Monday, March 29, 2010

ရွှေစင်ဦး စားခဲ့ ..သွားခဲ့ ..သတိရခဲ့... တာလေးတွေ

ဒီနေ့ အလှူဖိတ်လို့ သွားခဲ့တယ်..၊ မေမြို့သွားတဲ့ လမ်းပေါ်က ပြင်စာကျေးရွာလေးမှာ...၊ လမ်းပေါ်မှာ ဟိုငေး ဒီငေး လုပ်ရင်း နဲ့ ဖေဖေ မေမြို့မှာ အလုပ် လုပ်တုန်းက အဖြစ်အပျက် တချို့ ကို သွားသတိရ မိတယ်...၊ မေမေ က ဖေဖေ နဲ့ အတူလိုက်ရင် လိုင်းကားနဲ့ သွားမယ်ဆိုရင် မသွားချင်ဘူး .... ဖေဖေ မောင်းတဲ့ ကားနဲ့ဆိုရင် တော့ လိုက်တယ်...(အစိုးရ က ဖေဖေ အလုပ်လုပ်တုန်းက ကားပေးတယ်) ၊ ညီး ဖေဖေ နဲ့ လိုင်းကားနဲ့ သွားရင်..အကြောင်းသိတဲ့ ကားသမား တွေက သိပ် မတင် ချင်ဘူးတဲ့ ... ။

ကျနော် က မေမေ ပိုပြောတယ်ထင်တာ.. တခါကြ ဖေဖေ နဲ့ လိုင်းကားနဲ့ လိုက်ရတဲ့ အချိန် တချိန်ကြုံပါ လေရောဗျာ...၊ အဲဒီကြမှ ကိုယ့်အဖေအကြောင်း ကိုယ် သိတော့တယ်.. ကားသမား တွေက ဆီဆိုင် ဝင်ထည့် လည်း ကြာလို့တဲ့.... ခဏနေ ဟိုရပ် ဒီရပ်ပြီး ပါဆင်ဂျာတွေ တင်ရင်လည်း ဒီမှာ ကျပ်နေပြီ.. တို့..ဘာတို့ပေါ့ဗျာ.. စပါယ်ယာလေးတွေက ကွမ်းလေးဘာလေး ဆင်း ဝယ်ရင်လည်း ဝယ်ပြန်ပြီ ပေါ့... အမျိုးမျိုး ပါဘဲ.. စကားများ လိုက်တာဗျာ(ကန်တော့ ကန်တော့).. ကျနော်တောင် စိတ်ညစ် လာတယ်....၊ ကိုယ့်တိုင်းပြည် အခြေအနေ နဲ့ ဒီလိုဘဲ အဆင်ပြေသလို လုပ်နေကြတာ.. သူတို့မှာလည်း လမ်းမှာ ပေးရကမ်းရတာတွေက အများကြီး အဲဒီတော့ လူလည်း ရသလောက် တင်ရတော့တာပေါ့.. အားလုံးက တန်ရာ တန်ကြေးနဲ့ လုပ်နေကြတာမှ မဟုတ်တာ..၊ ဒါကို နားလည်မှု့ မပေးဘူး...။

အခုဆိုရင်လည်း အိမ်မှာ မေမေ ခမျာ သတင်းစာ ထဲက ကြော်ငြာ လေးတွေ ဖတ်ချင်တာတောင် မဖတ်ရ တော့ဘူး ဖေဖေ လုပ်လိုက်တာလေ...၊ ဖေဖေက သတင်းစာလာပို့ရင် ရပ်ပြီး သေချာပေးမှ ကြိုက်တယ်.. သတင်းစာဆရာတွေက လည်း အိမ်တအိမ်ထဲ ပို့ရတာမှ မဟုတ်တာ ဘယ်လိုလုပ်ပြီး တခမ်းတနား ပေးနေနိုင် မှာလည်း စက်ဘီးပေါ်ကနေ လှစ် ကနဲ နေအောင် ပစ်လိုက်တယ်.. ကျနော်တို့လည်း ကြုံကြိုက်နေရင် တတ်သမျှ သိုင်းပညာ သုံးပြီး ဖတ် ကနဲ ဆို ဖမ်း လိုက်ရတယ်.. အကျမတော်ရင် ဘွက်ထဲ မြှောင်းထဲ ပေါ့ .. အဲဒါကို ဖေဖေက အရမ်းမုန်းနေတာ..။

