Friday, June 17, 2011

ရွှေစင်ဦး ကြုံရ ဘဏ် သုံးမိတဲ့ ဘဝ ဇာတ်သိမ်းပြီ

စမိတဲ့ ဇာတ်ကို သိမ်းပေးရမှာ ကျနော့် တာဝန်ဖြစ်သွားပါပြီ.... ပထမဆုံး ကျနော် ရဲ့ ဘဏ် ပိုစ့် လေး ကို လာရောက်ဖတ်ရှု ပြီး ကောမန့် လေးတွေ ပေးလို့ မိမိတို့ ရဲ့ အယူအဆများကို ဖော်ပြပေးတဲ့ အတွက်  အားလုံး ကို အထူးဘဲ ကျေးဇူး တင်ရှိပါတယ် ဆိုတာ ပြောကြားပါရစေ...။

ကျနော် ရဲ့ ပထမ ပိုစ့် ထဲမှာ စက်ရုပ်ဝန်ထမ်း များလို့ ပြောလိုက်ပါတယ်... ကျနော် ထင်တာ ကို တကယ်ဘဲ ပြောခဲ့တာပါ.... ကျနော် ATM ဆိုတဲ့ ငွေ ထုတ် တဲ့ စက်ကို မသုံးဘူး ပါဘူး... ဒါပေမဲ့ ကျနော် သိတာ က တော့ ကျနော့် တို့ရဲ့ သက်ဆိုင်တဲ့ code တွေကို ATM စက်မှာ ရိုက်ထဲ့ လိုက်လို့ တလုံး လွဲသွားတာ နဲ့ စက် က ဘယ်လို ဘဲ ဖြစ်ဖြစ် ထုတ်ပေး တော့ မှာ မဟုတ်ပါဘူး...  ဒါက စက်ရုပ် ဝန်ထမ်း တွေပါဘဲ......။

အခု ကျနော် သွားခဲ့ တာက လူဝန်ထမ်း တွေ အလုပ် လုပ်တဲ့ ဘဏ် ကို သွားခဲ့တာပါ...၊ ဖြစ်လာတဲ့ ပြဿနာ ကို ကျနော် ပြောပြီး သားပါ... ကျနော့် ရဲ့ မှတ်ပုံတင် နံပါတ် အက္ခရာ တလုံးလွဲသွားတယ်... နံပါတ် အားလုံး တူနေတယ်... ဘဏ် အကောင့် နံပါတ်တူတယ်... ကျနော့် ကို ဘဏ် က ဖုန်းဆက်တဲ့ အတွက် ကျနော် သွား ထုတ်တယ်.. အဲဒီတော့ ဖုန်းနံပါတ် ပါ တူပါတယ် ..... ဒါပေမဲ့ အက္ခရာ တလုံးလွဲ နေတဲ့ အတွက် ထုတ်မပေး ပါဘူးတဲ့... ။

ဒါနဲ့ ကျနော် တာဝန်ရှိတဲ့ ဝန်ထမ်း ကို ရှင်းပြတယ်... ခင်ဗျားတို့ လွဲ နေတယ် ဆိုတဲ့ မှတ်ပုံတင် နံပါတ်  က မြန်မာပြည် မှာ မရှိတဲ့ နံပါတ် ပါ ... အခု အထက် ဖော်ပြပါ အချက် တွေ ကိုက်ညီ တဲ့ အတွက် ထုတ်ပေး ပါ လို့ ထပ်ပြီး ဆွေးနွေး ပါတယ်... ကျနော့် ဘက်က မြန်မာပြည် မှာ ရှိတဲ့ အက္ခရာ နဲ့ မှားခဲ့တယ် ဆိုရင် ကျနော် မတောင်းဆိုပါဘူး... အဲဒီ မှားတဲ့ အက္ခရာ က လည်း ကျနော် နံမည် နဲ့ ထပ်တူ  ရှိနိုင်ပါသေးတယ်... အဲဒီ အတွက် ကျနော် သည်းခံလိုက်မှာပါ.. အခုတော့ မှားတယ် ဆိုတဲ့ အက္ခရာ နဲ့ နံပါတ် က မြန်မာပြည် မှာ မရှိ တဲ့ မှတ်ပုံတင် နံပါတ် လည်း ဖြစ်တယ်... ကျန်တာတွေ အားလုံး လည်း တူနေ တဲ့ အတွက် ထုတ်ပေးပါ လို့ တောင်းဆိုတာပါ... ။

သိတဲ့ အတိုင်း ဘဲ မရပါဘူး... ပို့ခိုင်းတဲ့ သူကိုဘဲ ပြင်ခိုင်းပါတဲ့... အဲဒီတော့ ကျနော့် စိတ် ထဲမှာ စိတ် မကောင်း ဖြစ်ပါတယ်... သြ ... ဖြစ်နိုင်တာ ကို ကိုယ့် customer အတွက် စဉ်းစား ပေးပြီး တတ်နိုင် သလောက် လုပ်ပေးနိုင် တာ ကို မလုပ်ပေးလို့ ကျနော် ပထမ ပိုစ့် လေး ရေးလိုက်တာပါ.. ( တကယ်က ဝန်ထမ်းတွေ မှာ လုပ်ပိုင်ခွင့် ရှိလား မရှိလား ဆိုတာ လည်း ကျနော် မသိပါဘူး... ဒါပေမဲ့ ဘဏ်ပိုင်ရှင် တွေ အနေနဲ့ အဲဒီလောက် တော့ လုပ်ပိုင်ခွင့် ပေးထားရမယ် လို့ လည်း ထင်တဲ့ အတွက် ပါ ... ဘဏ်စည်းမျဉ်း တွေကို ကျနော် နားမလည် ပါဘူး...  ) ။

ကျနော် ခံစား လိုက်ရတဲ့ထင်မြင်ချက် က  ဒီဘဏ် က ဝန်ထမ်း တွေ က .... စက်ရုပ်လူသား ATM ငွေထုတ် စက် နဲ့ ဘာများ ထူးလို့ လည်း ... နံပါတ် အားလုံး မတူ ရင် မရဘူး ... တူ ရမယ်ဆိုတဲ့ မူ ကို ဘဲ ကိုင်ဆွဲ ထား တဲ့ အတွက် ပါ... စက်ရုပ် ATM ထက် သာတာက ပြုံးပြတယ်... နှုတ်ဆက်တယ်.. စကားပြောတယ်... ဒါဘဲ... လူ ဦးနှောက် နဲ့ စဉ်းစား လို့ ရတဲ့ အရာတွေ မှာ စဉ်းစားခွင့် မရ... လုပ်ပိုင်ခွင့် မရ .... လုပ်ပိုင် ခွင့် ရရင် လည်း လုပ်မပေး ကြ လို့ ကျနော် ရေးလိုက် တာပါ....။

ဒါပေမဲ့ တော်တော်များများ ကွန့်မန် တွေ မှာ ကျနော် တွေ့ ရတာ က ဘဏ် ဆိုတာ ငွေရေးကြေးရေး နဲ့ အလုပ် လုပ်တာ ဖြစ်လို့ တလုံး လွဲလည်း မရဘူး တစိတ် လွဲလည်း မရဘူး ... ဒါ ဟာ ဘဏ်တခု ကျင့်သုံး ရမဲ့ စည်းမျဉ်း စည်းကမ်း လို့ ပြောတယ်... ဟုတ်ကဲ့ ကျနော် သိသွားပါပြီ .... ဘဏ် စည်းကမ်း နဲ့ လူတော်တော် များများ ရဲ့ ခံယူချက် ကို သိသွားပါပြီ....။

နောက်ပြီး ဒါဟာ ကျနော် စီ ငွေလွှဲ ပေးတဲ့ သူ ရဲ့ ပေါ့ဆချက် လို့ဘဲ တော်တော် များများ ထင်ကြပါတယ်...  ဘဏ် ဝန်ထမ်း တွေ ဘက်ကလည်း မှားယွင်း မှု့ ဖြစ်နိုင်တာဘဲ ဆိုတာ ဘယ်သူမှ ထည့် မတွက် ကြပါဘူး.....။

အဲဒီ အတွက် လည်း ကျနော် မသိသေး လို့ ဘာမှ မဖြေရှင်း သေးဘဲ... ကျနော့် စီကို ငွေ လွှဲပေးတဲ့ သူစီကိုဘဲ အကျိုး အကြောင်း ပြောပြလိုက်ပါတယ်.. သူက လည်း ဘဏ် ကို ဖုန်းဆက်ပြီး ရှင်းပေးပေမဲ့ ... သူ ကိုယ်တိုင် က ကျနော့် စီကို လွှဲပေးတာ မဟုတ်... သူ့ တပည့် လေး ကို လွှဲခိုင်း တာဖြစ်တဲ့ အတွက် သူ လွှဲခိုင်း တဲ့ တပည့် လေး ကိုယ်တိုင် ပြင်ပေးမှ ရမယ် လို့ ဘဏ် က ပြောပါတယ် တဲ့ ..  ဒါနဲ့ ကျနော် လည်း စိတ်လျှော့ လိုက်ပြီး ၁၄ ရက် နေ့ က ထုတ်ခွင့် ရမဲ့ ငွေ လွှဲ ကို ၁၆ ရက် နေ့လည်  မှ ဘဏ်က ဖုန်း ဆက်ပြီး လာထုတ်ခိုင်း တဲ့ အတွက် ၂ရက် နောက်ကျပြီး မှ ထုတ်ခွင့် ရခဲ့ပါတယ်....။

ဘဏ် က မဆက်ခင် ကထဲက ကျနော့် ကို ငွေလွှဲ ပေးသူ က ဆက်ပြီးပါပြီ... သူ့ တပည့် က မမှားပါဘူး တဲ့... သူ ရေးပေးလိုက် တဲ့ စာရွက် အတိုင်းဘဲ ဘဏ်ဝန်ထမ်း တွေ ကို ဘဲ ရေးဖြည့် ခိုင်းလိုက်တာပါတဲ့.... ကဲ အားလုံး ရှင်းသွားပြီနော်... ဘယ်သူ မှားသလည်း ဆိုတာ သိနိုင်ပါပြီ...  ။

ကျနော် ထင်တာက တော့ ဘဏ်ဝန်ထမ်း တယောက် ဟာ မြန်မာပြည်မှာ ရှိတဲ့ မှတ်ပုံတင် နံပါတ် ရှေ့ အက္ခရာ တွေ ကို တော့ သိရမယ် လို့ထင်တယ်... နောက်ပြီး ကူးရေး တာတောင် မှန် နေတာကို အမှား နဲ့ လွဲ ရေးတယ်... ဒါဟာ ဘယ်သူ မှာ အပြစ်ရှိပါသလည်း.... ။

တကယ် လို့ ပို့ သူ ဘက်က မှားခဲ့ ရင်တောင် ဒါမျိုး မြန်မာပြည် မှာ မရှိဘူး သေချာပြန်ဆန်းစစ် ပါအုန်း ဆိုတဲ့ စကား ကို ပြောနိုင်တဲ့ အရည်အချင်း ရှိရပါမယ်....။

ဒုတိယ အကြိမ် ကျနော် ငွေထုတ်တဲ့ အခါ  မှာ မှတ်ပုံတင် ကို သူတို့ မှားရေးပေး တဲ့ အက္ခရာ နဲ့ နံပါတ် အတိုင်းဘဲ ထုတ်ခဲ့ ရပါတယ်... ( .... ကျနော် ပြန်ရစ် မလို့ ကျနော့် မှတ်ပုံတင် က ဒါ မဟုတ်ဘူး အမှန် ဘဲ ပြန် ရေးပေးပါလို့ ... အမှန်အတိုင်း မရေးရင် မထုတ်ဘူးလို့.... ) အဲဒီတော့ ခင်ဗျားတို့ ပြောတဲ့ တိကျ မှန်ကန် မှု့ က ဘယ်နား မှာ သွားထားခဲ့ လည်း  ... ကျနော် အဲဒီဖြတ်ပိုင်း လေး ကို scan ဖတ်ပြီး သိမ်းထားပါတယ်... ကျနော့် မှတ်ပုံတင် အမှန် မဟုတ်.. မှားရေးတဲ့ အတိုင်း ထုတ်ခဲ့ရပါတယ်.....။

