖားမငပိကောင်လို့ပဲခေါ်နေကြတာ
    :)

    ReplyDelete
  26. What's on your mind?

    Aye Sanda Linn
    http://www.shwezinu.com/2010/05/blog-post_3503.html
    ကိုလူသစ်ကို နှမ်းဖတ်ချဉ်ပြဖို့ ရှာရင်း ကိုယ့်ဒုက္ခကိုယ်ရှာမိတဲ့ ငါ.. ရှလွတ်...
    လက်ဖက်ထမင်းနယ် မစားချင်စားချင် ဇွန်းတပ်စားပြီး သွားရည်ကျနေရတယ်.. အိ..အိ..
    shwezinu: ရွှေစင်ဦး ကြိုက်တဲ့ အညာစာဟင်းလေးများ (၄)
    www.shwezinu.com
    အညာဟင်းလေးတွေကို ရွှေစင်ဦးတင်မဟုတ် စူနွယ်လေးလည်း အရမ်းကြိုက်ပါတယ်...ပြောရရင် ဒီနေ့တင်တဲ့ဟင်းတွေ အကုန်ကြိုက်ပါတယ်ဟင်းရွက်စုံဟင်းရည်နဲ့ ဝေးခဲ့တာကြာပေါ့...နှမ်းဖတ်ချဉ်အစစ်က မဲမဲလေးနော်..များသောအား ဖြင့်တော့ဈေးသွားရင် ပဲဖတ်ချဉ်တွေပဲတွေ့ရတာ များတယ်..အရောင်ဖြူတယ်လေ..အညာမှာတော့ အစစ်ရမယ်ထင်တယ်...ငါးဥလည်းြ...
    Like · · Share · about an hour ago near Singapore ·
    မူလလက်ဟောင်း ကလူသစ်, Thandar Lwin and Juneone Min like this.
    Wallet Mon နင့ဟာနင်...ရှာပါလား ..အခု ကြည့်မိတဲ့ငါပါ အဆစ်ပါသွားတယ်
    57 minutes ago · Unlike · 3


    စင်စင်

    ReplyDelete

thank you to say so