ကျနော့် ရဲ့ မဟာစာပေ သမိုင်းကြီး ပြင် မဲ့ အကြောင်း ကြော်ငြာ နေရတာနဲ့.. ကျနော် ရေးမဲ့ အကြောင်း တောင် ပျောက်သွားပြီ.. ဒီနေ့ သခင်များကို ရှာဖွေ ကျွေးမွေးခဲ့တဲ့ တိရိစ္ဆာန်လေး များ အကြောင်း နဲ့ နဲနဲ ထူးခြားတဲ့ တိရိစ္ဆာန်လေး တွေ အကြောင်း ရေးမလို့ဗျ...။
အိမ်က ညီမများ တို့ များ ဘုန်းကံ ကြီးမားလိုက် ပုံကတော့ လူတောင် မဟုတ်ဘူးနော် တိရစ္ဆာန်လေး တွေက တောင် ရှာကျွေး ရတယ်...။

ကဲ..ရှာကျွေးတဲ့ အကောင်လေး တွေ အကြောင်း ဆက်ရအောင်....၊ တခုတော့ ကြိုပြောပရစေ ကျနော် တို့ဟာ မြိုင်ရာဇာတွတ်ပီ မဟုတ်တဲ့ အတွက် အမဲလိုက်ခွေးတို့ ဘာတို့တော့ မမှတ်နဲ့ဗျ.. နောက်ပြီး ဆရာ သော်တာဆွေ လို မြင်းလှည်း လည်း မမောင်းဘူးတော့ မြင်း လည်း မဟုတ်ဘူး.. ကဲပါဗျာ.. စဉ်းစားနေရတာ မောပါတယ်.. ကျနော် တို့ အိမ် ကကြောင် ကလေးများသာ မှတ်လိုက်တော့..၊ ကျနော့်တို့ အိမ်မှာ အမြဲတမ်း ကြောင်တွေ ခွေး တွေ ရှိတယ်ဗျ.. ကြောင်ကတော့ အများကြီး ခွေးကတော့ တခါပေါက်ပြီးတိုင်း နို့ခွဲ ပြီဆိုရင် ပေး ပေးပြစ်တာဆိုတော့ နှစ်ကောင် လောက်ဘဲ ရှိပါတယ်..၊ ကြောင်လေး တွေ ထဲ ကမှ မှတ်မှတ်ရရ ကြောင်ကလေး နှစ်ကောင် အကြောင်း ပြောချင်ပါတယ်..။
အိမ်က ညီမများ မောင်များနဲ့ မေမေ က တိရစ္ဆာန်များကို တော်တော်ချစ်တတ်တယ်..၊ ကျနော် နဲ့ ဖေဖေ နဲ့ မပါဘူး.. ကျနော် တို့က ရွံတတ်တယ်... တိရစ္ဆာန်ဆိုတာ စားသောက် ပြီး ... ဟိုဟာ လုပ် ပြီး ရင် ပါးစပ်ဆေး လက်ဆေး ဟိုဟာဆေး တာ မဟုတ်တော့ ရွံ တယ်ဗျ.. သနားတော့သနားပါတယ်..၊ အဲဒီ မွေးမြူထားတဲ့ ကြောင် ကလေး တွေထဲမှာ အင်မတန် ချောပြီး သန့်တဲ့ ကြောင် မော်ဒယ် ဘွိုင်း လေး ၂ကောင် ပါဘူးတယ်..၊ နံမည် ပေးထားတာက ရွှေတိုး တဲ့ ငွေဖြိုး တဲ့.. ညီမ များကတော့ တိုးတိုး တဲ့ ဖြိုးဖြိုး တဲ့ .. ချစ်စနိုး ခေါ်ကြတာလေ..။
ကျနော်က ဒီကြောင်တွေ ခွေးတွေ ကို တော်တော် စိတ်ညစ်တာ.. ၊ နေ့တိုင်း ညီမ တွေနဲ့ တကျက် ကျက်.. ၊ ညဆိုရင် လည်း လစ်ရင်လစ်သလို အိပ်ယာထဲ ခေါ်သိပ်..၊ အမ ဆူမှာ ကြောက်တော့ ကြောင် ပါးစပ်ပိတ် စောင်ခြုံထဲထည့် ဘယ်ရမလည်းဗျာ.. ကြောင်အသံ က တခွီးခွီး နဲ့ သိတာပေါ့..၊ ဒါပေမဲ့ ကြောင်တွေကလည်း ညဦးပိုင်းမှာ ကြောင် လူပျိုအပျိုလှည့်ကြတာဆိုတော့.. ညည့်နက် သန်းခေါင် မှ ပြန်လာ.. သူတို့ ချစ်တဲ့ ညီမများ အိပ်ယာဘေးမှာ အတင်းတိုး တိုးပြီး နှိုးကြတာ..။
