Monday, April 5, 2010

ရွှေစင်ဦး လေးရဲ့ ချစ်ကိုယ်တွေ့ (၁)

အင်း အလုပ်ကလည်း သိပ်မရှိတော့ ပျင်းနေတာနဲ့ ချစ်ချစ်ကြီးနောက် လျှောက်လိုက်နေတယ်.. ..... မနေ့ မနက် ကတော့ စက်မှု့ ထဲ သွားမယ် လိုက်မှာ လားတဲ့. ..... ဒါနဲ့ လိုက်သွားပါရော.. ဟိုရောက်တော့ သူက ရုံးထဲ ဝင် သွားတာနဲ့ အပြင်က စောင့်နေတယ်.. စောင့်ရင်း နဲ့ ပျင်းပြီး ရေဆာတာနဲ့ ဘေးနားက ဆိုင် က စားပွဲထိုးလေး ကို လှမ်းခေါ်လိုက်တယ်.. ။

နောက်တော့ သူတခါ ထဲ ယူလာလို့ ရအောင် ဆိုပြီး ပါးစပ်ကလေး ဟပြီး လက်မလေး စိုက်လို့ ပြလိုက်တယ်.. ပြီးတော့ လက်ညှိုးလေး ထောင်ပြလိုက်တယ်..စားပွဲထိုး ကလေး က ကြောင်တောင် တောင် နဲ့ ကြည့်ပြီး ယူမလာဘူး...၊ တခုခု တော့ မှားနေပြီ ဆိုပြီး.. ဟိုကြည့် ဒီကြည့် ကြည့်လိုက်မှ.. အကင် နဲ့ စည်ဘီယာ ဆိုင်တဲ့ မနက်ခင်း ဆိုတော့ လူလည်း သိပ်မရှိတော့ .....မှာတဲ့ လူကလည်း မစူး မစမ်း ဆိုတော့.. အင်း.. လာမပို့တာဘဲ တော်ပါသေးတယ်.. ။

စည်ဘီယာ ခွက်ကလေး နဲ့ ရွှေစင်ဦး လေးကို ချစ်ချစ်ကြီး တွေ့သွားရင်.. တော်တော် နမော်နမဲ့ နိုင်တဲ့ မိန်းမ ဆိုပြီး ကောင်းချီးပေးနေမယ်.. နောက် ပြီးတော့ ရွှေစင်ဦး တို့မူးသွားခြင်း ကနေ ဘီယာ မှာ သောက်ခြင်း ဆိုပြီး နာမည်တွေ ကြီးနေမှာ စိုးရိမ်ပါတယ်....(အမှန်တော့ အမှားကောင်းလေး မမှားလိုက်ရတဲ့ အတွက် စိတ်တွေညစ်နေတာပါ...) ။

စက်မှု့ဇုံရောက်တော့ ၁၁ နာရီလောက်ရှိပါပြီဗျာ... ပူလိုက်တဲ့ နေ ကျဲကျဲတောက် နေတာပါဘဲ... အခု ရက်ပိုင်း မန္တလေး မှာ အရမ်းပူနေတယ်.. ကျနော်တောင် ညီမ မိုမိဂျိ ဘလော့ က ငလျှင် လှုတ်ရင် ဆောင်ရန် ရှောင်ရန် လေး တွေ ဖတ်မှတ် ပြီး ဒီလောက် ပူရင် ငလျှင်တော့ လှုတ်တော့ မှာဘဲလို့...ငါလို ဗဟုသုတ ရှိတဲ့ သူကတော့ အိုကေ ဘဲလို့.. ကြံဖန် ဘဝင်မြင့်နေတာ.. တကယ်လှုတ် မှ အကုန်မေ့ အုန်းမှာ။
မန္တလေး တမြို့လုံးကလည်း ဗျာ ဘီယာ ဆိုင်နဲ့ အကင်ဆိုင်ကြီး ပါဘဲ... ရေဆာ ၍ ဘီယာ များ သောက် နေကြလား မသိပါဘူး...၊ ရေဆာ လို့ သောက်စရာ အအေးဆိုင် က ရှာမတွေ့ဘူး.. ချစ်ချစ်ကြီး သွားဝယ်ခိုင်းတော့ ဘီယာ ဆိုင်ထဲဝင် ရေဝယ်ရမှာ သူ့သိက္ခာ ချတယ်လို့များ ထင် နေလား မသိပါဘူး.. မင်းကလည်း ရှိတဲ့ ရေ သောက်လိုက်စမ်းပါ ဆိုတာနဲ့ ရေပူပူ လေး သောက်ခဲ့ ရပါတယ်.. နောက်များတော့ ရွှေစင်ဦး ကို ဘယ်တော့ မှ ခေါ်လို့ ရမယ်မထင်နဲ့ ချစ်ချစ်ကြီးရေ...။