အခု ကျနော့် ငွေလွှဲ ကို ၂ရက်နောက်ကျပြီး မှ ရခဲ့ ပါတယ်... ဘဏ်လုပ်ငန်း ဆိုတာ တိကျ ရမယ် မှန်ကန် ရမယ် မြန်ဆန် ရမယ် ဆိုတဲ့ မူဝါဒ နဲ့ပါ... ။

အခု ကျနော် တို့ မြန်မာပြည် မှာ ရွှေဈေး တွေ ဒေါ်လာ ဈေး တွေ အတက် အကျ သိပ်ကြမ်းနေပါတယ်... ကျနော် က လွှဲတဲ့ ပိုက်ဆံ ကို ရွှေ ဝယ်မလို့ ပါ.... ၁၄ ရက် ရွှေဈေး က ခြောက်သိန်း နဲ့ သုံးသောင်း ခြောက်ထောင် ပါ... အခု ကျနော် ငွေ လွှဲ ရလို့ သွားဝယ် မယ်လုပ်တော့ ၁၆ ရက်နေ့ ရွှေဈေး က ခြောက်သိန်း နဲ့ ငါးသောင်း တစ်ထောင် ဖြစ်နေပါပြီ....။ ဟောဒီလင့်ခ် လေး ကို ကြည့်ပါ... (ရွှေဈေး ဒေါ်လာဈေး နောက်ဆုံးသတင်း)

ကျနော် တကျပ်သားမှာ တသောင်း နဲ့ ငါးထောင် ရှုံးသွားပါပြီ.... အခု ကျနော် ပိသာ နဲ့ ချီ ဝယ်မှာပါ... အများကြီး နစ်နာ သွားပါပြီ... ကဲ ကျနော့် ရဲ့ ရှုံးသွားတဲ့ ပိုက်ဆံ တွေကို ဘယ်သူ လျော် မလည်း ... ကျနော် ဘဏ် ကို တရား စွဲ ပါမယ်... ။

ကျနော် ဆုံးရှုံးသွား တဲ့ ပိုက်ဆံ တွေကို တိကျ မှန်ကန် ရမယ် အလွဲမခံ ရဘူး ဆိုတဲ့ ဘဏ်ဝန်ထမ်း တွေ လျော် မလား (သူတို့ နဲ့ ဘဝတူ ဝန်ထမ်း လျော်ရတာကို မကြည့်ရက် နိုင် လို့ စုပေါင်း လျော်ကြမလား... )... အဲဒီ တိကျ မှန်ကန် တဲ့ အမိန့် ကို ထုတ်ထားတဲ့ ဘဏ်ပိုင်ရှင် တွေ လျော် မလား ဆိုတာ ကို ကျနော် သိပ် သိချင် နေတဲ့ အတွက် တရား စွဲ ရမှာ ဖြစ်ပါတယ်... ကဲ ခင်ဗျား တို့ ယူဆချက် ကလေး တွေ ရော ဘယ်လို ပါလည်း... စက်ရုပ် နဲ့ လူသား ကွဲ ပြားရမယ် ဆိုတာ ဒီလို စဉ်းစားချင့်ချိန် နိုင်တဲ့ ဉာဏ်ပညာ ကို ပြောတာလို့ ထင် ပါတယ်....။

ကျနော် တို့ customer တွေ က ပိုက်ဆံ ပေးပြီး ငွေလွှဲ ရတာပါ... ကျနော် တို့ မလွှဲချင် ရင်တောင် ချောချော့ မော့မော့ နဲ့ သူတို့ ဘဏ် ကနေ လွှဲအောင် လုပ်ပေးရမယ် ထင်ပါတယ်... နောက်တမျိုး က ငွေလွှဲ လိုက်သူ က စာ တတ်ချင် မှ တောင် တတ်မယ်... ဒါမျိုး ဆိုရင် လည်း တတ်နိုင်သလောက် အဆင်ပြေအောင်.. မှန်ကန်အောင် ... လုပ်ပေး ရမှာပါ..... ။

ဝန်ထမ်း တွေ အားလုံး ကို စက်ရုပ်ဝန်ထမ်း တွေ မဖြစ် အောင် ဘဏ်ပိုင်ရှင် တွေ ဘက်က အခွင့် အရေး ပေးဖို့ လိုအပ်သလို... ဝန်ထမ်း တွေ ဘက် ကလည်း customer အဆင်ပြေအောင် ပြဿနာ တခု ဖြစ်လာရင် စဉ်းစား ချင့်ချိန် ပြီး စက်ရုပ် (ပြုံးပြ နှုတ်ဆက် စကားပြော) ထက် သာအောင် လုပ်နိုင် ကြဘို့ ကျနော် ရေးတာ ဖြစ်ပါတယ် လို့ ပြောရင်း  နိဂုံး ချုပ်ပါတယ်... အားလုံး ကို အထူးဘဲ ကျေးဇူးတင်ပါတယ်.....။

လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.
(သြ ... ဒါနဲ့ ရွှေစင်ဦး ရဲ့ အိမ် အောက် ကို ရွှေအိုး လာတူး မဲ့ ပုဂ္ဂိုလ် များ ဘဏ် က လျော်ကြေးရလို့ ရွှေပြန်ဝယ် ပြီး တဲ့ အချိန်ထိ စောင့်ကြပါအုန်း လို့ အသိပေးစကား ပြောချင်ပါတယ်.... )
.

47 comments:

  1. နိဂုံးချုပ်လေးကိုဖတ်ပြီးသဘောကျမိတယ်... အရင်ပို့စ်ကိုနောက်ကျမှဖတ်မိတော့ သူများရေးတဲ့ကော်မန့်တွေဖတ်ပြီး ပြန်သွားလိုက်တာ... ကိုယ်ရေးတဲ့စာ ကိုယ်တာဝန်ယူပြီး နိဂုံးချုပ်တာကို နှစ်သက်မိတယ်... ကာယကံရှင်ကြုံရတဲ့အခက်အခဲကို နားလည်ခံစားမိပါတယ်... မဖွံ့ဖြိုးသေးတဲ့နိုင်ငံကိုးနော်... ဖွံ့ဖြိုးတိုးတက်လာမဲ့တနေ့ကို မျှော်လင့်လျှက်..........

    ReplyDelete
  2. ဒီပို့စ်မှာတော့ ပိဿာနဲ့ချီပြီး ၀ယ်မယ့်ရွှေတွေကိုပဲ စိတ်ဝင်စားတော့တယ် ဟဲ :D

    ဘဏ်ဝန်ထမ်းဘက်က မှားတာကတော့ ဘဏ်အလွန်ပေါ့ အမရယ်။ ရှင်းနေတာပါပဲ။ ဒီမှာလဲ တခါကြုံဖူးတယ်။ နေ့စွဲရေးတာ လ-ကို မှားရေးလို့။ သူရေးနေတုန်း ကိုယ်က မြင်လိုက်လို့ တော်သေးတာပေါ့။ ပြန်ပြင်ခိုင်းလိုက်ရတယ်။

    တခါတလေကျတော့ ချထားတဲ့ စည်းမျဉ်းစည်းကမ်း မူဝါဒတွေက flexible မဖြစ်တဲ့အခါ အဲဒီလို ဆုံးရှုံးမှုမျိုး စိတ်အနှောက်အယှက်မျိုး ကြုံရတတ်တယ် အမရေ။ ဦးရီးတော်ဆိုရင် ဘဏ်ဝန်ထမ်းတွေနဲ့ ခဏခဏ စကားများရတယ်။ ဒါတောင် သူက တရားသမား လူအေးနော်။ မရွှေစင်လဲ စိတ်လျှော့ပါ။

    တရားစွဲဖြစ်လို့ လျော်ကြေးပြန်ရရင်လဲ အသိပေးအုံး ... :))

    ReplyDelete
  3. မင်္ဂလာပါ အမရေ
    နဲနဲလောက် ၀င်ပြီး လျှာရှည်ခွင့်ပြုပါ..
    အမကြီး.. စာတွေထဲမှာ ဒေါသသံတွေပါနေသလိုပဲနော်... ခန္ဒီစ သြော် .. ခန္ဒီစ.. သည်းခံခြင်းသည်သာလျှင် အောင်မြင်ခြင်းပါပဲ :)
    အမပြောသလိုဆိုရင်တော့ ငွေလွှဲတဲ့ဘက်က ဘဏ်ဝန်ထမ်းအပြစ်လို့ယူဆရမှာပါပဲ... ဒါဆိုရင်တော့ အဲဒိဝန်ထမ်းမှာတာဝန်ရှိတာပေါ့လေ..
    သူကလည်း စက်ရုပ်မှမဟုတ်တာ စက်ရုပ်လို ဘယ်တိကျနိုင်ပါ့မလဲ.. ကျနော်သာဆို ဒီစာလုံးလေးတောင် မှန်အောင် မရိုက်နိုင်တဲ့ကောင် ဆိုပြီး နဘန် ၂ ချက်လောက် ကျင်းလိုက်မှာ
    (စိတ်ထဲကပြောပါတယ် ) ခုအနေအထားမှာ လွှဲတဲ့ဘက်က ၀န်ထမ်းက လူဖြစ်ပြီး .. ငွေထုတ်တဲ့ဘက်က ၀န်ထမ်းကတော့ စက်ရုပ်ဖြစ်နိုင်ခြေရှိပါတယ်..
    လူဆိုတာကတော့ အမှားမကင်းဘူးပေါ့လေ.. စက်ရုပ်ကတော့ Program အတိုင်းအလုပ်လုပ်မှာပါပဲ.. အမလွှဲတဲ့ငွေပမာဏ က ဘယ်လောက်များလဲဆိုတာတော့ မသိပါဘူး
    ဒါပေမယ့် အမက ရွှေကို ပိဿာနဲ့ ၀ယ်မှာဆိုတော့ ခန့်မှန်းခြေ သိန်းခြောက်ဆယ် ကျော်မှာပါ.. အဲတော့ အဲဒိလောက်ငွေပမာဏကို တခြားလူတစ်ယောက်က ခုမှားတဲ့အတိုင်း အတုလုပ် ခွင်ဆင်ပြီး
    ထုတ်သွားရင် အဲဒိထုတ်ပေးတဲ့ ၀န်ထမ်းက အကြီးအကျယ် ပြဿနာ တက်မှာပါပဲ..ဒါ့ကြောင့် ထုတ်ပေးတဲ့ဝန်ထမ်းက တစ်လုံးအလွဲမခံတာလည်း ဖြစ်နိုင်ပါတယ်....
    ဟိုက လွှဲလိုက်တဲ့ဝန်ထမ်းကရော ဘယ်လိုအမှားတွေရှိနိုင်လဲ.. ငွေလွှဲတဲ့လူက ရေးထားတဲ့ စာမှာ မရှင်းလင်းမပြတ်သားတာတွေများ ပါနေသလား..
    ဒါကတော့ စဉ်စားစရာပေါ့လေ.. ကျနော်ကတော့ ထောင့်စေ့အောင် တွေးကြည့်တာပါ.. ခု အမကြီးက တရားစွဲမယ်ဆိုရင် ဘယ်လိုခေါင်းစဉ်နဲ့ စွဲမှာလဲ.. စွဲလိုက်ပြီဆိုပါစို့.. အမနိုင်သွားပြီဆိုပါစို့
    အဲဒိဘဏ်ကတော့ အမကို နစ်နာတဲ့အတိုင်းအတာလျှော်ပါလိမ့်မယ်.. ဒါပေမယ့် မှားတဲ့ ၀န်ထမ်းတွေလည်း ဘ၀ပျက်မှာပါပဲ.. အမလွှဲတဲ့ ငွေပမာဏလောက်ကို သူတို့ လျော်နိုင်မယ်မထင်ပါဘူး..
    ဘဏ်ဝန်ထမ်းတစ်ယောက် အလွန်ဆုံးရ ၁ သိန်းပေါ့ဗျာ... အမနစ်နာတဲ့ ရွှေဈေးက ၁ပိဿာအတွက် ၁၅ သိန်း.. အဲဒိဝန်ထမ်းအတွက် လခ ၁နှစ်စာမကပါဘူး .. သူ့အတွက်ကိုယ့်ကိုယ်ကို သတ်သေဖို့ပဲရှိပါတယ်..
    အမလည်း တရားတွေဘာတွေ အားထုတ်နေတာပဲ.. "ငါသာ သူ့နေရာမှာ ဆိုရင်" ဆိုပြီး ၀င်ရောက် ကိုယ်ချင်းစာပေးကြည့်ပါလား.. နောက်ဆက်တွဲဘာတွေထပ်ဖြစ်နိုင်မလဲဆိုတာတွေ ဆက်လက်စဉ်းစားစေလိုပါတယ်..
    ဥပမာပေါ့ဗျာ.. နည်းပညာရှုထောင့်ကကြည့်ရင် Probability အရ ..အမက တရားစွဲ.. ဘဏ်ကလျော်.. ၀န်ထမ်းက အလုပ်ပြုတ်.. အလုပ်ပြုတ်တော့ အငြိုးအတေးထား.. အမကို လုပ်ကြံသတ်ဖြတ်... ထောင်ကျ.. ဘ၀ပျက်.. ........... စုံလို့ပေါ့လေ...
    ဘာသာရေးအရဆိုရင်တော့ ... ဒေါသထွက်တာမကောင်းပါဘူး.. ဒေါသရ လုပ်ဆောင်မှုတွေက ဘယ်တော့မှ အမှန်မရှိပါဘူး.. အမလုပ်ဆောင်လိုက်တဲ့ အကြောင်းတရားကြောင့် အကျိုးတရားတစ်ခုဖြစ်လာမှာမလွဲပါပဲ...
    ဖြစ်လာတဲ့အကျိုးတရားကတော့ ဒုက္ခပေါ့လေ.. လူမှုရေးအရဆိုရင်တော့ ... လူလူချင်း မုန်းတီးမှုတွေဖြစ်နိုင်ပါတယ်.. ဘဏ်လည်းနာမည်ပျက်မယ်.. အမလည်း ပတ်ဝန်ကျင်မှာ ဒီမိန်းမကြီးက ဆတ်ဆတ်ထိမခံ ဆိုပြီး နာမည်ကြီးမယ်.. စသဖြင့်ပေါ့လေ..
    နိုင်ငံရေးအမြင်အရဆိုရင်တော့... ဖြစ်သင့်တာက ၀န်ထမ်းတွေကိုစနစ်တကျ လေ့ကျင့်ပေးထားသင့်ပါတယ်.. တိကျစွာအလုပ်မလုပ်တတ်တဲ့ ၀န်ထမ်းမျိုး ဘယ်နေရာမှ မရှိသင့်ပါဘူး...
    ကွန်းမန့်လည်းရှည်သွားပါပြီ.. အမကိုယ်စား ၀င်စဉ်းစားကြည့်တာပါ.. ပြောမှားဆိုမှားရှိရင်တော့ ခွင့်လွှတ်ပါ...