ဟိုက ညီမ တွေက အမ မသိအောင် ခြင်ထောင်ထဲ ခေါ်သွင်း...၊ ဒီသံသရာ က အမြဲတန်း လည်နေတာ.. နောက်တော့ အိပ်ယာ ထဲကို မခေါ်ရဲ တော့ဘူးဗျ.. မသေမရှင် မြွေကြီး တကောင် သူတို့ သခင်မ များ စားဘို့ရှာဖွေ ယူလာကြတာ ကိုးဗျ...၊ ဒီမြွေကြီးတွေ့တော့ သူ့သခင်မ များက ငယ်သံပါအောင် အော်လိုက် ကြတော့ သူတို့တောင် လန့်ဖြန့်ပြီး ထွက်ပြေးသွားကြတယ်..။
အဲဒီမြွေကြီးကို သူတို့ သခင်မများ မစားကြတော့ တခြားရှာဖွေယူလာကြပြန်တယ်.......၊ ကျနော် တို့ အိမ်မှာ ဆောင်းတွင်း ဆို မီးလှုံကြတဲ့ အကျင့် ရှိတယ်..၊ အိမ်ရှေ့ ဝင်းတံခါးပေါက်နားလေးပေါ့ ထင်းတုံး အကြီး ကြီး ကို မီးစွဲအောင်လုပ်ပြီး လှုံကြတယ်..၊ တမနက်စာပြီး ရင် ပြန်ငြိမ်းပေါ့.. နောက်နေ့ကြ တခါ ပြန်လှုံပေါ့...၊ အဲဒီတုန်းက ဆောင်းတွင်းများက တကယ်ကို မီးလှုံ ရလောက်အောင် အေးပါတယ်ဗျာ..၊ နောက်ပြီး အဲဒီ မီးဖိုနား မှာဘဲ ရေနွေးတည်.. ထမင်းကြော်.. တခါတလေ ပဲမြစ် ပြုတ် ခေါပုတ်ကြော် ပြီး စားကြ သောက်ကြ ပေါ့.. အိမ်သား အားလုံးကလည်း မီးဖိုနားဆိုတော့ ရှိသမျှကြောင်တွေ ခွေးတွေ အားလုံးကလည်း မီးဖို နားပေါ့..၊ လက်ရေ တပြင်တည်း မဟုတ်ပေမဲ့ ခွေး ကြောင် တလုပ် သခင်မ တလုပ် ပေါ့ဗျာ...။
အဲဒီလို စားသောက် လှုံ နေတဲ့ အချိန်မှာ ခုနက ကြောင် လေး ၂ကောင် ထဲက တကောင်ကောင်က အဆင်ပြေတာ သူရှာဖွေရလာတာကို သူ့သခင်မ တွေစီယူလာပေးတယ်.. တကယ်ပြောတာဗျ.. သူတို့စားဘို့ ဆိုရင် သူရှာဖွေ ရလာတာ သူဘာသာ စားပြစ်ခဲ့မှာပေါ့.. ခုတော့ မဟုတ်ဘူး ဗျ.. သူ့ သခင်မများ ရှေ့မှာ ..ဘုတ်ဆို ချထားပေးတယ်..၊ ဈေးခြင်းထဲ က အလစ်သုတ် လာတဲ့ ဟာတွေ နေမှာပေါ့ဗျာ.. စက္ကူလေး နဲ့ ထုပ်ထားတဲ့ ဝက်အူချောင်းထုတ် တို့ အိတ်ကလေး နဲ့ ထည့်ထားတဲ့ ငါးခြောက် ထုတ် တို့ ဆတ်သားချောက် ထုတ်တို့ မရိုးရအောင် တနေ့ တမျိုးပေါ့ဗျာ..။