ကျနော် လည်း ချစ်ချစ်ကြီး နဲ့ လျှောက်သွားရင်း နဲ့ ဟိုး နှစ်ပေါင်း များစွာက ရွှေစင်ဦး လေး အလိုလိုက်ခံ ရတာလေးတွေ ကို ချစ်ညီမများ သူငယ်ချင်း အပျိုကြီးများ သားရေကျအောင် အတုယူမှားအောင် ရေးပြချင် တဲ့ မကောင်းတဲ့ စိတ်ကလေး ဝင်လာလို့ နဲနဲလောက် ရေးပြချင်ပါတယ်..။

ကျနော် ဟာ တသက်လုံး ရီးစား တခါဘဲ ထားပြီး ဒီတယောက် နဲ့ ဘဲ အိမ်ထောင်ကျ တဲ့ အတွက် ယောက်ကျား များနဲ့ ပတ်သက်ရင် အတော် ဗဟုသုတ နဲ တယ် လို့ ပြောရပါ့မယ်.. ဒီ့အတွက် လည်း ခုထိ နောင်တ ရနေတုန်းပါ... ရွှေစင်ဦး တို့များ အ လိုက်တာ ရီးစားထားရမဲ့ အရွယ်တုန်းက ၄-၅ယောက် လောက် များ ပြိုင်ထား ခဲ့ရင် သိပ်ကောင်းမှာ ဘဲလို့.. ။

အဲဒီလိုများ ထားခဲ့ရင် .. ဘလော့ ရေး လို့ ဘယ်လောက် ကောင်း မလည်း .. ပိုစ် တွေကို အများကြီး ရမှာ (ကိုကြီးကျောက်ကြီး ကို စောင်းမပြောပါ). ခုတော့ ချစ်ချစ်ကြီး တယောက် ထဲ ဆိုတော့ ရေးရတာ သိပ်မလုံလောက် သေးသလိုဘဲ.. အ လိုက်တဲ့ ရွှေစင်ဦး... အမြင် မကျယ်လိုက်တဲ့ ရွှေစင်ဦး. နောင်ရေး ကို မတွက်ချက်တတ် တဲ့ ရွှေစင်ဦး.... နင် တနေ့ ဘလော့ဂါ ကြီး ဖြစ်လာမှာ မသိဘူးလား ရွှေစင်ဦး.. ကိုကို့ အတွက် တပို့စ် မောင်မောင့် အတွက် တပို့စ် .. သူကလေး အတွက် တပို့စ်... အဟင်း ခုတော့ ချစ်ချစ်ကြီး က ကို မတက်တော့ဘူး ပျင်းစရာကောင်းလိုက်တာ ရွှေစင်ဦး ရယ်...(ကိုယ့် ကို ကိုယ်.. အပြစ်တင်ခြင်း)။

အခုအချိန် ကစပြီးတော့ သင်ခန်းစာ အမှတ် (၁) အနေ နဲ့ ရီးစားထားလို့ ရတဲ့ အရွယ်လေး မှာ အားကျိုးမာန်တက် တယောက် မကောင်း နောက် ၂ယောက်ပြောင်း ဆိုတဲ့ မူ နဲ့ များများ ထားကြပါ...၊ ဒါမှ ချစ်ညီမ များ ဘလောဂါ ဖြစ်လာ တဲ့ အခါ ပို့စ် တွေ အများကြီး ရေးနိုင်မှာ ဖြစ်ပါတယ်...၊ ရီးစား ထားကြတဲ့ အခါမှာ အားကျသွားကြအောင် အခု ရွှေစင်ဦး ရဲ့ ချစ်ကိုယ်တွေ့ လေး (၁) ကို ရေးပြပါမယ်...။