    လေးစားစွာဖြင့်..

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. အင်း...
    ဒီလိုလည်း ဖြစ်နိုင်တယ်။
    ဝန်ထမ်းဆိုတော့  သာမန်ဆင်းရဲသားပဲလေ။
    ဒီတော့  အလုပ်အရမ်းရှားတဲ့ တိုင်းပြည်မှာ
    ရ ထားတဲ့ အလုပ်ကလေး မပြုပ်ရအောင်
    အကြောက်တရားနဲ့  နေ့ စဉ်အလုပ်တက်နေ
    ရတော့  ကိုယ့် ကိုယ်ကို ကာကွယ်မှု၊ ထိခိုက်
    မှု မဖြစ်အောင် လုပ်နေရင်းက နှလုံးမပါတဲ့ 
    စက်ရုပ်လို ဖြစ်သွားနိုင်ပါတယ်။ မမရွှေစင်
    ရှေ့  ဆက်တိုးရင်တော့  ပိုင်ရှင်က အဲ့ ဒီဝန်
    ထမ်းကို အလုပ်ဖြုတ်ပြီး မြေဇာပင်လုပ်လာ
    နိုင်ပါတယ်။ နောက်တနည်းကတော့  အစိုးရ
    ဘဏ် ဆိုရင်တော့  အန်တာတေဘယ်လ်
    စနစ်ကလေး မကျင့်သုံးမိလို့ ဆိုပြီး ပြောနိုင်
    ပါတယ်။ တစ်ခု ပြောကြည့် မယ်နော်..။
    ကိုယ့်ငွေ ရခဲ့ ပြီပဲ..။ မတုံ့ နှင်းချင်ပါနဲ့ လို့ ..။
    ငွေဈေးကတော့  အားလုံး တလောကလုံး
    ထိ နေကြတာပါပဲနော်..။ တကယ်လို့ ပြန်
    တက်လာရင်ရော...၊ အတက်အကျ ကတော့ 
    သိတဲ့ အတိုင်းပါနော......။ အဲ.. ဝန်ထမ်းက
    ရေးတာ မှားရင်ခဲ့ ရင်တော့  ... ပြီးတာလည်း
    ပြီးပြီပေါ့  မမရယ်....။

    ReplyDelete
  6. မမ..

    စိတ်ဆိုးနဲ့တော့..။ ပင်ပန်းလိမ့်မယ်။ ပိတ်ရက်ကျ ကြက်ကင်သွားစားကြမယ်လေ..။

    ReplyDelete
  7. ရွှေပိသာနဲ့ဝယ်မှာကိုသိန်း၆၀ကျော်နဲ့ရမလားဟင်
    မသိလို့ပါ....
    အမရွှေစင်ကတစ်ကယ်ဝယ်မှာပေါ့နော်
    ဘယ်နားသိမ်းမလဲဟင်...
    သေနတ်အရင်ဝယ်အုန်းမယ်...

    ReplyDelete
  8. ရသင့်ရထိုက်တဲ့ အခွင့်အရေး ဆုံးရှုံးတဲ့အကြောင်း ပြောပြတာပါ ကျွန်တော့်အမ က အင်မတန်မှ သည်းခံပါတယ် ဘယ်တရားမှ လဲ မစွဲပါဘူးဗျာ တော်ကြာနေ တရားရှုံးသွားလို့ မိအေး နှစ်ခါ နာမှာကြောက်ပါတယ်
    တကယ်တော့ လူ့အခွင့်အရေး ဘာအရေး မပြောပါဘူး ကိုယ့်ရမယ့် ကိုယ့်အခွင့်အရေးလေး ကိုယ်တောင် နားမလည်မှ တော့ ပြောတော့ပါဘူးဗျာ

    ချစ်ညီမ

    ReplyDelete
  9. အပေါ် WhomaIဆိုတဲ့ ငမိုက်သား။ ခွေးသားရေ ခြုံထားတိုင်း ခွေးမာန်မတက်နဲ့ကွာ။ အရပ်သားဝန်ထမ်းကို နရင်းရိုက်ချင်ရင် မင်း ပါး အရင်အရိုက်ခံလိုက်။

    ReplyDelete
  10. ဟင်...မြေကြီးထဲက ရွေအိုးက ခုမှဝယ်ဖြည့်ရမှာလား...
    ဟင့်...မြေတူးစက်တောင်မှာပြီးသွားဘီ....။အဲ့မြေတူးစက်
    ကြီးဘာလုပ်ရတော့မလဲ....အစ်မကိုတရာစွဲမယ်...:)))
    (အရင်ပို့စ်က ကွန်မန့်တွေ ပြန်ပြေးဖတ်ရသေးတယ်..။
    စုံနေတာပဲ...:))) ဒါနဲ့ အစ်မဂယ်တရားစွဲမှာလား...စွဲသာစွဲ
    ဟိ....အဆင်းဘီးတပ်ပေးခဲ့အိ....)

    ReplyDelete
  11. အစ်မ ရေ ...
    ပထမဆုံးကတော့ ဒေါသလေးလျှော့ပါလို့ ...။ ပထမ ပို့စ်မှာ ကွန့်မန့်ရေးသွားသူတွေက အစ်မ ရေးသားထားတဲ့ပေါ်မှုတည်ပြီးရေးသွားတာပါ အဲဒီလူတွေ ရေးတာက အခုလို အစ်မ အစုံအလင်ရေးခဲ့ရင်လဲ အဲဒီလို ကွန်မန့်တွေရေးမှာ မဟုတ်ပဲ အပေါ်က အမည်မသိပြောသွားသလိုပါပဲ ...။ နိုင်ငံတစ်ချို့မှာ ပါ လေဆိပ် က လ.၀.က အရာရှိဖြစ်ပြီးမြန်မာပြည်ကို မသိလို့ ဆိုပြီး မြန်မာပတ်စပို့ကိုင်ဆောင်သူကို စစ်ဆေးလိုက်တာ တစ်နေကုန်သွားပါတယ် ...။ အဲ့ဒီခရီးသည်ရဲ့ နစ်နာမှု က အများကြီးပါ ဒါပေမယ်သူ့နိုင်ငံ ဥပဒေအရ လွှဲသွားတဲ့လေယာဉ်လက်မှတ်ဖိုးလဲ လျော်မပေးပါဘူး။ ဒီလို အဖြစ်မျိုးကို သဘောင်္သားတစ်ချို့ ရင်ဆိုင်ဖူးပါတယ် ။ ဒါက မြန်မာပြည်လို မဖွံ့ဖြိုးသေးတဲ့ နိုင်ငံမှာဖြစ်ပျက်သွားတဲ့အဖြစ်ပျက်မဟုတ်ပါဘူး တိုးတတ်နေတဲ့ နိုင်ငံဂျားမှာ ဖြစ်သွားတာပါ..။ အစ်မ ဘဏ် အကောင့်လဲ မှန်ပေမယ့် အစ်မ ငွေစု ဘဏ် အကောင့်ထဲကို လွှဲလိုက်တယ် ဆိုရင်တော့ အစ်မ မှတ်ပုံတင်ပြပြီး အကောင့်ထဲကနေ ငွေအလွယ်တကူထုတ်သွားလို့ရပါတယ် ။ မှတ်ပုံတင် ကို ၀န်ထမ်းက ဖြည့်ပေးလိုက်ပြီးဆိုကတည်းက ဖောင်ဖြည့်တဲ့နေရာမှာ ငွေလွှဲသူတစ်ယောက်က စာမတတ်သူသို့ မဟုတ် ၀န်ထမ်းကို အကူညီတောင်းတဲ့အခါ သူက စေတနာနဲ့ ကူညီရာက ဖြစ်သွားတာပါ ဒါပေမယ့် အဲ့လို ဖြည့်ပြီးတိုင်းလဲ ကျမ ဖြည့်ထားတဲ့အချက်လက်လေးမှန်မမှန်စစ်ဆေးကြည့်ပါအုံးဆိုပြီးမေးလေ့တော့၇ှိပါတယ် အဲဒီအချိန်မှာ ငွေလွှဲသူကလဲ ပြီးပြီးေ၇ာ ခေါင်းညိတ်လိုက်ပုံရပါတယ် အစ်မ(ဒါက ဖြစ်နိုင်ချေကို ကျနော်တွေးပြတာပါ) အစ်မ ငွေပမာဏကို သူ့ဘက်က အလွယ်တကူထုတ်မပေးတာ ဟာ အစ်မ ငွေပမာဏ က သောင်းဂဏန်း တစ်သိန်းမကျော်ရင်တော့ ထုတ်ပေးလေ့၇ှိတဲ့ထုံစံလေးရှိပါတယ် ။ အဲ့လို ပမာဏမျိုးက လွှဲချော်ခဲ့ရင်တောင်သူတို့မှာ စိုက်ထုတ်လျော်နိုင်တဲ့အင်အားရှိလို့ပါ။ အခု အစ်မ ငွေပမာဏက သူတို့ထုတ်ပေးနိုင်တဲ့ပမာဏထက် များနေတဲ့အတွက် လွှဲချော်သွားခဲ့၇င်တောင် သူ့လစာနဲ့ စိုက်မလျော်နိုင်တာကိုတွေးပြီး အထစ်ထစ်အငေါ့ငေါ့၇ှိသွားတာပါ ..။ မြန်မာပြည်မှာ ငွေလွှဲတဲ့အခါတိုင်း စ နဲ့ ဆလိမ်ကိုတောင် စလုံးနော် ဆလိမ်နော် ပြန်ပြောမယ်နော်စသဖြင့်စသဖြင့် အခါခါမှာရပါတယ် ။ ဒါကလည်း အခု လို အစ်မ ဖြစ်သလို အဖြစ်ပျက်မျိုးလူတော်တော်များများဖြစ်တတ်ပြီးနှောင့်နှေးတတ်တဲ့အတွက် အသေအချာကို မှာကြားပြောဆိုကြပါတယ် (အစ်မ က သေချာ မမှာဘူးလို့ ကျနော်မပြောပါဘူး)