ကျနော် က ဘယ်အိမ်က အထုတ် ချီလာမှန်း မသိတော့ ဘယ်လို လိုက်ပေးရမှန်း မသိဘူး..၊ အခိုး ခံရတဲ့ အိမ်တော့ သနား ပါတယ်ပေါ့.. လိုက်စုံစမ်း မယ် လုပ်ပြန်တော့လည်း အိမ်က ညီမတော် များက အစုံစမ်း မခံဘူး..၊ သူတို့ ကြောင်ကလေး တွေဟာ သူခိုး စာရင်း ပေါက် သွားမှာ စိုးလို့တဲ့ .. ခိုး ခိုးတယ်ပေါ့ ဗျာ.. ခိုးလို့စာရင်းပေါက် တာ ကို သူ့ကြောင်လေးတွေကို ကြောင်သူခိုး ထင်မှာစိုးလို့တဲ့.. မခက် ဘူးလား ဗျာ..၊ မပေါ်မှာ ကြနေတာဘဲ......တူပါဗျာ့..။
အင်းတခါ က.. ငါးကြီး တကောင် ပါဘူးတာတောင် ရှိသေးတယ်..၊ ရှယ်ငါးကြင်းကြီးဗျ.. ကြောင် နဲ့ တောင် မလိုက်ဘူး ချီလာလိုက်တာ..။ ဘယ်လိုများ ချီလာသလည်း မသိပါဘူး...၊ သူ့သခင်မ များရှေ့မှာ ဘုတ်ခနဲဘဲ ပြစ်ချလိုက်တာ.. အောင်ပွဲရ မုဆိုးကျော်ကြီး ကြနေတာဘဲ..၊ ငါးခြောက်ပြား တွေကလည်း ပါဘူးသေးတယ်..။ တကယ်ဗျ.. ဒီကြောင်လေး တွေ ဟာ ဘယ်ဝဋ်ကြွေးများ ရှိသလည်း မသိပါဘူး..အချိန် တော်တော် ကြာ အဲဒီလို လုပ်ဘူးပါတယ်ဗျာ..။
အင်း.. ခင်ဗျား တို့ သိချင်နေကြပြီ.. သူတို့ ရှာဖွေ ကျွေးမွေးတာကို အမရွှေစင် တို့ ညီမ တတွေ စားကြလားပေါ့.. ကျနော်..ကတော့ မစားတာ သေချာတယ်..ရွံတတ်တယ် (မရွံတတ်ရင် စားမဲ့ပုံ) သူတို့ စားမစားတော့ မမှတ်မိတော့ ဘူး.. မေးကြည့် လိုက်အုန်းမယ်နော်..။
အင်းနောက်တမျိုးကတော့.. ခွေးလေးဗျ အဲဒီခွေးလေးက ချင်းခွေးလေး အပုမျိုး ထင် တယ်.. အသက် ဘယ်လောက် ကြီးကြီး ပု ပုလေးဘဲ.. သူ့ကိုတော့ ကျနော်တို့က ငယ်ငယ်လေး ကထဲက နို့ဘူးတိုက် မွေးထားတာ.. အိမ်မှာ ပေါက်တဲ့ ကောင်လည်း မဟုတ်ဘူး..၊ ကျနော့် တို့ ဦးလေးအလတ် တယောက်အိမ် မှာ မွေးတာ သူ့အမေ က ဘာဖြစ်လို့ လည်း မသိဘူး.. အိမ် မှာ နို့ဘူး တိုက်မွေးရတယ်.. ၊ သူက နို့ဘူးတိုက် မွေးထားရတော့ လူနဲ့ အတော် နီးစပ်ပြီး သူကိုယ်သူ လူလို့မှတ်နေလား မသိဘူး.. အတော် ဗိုလ် ကျတဲ့ အကောင်...။
ခွေးဆိုရင် ခွေးမှန်းသိတော့ သိပ်ဗိုလ် မကျရဲဘူးပေါ့ဗျာ.. သူကတော့ သူကိုယ်သူ ခွေးက လူ မှတ်နေတော့ .. ခွေးက လူ ဟန်ဆောင်သူ ပီပီ ဗိုလ် ကျသလား မမေးနဲ့ ..၊ အိမ်လာ စာသင်တဲ့ ကလေး တွေလည်း ကိုက်လိုက်တာဘဲ...၊ တခါများ ကျနော် တို့က မောင်ကျောင်းသားလို့ ခေါ်တဲ့ သူငယ်တန်း အကြို ကလေး တယောက်ရှိတယ်.. ၊ အိမ်က ညီမ စီမှာ ကကြီး ခခွေးလာသင်နေတာ..။