တနေ့ တော့ သတင်းစာသမားက ဖေဖေ ရှိနေတုန်း သတင်းစာပေးရင်း နဲ့ သတင်းစာဘိုးတောင်းတယ်..၊ တောင်းတဲ့ အချိန်မှာ စက်ဘီးရပ်ရတော့တာပေါ့ဗျာ..၊ အဲဒီမှာ ချစ်ဖေဖေ က သတင်းစာ သမားကို ခင်ဗျားတို့ သတင်းစာပေးရင် အခု ပိုက်ဆံတောင်းသလို စက်ဘီးကလေး ရပ်ပြီး ပေးရင် ကောင်းမယ် ဘာညာ နဲ့ သွားပြောလိုက်တာ.. အဟဲ.. သတင်းစာ ဆရာ ကသူ့ထက်တောင် စိတ်ကြီးသေး.. ခင်ဗျား ပိုက်ဆံလည်း မယူဘူး ခင်ဗျားတို့ အိမ်လည်း သတင်းစာမပို့တော့ဘူး ဆိုပြီး သတင်းစာ မပို့ တော့ ဘူးတဲ့ဗျာ...၊ အခုတော့ ဇာတ်လမ်းပြတ်ရောပေါ့...။

ဘာရယ် မဟုတ်ပါဘူး.... တွေးမိတာလေး ရေးလိုက်တာပါ..တခါတလေ ကြတော့လည်း ဘဝမှာ နေပျော် သွားအောင် ဖြစ်လာတဲ့ အခြေအနေ တွေနဲ့ လိုက်ရောညီထွေမှု့ရှိအောင် နေနိုင်ရမယ်လို့ ထင်တယ်..၊ ကျနော် တို့စီမှာ ဘယ်သူမှ တန်ရာတန်ကြေး ရလို့ လုပ်နေကြတာ မဟုတ်ဘူး.. ၊ အဲဒီတော့ သူတို့ကလည်း ထိုက်တန်တယ်လို့ သူတို့ ထင်တဲ့ ဝန်ဆောင်မှု့မျိုး ကိုဘဲ ပေးတော့မှာဘဲ...၊ လူတိုင်း လိုလိုဘဲ အလုပ်တခု လေး မှ ရှိစေတော့ ဆိုပြီး လုပ်နေကြရတာ...၊  အားလုံးကို နားလည်အောင် ကျိုးစားပေးရင်တော့ အင်း.. စိတ်လေးတော့ နဲနဲချမ်းသာသွားမယ်ထင်တယ်ဗျာ....။

လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.

17 comments:

  1. သတင်းစာပို့သမားရဲ့  စိတ်ဓါတ်တော့ ကြိုက်သွားပြီဗျိုး ။
    တန်ရာတန်ကြေး မရကြပေမဲ့ မတန်မရာ မတန်တဆလုပ်နေကြရတဲ့ ဘဝတွေတော့ ဘယ်တော့များမှ ပြောင်းလဲနိုင်ကြမလည်း မသိဘူးနော် ။
    လာမယ်၊ ကြာမယ်၊ ပါချင်မှ လည်းပါမယ် ဆိုသလို စိတ်လေးသွင်းပြီး လိုက်လျောညီထွေ နေလိုက်ရင်တော့ ပျော်စရာကြီးပေါ့ လေ ..
    (စားစရာတွေ ငေးသွားတယ် .. သွားရည်တမြားမြား နဲ့ ပေါ့ . ..း))))

    ခင်တဲ့ 
    မကိ .