    ReplyDelete
  12. ကို/မ Jamie ရေ...
    ကျနော်က မရွှေစင်ဦးနေရာကနေ ၀င်ကိုယ်ချင်းစာပြီး ပျော်စေပျက်စေပြောတာပါဗျာ.. ခင်များကလည်း တွယ်မယ်ဆိုတာချည်းပဲ..
    ခင်များက ဘဏ်ဝန်ထမ်းမို့လို့ နာတာလား.. ဒါမှမဟုတ် တမင်ပွဲဆူစေချင်လို့ ဒီလိုမျိုးခွေးနဲ့ နှိုင်းလိုက်တာလားတော့မသိပါဘူး..
    ခွေးဆိုတော့လည်း ခွေးပေါ့ဗျာ... ဒါပေမယ့် ခွေးက ယဉ်ကျေးစွာစကားပြောပါတယ်ဗျ.. ခင်ဗျားကိုလည်း ယဉ်ကျေးလိမ္မာအောင် မိဘတွေက
    ဆုံးမသွန်သင်လိမ့်မယ်လို့တော့ ယူဆပါတယ်..း)

    ReplyDelete
  13. အစ်မ ရွှေစင်

ေ၇ွှဈေးက တတ်သွားလို့ ပါ ရက်ပိုင်းအတွင်းမှာ ကျသွားတာနဲ့တိုးရင်ကော ဘဏ်က ငွေထုတ်တာ နောက်ကျ လို့ကျဈေးနဲ့ကြုံလို့ဆိုပြီး အစ်မ က ဘဏ်ဝန်ထမ်းကို သွားပေးမလားပြော လို့ ပဲ မေးလိုက်ပါရစေ

    ReplyDelete
  14. ရွှေဈေး တက်ခြင်း ကျခြင်း ကို စာရေးသူ အဓိက ဆိုလိုတယ် မထင်ပါဘူး ဥပမာ တခု အနေနဲ့တင်စားခြင်းသာ ဖြစ်ပါလိမ့်မယ် စာရေးသူ ဆိုလိုတာက အခွင့်အရေး တခု ကို ရည်ညွှန်း တာဖြစ်ပါလိမ့်မယ် ကိုယ့်ငွေရပြီးရင် ရွှေဝယ်ချင် ၀ယ်မယ် ကိုယ်ကြိုက်တာလုပ်နိုင်မယ် ငွေရှိရင် ဘာမဆိုဖြစ်တဲ့အချိန်ကိုး ။ရွှေဈေးကျလို့လဲ ဘဏ်ဝန်ထမ်းကို ကျေးဇူးမတင်လောက်ပါဘူး။
    စာရေးသူဆိုလိုရင်းကို နားမလည်သရွေ့တော့ တို့တိုင်းပြည်ကြီးကတော့ ကောင်းကွာ။

    ReplyDelete
  15. အဲ.
    မရွှေစင်ရဲ့ ဘဏ်ဇာတ်လမ်းကတော့ အတော်လေး တာသွားပါလား.. ဟော့ပို့စ်.ဖြစ်နေပြီ ။
    အဲ့ဒီဘဏ်က ထုတ်လာတဲ့ အထုတ်တွေ ၊အရွက်ရေ ပြည့်ရဲ့လား၊ အတုတွေ ပါနေသေးလား၊ ထောင်တန်တွေကြားထဲ ၂၀၀ တန်အရွက်တွေ ရောထဲ့ထားသေးလား သေချာ စစ်ဆေးကြည့်ပါအုံး.. ကိုယ်တွေ့ ခံခဲ့ရဖူးလို့ပါ။

    ဘဏ်အကြောင်းပြီးရင် တယ်လီဖုန်းကြေးသွင်းရတဲ့ အကြောင်း ၊ ကိုယ့်ဖုံးက ပိုက်ဆံ သွင်းထားပြီးရဲ့ နဲ့ ၊ အကြွေးကျန်တယ် ဆိုပြီး မှား အပိတ်ခံထားရတဲ့ အကြောင်း၊ နောက်ဆုံးတော့ သူတို့ ဝန်ထမ်းက ကွန်ပြူတာမှာ နံပါတ်ရိုက်တာ မှားပြီး ဖြစ်ရတဲ့ ကိစ္စကို ဝန်မခံပဲ ဟိုသူ့ လွှဲ ဒီလူ့ လွှဲ ၊ လွှဲချလို့ နေရင်းထိုင်ရင်း ဂြိုလ်ဝင်ခဲ့ရတဲ့ အကြောင်းး စသဖြင့်..ကိုယ်တွေ့ လေးများရှိရင် လည်း မျှဝေပေးပါအုံး နော့်။

    ဖွားကိ..

    ReplyDelete
  16. အစ်မရွှေစင် နောက်ဆက်တွဲ ဇာတ်သိမ်းလေး မှာ "ဘာကြောင့်၊ ဘယ်လို" ဆိုတာ ကြီးက ထင်ထင် ရှားရှားပါဗျာ။ ဆက်ပြောရရင်..ပြောမဆုံးပေါင်၊ တောသုံးတောင် ဖြစ်နေဦးမယ်။

    ReplyDelete
  17. ဘဏ်ဝန်ထမ်းလဲ အပြစ်မရှိ၊ မရွှေစင်လဲ အပြစ်မရှိ၊ တိုင်းပြည်ကို ဒီလောက်တိုးတက်အောင် လုပ်ရက်သည့် သေချင်းဆိုးကာလနာများသာ အပြစ်ရှိပါကြောင်း။

    ReplyDelete
  18. @Who am I
    အဟေးဟေး
    မြန်မာပြည်မှာ ရွှေတစ်ပိသာသိန်းခြောက်ဆယ်နဲ့ဝယ်လို့ရတဲ့ခေတ်ရောက်နေပြီလား
    အင်းအဘတော့ငယ်ငယ်တုန်းကတော့ကြုံဖူးပါတယ်ကွယ်
    အဲဒီတုန်းကပေါ့ကွယ်
    ဟိုးရှေးရှေးတုန်းကပေါ့

    ReplyDelete
  19. ချော(အစိမ်းရောင်လွင်ပြင်)June 17, 2011 at 11:29 AM

    ဟိဟိ
    ဒီပိုစ့်တက်လာတော့မှာ အစ်မရွှေစင်ရဲ့ ဘဏ်ပိုစ့်ကြီး အတော်ဟော့သွားတာ သိလိုက်ရတော့တယ် ဟိုပိုစ့်ကို တစ်ဖန်ပြန်သွားပြီး ကော်မန့်တွေ ပြန်ဖတ်ရသေး။
    အင်း အစ်မရွှေစင်က တရားစွဲမယ် ရွှေကိုပိဿာလိုက်ဝယ်မယ် လို့ ခပ်ရွတ်ရွတ်ပြောလိုက်တာ တကယ်ထင်ပြီး အစ်မအိမ်အောက် လာတူးကုန်တော့မယ် ခိခိ
    အစ်မအိမ်လိပ်စာ ညီမသိတယ်နော်
    မရွှေစင်အိမ် လိပ်စာသိလိုသူများ ရွှေတူးမည့်သူများ ဆက်သွယ်ပါရန်...း))
    အစ်မရွှေစင်က တကယ်တရားမစွဲပါဘူးလေ သိပါတယ်။ တမင်ရွတ်ပြီးရေးတာပါ။
    တကယ်ထင်ပြီး အစ်မကို လာအော်နေကြဦးမယ်။ လူတိုင်းမှာ ပြဿနာဆိုတာ အဲဒီနေရာကို ကိုယ်တကယ်ကြုံရမှာသာ ကိုယ်ချင်းစာလို့ ရတာပါ။ ညီမက ဘဏ်ဝန်ထမ်း တစ်ယောက်အနေနဲ့ရော၊ ငွေထုတ်သူ ပြင်ပ Customer တစ်ယောက်အနေနဲ့ပါ ၂မျိုးစလုံး နေရာကနေ နေခဲ့ဖူး၊ ခံစားခဲ့ဖူးပါတယ်။ အပြင်လူတစ်ယောက်အနေနဲ့ မှတ်ပုံတင်တစ်လုံးလွဲလို့ ငွေထုတ်မရတဲ့အခါ ဒီလောက် အမြဲလာနေတာ၊ သိနေတာတောင် မထုတ်ပေးရကောင်းလားဆိုတဲ့ ဒေါသခံစားချက်မျိုး ဖြစ်ခဲ့ရဖူးသလို ၊ ဘဏ်ဝန်ထမ်းဖြစ်စဉ်မှာလည်း ငွေထုတ်သူကို အားနာပေမဲ့ ဘဏ်က သတ်မှတ်ထားတဲ့ ငွေထုတ်ပေးမှု စည်းကမ်းအရ၊ မန်နေဂျာက ခွင့်မပြုလို့ ထုတ်ပေးလို့ မဖြစ်ခဲ့တာမျိုး အကြိမ်ကြိမ် ကြုံခဲ့ရပါတယ်။ ဒီတော့လည်း ပြောချင်တာက လူဆိုတာ အဲဒီနေရာကို ကိုယ်တိုင်ကြုံမှသာ ခံစားနားလည်နိုင်တာပါလို့...
    အစ်မရွှေစင်ရဲ့ ခံစားချက်ကလည်း Customer ဘက်က ခံစားချက်ဖြစ်ပါတယ်။
    စကားမစပ် (အစ်မရဲ့ရွှေ လုံအောင်ဖွက်နော်း) )

    ReplyDelete
  20. ဟားဟား ဆောရီးဗျာ.. ရေးချင်စောနဲ့ မှားသွားတာပါ.. သိန်း ခြောက်ရာကျော်လို့ပြောချင်တာပါ...