အဲဒီကလေး လေး ကို တအိမ်လုံးက ချစ်ကြတယ် .. အဲဒါ ဒီကောင်က မနာလိုဖြစ်နေတာ နေမှာပေါ့ .. ကလေး လေး စာသင်ပြီး လှေကားပေါ်က အဆင်း သူ ကိုက်ထည့်လိုက်တာ.. သွေးတွေတောင်ထွက်လို့ အဲဒီမှာ သူ့လည်း ကျနော် ရိုက်လိုက်တာ တော်တော်နာသွားတယ်.. ကလေး လည်း ဆေးခန်းပို့လိုက်ပြီး သူမိဘ များ လိုက်တောင်းပန် ရတာပေါ့....ရမ်ဘို တို့ မကောင်းတာက အဲဒီလိုမျိုး..၊ အဲဒီကောင် ဟာ အဲဒီအချိန်က စပြီး သူ အရိုက်ခံရတဲ့ အတွက်တော့ အိမ်လာတဲ့ ကလေး တွေကို မကိုက်ရဲတော့ဘူး... ဒါပေမဲ့ အပြင်မှာ သွားနေတဲ့ ကလေးဆိုရင် သူနိုင်မယ်ထင်ရင် လိုက်လိုက် ဟောင်တယ်.. မထိတထိစတယ်.. ကလေးတွေများဆို ကြောက်လို့ အော်လိုက် ကြတာ အသံကို ပြာနေတာဘဲ..။
သူဟာ တနေ့ကုန် အဲဒီလို လုပ်တယ်..၊ မနက်ဆိုရင် ပုံစံပြောင်းသွားတယ်..၊ ကိုယ်ထိ လက်ရောက် ပါ.. ပါလာတယ်..၊ ခွေးတွေကို ကျနော်တို့ က အိမ်ထဲ မသိပ်ဘူး ဝန်းထဲမှာ ဘဲ အိပ်ခိုင်းတယ်.. လှေခါး ခြေရင်းမှာ အိပ်တယ်..၊ သူတို့က မနက်တိုင်း အစောကြီး နိုးနိုး နေတယ်.အစောနိုးတော့.ဗိုက်ဆာ မှာပေါ့ဗျာ..၊ ဗိုက်ဆာတော့ လမ်းထဲက ကလေးတွေ လဘက်ရည်ထုတ်လေး ဆွဲ အီကြာကွေး လေး ကိုင်ပြီး လာရင် အီကြာကွေး ကို လုလုပြေးတာဗျ..။
ခလေး လေး တွေက ငိုပြီး အိမ်ပြန်ပြေးကြတာ..၊ တချို့ကတော့ သူတို့ကလေး သူတို့ အပြစ်တင်ပြီး ထပ်ဝယ်ခိုင်းမှာပေါ့... တချို့ အမေ များကြတော့လည်း အတော်စွာတာဆိုတော့ သူတို့ ကလေး အဲဒီလို အလုခံရတယ် ဆိုကထဲက အိမ်ရှေ့ကို ငိုနေတဲ့ ကလေး ခေါ်လာပြီး ခွေးပိုင်ရှင်များကို အော်အော်ပြီး တိုင်တာဗျ..။
အတော်စွာတဲ့ သူများ ဆိုရင် ခွေးပြောသလိုလို နဲ့ လူပါစောင်းမြှောင်း ပြောကြတာ..၊ ကျနော် ကတော့ ဒီခွေးပြသာနာ နဲ့ ကျနော် နဲ့ မဆိုင် အိပ်ယာထဲ ကနေ ဖြေရှင်းသံ ငိုသံတွေ ကို နားထောင်ပြီး တခစ်ခစ်နဲ့ ပေါ့ဗျာ...၊ မေမေ နဲ့ ဖေဖေ ဘဲ မနက်တိုင်း ထွက်ထွက် ပြီး လျော်ကြေးပေး ရတာ..၊ နောက်တော့ ကျနော်တို့ အိမ်ရှေ့က ဖြတ်သမျှ ကလေး များဟာ လက်ဘက်ရည် ထုတ်ကလေး တဘက်ကဆွဲ တဘက်က အီကြာကွေး တို့ နံပြား တို့ကို ဒီ ခွေးပုလေး မမှီနိုင်အောင် အပေါ်ကို မြှောက် ပြီး ကိုင် လို့ လှည့်ကြည့် လှည့်ကြည့် သုတ်သုတ် သုတ်သုတ် နဲ့ လျှောက်ကြတယ်ဗျ...။