    ReplyDelete
  2. လင့်ခ်တွေမှာ ဓာတ်ပုံတွေ့လိုက်ပါတယ်။ ၀င်ကြည့်တော့ မရှိတော့ဘူး။ မျက်လှည့်ပြနေတယ် မရွှေစင်တယောက်။

    သတင်းစာသမားကလဲ စိတ်ကြီးလိုက်တာနော်။ :P
    မရွှေစင်ဖေဖေက ကျောင်းဆရာမို့ ထင်တယ်။ တိကျ မှန်ကန် မြန်ဆန်မှ သဘောကျမှာပေါ့။

    ဒါနဲ့ မရွှေစင် သွားခဲ့စားခဲ့တဲ့ ဇာတ်လမ်းက အဖေအကြောင်းနဲ့ပဲ အဆုံးသတ်သွားပါရောလား။ ဆက်ရန်ရှိသေးလားဟင်။ :)

    ReplyDelete
  3. အင်း..အဲဒီ သတင်းစာပို့တဲ့ သူက ကျမတို့ အိမ် လာလာပို့နေတဲ့ သတင်းစာပို့တဲ့ သူနဲ့ အမျိုးတော်နေမလားပဲ။ တကယ်တော့ သူ့ဘက် ကိုယ့်ဘက် အဆင်ပြေအောင် အပြန်အလှန် ညှိနှိုင်း နားလည်ပေးနိုင်ရင် အကောင်းဆုံးဖြစ်နိုင်မယ် ထင်ပါတယ်။

    ReplyDelete
  4. Mama Shwezin,

    Wherever I went out,even around my hometown,I got annoyed so easily.As you know,.............(Sometimes bus car-spare throw me out of the car while I was getting down.My friend had broken her incisor hitting with the pavement as bus car-spare pushed her back hardly )

    Your article remind me.I will try to reduce my anger(I am also short-tempered one,similar with Sayagyi,your father.Thks to u)

    May all ours be wealthy and healthy together with beloved ones.

    Waiting for your new posts,

    yours lovingly,
    Watma.

    ReplyDelete
  5. အလှူ စားစရာတွေက မိုက်တယ်။

    ReplyDelete
  6. မရွှေစင်က ပုံတွေတင်နေတုန်း ကျမက ရောက်လာတာကိုး။ ဒါကြောင့် စစချင်း ပုံမမြင်တာ။ အခု အိပ်ခါနီး ထပ်လာလိုက်တော့ ... ဗိုက်ထဲက ဂွီခနဲ ... ဥပုသ်ကြီးနဲ့မို့ ဘာမှလဲ စားလို့မရဘူး။ :P မရွှေစင် ရက်စက်လိုက်တာ ...

    မေမြို့စတော်ဘယ်ရီနဲ့ ၂၁ မိုင်က ပဲစိမ်းကြော်ကို လွမ်းတယ်။ ဟင်းပွဲတွေကလဲ စားချင်စရာတွေချည်းပဲ။ သရက်ချဉ်သုတ်၊ ငါးခြောက်ချက်၊ ငရုတ်သီးကြော် ... အားပါး တော်ပြီ ဆက်မကြည့်တော့ဘူး။ ဥပုသ်ကျိုးလိမ့်မယ်။ အရုဏ်တက်ဖို့ အဝေးကြီးလိုသေးတာ။ :D

    ReplyDelete
  7. သရက်ချဉ်သုတ်စားချင်တယ်။
    ထောပတ်သီးပင်ကအကြီးကြီးနော် ခုမှမြင်ဖူးတယ်။

    ကားမှောက်တဲ့နေရာလား....။ကြောက်စရာကြီး တကယ်တော့ ကားမှောက်တဲ့နေရာတိုင်းမှာ လမ်းကတခုခု ဖြစ်နေတာဖြစ်မှာ။ စမ်းသပ်ခွင့်ရချင်တယ်။ ဆိုလိုတာ လမ်းလိမ်နေတာမျိုးပေါ့။