    ReplyDelete
  21. ကိုဇော်June 17, 2011 at 1:32 PM

    WhoAmI? >>> အေးလေ . . ပြောချင်ဇောနဲ့ တစ်ကျပ်သား ၆ သိန်း ၊ ကျပ် ၁၀၀ ကို သိန်း ၆၀ ဆိုပြီး တွက်လိုက်တာကတော့ အတော် ဟန်တာပဲ။ အခုတောင်မှ သူများကို ပြောချင်ဇောနဲ့ မှားနေပြီ ဆိုတော့ ဘဏ်က အလုပ်သမားလေးတွေလည်း မှားရှာပေမပေါ့။ ဒါနဲ့ WhoAmI? ရေ . . . . ခန္ဒီလို့ မပေါင်းရပါဘူးဗျာ။ ခန္တီ လို့ ရေးရတယ်ဗျ။ ( ကျနော် အခုပြောတာတွေကို သည်းခံနိုင်လိမ့်မယ် လို့ ယူဆပါတယ်။ )
    ..............................................
    ဘယ်လိုပဲ ဖြစ်ဖြစ် အရင်က ကျတော့ မှားတယ်။ အခုကျတော့ အမှား အတိုင်းထုတ်ပေးတယ် ဆိုတာကတော့ လွန်လွန်းတယ် အစ်မရယ်။ သည်းမခံပါနဲ့။ ရှုံးတော့မှ ရှုံးရော တရားစွဲပစ်ပါ။ သုံးခါ တိတိ တရားရုံးကို မသွားဘဲ အစ်မ နေလို့ ရတယ်။ ကိုယ်က တရားလို။ သူတို့ကတော့ မလာမနေရ လာရမှာ . . သူတို့က တရားခံ။ ဒီအချိန်အထိ တရားရှုံးစရာလည်း မရှိဘူး။ ပြီးတော့ အစ်မမှာ စကင်ဖတ်ထားတာ ရှိနေတာပဲလေ။ အစ်မ အရင်က ဘယ်လောက်တောင်မှ လူတွေ ဒီလို ခံခဲ့ရပြီလဲ ဆိုတာ ဘယ်သူ့မှ မသိနိုင်ဘူးလေ။ ပြောတဲ့လူ မရှိလို့ လူပေါင်းများစွာ သေခဲ့ရပြီးမှ ဂျာနယ်တွေကြောင့် လူသိများသွားရတဲ့ SSC ကိစ္စလိုပေါ့ အစ်မရယ်။ ဒါမှလည်း ပြောင်းလဲမှုတွေထဲက တစ်ခု ဖြစ်မှာ မဟုတ်လား။ ဘဏ်တွေ တိုးတတ်အောင်လို့ အစ်မက အစပြုလိုက်တာလို့ ဆိုနိုင်ပါတယ်။

    အခု ကိစ္စမှာ ယူတတ်ရင်တော့ အတွေ့အကြုံ တစ်ခု ရတာပေါ့ အစ်မရယ်။ နောင်ဆိုရင် အဲဒီလို မှတ်ပုံတင်နဲ့ ငွေ မလွှဲနဲ့။ အစ်မရဲ့ ဘဏ်အကောင့်ထဲကို ဟိုမှာ ကျနော် ရေးခဲ့သလို ထည့်ခိုင်းလိုက်။ ဒါဆို ငွေလွှဲခလည်း မပေးရတော့ဘူး။ ( ကျနော် သိသလောက် အရင်က မပေးရဘူး။ ဒီမှာတော့ အခုထိ မပေးရပါဘူး။ ) ထည့်ပြီးပြီ ဝင်ပြီ ဆိုတော့မှ အစ်မက ဒီဘက်က ဘဏ်စာအုပ်လေးကို Update လုပ်ပေးပါ ဆိုပြီး ကွန်ပျူတာ စစ်ခိုင်းလိုက်။ အိုကေပြီ ဝင်ပြီ ဆိုတော့မှ အစ်မ ထုတ်ချင်သလောက် ထုတ်လိုက်။ ဒါဆို ငွေလွှဲခလည်း မကုန်ဘူး။ မှတ်ပုံတင်လည်း မှားစရာ မလိုတော့ဘူး။ အဲ . . တစ်ခုပဲ ဟိုဘက်က ထည့်တဲ့ လူက အစ်မ နာမည်နဲ့ ဘဏ်အကောင့်ကို မှန်အောင် ရေးပြီးထည့်ပေးဖို့ပါပဲ။

    ဒီလို အတွေ့အကြုံကြောင့် နောက်ဆို အစ်မ ဘဏ် ငွေလွှဲခပါ သက်သာသွားပြီပေါ့ဗျာ။ ကျနော်ကတော့ ဒီလိုပဲ လုပ်ယူတယ်။ လူလည်ကျတယ်ပဲ ပြောပြောပေါ့။ ဒီမှာတော့ ATM တွေ ၊ Deposit တွေ ရှိတဲ့ အတွက် ကြိုက်တဲ့ အချိန် ၂၄ နာရီထုတ် ၊ ၂၄ နာရီ ထည့်လို့ ရပါတယ်။ မှားစရာလည်း မရှိဘူး။ အကောင့် နံပါတ် ရိုက်ထည့်လိုက်တာနဲ့ သူ့ဖာသာ နာမည်နဲ့ တွဲပေါ်လာတယ်။ ပိုက်ဆံကို ထည့် ပြီးမှ သေချာပြီလားလို့ ၂ ဆင့်မေးတယ်။ သေချာပြီ ဆိုပြီး ထည့်လိုက်ရင် ဝင်သွားတယ်။ အခု ဝင် ဟိုဘက်က ATM စက်မှာ စစ်လိုက်ရင် ငွေစာရင်းကို ပြတော့တာပဲ။ အဲဒါလည်း စက်နဲ့ပဲ လုပ်တာပါပဲ။ အခုက ဒီလူတွေကို စက်နဲ့ နှိုင်းရင် စက် သိက္ခာကျပါတယ် အစ်မရာ။ ကျနော့် သူငယ်ချင်းတွေလည်း ဘဏ်မှာ မန်နေဂျာ အထိ အများကြီး ရှိပါတယ်။ ပြောလိုက်ရင် ငွေထုပ်တွေက ပစ်ပေါက်တန်း ကစားနေတယ် ဆိုတာပဲ ကြားနေရတယ်။ ဘယ်လို မြန်ဆန်အောင် လုပ်မယ် ဆိုတာ မသိဘူး။ လုပ်ပိုင်ခွင့်လည်း မရှိဘူးလေ။ ဒါက အဓိက ဖြစ်နေတာပါပဲ။

    အဆင်ပြေ ပျော်ရွှင်ပါစေဗျာ။

    ReplyDelete
  22. သို့ ဖွားကိ
    အစ်မ အဲ့လို ကြုံဖူးတယ်ဆိုတာ ၂၀၀တန် ညှပ်ပါတာ တို့ အရွက်မပြည့်တာတို့ ဆိုတာ ဘယ်ဘဏ်ကလဲ ဘဏ်တွေမှာတော့ အဲ့လို ဖြစ်လေ့ မ၇ှိတတ်ပါဘူး
    အဲ့လို အများစု ဖြစ်တတ်တာက အေး၈ျင့်တွေက နေ ငွေလွှဲတဲ့အခါ စစ်မယူမိရင်တို့ အချင်းချင်း ငွေချေတဲ့အခါတွေမှာသာ အများဆုံးကြုံရတတ်ပါတယ် ။

    ReplyDelete
  23. WhoamI သို့

    ကျုပ်ဟာ အရပ်သား၁ယောက် ဖြစ်တဲ့အတွက် ခင်ဗျားတို့လို ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်နေတဲ့အထိ မမိုက်ရိုင်းဘူးဆိုတာ သိထားစေချင်တယ်။ ခင်ဗျားတို့ လူလားခွေးလားဆိုတာ တစ်ကမ္ဘာလုံးကို လိုက်မေး၊ အဲဒါခွေးတွေလို့ မြန်မာလူမျိုးတွေကရော လူမျိုးတိုင်းကရော ဖြေမှာပဲ။ ပို့စ်နဲ့ ဘာမှမဆိုင်လို့ ကျုပ် ဒီထက် ဘာမှမပြောချင်တော့ဘူး။ ကျုပ် ဘဏ်ဝန်ထမ်း မဟုတ်ဘူး။ ခင်ဗျားတို့ကို ထမင်းကျွေးပြီး ခင်ဗျားတို့ ကျေးဇူးကန်းတာ စော်ကားတာ ခံနေရတဲ့ နိုင်ငံသား၁ယောက်။ ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်ခံနေရလို့ ခွေးရူးပြန်ဆေး ထိုးဖို့လိုနေတဲ့လူများစွာထဲက ၁ယောက်။ ခင်ဗျားက ပြောချင်တိုင်း ပြောလို့ရပေမယ့် ကျုပ်တို့က ပြောလို့မရလို့ ဘာမှလဲ နောက်ထပ် ဆက်ပြောနေမှာ မဟုတ်ဘူး။ ဒါ နောက်ဆုံးပဲ။

    ReplyDelete
  24. ရီစရာပြောရရင် ဒီထိုင်ဝမ်မှာ ဟိုတလောကမှ ဖြစ်သွားတဲ့ အဖြစ်လေးတစ်ခုရှိပါတယ်။ အဲဒီလူက ဘဏ်ကို ဆန္ဒပြတဲ့အနေနဲ့ ဒီကအခေါ် သောင်းတစ်ရာကျော် ( ၁၀သိန်းကျော်) ဖိုးကို ၅၀တန် အကြွေစေ့တွေ တွန်းလှည်းနဲ့ထည့်ပြီး ဘဏ်သွားအပ်တာ။ ဘာကြောင့်ဆန္ဒပြတယ်။ အကြွေတွေ ဘယ်လိုစုထားတယ်ဆိုတာတော့ မသိလိုက်ဘူး။ ဘဏ်ထဲကို လက်တွန်းလှည်းကြီး တွန်းပြီး ဝင်သွားတော့တာပဲ။ ဘဏ်ဝန်ထမ်းတွေ မျက်နာမကောင်းကြဘူးလေ။ အကြွေစေ့တွေ ရေတွက်ရတော့မယ်ဆိုပဲ။ ( အကြွေအားလုံးရဲ့ အလေးချိန်ကို အကြွေတစ်စေ့ရဲ့ အလေးချိန်နဲ့ စားလိုက်ရင် တန်ဖိုးထွက်လာမယ်တော့ သတင်းကြည့်ရင်းတွေးမိသေးတယ်။)

    အမလည်း အဲဒီလို ဆန္ဒပြချင်တာတောင် ပြလို့ရမယ်မထင်ဘူး။ အကြွေစေ့ရှားပါးလွန်းလို့။
    စိတ်လျော့အမရေ..။ ဟိုဘက်လှုပ် ဒီဘက်ယိမ်းနဲ့ အဆင်ပြေအောင် နေနေရတဲ့ နိင်ငံထဲမှာ တတ်နိင်သမျှ ဖြေတွေး တွေးတာပဲ အကောင်းဆုံး ထင်ပါရဲ့။

    ReplyDelete
  25. ဒီလိုမျိုးတိကျတာမကောင်းဘူးလားဗျာ.. ကွှန်တော်တို့နိုင်ငံတိုးတက်ဖို့ပေါ့.. ဘာတွေများ ဒီလောက်ဖြစ်နေကြတာလဲ.. နောက်ပြီး အပေါ်မှာ ကျွန်တော်ဖတ်မိသလောက် တော်တော်များများက ဒေါ်ရွှေစင်ဦးသဘောကျ ရေးသွားကြတာကိုတွေ့တယ်.. ဘလော့ဂါကိုလေးစားတယ်ဆိုရင် အမှန်ကိုအမှန်အတိုင်း တင်ပြရဲတဲ့ သတ္တိရှိရမှာပေါ့.. ကျွန်တော်ကတော့ ဒီတစ်ခါမှာ ဒေါ်ရွှေစင်ဦးလုပ်ရပ်မှားတယ်လို့မြင်ပါတယ်.. ဘာလို့လဲဆိုတော့ ဒေါ်ရွှေစင်ဦးဆိုတာ သမာသမတ်ကျတယ်.. အမှန်ကိုမြင်တတ်တယ်.. တရားကိုနားလည်တယ်လို့ လက်ခံထားတာပါ.. ဒီလောက်ထိ သွေးဆူတတ်လိမ့်မယ်လို့ မထင်ခဲ့တာပါ..

    ဒေါ်ရွှေစင်ဦးက တရားစွဲဦးမယ်လဲပြောတယ်.. ဘာဥပဒေနဲ့ စွဲမှာလဲ သိပါရစေ.. ကျွန်တော် ဘဏ်ဥပဒေကို ကောင်းကောင်းလေ့လာဖူးပါတယ်.. ဘဏ်တစ်ခုနဲ့တစ်ခု လွှဲတဲ့အခါသွုင်းလေ့ရှိတဲ့ စာရင်းမှာ အချက်အလက်တွေမှားနေရင် ဘဏ်ဝန်ထမ်းတွေ အနေနဲ့ ထုတ်ပေးခွင့်မရှိပါဘူး.. ထုတ်ပေးခဲ့လို့ မှားယွင်းခဲ့ရင်လည်း ထုတ်ပေးတဲ့သူမှာ အပြည့်အ၀တာဝန် ရှိပါတယ်လို့ မြန်မာနိုင်ငံ ဘဏ်ဥပဒေမှာ အတိအလင်းကို ဖော်ပြထားတာပါ.. အဲတော့ တရားစွဲမယ် ပြောရင်လည်း မြန်မာနိုင်ငံ ဘဏ်ဥပဒေကိုတော့ဖြင့် သေချာလေ့လာစေချင်တယ်လို့ပြောပါရစေ..