ကျနော့် ရဲ့ အားနဲချက်လေး တခုကို အခုထိ ရွှေစင်ဦး ကို ချစ်သူများ ကို ရေးမပြရသေးဘူးထင်ပါတယ်.. ကျနော် ဟာ ငယ်ငယ်တုန်းက အင်မတန်မှ ရွံတတ်ပါတယ်...၊ စိတ်ထဲ မှာ မသန့် တာတွေ့ရင် တဝေါ့ဝေါ့ နဲ့ လူမြင် မကောင်းအောင် ထိ ဆိုးဝါးဘူးပါတယ် (...အချစ် ဝတ္ထု များ စုံထောက် ဝတ္ထု များ အလို အရဆိုရင် စိတ်ဝေဒနာ တခုခု ရှိတယ်လို့ တောင် ထင်ရပါတယ်.. လက်ကို ဆပ်ပြာနဲ့ တော့ ခဏခဏ မဆေးဘူး ပါ ..... ထို့ အတွက် သိပ်မရူးသေးဘူး လို့ လည်း ယူဆလို့ ရပါတယ်...) ။

အဲဒီလို ရွံတတ်တဲ့ ရွှေစင်ဦး ဟာ တနေ့မှာ ချစ်ချစ်ကြီး နဲ့ လျှောက်လည်ရင်း ဟိုရောက်... ဒီရောက် ရောက်သွားပါတယ်...၊ ဘိုက်နာပြီး အိမ်သာ တက်ချင်လာပါတယ်..၊ ဟိုရှာ ဒီရှာ နဲ့ ဒုက္ခရောက် နေပါတယ် နောက်တော့ ချစ်ချစ်ကြီး က အနား ရှိတဲ့ အိမ်သာ တလုံး တက်ဘို့ စီစဉ်ပေးပါတယ်...၊ အားရဝမ်းသာ နဲ့ အိမ်သာ ထဲ ဝင်သွားပါတယ်...။

ဝေါ့ ဆိုပြီး အိမ်သာထဲက ပြန်ထွက်လာပါတယ်...၊ တွင်းအိမ်သာ (သွပ် တံလျှောက်လေး တောင် မပါ တဲ့  အိမ်သာ ဆိုတော့ အထဲက ဟာတွေ မြင်နေရပါတယ်...)..၊ ရွှေစင်ဦး ရဲ့ ဟိုဟာက ထွက်လို့ မရ ဖြစ်နေပါတယ်..၊ ဒါနဲ့ ချစ်ချစ်ကြီး ကို ပြောပြတော့.. ဟိုကြည့် ဒီကြည့် လုပ်ပြီး အနားက ကောက်ရိုးပုံ က ကောက်ရိုး တပွေ့ ပွေ့ပြီး အိမ်သာ ထဲ ကဟာတွေ ရွှေစင်ဦး မမြင်အောင် ဖုံးပေးပါတယ်.. ရွှေစင်ဦး လေး လည်း အဲ့ဒီကြမှ အားလုံး အဆင်ပြေ သွားပါတော့တယ်...။

ကဲ.. ဘယ်ကလောက် စိတ်ကူးယဉ်စရာကောင်း တဲ့ ဂရုစိုက်မှု့လေး တခုပါလည်း.. ၊ ဒါကတော့ ပျင်းပျင်း ရှိတာနဲ့ ရှာကြံပြီး ရေးလိုက်ရတဲ့ ရွှေစင်ဦး လေးရဲ့ ချစ်ကိုယ်တွေ့ (၁) ပါ.. နောက်ထပ် ပျင်းနေရင် (၂) (၃) များ ဆက်ရေးပေးပါမယ်...။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.

27 comments:

  1. ဟင့်.........
    အော့ချီး

    ReplyDelete
  2. စာဖတ်ရတာ ကောင်းတယ် အမ၊ နောက်ဆက်တွဲတွေ
    မျှော်နေမယ်။

    ReplyDelete
  3. သစ်သစ်April 5, 2010 at 7:46 AM

    ဟင်...မမ အဲလိုဂရုစိုက်တာကတော့ ဟင့်..

    ReplyDelete
  4. ဟားဟား...
    ချစ်ကိုယ်တွေ့ က အပစ် ကို မတွေ့ အောင် ကို
    ပြုံးပြီးမှ ရယ်ရတော့ တယ်။ မျက်စေ့  ထဲ မြင်မိပါတယ်လို့ ။
    ရင်တလောင်းလောင်းနဲ့  အာသိမ် ကြီးကိုလေ ၊
    ကိုယ်တွေ့  တွေကတော့  နဂိုဓလေ့ တွေနဲ့ မတူပဲ
    တမူ ထူးခြား တတ်တာမို့  ဆက်ရေးပေးပါအုံး....
    ခင်တဲ့  ....

    ReplyDelete
  5. ပျော်ရွှင်စရာ ချစ်ကိုယ်တွေ့လေးပါပဲ၊
    ပါးစပ်ကလေး ဟပြီး လက်မလေး စိုက်လို့ ပြလိုက်တယ်..
    တစ်ချို့နိုင်ငံတွေမှာ တစ်မျိုး အဓိပ္ပါယ်ပေါက်တဲ့ မမရေ.