နောက်တော့ ဒီ ခွေးပုလေး ဟာ တော်တော် ကို ဗိုလ်ကြ လာပြီဆိုတော့ ကျနော် တို့ အိမ်မှာ ထားမရတော့ လို့ သူ့ ကို နယ်နှင်ဒဏ် ပေးလိုက်ရတယ်.. ၊ ကျနော် တို့ မိတ်ဆွေများထဲက ဇီးခြံပိုင်ရှင် များထံမှာ ခြံစောင့် ဘို့ ပေးလိုက် ရ တာပါဘဲ.၊ ညီမ များဆို ငိုကြယိုကြပေါ့ဗျာ.. ဒါက တအိမ်လုံးက ခွေးလေး ကို ချစ်ကြတာ ကိုးဗျ.. ဒါပေမဲ့ လူကြားထဲ နေမဖြစ်အောင် ဆိုး လာတော့ လည်း ပြည်နှင်ဒဏ် ပေးလိုက်ရတော့တာပေါ့.. ၊ ။
အခုလည်း ကျနော် ဘာကြောင့် ဒီလောက် ခွေး လေး ဗိုလ် ကြတဲ့ အကြောင်းရေးပြနေတာလည်း ဆိုတော့ ကျနော် မှာ လည်း ကျနော် မချစ်တဲ့ ငယ်မွေးခြံပေါက် ခွေးအိုကြီး တကောင် ရှိနေလို့ ပါဘဲ.. ဒီခွေး ကြီးကလည်း အသက်သာကြီးတာ ဗိုလ် ကြတဲ့ နေရာမှာ တော့ ဟို ခွေးပေါက်လေး ရန်ဘို ကအရှုံးပေးရမယ်.. ကျနော် ကတော့ ဒီ ခွေးအိုကြီး ကို ကြည့် ကို မကြည့် ချင်လို့ ပို့ရမယ့် နေရာရှာနေတာ.. အင်း နောက်ဆုံး မြန်မာပြည်တွင်း ပို့မရင်တော့ ချစ်သော ဘလော့ဂ် ဂါများ စီကို ပို့ရကောင်းမလား စဉ်းစားနေတာ..၊ ကဲ လက်ခံမှာလား .. ချစ်သော ဘလောဂ်ဂါများရေ...။
လေးစားစွာဖြင့်
စာရေးသူ-ရွှေစင်ဦး
.

ခွေးကြီးပို့ လိုက်ပါ ..လက်ခံမယ်။
ReplyDeleteကျနော်လည်း ခွေးကြောင်အရမ်းချစ်တယ်။
ကျနော့်ကြောင်ကတော့ ပုစွန်ခြောက်ထုပ်ချီလာဖူးတယ်။
တစ်ဖက်အိမ်က သူ့ နိုင်ဂျံဂါးက သားကြီးအတွက် ငါးပိကြော်ရှယ်ကြော်ဖို့ ဝယ်လာတဲ့ ရှယ်ပုစွန်ခြောက်ဗျ။
ပြန်ပေးမလို့ အိမ်ဝကအထွက်
အဲအိမ်က ဦးလေးကြီးက ခိုးသွားတဲ့ကြောင်
သိလို့ ကတော့ နောက်ဆို အိမ်လာတာနဲ့ 
ဓါးနဲ့ လိုက်ခုတ်မယ်ဆိုအော်ကြိမ်း
နေလို့ ပြန်မပေးရဲဘူး။ သူရှာလာတဲ့ပစ္စည်းသူ့ ပဲကျွေးလိုက်ရတော့တယ်လေ။ ဟိဟိ။
နောက်တစ်ကောင်ကိုတော့ ဘေးအိမ်က နာမည်ပေးထားတယ် ဇော်ရိုးကြောင် ငတက်ပြားကြောင်တဲ့  ။ ကြောက်အိမ်တောင်လက်နဲ့ ဖြဲပြီး ဖွင့် ခိုးလို့ တဲ့ ၊ ဂလို။
ငယ်မွေး ခြံပေါက် ခွေးအိုကြီး ကြည့်မရဘူးတဲ့ ???????