    ဘဏ်ဆိုတာ လူတန်းစားအားလုံးအတွက် မရှိမဖြစ် လုပ်ငန်းတစ်ခုပါ.. တကယ်လို့များ ဘဏ်ဆိုတာသာမရှိခဲ့ရင် ကျွန်တော်တို့ ငွေတွေဘယ်လိုသုံးမလဲ.. ဥပမာအားဖြင့် ဗျာ ဘဏ်မှာ အိမ်တွေအပေါင်ထားမယ်ဆိုပါ စို့.. ဘဏ်အတိုးက တစ်လမှာ တစ်ကျပ်တိုးပဲရှိပါတယ်.. ဘဏ်မရှိလို့များ အပြင်မှာပေါင်မယ်ဆို ငါးကျပ်တိုးဆိုတာ အနည်းဆုံးပါ.. ကဲ.. ဘယ်သူတွေများ အမြတ်ပိုစားသလဲ.. ခင်ဗျားတို့ပြောပြောနေတဲ့ ပုဂ္ဂလိက လူတန်းစားတွေက ပိုအမြတ်စားတာပေါ့.. ဒီလောက်ရှင်းနေတာများဗျာ.. မျှမျှတတ ပြောသင့်တာပေါ့ .. ကျွန်တော်တို့ မြန်မာပြည်သူတွေကို တရားမျှတသူတွေဖြစ်စေချင်ပါတယ်..

    ကျေးဇူးတင်ပါသည်။
    အနားနီးမတ်စ်

    ReplyDelete
  26. “မတရားမှုတခုမှာ “ ကြားနေ” တယ်ဆိုရင်
    သင်ဟာ ဖိနှိပ်သူဘက်က လိုက်ဖို့ ရွေးချယ် လိုက်တာနဲ့ အတူတူပါပဲ” လို့ ဒေါ်ရွှေစင်ဦးခံယူထားတယ်ဆိုလို့ အပေါ်က ပို့စ်ကိုရေးလိုက်တာပါ.. နားလည်ပေးနိုင်မည် ထင်ပါသည်။

    ReplyDelete
  27. ဒီကိစ္စမှာ အစ်မေ၇ွှစင် ဒေါသအဖြစ်သင့်ဆုံးလူမှာ ငွေလွှဲသူပါ ။ မှားယွင်းနေလို့ ထုတ်မရတဲ့အကြောင်းပြောတဲ့အခါ မှာ အကျိုးအကြောင်းသေချာပြောပြီး တစ်လေးတစားပြင်ပေးလိုက်ရင်ရွှေဈေးအတတ်နဲ့မိမှာ မဟုတ်သလို ဘဏ်ဝန်ထမ်းတွေ ကိုလဲ ဟိုမိုဂျီးနီးရက်လို့ ပြောမိမှာ မဟုတ်ပါဘူး ....။ ငွေအဲ့လောက်တန်ဖိုးကို အလွယ်တကူထုတ်မပေးသော ၀န်ထမ်း မှာ အပြစ်မဟုတ်ပါ အလွယ်တကူထုတ်ပေးလိုက်လို့ လူမှားသွားလျှင် ဆင်းရဲသူသာမန်ဝန်ထမ်းအတွက်ဘ၀ ပျက်နိုင်ပါသည်။ အပြောင်အလဲ နဲ့ တိုးတတ်မှုကို လိုလားသူ လူများအနေနဲ့လည်း အဲ့လို တိကျမှန်ကန်မှုမျိုးကို ဒေါသမဖြစ်သင့်ပါ မမြန်ဆန်သေးတာကလည်း ငွေလွှဲသူက ပေါ့ပေါ့တန်တန် နိုင်မှန်းသိသာလွန်းလှပါသည် ။ ငွေလွှဲကလည်းက ဘဏ်စာေ၇းမကဖြည့်ပေးပြီဆိုကတည်း သူမှာ ပြန်လည်စစ်ဆေးရမယ့်တာဝန် ဒီငွေလွှဲပြီးတဲ့အခါမှာလဲ တစ်ဘက်က ထုတ်ပြီးပြီးဆိုမှ တစ်ဘက်က ငွေလွှဲသူမှာ တာဝန်ပေါ့သွားပါသည် တစ်ဘက်က လက်ခံမရမခြင်းငွေလွှဲသူမှာ တာဝန်မကင်းသေးပါ ။ ဘဏ်ကို ချည့်အပြစ်တင်နေသော ဖောရှောကွန်မန့်များရေးပြီး အချင်းချင်းဖောနေသောသူအများစု သည် နာမည်ဂျီး ဘလောက်ဂါ များဖြစ်ကြသဖြင့် ဆင်ခြင်သင့်ပါသည်
    ရွှေဝယ်ချင်တဲ့ လောဘေ၇ွှးဈေးတတ်သွားတဲ့ဒေါသ တွေ အမြန်ဆုံးပြေပျောက်ပါစေ ဒကာမကြီး :P

    ReplyDelete
  28. ဝုတ် ဝုတ် ဝုတ် ဝုတ်.. ဝု ဝု ဝူး

    ဝူး ဝုတ်ဝုတ် ဝုတ် ဝူးဝူး

    အစ်မရွှေစင်ရေ...ခွေးလွှတ်ပါ...

    ကွန်မန့်မှာ မဆီမဆိုင် ခွေးတွေပါ ဝင်ပြောနေတယ်ဆိုတော့ ဒီခွေးတွေ လူစကား နားလည်မှာ မဟုတ်တော့ သူတို့နားလည်မယ့် ခွေးlanguage နဲ့ တုံ့ပြန်ပေးလိုက်တယ်... နာမည်အမျိုးမျိုးနဲ့ လာရေးနေတဲ့ ဒီကောင်တွေနဲ့လဲ ဖက်ငြင်းမနေကြပါနဲ့တော့.... ။ ဝုတ်ဝုတ်တို့အဖွဲ့ကို အနော်တို့ ပြည်သူလူထုကြီးက အရှုံးပေးပါတယ်...

    ဟေ့ကောင်တွေ... မင်းတို့လဲ တော်တော့နော်... မင်းတို့နားလည်မယ့် စကားနဲ့ ထပ်ပြောမယ်...ဝု ဝူဝူ ဝူးဝူးဝူး

    ReplyDelete
  29. Jamie ရေ...
    နောက်ဆုံးပဲလို့ရေးသွားတဲ့အတွက် ၀မ်းသာပါတယ်.. ဖတ်ချင်ရင်တော့လာဖတ်ဦးပေါ့ဗျာ.. မရွှေစင်ဦး ဘလောဂ်က နိုင်ငံရေးဘလော့မဟုတ်ဖူးဆိုတာတော့ ကျနော်သိထားပါတယ်..
    ဒီလိုဘလောဂ်မျိုးမှာ ကျနော့်အနေနဲ့ ဘယ်သူ့ကိုမှ သာစေ နာစေ တိုက်ခိုက်တာမျိုးမရှိပါဘူး.. ကျဉ်းမြောင်းတဲ့အယူအဆနဲ့ သူတပါးကို မထိုးနှက်ပါဘူး.. ပိုစ့်အရ တွေးလို့ရတဲ့ ရှုထောင့်
    ပေါင်းစုံကနေ ဆွေးနွေးပေးကြည့်ခဲ့တာပါပဲ.. ခင်များကိုသိလည်းမသိ ရည်ရွယ်ပြီးလည်း မတိုက်ခိုက်ခဲ့ပါဘူး.. Personal မကျေနပ်လို့ ဆဲချင်လည်း လာဆဲနိုင်ပါတယ်.. ကိစ္စမရှိပါဘူး.. ရန်ကိုရန်ချင်း မတုန့်နှင်းလိုပါဘူး..
    ဒါပေမယ့် ဘယ်သူကအလွန်လဲ ဆိုတာတော့ အများသိပါတယ်.. နောက်ပြီး..ခင်များအနေနဲ့ အရပ်သား စစ်သား ခွဲခြားပြီး ကျဉ်းမြောင်းစွာတွေးခေါ်တတ်တဲ့အမြင်တွေ ဖျောက်သင့်ပါပြီ..
    တိုင်းပြည်ကို ကောင်းစေချင်ရင် အဲဒိလို အယူစွဲတွေကို ဖျောက်ပါလို့ အကြံပေးပါရစေ.. ကြည့်ရတာ ခင်များအနေနဲ့ စစ်သားမုန်းတီးရေးဝါဒကို လက်ကိုင်ထားပြီး .. စစ်သားတွေ့ရင် တိုက်ခိုက်ဆဲဆို
    တာမျိုးတွေ လုပ်လေ့ရှိတယ်ထင်ပါတယ်.. အေးပေါ့ဗျာ ခင်များကြုံခဲ့တဲ့အခြေအနေတွေနဲ့ပတ်သက်လို့ စစ်သားတွေကိုအမုန်းပွားတာကို လက်ခံပေးနိုင်ပါတယ်... ဒါပေမယ့် ဆွေးနွေးချက်နဲ့ မပက်သက်တဲ့ အတွက်
    ဒီလိုနေရာမျိုးမှာ ၀င်ရောက်ဆဲဆိုတာမျိုးတွေကိုတော့ ရှောင်စေချင်ပါတယ်.. ခင်များအတွက်လည်းဒေါသထွက်ပြီး ပူလောင်ရသလို ခင်များရဲ့အပြောအဆိုတွေကြောင့်လည်း စကားပြောရိုင်းသူအဖြစ် အထင်သေးခံရနိုင်ပါတယ်..
    စေတနာနဲ့ ပြောတာပါ.. အဲတော့ ခင်များအနေနဲ့ အကိုက်ခံထားရတယ်ဆိုလည်း ဆေးလေးတော့ထိုးလိုက်ပါ.. တော်ကြာ ဆေးမမှီပဲရူးသွားရင် ပိုဆိုးသွားပါဦးမယ်... ဒါပါပဲဗျာ
    ကျဉ်မြောင်းတဲ့ အမြင်တွေ အယူအဆတွေ ကိုပယ်ဖျောက်နိုင်ပါစေဗျား.....း)

    ReplyDelete
  30. www.shwezinu.com is my favorite site now!
    [url=http://www.buzzfeed.com/ufcfan/how-to-download-from-youtube-1aqh]how to download from youtube[/url]

    ReplyDelete
  31. အဲဒီလောက် ဖြစ်သွားကြတာကိုးးး၊ အင်းးး ပြောရဦးမှာပေါ့။ ဘဏ်ဝန်ထမ်းတွေအနေနဲ့ ငွေကြေးနဲ့ ထိတွေ့ကိုင်တွယ်နေရတာမို့ ကြီးလေးတဲ့ တာဝန်နဲ့ အမှားအယွင်း မခံဘူးဆိုတာ ကျမ နားလည်ပါတယ်။ တာဝန်...သိတ်အရေးကြီးပါတယ်။ ဒါဆိုရင် ဒါ ဒါ ဒါပဲ။ အဲဒါ တာဝန်သိ ဝန်ထမ်းပေါ့။ ဝန်ဆောင်မှုလုပ်ငန်းအများစုမှာ တာဝန်အပြင် ထိုးထွင်းဆင်ခြင်နိုင်မှုနဲ့ စေတနာ လိုအပ်ပါတယ်။ ကျမတို့ဆီမှာ အဲဒါ သိတ်ရှားနေတယ်။ မိမိဘက်က တာလုံဖို့အပြင် ကပ်စတမ်မာဘက်က အဆင်ပြေရေးဆိုတာကို ထည့်စဉ်းစားကြရမှာပါ။ အဲဒီအတွက် မိမိလုပ်ပိုင်ခွင့် ဘောင်ရဲ့အပြင်ကိုထွက်ပြီး မှန်မှန်ကန်ကန် ရဲရဲရင့်ရင့် လုပ်သင့်ရင် လုပ်ပေးရပါမယ်။ အဲဒီမှာ ဟိုမိုဂျီးနီးယပ်စ်နဲ့ ဂျီးနီးယပ်စ် ကွာခြားသွားပါပြီ။ ဒါကို Value Added Serviceလို့ ခေါ်ပါတယ်။ အခုကိစ္စမှာ နာမည်၊ ဖုန်းနံပါတ်တွေ တူနေပြီးသား နယ်မြေအတိုကောက်ပဲ ကွဲနေတာ၊ ဒါဟာ ချက်ချင်း ဖြေရှင်းလို့ရတဲ့ အခြေအနေမျိုးပါ။ ရှေ့တလှမ်းထွက်ပြီး လုပ်ပေးလိုက်ရင် ရတဲ့ကိစ္စပါ။ မြန်မာပြည်မှာ မရှိတဲ့ ဒေသ ဧရိယာကုတ်ဒ်တခုအတွက် ရှင်းလင်းဖို့ လွယ်ကူပြေလည်ရမဲ့ကိစ္စဟာ "ဒါ ထုံးစံပဲ မတူလို့ ထုတ်မပေးနိုင်ဘူး" ဆိုတာနဲ့ ကပ်စတမ်မာရဲ့ ဘဏ်အပေါ် အားထားမှုကို လျော့ကျစေပါတယ်။ ဟိုမိုဂျီးနီးယပ်စ်အပေါ် ခေါင်းမပါတဲ့ စက်ရုပ်လို့ စကားဖလှယ်ခဲ့တာ ရင့်သီးသွားခဲ့ရင် အဲဒီအတွက် ကျမ တောင်းပန်ပါတယ်။ ဖြစ်စေချင်လွန်းလို့ပါ။ တာဝန်ကျေ ဝတ်ကုန်တန်းကုန် ဆိုတာကြီးထဲက ဖောက်ထွက်ကြစေချင်လွန်းလို့ပါ။ ကျမတို့အားလုံး ပြောနေကြတာ ပိုကောင်းစေချင်လို့ ဆိုတာ မမေ့ပါနဲ့။ အဲဒီအတွက် ဆန်ရင်း နာနာဖွတ်သင့်ရင် ဖွတ်ကြရမှာပါပဲ။