    ReplyDelete
  6. Ha ha haaaa

    Waiting for the next post about your past experiences.

    Thank you very much for your advice. :D :)

    I like it.

    Ray

    ReplyDelete
  7. အမတူတူပဲ..ကျနော်လည်းခုထိမရဘူး
    ရွံတယ်..
    အိမ်သာနံရင်များ ဝေါ့ပဲ..သွားလည်းမသွားတော့ဘူး

    မြတ်နိုး

    ReplyDelete
  8. အယ်....အစ်မ...ဂရုစိုက်ပုံလေးကတစ်မျိုးပဲနော်....
    ဆက်ရန်တွေကိုမျှော်နေပါ့မယ်....ခင်တဲ့(ချိုကျ)

    ReplyDelete
  9. ဟူးးးးးး တွေးကြည့်ရုံနဲ့တော်တော် အော်ဂလီဆန်သွားတယ်။ အဲဒါမျိုး ခဏခဏကြုံဖူးလို့။ အနံ့က နေလောင်လေသလပ်ထားတာဆိုတော့ ပိုပြင်းထန်တယ်။ ဟာ....လစ်ပြီဗျာ။

    ReplyDelete
  10. Mama Shwezin,I admire on your two's love.He adore you so much.

    And I am sure that you also adore him equally.So I want to follow the way as you did,not as you told.

    Waiting for series 2 and 3,

    Yours lovingly,
    Watma

    ReplyDelete
  11. ဟဲဟဲ...ချစ်ကိုယ်တွေ့ တစ် ကို လာအားပေးသွားပါတယ်.. ဆက်ရန်တွေကိုလည်း စောင့်မျှော်လျှက်...:)

    ReplyDelete
  12. မရွှေစင်တို့က တယောက်ဆို တယောက် ပိတောက်ဆို ပိတောက်ပဲနော်။ တယောက်ထဲထားတဲ့ ရည်းစားက အဟုတ်ကို တော်တာပဲ။ ချစ်ချစ်ကြီးကိုရတာ မရွှေစင် ကံကောင်းတာပေါ့။
    အားးးး ကျ ... လိုက် .... ထာ ....။ ;P

    မန်းမြေမှာ အကင်နဲ့ စည်ဘီယာဆိုင်ချည်းပဲဆိုလို့ ဂလုသွားတယ်။ :P ကျမက အကင်ကြိုက်လို့ပါ။ အကင်ချည်းပဲဆိုတော့လဲ အာခြောက်တယ်နော်။
    ပါးစပ်ကလေးဟပြီး လက်မလေး စိုက်ပြအုံးမှပဲ။ :D

    ReplyDelete
  13.ို့စိတ်ညစ်ရင်မရွေစင်ရဲ့စာတွေလာဖတ်ပါတယ်။
    ရယ်လိုက်ရတော့အနည်းဆုံးစိတ်ပေါ့သွားပါတယ်။
    ဆက်လက်အားပေးနေပါတယ်။ကျေးဇူးလဲတင်ပါတယ်။

    ReplyDelete
  14. ဟိုရောက် - - - ဒီရောက် ဆိုတာဘယ်တွေကိုလျှောက်လည်သွားတာလဲဖြေပါ။
    ဒီလောက်တန်ဘိုးရှိတဲ့ယောက်ျားကိုလက်ထပ်ပြီးယူခွင့်ရ
    တာကိုပို့ စ်ရေးချင်တာတခုတည်းနဲ့တော့ရီးစားများများ
    မထားခဲ့ရတာကိုဂုဏ်ယူလိုက်စမ်းပါ-

    ReplyDelete
  15. အရိုးပေါ်အရွက်မဖုံးပဲ အပုံပေါ်အရိုးဖုံးပေးရတယ်လို့..
    ချစ်ချစ်ကြီးရယ်..တကယ်ဆို..လောက်ဘယ်နှစ်ကောင်လဲဆိုတာ ရွှေစင် ရေပြီးအောင်များ စောင့်ပါဦးလား...