ReplyDeleteပြည်နှင်ဒဏ်ပေးလိုက်ပါ အွန်စောတို့တိုင်းပြည်ကို။ သူတို့က ကြည့်မရရင် တခြားနည်းနဲ့ စီစဉ်လိမ့်မယ်။:)
မအယ်
မမရွှေစင်ရေ...
ReplyDeleteခွေးတွေ ကြောင်တွေ မချစ်တတ်လို့မယူတော့ဘူးနော်...
ဟင့်အင်း... :P
ReplyDeleteဟင့်အင်း...yu buuuuu.
ReplyDeleteငယ်မွေး ခြံပေါက် ခွေးအိုကြီး...so ..too diry, smelly,...
hee hee....
yu buuuu....
momiji
အန်... မဖြစ်ဘူး... ဝေါင်ဝေါင်ရွှေး ဝေးဝေးရှောင်နေမှပဲ ... ခွေးတော့ မချစ်ဘူးဗျ ... သူ့ဖာသာ ဘာကြီးပဲ ဖြစ်နေပါစေ... အဟီးး))
ReplyDeleteတိရိစ္ဆာန်တွေကို အဝေးကပဲ ချစ်တတ်တယ် အမရေ။ သူတို့ အနွံအတာတော့ မခံနိင်ဘူး။
ReplyDeleteငါးမွေးဖို့ဆို ပိုဆိုးသေး ရေကန်လည်း ရေမှန်မှန် ပေးရအုံးမယ်။
ကိုယ့်ဘာသာတောင် နေချင်သလို လွတ်လွတ် လပ်လပ်နေတာ။
ခွေးအိုကြီး ပေးခြင်းသည်းခံပါ။ ပေးချင်ရင် ဒိုဘာမင်၊ တယ်ရီယာ၊ ရှီစူး တို့လို ခွေးပေါက်များလာပေးပါက အမှတ်တရလက်ဆောင်ပြန်ချီးမြှင့်ပါမည်။
ReplyDeleteခွေးဘိုးဘွားရိပ်သာ ဖွင့်ရင်ကောင်းမလား စဉ်းစားနေတာ
ReplyDeleteအခုမှပဲ အခွင့်လမ်းသင့်တော့တယ်
လာထား...သူငယ်ချင်းတို့ေ၇
ပေးချင်တယ်ဆိုရင်
လာပေးလို့ရပြီ...
အသစ်တွေဘယ်လိုကောင်း.. အဟောင်းကိုပဲ တလည်လည် ဆိုတဲ့စကားကို ဖျက်တော့မလို့လား..
ReplyDeleteငယ်ငယ်ချောချော သန်သန်မာမာလေးဆို ဟုတ်တုတ်တုတ်ရယ် ..ဘယ့်နှယ် အိုကြီးရွတ်တွကိုမှ အလှူလုပ်ချင်ရတာပါလိမ့်... လိုချင်ဘူး... ။။း)
မမ...
ReplyDeleteညီမလေးက ခွေးအိုကြီးကိုမလိုချင်ဘူး...ရန်ဘိုလေးကိုလိုချင်တာ...
အဲဒီလိုခွေးပုလေးတွေဆို တအားချစ်တာ...ပေးမှာလား?????
ချစ်ညီမလေး
ကိုယ့်ဘာသာတောင် တနေ့ တနေ့ စားဘို့ ရေချိုးဘို့ တွန်းနေရတာ...:)
ReplyDeleteMama Shwezin,
ReplyDeletean old silly bully dog????, is he a native dog who is very $%*&$#@$$$....If
my thought is right,pls send him to an eternal hell.
yours lovingly, Jasmine.
အမ
ReplyDeleteဟယ်လင်လေး လုပ်ပါဦး
မအိပ်ခင်လေး
ခွေးကြီးကို မွေးပေးမယ်
သိန်း ၁ သောင်းလောက်နဲ့တွဲပေးရင်
အင်း ခုကျတော့လည်း ခွေးအိုကြီးအိုမ ကိုပေးတော့ ယူချင်ပါဘူးဗျာ။ :)
ReplyDeleteခွေးပေါက်လေးတွေဆိုလိုချင်တယ်း))
ReplyDeleteဆက်သွယ်လိုက်ပါ။ အိမ်ကခွေးအဖော်မရှိလို့း))
လူအိုတောင်မလိုချင်တာ..ခွေးအိုဆိုဝေးသေး...
ReplyDelete