    ReplyDelete
  8. နေတတ်ရင်ကျေနပ်စရာချည့်ပါပဲ..ငါ့နှမရာ..
    စိတ်တိုင်းမကျချင်ရင်တော့ ဘယ်နေနေ စိတ်တိုင်းကို မကျနိုင်ပါဘူး..ရွှေစင်ရာ

    ReplyDelete
  9. မကြီးရွှေဇင်ရေ....
    အနော့်ဖေဖေလိုပဲ.......။ ဖေဖေလည်း..ကျောင်းဆရာကြီးကိုး....... ။ ဒါပေမယ့် မူလတန်းပြကျောင်းဆရာဟောင်းကြီးပါဗျာ....။
    အဲ့ဂလိုပဲ.....း))
    သရက်ချဉ်သုတ် စားချင်ဒယ်.......နည်းနည်းကျွေးဇမ်းဘာအူး.........း))
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  10. ရွှေစင်ပြောမှ ကိုယ့်အဖေကိုသတိရတယ်။
    မေမြို့အတက် ဘုရားကြီးမှာရပ်တော့...
    ကားရပ်တာနဲ့ကားနားကို စီးကရက်/ကွမ်းယာ ရောင်းတဲ့ အသည်ရောက်လာတယ်။ ပီကေတို့ ချိုချဉ်တို့လဲပါတယ်။
    ကူးတို့က ဘုရားပေါ်တက် ဓာတ်ပုံရိုက် အဖေကပါမလာဘူး..နောက်မှ ကားနားမှာသူက ဈေးသယ်ကိုရေလည်တရားချနေတာ..စီးကရက် ကွမ်းယာယောင်းတာမကောင်းတဲ့အကြောင်း ကျမ်းမာရေးရှုထောင့်၊ လူမှုရေး..အကုန်စုံဘဲ..
    ညီမလေးနဲ့ကူးကူးက အားတွေနာနေတာ..
    အဖေ..သူခမျာလဲဘယ်ရောင်းချင်ပါ့မလဲ..မိသားစု စားဝတ်နေရေးအတွက်ရောင်းတာဖြစ်မှာပေါ့... ဘာညာပြောလဲမရဘူး...အဲလို။း)
    ဈေးသယ်ကတော့နားထောင်ပေးရှာပါတယ်.. ကူးလဲသနားတာနဲ့ ပီကေတွေ ချိုချဉ်တွေများကြီးဝယ် ပေးလိုက်တယ်.. ကားထွက်တဲ့အထိ အဖေက ဈေးသယ်ကို လှမ်းမှာ နေတုန်း..း)

    ReplyDelete
  11. စားချင်စရာလေးတွေပါလား... :)

    ဝန်ထမ်း ဘဝမှာ ကိုယ့်အဆင့်နဲ့ကိုယ် အလေးစားခံပြီး နေလာတဲ့ လူကြီးတွေ အဖို့ အပြင်လောကမှာ အဆင်မပြေတတ်ဘူးလေ..။ ပင်စင်စားတွေ ပိုဆိုးတာပေါ့.. သူတို့ကို တလောကလုံးက မလေးစားတော့ဘူးလို့ ထင်နေတာလေ.. သူတို့ကိုလည်း နားလည်ပေးနိုင်ရင် ကောင်းမယ်..။

    ReplyDelete
  12. မင်္ဂလာပါ..

    ရွှေစင် တို့ ဖေဖေ ပြောတာ မှန်ပါတယ်။ ဘယ်လိုဘဲ ဖြစ်ဖြစ် သတင်းစာ ပို့တဲ့သူက သေသေချာချာလေး ပေးပို့သင့်တယ်။ သူ့အလုပ်ကိုသူ သေချာ စေ့စေ့စပ်စပ် လုပ်တဲ့ သဘောအနေနဲ့ပေါ့.....