    ReplyDelete
  32. အစ်မချစ်ကြည်ရေ ...


    အဲဒီကုတ်က မြန်မာပြည်မှာမ၇ှိလို့ ပါဆိုတာကို ဘယ် လ၀က က ထောက်ခံစာပေးလိုက်လို့ ဘဏ်ဝန်ထမ်းက သိမျာပါလဲ ။ အရင်က သုံးခဲ့တဲ့ပတ်စပို့နံပါတ်နဲ့ အခု သုံးတဲ့ပတ်စပို့စ်ကုတ်တွေ လည်းမတူပါဘူး အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ် အစ်မ ။ အစ်မ ဆန်းရင်းကို နာနာဖွပ်သလိုပါပဲ ဘဏ်ဝန်ထမ်းက လဲ အလွှဲမတော်ရင် ဖွတ်ဖြစ်သွားနိုင်တယ် အစ်မ ..။ဟိုမိုဂျီးနီးရက်စ် လို့ ပြောတာ ဟာ ရင့်သီးတာထက် စော်ကားသွားတယ်လို့ ခံစားမိလို့ပါ ..။ ဘဏ်ဝန်ထမ်းတွေဟာ ငွေကြေး နဲ့လုပ်ကိုင်နေရသူတွေ ဖြစ်သလို တစ်နေ့တစ်နေ့ လူပေါင်းများစားဆက်ဆံနေရတာပါ အစ်မ တို့တွေ တစ်ခါတစ်လေ သွားတဲ့လူ တောင်စိတ်မရှည်ရင် အမြဲတမ်းလုပ်ကိုင်နေရသူတွေ လဲ အလိမ့်အလှည့်တွေက အမြဲရှိနေတတ်ပါတယ် ။ ဒီနိုင်ငံမှာ ဘဏ်စာအုပ်ပျောက်သွားတဲ့အခါ အစ်မကိုယ်တိုင် အစ်မ အကောင့်နပါတ်နဲ့ ပတ်စပို့ကို လူကိုယ်တိုင်ပြနိုင်၇ုံနဲ့တောင်ထုတ်မပေးပါဘူး . ရဲစခန်းထောက်ခံစာ သံရုံးထောက်ခံစာ ပါမှသာလျှင်ထုတ်ပေးပါတယ် ။(တစ်နိုင်ငံနဲ့တစ်နိုင်ငံပေါ်လစီကွာနိုင်ပါတယ်) လူကိုယ်တိုင် ပတ်စပို့ လဲ ပြနိုင် တယ် ကိုယ့်အကောင့် ကိုယ့်နာမည် ပေါ်နေတာတောင် ထုတ်မပေးပါဘူး အစ်မ ဖာသာ သေေ၇းရှင်ရေးကြောင့်ပဲ ဖြစ်ဖြစ်ပါ သေေ၇းရှင်ရေးလောက် အရေးကြီးနေရင်လည်း လုပ်မပေးပါဘူး ။ အခုမေ၇ွှစင်ဖြစ်တဲ့ကိစ္စမှာ ငွေလွှဲလိုက်တဲ့ ဘက်ကနေသာ ငွေလွှဲသူသာ တလေးတစားချက်ခြင်းပြင်ပေးလိုက်ပါတော့လား ။ လွှဲလိုက်တဲ့ ငွေပမာဏက များနေရင် ပိုတောင် ဂရုတစိုက်လွှဲပြီးသေချာမေးမြန်း၇မယ်လေ အဆင်ပြေမပြေ ....။ အစ်မရေ မောင်ကြီးနှမလက်ဆင်ပါ ။ လူလိမ်မှာ ဂျိုမပါပါဘူး။ မှတ်ပုံတင် အတုတွေနဲ့ နံပါတ် ဆင်တူရိုးမှားတွေ နဲ့ အလိမ်ခံရတာတော် မနည်းမနော၇ှိပါတယ် ။

    ReplyDelete
  33. အစ်မချစ်ကြည်ရေ ...


    အဲဒီကုတ်က မြန်မာပြည်မှာမ၇ှိလို့ ပါဆိုတာကို ဘယ် လ၀က က ထောက်ခံစာပေးလိုက်လို့ ဘဏ်ဝန်ထမ်းက သိမျာပါလဲ ။ အရင်က သုံးခဲ့တဲ့ပတ်စပို့နံပါတ်နဲ့ အခု သုံးတဲ့ပတ်စပို့စ်ကုတ်တွေ လည်းမတူပါဘူး အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ် အစ်မ ။ အစ်မ ဆန်းရင်းကို နာနာဖွပ်သလိုပါပဲ ဘဏ်ဝန်ထမ်းက လဲ အလွှဲမတော်ရင် ဖွတ်ဖြစ်သွားနိုင်တယ် အစ်မ ..။ဟိုမိုဂျီးနီးရက်စ် လို့ ပြောတာ ဟာ ရင့်သီးတာထက် စော်ကားသွားတယ်လို့ ခံစားမိလို့ပါ ..။ ဘဏ်ဝန်ထမ်းတွေဟာ ငွေကြေး နဲ့လုပ်ကိုင်နေရသူတွေ ဖြစ်သလို တစ်နေ့တစ်နေ့ လူပေါင်းများစားဆက်ဆံနေရတာပါ အစ်မ တို့တွေ တစ်ခါတစ်လေ သွားတဲ့လူ တောင်စိတ်မရှည်ရင် အမြဲတမ်းလုပ်ကိုင်နေရသူတွေ လဲ အလိမ့်အလှည့်တွေက အမြဲရှိနေတတ်ပါတယ် ။ ဒီနိုင်ငံမှာ ဘဏ်စာအုပ်ပျောက်သွားတဲ့အခါ အစ်မကိုယ်တိုင် အစ်မ အကောင့်နပါတ်နဲ့ ပတ်စပို့ကို လူကိုယ်တိုင်ပြနိုင်၇ုံနဲ့တောင်ထုတ်မပေးပါဘူး . ရဲစခန်းထောက်ခံစာ သံရုံးထောက်ခံစာ ပါမှသာလျှင်ထုတ်ပေးပါတယ် ။(တစ်နိုင်ငံနဲ့တစ်နိုင်ငံပေါ်လစီကွာနိုင်ပါတယ်) လူကိုယ်တိုင် ပတ်စပို့ လဲ ပြနိုင် တယ် ကိုယ့်အကောင့် ကိုယ့်နာမည် ပေါ်နေတာတောင် ထုတ်မပေးပါဘူး အစ်မ ဖာသာ သေေ၇းရှင်ရေးကြောင့်ပဲ ဖြစ်ဖြစ်ပါ သေေ၇းရှင်ရေးလောက် အရေးကြီးနေရင်လည်း လုပ်မပေးပါဘူး ။ အခုမေ၇ွှစင်ဖြစ်တဲ့ကိစ္စမှာ ငွေလွှဲလိုက်တဲ့ ဘက်ကနေသာ ငွေလွှဲသူသာ တလေးတစားချက်ခြင်းပြင်ပေးလိုက်ပါတော့လား ။ လွှဲလိုက်တဲ့ ငွေပမာဏက များနေရင် ပိုတောင် ဂရုတစိုက်လွှဲပြီးသေချာမေးမြန်း၇မယ်လေ အဆင်ပြေမပြေ ....။ အစ်မရေ မောင်ကြီးနှမလက်ဆင်ပါ ။ လူလိမ်မှာ ဂျိုမပါပါဘူး။ မှတ်ပုံတင် အတုတွေနဲ့ နံပါတ် ဆင်တူရိုးမှားတွေ နဲ့ အလိမ်ခံရတာတော် မနည်းမနော၇ှိပါတယ် ။

    ReplyDelete
  34. အပေါ်က အနောနမတ်စ် ရဲ့ ကောမန့် ကိုတော့ ဖြေရှင်းပေးပရစေ ကျနော် တို့ မြန်မာနိုင်ငံ မှာ နိုင်ငံသား တွေ လက်ရှိ အသုံးပြုနေတာက နိုင်ငံသားကဒ် ပါ အဲဒီမှာ ကျန်တဲ့ အက္ခရာ တွေ လွဲချင် လွဲသွားမယ် နောက် က (နိုင်) ဆိုတာ တော့ မလွဲပါဘူး နိုင်ငံသား ကို ရည်ညွှန်းတာ ထင်ပါတယ်...

    အဲဒီ နိုင်ငံသားကဒ် တွေထဲမှာ ဘဲ အရင် က မှတ်ပုံတင် အဟောင်းနံပါတ် ကို လည်း ထည့်ပေးထားပါတယ် ကျနော် က နောက်လုပ် တဲ့ နိုင်ငံသား (နိုင်)ပါတဲ့ နံပါတ် ကို အလွတ်မရလို့ အရင် မှတ်ပုံတင် အဟောင်း နံပါတ် ကို ဘဲ အသုံးပြုပါတယ်

    အဲဒီ မှတ်ပုံတင် တွေက မန္တလေး က ဖြစ်တဲ့ အတွက် ရှေ့က MDY ကို ထဲ့ ပြီး နောက် က မြို့နယ် တွေကို ရည်ညွှန်း တဲ့ NE တို့ SE တို့ထဲ့ ပါတယ် (north, south, East, west)တို့ ကို ရည်ညွှန်း ပါတယ်

    အခုဟာက ကျနော့် ရဲ့ မှတ်ပုံတင် အမှန် MDYNE ကို MDYGE လို့ မှားပါတယ် လို့ ကျနော် ပထမ အကြိမ် ငွေထုတ်စဉ်က ပြောပါတယ် GE ဆိုတာ ဘယ်အရပ်ကို ရည်ညွှန်း တာလည်း ဆိုတာ ကျနော် မသိပါဘူး မသိတာထက် ရှိကိုမရှိပါဘူး ဒါကြောင့် ကျနော် ပြောတာပါ

    အခုတော့ ရည်ညွှန်းတဲ့ အရပ်က Ground ဆိုတဲ့ မြေအောက် မှာ ရှိတဲ့ ငရဲပြည်ကို ရည်ညွှန်း တယ်ဆိုတာ သိသွားသလိုပါဘဲ