    ReplyDelete
  16. မကြီးရွှေစင်ရေ.....
    အစ်ကိုကြီးက တော်တော်ချစ်ခဲ့တာနေမှာဗျ....။
    တစ်ကယ်ပြောထှာ......။
    သေချာလုပ်ပေးတာတောင်မှ သူက ရည်းဇားထားတာ....နည်းခဲ့လို့ စိတ်ထောင်းကိုယ်ကျေ ဖြစ်နေတဲ့ပုံနဲ့........ ဟိဟိ..........း))
    ဆက်ပါဦးဗျ......
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  17. ချစ်ချစ်ကြီး တယောက်နဲ့တင် လုံလောက် နေပါပြီ မရွှေစင် ရေ ...
    ရွှေဥာဏ်တော် စူးရောက်တဲ့ ချစ်ချစ်ကြီးကြောင့်
    ရွှေစင်ဦးချီးမွမ်းခံရခြင်းမှ လွတ်ကင်းသွားရတယ်ပေါ့ ...ဝေါ့ ....း))

    ReplyDelete
  18. အီး မမ အော့အော့ ကြီးတွေ ပြောတယ်..

    နောက်အပိုင်းတွေကျရင် အော့အော့တွေ ရေးနဲ့တော့နော်.. စောင့်ဖတ်နေပါတယ်

    ခင်တဲ့
    ညီမ ပူးတေ

    ReplyDelete
  19. မရွှေစင်
    ဖတ်ရတာနဲ့တင်ချစ်တတ်တဲ့နှလုံးသားပိုင်ရှင်ပဲလို့..
    တွေးမိသား..
    ဆက်ရန်မျှော်နေပါသည်....
    ခင်တဲ့
    သဒ္ဓါ

    ReplyDelete
  20. မင်္ဂလာပါ..

    အင်း... ဆက်ပါအုံးဗျာ။

    ဒီ ပထမပိုင်းကတော့ နဲနဲ နံ တယ်။ ကောက်ရိုးမျှင်ကြားက ထွက်လာတဲ့ အနံ့..... :P :) :) :)...

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  21. မရွှေစင်မြောက်ပေးတာနော်
    ဒီနေ့ကစပြီး အစ်မစကားကို နားထောင်သောအားဖြင့်
    နောင်ခါမှာပိုစ့်တွေများများတင်နိုင်အောင်
    အားကြိုးမာန်တက် ကြိုးစားလိုက်ပါဦးမယ်..
    ကောက်ရိုးဖုံးထားပေမဲ့ အနံ့ကိုတော့ ဖုံးလို့ရမှာ
    မဟုတ်ဘူးနော်..
    နှာခေါင်းလေးကို လက်ကလေးနဲ့ပိတ်ထားတယ်ပေါ့..
    ဟုတ်လား မရွှေစင်း)

    ReplyDelete
  22. Oh...he is search a smart one!

    ReplyDelete
  23. မမရယ်

    မမပြောသလို ပို့ စ်တွေကောင်းကောင်းရဘို့  ချစ်တူညားညား ထားချင်ပါသော်ညားလဲ တာမီးတို့ ကို ကြိုက်မယ့်လူမီရှိ။

    ကြေညာဝင်သွားတယ်။

    တာမီးလဲ ဘာနဲ့ ဖြစ်ဖြစ် စားတတ်ပေမယ့် အိမ်သာကိုတော့ ဘာနဲ့ ဖြစ်ဖြစ် မတတ်တတ်ဘူး။

    တော်သေးတာပေါ့။ ဖုန်းဖိစရာ ကောက်ရိုးတွေ ရှိနေလို့ ။ ကြံဖန်ကျေးဇူးတင်ရမယ်။
း)

    တူတာလေးတွေ ရှိနေတော့ နောက်လာလာချောင်းမယ် အဲလေ လာလာဖတ်မယ်နော်။

    ReplyDelete
  24. ဘလော့ဂါ တွေနဲ့ ပတ်သက်ရတာလည်း မလွယ်ပါလားနော်.. ဘာပဲဖြစ်ဖြစ် ဘလော့ထဲ ရောက်တော့တာပဲ.. :P

    ReplyDelete
  25. post more sis,
    We want to read more. .


    ny

    ReplyDelete
  26. ချစ်ကိုယ်တွေ့ရေးမယ်ဆို အခန်းဆက် တော်တော် များ သွားနိင်တယ်။
    အဲဒီနေ့က နွားတွေ ကောက်ရိုး ငတ်သွားတာပေါ့

    ReplyDelete
  27. တယ်တော်တဲ့ ချစ်ချစ်ကြီးပါလား..မမရွှေစင်ရဲ့...ဒီလိုလူမျိုးရထားတာများ မမရယ်...နောင်တ ရချင်သေးတယ် သူက...




    ချစ်ညီမလေး

    ReplyDelete

thank you to say so