    အင်းလေ... ဘယ်သူ့ဘက်ကဘဲ ဖြစ်ဖြစ် နေတတ် ထိုင်တတ် ပြီး အဆင်ပြေအောင် ညှိနှိုင်းနိုင်ရင် ကောင်းတာပေါ့လေ... ;) :) :)...

    ခင်မင်စွာဖြင့်
    ကိုမျိုး

    ReplyDelete
  13. ခွိခွိ...မမရွှေစင့်ဖေဖေအကြောင်း ဖတ်ပြီး ညီမလေးရဲ့ ဖေဖေကို သတိရသွားတယ်...
    ပုံစံကြည့်ရတာ လူကြီးတွေက ဒီလိုချည်း ထင်ပါရဲ့ :)))




    ချစ်ညီမလေး

    ReplyDelete
  14. ပဲစိမ်းကြော်မြင်တော့ ၂၁ မိုင်နဲ့ ကျောင်းတော်ကြီးကို ပြေးမြင်မိတယ်။ နောက်ပြီး မရိုးနိုင်တဲ့ လမ်းတစ်လျှောက်က မြင်ကွင်းတွေပေါ့။ ပြင်ဦးလွင်ရောက်ခါနီးမှာ တွေ့နေကျ လမ်းမြင်ကွင်းနဲ့ ဆင်တူတဲ့ နေရာလေးတစ်ခု ဒီမှာ ရှိတယ်။ ပန်းဝါ၀ါတွေပွင့်ပြီး စလို့အေးတဲ့နေရာလိုပေါ့။ နောက်မှ ဓာတ်ပုံရိုက်ပြီးတင်မယ်။

    ReplyDelete
  15. မမရွှေစင်...
    အလှူမှာထမင်းစားရင် စားကောင်းတတ်လို့ အလှူက ထမင်းနဲ့ ဟင်းတွေ စားချင်တယ်...
    ပဲစိမ်းကြော်နဲ့ စတော်ဘယ်ရီလည်း အကြိုက်တွေ့ သွားတယ်...

    ReplyDelete
  16. အလှူဟင်းတွေတင် သွားရေကျနေပါပြီမှတ်တာ
    စတော်ဘယ်ရီတွေလဲ စားချင်စရာ
    ပဲစိမ်းကြော်တော့ ပိုကြိုက်
    အလှူက အရမ်းမိုက်တယ်နော်
    ဟင်းတွေကျွေးတာ ရှယ်ဘဲ
    မရွှေစင် ဘယ်နှပန်းကန်စားလာမလဲလို့
    စဉ်းစားကြည့်မိနေတယ်..း)

    ReplyDelete
  17. စရိုက်တွေကို သရုပ်ဖော်တာ စိတ်ဝင်စားစရာပါပဲ အစ်မ။

    ရန်ကုန်မှာတော့ အစိုးရအိမ်ရာဝန်းထဲ နေတာမို့ သတင်းစာက ဂိတ်ကိုပဲ ပေးသွားတယ်။

    နယ်မှာတော့ သေချာပေးကြပါတယ်။ ထင်တာပဲ။ ဒီတခေါက်ပြန်တော့ အိမ်မှာရော တော်တော်များများ အသိအိမ်တွေရော သတင်းစာ မဖတ်ကြတော့ဘူး။

    တန်ရာတန်ကြေးရတာ မရတာထက်၊ အချိန်လည်းပါမယ်ထင်ပါရဲ့။ နယ်မှာတော့ အချိန်တွေ ပိုနေကြသေးတယ်လေ။ ပြီးတော့ တယောက်နဲ့ တယောက် မျက်နှာသိတွေဖြစ်တာလဲ ပါမယ်။

    တန်ရာတန်ကြေးရလဲ အချိန်မလောက်တဲ့အခါ ဘယ်သူ့ဘယ်သူမှ စိတ်မရှည်နိုင်ကြဘူး။ နိုင်ငံခြားမှာလိုပေါ့။

    ReplyDelete

thank you to say so