    ReplyDelete
  35. ကိုကိုမောင်(ပန်းရနံ့)June 18, 2011 at 6:57 AM

    အမ ရွှေစင်အိမ်က လူတွေ အတော်လေး စည်းနေကြသကိုး။

ွှဒါနဲ့ အမ ချစ်ချစ်ကြီးက ဘာအကြံပေးသေးလဲ မသိဘူး။

    တရားစွဲတာ မစွဲတာ အပထား၊ အခုလို သတိပေးလိုက်တာ ဘဏ်ဝန်ထမ်းတွေ အတွက် ပိုပြီး သတိဝီရိယ ရှိစေမှာပါ။ အမပို့စ်က ဘဏ်ဝန်ထမ်းတွေအတွက် ပိုပြီး အကျိုးရှိစေမှာ အမှန်ပါဘဲ။ ဒီလို ရေးလိုက်တာ ကောင်းတယ်။ အမှန်အတိုင်းရေးတာဘဲ။ အခုလောက်ဆို ဘဏ်ဝန်ထမ်းတစ်ချို့လဲ ဖတ်ပြီးရောပေါ့။

    အားလုံးကို စိတ်အေးအေးထားပြီး တရားသာစွဲလိုက်တော့ အမ။ ကျနော်တရားစွဲခိုင်းတာက ဘဏ်ဝန်ထမ်းတွေကို မဟုတ်ဘူးနော် အမ။ ရိပ်သာဝင်ပြီး တရားကို စွဲစွဲမြဲ ထိုင်ဖို့ဆိုလိုတာပါ။ အဟီး။ စိတ်မဆိုးနော်။

    အရာရာကို သည်းခံပြီး အခက်အခဲဟူသမျှ အောင်မြင်ကျော်လွှားနိုင်ပါစေ။

    ခင်မင်လျက်

    ReplyDelete
  36. WhoAmI ဆိုတဲ့မိတ်ဆွေ

    ခင်ဗျားအသက်မွေးဝမ်းကျောင်းကို ကြည့်လိုက်တော့ ခင်ဗျား ပါဏာတိပါတကံတောင် မလုံနိုင်ဘူးဆိုတာ သိရတယ်..။အဒိန္နဒါနာကံလဲ မလုံနိုင်မယ့် ဘဝ ဖြစ်နေတယ်..အများသူငါ မပေးချင်တာကို ခိုးဝှက်စားနေရတဲ့ဘဝကိုး။ ကံငါးပါးမထိန်းနိုင်ဘဲနဲ့ ဘာသာရေးစကားကို မတန်မရာ မပြောရင် ကောင်းမယ်ဗျာ။ သူသတ်ရယ်၊ ခိုးသားရယ်၊ ပြည့်တန်ဆာခေါင်းရယ်ဆိုတာ ဘာသာရေးစကား တတွတ်တွတ် မပြောအပ်ဘူးလေ။

    ReplyDelete
  37. လူတွေစည်နေပါလား..။ ဘာဖြစ်ဖြစ် discussion တွေများကြီးဖတ်ရတာ ပျော်စရာပါပဲ..

    ReplyDelete
  38. ဟားဟား... whoami ဆိုတဲ့ စစ်သားကြီးကတော့ တရားသဘောတွေပြောလို့
    ဒီမိုငကျဉ်းတွေကတော့ ခုထိ တရားမရကြသေးဘူး.. သနားပါတယ်...
    ဒါကြောင့်လည်း ငကျဉ်းတွေလို့ အခေါ်ခံရတာနေမှာ ... :P

    ReplyDelete
  39. အပေါ်က anonymous ရေ။ မဆိုင်တာတွေ လာမပြောရင်ကောင်းမယ်။ ဒါ နိုင်ငံရေးငြင်းခုန်နေတာ မဟုတ်ပါဘူး။ ထပ်ပြောရရင် မဆိုင်တာ လာမပြောပါနဲ့။ ဒီမိုတွေ ဟိုမိုတွေလဲ အခု ပြောနေတဲ့အထဲမှာ ဘာမှ မပါပါဘူး။ ဒီနိုင်ငံရေးတွေ လာငြင်းနေတာ ဘလော့၇ှင်လဲ ကြိုက်မှာမဟုတ်ဘူး။ မဆိုင်တာတွေ အတင်းလိုက်ပြောပြီး အနှောက်အယှက် သွားမပေးပါနဲ့။

    ကိုယ့်မှာ တရားမရှိရင် တရားစကား မထိုက်မရာ မပြောတာ ပိုကောင်းမှာပါ။ သူတစ်ပါးအသက်ကို သတ်ခြင်းဆိုတဲ့ကံကို မလုံခြုံရင် လုံအောင် အရင်ထိန်းလိုက်ပါ။ ပါဏာတိပါတကံ ကျူးလွန်ရင် သေရင် ငရဲလားရတယ်။ ပြိတ္တာ တိရစ္ဆာန် အသူရကာယ် ဖြစ်ရတယ်။ လူ့ဘဝ ပြန်ရရင်လဲ အသက်တိုရတယ်။ ဒီကံလေးတော့ လုံအောင်ထိန်းပါ။ ဒီကံကျူးလွန်ပြီး အသက်မွေးနေတာ မိစ္ဆာဇီဝ မှားယွင်းသော အသက်မွေးခြင်းလို့ မြတ်စွာဘုရား ဆိုထားပါတယ်။

    ReplyDelete
  40. လူ့ဘဝ ရလာပါရက်နဲ့ သူသတ်စစ်သား၊ ဝက်သတ်သမား၊ နွားသတ်ရုံပိုင်ရှင်၊ ခိုးသားဓားပြဗိုလ်၊ ဇိမ်နန်းအကြီးအကဲ စတဲ့ မိစ္ဆာဇီဝ အလုပ်များနဲ့သာ ကြီးပွားပြီး ကောင်းရောင်းကောင်းဝယ် သမ္မာအာဇီဝလုပ်လို့ မကြီးပွားသူတွေဟာ အတိတ်က ကုသိုလ်ကောင်းမှု ပြုခဲ့ရာမှာ မစင်ကြယ်ခဲ့လို့ ဖြစ်တတ်ပါတယ်။ နွားသတ်ပြီး အလှူကြီးပေးတာတို့၊ ခိုးတိုက်လုယက်ပြီး အနည်းအကျဉ်းကို ပြန်လှူခဲ့တာတို့ဆိုလဲ ဒီလို မစင်ကြယ်သော အကျိုးတွေ ပြန်ရတတ်ပါတယ်။

    ReplyDelete
  41. hot comment:
    Anonymous said...

    ဘဏ်ဝန်ထမ်းလဲ အပြစ်မရှိ၊ မရွှေစင်လဲ အပြစ်မရှိ၊ တိုင်းပြည်ကို ဒီလောက်တိုးတက်အောင် လုပ်ရက်သည့် သေချင်းဆိုးကာလနာများသာ အပြစ်ရှိပါကြောင်း။

    ReplyDelete
  42. ပင်ပင်ပန်းပန်းအလုပ်လုပ်ကြရတဲ့သူတွေဒီပို့စ်ကိုဖတ်ရင်
    စိတ်နာမှာပဲ..ရွှေတောင်ပိသာလိုက်ဝယ်မယ်ဆိုတော့လေ

    ReplyDelete
  43. ဥပမာပေးမှန်း သိသာနေတာပဲ ဘာလို့စိတ်နာရမှာလဲ ဂုံးကောင်ရာ။ တကယ်သာ ပိဿာလိုက် ဝယ်နိုင်ရင် ဒီအစ်မကြီး သမ္မတဒါမှမဟုတ်ဒုသမ္မတ ဖြစ်ဖို့ အသာလေးပဲ။

    ReplyDelete
  44. အလို...ဒါမျိုးတွေလဲရှိတယ်လား....ငါ့အစ်မအိမ် ဒီလောက်လူစည်သွားလိုက်မှန်း မသိလိုက်ပါလား...ပထမပိုစ့်က ဘယ်မတုန်း....ပြန်ဖတ်လိုက်ဦးမယ်။


    ချစ်ညီမလေး

    ReplyDelete
  45. ဘာမှတော့မဆိုင်ဘူး..နောက်ဆုံးပိတ်အနေနဲ့ကိုယ်တိုင်ဖြစ်ပျက်လေးတွေ ၀င်ပြောလိုက်အုန်းမယ်.. ကို်ယ့်ဘာသာပဲတွေးကြတော့နော်..အစ်မတစ်ယောက်က ကိုယ့်အရင်ဖြစ်တာ..နောက်အသစ်လုပ်တဲ့ ကွန်ပြူတာစနစ် ပတ်စပို့မှာ သူကို့ Male လို့ရေးထားလို့ စင်ကာပူသံရုံးကို ပြန်ပြောရတယ်တဲ့..ကိုယ့်အလှည့်ကြတော့ မြို့နံမည်ကို ပထမ လက်ရေးစနစ် ပတ်စပို့နဲ့ ကွန်ပြူတာစနစ်မှတ်ပုံတင် စာလုံးပေါင်းချင်းမတူပါ..ပြန်မပြောင်းဖြစ်တော့ပါ (ဟိဟိ)...............
    နောက်ဆုံးအနေနဲ့ ကအနှစ် ၃၀ ကျော်မြန်မာပြည်မှာနေလာပြီး မှတ်ပုံတင်လေးတောင်ပါလာသေးတယ်..သွေးအမျိုးအစား (အေ)သွေးတဲ့..
    ဒီရောက်လို့ အိမ်ထောင်ကျပြီး ကလေး ကိုယ်ဝန် ၅လမှာ သွေးစစ်တော့ အိုသွေးတဲ့ ..မယုံလို့ ၂ခါတောင်ပြန်စစ်ပစ်လိုက်တယ်..ကောင်းရော

    ReplyDelete
  46. Hoe te kopen Glycomet voor verkoop usa - Orde van Canada Glycomet 500 mg generieke uit canada
    Hoe te bestellen H
    kopen Furoxone American express canada - gratis Furoxone 100 mg symptomen van verslaving
    Hoe te bestellen Raloxifene Canada aankoop - merk Raloxifene 60 mg generieke snelle schip
    waar te koop Hydroxyurea Verenigd Koninkrijk hoe te te krijgen - Canada Hydroxyurea 500 mg Online beste prijs
    goedkoop Amantadine Verenigd Koninkrijk levering - beste plaats om te kopen Amantadine 100 mg generiek geneesmiddel
    bestelling Pyridostigmine Australië online generic - Goedkoop Pyridostigmine 60 mg algemene veiligheid
    goedkoopste kopen Verampil Australië leveranciers - kopen Verampil 120 mg generieke canada
    goedkoopste kopen Medroxyprogesterone Acetate generieke werk - online kopen Medroxyprogesterone Acetate 5 mg niet recept online
    Koop goedkoop Metronidazole UK online kopen - kopen goedkoopste Metronidazole 400 mg generieke met geen voorschrift
    bestelling Dexamethason American express canada - Online generic Dexamethason 0,5 mg geen voorschrift in Australië
    goedkoopste kopen Benemid Australië prijs - Canadese apotheek Benemid 500 mg generieke prijs
    goedkoop Glucophage Verenigd Koninkrijk generieke - Amerikaanse apotheken voor generic Glucophage 1000 mg op internet
    goedkoop Precose Verenigde Staten overnight delivery - kopen goedkope uk Precose 25 mg generieke wiki
    Koop generieke Cataflam laagste prijs - Hoe te te krijgen Cataflam 50 mg Toronto

    ReplyDelete
  47. [url=http://rbsmen.overblog.com/#redbottomshoesformen]red bottom shoes for men[/url], These red bottom heels are fantastic and i like the fact I really like them. Thanks red bottom shoes!
    I'd merely carry these kinds of inside the glaciers, and throughout the autumn winter. Yes you is able to bring christian louboutin boots in the rain but I might not advise the item. It could actually make softer the design and then make christian louboutin shoes considered rather unpolished.
    Absolutely love the looks and additionally come to feel in [url=http://rbs2013188.tumblr.com/#redbottomshoes]red bottom shoes[/url]
    My pal likes the style affirmation red bottom heels come up with.
    i received these red bottom shoes for men today!!! and that i have deliver them for only 2 hours and i am in like with them!!!! cant wait to acquire another 1
    method, and then wonderful, in addition to being fancy. I can have assigned christian louboutin sale very high report.
    christian louboutin shoes Tout ¨¦tait impeccable, indulgence.

    ReplyDelete

thank you to say so